ချစ်ကောင်းတစ်ယောက် ဖခင်ဝယ်ပေးသော ဆွဲကြိုးလေးအား ကြည့်ရင်း ကျေနပ်နေဟန် ပေါ်သည်။ ၁၈ နှစ်သားလေးဖြစ်သောကြောင့် အလှအပ၊ အပြင် အဆင်တို့လည်း လွန်စွာ ခုံမင်သောအချိန်ပင် ဖြစ်သည်။ ဖခင်ဖြစ်သူသည် နယ်လှည့်၍ လောင်းကစားလုပ်ကာ မိသားစု ဝမ်းရေးအကြောင်းပြ၍ မိမိ လောင်းကစား အတွက် ငွေရှာနေသော ဖဲအကျော်အမော် ပုဂ္ဂိုလ်တစ်ဦး ပင် ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်စောသည် အိမ်စရိတ် အား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ပဲပြုတ် ရောင်းသည်။ ယောက်ျားဖြစ်သူ လောင်းကစားလုပ်ခြင်း ကို တစ်အိမ်သားလုံးမှ မနှစ်သက်ကြချေ။ လောင်းကစား ဆိုသော သဘောသည် အမြဲတမ်း နိုင်မနေချေ။ နိုင် တစ်လှည့် ရှုံးတစ်လှည့်ပင်။ အနိုင်ထက် ရှုံးသည့် အရေအတွက် ပိုမိုများပြားနေသည်။ ဦးမြင့်ကြိုင် တစ်ယောက် ဖဲရှုံးသောအခါတွင် သားဖြစ်သူ ချစ်ကောင်း အတွက် မိမိဝယ်ပေးထားသော ဆွဲကြိုးလေး အား အမြဲ လိုလို လည်ပင်းမှ ချွတ်ယူကာ အပေါင်ဆိုင် ရောက်သွား လေ့ရှိသည်။ လည်ပင်းတွင် ဆွဲထားရသော နေ့ထက် အဖေဖြစ်သူ ဖဲရှုံး၍ အပေါင်ဆိုင်ရောက်နေသောနေ့
များသည် ပိုမိုများပြားနေသည်။ မပေးချင်သော်လည်း ဖခင် အခက်အခဲ ဖြစ်သောကြောင့် အမြဲလိုလို ဖြုတ်ပေး ရလေသည်။ သို့သော် စိတ်မကောင်းချေ။ အသက် အရွယ်မှာ ၅ဝ ကျော် ၆ဝ ဖြစ်နေသည့်အတွက် လောင်း ကစား မလုပ်သင့်တော့ဘဲ တရားဓမ္မလုပ်ရင်း သမ္မာ အာဇီဝကျသော အလုပ်လေးတစ်ခု လုပ်စေချင်သည်မှာ ချစ်ကောင်း၏ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပင်။
သို့သော် အဖေဖြစ်သူသည် ကြီးလေမိုက်လေဆို သောစကားအရ နဂိုထက် ပိုမိုဆိုးရွားလာသည်ကို သတိထားမိလာသည်။ “ဘယ်ရပ်ကွက်၊ ဘယ်အိမ်တွင် အသုဘရှိသနည်း’အမြဲလိုလို စုံစမ်းနေသည်။ အသုဘ အိမ်ရှိသောအခါတွင်လည်း အိမ်သို့ ပြန်မလာတော့ဘဲ ‘မသာ ၇ ရက်၊ အဖေ ၁ဝ ၊ အဖေ ၁ဝါဆိုရလောက်အောင် အသုဘ
ရက်လည်ပြီး ၂ ရက်၊ ၃ ရက်ကြာလောက်မှ ပြန်လာ လေ့ရှိသည်။ ပြန်လာသောအခါတွင်လည်း ကောင်းမွန် စွာ ပြန်လာခြင်းမရှိဘဲ ပြဿနာပေါင်းများစွာ ရှာလာ တတ်သေးသည်။ ဖဲဝိုင်းမှာ ဖဲခိုးလို့ ထိုးလိုက်တာ ၃ ချက် ချုပ်ရတယ်။ ရပ်ကွက်ရုံးမှာ လာရှင်းပါ” စသော ကိစ္စတို့သည် ချစ်ကောင်းတို့အိမ်တွင် အမြဲလိုလို ကြား
နေရသည်။ အမေဖြစ်သူသည် လိုက်ဖြေရှင်းပေးရသည် မှာလည်း အမြဲလိုလိုပင်။ ယခုလည်း အဖေ ပြန်မလာ သည်မှာ ၅ ရက်မြောက်လေပြီ။ ဘယ်ဖဲဝိုင်း၊ ဘယ် အသုဘအိမ်တွင် ရှိမလဲ မပြောတတ်ချေ။ အမေသည် အဖေအား ညတိုင်းလိုလို ညဉ့်နက်သည်အထိ ပြန်လာနိုး၊ ပြန်လာနိုးနှင့် စောင့်နေလေ့ရှိသည်။ ချစ်ကောင်းနှင့် အစ်မဖြစ်သူ မြမြတို့မှာတော့ လူငယ်များပီပီ စောစော အိပ်တတ်ကြသည်။
မြမြသည် အစိုးရဘဏ်တွင် ဝန်ထမ်းဖြစ်ပြီး ချစ် ကောင်းသည် ဆယ်တန်းစာမေးပွဲဖြေထားသော ကျောင်း သားတစ်ဦးပင် ဖြစ်သည်။ ဖခင်၏လုပ်ရပ်များသည် မိသားစုအတွက် ဂုဏ်မတက်စေသည့်အပြင် အစ်မဖြစ် သူ၏ လုပ်စာ အမေဖြစ်သူ၏ ပဲပြုတ်ရောင်းရသော ပိုက်ဆံတို့ကိုလည်း မကြာခဏဆိုသလိုပင် ခိုးယူတတ် သေးသည်။ ချစ်ကောင်းတစ်ယောက် ဖခင် လမ်းမှန် ရောက်၍ လူကောင်းတစ်ဦးဖြစ်စေရန် အလို့ငှာ အမြဲ လိုလို နည်းလမ်းရှာ တားမြစ်ချင်နေသည်။ တားမြစ်ချင် သော်လည်း ငယ်စဉ်ကစ၍ ဖခင်ဖြစ်သူအား ဖိန့်ဖိန့်တုန် အောင် ကြောက်လန့်ရသောကြောင့် တားရသည်မှာ ခပ်လန့်လန့်ပင်။
“သားရေ.. ချစ်ကောင်း မင်းအဖေ ပြန်မလာတာ ၇ ရက်ရှိနေပြီ။ အမေ စိတ်ပူလိုက်တာ သားရယ်” ပဲပြုတ်ရောင်းပြီး ပြန်လာတော့ ဒေါ်စောတစ် ယောက် မောပန်းနေသည့်ကြားမှ ခင်ပွန်းဖြစ်သူ ပြန် မလာသည့်အတွက် စိတ်ပူ၍ သောကရောက်နေသော အမူအရာများသည် လွန်စွာ သနားဖွယ်ကောင်းလှသည်။ ယောက်ျားဖြစ်သူက အိမ်အသုံးစရိတ်နှင့် သုံးစွဲရန် ပိုက်ဆံမပေးသည်မှာ ၃ လကျော်နေလေပြီ။ သို့သော် ဒေါ်စောသည် မတောင်းချေ။ “သူ ဖဲရှုံးလို့ပဲ ဖြစ်မယ်” တွေးမိနေသည်။ သမီးဖြစ်သူ အစိုးရဝန်ထမ်း လခမှ ရသော လစာလေးနှင့်အတူ မိမိ ပဲပြုတ်ရောင်း၍ရသော ပိုက်ဆံ၊ ချစ်ကောင်း ဂိုက်သင်၍ရသော ပိုက်ဆံတို့အား ခြစ်ခြစ်ကုတ် ချွေတာကာ မိသားစုဝမ်းရေးနှင့် အသုံး စရိတ်အတွက် ရင်ဆိုင်နေရသည်။ “လာမှာပါအမေရယ်၊ အသုဘမှာ ဖဲဝိုင်း မပြီးသေး လို့ နေမှာပါ။ စိတ်ပူမနေနဲ့နော်”
ပြောနေရင်း အဖေ့ခေါ်သံကို ခပ်ဝေးဝေးမှ ကြား နေရသည်။ ချစ်ကောင်း သိလိုက်ပြီ။ အဖေ ဖဲရှုံး၍ ကျွန်တော့်ဆွဲကြိုး ချွတ်ပေးရတော့မည်။
“မစော၊ ဘာချက်လဲဟာ၊ ငါ ဗိုက်ဆာတယ်” “ငါးပိရည်ပဲရှိတယ်”
ယောက်ျားဖြစ်သူအား ဘုကျကျ ပြောလိုက်လေ သည်။ ဦးမြင့်ကြိုင်လည်း လွန်စွာ ထမင်းဆာနေဟန် ပေါ်သည်။ ဖိနပ်ချွတ်ကာ မီးဖိုခန်းအတွင်းသို့ဝင်၍ ဟိုလှန်ဒီလှန်လုပ်ပြီး ဒေါ်စောပြောသော ငါးပိရည်နှင့် ပဲတီချဉ်တို့စရာနှင့်အတူ ထမင်းစားလေသည်။ ထမင်း ပေါ်ကို ငါးပိရည်တွေ မှောက်ချလိုက်ပြီး တို့စရာတွေ မြှုပ်လိုက်၊ ပါးစပ်ထဲ အားရပါးရ သွင်းလိုက်နှင့် နေသည်မှာ မြိန်စရာပင်။ နောက်ဖေး မီးဖိုချောင်မှ စား
နေရင်း..
“ချစ်ကောင်းရေ၊ အဖေ့ကို ဆွဲကြိုးလေး ခဏပေး ပါဦးကွာ၊ အဖေ ရှုံးနေလို့”
အပေါင်ဆိုင်မှ ပြန်ရွေးပေးထားသည်မှာ ၁ဝ ရက် မပြည့်သေးပေ။ အခု တစ်ခါ ထပ်တောင်းနေသည်တွင် ဆွဲကြိုးကိုချွတ်ပြီး ဧည့်ခန်း စားပွဲပေါ် တင်ပေးခဲ့သည်။ ချစ်ကောင်းမှာ အတော်ကြီး စိတ်မကောင်းဖြစ်ကာ အပြင်သို့ ထွက်ခဲ့လေသည်။
“အဖေက ငါ့ကို ဒီဆွဲကြိုးဆင်ချင်လို့ ဆင်ထားတာမှ မဟုတ်ဘဲ၊ သူ အသုံးလိုတဲ့အခါ အရေးပေါ်ရောင်းဖို့ ငါ့ကို ဆင်ထားတာပဲ အဖေဗျာ၊ လုပ်ရက်တယ်” စိတ်ထဲတွင် တဖြည်းဖြည်း မုန်းတီးစ ပြုလာလေ သည်။ ရပ်ကွက်စာကြည့်တိုက်တွင် စိတ်ညစ်ညစ်ဖြင့် ထိုင်နေရင်း စာကြည့်တိုက်မှူး မိမိဆရာ ဆရာဦးမြတ် စိုးနှင့် တွေ့ကြလေသည်။ ဆရာတပည့်နှစ်ဦး ရှေးဖြစ် ဟောင်းများ ပြောကြရင်း ချစ်ကောင်းအဖေအကြောင်းကို ပြောမိကြလေသည်။
“မင်းအဖေ့ကို ဘယ်သူချွတ်ချွတ် ကျွတ်မှာ မဟုတ် ပါဘူး၊ မင်းချွတ်မှ ကျွတ်တော့မှာ။ သူ့ကို မင်း ရွတ်ပြရ မယ်၊ သူဆိုးသလို မင်းလိုက်ဆိုးပြရမယ်၊ သူ အရက် သောက်သလို သူနဲ့အတူ တစ်ဝိုင်းတည်းထိုင်ပြီး မင်း သူ့ထက်သာအောင် သောက်စားပြရမယ်။ လောင်းကစား လည်း ထိုနည်းတူတူပဲ။ နောက်ဆုံး မခံနိုင်တော့သည့်
အဆုံး ရှေ့ဆောင်လမ်းပြ မဟုတ်သည့်အတွက် ဒီလိုဖြစ် ရတာပါဆိုတာကို သူ သဘောပေါက်သွားလိမ့်မယ်” ဆရာဦးမြတ်စိုး ပြောသည့်အကြံအား လက်ခံချင် သော်လည်း မိမိသည် ကံငါးပါးမှ အရက်သောက်ခြင်း ကံအား ဘယ်သောအခါမှ မကျူးလွန်ပါဟု သစ္စာဆို ထားသည့်အတွက် အခက်တွေ့နေသည်တွင် အတန်ကြာ စဉ်းစားနေသည်။ မဖြစ်တော့သည့်အဆုံး ဆရာဖြစ်သူ ပေးသော အကြံအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်လိုက် လေသည်။ မိခင်ဖြစ်သူ၏ နေ့စဉ် စိတ်ဆင်းရဲနေသော မြင်ကွင်းများကိုလည်း မတွေ့ ချင် မတွေ့ ရက်တော့ပေ။ ပထမဆုံးအနေဖြင့် ရပ်ကွက်ထဲတွင် အရက်ပုန်း ရောင်းသော ဖိုးဖြူဆိုင်သို့ သွားရောက်၍ အရက်ဖြူနှစ် လုံးအား ရေမရောဘဲ မော့ချလိုက်သည်။ အရက်ဆိုင် တွင်ထိုင်နေသော အရက်သမားများ အံ့အားသင့်သွား ကြသည်။ အေးဆေးတည်ငြိမ်စွာ အခြောက်လေးသဖွယ် ကနွဲ့ကလျနေသူ ချစ်ကောင်း အရက်သောက်နေသည့် မြင်ကွင်းကို လွန်စွာ စိတ်ဝင်စားနေကြသည်။ ထို အကြားတွင် ဖခင်ဖြစ်သူနှင့် ဖဲရိုက်ဖော် ဖဲရိုက်ဖက် ဦးလေးမောင်လည်း ရှိနေသည်။ ဦးလေးမောင် ရှိနေ သည့်အတွက် ဤသတင်း ဖခင်ဖြစ်သူနားတွင် ပြန် ရောက်မည်မှာ မလွဲပေ။ ချစ်ကောင်း မူးလာပြီး တစ် ဆိုင်လုံး ရမ်းတော့လေသည်။ ထိုဦးလေးမောင်ကြီးကပဲ အိမ်သို့ တွဲကာ လိုက်ပို့လိုက်လေသည်။ ရပ်ကွက် အတွင်းမှာ ထိုမြင်ကွင်းကို ရှုတ်ချ အပြစ်တင် ကဲ့ရဲ့ကြ လေသည်။
“အရက်သမားကြီးသား အရက်သမားလေး၊ ဖဲ သမားကြီးသား ဖဲသမားလေးဖြစ်ပြီ” စသော စကား သံများ ထွက်လာလေသည်။ သို့သော် ချစ်ကောင်းတစ် ယောက် အရေးမစိုက်ပေ။ မိမိရည်မှန်းချက်သည် ဖခင် ဖြစ်သူအား ကျွတ်အောင် ချွတ်မည့်အရေးပင်ဖြစ်သည်။ “ငါတော့ စိတ်ညစ်တာပါပဲအေ” “ဘာဖြစ်လို့တုံး အမေ”
“ဘာဖြစ်ရမလဲ။ ညည်းမောင် အရက်သမားဖြစ်
“ဟုတ်တယ်၊ သမီးနဲ့ ရုံးဆင်းချိန် လမ်းထိပ်မှာ တွေ့ တယ်။ သူ့ကိုယ်သူတောင် မတည်နိုင်ရှာဘူး”
“ကောင်းတာပေါ့အေ၊ အဖေကလည်း အရက် သမား၊ ဖဲသမား၊ သားကလည်း အဖေ့ခြေရာ နင်းတာ ပေါ့။ အမလေး ကိုမြင့်ကြိုင်”
ပြောကာဆိုကာဖြင့် အော်ဟစ်ညည်းညူငိုနေ သည်။ ချစ်ကောင်းနှင့်အတူ သူငယ်ချင်းဖြစ်သော မြင့် သိန်းသည် အရက်သောက် ဖဲရိုက်သော ငယ်သူငယ် ချင်းဖြစ်သည့်အတွက် သူတို့နှစ်ဦး တွဲကြလေသည်။ လွန်ခဲ့သောနှစ်များတွင် ချစ်ကောင်းနှင့် မြင့်သိန်းတို့ နှစ်ဦးသည် မသင့်မြတ်ကြပေ။ ပြဒါးတစ်လမ်း၊ သံ တစ်လမ်း ဖြစ်သည့်အလျောက် ချစ်ကောင်း စာတော် သည်ကိုလည်း မြင့်သိန်းက ဆိုးသွမ်းနေသည့်အတွက် ကြည့်မရ၊ အကြောမတည့်ချေ။ ယခုအခါ တစ်လမ်းစီ မဟုတ်တော့ဘဲ လမ်းတစ်ခုတည်း ဖြစ်သွားသည့် အတွက် သင့်မြတ်သွားခဲ့ကြလေသည်။
“မြင့်သိန်း သူငယ်ချင်း၊ အဝသောက်နော်၊ နှစ်ပုလင်း မဝရင် နောက်နှစ်ပုလင်းမှာ၊ ပြီးရင် ဒေါ်ဘုကြီး အသုဘ သွားပြီး ဖဲရိုက်ကြမယ်”
မြင့်သိန်းအား အရက်အဝတိုက်ပြီး ဖဲဝိုင်းသွားရန် တာစူနေသည်။ ရပ်ကွက်အစွန်က ဒေါ်ဘုကြီး မနက်က ဆုံးသည့်သတင်း အတိအကျ ရထားသောကြောင့် သွားရန် တကဲကဲဖြစ်နေကြသည်။ ဖခင်ဖြစ်သူ ဦးမြင့် ကြိုင် ထိုအသုဘအိမ် ဖဲဝိုင်းတွင် ရှိသည်မှာ မလွဲဧကန် ပင်။ ညနေ ၆ နာရီခွဲအချိန် ချစ်ကောင်းနှင့် မြင့်သိန်း တို့နှစ်ဦး အရက်ဆိုင်မှ ဖဲဝိုင်းရှိရာ အသုဘအိမ်သို့ ချီတက်လာကြသည်။
မှန်းထားသည့်အတိုင်း ဖဲဝိုင်းမှာ ကြိတ်ကြိတ်ခဲ လူစည်ကားနေသည်။ အမျိုးသမီးများ၊ ကလေးများပင် ရှိသေးသည်။ ချစ်ကောင်း ခပ်တည်တည်ဖြင့် ဖဲဝိုင်း၏ ခေါင်းရင်းတွင် ထိုင်ကာ ဒိုင်လုပ်လေသည်။ ဆရာဖြစ်သူ ဦးမြတ်စိုးထံမှ ချေးလာသော ငွေ ၃ သိန်းနှင့် လူမိုက် ဝင်လုပ်နေသည်။ မိမိတို့ဝိုင်းနှင့် မျက်နှာချင်းဆိုင်တွင် အသံအော်ကျယ်အော်ကျယ်နှင့် ပုဆိုးတမမနှင့် စကား အော်ကြီးဟစ်ကျယ်ပြောကာ ကွမ်းတပျစ်ပျစ် လုပ်နေ သော ဖခင်အား ရောက်ရောက်ချင်း သတိထားမိသည်။ သို့သော် ဖခင်ဖြစ်သူသည် သတိမထားမိချေ။ အရက်မူး နေသောအရှိန်ကြောင့်လည်း ပါမည်။ ချစ်ကောင်း
ကစား
တစ်ယောက် ဖဲချပ်များကို သေချာ ဂဃနဏ မကိုင်ဖူး ချေ။ သို့သော် သူငယ်ချင်းဖြစ်သူ မြင့်သိန်းမှာ တတ်သောကြောင့် စိုးရိမ်စရာ မရှိပေ။ ဖခင်ဖြစ်သူ ဖဲရှုံး နေသည်ကိုလည်း သတိထားမိသည်။ မိမိတို့နှစ်ဦးမှာ တော့ နိုင်လည်းမနိုင်၊ ရှုံးလည်း မရှုံးချေ။ အရက် သောက်၍ ဖဲရိုက်နေသော ဖခင်အား သနားနေမိသည်။ အရက်မူးနေသရွေ့ ဘယ်တော့မှ ဖဲမနိုင်မည်ကို နား လည်သဘောပေါက်ပုံ မရပေ။ ပတ်ဝန်းကျင်မှ လူတွေ က သတိထားမိကြပြီး သားအဖနှစ်ဦး တစ်ယောက် တစ်ဝိုင်း ဖဲရိုက်နေကြသည်ကို အံ့သြနေကြသည်။ “ဟေ့ကောင်.. မြင့်ကြိုင်၊ ဟိုဘက်ဝိုင်းမှာ မင်းသား ဒိုင်လုပ်နေတယ်၊ သွားကြည့်ဦး”
သူငယ်ချင်းဖြစ်သူ ဦးလေးမောင်ကြီး အနားကပ် ပြောလိုက်သည်ကို ချစ်ကောင်း သတိထားမိလိုက်သည်။ “ဘယ်မှာတုံးကွ”
“ဟောဟိုမှာ မင်းတည့်တည့်က ဝိုင်းမှာ”
ဦးမြင့်ကြိုင် လှမ်းကြည့်လိုက်သောအခါ မိမိ ဖဲရိုက်
သောပုံစံ ပုဆိုးအားတမမ၊
၊ ကွမ်းတပျစ်ပျစ်နှင့် အော်
ကျယ်အော်ကျယ်ပြောနေသော ချစ်ကောင်းအား တွေ့ လိုက်ရသည်မှာ မိမိမျက်လုံးကိုပင် သံသယဝင်ရမည် ဖြစ်သည်။ ဖဲရိုက်ဖော် ဖဲရိုက်ဖက်များမှ… “မြင့်ကြိုင်သား ဖဲသမားဖြစ်နေပြီ”
“ဖြစ်မှာပေါ့ကွ၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မှာလေ” စိတ်တိုဒေါသလည်း ထွက်မိသည်။ ရှက်ကိုးရှက် ကန်းဖြစ်ပြီး ဖဲဆက်မရိုက်နိုင်တော့ဘဲ တစ်ချိုးတည်း အိမ်သို့ ပြန်လာခဲ့သည်။
ထိုမြင်ကွင်းအား ချစ်ကောင်း စိတ်မကောင်းချေ။ သို့သော် တစ်ဆင့် အောင်မြင်သွားလေပြီ။ နောက်နေ့ နေ့လယ် ဖခင် အရက်ဆိုင်သွားသည်ကို မြင်သော ချစ် ကောင်းတစ်ယောက် သူငယ်ချင်း အရက်သမား မြင့် သိန်းကိုခေါ်ကာ အရက်ဆိုင်သို့ လိုက်သွားခဲ့ပြန်သည်။ ဖခင်ထိုင်နေသော ဝိုင်းအား ဝင်ထိုင်ကာ
“အဖေ ကျွန်တော် ထိုင်မယ်နော်” “ကိုဖြူ အရက် ၄ ပုလင်းချဗျာ၊ ကျုပ်အဖေမြည်းဖို့ အကောင်းဆုံး အမြည်းလုပ်ပေး”
ဦးမြင့်ကြိုင်တစ်ယောက် ဘာမျှမပြောဘဲ ငြိမ်နေ သည်။ အရက်သောက်ဖော်သောက်ဖက်များသည်လည်း ဝိုင်းသရော်နေကြသည်။
“ကိုမြင့်ကြိုင်၊ ခင်ဗျားသားနဲ့ပါ တစ်ဝိုင်းတည်း သောက်နေတယ်”
အရက် ၂ ခွက်ခန့်သောက်ပြီး ဘာမျှမပြောဘဲ အိမ် သို့ ပြန်လာခဲ့သည်။ ထိုကဲ့သို့ သားဖြစ်သူနှင့် ၃၊ ၄ ခါ ခန့် အရက်ဆိုင် ဖဲဝိုင်းတို့တွင် အတူတူထိုင်ပြီး ပတ်ဝန်း ကျင်၏ ကဲ့ရဲ့ရှုတ်ချမှုတို့အား နားမခံနိုင်တော့သည်က တစ်ကြောင်း၊ လိမ္မာလှပါပြီဟု ယုံကြည်တန်ဖိုးထား သော သားကို ဒေါသဖြစ်လာသည်ကတစ်ကြောင်း၊ ရှက် လာသည်ကတကြောင်း အရက်ကို စတင်ဖြတ်လေ သည်။ အရက်ဖြတ်ဖြတ်ချင်း နေမကောင်းချေ။ ဆရာဝန် ဆီသွားကာ အကျိုးအကြောင်းပြောပြသည်။ ဆရာက လိုအပ်သည့်ဆေးများ၊ အိပ်ဆေးများလည်း ပေးသည်။ မိန်းမဖြစ်သူ၏ ပြုစုယုယမှုနှင့်အတူ သမီးဖြစ်သူ၏ ဂရု စိုက်မှုကြောင်း များမကြာမီ အရက်ပြတ်ကာ အကောင်း အတိုင်း ပြန်ဖြစ်လာသည်။ ချစ်ကောင်း ထီပေါက်သည် ထက် ပိုမိုပျော်ရွှင်နေသည်။ မိမိအဖြစ်ချင်ဆုံးဆန္ဒ ပြည့် တော့မည်ဖြစ်သည်။ ခေါင်းရင်းတွင်ရှိသော ခြံအလွတ် တွင် ရာသီစာ သီးပင်စားပင် စီးပွားဖြစ် စတင်စိုက်ပျိုးပြီး သားငယ်ချစ်ကောင်း ဆွဲကြိုးအား အပေါင်ဆိုင်မှ ပြန်ရွေး နိုင်ရန် ကြိုးစားနေသည်။
ညနေခင်းတစ်ခု ဦးမြင့်ကြိုင်၊ ဒေါ်စော၊ မြမြတို့ ထမင်းစားနေကြစဉ် “အဖေ.. အဖေ”ဟု ချစ်ကောင်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ သုံးယောက်လုံး ထမင်းစားရပ်ကာ “ဘာများဖြစ်သနည်း”ဟု တွေးမိ၍ ကတုန်ကယင်ဖြစ်ပြီး အိမ်ရှေ့သို့ ပြေးထွက်လာကြ သည်။ ဆရာဖြစ်သူ မြတ်စိုးလည်း ပါလာသည်။ “သားငယ် ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ အဖေ့ကို ပြောပါကွာ၊ စိတ်ပူလွန်းလို့ပါ”
“ကဲ.. မောင်ချစ်ကောင်း၊ အကျိုးသင့်အကြောင်း သင့် ရှင်းပြလိုက်ပါဦး”
ချစ်ကောင်း ဖခင်ဖြစ်သူ လူကောင်းပြန်ဖြစ်စေရန် ဆရာပေးသော အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့ပါ သည်။ အပြစ်ရှိရင်လည်း ခွင့်လွှတ်ပါဟု အားလုံးကို
ဝန်ချ တောင်းပန်ကန်တော့လေသည်။ ဦးမြင့်ကြိုင် တစ်ယောက် ဝမ်းသာဝမ်းနည်း မျက်နှာကြီးဖြင့် ဆရာ ဦးမြတ်စိုးအား ကျေးဇူးတင်လွန်းသောကြောင့် ထိုင်ကန် တော့တော့သည်။ ထိုနေ့မှစ၍ ဖခင်ဖြစ်သူ သီးပင်စားပင် စီးပွားဖြစ်စိုက်သောအလုပ်တွင် ချစ်ကောင်း နေ့စဉ် ဝိုင်းဝန်းကူညီခဲ့သည်။ မိမိစိုက်ပျိုးသော အပင်များနှင့် သိသိသာသာ စိတ်ချမ်းသာလာခဲ့သည်။
“သား… ဒီနေ့ အောင်စာရင်းထွက်မှာမို့လား၊ သွားကြည့်လေကွာ”
“ဒီနေ့မဟုတ်ဘူးအဖေ၊ မနက်ဖြန်မှ” “… 639:639:”
ချစ်ကောင်းတစ်ယောက် ရင်ခုန်စွာ စောင့်မျှော်နေ သည်။ အောင်စာရင်းအား မကြည့်ရဲသည့်အတွက် အိပ်ခန်းအတွင်း စောင်ခြုံကာ ပုန်းနေသည်။ မိခင်ဖြစ် သူနှင့် အစ်မဖြစ်သူအား သွားကြည့်ခိုင်းလိုက်လေသည်။ ခဏကြာတော့ အသံကြားရသည်။
“ချစ်ကောင်းရေ၊ အဖေရေ အောင်တယ်ဗျို့၊ ဂုဏ်ထူး
၂ ခုတောင်ပါသေးတယ်”
အစ်မဖြစ်သူ၏ အော်ဟစ်ပြောဆိုသံအား ကြား လိုက်ရသော သားအဖနှစ်ယောက် ခုန်ပေါက်ကာ ချစ်ကောင်းတစ်ယောက် အိပ်ခန်းအတွင်းမှ ထွက်လာ ခဲ့လေသည်။ ဦးမြင့်ကြိုင် ဟင်းရွက်စိုက်ပျိုးစားသော ခြံ အတွင်းမှ မြေသြဇာကျွေးနေရင်း ပြေးလာခဲ့သည်။ ပျော်ရွှင်ကြည်နူးနေကြသည်မှာ ပြောမပြတတ်အောင်ပင်။
“သား လူလေး၊ အဖေ မင်းကို ပေးစရာရှိတယ်” “ဘာများလဲအဖေ”
“ဒီမှာ မင်းလည်ပင်းက ခဏခဏချွတ်ပြီး အပေါင် ဆိုင် ရောက်ရောက်သွားတဲ့ ဆွဲကြိုးလေးလေ။ ဘယ် တော့မှ မချွတ်ရတော့ဘူး၊ အပြီး ဆွဲထားလိုက်တော့” ဖဲရှုံး၍ ခဏခဏချွတ်ပေးနေရ၍ အပေါင်ဆိုင် ရောက်ရောက်နေသော ဆွဲကြိုးလေးအား ပြန်လည် ရွေး ပေးသည်။ ချစ်ကောင်းတစ်ယောက် ထိုဆွဲကြိုးကို ကိုင် ကြည့်ရင်း အမြဲလိုလို ကျေနပ်ပြုံးပျော်နေလေတော့သည်။
ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၇။