အငြိုး

Posted on

အငြိုး(စ/ဆုံး)
———–

မနက်ခင်းသည် မိုးရိပ်များဖြင့် အုံမှိုင်းဝေရီလျှက်
ညက တစ်ညလုံးရွာထားတဲ့ မိုးကြောင့် လယ်ကွင်းပြင်
မှ စံပါးပင်များ ပို၍ စိမ်းစိုနေ၏။

မင်းလှရွာမှ
ရွာသူရွာသားများသည် တောင်ယာလယ်ခင်းများ
လုပ်ကိုင်ခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုရ
သည်မို့ မနက်ခင်း အာရုံဏ်တတ်တာနဲ့ ကိုယ်ဆီ
တောင်ယာထဲ သွားကြရသည်မှာ ဓလေ့တစ်ခုပင်
ဖြစ်သည်။

ကိုကံကောင်းသည် ညက လယ်ကွင်း ကန်သင်းတွေ
အနား ထောင်ခဲ့သော ငါးရှဥ့်ပိုင်များကို တစ်လုံးပြီး
တစ်လုံးဖော်လာရင် မိုးက တအားရွာနေတာနဲ့
ခိုက်ခိုက်တုန်အောင် ချမ်းနေပြီမို့ လွယ်အိတ်ထဲမှ
အသင့်ယာလာသော ကွမ်းတစ်ယာအား ထုတ်ဝါး
ရင်း ရေစပ်၌ထောင်ထားသော ငါးရှဥ့်ပိုင်အား
ကုန်း၍ ဖော်ယူလိုက်စဥ်။

“….ဟင်…..မြတ်စွာဘုရား….လုပ်….လုပ်ကြပါဦး…”

ကန်သင်းဘေး ရေစပ်စပါးပင်များကြားမှ
လက်တစ်ဖက် ထွက်နေသည်ကို မြင်လိုက်ရခြင်း
ကြောင့် အပြေးအလွှား သွားကြည့်လိုက်သောအခါ
မှောက်လျှက် အနေအထားဖြင့် အမျိုးသမီးတစ်ဦး
အဝတ်အစားများ စုတ်ပြတ်လျှက်
သေဆုံးနေလေသည် မှောက်လျှက် မျက်နှာအား
မမြင်ရသောကြောင့် ကိုကံကောင်း လက်မှတစ်ဖက်
သို့ ဆွဲလှန်လိုက်သောအခါ။

“..ဟာ….ပိုး…..ပိုးဥ….ညီမလေး….ဘယ်လိုဖြစ်ရတာ
လဲဟာ…”

ကိုကံကောင်းနှင့် ပိုးဥတို့သည် မောင်နှမအရင်းတွေ
သဖွယ် နေထိုင်လာသော တစ်ရွာထဲသားများပင်
ဖြစ်ကြသည်မို့ ကိုကံကောင်း မျက်ရည်များပင်
မဆည်နိုင်ပါပေ မနေ့ကတောင် သူကောက်စိုက်က
ပြန်လာတော့ ကန်သင်းနားမှာ ငါးရှဥ်ပိုင်များ ထောင်
နေတဲ့ ကိုကံကောင်း အနားကဖြတ်သွားရင်း
စနောက်သွားခဲ့သေး၏ အခုတော့ မြင်မကောင်း
အောင် အသက်မဲ့နေပြီဖြစ်သည် ဒီကောင်မလေးက
မိဘအအပေါ် သိတတ်လိမ်မာတဲ့ ကလေးပါ အဖေ
ဖြစ်သူ လယ်ထဲမှာ ပိုးထိပြီး ဆုံးသွားတော့ ပိုးဥ
အပျိုအရွယ်ရောက်ခါစ လှချင်ပချင်သော အရွယ်
လေးပဲ ရှိပါသေးတယ် အမေဖြစ်သူနဲ့ ဘဝကို ခက်ခဲ
ပင်ပန်းစွာ ရုန်းကန်ကြရင်းက ရုတ်တရက် အမေဖြစ်
သူ လေဖြတ်သွားတော့ အရွယ်နဲ့မမျှ ရုပ်ရည်လေး
နဲ့ မလိုက်အောင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်
နေခဲ့ရတယ်လေ အသက်မဲ့နေသော ပိုးဥ ခန္ဓာကိုယ်
အား ကန်သင်းပေါ် ဆွဲတင်ရင်း မိုးတွေကလဲ
သဲသဲမဲမဲရွာ မနေ့က တဘက်လေး ခေါင်းပေါင်းလျှက်
ရွှံ့များပေကျံရင်း စနောက်သွားသည်ကို မျက်လုံး
ထဲ မြင်ယောင်ရင်း ကိုကံကောင်းတစ်ယောက်
မျက်ရည်များ အတွင်တွင် စီးကြလျှက် ရွာဘက်သို့
အားကုန်ပြေးလေတော့သည်။

ရွာကလူကြီးများနဲ့ ကာလသားတစ်ချို့ကို သွားခေါ်
ခဲ့ပြီး ပိုးဥအလောင်းအား လာသယ်ခဲ့ကြသည်
ရွာထဲမှ လူအများနဲ့ ရဲတစ်ချို့ရောက်လာပြီး ပိုးဥ
အတွက် ဖြေမဆည်နိုင်အောင် တစ်ချို့များ ငိုကြွေး
ကြတော့သည် ရဲများက ပိုးဥကို စစ်ဆေးကြည့်ရင်း
ပိုးဥတစ်ယောက် အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီးမှ
အသတ်ခံထားရကြောင်း မှတ်ချက်ပေးကြသည်ကို
ကြားသိရတော့ ပို၍ပင် ကြေကွဲခဲ့ကြရ၏ ပိုးဥ၏မိခင်
ဒေါ်ခင်နွဲ့သည်မှာလဲ လေဖြတ်ထားသောကြောင့်
ဒီကိစ္စကို အသိပေးလို့ မဖြစ်သေးပေ ကျမ်းမာရေး
ပို၍ ဆိုးဝါးလာမည်ကို လူကြီးများက စိုးရိမ်းသည့်
​အတွက် အမြန်ဆုံး သင်္ဂြိုလ်ရန် စီစဥ်ကြလေသည်
နေ့ခြင်းပင် မီးသင်္ဂြိုလ်လိုက်ကြပြီးနောက်
ကိုကံကောင်း ပိုးဥလေး၏ မိခင်ကို ​​အဆင်ပြေအောင်
တစ်ခုခုလိမ်ညာပြီး ပြောထားရန် လယ်စောင့်တဲလေး
ဆီသို့ သွားလေတော့သည်။

တံစက်မြိတ်မှ မိုးပေါက်များ တစ်ဖောက်ဖောက်ကြ
ရင်း တဲလေးအတွင်းဝယ် မှောင်နေပါပြီ။

“…အရီးလေးရေ….အရီးလေး…”

ကိုကံကောင်း တကြော်ကြော်ခေါ်ပြီးမှ အရီးလေး
ဒေါ်ခင်နွဲ့က လေဖြတ်ထားလို့ စကားမပြောနိုင်တာကို
သတိရသွားရင်း အထဲသို့ ဝင်လိုက်မိ၏ မီးဖိုချောင်
လေးထဲသို့ ဝင်ကြည့်လိုက်တော့ စင်ပေါ်တင်ထားတဲ့
ထမင်းအိုးလေးထဲမှာ ထမင်းများပင် သိုးနေခဲ့လေပြီ
ကိုကံကောင်းရင်ထဲဝယ် စိတ်မကောင်းခြင်း ဝမ်းနည်း
ခြင်းများဖြင့် အိပ်ယာပေါ်မှ အရီးလေး ဒေါ်ခင်နွဲ့အနား
ကပ်ထိုင်လိုက်၏။

“….ဟင်…အရီးလေး…အရီးလေး…”

ကိုကံကောင်း မည်သို့ပင် လှုပ်နိုးခေါ်ယူနေစေကာမူ
အေးစက်တောင့်တင်းနေသော ဒေါ်ခင်နွဲ့ခန္ဓာကိုယ်က
ငြိမ်သက်နေခဲ့ပြီ မဟုတ်ပါလား

“…အဖြစ်ဆိုးလိုက်တာ….အရီးလေးရယ်….ဘယ်ဘဝ
က…ဝဋ်ကြွေးတွေကြောင့်…အရီးလေးတို့သားအမိ….
…..ဒီလိုအဖြစ်ဆိုးမျိုးတွေ….ကြုံရတာလဲဗျာ….”

ပြောရင်းငိုရင်း ထို့နေ့က ပိုးဥတို့သားအမိ၏ သတင်း
က ရွားနီးချုပ်စပ် ပြောစမှတ်ဖြစ်အောင်ပင် ကြေကွဲ
ဝမ်းနည်းဖွယ် ရှိနေပါတော့သည်။

လရောင်အောက်၌ ရွာအနောက်ဘက် သင်္ချိုင်း
တောထဲမှာ ယောကျ်ားသုံးယောက် အရက်ဝိုင်း
ဖွဲ့ရင်း ဆေးလိပ်ဖက်ကြမ်း ကိုယ်စီဖွာရှိုက်လျှက်
တစ်ယောက်နဲ့တစ်ယောက် စကားများနေကြ၏

“….ဟေ့ကောင်…စိန်ကြီး…”

စိန်ကြီး ဆိုသောလူမှာ သောက်လက်စ ခွက်ထဲမှ
လက်ကျန်အား အကုန်မော့လိုက်ရင်းက။

“….ဘာလဲ…စိုးပေ….ရာ….အရက်သောက်ရတာ…
…စိမ်မရှိလိုက်တာ….”

စိုးပေဆိုသောလူ စိတ်မရှည်ဟန်ဖြင့်။

“….ဟေ့ကောင်….စိန်ကြီး….စိမ်ခံမနေနဲ့….
….မင်းလုပ်ခဲ့တာ…အခုသောက်ပြသနာတွေ…
….တတ်နေပြီကွ….အခုဘယ်လိုလုပ်မလဲ…..
….မင်းကို….ငါ့တို့ကိစ္စပြီးရင်….ပြန်လွှတ်လိုက်ပါလို့….
…ပြောခဲ့တာကို….ကောင်မလေးကို…မင်းရှင်းပစ်
လိုက်တာ….ငါတို့ကို…..ရဲက…အနံ့ခံနေပြီကွ…”

စိန်ကြီး ဘာမှမပြောပဲ အရက်ကိုသာ အငမ်းမရ
သောက်နေသည်မို့ ဘေးမှအောင်မိုးဆိုသောလူက။

“….ဟိတ်ကောင်….စိုးပေ….စိန်ကြီးလုပ်တာ…
….မှန်တယ်ကွ….အဲ့ဒီလိုသာ…အပြတ်မရှင်းခဲ့ရင်…
….ဒုက္ခရောက်မှာ…ငါတို့ပဲမဟုတ်ဘူး….မင်းလဲ
ပါတယ်နော်….သုံးယောက်လုံး….ထောင်ထဲမှာ….
…အရိုးဆွေးသွားမှာ…..စိုးပေ….မင်းအေးဆေး…
….နေစမ်းပါကွာ…”

စိုးပေဘေးမှ အောင်မိုးရဲ့စကားကြောင့် ငြိမ်ကြ
သွားပြီး အတော်ကြာမှ စိုးပေဆီက အသံထွက်လာ
ခဲ့သည်။

“…အဲ့ဒါဆိုရင်….ငါတို့…ဒီကိစ္စကို…ဘယ်လိုဖြေရှင်း
မလဲ…စဥြးစားကှဦးကှ..”

စိန်ကြီး ကုန်ခါနီး ဖက်ကြမ်းဆေးလိပ်ကို အားရ
အောင်ဖွာရှိုက်လိုက်ပြီးနောက် ။

“..အခုလောလောဆယ်တော့….ငါ့တို့ဘာမှလုပ်မရ

သေးဘူး……မင်းတို့…ဒီအတိုင်း..ဟန်မပျက်သာနေကြ….ကြာရင်…လူတွေမေ့သွားလိမ့်မယ်….သတိတော့….မပြတ်စေနဲ့….အားလုံး…အေးဆေးဖြစ်တဲ့အခါ…ငါတို့….တစ်နေရာရာကို…ရှောင်ကြရမယ်….အခုချိန်ထွက်သွားရင်….ရွာကလူတွေ….သတိထားမိသွားလိမ့်မယ်..”

….အေး….အေးပါကွာ….

စိန်ကြီးသည် သူတို့သုံးယောက်ထဲ လက်စခြေစ
ရှိသူမို့ ကိုယ်ဆီ လက်ခံခေါင်းငြိမ့်လိုက်ကြရင်း
ပုလင်းထဲရှိအရက်များကို ကုန်အောင် သောက်စား
လိုက်ပြီး ကိုယ်ဆီလမ်းခွဲ ပြန်ခဲ့ကြလေတော့သည်။

ညသည် လဆန်းရက်မို့ လရောင် ရေးရေးဖြင့်
ပတ်ဝန်းကျင်အား ဝိုးတဝါးမျှသာ မြင်တွေ့ရလေ၏
အရက်တန်ခိုးဖြင့် ရီဝေလျှက် အပြန်လမ်းတလျှောက်
အောင်မိုးတစ်ယောက် ဟိုနှစ်ယောက်ဖြင့် ပေါင်းပြီး
တော့ မှားခဲ့သော အမှားအတွက် တောင်တရ၍
မဆုံးပေ။

အဲ့ဒီနေ့က ညနေစောင်းနေပြီ ပိုးဥလေး
ကန်သင်းပေါ်က လျှောက်သွားတော့ လမ်းမှာ
အောင်မိုးတို့သုံးယောက်နှင့် တိုးလေ၏ မှောင်ကလဲ
မှောင်စပြုပြီမို့ တစ်ကိုယ်လုံး ရေဆိုနေသော ပိုးဥ
လေး၏ ခန္ဓာကိုယ်ကောက်ကြောင်းများမှာ
အရိုင်းပန်းလေးသဖွယ် ဒီကိစ္စကို စခဲ့တာက
စိန်ကြီး ဒီကောင် ကောင်မလေးကို ကန်သင်းဘေး
က ​ခြုံပုတ်လေးအနားမှာ တွန်းလှဲလျှက် အဓမ္မပြု
ကျင့်နေသည်ကို မြင်နေရ၍ အောင်မိုးနဲ့ စိုးပေလဲ
ရာဂစိတ်တွေ ငယ်ထိပ်ရောက်လာပြီး တစ်ယောက်
ပြီးတစ်ယောက် အလှည့်ကြ ဆန္ဒကို ဖြည့်ဆည်းခဲ့
ကြသည် အပျိုလေးမို့ ငိုယိုပြီး ပြန်လွှတ်ပေးဖို့
အကြိမ်ကြိမ် တောင်းပန်နေသည့်ကြားမှ စိန်ကြီးက
လယ်ကွင်းထဲ ရေဒူးခေါင်းလောက်ထဲမှာ ပိုးဥလေး
ကို မသေမခြင်း နစ်သတ်ပစ်ခဲ့တာကို မြင်တွေ့ရ၍
အောင်မိုးနဲ့စိုးပေ ထိတ်လန့်နေခဲ့ရသည်။

ရွာအစွန်လမ်းမို့ မိုးအခါဝယ် ရွှံ့ဗွက်များ ထနေသောကြောင့် အောင်မိုး ဓာတ်မီးမှိန်မှိန်ဖြင့် လျှောက်လာခဲ့ရင်း တစ်နေရာအရောက် ။

“….ဗွက်….ဗွက်….ဗွက်…..”

“…ဟင်….”

အောင်မိုးအနောက်မှ ​ထပ်ကြပ်မကွာ လိုက်လာ
သော ခြေသံကြောင့် ဓာတ်မီးလေးဖြင့် အနောက်သို့
လှည့်ထိုးကြည့်လိုက်သော်လဲ မည်သူကိုမှမတွေ့ရပေ
အောင်မိုး ကြက်သီးများ ထလျှက် ဇောခြွေးများပင်
စီးကြလာ၏ ပတ်ဝန်းကျင်မှာ ညဥ့်နက်ပြီမို့ တိတ်
ဆိတ်ငြိမ်သက်လျှက် လရောင်ရေးရေးအောက်
ကြောက်စိတ်ဖြင့် အောင်မိုး ခြေလှမ်းများသွတ်လာ
သည် ရွာအဝင် ကုက္ကိုပင်ကြီးအောက်နား ရောက်
သောအခါ အရှေ့မှာ လူတစ်ယောက် မတ်တပ်ရပ်နေ
တာကို အောင်မိုး ဝိုးတဝါးလှမ်းမြင်လိုက်ရပြီး
ယောကျာ်းလာ မိန်းမလား မျက်နှာမှာ မသဲကွဲပေ
ကြောက်ကြောက်ဖြင့် အနားသို့ ရောက်သောအခါ
ဓာတ်မီးမှိန်လေးဖြင့် မသိမသာ ထိုးကြည့်လိုက်သော
အခါ။

“…အမလေး….ပိုး…ပိုး….ပိုးဥ….နင်….နင်….”

တဘက်လေး ခေါင်းပေါင်းရင်း မျက်နှာတစ်ခုလုံး
ညိုမဲလျှက် မျက်ရည်များ စီးကြနေသူကတော့
သူတို့သုံးယောက် ရက်ရက်စက်စက် အဓမ္မပြုကျင့်
သတ်ခဲ့သော မပိုးဥပင် ဖြစ်နေတော့သည်။

“…အောင်မိုး….လူယုတ်မာ….နင်တို့ကြောင့်….ငါ့ဘဝ
ပျက်ရတာ…..ငါအမေလဲ….သေခဲ့ရတာ…”

အောင်ကြီး လက်အုပ်လေးချီလျှက် ကြောက်သေး
များထွက်ခါ တုန်တုန်ယင်ယင်ဖြင့်။

“…မ…..မဟုတ်ပါဘူးဟာ…..ငါတောင်းပန်ပါတယ်…..
….ငါ့ကိုချမ်းသာပေးပါဟာ…..နော််…”

ပိုးဥ အသံသြသြကြီးဖြင့် ဟက်ဟက်ပက်ပက် ရယ်
မောလိုက်၏။

“….ဟား….ဟား….ဟား…
…အောင်မိုး….အောင်မိုး….ငါ့ကိုမသတ်ဖို့….ငါလဲ
တောင်းပန်ခဲ့တာပဲ….နင်တို့…ရက်ရက်စက်စက်…..
….ငါ့ကို…သတ်ခဲ့ကြတာလေ…..မရဘူး….နင်ဒီည….
…..သေကိုသေရမယ်…”

“..မလုပ်ပါနဲ့….အမေရေ….ကယ်ပါဦး…မလုပ်ပါနဲ့…”

အောင်မိုး မည်မျှပင် ရုန်းကန်နေသောလဲ
မရတော့ပေ။

“….အားးးး….”

တိတ်ဆိတ် ငြိမ်သက်လျှက်ရှိသော ပတ်ဝန်းကျင်အား
အောင်မိုး၏ မချိမဆန့် အော်သံကြီးက ဖုံးလွှမ်းသွား
ပါတော့သည်။

မနက်ခင်းသည် လှပပေမယ့် မင်းလှရွာမှတော့
ရွာသူရွာသားများ ရွာနောက်ဘက်သို့ ပြေးလွှားသွား
ကြပြီး လူများ တစ်ယောက်တစ်ပေါက်နှင့် ပြောဆို
နေကြသည်။

“…ဟဲ့….ဘာတွေဖြစ်နေတာတုန်း….”

“…ဟာ….ရွာနောက်ဘက် ကုက္ကိုပင်အနားက….
….ရေတွင်းပျက်ကြီးထဲမှာ….အောင်မိုးတစ်ယောက်…
….ဇာတ်ကျိုးပြီး….သေနေလို့တဲ့ဟေ့…..လာသွားပြီး
ကြည့်ရအောင်…”

အချင်းချင်း ပြောဆိုနေကြသော
အသံကို စိုးပေ အိပ်ယာထဲမှ ကြားလိုက်ရသော
အခါ လန့်ဖျန့်နေပြီး ခေါင်းရင်းမှ ဆေးလိပ်ထုပ်ကို
ဆွဲကာ စိန်ကြီးတို့ အိမ်ဘက်သို့ ထွက်ခဲ့တော့သည်
စိန်ကြီးတို့ အိမ်ရှေ့ရောက်တော့ စိန်ကြီးကိုမတွ့ရပေ။

“….စိန်ကြီးရေ….ဟိတ်ကောင်…..စိန်ကြီး…”

အိမ်ထဲမှ စိန်ကြီး၏ ဦးလေး ဦးဖိုးခင် ထွက်လာ၏။

“…ဟော့….စိုးပေပါလား….မင်းကောင်က….မရှိဘူးကွ
…ရွာနောက်ပိုင်းမှာ…အောင်မိုးရေတွင်းပျက်ထဲ…
…ဇာတ်ကျိုးသေနေလို့တဲ့….အဲ့ဒါသွားကြည့်တယ်….
…မင်းတွေ့ချင်ရင်….အဲ့ဒီကိုသာ…လိုက်သွားပေတော့..”

“….ဟုတ်…ဟုတ်ကဲ့….ဦးလေး…”

စိန်ကြီးတို့အိမ်အား ကျောခိုင်းကာ ရွာနောက်ပိုင်း
ရေတွင်းပျက်ဆီသို့ လျှောက်လာရင်း လမ်းမှာ
စိန်ကြီးနှင့် တိုးလေ၏။

“…ဟာ….ဟိတ်ကောင်…စိန်ကြီး….မင်းကိုငါရှာနေ
တာကွ…”

စိန်ကြီး ပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်ရင်း။

“..စိုးပေ….ငါတို့….ထန်းတောထဲ…သွားရအောင်…”

စကားကို ခပ်ပြတ်ပြတ် ပြောလာသော စိန်ကြီးအား
နားမလည်သောဟန်ဖြင့် စိုးပေ ခေါင်းညိတ်ခါ လိုက်
လာခဲ့ပါတော့သည်
ထန်းတောထဲရောက်တော့မှ စိန်ကြီးကပဲ စကားစ
မြည်ပြောလာသည်။

“….စိုးပေ….”

“..ဘာလဲ….စိန်ကြီး…”

ထန်းရည်တစ်ခွက်ကို အိုးထဲမှ လှမ်းခပ်ရင်း စိုးပေ
ထူးလိုက်တော့ စိန်ကြီး ဆက်ပြောလေသည်။

“..အောင်မိုးသေတာ…မရိုးဘူးကွ….”

“…ဟာ….မင်းကလဲ…ဘာကိုမရိုးတာလဲ….”

စိန်ကြီး တစ်ခုခုကို ကြောက်နေသော ပုံစံဖြင့်
စိုးပေအနားသို့ တိုးကာ။

“..အောင်မိုးသေတာကို…ငါသွားကြည့်တာ…ရေတွင်း
ပျက်ထဲမှာ…အောင်မိုးရဲ့….မျက်နာက…နောက်ကျော
ထိရောက်အောင်….တစ်ပတ်လည်ပြီး…ကျိုးသေနေ
တာကွ….နောက်ပြီး..အောင်မိုးမျက်လုံးတွေက…
….တစ်ခုခုကို….မသေခင်…ကြောက်လန့်ခဲ့ပုံရတယ်
….ပြုးပြီးထွက်နေတာ….ငါမျက်လုံးထဲက..မထွက်ဘူး
ကွာ…”

ပဲကြီးလှော်လေး ဝါးရင်းက စိန်ကြီး ပြောသမျှကို
အာရုံဏ်စိုက်ပြီး နားထောင်နေသော စိုးပေက စိန်ကြီး
အား မေးလိုက်သည်။

“…ငါတို့…ဘာဆက်လုပ်မလဲ…”

စိန်ကြီး အသေအခြာ စဥ်းစားနေခဲ့ပြီး အတော်ကြာမှ။

“…ငါတို့ကို…ကံကောင်းနဲ့ရဲတွေက….စောင့်ကြည့်နေ
ကြတယ်ကွ….ငါတို့နှစ်ယောက်….မြို့က….ငါ့အဒေါ်
တွေဆီမှာ…..ခဏသွားရှောင်နေရမယ်….စိုးပေ…..
….မနက်ဖြန်….မြို့ကိုသွားတဲ့ကားနဲ့….ငါတို့…….
….အမှီလိုက်သွားဖို့အတွက်….မင်းဒီည…အဆင်
သင့့်ဖြစ်အောင်…ပြင်ဆင်ထားလိုက်…”

စိန်ကြီး စီစဥ်သော အကြံအား စိုးပေ လက်ခံလိုက်
သည်။

“…အေးပါကွာ…မနက်ဖြန်မနက်….အစောဆုံးကားနဲ့
….သွားကြတာပေါ့..”

ထိုညနေက သူတို့နှစ်ယောက် ပြေးဖို့ရာ ကြံစည်ရင်း
ထန်းရေသောက်ခါ ကိုယ်စီအိမ်ပြန်ခဲ့ကြလေသည်။

ညနေထဲက ရွာသောမိုးသည် ညအထိမတိတ်နိုင်
သဲသဲမဲမဲ ရွာနေ၏ အိပ်ယာထဲမှာ ဟိုဘက်သည်ဘက်
လူးလိမ့်နေရင်း စိုးပေတစ်ယောက် ရုပ်ပျက်ဆင်း
ပျက်ဖြင့် အောင်မိုး သေဆုံးသွားခြင်းအပေါ်
ထိတ်လန့်နေခဲ့ရသည် ထို့ကြောင့် မိမိအလှည့်များ
ရောက်လာလေမလားလို့ တွေးရင်း အတော်နှင့်
အိပ်မပျော်နိုင်ပေ သန်းခေါင်ချိန်ရောက်မှ အတွေး
များကို တစ်ခန်းရပ်ခါ အိပ်ပျော်သွားလေတော့
သည်။

“….ဝေါ……ဝေါ……ဝေါ…”

မည်မျှပင် အိပ်ပျော်သွားသည်မသိ စိုးပေနားထဲ၌
ရေသံများကြားလိုက်ရ၍ ခေါင်းထောင် ကြည့်လိုက်
သောအခါ။

“….ဟင်….ငါ….ငါ….ဘယ်ရောက်နေတာလဲ…”

သူအိပ်ပျော်သွားစဥ်က အိပ်ယာပေါ်မှာပါ အခုရေသံ
တွေကြားလို့ ထကြည့်လိုက်တော့ မြေကြီးပေါ်မှာ
ဖြစ်နေလေသည် အံ့သြထိတ်လန့်ခြင်းများနဲ့
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ရွာသင်္ချိုင်း
ဘေးမှ လယ်ယာတွေထဲသို့ ရေပေးသော ရေမြောင်း
သို့မဟုတ် အရပ်ဒေသခေါ် ( မူး )အနားမှာ ဖြစ်နေမှန်း
သူသိလိုက်ရလေတော့သည်။

​လူလူခြင်းသာ စိုးပေမကြောက်တာ ဒီလိုအဖြစ်မျိုး
ကြုံနေရတော့ လိပ်ပြာလွင့်မတတ် ထိတ်လန့်သည်
သူထပြေးဖို့ ကြိုးစားလိုက်ပေမယ့် ရုတ်တရက်
သူ့အရှေ့မှာ အမျိုးသမီးတစ်ယောက် ခေါင်းပေါင်း
လေးဖြင့် ရေများစိုရွှဲလျှက် မတ်တပ်ရပ်နေတာကို
လရောင်ရေးရေးအောက်မှာ မထင်မရှားဖြင့်
မြင်လိုက်ရသည်နှင့် အနောက်သို့ ဖင်ထိုင်လဲကြ
သွားတော့သည်။

“…နင်…..နင်…..ဘယ်….ဘယ်သူလဲ…”

စိုးပေမေးလိုက်တော့ သူမ အရှေ့သို့တိုးလာပြီး။

“….ငါဘယ်သူလဲ….သေခြာကြည့်စမ်း….စိုးပေ….”

စိုးပေ ကြောက်ကြောက်နှင့် သေခြာကြည့်လိုက်
သောအခါ။

“…အားးး…..ပိုးးး…ပိုးဥ……ငါကိုမသတ်ပါနဲ့ဟာ…..
…ငါ….ငါအဲ့ဒီနေ့က….မူးနေလို့…..လုပ်မိတာပါ…..
….ငါ့…..ငါ့ကို…ခွင့်…..ခွင့်လွတ်ပါဟာ….ငါတောင်း
ပန်ပါတယ်…”

စိုးပေထိုသို့ပြောလိုက်တော့ ပိုးဥ ဟက်ဟက်ပက်ပက်
ရယ်မောလေ၏။

“…ဟားးးး….ဟားးးး…..ဟားးး…
….စိုးပေ….စိုးပေ….ငါအလှည့်တုန်းကရော…..
…..အကြိမ်ကြိမ်….တောင်းပန်နေပါလျှက်နဲ့….
….နင်တို့သုံးယောက်….တဏှာရမက်…အဝီစိကပ်
နေခဲ့ကြတာ…..မဟုတ်လား….ငါ့ကို…နင်တို့ကိစ္စ…..
လူသိသွားမှာစိုးလို့…..ရေထဲမှာ….ရက်ရက်စက်စက်
….သတ်ပစ်ခဲ့ကြတာလေ….နင့်တို့ကြောင့်……
…..ငါ့အမေလဲသေရ….ငါ့ဘဝလဲပျက်ရ….ဒါကို….
…..ငါက….ခွင့်လွှတ်ပေးရမတဲ့လား…..မရဘူးလေ…
….မရဘူး….ငါအသေဆိုးနဲ့သေခဲ့ရသလို…..နင်တို့
တွေလဲ….အသေဆိုးနဲ့ပြန်သေစေရမယ်..”

ထိုသို့ ပြောနေရင်းက ပိုးဥ၏ ခန္ဓာကိုယ်မှ အပုပ်နံ့
များ ထွက်လာပြီး အသားများပင် ပဲ့ကြွေကြလျှက်
ရှေ့သို့ တိုးလာသော အခါ စိုးပေ ပြေးချိန်မရလိုက်ပါ။

“..မ…..မလုပ်ပါနဲ့ဟာ…..ခွင့်….ခွင့်လွှတ်..

“…..အားးးးး..”

စိုးပေ၏ အော်သံနက်ကြီးသည် မင်းလှရွာ သင်္ချိုင်း
ထဲဝယ် ခြောက်ခြားဖွယ်ရာဖြင့် တိမ်မြုပ်ပျောက်
ကွယ်သွားလေတော့သည်။

အောင်မိုးသေလို့ မကြာသေး စိုးပေတစ်ယောက်
ရသင်္ချိုင်းဘေးက ရေမြောင်းထဲမှာ စောက်ထိုး
အနေအထားဖြင့် သေဆုံးနေသည့် သတင်းသည်
ပတ်ဝန်းကျင်ရွာများအထိ ပြန့်နှံ့ကူးစက်လျှက်
တစ်ယောက်တစ်မျိုးဖြင့် ထင်ကြေးအမျိုးမျိုး
ပေးကြလေသည်။

စိန်ကြီးတစ်ယောက် အတန်အတန် သတိထားနေပါ
လျှက်နဲ့ စိုးပေမရှူ့မလှ သေပွဲဝင်သွားခဲ့ရသည်ကို
ကြားသိရတော့ ဆောက်တည်ရာမရ ဖြစ်နေပြီး
အဝတ်အစားများ ထုပ်ပိုးထားကာ ရွာမှအမြန်ဆုံး
ထွက်သွားရန် ကြိုးစားတော့သည်။

အထုပ်အပိုးများကို ဆွဲကာ ရွာကလူများ အလစ်
၌ မြို့သို့သွားသော ကားကြုံဖြင့်လိုက်ရန် အမှီပြေး
ရတော့သည် ကံခေချင်တော့ အချိန်ကလဲ ညနေ
စောင်းပြီမို့ မြို့သွားသော ကားများမှာ ထွက်သွားကြ
ပြီဖြစ်၍ စိန်ကြီး ဇောခြွေးများထွက်ခါ တစ်နေရာရာ
ကိုရှောင်နေရန် ဆုံးဖြတ်ချက် ချလိုက်၏ ကားလမ်း
မှ လယ်ကွင်းပြင်များအတိုင်း ပြန်ဆင်းလာခဲ့ပြီး
စည်သာရွာ၌ရှိသော မိမိ၏ အဒေါ်ဖြစ်သူထံ သွားရန်
လှည်းလမ်းအတိုင်း သုတ်ခြေတင်လိုက်သည်
နေကလဲ ဝင်စပြုပြီမို့ လူလုံးသိပ်မကွဲတော့ပေ
ဖုန်ထူထူ လှည်းလမ်းတစ်လျှောက် ခပ်သုတ်သုတ်
လျှောက်လာရင်းရှေ့၌ နွားခြူသံများ ကြားလိုက်
ရသောအခါ စိန်ကြီး အားတတ်သွားပြီး လှည်း
နောက်သို့မီရန် အမြန်ပြေးလိုက်လေ၏ ။

“…ဝေ့…..လှည်းဆရာ…ခဏလောက်ရပ်ပါဦးဗျ….
….ကျုပ်…စည်သာရွာဘက်….လှည်းကြုံလိုက်ချင်
လို့ပါ…”

လှည်းမောင်းသူသည် ခမောက်ကို ခပ်ငိုက်ငိုက်
ဆောင်းစားလျှက် ဘာမျှပြန်မပြော ခေါင်းသ
ညိတ်ပြလာ၍ စိန်ကြီးလည်း လှည်းပေါ်သို့ အထုပ်
များပစ်တင်ခါ တတ်လိုက်လာခဲ့တော့သည်
လှည်းမောင်းသူသည် လှည်းကိုသာ အာရုံစိုက်မောင်း
နေပြီး ဘာမျှ မေးမြန်ခြင်း စကားပြောခြင်း မရှိပေ
လရောင်အောက်မှာ လေပြေအေးအေးနှင့် လှည်းကြုံ လိုက်စီးလာသော စိန်ကြီးမှာ တစ်နေကုန် ပင်ပန်းထား
သောကြောင့် ငိုက်မြည်းအိပ်ပျော် သွားလေတော့သည်
လှည်းလေးသည်လဲ နွားခြူသံမှန်မှန်ဖြင့် လှည်းလမ်း
လေးအတိုင်း တရွေ့ရွေ့ သွားနေလေ၏။

စိန်ကြီး ပင်ပန်းထားသောကြောင့် မည်မျှပင်အိပ်
ပျော်သွားသည်မသိ စီးလာသောလှည်းမှာ တုန့်ခနဲ
ရပ်သွားတော့မှ လန့်နိုးလာသည်။

“….ရောက်ပြီ….”

လှည်းမောင်းသူ၏ ရောက်ပြီဟု ခပ်ပြတ်ပြတ်ပြော
လာခြင်းကြောင့် လှည်းပေါ်မှ ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်သောအခါ။

“….ဟာ….ဒါ….ဒါဘယ်နေရာလဲဗျ…ကျုပ်လဲ….မမြင်
ဖူးပါဘူး..”

လှည်းပေါ်မှ ကြည့်လိုက်စဥ် လရောင်ရေးရေးအောက်
သင်္ချိုင်းကြီးတစ်ခုနှင့် ရေကန်ကြီးတစ်ခုကို ဝိုးတဝါး
မြင်လိုက်ရ၍ စိန်ကြီး သွေးပျက်နေလေပြီ ထိုစဥ်
လှည်းမောင်းသူသည် ခမောက်ကို တဖြည်းဖြည်းခြင်း
ချွတ်လိုက်ပြီနောက်။

“….ငါဘယ်သူလဲကြည့်စမ်း…..စိန်ကြီး..”

မိမိနာမည်ကို သိနေသော ထိုလူကိုစိန်ကြီး သေခြာ
ကြည့်လိုက်စဥ်။

“…နင်…..နင်ပိုး…..ပိုးဥ…..ဟာ….သွားပြီ…”

စိန်ကြီး လှည်းပေါ်မှ အမြန်ခုန်ချလိုက်ပေမဲ့ အခြေ
အနေက မပေးတော့ စိန်ကြီးတစ်ကိုယ်လုံး လှုပ်ရှား
မရ ကျောက်ရုပ်ကြီးသဖွယ် ရှိနေတော့သည်
ထိုက်အခိုက်မှာပဲ ပိုးဥဆိုသော အလောင်းကောင်
ကြီးမှာ အနားသို့ တိုးကပ်လာရင်း စိန်ကြီး၏လည်ပင်း
မှ ဆွဲကိုင်လိုက်ပြီး ရေကန်ကြီးရှိရာသို့ ဒရွတ်တိုက်
ဆွဲခေါ်သွားလေ၏ သွေးပျက်ခြောက်ခြားနေသော
စိန်ကြီးမှာ ရုန်းကန်အော်ဟစ်နေပေမဲ့ ထိုအလောင်း
ကောင်ကြီးက ဂရုစိုက်ဟန်မရှိပေ။

“…..အားးးး….ငါ့ကိုလွှတ်…..လွှတ်ပေးပါ….”

ကန်ရေစပ်၌ စိန်ကြီးလည်ပင်းအားကိုင်ပြီး ရေထဲသို့
ထိုးနှစ်လေတော့သည်။

“….အားးးး….ဝုးးးဝူးးး….”

စိန်ကြီး သေလုမြောပါး ဖြစ်နေပြီ မိန်းမနဲ့ ယောကျ်ား
ဆိုပေမဲ့ ထူးဆန်းစွာ ရုန်းကန်လို့ မရ​ပါပေ ထိုအခိုက်။

“…ငါ့သမီး….အဲ့ဒီလိုမလုပ်ရဘူးလေ….သတ္တဝါတိုင်း
ဟာ….ကံ…ကံ၏အကျိုးအတိုင်း….ဖြစ်ကြရမှာပါ
ကွယ်….လွှတ်ပေးလိုက်ပါကွယ်….”

ပိတ်ဖြူစင်ကြယ်ဖြင့် အဖိုးကြီးတစ်ဦး ကန်ဘောင်
ပေါ်ကနေ လှမ်းပြီး ပြောသံကိုကြားရတော့ ပိုးဥဆို
သော အလောင်းကောင်ကြီးသည် လက်ထဲမှ ရေနှစ်
ပြီးသတ်နေသော စိန်ကြီးလည်ပင်းအား လွှတ်ချလိုက်
ပြီး လက်အုပ်ချီလျှက် ရှိုက်ကြီးတငင် ငိုကြွေးလေ၏။

“….သမီးကို….ခွင့်လွှတ်ပါ…အဘရေ….သူတပါး
အသက်ကို….သေစေခြင်းဟာ…ပါဏာတိပါတာကံ….
မြောက်တယ်….ဆိုပေမယ့်….မပြေနိုင်တဲ့…….
….အငြိုးများကြောင့်….သမီး…..လူယုတ်မာ
တသိုက်နဲ့…..ငရဲလိုက်သွားပါစေတော့…”

ပြောရင်းနဲ့ စိန်ကြီးလည်ပင်းကို သိုင်းဖက်ခါ ရေထဲသို့
ခုန်ချ ပြောက်ကွယ်သွားပါတော့သည် ငြိမ်သက်သွား
သော ရေပြင်အားကြည့်ရင်း ကံဘောင်ပေါ်က အဖိုး
ကြီးသည် လက်ထဲမှ ပုတီးကိုစိပ်ရင်း။

“….သြော်….အငြိုးရန်စွယ်…တစ်ကယ်မလွယ်ပါ့လား..
….အငြိုးကြီးလိုက်တာ….ငါ့သမီးရယ်….အင်း….
….လူအခြင်းခြင်းမုန်းထားခြင်း….ကင်းရှင်းကြပါစေ
ကွယ်….”

လမင်းကြီးကတော့ ထိန်ထိန်သာလျှက်
အဖိုးကြီး ရေကန်ပျက်ကြီးအား ကျောခိုင်းရင်း
တဖြေးဖြေး မှုန်ဝါးပျောက်သွားပါတော့သည်။
.
.
ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.လေလွင့်လူ(တွံတေး)13.7.2022✍️✍️✍️