လူနာစောင့်

Posted on

လူနာစောင့်(စ/ဆုံး)

—————–

“အမယ်လေး…လုပ်ကြပါဦး၊ မြစိန်သစ်ပင်ပေါ်က ပြုတ်ကျလို့တဲ့””

““ဟယ်…ဒီအဘွားကြီး အိုကြီးအိုမကျခါမှ ဒုက္ခပါပဲ။ ကျိုးပဲ့သွားပြီလား။ အသက်ကော ရှိသေးရဲ့လား”” “မပြောတတ်ပါဘူး။ သူ့မြေးမလေး အော်နေတာ ကြား လို့သာ။ လာလာ…သွားကြည့်ရအောင်””တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ခေါ်ငင်ကာ ဒေါ် မြစိန်ရှိရာ တဲဘက်သို့ အပြေးထွက်လာခဲ့ကြသည်။ မိုးရာသီမို့ လယ်ကွင်းတွင် သူရင်းငှားကောက်စိုက်သမားမျာသာမက လယ် ရှင်၊ တဲရှင်တို့ဖြင့် ပြည့်နှက်နေချိန်။ တစ်ယောက်နှင့်တစ်ယောက် ကလည်း တစ်ရွာတည်းသားချင်းတွေသာမက ဆွေမျိုးမိတ်ဆွေ ချည်းသာ။ ဒေါ်မြစိန်ကလည်း နှယ်နှယ်ရရမဟုတ်။ လူတိုင်းသိ၏။ သိရလောက်အောင်လည်း ဒေါ်မြစိန်က သတင်းမွှေးသည်။ ဟိုတစ်လောကလည်း သရက်ပင်ပေါ်မှ ပြုတ်ကျဖူးသည်။ တစ် မြန်နှစ်ကလည်း ဆီးပင်ပေါ်က ချော်ကျဖူးသည်။ ယခုလည်း ဥသျှစ်ပင်ပေါ်က လိမ့်ကျပြန်သတဲ့။ ဤတစ်ကြိမ်တော့ သွားရှာ ပြီလားဟု တွေးကာ အပြေးသွားကြည့်ကြလေသည်။

““အမယ်လေး…မမြစိန်၊ ညည်းနေသာရဲ့လား””

လူက သစ်ပင်ခြေရင်းတွင် ပက်လက်။ နံဘေးပတ် လည်တွင် ဥသျှစ်ရွက်တို့က ပြန့်ကျဲကာနေလေသည်။ ဒေါ်အိမ် သစ်က ဒေါ်မြစိန်ကို ပြေးဝင်ပွေ့ထူရင်း မေးလိုက်သည်။ ဒေါ် မြစိန်ထံမှ ““အင်း…အင်း””ဟူသော ညည်းညူသံပေလား၊ ဖြေသံပေလားမသိသော အသံသဲ့သဲ့ ထွက်ပေါ်လာသည်။

““ဟဲ့ . . .ဘာလုပ်နေကြတုန်း။ သွား…လှည်းသွားပြင် ချေ။ မြစိန်ကို ဆေးရုံပို့ရမယ်။ ဖိုးဝင်း…မင်းက ရွာထဲက သူ့ချွေးမနဲ့ သားသမီးတွေကို သွားအကြောင်းကြားလှည့်””

အသက်ကြီးကြီး ရွာသားတစ်ယောက်က ရွာသား သုံး၊ လေး၊ ငါးဦးကို လှည်းပြင်ခိုင်းသည်။ ခပ်လှမ်းလှမ်းတွင်တော့ ငိုကြွေးနေသော ဒေါ်မြစိန်၏မြေးမလေးကို မိန်းမတစ်ယောက်က ချော့မြှူလို့နေသည်။

မိန်းမကြီး သုံး၊ လေးယောက် ဒေါ်မြစိန်နားမှာ ဝိုင်းထိုင် ကာ တစ်ယောက်တစ်မျိုး အားပေးနေကြသော်လည်း ဒေါ်မြစိန် ကောင်းကောင်းမကြား။ ကျောဘက်ကအောင့်ကာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလျက် ရှိသည်။ ရုတ်တရက် ချောင်းတစ်ချက်ဟက် လိုက်စဉ် ပါးစပ်ထဲမှသွေးများ ပွက်ခနဲထွက်ကျလာသည်။

““အမယ်လေးတော့. . .သွေး…သွေးတွေ၊ မ …မမြ စိန် ညည်း …ညည်းသတိထားဦးနော်””

“ဟဲ့ ဟဲ့ …ဟိုမှာ လှည်းလာပြီ။ ပွေ့..မမြစိန်ကို ပွေ့ပြီးလှည်းပေါ်တင်ကြ။ ဖြည်းဖြည်းသက်သာ လုပ်ကြဦးနော်။ အေး အေး …ဖြည်းဖြည်း ဖြည်းဖြည်း””

ဒေါ်မြစိန်ကို ရွာသားလေး၊ ငါးယောက်က ဝိုင်းပွေ့ချီကာ လှည်းပေါ်သို့ တင်လိုက်ကြပြီး နွားကိုကြိမ်တို့ကာ ခပ်မှန်မှန် ထွက်ခွာသွားကြသည်။ မြန်မြန်သွားလိုသော်လည်း မဖြစ်။ လူနာ မသက်သာမည်စိုး၍ လှည်းကိုခပ်မှန်မှန်သာ သွားစေသည်။ ဆေး ရုံကိုတော့ လှည်းနှင့်သွား၍မရ။ လှည်းနှင့်က ကားဂိတ်အထိသာ သွားလို့ရ၏။ ကားဂိတ်ရောက်မှ ကားစီစဉ်ကာ မော်လမြိုင်ဆေးရုံကြီးဆီသို့ ပို့ဆောင်ရပေမည်။

“အမယ်လေး …အမေ၊ အမေ ”

ရွာထိပ်ကားဂိတ်တွင် ဒေါ်မြစိန်၏သမီးငယ် မစိန်ခင်က ရောက်နှင့်ကာ အမေ့သတင်းကြားသဖြင့် မအေကိုတွေ့တော့ မျက်ရည်စက်လက် ဖြစ်နေသည်။

““ဟဲ့…အမေ၊ အမေ လုပ်မနေနဲ့။ ဘယ်မှာလဲ စီစဉ် ထားတဲ့ကား။ အေး …တင် ဆေးရုံပို့ရမယ်””

ကျောင်းဆရာလည်းဟုတ်၊ တရားပြဆရာလည်းဟုတ်၊ ဒေါ်မြစိန်၏အစ်ကိုလည်းဟုတ်သော ဦးမြမောင်ကပြော၍ မစိန် ခင် မျက်ရည်စက်လက်ဖြင့် အမေကို ဝိုင်းပင့်သည်။ ဒေါ်မြစိန် သံမှ အင့်ခနဲညည်းသံတစ်ချက် ထွက်ပေါ်လာ၏။

“ကဲ ကဲ ……သွားမယ်၊ နောက်ကျရင် လူနာအတွက် မကောင်းဘူး””

ဦးမြမောင်က သတိပေးသဖြင့် ကားပေါ်သို့ မစိန်ခင်နှင့် ချွေးမ မအေးသန်းပါ တက်လိုက်လာကာ မော်လမြိုင်ဆေးရုံသို့ မောင်းနှင်လာလိုက်၏။ ဒေါ်မြစိန်၏ပါးစပ်ထဲမှ တစ်ချက်တစ် ချက် သွေးများပျို့အန်ထွက်လာတုန်း။

ဖြစ်ပုံက ဤသို့။ အသက် ၆ဝ အရွယ် ဒေါ်မြစိန်က ရန်ကုန်မြို့မှ မြေးငယ်နှင့် ချွေးမအလည်အပတ်လာခိုက် ဥသျှစ် ပြုတ် တို့မစားဖူးသဖြင့် ကျွေးချင်ဇောကပ်ကာ ဥသျှစ်ရွက်နုတက်ခူးစဉ် ခြေချော်ကျခြင်းဖြစ်သည်။ ဒေါ်မြစိန်ကိုယ်တိုင်ကလည်း စိတ်မြန်လက်မြန်။ သားတွေရောက်လာကာမှ ခူးဆွတ်ခိုင်းလျှင် လည်း ရသည်သာ။ သို့ပေမဲ့ စောင့်နေလျှင် အချိန်ကြာမည်စိုး သဖြင့် ကိုယ်တိုင်ကိုယ်ကျတက်ခူးရာမှ ယခုလို ခြေချော်ကျရ လေသည်။ တော်သေးသည်က အဆင်းဖြစ်၍ ခပ်နိမ့်နိမ့်အမြင့်မှ ပြုတ်ကျသောကြောင့်သာ အသက်နှင့်ခန္ဓာ မြဲနေရခြင်းဖြစ်သည်။

ကားက ဟိုင်းလတ်ကားလေးဖြစ်သဖြင့် တလှစ်လှစ်နှင့် အပြေးလေးသွားလျက်ရှိ၏။ ကားပေါ်တွင် မစိန်ခင်က တအီအီငို နေသည်။ ချွေးမဖြစ်သူ မအေးသန်းကလည်း သူ့ကြောင့်ဖြစ်ရတာ “ဟုတွေးကာ စိတ်မကောင်းဖြစ်ရရှာသည်။ ဒေါ်မြစိန်ကတော့ ချွေးမနှင့်သမီး၏ ငိုသံများကို ကြားတစ်ချက်၊ မကြားတစ်ချက်။ ဝေဒနာ၏နှိပ်စက်မှုကြောင့် သတိလက်လွတ်ဖြစ်လုမတတ်ရှိသည်။

မုတ္တမနှင့်မော်လမြိုင်က ယခင်တုန်းကလိုမျိုး ကားတစ် တန်၊ လှေတစ်တန်နှင့် သွားရန်မလိုတော့။ သံလွင်မြစ်ကြီးခြား နေသော်လည်း မုတ္တမ-မော်လမြိုင်တံတားကြီးကို တည်ဆောက် လိုက်ပြီဖြစ်၍ ဟိုင်းလတ်ကားကလေးနှင့် ရွှတ်ခနဲဖြတ်သန်းကာ မော်လမြိုင်ဆေးရုံသို့ ရောက်ရှိသွားတော့သည်။

ဆေးရုံသို့ရောက်တော့ တောသူမ မိစိန်ခင် ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။ မအေးသန်းကသာ ဆရာဝန်ရှာ၊ အခန်းရှာနှင့် အားလုံးစီမံခန့်ခွဲကာ ဒေါ်မြစိန်အတွက် စိတ်ချရသည်အထိစောင့်ကြည့်ကြရသည်။

““အီးဟီးဟီး …အမေရဲ့ ဘာမှမဖြစ်ပါနဲ့တော်။ ကျုပ် သရဲကြောက်လို့ပါ””

မစိန်ခင်က operation room ရှေ့တွင် အော်ငိုနေသဖြင့် မအေးသန်းက တိုးတိုးကျိတ်၍ ဆူရသေးသည်။ သူ့ငိုသံကြောင့် ခပ်လှမ်းလှမ်းမှ နာ့(စ်)မတွေပြုံးသွားကြသည်။ တော်ပါသေးရဲ့၊ ဒေါ်မြစိန်တစ်ယောက် ဘုရားသိကြားမလို့ နံရိုးမကျိုး၊ အဆုတ် မကွာဘဲ အကြောနာရုံအဆင့်ဖြင့် ဆေးရုံတွင် တစ်ပတ်ကျော်ကျော် အနားယူရုံလောက်သာ။ ထိုနေ့ တစ်ညတွင်တော့ အထူးကြပ်မတ် ကုသဆောင်၌ ဒေါ်မြစိန်ကိုထားရ၏။ ညစောင့်တာဝန်က စိန်ခင်။

“အစ်မရယ် . . . ရွာကလူတစ်ယောက် လွှတ်ဖို့ကလည်း နောက်ကျနေပြီ။ စောင့်မယ့်သာစောင့်ရမှာ။ ကြောက်တော့ ကြောက်သား””

““ဟယ် …စိန်ခင်ကလည်း ဘာကြောက်စရာရှိလို့လဲ။ ဆေးရုံမှာ လူတွေ၊ ဆရာဝန်တွေမှ အများကြီးရယ်။ နောက်ပြီး အခန်းထဲမှာ တခြားလူနာစောင့်တွေရော ရှိတာပဲ။ ညဂျူတီကျတဲ့ နာ့(စ်)မတွေလည်း ဘေးခန်းတွေမှာ ရှိတယ်။ ဘာမှမကြောက် နဲ့။ အစ်မက စောင့်ချင်ပေမယ့် အိမ်မှာသမီးလေးကျန်ခဲ့တယ် လေ။ ကဲ ..အစ်မပြန်တော့မယ်””ညနေစောင်းတော့ မအေးသန်း ဟိုင်းလတ်ကားစီးကာ ရွာသို့ပြန်သွားလေသည်။ မစိန်ခင်တစ်ယောက်တည်းသာ ဆေးရုံ တွင် လူနာစောင့်အဖြစ်နှင့် အားငယ်ကြောက်လန့်လျက် ကျန်ရစ် ခဲ့ရသည်။

ဆေးရုံစောင့်ရသည့်ည။ မစိန်ခင် ရတနာသုံးပါးကိုတော့ မပြတ်ရွတ်လျက်ရှိသည်။ အမေက နှာခေါင်းတွင် ပိုက်သွင်းထား ရပြီး အကြောဆေးလည်း သွင်းထားရသည်။ မစိန်ခင် အမေ့ အတွက်လည်း စိုးရိမ်ပူပန်ရသလို မမြင်ရသည့်ပုဂ္ဂိုလ်များကိုလည်း ကြောက်လန့်နေမိသေးသည်။

မစိန်ခင် ဘယ်ဘက်ခုတင်မှ လူနာကိုလှမ်းကြည့်လိုက် တော့ အောက်ဆီဂျင်ပိုက်တပ်ထားပြီး အကြောဆေးလည်း သွင်းထားသည်။ လူနာကိုကြည့်ရသည်မှာ ဖြူဖျော့ဖျော့ဖြစ်လျက် ရှိသည်။ အင်း . . . သူ့ထက်စာရင်’ အမေကမှ တော်ပါသေးတယ် ဟု တွေးကာ မစိန်ခင် စိတ်သက်သာရာရမိ၏။ မစိန်ခင်ကြောက် မည့်သာ ကြောက်နေသော်လည်း အထူးကြပ်မတ်ကုသဆောင် တွင် ခုတင် ၆ လုံးရှိပြီး ခုတင် ၄ လုံးခန့်တွင် လူနာများရှိသည်။ အချို့လူနာများတွင် မိသားစုဝင်များက မစိန်ခင်ကဲ့သို့ပင် လူနာ စောင့်အဖြစ် လာရောက်စောင့်နေကြသည်။

ည ၈ နာရီလောက်တွင် ဆရာဝန်များ လာကြည့်ကာ သွေးပေါင်ချိန်၊ အပူချိန်တိုင်းကြသည်။ မနက်ကျလျှင် ရိုးရိုးအခန်းသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း ပြောပြကြသည်။ မစိန်ခင် လည်း သူတို့ပြောပြသည့် နိုင်ငံခြားနာမည်နှင့် ရောဂါ များကို နားမလည်သော်လည်း ပြောင်းရွှေ့ရတော့မည်။ သက်သာသွားပြီ ဖြစ်သောကြောင့် ဝမ်းသာမိသည်။ ဆရာများက တာဇန်ပြီးသည် နှင့် အခန်းတွင်းမှ အသီးသီးထွက်ခွာသွားကြသည်။

““အစ်မက ဇင်းကျိုက်ကလား””

တစ်ဖက်ခုံတင်မှ လူနာစောင့်က မေးသဖြင့် မစိန်ခင် ခေါင်းညိတ်အဖြေပေးရင်း –

““အေး…ညီမကကော ဘယ်ရွာကလဲ””

““ကျွန်မက မော်လမြိုင်ကပါပဲ။ အစ်မကိုမြင်ဖူးလို့။ ဪ…အစ်မက ရေတံခွန်နားမှာ စားသောက်ဆိုင်ဖွင့်ထားတာ မဟုတ်လား။ ကျွန်မတို့ ရေတံခွန်ကို လာလည်တုန်းက အစ်မတို့ ဆိုင်မှာ ဝင်စားကြတယ်လေ။ ဒါကြောင့် မြင်ဖူးပါတယ်လို့”

“ဪ…ညီမက ရေတံခွန်ကို အလည်လာဖူးတယ် လား

“ဟာ.လာဖူးတာပေါ့အစ်မရဲ့၊ ဇင်းကျိုက်ရေတံခွန် က နာမည်ကြီးပဲဥစ္စာ။ မော်လမြိုင်တက္ကသိုလ်က ကျောင်းသူတွေ ဆို မိုးတွင်းဘက် ကျောင်းအားရင် အဲဒီကိုပဲ အလည်သွားကြ ဘာ။ အရမ်းလှတာပဲနော်””

ဟုတ်တော့လည်း ဟုတ်သည်။ ဇင်းကျိုက်ရေတံခွန်(ဝါ)ကျောက်သင်္ဘောရေတံခွန်က အမှန်ပင် ရှုခင်းလှပသော ရေတံခွန် ကြီးဖြစ်သလို မိုးတွင်းအခါတွင်လည်း အလွန်လူစည်ကားလှ သည်။ မော်လမြိုင်၊ သထုံကဲ့သို့ မွန်ပြည်နယ်မှ မြို့နယ်များသာ မက ရန်ကုန်၊ ပုသိမ်ကဲ့သို့ မြို့ကြီးများမှ ဧည့်သည်များပင် လာရောက်လည်ပတ်ကြသည်။ သို့ပေမဲ့ တချို့လေ့လာစိတ် လွန်ကဲသောလူငယ်များက ရေတံခွန်ကျောက်သားများပေါ်သို့ ကုတ်ကတ်တက်ကြရာမှ ခြေချော်ကျမှုများ၊ လူသေမှုများ ဖြစ်ပွား တတ်သဖြင့် ရွာခံများက ရေတံခွန်သို့ ဧည့်စိမ်းများလာရောက် လည်ပတ်လျှင် ရင်တမမ ဖြစ်နေတတ်ကြရသည်။

“အစ်မနာမည်က မစိန်ခင်ပါ။ ညီမနာမည်ကကော”

““ကျွန်မနာမည်က သွယ်သွယ်ပါ အစ်မ””

““ညီမလည်း လူနာစောင့်နေတာထင်ရဲ့။ အမျိုးပဲလား””

မစိန်ခင်ရဲ့ စပ်စုအမေးကြောင့် မသွယ်သွယ်က ချိုချို လွင်လွင်ကလေး ရယ်မောလိုက်ရင်း””

““မပြောချင်ပါဘူး အစ်မရယ်။ ကျွန်မက တစ်လမှာ ဒီအထူးကုဆေးခန်းကို သုံး၊ လေးခေါက် လာစောင့်ပေးရတယ်။ စီးပွားရေးပဲပြောပြော၊ လူမှုရေးပဲပြောပြော ဆေးရုံမှာ နာ့(စ်)မငှား နိုင်တဲ့လူတွေကို ကျွန်မက ဈေးနှုန်းနည်းနည်းနဲ့ လာစောင့်ပေး တယ်။ သူတို့ကလည်း စေတနာရှိသလောက် ကျေးဇူးဆပ်တယ် ပေါ့။ ကျွန်မက ဒီနားတင်နေတာလေ။ ဆေးရုံက လူတော်တော်များများနဲ့လည်း သိနေပြီ””

““ဪ …ဟုတ်လား””

မစိန်ခင်က ခပ်တိုးတိုးရေရွတ်ပြောဆိုရင်း အိပ်ချင်နေပြီ ဖြစ်သော မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက်မိသည်။

““အစ်မ .. .အိပ်ချင်နေပြီထင်တယ်။ အိပ်ချင်အိပ်လေ။ ကျွန်မ အဘွားကိုကြည့်ပေးထားမယ်။ ဒါနဲ့ အဘွားကကော ဘာဖြစ်တာလဲ””

မစိန်ခင် အမှန်အတိုင်း ဖြေလိုက်လျှင်ကောင်းမလား စဉ်းစားလိုက်သော်လည်း မဖြစ်ချေ။ သားသမီးတွေရှိလျက်သား နှင့် ဒီအသက်အရွယ်ကြီး အပင်ပေါ်က ပြုတ်ကျရသည့်ကိစ္စမှာ များစွာ ရှက်စရာကောင်းလှသည်။

“ဪ … အိမ်အပေါ်ထပ်က ချော်ကျလို့လေ””

“ “ဟုတ်လား …ကျွတ် …ကျွတ် ဖြစ်မှဖြစ်ရလေ။ ကဲ …အစ်မ မှေးချင်မှေးလိုက်နော်။ ကျွန်မ ကူကြည့်ပေးပါ့ မယ်””

မသွယ်သွယ်က စီးပွားရေးသဘောမျိုးထက် ကူညီတတ် သည့်စိတ်ထားက ပိုမိုရှိပုံရသည်။ ယခုလည်း မစိန်ခင်ဆီမှ ဘာကိုမှ မမျှော်ကိုးဘဲ အကူအညီပေးနေသည်ကြောင့် မစိန်ခင်၏ စိတ်ထဲက ကျိတ်၍ချီးကျူးမိသည်။

““အင်း . . .ဒီကောင်မလေး စိတ်ကောင်းအရှိသား””““အင်းလေ.. ဒါဆိုလည်း အစ်မ ခဏလှဲလိုက်ဦးမယ်။ ညီမအိပ်ချင်ရင်ပြောနော်။ အစ်မကိုနှိုးလှည့်””

မစိန်ခင်က ပြောပြောဆိုဆိုဖြင့် နံဘေးလွတ်နေသည့် ခုတင်ပေါ်သို့ တက်ထိုင်လိုက်သည်။ တစ်ခန်းလုံးတွင် လူနာများ လေးဦးခန့်ရှိသဖြင့် ခုတင်နှစ်လုံးသာ လွတ်လျက်ရှိသည်။ ထို ခုတင်လွတ်နှစ်လုံးတွင်မှ ဟိုဘက်ခြမ်းတွင်ရှိသော ခုတင်တစ်လုံး ပေါ်တွင် လူနာစောင့်တစ်ဦး လှဲအိပ်နေလေသည်။ မစိန်ခင်လည်း အားကျမခံ ကျန်ခုတင်အလွတ်ပေါ်သို့ တက်လှဲရန်ပြင်လိုက်စဉ်-“ဟို…အစ်·. . အစ်မ၊ လူနာဘေးက ထိုင်ခုံမှာပဲ လှဲပါ

:

““ဘာ..ဘာဖြစ်လို့လဲ။ လူနာစောင့်တွေ ခုတင်ပေါ် တက်အိပ်လို့မရဘူးလား။ ဟိုဘက်မှာလည်း တစ်ယောက်အိပ်နေ တယ်လေ””

မသွယ်သွယ်က ကမန်းကတန်းတားမြစ်သလို ပြောဆို လိုက်သဖြင့် မစိန်ခင် တအံ့တသြမေးလိုက်မိသည်။ ခုတင်မှာ လူနာမရှိတာတော့ သေချာပါသည်။ အိပ်ရာခင်းကလည်း သန့် သန့်ရှင်းရှင်းရယ်။ ဘယ်လိုအကြောင်းကြောင့် မအိပ်စေချင်ရတာ ပါလိမ့်။ မသွယ်သွယ်က ခုတင်ကိုတစ်လှည့်၊ မစိန်ခင်ကိုတစ် လှည့် ကြည့်ရင်း

““မဟုတ်ပါဘူး။ ဟို…ဟိုဒင်း””မသွယ်သွယ်က တစ်စုံတစ်ခုကို ပြောလျှင်ကောင်းမလား မပြောလျှင်ကောင်းမလား ချိန်ဆနေပုံရသည်။ နှုတ်ကတရွရွဖြစ် နေပေမယ့် စကားသံက ထွက်မလာသေး။ နောက်ဆုံး စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး

““ဘာ…ဘာမှ မဟုတ်တော့ပါဘူး အစ်မရယ်၊ အိပ်

မစိန်ခင်လည်း မသွယ်သွယ် မတားမြစ်တော့သည်နှင့် ကျောချင်းဆန့်ကာ လှဲချလိုက်ရင်း ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း မပြုတော့ဘဲ တစ်ချိုးတည်း. အိပ်ပျော်သွားတော့သည်။

“ဟဲ့ .. ဪ၊ ထ… ဆင်း…ဆင်း။ ဒါ…ငါ့ အိပ်ရာ””

မစိန်ခင် ပြူးတူးပြဲတဲဖြင့် လန့်နိုးလာသည်။ နံဘေးသို့ မော့ကြည့်လိုက်တော့ မိန်းမဝဝကြီးတစ်ယောက်။ သူမက မစိန် ခင်ကို ခပ်စိန်းစိန်းကြီး ကြည့်လို့နေသည်။ တစ်ဆက်တည်းမှာပင် သူ့ကိုဆွဲခါလှုပ်ယမ်းရင်း ခုတင်ပေါ်က အတင်းဆင်းခိုင်းနေ သည်။

*“ရှင်….ဒါ . .ဒါ အဒေါ်အိပ်ရာလား။ ဩော်…ကျွန် မက လူနာမရှိဘူးထင်လို့ တက်အိပ်နေတာ””

မစိန်ခင် အားတုံ့အားနာဖြင့် တောင်းပန်ရင်း စောစောက ဒီခုတင်မှာ လူနာမရှိတာသေချာပါတယ်ဟု တွေးတောနေမိသည်။““အောင်မာ . . .ဘာလို့မရှိရမှာလဲ။ ငါ ဒီအိပ်ရာမှာ နေနေတာ ဆေးရုံတစ်ခုလုံးသိတယ်။ နင်သာ သူများအိပ်ရာပေါ် ကို မမေးမစမ်းနဲ့ တက်အိပ်ဦး…ကဲ””

မစိန်ခင် တစ်စုံတစ်ရာ တောင်းပန်လို့မရလိုက်ခင်မှာဘဲ ထိုမိန်းမဝဝကြီးက မစိန်ခင်ကို ခုတင်ပေါ်မှ တွန်းချလိုက်လေ သည်။

““အမယ်လေးတော့””

မစိန်ခင် အမှန်တကယ်ပင် ခုတင်ပေါ်မှ တစ်ပတ်လည် ပြုတ်ကျသွားလေတော့သည်။

““ဟယ်..အစ်မ … အစ်မ ဘယ့်နှယ်ဖြစ်တာလဲ””

မသွယ်သွယ်က မစိန်ခင်အနားသို့ ပြေးသွားကာ ဆွဲထူ သည်။ နံဘေးခုတင်မှ လူနာစောင့်များလည်း အနားသို့ရောက် လာကြသည်။ မစိန်ခင် နာသွားသော တင်ပါးနှင့်ကျောကို အသာ ပွတ်ရင်း စောစောက သူမကိုတွန်းချလိုက်သော မိန်းမကြီးကို ရှာဖွေကြည့်မိသည်။

““အယ်တော်…ဟို…ဟို. . . မိန်းမဝဝကြီးကော၊ ဒီ ဒီခုတင်ပိုင်ရှင်ဆိုတာလေ။ သူ…သူ အစ်မကို ခုတင်ပေါ်က တွန်းချတာ””

မစိန်ခင်က ကတုန်ကယင်ဖြင့် ပြောလိုက်သည်ကို နံဘေးမှ လူနာစောင့်အမျိုးသမီးငယ်က မစိန်ခင်ကို နားမလည်ဟန်ဖြင့်ကြည့်ရင်း

““အာ…အစ်မကလည်း ဘယ်ကမိန်းမကြီးလဲ။ ကျွန်မ လည်း မအိပ်သေးပါဘူး။ ဘယ်မိန်းမမှ မလာဘူး။ အစ်မဘာသာ လိမ့်ကျတာပါ””

မစိန်ခင်က အထွန့်တက်ဖို့ ကြိုးစားလိုက်သော်လည်း ဘာပြောလို့ပြောရမှန်းမသိ။ မိမိဘာသာ အိပ်မက်မက်ကာ ယောင် ယမ်းခြင်းပေပဲလား။ သို့ပေမဲ့ အိပ်မက်မက်၍ ယောင်ယမ်း လိမ့်ကျတာမျိုး မဟုတ်မှန်း မစိန်ခင် အလိုလိုသိနေပါသည်။ ဒါ . . . ဒါဆို အဲဒီမိန်းမကြီးက ဘယ်ပျောက်နေပါလိမ့်။

မစိန်ခင်အားလုံးကို တောင်းပန်စကား ပြောဆိုလိုက်ပြီး ထိုခုတင်တွင် မအိပ်ဝံ့တော့၍ အမေ့အိပ်ရာဘေး ထိုင်ခုံလေး၌ သာ ထိုင်ငိုက်ရင်း မိုးလင်းသွားတော့သည်။

“အစ်မ…အစ်မ၊ ဟိုမှာ ဆရာဝန်လေးတွေ လာနေ ပြီ၊ ထတော့”

မသွယ်သွယ် လှမ်းနှိုးလိုက်သဖြင့် မစိန်ခင် ငိုက်နေရာမှ နိုးလာသည်။ မျက်လုံးကို ပွတ်သပ်လိုက်ရင်း နာရီကိုကြည့်လိုက် သည်။ ဪ .. နံနက် ၅ နာရီတောင် ခွဲနေပြီပဲ။ ဆရာဝန်လေး တွေက ထုံးစံအတိုင်း လုပ်ရိုးလုပ်စဉ်ကိုလုပ်ပြီး သက်သာကြောင်း အားပေးစကား ပြောကြပါသည်။ အမေ့မျက်နှာသည်လည်း ည ကထက် သိသိသာသာ လန်းဆန်းလျက်ရှိသည်။““အစ်မရေ …ကျွန်မနဲ့နေ့ဂျူတီလာချိန်းမယ့် လူနာရဲ့ မိသားစုက ၆ နာရီဆို လာကြတော့မှာ။ သူတို့ တော်ကြာနေ ရောက်ကြတော့မယ် ထင်တယ်””

““ဟုတ်လား …အစ်မလည်း ညီမကို ကျေးဇူးတင်ပါ တယ်ကွယ်။ မနက်စာကို အစ်မနဲ့ တစ်ခုခုစားသွားပါလား””

““ရပါတယ် အစ်မရယ်၊ ဒါနဲ့ ကျွန်မမသွားခင် အစ်မကို တစ်ခု ပြောသွားချင်လို့။ ညကတည်းက ပြောချင်နေတာ၊ အစ်မ ကြောက်မှာစိုးလို့””

မသွယ်သွယ်၏စကားကြောင့် မစိန်ခင် ရင်တလှပ်လှပ် ခုန်သွားသည်။ ညက ခုတင်နှင့်ပတ်သက်လေမလားဟု စိတ်ထဲ က တွေးဆကြည့်နေမိသည်။

““အင်း…ပြော ညီမ””

““ဟိုလေ..ညက အစ်မအိပ်သွားတဲ့ ဟိုခုတင်က သရဲခြောက်တယ် အစ်မရဲ့။” ဒီခုတင်မှာ အကြောင်းသိတွေဆို ဘယ်တော့မှ သွားမအိပ်ကြဘူး။ သွားအိပ်တဲ့လူဆိုရင်လည်း ညက အစ်မကြုံခဲ့ရသလို ခုတင်ပေါ်က တွန်းချခံထိတာချည်းပဲ။ ဒါ ကြောင့် ကျွန်မက အစ်မကိုသွားမအိပ်ဖို့တားတာ။ ပွင့်ပွင့်လင်း လင်း ပြောပြရင်လည်း မယုံတဲ့သူဆို ကျွန်မကို အထင်လွဲမှာစိုး လို့။ အကြောင်းစုံ မပြောပြခဲ့တာပါ။ အစ်မ အတော်လန့်သွား မှာပဲနော်””မသွယ်သွယ်၏အပြောကြောင့် မစိန်ခင်ညက အိပ်မက် လိုလို အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်ကြည့်မိသည်။ ဒါ ငါ့ ခုတင်ဆိုပြီး တွန်းချလိုက်သည့် မိန်းမဝဝကြီး။ ဒါ…ဒါဆို ငါ သရဲခြောက်ခံထိတာပေါ့။

“ဟို ….ဒါ … ဒါဆို အဲဒီ မိန်းမဝဝကြီးက သရဲပေါ့။ ဟုတ်…ဟုတ်လား””

““ကျွန်မကတော့ တစ်ခါမှ သွားမအိပ်ဖူးလို့ မသိပေမယ့် အခြောက်ခံရတဲ့လူတွေ ပြောပြတာတော့ မိန်းမဝဝကြီးတစ် ယောက်က . တွန်းချတာတဲ့။ အဲဒီ မိန်းမကြီးကို ကျွန်မတောင် လာစောင့်ပေးလိုက်ရသေးတယ်။ သွေးတိုးရောဂါနဲ့ ဆေးရုံလာ ဘက်ရင်း မတည့်တာတွေခိုးစားပြီး အဲဒီခုတင်ပေါ်မှာပဲ ဆုံးသွား ရှာတာ။ သေခါနီး မတွယ်တာသင့်တာကို တွယ်တာမိသွားတယ် ထင်ပါရဲ့ အစ်မရယ်။ ဟော . . .ဟိုမှာ လူနာရှင်လာပြီ။ ကျွန်မ သွားတော့မယ်နော်””

မသွယ်သွယ် နှုတ်ဆက်သည်ကို မစိန်ခင်က အပြုံးဖြင့် တုံ့ပြန်ရင်း အတွေးနယ်ချဲ့နေမိသည်။ ဪ …တကယ်တော့ မတွယ်တာသင့်တာကို တွယ်တာနေတဲ့ ဒီမိန်းမကြီးဟာ အတော် သနားစရာကောင်းပါလား။ ဒါထက် ဘာမဟုတ်တဲ့ ကိုယ့်ထက် နိမ့်ကျတဲ့ ပရလောကသားတွေကို ကြောက်လန့်နေမိတဲ့ငါက ပိုတောင်သနားစရာ ကောင်းနေပါလားဟု ဆင်ခြင်မိ၍ မစိန်ခင်ရှက်ရွံ့လာမိသည်။ ထို့နောက် တရားအသိတစ်ခုကို နှလုံးသွင်းမိတာကြောင့် မစိန်ခင်၏ရင်ထဲ၌ ပီတိရေယဉ်လေးတစ်ခု စီးဆင်း သွားသလို ခံစားလိုက်ရ၏။

မစိန်ခင်. အရှေ့အရပ်ကို မှန်းဆကာ ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီးကို ရည်စူးပြီး လက်အုပ်ချီမိုး ရှိခိုးပူဇော်လိုက်သည်။ သရဏဂုံများကို ရွတ်ဆိုပွားများလိုက်သည်။ ငါးပါးသီလကို ခံယူ ဆောက်တည်ပြီး မကျန်းမာသော မိခင်ကြီးကို ရည်မှန်းကာ မေတ္တာပို့သသည်။ ၃၁ ဘုံကျင်လည်ကုန်သော သတ္တဝါအပေါင်း ကို မေတ္တာပို့သသည်။ ထို့နောက် ဤအခန်းတွင်း ခုတင်တစ်လုံး ကို တွယ်တာလျက် မကျွတ်လွတ်သေးသော ထိုမိန်းမကြီးအပါ အဝင် အလုံးစုံသော သတ္တဝါအပေါင်းကို အမျှပေးဝေလိုက်သည့် နောက် အခန်းတွင်းမှ တစ်စုံတစ်ဦး ထွက်ခွာသွားသည့်အလား လေနုအေးများ တိုက်ခတ်သွားသည်ကို အခန်းတွင်းရှိ လူနာစောင့် အားလုံး ခံစားမိလိုက်ရပါတော့သည်။

ဂါဦးနွန်းကို

#crd