သိုက်ဆက်(စ/ဆုံး)
————-
မစောတယောက်စျေးရောင်းပြီးအပြန်နားနေကြညောင်ပင်ကြီးအောက်ဝင်လိုက်တယ်ဆိုရင်ပဲသစ်ရိပ်ကအေးမြသွားလေသည်။
နေကပူလူကပန်းလာတော့ညောင်ပင်အောက်ကရေအိုးစင်မှရေတခွက်ခပ်သောက်လိုက်သည်။
ရင်းထဲအေးသွားသောရေအေးကြောင့်အမောပြေသွားကာရေအိုးစင်နှင့်တကွရေလူတန်းသူများကိုစူးနစ်စွာမေတ္တာပို့လိုက်သည် ။
””ရေကုသိုလ်ရှင်များကျမ်းမာချမ်းသာကြပါစေတော်”””
ရေသောက်ပြီးညောင်ပင်ရိပ်တွင်အပန်းဖြေရင်းမိမိဘဝရှေ့ရေးကိုတွေးနေမိသည်။
မစောကမြန်မာရိုးရာမုန့်ကလေးများဖြစ်သောမုန့်လက်ကောက်မုန့်ကြာစိမုန့်ချိုသွင်းအစရှိသဖြင့်အဆင်ပြေရာမုန့်ကလေးများကိုမုဆိုးမမိခင်ကြီးကလုပ်ပေး၍မစောကရွာစဉ်လှည့်ရောင်းရလေသည် ။
မစောတွင်နေသိပ်မကောင်းသောမိခင်နှင့်အပျိုအရွယ်ညီမလေးတယောက်ရှိသည်။
ညီမလေးကိုမခိုင်းရက်သောမစောကသူသာအပင်ပန်းခံသည်နေလောင်ထားသောမစောရဲ့အသားအရေနဲ့ရွက်ကျမ်းရေကျိုရုပ်ကမစောရဲ့ရှိရင်းစွဲအသက်ထက်အိုသည်ဟုထင်ရသည် ။
မစောရွာနှင့်အနီးအနားရွာများသည်သိပ်မဝေးလှတဆက်တဲလိုဖြစ်နေကာရွာနှစ်ရွာကြားကဒီညောင်ပင်ကြီးမှာတော့မစောအတွက်တထောက်နားစရာနေရာဖြစ်သည်။
တခါတလေထမင်းထုပ်ပါလာပါကအပင်အောက်မှနတ်စင်ကလေးအားအရင်ပူဇော်ပြီးမှစားသည်။
စားပြီးထမင်းကျန်ကလေးများအားအပင်ပေါ်ရှိဌက်ကလေးများအားကြွေးကာမုန့်ကျန်ကလေးများအားလဲအမြဲကြွေးလေ့ရှိသည် ။
မစောကလူကမချမ်းသာပေမဲ့စိတ်ဓတ်ကချမ်းသာသည်လူချင်တန်းချင်ကြွေးချင်မွေးချင်စိတ်ရှိသည်။
စေတနာကောင်းသည်အခုတလောမစောတွေးနေတာကမစောတို့ရဲ့ရှေ့ရွာတွင်ဘုရားပွဲရှိသည်။
်ဒီဘုရားပွဲသည်အလွန်စည်ကားကာတနှစ်တခါကျင်းပလေ့ရှိသည်ဇတ်ပွဲများရန်ကုန်ကလာသောအဆိုတော်များ၏စတိတ်ရှိုးပွဲများဖြင့်တိုးမပေါက်အောင်စည်လှပေသည် ။
ရှိသမျှရွားနီအနာှးများမှရွာများသာမကအနီးပတ်ဝန်းကျင်ကမြို့ကလေးများကပါလာကြသောကြောင့်
ဒီပွဲမှာနွဲဖို့ဝတ်ကောင်းစားလှများကိုအခုကထဲကကြိုချုပ်ထားကြလေသည်တနှစ်တခါအားခဲထားသောပွဲမို့ရှိသမျှအပြိုင်ကျဲရန်ကြိုးစားနေကြလေပြီဖြစ်သည် ။
မစောလဲသူများနည်းတူဒီဘုရားပွဲကိုအားခဲထားသည်ညီမလေးကိုလဲလှအောင်ဆင်ပေးချင်သည် ။
ဒါကြောင့်ဒီရက်ပိုင်မနားမနေကြိုးစားရောင်းနေရပေမဲ့တခါတလေအားငယ်မိသည်
မိမိရဲ့မပြည့်စုံသောဘဝကိုစိတ်ကုန်ချင်လာသည်နေ့တဒူဝလုပ်နေရသောဒီအလုပ်ကိုလဲစိတ်ကုန်လာမိတာကြောင့်မျက်ရည်များပဲဝဲလာမိလေသည် ။
မစောဟိုတွေးဒီတွေးနဲ့မနက်စောစောထကာအလုပ်လုပ်ရကာအိပ်ရေးပျက်သောကြောင့်ငုတ်တုတ်ထိုင်းရင်းစျေးဗန်းချကာမှေးကနဲအိပ်ပျော်သွားသည်မည်မျှကြာအောင်းအိပ်ပျော်သွားသည်မသိ
”’အမ””’အမ”
မစောအားလူပ်နိုးလိုက်သောအသံကြောင့်လန့်နိုးသွားကာမျက်လုံးဖွင့်ကြည့်လိုက်တော့
ခပ်ငယ်ငယ်ကောင်မလေးနှစ်ယောက်ကိုတွေ့လိုက်ရလေသည်မစောတခါမှမမြင်ဘူးသော
မိန်းကလေးများဖြစ်ကာဝတ်စားထားသည်မှာလဲမစောတခါမှမတွေ့ဘူးသောလှပသောအဝတ်အစားများဖြစ်ကာတယောက်ကအပြာရောင်ဖျော့ဖျော့ဝမ်းဆက်ဝတ်ထားကာနောက်တယောက်ကနံသာရောင်ဝမ်းဆက်ဖြစ်လေသည်။
ခန္တကိုယ်မှာလဲလက်ဝတ်လက်စားများအပြည့်ဝတ်ထားလေသည်မစောကငေးနေတုန်း
‘ ”အမမုန့်တွေကျန်သေးလားညီမတို့ကဝယ်မလို့ပါ”’ ”’အော်အေးကျန်သေးတယ်ဘာမုန့်စားမလဲ”’ မစောကကျန်နေသောမုန့်များကိုပြရာ ”’အမကျန်တဲ့မုန့်အကုန်ယူမယ်”’
ကောင်မလေးနှစ်ယောက်ကမုန့်ကျန်များအကုန်ယူမည်ဆိုတော့မစောအလွန်ဝမ်းသာသွားသည် ။
”’ဒါပေမဲ့အမရေကျွန်မတို့မှာပိုက်ဆံတော့မပါဘူးဒါ့ကြောင့်ဒီလက်စွပ်ကလေးကိုမုန့်ဖိုးအဖြစ်ယူထားလိုက်ပါ”’
ကောင်မလေးတယောက်ကသူဝတ်ထားသောကျောက်နီလက်စွပ်လေးတကွင်းကိုမစောအားချွတ်ပေးနေသောကြောင့်စိတ်ကောင်းရှိသောမစောက
”ပိုက်စံမပါလဲအလကားစားသွားပါညီမတို့ရယ်ဒါနဲ့ညီမတို့ကဘယ်ကိုသွားမှာလဲဒီအနီးအနားရွာတွေမှာတော့အမမသိတာ———–မရှိသလောက်ပါပဲဘယ်သူ့အိမ်သွားကြမှာလဲ———–မျက်နှာစိမ်းဧည့်သည်တွေထင်တယ်လက်စွပ်တော့မယူပါရစေနဲ့တန်ဖိုးကြီးလို့ပါ”’
”’ကျွန်မတို့ကဧည့်သည်တွေမဟုတ်ပါဘူးဘုရားပွဲကိုကြိုလာတာပါနေတာကလဲသိပ်မဝေးပါဘူး”’
”’ဟုတ်ပါတယ်အမညီမတို့ပေးတဲ့လက်စွပ်ကလေးကိုတော့ယူပါမကြာခင်အမနဲ့ညီမတို့ပြန်ဆုံကြမှာပါ”’
မစောအားလက်စွပ်အတင်းပေးကာထွက်သွားသောကောင်မလေးနှစ်ယောက်ကိုငေးရင်းမစောအံသြဝမ်းသာသလိုဝမ်းနည်းသလိုခံစားရလေသည်။
လက်စွပ်ကလေးကိုလက်မှာဝတ်၍ကောင်မလေးနှစ်ယောက်အကြောင်းတွေးကာအိမ်ပြန်လာခဲ့လေသည် ။
နောက်ရက်မှာတော့လက်စွပ်အားမြို့မှာသွားရောင်းရာအလွန်အဖိုးတန်သောရှေးဟောင်းပတ္တမြားလက်စွပ်ကလေးမို့စျေးကောင်းပေးလိုက်လေသည်။
မစောလဲတခါမှမကိုင်ဘူးသောငွေများရ၍ဘုရားပွဲအတွက်အဝတ်အစားအသုံးအဆောင်များသူ့ညီမလေးလိုချင်တာများဝယ်လိုက်လေသည် ။
ပိုက်စံမရှိ၍ဆေးမကုနိုင်သောအမေကိုလဲမြို့မှာဆေးခန်းပြကာဆေးဝါးများဝယ်ကုလိုက်၍နေကောင်းသွားလေသည်။
မစောကလက်စွပ်ပေးသွားသောကောင်မလေးနှစ်ယောက်အားနေ့တိုင်းမေတ္တပို့လေသည်။
သူ့့အတွက်တော့ကျေးဇူးရှင်တွေမဟုတ်လားသူတို့မိသားစုပျော်နေလေသည် ။
ဒီလိုနဲ့ဘုရားပွဲကြီးချိမ့်ချိမ့်သဲကျင်းပတော့မစောတို့သားအမိတွေသူများနည်းတူပျော်တပြုံးပြုံးဖြင့်ဘုရားးပွဲလည်ကြလေသည်ဘုရားပွဲက၅ရက်တိုင်တိုင်ကျင်းပတာဆိုတော့အမုန်းပျော်ကြသည်လေ
ဘုရားပွဲစပြီး၄ရက်မြောက်နေ့မှာတော့မစောညအိပ်ရင်းအလွန်ထူးဆန်းသောအိမ်မက်ကိုမက်လေသည်အိမ်မက်ထဲတွင်လက်စွပ်ပေးသွားသောကောင်မလေးနှစ်ယောက်သည်နန်ိးဝတ်နန်းစားများဝတ်ထားကာမစောအားပြုံး၍ကြည့်ပြီးပြောလိုက်သည် ။
”’ဘယ်လိုလဲအထိန်းတော်ကြီးအတော်ပျော်ပါရဲ့လားအထိန်းတော်ကြီးမရှိတော့သခင်မတို့ပျင်းနေတာအခုအထိန်းတော်ကြီးပြန်လာချိန်ကျပြီလေ””
မိန်းကလေးပြောသောစကားကိုမစော ကနားမလည်စွာ မေးလိုက်သည်။
””ဘယ်ကအထိန်းတော်ကြီးလဲ””
ဆိုတော့ကောင်မလေးတယောက်ကဖြေလိုက်သည်
”’အထိန်းတော်ကြီးကသခင်မတို့သိုက်ကသခင်မတို့ရဲ့အထိန်းတော်ကြီးလေ——–လူပြည်အလည်သွားချင်တယ်ဆိုလို့ခဏခွင့်ပြုလိုက်တာ——–လူ့ပြည်မှာပျော်နေမှာစိုးလို့အထိန်းတော်ကြီးလူ့လောကကိုစိတ်ကုန်အောင်ဒဏ်ခတ်ထားတာ”””
”အခုဘုရားပွဲပြီးရင်ဘုရားပြုပြင်မှာဆိုတော့အထိန်းတော်ကြီးကသာသနာပြုပြီး——–သိုက်နန်းရှင်တွေအမျှဝေပေးပါမနက်၃နာရီမှာ——-အထိန်းတော်ကြီးအိမ်ရှေ့ကနေရွေရောင်မြွေတကောင်ဝင်လာလိမ့်မယ်အဲဒီအခါကျရင်အထိန်းတော်ကြီးက——-ဓါးထက်ထက်တချောင်ယူထားပြီးအဲမြွေကိုပိုင်းယူလိုက်ပါပြီးရင်သာသနာပြုအမျှဝေပါမနက်၃နာရီတိတိနော်””
ပြောပြီးပျောက်သွားတော့မစောအိမ်မက်ကလန့်နိုးသွားလေသည်သူတို့ပြောတာလဲမှန်နေတာပဲဘုရားပွဲပြီးပါကဘုရားပွဲမှရသောငွေများဖြင့်ဘုရားကြီးပြုပြင်ကာရွှေသင်္ကန်းကပ်လေ့ရှိတာမို့သူလဲလုချင်နေတာကြာပြီ
မစောတွေးပြီးအိမ်ကဓားမကိုယူ၍ရွာဦးကျောင်းကအုန်းမောင်းခေါက်သံနားစွင့်နေသည်
”တောင်””တောင်”’တောင်”’
အုန်းမောင်းခေါက်သံလဲကြားရောမစောအိမ်ရှေ့ပြေးဆင်းသွားကာဓတ်မီးနှင့်သေချာအောင်အဝင်ပေါက်အားထိုးထားရာ
မကြာခင်တွင်ကောင်မလေးများပြောသည့်အတိုင်းရွှေရောင်တဝင်းဝင်းတောက်နေသော
မြွှေတကောင်သည်အလွန်လျှင်မြန်စွာအိမ်ထဲဝင်လာရာမစောလဲအံသြလွန်း၍ပါးစပ်ဟောင်းလောင်းဖြင့်ကြည့်နေမိလေသည် ။
မစောကြည့်နေရင်းဓားနှင့်ရွယ်ကာခုတ်ဘို့လက်တုန်နေတာနဲ့မြွေအမြှီးပိုင်းသာကမန်းကတန်းခုတ်လိုက်၍မှီလိုက်သည်။
ခုတ်ပြီးတာနဲ့မြွေလဲပျောက်သွားလေသည်နောက်နေ့စျေးကရွေဆိုင်သွားရောင်းရာ
အလွန်အရည်သွေးကောင်းသောအခေါက်ရွှေမို့စျေးကောင်းရပြန်သည်မစောနောင်တရမိသည်ခေါင်းပိုင်းနားကကပ်မခုတ်လိုက်ရတာကို
ဘုရားပွဲပြီးတော့ဘုရားကြီးပြုပြင်ရန်မစောတို့သားအမိနှင့်သိုက်နန်းရှင်များကောင်းမှု့ဟုလူတန်းကာရေစက်ချအမျှဝေလေသည်မစောကဝမ်းသာလွန်းလို့မျက်ရည်များပင်ကျလေသည် ။
နောက်တနေ့မနက်မှာတော့အိပ်ယာထဲတွင်ပြုံးပြုံးကြီးသေနေသောမစောအလောင်းအားတွေ့ကြရလေသည် ။
ပြီး D Moe Moe