အငယ်ဆုံးသမီး

Posted on

အငယ်ဆုံးသမီး(စ/ဆုံး)
———————-

“ဟဲ့ မထသေးဘူးလား မိဆွေရယ် ”

မိဆွေသည် အိပ်ချင်မူးတူး မျက်ဝန်းများကို လက်ဖြင့် ပွတ်သပ်ကာ ကုန်းကျုံးထလိုက်သည်။ သူမ၏ မမကြီးသည် မီးဖိုခန်းထဲမှ အိုးခွက်ပန်းကန်များကို ဆောင့်ချ လိုက်လေသည်။

” မနက်မနက် ‌ေ သရာက မထနိုင်ဘူး ၊အိပ်နေရင်းနဲ့လည်း ‌ေ သ သွားဦးမယ် ၊အိမ်ရဲ့ စီးပွားရေး ကြီးပွားရေး ဘာမှနားမလည်ဘူး ၊အကုသိုလ် ကော င်မ ဒီလိုဟာမတွေကျ ‌ေ သပဲမ‌ေ သနိုင်ဘူး ”

အမေသည် မမကြီး၏ စကားကြောင့် သက်ပြင်းချကာ မိဆွေကို နှိုးပြီး ပြန်ထွက်သွားသည်။ မိဆွေသည် အိပ်ရာသိမ်းနေရင်း မမကြီး ကြည်ဖြူအောင် ဘာလုပ်ရပါ့မလဲဆိုသည့် အတွေးများ ခေါင်းထဲမှာ စီရရီပေါ်လာလေသည်။ မိဆွေသည် မျက်နှာသစ်တော့လည်း မျက်စောင်းတခဲခဲ နှင့် ကြည့်နေသော မမကြီးကို မသိဟန်ဆောင်နေရသည်။ မနက်စာ မစားရဲသေးပါ ။ လျှော်စရာအဝတ်များကို အရင်စိမ်ပြီးမှ မနက်စာ စားဖို့ ထမင်း စားပွဲမှာ ‌မဝံ့မရဲ ထိုင်လိုက်သည်။ မမကြီးသည် ဆေးထားသော ပန်းကန်များကိုပန်းကန်စင်ပေါ်သို့ တမင် အသံမြည်အောင် တင်ရင်း …

” စားချိန်တန် ထစားတယ်
ဆန် ဘယ်မှာလဲမေးရင် ဆန်အိတ်ထောင်ထားတာပဲ လို့ပြောလိမ့်မယ် ၊ ဆန်ရအောင် ဘယ်လိုရှာဖွေနေရလဲ ဆိုတာတော့ မသိဘူး ၊ ငါတို့မှာ ပိုက်ဆံလည်းရှာရသေးတယ် အိမ်အလုပ်ကျတော့လည်း မနားရဘူး ပြဲနေအောင် လုပ်ရတယ် ”

မိဆွေသည် ၁၀ တန်းဖြေထားသူ ဖြစ်၏ ။ စက်ရုံတစ်ခုမှာ အလုပ်ဝင်နေပေမဲ့ လစာမများ ။

” ငါအပြင်အလုပ်ထွက်လုပ်နေရတာပဲဆိုပြီး အိမ်အလုပ်ဆို မသိချင်ယောင်ဆောင်နေတယ် သော က်ဆံလေး တစ်ပဲခြောက်ပြားပေးပြီး ဟုတ်လှပြီထင်နေတာ ဟို ကောင်မလည်း အတူတူပဲ မနက်ဆို အလုပ်သွားကာနီးမှ ‌ေ သရာကထ ပြီး ပျာပျာသလဲ ပြင်ဆင် ထမင်းခူးပြီးသား အဆင်သင့်စား ထမင်းချိုင့်ပြင်ပေးပြီးသား ဆွဲသွားရုံပဲ ဒါကိုတောင် ပြန်လာရင် ဘာအိမ်အလုပ်မှ မလုပ်ဘူး အိမ်အလုပ်ဆို လှည့်ကိုမကြည့်ဘူး ”

မမကြီးသည် အစ်မလတ်ကိုလည်း အပြစ်တင်ပြန်၏။ မိဆွေသည် ထမင်းစားနေရင်း လည်ပင်းနင်လာတာကြောင့် ရေဖြင့်မျှောချလိုက်ရင်း မနက်စာစားခြင်းကို အဆုံးသ တ်လိုက်သည်။ မိဆွေသည် ပန်းကန်အမြန်ဆေးပြီး အဝတ်လျှော်ရသည်။ အဝတ်တွေမှမနည်း ။ အဖေ့အဝတ် ၊ အမေ့အဝတ် ၊မမကြီးအဝတ် အစ်မလတ်အဝတ် တူမ အဝတ် အစုံပင်။ တစ်ခါတစ်လေ လက်သုတ်ဝတ်တွေ ပါလျှော်ရသေးသည်။ မိဆွေအလုပ်နားရက်လေး အဝတ်မလျှော်မိလျှင် မမကြီးသည် တစ်နေ့လုံး နားပူအောင် ပြောနေတတ်တော့သည်။ အိပ်လျှင် ပျင်းသည်ဟု စွပ်စွဲသည်။

” ပျင်းတာမှ အရည် ကို ထွ က်နေတာပဲ ” ဟု ညစ်ညစ်ပက်ပက်ပြောတတ်သည်။ အိမ်အလုပ်လုပ်ပြီး ခဏနားချိန် ဖုန်းလေးကြည့်မိတော့ …

” ငါတို့တော့ နားချိန်ကိုမရှိပါဘူး
သူတို့မှာတော့ သော က်ဖုန်းနဲ့ သော က်ခွက်နဲ့ကမခွာဘူး ၊ဖုန်းကြည့်ရင်းနဲ့လည်း ‌ေ သနေဦးမယ် ”

ဟု ကြမ်းကြမ်းတမ်းတမ်း ဆူပူခံရပြန်သည်။ မိဆွေသည် ကြာလာတော့လည်း အိမ်မှာနေရတာ စိတ်ပင်ပန်းလာသည်။

” သူတို့လုပ်စာများ ငါတို့ထိုင်စားရင် အဆိပ်များ ခတ်မလား မသိဘူး ” ဟု မမကြီးက ပြောလျှင် မိဆွေသိပ်ရင်နာမိသည်။ မမကြီးဟာ ဘာကြောင့်များ သူမတို့အပေါ် အထင်လွဲရတာလဲ ဟု စိတ်မကောင်းဖြစ်မိသည်။ မိဆွေသည် ၁၀ တန်းအောင်စာရင်း မထွက်သေး၍သာ ရရာအလုပ် လုပ်နေရပေမဲ့ အိမ်၏ ပြေလည်မှုရော မပြေလည်မှုရော ခေါင်းထဲမှာ ရှိပါသည်။ မမကြီးကတော့ မိဆွေကို ဘာမှနားမလည် တဲ့ကောင် မ ဟုသာ ‌စွပ်စွဲသည်။

မိဆွေသည် ငယ်ငယ်က ဆန်တစ်ဗူးကို ရေစိမ်ကာ အချဉ်ဖောက်ထားပြီး ခေါင်းလျှော်ဖို့ လုပ်ဖူးသည်။ ဒါကို မမကြီးတွေ့တော့ မိဆွေကို …

” အဲ့ဆန်တစ်ဗူးဖိုး နင်သွားရှာ ၊ ရှာမလား နင်ရှာနိုင်လို့ ဖြု န်းတာလား ” ဟု စိတ်ဆိုးမာန်ဆိုး ပြောဖူးတာကို မိဆွေမမေ့သေးပါ ။

မိဆွေ ၁၀ တန်းအောင်ချိန်မှာတော့ ဝင်ငွေကောင်းသည့် အလုပ်တစ်ခု ရရှိခဲ့သည် ။ တစ်ချိန်က ဆန်တစ်ဗူးဖိုးတောင်မရှာနိုင်လို့ မျက်ရည်ဝဲခဲ့ရသည့် ကလေးမလေးဟာ ဆန်တစ်အိတ် ဝယ်ဖို့ မိသားစုကို ပိုက်ဆံပေးနိုင်ခဲ့သည်။ အိမ်ရဲ့စီးပွားရေး ကြီးပွားရေး ဘာမှ နားမလည် ဘူး ဟု မမကြီးစွပ်စွဲခဲ့သော မိဆွေဟာ ခုချိန်မှာ မိသားစု ၏ စီးပွားရေးရာမှာရော ကြီးပွားရေးရာမှာရော တိုင်ပင်လို့ရသည့်သူ ဖြစ်လာသည်။

မမကြီးကို ပိုက်ဆံပြန်ပေးနိုင်သော မိဆွေ ၊ ပိုက်ဆံပြန်ချေးနိုင်သော မိဆွေ ဖြစ်လာသည်။ ခုချိန်မှာတော့ မမကြီးဟာ မိဆွေကို စကားကောင်း ပြောလာလေပြီ ။ မိဆွေအပေါ် အကောင်းမြင် တတ်လာပြီ။ တစ်ချိန်က မမကြီး ပြောခဲ့သော အသုံးမကျသည့်အငယ်ဆုံးသမီးကပဲ မိသားစုကို ပြန်ကြည့်နေလေပြီ ။ အငယ်ဆုံးသမီးကပဲ မိဘတွေ မကျန်းမာလျှင် ဆေးဖိုး အတွက် မမကြီး မပူပင်ရအောင် ကူနိုင်သူ ဖြစ်လေပြီ။ အဆိပ်များခတ်မလားဟု မမကြီးပြောခဲ့သော အငယ်ဆုံးသမီးကပဲ မမကြီး လိုအပ်သော အရာများကို ဖြည့်ပေးသူ ဖြစ်လာသည် ။
အငယ်ဆုံးသမီး …
ထိုအငယ်ဆုံး သမီးဖြစ်သည် ။

+
#မေကျော်