မိခင်တစ်ဦးရဲ့…မရှိမာန

Posted on

” မိခင်တစ်ဦးရဲ့…မရှိမာန “(စ/ဆုံး)

————————–

မလှမေ တစ်ယောက် ကလေးများ စားသောက်ရန်..ထမင်း ကို… အာရုံမတက်မှီကပင်….ချက်ပြုတ်ထားပြီး…ပဲပြုတ်ဆီဆမ်း…ဆားဖြူး နှင့်…ပဲကပ်ကျော်အား..ကြောင်အိမ်အတွင်း ထည့်ထားသည်။

သမီးကြီး အိပ်ယာနိုးပြီဖြစ်၍….မလှမေက…

” သမီးကြီး….နင့် ဖေကြီးတော့ တောင်ပေါ်မှာ သစ်ဆွဲဖို့အတွက် ခုပဲ တောင်ပေါ်တက်သွားပြီ…သမီမောင်လေး အိပ်ယာနိုးရင် သမီး…မောင်လေးကို ထမင်း ခွန့်လိုက်အုံးနော်…ကြောင်အိမ်ထဲမှာ…..ပဲပြုတ် ဆီဆမ်း နဲ့ ပဲကပ်ကျော် မေကြီး ထည့်ထားတယ်…”

“မေကြီး ဘဘ ဦးအံ့ကြီး တို့အိမ်မှာ အဝတ် လျှော်ခေါ်ထားတာ သွားလိုက်အုံးမယ်…မေကြီး ပြန်လာမှ မေမေဝယ်လာတဲ့ ဟင်းချက်စရာတွေ ချက်ပြီး ဒို့သားမိတွေ အတူတူစားတာပေါ့….”

မလှမေ ၏ အသက် ၁၁ နှစ် အကြီးဆုံး သမီးလေးမှလည်း…

“..ဟုတ်ကဲ့…မေကြီး..သမီး ​မောင်လေးကို…အိပ်ယာနိုးရင် သန့်ရှင်းရေးလုပ်ပေးပြီး ထမင်းခွန့်လိုက်မယ်…မေကြီး ဂရုစိုက်ပြီးသွားနော်…” ဟုဆိုကာ…သူ၏အမေကို မှာနေသည်။

ဤသို့ဖြင့်…မလှမေ..ဦးအံ့ကြီး အိမ်တွင် အဝတ် လျှော်ရန် ထွက်လာခဲ့တော့သည်။

အချိန်က မနက် ၁၀ နာရီ ခွဲတော့မည်…မလှမေ…အဝတ်သွားလျှော်ရာမှ ပြန်မလာသေးချေ…မလှမေ ၏ သမီးကြီးသည် သူ၏ ၃ နှစ်ခွဲ မောင်လေးကို ထိမ်းပေးရင်း…သူမ၏ အမေ ပြန်မလာသေးသည်ကို စိတ်ပူနေမိသည်။

နောက်ဆုံး အမေ အတော်ကြာနေပြီဖြစ်၍ စိတ်ပူကာ သမီးကြီးဖြစ်သူမှ….မလှမေ ပြောခဲ့သော….ဦးအံ့ကြီး ဆိုသူ၏ အိမ်သို့ သူ၏ မောင်လေးကို လက်တစ်ဖက်ကဆွဲ လျှက် လိုက်လာခဲ့တော့သည်။

ဦးအံ့ကြီး အိမ်အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖ နှင့် ဦးအံ့ကြီးတို့ မိသားစု ရှေ့ ကျုံ့ကျုံလေးထိုင်နေကာ မျက်ရည် မျက်စံ ထွက်ကာ ငိုယို တောင်းပန်နေရှာသော…အမေ ဖြစ်သူ မလှမေ ကို တွေ့လေသည်။

ထိုအခါ သမီးကြီးမှ…” အမေ ဘာဖြစ်လို့လည်း…အမေ့ ကိုဘယ်သူ…ဘာလုပ်တာလည်း…ဘာပြောတာလည်း…”..ဟု စိုးရိမ်ကြီးစွာ မေးရှာသည်။

ထိုအခါ ဦးအံ့ကြီးက…”..အေး လာ…နင်တို့လည်း ဒီမှာ ထိုင်…နင်တို့ အမေ က သူခိုး…အဝတ်လာ လျှော်တာ…ငါ့ဆွဲကြိုးက လောကဒ်သီး ကို ခိုးထားလို့…ငါ့အိမ်မှာ…အဝင်အထွက် လုပ်တာ နင်တို့ အမေ ပဲရှိတယ်…နင်တို့ အမေ က ဒီနေ့ ပထမဆုံး ငါ့ အိမ်ကို ဝင်တဲ့သူ…နင်တို့ အမေ က သူခိုး..”

ဟု….ဒေါသ အမျက်ထွက်ကာ…ကလေးတွေကို မာန်မဲ…အမေ လုပ်သူကိုက လက်ညှိုး ငေါက်ငေါက်ထိုးကာ…ပြောတော့သည်။….ထိုအခါ သမီးကြီးက…

“..အမေ့ကို အဲ့လို မပြောပါနဲ့ …အမေက သူခိုးမဟုတ်ဘူး…ဦးလေးကြီးပြောတဲ့ လောကပ်သီးဆိုတာ…ဒါလား…ဟု..လက်ဝါးဖြန့်ပြကာ..”.ပြပြီး
မေးလေသည်။

မလှမေ လည်းကြောင်သွားသည်…

ရပ်ကွက်လူကြီး နှင့် ရပ်မိ ရပ်ဖ အားလုံး…ကလေးမလေး၏…လက်ဖဝါးပေါ်အကြည့်များ ရောက်သွားသည်။

ထိုအခါမှ ဦးအံ့ကြီးက…

” အေး…ဟုတ်တယ်…အဲဒါ ငါ့ လော့ကဒ်သီးပဲ…ရွှေခြင်းလုံးလေး ဟုတ်တာပေါ့…ကြည့်စမ်း နင်အဲ့ဒါကို ဘယ်ကရလဲ….”ဟု မေးလေသည်။

” သမီး ဦးတို့ ခြံရှေ့ကို အရောက်..မောင်လေးကို…လက်က ဆွဲလာရင်း ​ မောင်လေး ခြေထောက်နဲ့ ​တော့ တော့ပြီး လာ​နေလို့ကြည့်လိုက်တာ…ဦးတို့ခြံတံခါးဘေးက….မြက်ခင်းလေးကြားမှာ..တွေ့လို့…အစကတော့ ကစားစရာခြင်းလုံးထင်တာ….”

” ပြီးမှ ရွှေများဖြစ်နေမလားလို့ သမီး ကောက်ခဲ့တာပါ…
ဦးလေးဟာဆို ဦးလေး…ပြန်ယူပါ…သမီးအမေက သူခိုးမဟုတ်ပါဘူး…သမီးအမေကို သူခိုးလို့ မပြောပါနဲ့….”

ဟု ဆိုလေသည်။

ရပ်ကွက် လူကြီးမှလည်း..”…ကဲ..ခင်ဗျားကို ကျွန်တော်မေးတယ်…သေချာရဲ့လား…မလှမေမှာ…စစ်ပြီးပြီဘာမှ မရှိဘူး…ခင်ဗျားသေချာ စဥ်းစားပါအုံး…ကျွန်တော်ပြောတယ်ကို…အံ့ကြီး…ခင်ဗျားက…မလှမေ မှ မလှမေ…ယိုးစွပ်တယ်…ပြီးတော့ ရဲစခန်း…​တိုင်မယ်တောင်လုပ်သေးတယ်…

“ကဲ….ခုဘယ်လိုလုပ်မလဲ… ခင်ဗျား မလှမေ ကို ပြန်တောင်းပန်ပါ…သူကျေနပ်တဲ့ အထိ ပြန်တောင်းပန်ပါ….” ဟု ရပ်ကွက်လူကြီးက ဆိုလေသည်။ ထိုအခါ ဦးအံ့ကြီး မှ

“ဟုတ်ကဲ့ပါ…ကျွန်တော် တောင်းပန်ပါ့မယ်…အုပ်ချုပ်ရေးမှူးကြီး…”ဟု ဆိုသည်။

သို့သော် မလှမေ ကမူ….

” ကျွန်မ ကို တောင်းပန်တာထက် ခုရပ်ကွက်လူးကြီး နဲ့ ရပ်မိရပ်ဖတွေရဲ့ ရှေ့မှာ ကျွန်မရဲ့သမီးကို….ပြန်တောင်းပန်ပါ…”…ဒါမှ ကျွန်မ ကျေနပ်နိုင်မယ် ဆိုလေသည်။

ထို့ကြောင့် ဦးအံ့ကြီးက…

“ဟုတ်ကဲ့ပါ မလှမေရယ် ကျွန်တော် မှားပါတယ်…မလှမေရယ်…ကျွန်တော် အများကြီး မှားသွားပါတယ်….” ထို့အပြင်

” သမီးလေး..သမီးမေမေက သူခိုးမဟုတ်ပါဘူး…သမီးလေး မေမေ ကို ဦးသူခိုးလို့ ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်နော်…” ဟု ကလေးကို တောင်းပန်ရှာသည်။

ကလေးကတော့….ဘာမှမပြော…သို့သော်

မလှမေက….

” ဦးအံ့ကြီးရယ်…ကျွန်မ ဒီအိမ်မှာ တောက်တိုမယ်ရ လုပ်ကိုင်ကူ ခဲ့တာ….ဒီအိမ်က ပေးခဲ့ ကျွေးခဲ့တဲ့ ကျေးဇူးတွေကို ကျွန်မ သိလို့ ကျွန်မ အလုပ်ဆက်လုပ်နေတာပါ….

ကျွန်မတို့ ပိုက်ဆံ မရှိပါဘူး…ပညာလည်း မတတ်ပါဘူး…ဒါပေမယ့်..ဗုဒ္ဓ အဆုံးအမ..အတိုင်း…ကံငါးပါး လုံဖို့ တော့ ကျွန်မ သတိအမြဲထားပါတယ်…ရှင်တို့က ကျွန်မရဲ့ ကျေးဇူးရှင်ဆိုလည်း…ဟုတ်ပါတယ်…”

” ဒါပေမယ့် ကျွန်မ ဒီအချိန်က စပြီး ရှင်တို့ အိမ်မှာ အလုပ်ဆက်မလုပ်တော့ပါဘူး..”

” အုပ်ချုပ်ရေးမှူးကြီးကိုလည်း…ရဲစခန်း မပို့ပေးခဲ့လို့ ကျွန်မ ကျေးဇူးတင်ပါတယ်….”

“လာ…သမီး…သွားမယ်…” ဟုဆိုကာ

သမီးကြီး နဲ့ သားငယ်လေး တို့ ၏ လက်ကို တစ်ဖက်စီ ဆွဲကာ ဦးအံ့ကြီး အိမ်မှ ထွက်လာခဲ့တော့သည်။

ဦးအံ့ကြီးကတော့ ကိုယ့် အမှား ကိုယ် သိကာ…မလှမေ တို့ သားအမိကို…တစ်ခုခု ငွေရေးကြေးရေး…ထောက်ပံ့ပေးလို၍…

” မလှမေ…မလှမေ…နေပါအုံးဗျာ.. ကျွန်တော်မှားသွားပါတယ်…မလှမေ…နေပါအုံးဗျ…”

ဟု လှမ်းအော်ခေါ်ကာ လိုက်သွားသော်လည်း…..

မလှမေ တို့ သား အမိ ၃ ယောက်မှာ တစ်ချက်မှပင် လှည့်မကြည့်တော့ပဲ…လက်ကို ကိုယ်စီတွဲကာ…ထွက်သွားကြတော့သည်။

နေကျောက်ခဲ။