မေတ္တာကွန်ယက်

Posted on

မေတ္တာကွန်ယက်(စ/ဆုံး)
———————-
“”အူ•••ဝူးးးးဝုတ်•••ဝုတ်””
“”ရှပ်•••ရှပ်•••ရှပ်”””
ခွေးဟောင်သံနှင့်နောက်ဆက်တွဲခြေသံများပါ
ကြားလာရတာမို့••စိုင်းညီတစ်ယောက်
စောင်ကိုခေါင်းအထိဆွဲခြုံလိုက်၏။•••
ခါတိုင်းဒီလိုမဖြစ်ဖူးပါ။•••
လက်စွပ်ကြောင့်များလားဟုတွေးမိသည်။•••
အမှောင်ထဲမှာပင်မီးအိမ်အားစမ်းကာ•••
မီးထွန်းလိုက်၏။မီးပျက်နေတာသုံးရက်ခန့်ရှိပြီမို့
အားမသွင်းရသောမီးအိမ်မှာလည်း
အလင်းရောင်အားနည်းလှသည်။•••
ထိုအလင်းရောင်လေးကိုပင်အားပြုလျက်•••
သူသေချာဝှက်ထားသောယွန်းသေတ္တာလေးကို
အဝတ်သေတ္တာထဲမှ•••ထုတ်ယူလိုက်၏။
ထို့နောက်ယွန်းသေတ္တာလေးထဲမှ•••
ပတ္တမြားလက်စွပ်လေးကိုထုတ်ကြည့်လိုက်၏။
“”ဟီးးးးဟီးးးးခစျ••ခစျ””
ထိုစဉ်••အနားနားကပ်ရယ်လိုက်သော
ကလေးတစ်ယောက်၏ရယ်သံကိုကြားလိုက်ရသဖြင့်
လန့်သွားမိသည်။•••
သူတစ်ယောက်တည်းနေသောအိမ်တွင်
မည်သည့်ကလေးမျှရှိမနေပါ။•••
“”အို•••အေး••••အို•••
လူကလေးရယ်•••အိပ်ချိန်တန်••
ဗျိုင်းရွှေကပျံ•••”””
နောက်ဆက်တွဲအမျိုးသမီးတစ်ယောက်၏
ကလေးချော့တေးကြောင့်•••
စိုင်းညီမှာပို၍ကြက်သီးမွေးညင်းထသွားမိသည်။
ယွန်းသေတ္တာလေးကိုပိတ်ပြီး•••
ဧည့်ခန်းဆီထွက်လာတော့•••
ဧည့်ခန်းတွင်ပြေးလွှားဆော့ကစားနေသော
ကလေးလေးတစ်ယောက်နှင့်•••
ကလေးအား••လိုက်ဖမ်းနေသော
အမျိုးသမီးတစ်ယောက်အား
တွေ့လိုက်ရသဖြင့်စိတ်တိုသွားမိသည်။
သူ့ခွင့်ပြုချက်မရှိဘဲအိမ်ထဲဘယ်လိုဝင်နေတာလဲ
ဟုတွေးနေမိသည်။
လေးနှစ်အရွယ်ကလေးလေးနှင့်
အမျိုးသမီးမှာသူ့ကိုရှိသည်ဟုပင်
ထင်ပုံမရ။ကိုယ့်အိမ်ကိုယ့်ရာလို
ဆော့ကစားနေကြလေသည်။
ထိုသားအမိတိုးတိုက်ဆော့ကစားထားတာမို့
ဧည့်ခန်းမှစားပွဲတင်ပန်းအိုးလေးမှာ
ကြမ်းပြင်ပေါ်ရောက်နေလေ၏။•••
အမျိုးသမီးမှာ•••မီးခိုးရောင်ဝတ်စုံလေးနှင့်
ဆံထုံးအက်အက်ကြီးပေါ်တွင်
ဆံထိုးတစ်ခုထိုးထား၏။
မဖြူမညိုအသားအရေနှင့်
နှုတ်ခမ်းဘေးတွင်•••မှဲ့နက်လေးသည်
နေရာယူထားပြန်သေးရာ••
အလွန်ယဉ်၍လှပသောအမျိုးသမီး
ဟုမှတ်ချက်ချမိသည်။
အမျိုးသမီး၏အပြင်အဆင်သည်
ထိုခောတ်တွင်အလွန်ရှားပါး၍
ရှေးကျသောအပြင်အဆင်ဟုဆိုရပေမည်။
စိုင်းညီတစ်ယောက်•••ဘယ်ကနေစပြောရမှန်းမသိဘဲ
ထိုအမျိုးသမီး••အားမြင်ဖူးသလို
ဖြစ်နေတာမို့ရပ်ကြည့်နေမိသည်။•••
နောက်မှသတိဝင်လာကာ•••
“”ဒီမှာ•••ခင်ဗျားတို့ကျုပ်အိမ်ကိုဘယ်လိုရောက်နေတာလဲ”
သူ့လေသံကမာသွားကာ
ကျယ်လည်းကျယ်သွားသည်မို့
ကလေးနှင့်အမျိုးသမီးမှာ
သူ့ဘက်လှည့်ကြည့်လိုက်လေသည်။•••
အမျိုးသမီး၏မျက်ဝန်းကိုသူရင်းရင်း
နှီးနှီးကြီးမြင်ဖူးနေတာသေချာ၏။•••
“”မေမေ••””
ကလေးကသူ့အားကြည့်ကာ•••
မေမေဟုခေါ်လျက်အမျိုး
သမီးရင်ခွင်ထဲပြေးဝင်သွားလေသည်။
အမျိုးသမီးကကလေးလေးအား
အလိုက်သင့်ဆီးပွေ့ကာ•••
သူ့ကိုကြည့်လာခဲ့သည်။
ထိုအမျိုးသမီး၏အကြည့်ကြောင့်စိုင်းညီရင်ဘတ်ထဲ
စူးစူးရှရှကြီးဖြစ်ကာထူးဆန်းသော
ဝေဒနာတစ်မျိုးကိုခံစားလိုက်ရလေသည်။••
နောက်မှသတိဝင်လာကာ•••
“”ခင်ဗျား•••ဘယ်သူလဲ••
ဘာလို့ကျုပ်အိမ်ထဲရောက်နေတာလဲ””
အမျိုးသမီးမျက်နှာကညိုးငယ်သွားကာ•••
“”သြော်•••ရှင်တောင်အတော်ပြောင်းလဲနေမှကိုး
နှစ်တွေလည်းကြာခဲ့ပါပြီလေ•••
ဒါပေမယ့်•••
ရှင်နှင်လွတ်လည်းကျွန်မတို့သားအမိမှာသွားစရာနေရာမရှိပါ
ဘူး•••ပြီးတော့ရှင်ရှိတဲ့အရပ်ကနေ
ဘယ်မှထွက်မသွားချင်ဘူး
ကျွန်မတို့သားအမိရှင့်နောက်ကို
အားကိုးတကြီးလိုက်လာခဲ့တာ””
“”ခင်ဗျားပြောတာ•••ကျုပ်ဘာမှမသိဘူးဗျ
ခင်ဗျားကိုကျုပ်တစ်ခါမှမသိဖူးဘူး””
“”ရှင့်ကို••အပြစ်မတင်ရက်ပါဘူးလေ•••
ဒါပေမယ့်••ကျွန်မတို့မှာရှင့်အနားကလွှဲပြီး
သွားစရာနေရာမရှိပါဘူး””
“”ခက်တာပဲဗျာ••ကျုပ်ကတစ်ကိုယ်တည်းသမား
ခင်ဗျားတို့ဒီမှာနေတာပြဿနာမရှိပေမယ့်
ပတ်ဝန်းကျင်ကြောင့်••ခင်ဗျားသိက္ခာ
ကျွန်တော့သိက္ခာထိုခိုက်နိုင်တယ်ဗျ””
“”ကျွန်မတို့ကိုနေခွင့်ပေးရင်သာကျေနပ်ပါပြီ
ကျွန်မတို့အိမ်ထဲကနေဘယ်မှမထွက်ပါဘူး””
“”ကောင်းပြီဗျာ•••
ဟိုဘက်မှာအခန်းလွတ်နှစ်ခန်းရှိတယ်
ခင်ဗျားတို့သားအမိနေချင်တဲ့နေရာနေ””
“”ကျေးဇူးတင်ပါတယ်မောင်မောင်””
“”ဘာ••ဘယ်လိုခင်ဗျားဘယ်လိုခေါ်လိုက်တယ်””
“”သြော်•••ကျေးဇူးတင်ပါတယ်လို့ပြောတာပါရှင်””
“”ဟုတ်ကောင်းပြီလေ••
ခင်ဗျားတို့အဆင်ပြေသလိုသာနေပါ••
ကျုပ်ကအပြင်ထွက်နေရတာများတယ်
မနက်ဖြန်လည်းသွားစရာရှိသေးလို့^••
အိပ်တော့မယ်ဗျာ”””
“”ဟုတ်ကဲ့ရှင်”” စိုင်းညီမှာသားအမိအားနှုတ်ဆက်ရင်းအခန်းထဲပြန်ဝင်လာခဲ့၏။ ထို့နောက်ယွန်းသေတ္တာလေးအားယူလျက်
ပတ္တမြားလက်စွပ်လေးအား
ကြည့်နေမိပြန်သည်။
လွန်ခဲ့သော•••တစ်ရက်က•••
အလွန်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်။
မြို့နှင့်တစ်မိုင်ခန့်အကွာ•••
မြစ်ဆုံနေရာတွင်ပိုက်လှေလုပ်သားများ
ပိုက်ချရင်း•••လူအရိုးစုနှစ်ခုပိုက်တွင်
လာညှိနေလေသည်။•••ထိုနေ့က•••
အလုပ်ကိစ္စနှင့်နယ်ဆင်းရင်းစိုင်းညီက•
ခရီးကြုံလိုက်လာခဲ့သည်။
အရိုးစုနှစ်ခုမှာအလွန်ထူးဆန်းလှကာ
လူကြီးကကလေးအား••တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားသည့်နှယ်•••
ကုန်းပေါ်ရောက်သည့်တိုင်••အရိုးစုနှစ်ခုအား
ခွဲခြား၍မရပေ။
အရိုးစုများမှာမပျက်မစီးရှိနေသေးသည်။
လှေပိုင်ရှင်မှအရိုးစုများကို
တင်ဆောင်ယူလာ၍••သက်ဆိုင်ရာကို
လွှဲအပ်လိုက်ကြလေသည်။
အရိုးစုအားလှေပေါ်မှချစဉ်••••
စိုင်းညီရှေ့သို့ပစ္စည်းတစ်ခုပြုတ်ကျလာ၏။
ထိုအရာကား^••သူယွန်းသေတ္တာလေးထဲ
သိမ်းဆည်းထားသော•••ပတ္တမြားလက်စွပ်လေးဖြစ်သည်။
စိုင်းညီလည်း••မိမိရှေ့တွင်လာကျတာမို့
ဘာသိဘာသာကောက်ယူထားလိုက်သည်။
အသက်ဝိညာဉ်ပျောက်ဆုံးနေသော
အရိုးစုကိုလာရောက်ကြည့်ရှုသူများသည်•••
သားအမိဟုမှတ်ချက်ပေးကြသည်။
မြို့ခံလူကြီးများက•••
ထို​​ မြစ်ဝတွင်လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်ခန့်က••
ခရီးသည်တင်သ င်္ဘော တစ်စီးနစ်မြုပ်ဖူးကြောင့း
အရိုးစုများမှာ••ထိုသေင်္ဘောမှဖြစ်နိုင်ကြောင်း
ပြောကြသည်။•••
လူကြီးများ၏အပြောသည်•••
ယုတ္တိမတန်လှပေ။•••
အဘယ်ကြောင့်ဆိုသော်•••
လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်ခန့်ကအရိုးစုများဖြစ်ပါမူ
အရိုးစုသည်အကောင်းတိုင်းရှိမနေနိုင်
တစ်နည်းနည်းနှင့်ပျက်စီးနေရပေမည်။
သို့သော်လူကြီးများက••••
ကလေးအပေါ်ချစ်သောမိခင်တစ်ယောက်၏
မေတ္တာအစွမ်းကြောင့်•••အရိုးစုများသည်
မပျက်မစီးတည်ရှိနေသည်ဟု
မှတ်ချက်ချကြသည်။
အရိုးစုအားလာရောက်ကြည့်ရှုသူတိုင်း•••
ထိုအရိုးစုသားအမိကိုကြည့်၍
စုတ်တစ်သတ်သတ်ရှိကြလေသည်။
စိုင်းညီသည်လည်း•••
ထိုအရိုးစုကိုကြည့်ရင်းမိခင်တစ်ဦး၏
မတျတောကိုခံစား၍ရနေ၏။
ထိုညကအိပ်၍မပျော်နိုင်တာမို့
အရိုးစုလေးကိုမြင်ယောင်ရင်း
ကဗျာတစ်ပုဒ်ရေးဖြစ်သည်။
အမေ
~~~~~~
အကြောင်းတရားအခြေမလှ ဆိုးဝါးကံကြမ္မာကြောင့်
သေမင်းနှင့်စစ်ခင်း•••အသက်နှင်းရသော်လည်း
ရင်မှပေါက်ဖွား•••အသွေးသားအား•••
ရင်မှာပိုက်ပွေ့••ထွေးနေဆဲ
ရေပိုး၊ရေမွှား•••ကိုက်ဖဲ့စား၍
အရိုးအသားကြွေကျ ရေမှာခသော်လည်း
မေမေ့ရင်သွေး•••အရိုးစုလေးကို
ထွေးပွေ့ထားဆဲ•••ယုယဆဲ
အို•••အမေ
မေမေ့တစ်ယောက်ထဲ••ဘေးလွတ်ရာပြေးနိုင်လျက်
အသက်နှင့်ရင်း•••မေ့ချစ်ခြင်းကို•••
အရိုးစုဖွေး••ခန္ဓာဆွေးနှင့်
မပျောက်မပျက်•••ယနေ့ထက်ထိ•••
ချစ်ခြင်းသက်သေ ပြလေသလော••••
* * *
စိုင်းညီတစ်ယောက်ကဗျာကိုအဆုံးသတ်လိုက်ကာ
ရင်ဘတ်ပေါ်တင်ရင်း•••မျက်လုံးမှိတ်ချလိုက်ရင်း အိပ်မက်ကမ္ဘာထဲ မျောလွင့်သွားလေသည်။
~~~~~~~~~~~~
{၂}
“မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ”
စိုင်းညီတစ်ယောက်•••ကလေးများ၏
နှုတ်ဆက်သံကိုနားစွင့်ရင်းညိုထွက်အလာကို••
အခန်းဝမှစောင့်နေမိသည်။•••
ကလေးများမှာသူ့ထက်ငါအရင်တိုးတိုက်ထွက်လာကာ
ညို့မှာဆွဲခြင်းလေးဆွဲလျက်
နောက်ဆုံးမှထွက်လာလေသည်။•••
ညိုကသူ့ကိုမြင်တော့••••
“”ဆရာကြီး””
“”ညို့ကိုပြောစရာရှိလို့စောင့်နေတာ””
“”ဘာများလဲဆရာကြီး””
“”ကျောင်းရှေ့ပိတောက်ပင်ရှေ့သွားရအောင်ညို””
သူကလူကြီးပီပီပြောပြီးရှေ့မှထွက်လာတော့
ညိုကနောက်မှလိုက်လာခဲ့သည်။•••
ပိတောက်ပင်အောက်ရောက်တော့
ညို့ဖက်လှည့်လိုက်ကာ•••
“”ညို””
“”ဟုတ်ကဲ့•••ဆရာကြီး””
“”ပထမဆုံးပြောချင်တာက•••ကိုယ့်ကိုဆရာကြီးလို့
မခေါ်ပါနဲ့လားညို•••ကိုယ်ကညို့ထက်တစ်နှစ်ပဲကြီး
တာပါ””
“”လေးစားမှုအရပါရှင်””
“”ကဲပါညို့သဘော•••
ကိုယ်ဒဲ့ပဲပြောတော့မယ်ညို•••
ကိုယ်ညို့ကိုလက်ထပ်ချင်တယ်””
“”ရှင်””
ချစ်စကားကြိုက်စကားမပြောဖူးပါပဲလျက်•••
လက်ထပ်ဖို့ဒဲ့ကြီးပြောလာသော•••
ဆရာကြီးကြောင့်ဆရာမလေးညိုညိုစိမ့်မှာ
အံ့သြသွားရသလို•••ကတုန်ကယင်ကြီးဖြစ်သွားမိသည်။
“”မအံ့သွပါနဲ့ညို•••
ကိုယ့်အသက်အရွယ်ကချစ်စကား
ကြိုက်စကားကိုကယုကယင်ပြောပြီးအပျော်ရည်းစား
ထားနေရမယ့်အရွယ်မဟုတ်ပါဘူး
ကိုယ်ညို့ကိုတန်ဖိုးထားလို့မြတ်နိုးလို့
ဒီစကားကိုတိုက်ရိုက်ပြောတာပါ
ကဲကိုယ့်သဘောကိုပြောပြီးပြီ
ညို့သဘောကရော””
“”ဟို•••အဲ””
“”စဉ်းစားမယ်လို့မပြောပါနဲ့ညို
ညိုကိုယ်သိတဲ့သုံးနှစ်အတွင်း
ကိုယ့်အကြောင်းညိုသိသင့်သလောက်သိသလို
ညို့အကြောင်းလည်းသိပါတယ်
နှလုံးသားဆန္ဒအတိုင်းဆုံးဖြတ်ပါ•••
စဉ်းစားတယ်ဆိုတာဦးနှောက်ရဲ့အလုပ်ပါ
ကိုယ်ကကျောင်းဆရာဘဝကိုမြတ်နိုးသလို
ညိုလည်းဆရာမဘဝကိုမြတ်နိုးတယ်•••
ဒီတော့ကိုယ်တို့ခံယူချက်ချင်းတူကြတယ်
ဒီတော့•••ညို့ဦးနှောက်ကကိုယ့်ကိုထပ်စဉ်း
စားနေမှာမဟုတ်ဘူး•••””
“ညိုဘယ်လိုပြောရမလဲ•••
ညိုဆရာ့သိက္ခာကိုယုံတယ်
ဆရာကြီးရဲ့အချစ်ကိုလည်းခံစားလို့ရတယ်
ဒါပေမယ့်••
ညိုကအဒေါ်အိမ်မှာကပ်နေတယ်•••
အတောင်စုံမှလက်လွတ်စပယ်
ပျံထွက်သွားတာမျိုးမဖြစ်ချင်ဘူး
ညိုလည်းဆရာကြီးလိုပါပဲ•••
ဒီသုံးနှစ်အတွင်း••ဆရာကြီးရဲ့
စိတ်ကိုနားလည်ထားပါတယ်””
“”ဒါဆိုညိုကိုယ်လက်ထပ်မှာကိုလက်ခံလား””
“”ဆရာကြီးကလူဆိုးပဲ•••
ညို့ကိုမိန်းကလေးဆိုပြီး
မူခွင့်တောင်မပေးဘူး••
ညိုရှက်လာပြီ”””
“”ဟားးးဟားးးလက်ထပ့်ပြီးမှမူတော့ညို
ကိုယ်ကတိတစ်ခုတော့ပေးနိုင်တယ်
ညို့ကိုအသက်နဲ့ထပ်တူစောင့်ရှောက်သွားမယ်
မနက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့
ညို့အဒေါ်အိမ်••ကိုယ်လာခဲ့မယ်
ညိုအကျိုးအကြောင်းပြောထား
ကိုယ်တို့ချစ်သူလိုရော
ဇနီးမောင်နှံလိုရော•••ဘဝကိုတစ်ခါတည်း
ဖြတ်သန်းကြမယ်””
“”လူလည်ကြီး””
ညိုကအားရပါးရရယ်လိုက်ကာ••
ဆရာကြီးစိုင်းညီ၏လက်မောင်းအားမနာ
အောင်ဆိတ်လိုက်သည်။
“”ကဲ•••ညိုအရင်ပြန်နှင့်^••
ကိုယ်နဲ့အတူတွဲတွေ့လို့ပတ်ဝန်းကျင်ကညို့ကို
သမုတ်ကြမှာမလိုလားဘူး
ညို့ကိုတရားဝင်ပိုင်တဲ့နေ့မှညိုနဲ့
လက်ချင်းယှဉ်လျှောက်မယ်
ဒါပေမယ့်နှစ်ကိုယ်ကြားအချိန်တွေမှာ
ကိုယ့်ကိုဆရာကြီးမခေါ်ပါနဲ့ကွယ်””
“”ကျွန်မသိပါပြီမောင်မောင်””
“”ထပ်ခေါ်ပါဦးညို””
“”မောင်မောင်””
“”ကိုယ့်ဘဝအရမ်းပြည့်စုံသွားပြီညို
ကဲမနက်ဖြန်ညို့အိမ်မှာတွေ့မယ်”””
ညိုကသူ့အားအလှဆုံးပြုံးပြကာ
လှည့်ထွက်သွားလေ၏။
စိုင်းညီဆိုသောသူသည်•••
ဘဝကိုလက်တွေ့ကျကျနှင့်
လူသားဆန်ဆန်ရပ်တည်ချင်သော
လူတစ်ယောက်သာဖြစ်သည်။•••
သူသည်သာမန်ကျောင်းဆရာတစ်ယောက်ဖြစ်သော်
လည်းအလွန်ချမ်းသာသောမိသားစုမှ
ပေါက်ဖွားလာသူဖြစ်သည်။
အမေတစ်ယောက်အစ်မသုံးယောက်နှင့်
များပြားလှသောစီးပွားရေးလုပ်ငန်းများကို
စိတ်မဝင်စားဘဲ•••မိသားစုနှင့်ဆန့်ကျင်လျက်
ဝါသနာပါရာကျောင်းဆရာအလုပ်ကိုလျှောက်ခဲ့ကာ
ယခုလိုမြို့နှင့်ဝေးသောနယ်ကလေးမှာ
တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုတစ်ဖန်•••
မိသားစုနှင့်ဆန့်ကျင်လျက်•••
သူအလွန်မြတ်နိုးသော•••
မိန်းကလေးတစ်ယောက်နှင့်ဘဝတစ်ခုကိုထူထောင်ပေဦးမည်။ညိုကသနားဖို့ကောင်းသည်။
ငယ်ငယ်တည်းကမိမရှိဘမရှိတစ်ကောင်
ကြွက်ဘဝနှင့်အဒေါ်အိမ်မှာကပ်နေရသည်။
ဆင်းရဲ၍ခေါင်လှသောရွာကလေးသို့
မည်သည့်ဆရာ၊ဆရာမများမှမလာလိုကြ။
စိုင်းညီအလုပ်ကျတော့•••
ရွာခံဆရာမလေး••ညိုတစ်ယောက်သာရှိသည်။
ညိုသည်အရွယ်နှင့်မမျှအောင်တည်ငြိမ်သည်။
ရင့်ကျက်သည်။•••
သူကိုယ်တိုင်လည်းအိနြေ္ဒကြီးသူမို့
အလုပ်နှင့်အခေါ်အပြောသာရှိကာ
တစ်ဦးနှင့်တစ်ဦးသံယောဇဉ်တွေ
နက်ရှိုင်းစွာရှိပေမယ့်တာဝန်တွေကြားတွင်
မပွင့်လင်းခဲ့ကြပေ။•••
ယခုတော့•••
တစ်ဦး၏သံယောဇဉ်ကိုတစ်ဦး
မြင်သာခဲ့ကြပေပြီ။•••
နောက်တစ်နေ့တွင်•••
ညို့အိမ်သို့သွားကာညို့အဒေါ်များအိမ်၌•••
ညို့ကိုလက်ထပ်ရန်ခွင့်တောင်းခဲ့လေသည်။••
ညို့အဒေါ်က••များပြားလှသော
မိသားစုတွင်တစ်ယောက်လျှော့ရင်အေးရော
ဟူသောသဘောနှင့်ဝမ်းသာအားရလက်ခံလေသည်။
သို့နှင့်ညိုနှင့်သူ•••မင်္ဂလာဆွမ်းကျွေးလျက်•••
ဘဝတစ်ခုကိုရိုးရှင်းစွာတည်ဆောက်ခဲ့လေသည်။•••
မင်္ဂလာဦးလက်ဆောင်ကိုအဖေရှိစဉ်က••
သူဆယ်နှစ်ပြည့်မွေးနေ့အတွက်ပေးထားသော
ပတ္တမြားလက်စွပ်လေးကိုပေးခဲ့သည်။
သူ့လက်သန်းနှင့်သာတော်တော့သော
ပတ္တမြားလက်စွပ်လေးသည်••
ညို့လက်သူကြွယ်နှင့်ကွက်တိဖြစ်နေတော့
သူကျေနပ်ရလေသည်။
သူစိတ်ကြိုက်တည်ထောင်လိုက်သော
ညိုနှင့်နှစ်ယောက်ဘဝအတွက်•••
အခြေကြီး၍အဆင့်အတန်းခွဲခြားလှသော
မိသားစုကိုအဆက်အသွယ်ဖြတ်ခဲ့သည်။
ရွာမှပေးထားသော
အဆောင်လေးမှာပင်•••မဖြစ်စလောက်ချွေးနှဲစာ
လေးနှင့်ညိုနဲ့နှစ်ယောက်တစ်ဘဝကိုထူထောင်ရင်း
ဘဝသည်••ချမ့်မြေ့ဖွယ်အတိဖြစ်ခဲ့သည်။•••
ညိုနဲ့လက်ထပ်ပြီးနှစ်နှစ်ခန့်ကြာသောအခါ
ညိုသည်•••သူတို့ဘဝထဲသို့
သူနှင့်တူသောလူသားလေးတစ်ယောက်
အားဆွဲခေါ်လာခဲ့သည်။••••
ထိုလူသားလေးကြောင့်သူ၏
ဘဝသည်ပို၍ပြီးပြည့်စုံလာခဲ့သည်။
ညို့ကိုလည်းပိုချစ်လာခဲ့သည်။
ညိုသည်တကယ့်ဇနီးကောင်းမိန်းမကောင်းလေး
ဖြစ်သည်။•••သူမပြောဖြစ်သော
သူ့ဘဝကိုမမေးပေ။
သူလည်းသူမသွားချင်သောဘဝကိုညို့
ကိုမပြောဖြစ်ခဲ့ပေ။
သို့သော်ကံကြမ္မာက••တသမတ်တည်းမနေပေ။
သူ၏အေးချမ်းသောဘဝလေးကို
မွှေနှောက်ရန်•••သူ့အစ်မအကြီးဆုံးသည်
ရွာလေးသို့ရောက်လာခဲ့သည်။
အမေအသည်းအသန်ဖြစ်နေသည်တဲ့။
သူလည်းအမေ့အိမ်မပြန်တာ•••
ငါးနှစ်လောက်ရှိပြီဖြစ်သည်။•••
သူကိုယ်တိုင်အဖေဖြစ်နေပြီမို့
မိဘနေရာကခံစားလို့ရသည်။•••
ညိုကိုယ်တိုင်ကလည်း•••
“”မောင်မောင့်အစ်မနဲ့လိုက်သွားပါကွယ်
ညိုကိုယ်တိုင်လည်းအမေတစ်ယောက်မို့
မောင်မောင့်အမေရဲ့ခံစားချက်ကိုနားလည်ပါတယ်••
မောင်မောင့်အမေနေကောင်းမှပြန်လာခဲ့
ကျောင်းမှာကမောင်မောင်နဲ့ညိုတစ်ယောက်
ယောက်ရှိမှအဆင်ပြေမှာ””
“”သိတတ်လိုက်တာညိုရယ်
မောင်မောင်ဆက်ဆက်ပြန်လာခဲ့ပါ့မယ်””
ဆက်ဆက်ပြန်လာခဲ့မည်ဆိုသော
သူ၏ကတိသည်•အမေ့ကျန်းမာရေးကြောင့်
ရက်မှလသို့ကြာညောင်းခဲ့သည်။••
အမေ့မှာသေမင်းနှင့်စစ်ခင်းပြီးနောက်
မမြဲသောတရားကို••ဆင်ခြင်မိလာကာ••
မာန်မာနတွေကျလာခဲ့သည်။•••
ဒီကြားထဲမေမေ့ကျန်းမာရေးကြောင့်
ညိုနှင့်သားကိုသတိရနေတာကလွဲလျှင်
အဆက်အသွယ်လည်းပြတ်တောက်နေခဲ့သည်။
မေမေပြန်ကျန်းမာလာ၍
ပြက္ခဒိန်ကိုလှန်ကြည့်လိုက်တော့
သုံးလတာသည်တိုတောင်းစွာ
ကုန်ဆုံးခဲ့လေပြီ။^••••
ကျောင်းပိတ်ရာသီလည်းရောက်ပြီမို့
ညိုနှင့်သားကိုမြို့သို့လိုက်ခဲ့ရာစာလွှာပါး
ခဲ့လေသည်။••••
သို့သော်••••
ညိုနှင့်သားသည်သူ့ဆီတစ်သက်လုံးရောက်မလာနိုင်တော့။
ညိုနှင့်သားကိုတင်ဆောင်သော
ခရီးသည်တင်သင်္ဘောသည်^••
မြို့ကိုမရောက်မီတစ်မိုင်ခန့်အလိုတွင်•••
တိမ်းမှောက်ကာ••• ညိုနှင့်သားလည်းသူ့ဘဝထဲမှလုံးဝပျောက်ကွယ်သွားလေသည်။ ထိုစဉ်က••မြစ်ကြောတစ်လျှောက်
အလောင်းများပုပ်ပွထနေပေမယ့်
ညိုနှင့်သားမှာအလောင်းပင်အစရှာမရခဲ့ပေ။
ညိုနှင့်သားကို•••
မတွေ့တော့သည့်အဆုံး•••
သူ့ဘဝကိုအခန်းကျဉ်းထဲတွင်
မိမိဘာသာအကျဉ်းချရင်းလောကကြီး
ကိုအရှုံးပေးလိုက်လေတော့သည်။
~~~~~~~~~~~
{၃}
{ဇာတ်သိမ်း}
“”ဝုန်းးးးးဘုန်းးးးး””
စိုင်းညီမှာရုတ်တရက်ကုတင်ပေါ်မှ
ပြုတ်ကျသွားကာပြန်မထနိုင်သေးခင်•••
အိပ်မက်အရှည်ကြီးကိုပြန်လည်
သုံးသပ်မိသည်။
အိပ်မက်ထဲမှစိုင်းညီသည်သူဖြစ်နေလျက်
ညိုဆိုသောမိန်းမသည်•••
ညကကလေးတစ်ယောက်နှင့်အိမ်ပေါ်ရောက်လာသော
အမျိုးသမီးဖြစ်နေလေသည်။•••
သူ့ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်နေကာ
မျက်နှာကိုယောင်ယမ်း၍
စမ်းလိုက်တော့မျက်ရည်များက
မျက်ဝန်းမှတစ်ဆင့်ပါးပြင်
အထိစိုရွှဲနေကြသည်။
“”ညို•••ညိုညိုစိမ့်••••သား”””
စိုင်းညီမှာအရူးတစ်ယောက်လို
အိပ်ခန်းထဲမှထွက်ပြေးလာရင်း
ညကရောက်လာသောသားအမိကိုတစ်ခန်း
ဝင်တစ်ခန်းထွက်ရှာမိသည်။
“”ညို•••နှစ်ပေါင်းအကြာကြီးထိ
မောင့်ကိုရှာနေခဲ့တာလား•••
မောင်ကလွှဲပြီးသွားစရာမရှိဘူး
ဆိုခုဘယ်ထွက်သွားတာလဲ””
စိုင်းညီအရူးတစ်ယောက်လိုအော်ရင်း
ဧည့်ခန်းတွင်ဒူးထောက်ထိုင်ချလိုက်သည်။•••
ငယ်ငယ်ကတည်းကအိပ်မက်လိုလို
ဘာလိုလိုရှိခဲ့သောအိပ်မက်ရှည်ကြီးသည်
သူ၏တခြားဘဝမှကြေကွဲစရာပုံပြင်တဲ့လား•••
“”ညို•••သားလေး••ငါ့သားလေး””
ထိုစဉ်သူ၏အလုပ်တူသူငယ်ချင်း
အောင်ထက်ရောက်လာကာ
“”ဟေ့ကောင်ငစိုင်း•••
ဘာဖြစ်တာလဲ•••ခရီးသွားရမှာကိုဘာမှမလုပ်ရသေးပါလား”
“”ငါ•••ငါညို့ကိုတွေ့ချင်တယ်””
“”ဘယ်ကညိုလဲကွ””
“”ညိုညကသားလေးနဲ့အတူငါ့ဆီလာတယ်””
“”မင်းရူးသွားတာတော့မဟုတ်ပါဘူးနော်
ရည်းစားတောင်မရှိတဲ့ကောင်က
ဘယ်ကညိုပြီးဘယ်ကသားလဲ””
“”ငါ့•••အတိတ်ဘဝမှာရှိခဲ့တယ်ကွာ•••
ဟိုနေ့ကငါနယ်ကပြန်လာတုန်းက
ပိုက်လှေနဲ့လိုက်လာတာ•••
ဒီမှာအရိုးစုနှစ်ခုပိုက်မှာလာငြိနေတာမင်းသိမှာပေါ့””
“”သိတာပေါ့ကွာ••တစ်မြို့လုံးကျော်နေတဲ့ဟာ””
“”အဲဒါလွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်က•••
ခရီးသည်လေနစ်တဲ့ထဲပါသွားတဲ့
ငါ့မိန်းမနဲ့ငါ့သား•••
ခဏနေဦး
မင်းမယုံရင်ငါပြမယ်””
စိုင်းညီကပြောရင်းအိပ်ခန်းထဲဝင်သွားကာ
ယွန်းသေတ္တာဘေးထဲမှပတ္တမြားလက်စွပ်လေးအား
အောင်ထက်ကိုပြလိုက်သည်။••••
“”ဒီလက်စွပ်ကလေငါအရင်ဘဝက•••
ညို့ကိုပေးခဲ့တဲ့မင်္ဂလာဦးလက်ဆောင်””
“”ထူးဆန်းတယ်ကွာ•••
ဟာဟုတ်ပြီ•••ဒီလိုလုပ်ကွာဒီနေ့ခရီးစဉ်ကို
ဖျက်လိုက်မယ်•••အိမ်မှာလောကီပညာတွေ
လိုက်စားနေတဲ့နယ်ကငါ့ဦးလေးရောက်နေတယ်
မင်းကိစ္စနဲ့ပတ်သက်ပြီး
သူတစ်ခုခုပြောပြနိုင်မှာပဲ
မင်းတစ်ခုခုစားကွာ
ပြီးရင်သွားမယ်””
“”အိမ်မှာတော့ဘာမှမရှိဘူးကွာ•••
ငါမျက်နှာသစ်လိုက်ဦးမယ်မင်းခေါက်ဆွဲခြောက်ပြုတ်ထား””
စိုင်းညီ••အောင်ထက်ကိုပြောကာ
ရေချိုးခန်းထဲဝင်လာခဲ့သည်။
သူမျက်နှာသစ်ပြီးထွက်လာတော့
ထမင်းစားပွဲတွင်ထိုင်နေသော
စိုင်းညီကိုတွေ့လိုက်ရသည်။•••
“”ဟာ••မြန်လိုက်တာ•••အောင်ထက်
မင်းဒါလည်းရတာလား””
“”ဟင်•••ငါမင်းကိုပြောရမှာ•••
မင်းကအိမ်မှာစားစရာဘာမှမရှိဘူးဆို””
စိုင်းညီနှင့်အောင်ထက်မှာစားပွဲပေါ်မှ
ထမင်းနှင့်တခြားအရံဟင်းလျာများကို
ကြည့်ရင်းအံ့သြနေမိသည်။
“”ဒါ••ဒါညိုလုပ်တာဖြစ်မယ်””
“”ဟာ••••ဝိညာဉ်ကဒါတွေလုပ်လို့ရလား
ငါကြောက်လာပြီ
မင်းမြန်မြန်အဝတ်လဲကွာ•••
ငါ့ဦးလေးဆီမြန်မြန်သွားရအောင်””
စိုင်းညီရော••အောင်ထက်ပါစားပွဲပေါ်တွင်
တည်ခင်းထားသောမနက်စာကို
မစားရဲဘဲ•••အောင်ထက်ဦးလေးနှင့်
တွေ့ရန်အောင်ခက်အိမ်သို့
အမြန်ပြေးလာခဲ့သည်။
အောင်ထက်ဦးလေးကိုဧည့်ခန်းမှာပင်
အသင့်တွေ့ရလေသည်။••••
“”သြော်•••လူလေးယောက်ဒုက္ခကိုယ်စီပါလား””
“”ဗျာ””
“”ကဲ•••လူလေးတို့ရော•
သံယောဇဉ်ဒုက္ခသည်ရောဘုရားခန်းလိုက်ခဲ့ကြ””
အောက်ထက်၏ဦးလေးမှာ•••
ပြောပြီးရှေ့မှထွက်သွားတာကြောင့်စိုင်းညီတို့မှာ
နောက်မှလိုက်လာခဲ့သည်။•••
အောင်ထက်၏ဦးလေးမှာ•••
ဘုရားခန်းတွင်ဖယောင်းတိုင်ကိုးချောင်းစိုက်ကာ•••
“”ကဲ•••လူလေးဘာဖြစ်ချင်တာလဲ””
“ဆရာညို့ကိုမြင်နေတာလား””
“”မင်းနောက်မှာကလေးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကိုမြင်နေတယ်•••သေချာအောင်ပြောရရင်
အတိတ်ဘဝကမင်းရဲ့အမျိုးသမီးနဲ့•••
သား•••ဖြစ်တယ်•••မင်းနောက်ကိုလိုက်လာရင်း
ခရီးသည်တင်သင်္ဘောနစ်တော့
သားအမိနှစ်ယောက်လုံးအသက်ပေးလိုက်ရတယ်
သားအမိနှစ်ယောက်ရဲ့ရုပ်ကြွင်းကို
လွန်ခဲ့တဲ့နှစ်ရက်က•••မောင်ရင်တွေ့ခဲ့တယ်••
ခုမောင်ရင့်နောက်မှာရှိနေတယ်•••
မောင်ရင်ဘယ်လိုဖြစ်ချင်လဲ””
“”အီးးးဟီးးးးဆရာရယြ••••
ကျွန်တော်ကျွန်တော့ကလေး၊မိန်းမနဲ့အတူနေချင်ရင်တောင်
ဒီဘဝမဖြစ်နိုင်တော့ပါဘူး•••
သူတို့သားအမိကိုခုလိုဘဝနဲ့မနေစေချင်ပါဘူး••””
“”သူတို့ကလည်း•••မောင်ရင့်ကို
တွေ့ရလို့ကျေနပ်ပါပြီတဲ့•••
သူတို့ကောင်းရာမွန်ရာကိုစိတ်ဖြောင့်စွာသွားနိူင်ဖို့
မောင်ရင်ကိုယ်တိုင်မောင်ရင်တို့အတူနေဖူးတဲ့နေရာကို
သွားပြီးအလှူပေးပါအမျှဝေပါ””
“”ဟုတ်ကဲ့ဆရာ””
“”သူတို့သားအမိရဲ့အရိုးစုကိုလည်း
ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးပါကွယ်
သံသရာဆိုတာတစ်ဖန်ရှိသေးရင်
လူလေးတို့မိသားစုထပ်ဆုံရဦးမှပါကွယ်”””
“”ကျေးဇူးကြီးလှပါတယ်•••ဆရာ””
စိုင်းညီမှာဆရာအားကန်တော့ပြီးနောက်
သက်ဆိုင်ရာသို့သွားကာ•••
အကျိုးအကြောင်းပြောပြလျက်
ညိုတို့သားအမိ၏အလောင်းကိုသဂြိုလ်ပေးလိုက်လေသည်။
ထို့နောက်ညိုနှင့်ဘဝကိုစတင်ခဲ့သော
ရွာကလေးသို့သွားကာ•••
အလှူပေးလျက်ကျောင်းဆောင်သစ်အား
ဆောက်လုပ်လှူဒါန်းလေသည်။•••
ကျောင်းရေစက်ချ၍ညိုတို့သားအမိအား
အမျှဝေပြီး•••အပြန်•••
လူတစ်ယောက်ကသူ့အားကြည့်ကာ•••
“”ဆရာ•••ဆရာကြီးစိုင်းညီမဟုတ်လား”””
“”ကျုပ်ကိုသိလို့လား””
“”ကျွန်တော်တို့လေးတန်းတုန်းကစာသင်ခဲ့တဲ့
ဆရာကြီးစိုင်းညီနဲ့ချွတ်စွပ်တူတယ်ဗျာ••
ဒါပေမယ့်ဆရာကြီးမဟုတ်ဘူးထင်တယ်
ဆရာကြီးတို့မိသားစုဆုံးသွားတာကြာလှပြီ
ခင်ဗျားကဆရာကြီးနဲ့တူပေမယ့်
ကျွန်တော့်ထက်အများကြီးငယ်တယ်”
စိုင်းညီမိမိမှာဆရာကြီးစိုင်းညီဆိုတာ
ဆက်မပြောဖြစ်တော့။
နာကျင်စရာအတိတ်ကိုလည်းမတူးဆွချင်တော့ပါ။•••
ဘယ်ဘဝရောက်ရောက်•••
ညိုနဲ့သားကသူ့ရင်မှာထာဝရရှိနေမှာပါကွယ်•••
မောင်မောင်လွမ်းနေပါရစေညို••••
လွမ်းနေပါရစေတော့•••
ဒီဘဝထိညို့ကိုမှတ်မိခွင့်ပေးတဲ့
ကံကြမ္မာကိုရော•••
လွမ်းခွင့်ရတဲ့•••အခြေနေကိုရော
မောင်အမြတ်တနိုးဖက်တွယ်သွားပါ့မယ်ကွယ်
ညိုနဲ့သားလေးကောင်းရာသုဂတိလားပါစေကွယ်•••
~~~~~~~~~~~~~

The end
6:36pm
M.M.K