လူစားလဲ ရေတွင်း(စ/ဆုံး)
————————
“ဂီးးးးးးးးးး”
စိုးမြင့်တယောက် လကွယ်ညမို့ ခြံထဲဆင်း၍ ဆေးလိပ်ထိုင်းသောက်နေတုန်း ခေါင်းပေါ်မှ ညဉ်းငှက်တကောင် ဖြတ်ပျံရင် ထိုးသွား အသံကြောင့် ကြက်သီးများပင်ထသွားသည်။ လူကြီးတွေပြောပုံအရဆို ဒါမကောင်းတဲ့လဏ္ခ တခုဟု ပြောလို့ရသည်။ဒီလောက်အေးချမ်းတဲ့ မိမိတို့ရွာလေးမှာ ဘာပြဿနာဖြစ်စရာရှိလဲ ညဉ်းငှက်မျက်စိလည် လမ်းမှား အိပ်ရေးပျက်ပြီး ဂယောင်ခြောက်ဖြစ်အော်သွားတာပဲနေမှာပါ လူငယ်အတွေးမို့ ပေါ့ပျက်ပျက်ဖြစ်သာ တွေးမိသည်။ ညအချိန်ကလဲတော်တော်မှောင်နေပြီမို့ အိပ်ဖို့ဆုံးဖြတ်၍ အိမ်ပေါ်သို့အတက် ရေတွင်းဘက်မှ ခွေးတအုပ် စွဲစွဲ ငBင်ငင် အူးလိုက်သံနှင့်အတူ လေတိုက်သံလိုလို ငိုညည်းသံလိုလို တိုးတိတ်စွာ ကြားလိုက်ရသည်နှင့် လူကအလိုလို အိမ်ပေါ်သို့ တက်ပြီးသားဖြစ်သွားသည်။ငယ်ရွယ်သူမို့ စိုးမြင့် ကြောက်စိတ်၀င်မိတာတော့အမှန်ပင် ထို့ကြောင့် အိပ်ယာထဲ၀င်ခဲ့တော့ ခွေးတကောင်မှ စပျိုး၍ အူလိုက်တာ ရွာထဲရှိခွေးအားလုံးစီသို့ ကူးစက်သွားတော့သည်။
ထိုနေ့ညက မိန်းကလေးတယောက် ရေတွင်းဘေးတွင် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေရာမှ ရေတွင်းထဲသို့ ရုတ်တရက်ပြုတ်ကျသွားတာတော့ ဘယ်သူမှ မသိလိုက်
“ဗွမ်းးးးးးး”
“ဂီးးးးးးဂီးးးးးးဂီးးးးးးး”
ညဉ်းငှက်တကောင်(ခေါ်) ငှက်ဆိုး သုံးကြိမ်ထိုးသံပေး၍ ပျံသွားလေးတော့သည်။
==========X==========
“တုံးးတုံးးးတုံးးးးတုံးးးးးးးးးး”
ရွာဘုန်းကြီးကျောင်းမှာ အုန်းမောင်းခေါက်သံကြောင့် ဒေါ်ပုတယောက်နိုးလာရင် သူသမီး ဖြူတုတ် လှမ်းနိုးလိုက်သည်။
“သမီးရေ ထတော့ အာရုံဆွမ်းချက်ရအောင်”
အိပ်ချင်မူးတူးဖြစ် ဒေါ်ပု လှမ်းနိုးသော်လဲ သူသမီးဖြူတုတ် အသံမကြားရ အရင်ကဆို သူသမီးက နိုးစရာမလို သူထက်ပင်အရင်အိပ်ယာထနေပြီ အခုတော့ဘာသံမှမကြားရ
“ဒီကလေးမ နေများမကောင်းလို့လား”ဟု တွေးရင် ဖြူတုတ်အခန်းသို့လျှောက်လာရင် အခန်းရှေ့အရောက် လိုက်ကာစဖယ်ကြည့်လိုက်တော့ အိပ်ယာထဲသူသမီးရှိမနေ မီးဖိုချောင်ထဲလဲအသံမကြား၍
“ဟဲ့ ဖြူတုတ်သမီး ဖြူတုတ်” ခေါ်ရင် အိမ်ထဲလှည့်ရှာတော့လဲ မတွေ့ ထိုစဉ်ရေတွင်းဘက်မှ လူတယောက် အော်သံတခုကြားလိုက်ရသည်။
“လာကြပါအုံးဗျို့ ရေတွင်းထဲမှာ လူတယောက်ပြုတ်ကျနေလို့”
ထိုအသံကြောင့် ဒေါ်ပု ခေါင်းနပန်းကြီးသွား၍ ရေတွင်းစီးသို့ အပြေးထွက်ခဲ့တော့သည်။
“ဟဲ့ သား ရေတွင်းထဲ လူတယောက်ပြုတ်ကျလို့တဲ့”
မနက်မိုးပင်မလင်း အိပ်ရေးက မဝသေး အမေကလာသဖြင့် စိတ်မကြည့်ပဲ စိုးမြင့် ကိုယ်အမေကို ဘုတောတော့သည်။
“ဟာ အမေကလဲ ဗျာ သူဟာသူပြုတ်ကျတာ ရေဆင်းကူးတာနေမှာပေါ့ အိပ်လို့ကောင်းနေတုန်း နိုးရတယ်လို့”
“ဟဲ့ အကောင် အခုဟာက ရွာထဲကအရေးဟဲ့ နင်တို့လူငယ်တွေမှ ရှေ့က မဦးဆောင်ရင် ရွာထဲ ဓားမြ၀င်ရင် နင်တို့ ဘယ်လိုကာကွယ်မလဲ”
အမေစကားကြောင့် စိုးမြင့် စိတ်ထဲ တိန် ခနဲဖြစ်သွားသည် မထလိုလဲမဖြစ်တော့ အမေ ပြောတဲ့ စကားရဲ့့နောက်ဆက်တွဲကို စိုးမြင့်ကြိုသိနေပြီ မထပဲဆက်အိပ်နေရင် ဓားမြသတ်တာပါခံရနိုင်သည်။ စောစောစီးစီးမို့ တကယ်မပြောနှင့် စိတ်ကူးထဲတောင် မသေချင်သေး အခုမှလူပျိုပဲရှိသေးတယ် မိန်းမယူရအုံးမည်လေ
“ထပြီးအမေရာ ရေတွင်းထဲလူပြုတ်ကျတာနဲ့ပဲ အမေက ရွာထဲဓားမြပါ ၀င်ခိုင်းလိုက်သေး”ညည်းညည်း ငြူငြူ ပြောရင် စိုးမြင့်အိပ်ရာမှထ အိပ်ချင်မူးတူးဖြစ် ခြံထဲဆင်းတော့ ခြံရှေ့က ရွာထဲကလူတချို့ ကြိုတွေသယ်ရင်ပြေးသွားမြင်တော့ မိမိလဲဘာရယ်တော့မဟုတ် “ရေနစ်သူ ဝါးကူထိုး” ဆိုတဲ့ စကားပုံအတိုင်း တော်ကြာ ရေနစ်တဲ့ သူကို ဝါးလုံးဖြင့် ထိုးရင်လဲ ထိုးရမည်လေ လူငယ်ဆိုတော့ ဘာမှမတွေးတော့ပဲ အမေ အ၀တ်လှမ်းတဲ့ ဝါးလုံးတန်း ဖြုတ်၍ ရေတွင်းနဲ့အိမ် သိပ်မဝေး သော်လဲ ဝါးလုံးကိုင်၍ ဖ်ိန့်ဖိန့်လုပ်ရင် အပြေးထွက်ခဲ့တော့သည်။
နောက်မှာ အမေရဲ့ မနက်စောစော မေတ္တာပို့သံကြားလိုက်ရသည်။
“ဟဲ့ ###~~~ကောင် ငါအ၀တ်တန်းကို ဖြုတ်သွားရလား”
စိုးမြင့်လဲ ရေတွင်းသို့အရောက် ရေတွင်းနားကအိမ်က လူတွေကော ရွာထဲကလူတွေကော လူစုံတတ်စုံရောက်နေကြသည်။ရေတွင်းထဲ ကြိုးဖြင့် ဆင်းဆယ်သူက ဆယ်နေပြီးမို့ စိုးမြင့်လဲ ဝါးလုံးကိုင်းရင် ရပ်ကြည့်နေတဲ့ ဘေးနာက မိမိသူငယ်ချင်း ကျော်အောင်မေးလိုက်သည်။
“ရေတွင်းထဲ ဆင်းဆော့တာ ဘယ်သူလဲ”
ကျော်အောင် စိုးမြင့်ကိုကြည့်ရင်
“မင်း ကြီးတော် မင်းအဖေရဲ့အစ်မ”
“ဟ ငါကြီးတော်ကလဲ ဆော့စရာရှာလို့”
“စိုးမြင့် မင်းအိပ်ချင်မူးတူးနဲ့ ပေါက်ကရတွေမပြောနဲ့ အခု ပြုတ်ကျတာ ဒေါ်ပုရဲ့ သမီးဖြူတုတ်ဟ”
“ဟာ ဟုတ်လား”
စိုးမြင့်နဲ့ ကျော်အောင် စကားပြောနေတုန်း ရေတွင်းထဲ ဆင်းသွား လူတချို့ ပြန်တက်လာပြီ
“ဆွဲတင်တော့ ဟေ့”
ဤသို့ဖြစ် ဆွဲ တင်တော့ ဖြူတုတ်တယောက် အသက်မရှိတော့ ဘယ်အချိန်ထဲက ရေတွင်းထဲ ကျခဲသည့်မသိ ဒေါ်ပုကတော့ သမီးအလိမ္မာလေးမို့ ငိုလိုက် မနက်ခင်တခုလုံး သူငိုသံတွေနဲ့သာ ပြည့်နေတော့သည်။
ဖြူတုတ်ရက်လည်ပြီးတော့တဲ့ နောက်ရက် တွေမှာ ရေတွင်းထဲ က ငိုသံလိုလို ရယ်လိုလိုတွေကြားရ၍ တခါတလေ အုတ်ဘောင်ပေါ်တွင် ထိုင်နေသည်ဟု တောင်ပြောကြ၍ ရွာထဲက လူတွေ နေ့ဘက်တောင် ရေမခပ်ရဲကြ သောက်ရေကိုပင် လက်တုံငင်ရေကို ကျို၍ သောက်ကြရသည်။
ဤသို့ဖြစ် နောက်ပိုင် ဘာသံမှမကြာရတော့၍ ရွာထဲလူတွေ အရင်လိုပုံမှန်ပြန်ဖြစ်လာတော့သည်။ နောက်တော့လဲ ဒီအဖြစ်ပျက်ကို တဖြည်းဖြည်းမေ့လာကြသည်။
၅နှစ်လောက်ကြာသွားခဲ့တဲ့ ညတညမှာတော့
“ဂီးးးးးးးးးး”
ညဉ်ငှက်တကောင်၏ ထိုးသံကို စိုးမြင့် သတိထားလိုက်မိသည်။လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒီအချိန်ပဲ ဒီလိုအသံကိုကြားခဲ့ရ၍ ဖြူတုတ်ရေတွင်းထဲကျ၍ သေသွားခဲ့သည်။ အခုလဲ ကြားရပြန်ပြီ စိုးမြင့်တယောက် အရင်ကလိုလူငယ်မဟုတ်တော့ လူလတ်ပိုင်းရောက်လာပြီမို့ ကြောက်စိတ်သိပ်မရှိတော့ ထိုအချိန်ရေတွင်း ဘက်မှ ခွေးအူးသံတွေနှင့် အတူကြားလိုက်ရတဲ့အသံက မုန်တိုင်းသံလိုလို လေတိုက်သံလိုလို ငိုသံလိုလိုကြားလိုက်ရသည်။ထိုနေ့ညက တကယ် မကောင်းဆိုးဝါးမြူးတဲ့ လကွယ်ညနှင့်ပင်တူနေသေးတော့သည်။
မနက်စောစော ဘုန်းကြီးကျောင်းမှ အုန်းမောင်းတောင်မခေါက်သေးစိုးမြင့် အိပ်ယာမှထရင် ရေတွင်းသို စိုးမြင့်လျှောက်လာ ရေတွင်းနှင့် အလှမ်းမကမ်းတွင် ထိုင်ရင် ရေလာခပ်တဲ့သူတွေကို သတိပေးမည် မိမိတို့တွေက လက်မူပညာမတတ်၍ ရေထမ်းရောင်းရသည့်ဘဝတွေမို့ ဒီတွင်းကိုသာ အားကိုးနေရသည်။ ပြီးတော့ နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုးထပ်မဖြစ်စေချင်၍ သတိပေးရမည်လေ
စိုးမြင့်ထိုင်နေရင် မှ ရွာထဲက နောက်ပေါက်တဲ့ လူငယ်တယောက် ရေထမ်းပုံးလေး ထမ်းလာရင် စိုးမြင့်ကို မြင်တော့
“ကိုစိုးမြင့်ကြီး ဘာထိုင်လုပ်နေတာလဲ”
“အော် အောင်တိုးပါလား ဘာလဲရေလာခပ်တာလား”
“ဟုတ်ကဲ့ ကိုစိုးမြင့်”
“ဖြစ်နိုင်ရင်မခပ်စေချင်ဘူးကွာ”
အောင်တိုး မိမိကို ဒီဘဲကြီး ဘာလာဆိုသည် ပုံစံဖြင့်
“ဘာဖြစ်လို့လဲဗျ”
“ညက ရေတွင်းအော်ထားတယ်”
“ဘယ်လို”
“ငါထင်တာတော့ လူစားလဲဖို့ ထင်တယ် ဖြူတုတ် နှစ်ပြည့်သွားလို့ နောက်တယောက် ပြောင်းဖို့ ထင်တာပဲ”
မိမိပြောလိုက်သည် စကားကြောင့် အောင်တိုး ဘာမှမပြောပဲ ရေထမ်းပုံးထမ်းရင် နှုတ်တောင်မဆက်တော့ လစ်တော့သည်။
ဤသို့ ရွာထဲကလူတွေကိုရေတွင်းနားက အိမ်တွေပြော စိုးမြင့်သလိုပြော သူတို့လဲကြားမိကြောင်း လူစားလဲမည် ဆိုသည်အကြောင်းများ ချဲ့ကာချဲ့ကာ ပြောရင် by nameတွေပါလာတော့သည်။ကြောက်သူကြောက်ဖြစ် ရေတွင်းသို့ ရေလာမခပ်ရဲ့တော့ ရေတွင်းထဲကလဲ ညဆိုသံတွေကြားနေသည်။ထို့ကြောင့် စိုးမြင့် ကြားဖူးနား၀ရှိသည့်အတိုင်း ညတညမှာ ငှက်ပျော်တုံးထမ်း၍ ရေတွင်းသို့အလာ အခုလို မိမိတယောက်ထဲ နဖူးတွေ့ဒူးတွေ့ လုပ်ရမည်ဆိုတော့ ကြောက်တာလဲ ပါသည်။ထိုကြောင့် ရေတွင်းနား ခပ်လှမ်းလှမ်းလဲ အရောက်ရပ်လိုက်ပြီ ငှက်ပျော်တုံးကို အားစိုက်၍ လှမ်းပစ်လိုက်ရင် လှည့်အထွက်
ရေတွင်းထဲက
“ဗွမ်းးးးးးးးး” ဆိုသည် နောက်က ကျောချမ်းစရာကောင်းသော အသံတသံထပ်ကြားလိုက်ရသည်။
“နင်တော်တော် တတ်”
ဤသို့ဖြစ် ၅ နှစ် တကြိမ်း ရေတွင်းက လူစားလဲဖို့ ရေတွင်းက အော်တိုင်း စိုးမြင့်တယောက် အစဉ်လာ မပျက်ရေတွင်းထဲ ငှက်ပျော်တုံးပစ်ချရင် လူစားလဲလာတာ ယနေ့ အချိန်ထိပါပဲ
==========X===========
ထက်ပိုင်တယောက် ဦးစိုးမြင့် ပြောပြတဲ့ ဇာတ်လမ်း အကြောင်းနားထောင်ရင်
“ဟင် ဒါဆို ညက ရေတွင်းက အော်လို့လား”
“အော် အော် မအော်အော် ငါကတော့ ၅နှစ် တကြိမ်း ပုံမှန် ငှက်ပျော်တုံးချနေကြ အခုနောက်ပိုင်းတော့ မအော်တော့ဘူး ၅နှစ်ပြည့်လို့ ဒီနေ့သွားချတာ”
“ကျွန်တော်ထင်တယ်ဗျ”
“ငါတူကဘာထင်လို့လဲ”
“ရေတွင်းကလူစားလဲဖို့ အော်တိုင်း ဦးစိုးမြင့် ငှက်ပျော်တုံးပဲချနေကျဆိုတော့ သူလဲ အော်ရင် ငှက်ပျော်တုံးပဲ ရမှာမို့ စိတ်ပျက်ပြီး မအော်တော့တာနေမယ်”
“ဟားးးးးးဟားးးးးးးးး ခွေးကောင်လေး ငါကအဟုတ်လို့ နားထောင်နေတာ မင်းက ပြောလိုက်ပေါက်ကရကြီးပဲ”
ထက်ပိုင်ပြောလိုက်တဲ့ စကားကြောင့် ဦးစိုးမြင့် တော်တော်နှင့် အရယ်မရပ်တော့
“ဒါဆို ဖြူတုတ်က အခုချိန်ထိ လူစားမလဲရသေးဘူးပေါ့”
မိမိစကားဆုံးတော့ ဦးစိုးမြင့် တခုခုတွေးမိသွားသည် ထင်သည် မျက်နှာ မကောင်းစွာနဲ့ စကားတခွန်းပြောလေသည်
“တရွာလုံးနဲ့ တယောက်ပဲကွာ လဲသင့်ရင် လဲရမှာပေါ့”
ထိုနောက် ဦးစိုးမြင့်ကို နှုတ်ဆက်၍ ထက်ပိုင် အိမ်ပြန်ခဲ့တော့သည်။
( ဦးစိုးမြင့် ဘာတွေးမိတယ်လို့ထင်လဲ ပြောပြခဲ့ပါလား )
============The End============
– သရဲနှင့်ပေတ အကြောင်းများ
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည် ။
Credit – SMT