အမည်မသိရယ်သံ (စ/ဆုံး)
~~~~~~~~~~~~~~~~~~~
ကျူပ်တို့ရွာရဲ့ အပြင်ဘက်က အိမ်ကြီးက
ထူးခြားတယ်ဗျာ။
ကျူပ်အခုလို့ပြောလို့ ခင်ဗျားတို့ အိုက်ဒီအိမ်
ကြီးက ဘယ်လို့ထူးခြားတာလဲလို့ ကျူပ်
ကို မေးချင်မှာပေါ့ မဟုတ်ဘူးလား။
အိုက်ဒီအိမ်ကြီးရဲ့ ထူးခြားချက်က ကျူပ်တို့
တစ်ရွာလုးံ အံဩလို့ မဆုးံလည်း ဖြစ်
တယ်။
ကျူပ်တို့ရွာက လူတွေကလည်း ညနေ နေဝင်
ခန့် နီးလို့ ဆည်းဆာ ရောင်နီတန်နေချိန်မှာ
ဆို တစ်ယောက်မှာ ရွာအပြင်ဘက်ကို
မထွက်ရဲကြဘူးဗျာ။
ရွာအပြင်မထွက်ရဲ ့တဲ့ အကြောင်းအရင်း
ကလည်း အကြောင်းပြချက် ခိုက်ခိုက်လုံလုံ
မရှိဘဲ တစ်ယောက်မှာ မထွက်ရဲကြတာပါ။
တခြားရွာက ကျူပ်တို့ရွာရဲ့ အကြောင်းကို
သိတော့ သူတို့အတွက် ရယ်စရာ ဟာသ တစ်
ခုဖြစ်သွားရတာပဲဗျာ။
ဟုတ်လည်း ဟုတ်ပါတယ် သူတို့ရယ်စရာ
ဖြစ်ရင် လည်း ဖြစ်ချင်စရာပဲဗျူိ့။
ကျူပ်ဒီအိမ်ကြီးအကြောင်းကြီး ကို ပြောပြမယ်
နော်။
ဒီအိမ်ကြီး အကြောင်းကိုပြောရမယ်ဆို့ရင်
အရှည်ကြီးပဲဗျာ။
ကဲ စပြောပြီးနော်။
လွန်ခဲ့တဲ့ နှစ်၂၀ လောက်က ပေါ်ဗျာ။
မြို့က သူဌေး လင်မယားနှစ်ယောက်က ကျူပ်
တို့ရွာကို စက်ရုံ ဆောက်ဖို့ ဆိုပြီး မြေကွက်
လာကြတာ ကနေစပြောရမှာပဲဗျာ။
သူဌေး လင်မလား နှစ်ယောက်ရဲ့ နာမည်က
ဦးကျော် နှင့် ဒေါ်ဝါတိုပဲ ဖြစ်တယ်။
သူဌေးလင်မယား နှစ်ယောက်က တစ်နေ့
ကျူပ်တို့ရွာကို ကားအဖြူရောင် ကြီးနဲ့
ဒုန်းစိုင်းကြီး ရောက်လာပါတယ်။
သူဌေးလင်မယား နှစ်ယောက်က ပထမဦး
ဆုးံ သူကြီးအိမ်ကို ရောက်လာတယ်။
သူကြီးအိမ်ရှေမှာ ကားရပ်လိုက်ပြီး ကား
ပေါ်က ဆင်းလာတယ်။
ရုပ်ရှင်တွေ ဗီဒီယို့ တွေထဲက လို့ပဲဗျာ။
တကယ်ကို မင်းသားမင်းသမီးတွေ ကြည်
နေရတဲ့ အတိုင်းပဲ။
အသားက ဖွေးဖြူပြီး တကယ်ကို မော့တယ်
ဘှိူင့်လာလို့ အောင့်မေ့ရတယ်ဗျာ။
လက်မှာ ဝတ်ထားတာ ရွှေတွေ ရွှေတွေ ဆို
ဒါများ အများကြီးပဲ ။
သူဌေးကတော့် ကတော့ဗျာ မျက်လုးံစူး
မတတ်ဝတ်ထားတာ ရွှေတွေ လက်မှာ သီး
နေတာပဲဗျာ။
ဒီလိုနဲ့ သူဌေးကြီးနဲ့ သူဌေးကတော်တို့ ကား
ကြီးပေါ်က ဆင်းလာနေချိန်မှာ သူဌေးက
တော်က သူဌေးကြီးရဲ့ လက်ကို ဆွဲပြီး
သူကြီးအိမ်ထဲ ကို ဝင်လာပါတယ်ဗျာ။
ပြီးတော့ သူဌေးကြီးနှင့်သူဌေးက တော်က
ကျူပ်တို့ အညာမြေမှာ စွတ်ဖာလို့ သတ်
မှတ် ထားတဲ့ တန်းရာပေါ် ထိုင်ချလိုက်တယ်။
ကျူပ်အံဩနေတာတစ်ခုတော့ ရှိတယ်
ဗျာ ။
အဲ့ဒါက ဘာလဲဆိုရင် သူဌေးကြီးနှင့်သူဌေး
ကတော်က ချီးမများပဲ တန်းရာပေါ်
ထိုင်လိုက်တာကိုပဲ ကျူပ်အံဩနေတာ။
“သူကြီး ဒီရွာမှာ မြေကောင်းကောင်းလေး
များ ရှိမလား”
သူဌေးကြီးက ကျူပ်တို့ရွာက သူကြီးကို
မေးလိုက်ပါတယ်ဗျာ။
“မြေကွက်ကတော့ ရှိပါတယ် ဒါပေမဲ့ သူဌေး
ကြီးတို့ ကြိုက်ပါမလား ”
သူကြီးက ဒီလိုမေးလိုက်တော့ သူဌေးကြီးက
သူကြီးကို ပြုးံပြလိုက်ပါတယ်။
“ကဲ…..သူကြီးမြေကွက် ကိုသာ လိုက်ပြပါ
ကျွန်တော်တို့ ကြိုက်တဲ့ မြေကွက်ဆို ဝယ်
မယ်”
“ကောင်းပြီး သူဌေးကြီးတို့က လိုက်ကြည်
ချင်သပဆို့ လိုက်ပြမယ်”
သူကြီးက ဒီလိုပြောလိုက်ပြီး ရွာအပြင်ဘက်
မှာ ရှိတဲ့ မြေကွက်ကို လိုက်ပြလိုက်ပါတယ်။
“ဒီမြေကွက်ပဲ”
သူဌေးကြီးနဲ့ သူဌေးကတော်တို့က မြေကွက်
ကို အနှံလိုက်ကြည်နေ၏
“မြေကွက်ကတော် မဆိုးပါဘူး”
သူဌေးကြီးက သူကြီးကို အခုလို့ ပြောပြီး
ခေါင်းညိတ်လိုက်၏
“သူဌေးကြီးတို့ ကြိုက်တယ် ဆိုရင် လည်း
ပြီးတာပါပဲ”
ဒီလိုနဲ့ သူဌေးကြီးနဲ့ သူဌေးကတော်တို့က
ကျူပ်တို့ ရွာရဲ့ အပြင်ဘက် မှာ ရှိသော
မြေကွက်ကို ဝယ်လိုက်ကြ၏
အစတုန်းကတော့ စက်ရုံဆောက်မယ် ဆို
တဲ့ အကြောင်းကို ပြောနေကြတာပဲ
နောက်ပိုင်း စက်ရုံမဆောက်တော့ပဲ
အိုက်ဒီမြေကွက် နေရာမှာအိမ်ကို ကွန်တို
တိုက် တစ်လုးံဆောက်လုးံလိုက်ပါ
တယ်။
ကွန်တိုတိုက် ဆောက်ပြီးသော သူဌေးကြီးနဲ့
သူဌေးကတော့က မနေကြပဲ ရွာသားတွေ
ကို နားခိုစရာ ဇရပ်တိုက်လေး တစ်လုးံ
ဆောက်ပေးခဲ့၏
သူကြီးက သူဌေးလင်မယားနှစ်ယောက်ကို
ဘာလို မနေကြတာလဲလို့ မေးကြည်တော့
သူဌေးလင်မယား ကဘယ်လို့ပြန်ဖြေတယ်
ထင်လဲ။
သူဌေးလင်မယားနှစ်ယောက်ရဲ့ အဖြေက
ရွာသားတွေနားခိုရာ ဇရပ်လေး ဆောက်
ပေးချင်လို့တဲ့ တစ်ခါမှာ ကွန်တိုဆောက်
ပြီး ဇရပ်သဘောလှူတာ ကျူပ်ဖြင့်တစ်
ခါမှာ မကြားဘူး ဘူး။
လှူတဲ့ လူက လှူလိုက်ပြီး စည်းကမ်းရှိရမှာက
ကျူပ်တို့ရွာသားတွေဇရပ်ကို ထိန်းသိန်း
စောင့်ရှောင်ရမှာ။
ဒီလိုနဲ့သူဌေးလင်မယား နှစ်ယောက်လှူ
တဲ့ကျူပ်တို့ရွာရဲ့ အပြင်ဘက်က ဇရပ်က
အခုဆို ၁နှစ်ပြည်ပြီးပဲဗျာ။
တစ်နေ့ ခရီးသွားတစ်ယောက်က မှောင်
သွားလို့ဆိုပြီး ကျူပ်တို့ရွာ ရဲ့အပြင်မှာ
ရှိတဲ့ ဇရပ်မှာဝင်နားပြီးညအိပ်တာပေါ့်
ဗျာ အဲ့ဒီအချိန်မှာပဲဇာတ်လမ်းကစ၏
ဇရပ်ထဲကို ဝင်နားသော ခရီးသွားက နစ်နစ်
ကြိုက်ကြိုက် အိပ်ပျော်နေစဉ် သူရဲ့ ခြေ
တောက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်
တဲ့ခံစားမူကို ရလိုက်တာကြောင့် ခရီးသွားက
မျက်လုးံမှေးကနဲ အသာလေဖွင့်ကြည်
တော့ မျက်လုးကပြူးနေပြီး သွားပြဲ့ပြ
ပြီး ရယ်ပြပြုးံပြလုပ်နေသော သရဲ
နှစ်ကောင်ကို တွေ့လိုက်ရလို့။
ခရီးသွားလည်း ညတွင်းချင်းပဲ ကျူပ်တို့ရွာ
ထဲကို ပြေးဝင်လာခဲ့တာ။
နောက်ထပ်တစ်ယောက် ကကျူပ်တို့ရွာသား
တစ်ယောက်ပါ ဖြစ်ပုံက ဒီလိုပါ။
ကျူပ်တို့ရွာသားတစ်ယောက်က ဇရပ်ထဲ
မဝင်ဘဲ အပြင်မှာထိုင်ပြီး နားနေခိုက်
ဇရပ်ထဲက ရယ်သံတွေထွက်ပေါ်လာလေ
သည်။
“ဟား……..ဟား……….ဟား”
ရယ်သံတွေ ထွက်ပေါ်လာတာ ကြောင့်
မနေရဲတောပဲ ရွာထဲကို ခပ်တုတ်တုတ်
လေး ပြေးလာသည်။
ရွာထဲက တချူိ့လူတွေပြောတာကတော့
အိုက်ဒီရယ်သံက ဘယ်ကလာတဲ့ရယ်သံ
မှန်းမသိလို့ နာမည်တောင် ပေးထားတယ်
အမည်မသိရယ်သံလို့။
တစ်ရွာလုးံကလည်း ရွာပြင်က ဇရပ်ကို
တစ်ယောက်မှာ မသွားရဲကြ။
တစ်ညမိုးတွေကလည်း တအားရွာ လေ
တွေက တအားတိုက် လျှပ်စီးတွေကလည်း
တအားလတ် နဲ့ဆိုတော့ထိုအချိန်ရွာ
အပြင်ဘက်မှာ ရှိတဲ့ဇရပ်လို့ခေါ်မလား။
တိုက်လို့ခေါ်ရမလား။မသိတဲ့ အဆောက်
အအုးံကြီးက အရမ်းကို ခြောက်ခြားစရာ
ကောင်းလှပါတယ်။
ရာသီတွေ ဘယ်လောက်ပြောင်းပြောင်း
မဟောင်းနိုင်တဲ့အဆောက်အအုံကြီးပါဗျာ။
ရွာသားတွေကလဲ ကြာလာတော့ ဒီအဆောက်
အအုံကြီးအကြောင်းကို မေ့မေ့ပျောက်
ပျောက်ဖြစ်နေကြ၏
ရက်အနည်းနည်း ကြာတော့ သူကြီးအိမ်
မက်မက်၏
အိုက်ဒီဇရပ်ရဲ့ရှေ့မှာ သူဌေးကြီးနဲ့ သူဌေး
ကတော် တို့က မတ်တပ်ရပ်နေပြီး သနား
စရာမျက်နှာလေးတွေနဲ့ သူကြီးကိုစိုက်
ကြည်နေကြ၏
သူကြီးလည်း ချွေးဇောတွေပြန်လာပြီး
သူကြီးအိပ်ရာမှာ နိုးလာ၏
ဒီအကြောင်းကို သူကြီးက ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကို လျှောက်ထား
လေ၏
ဘုန်းကြီးက သူကြီး ရဲ့စကားကို ကြားသော
အခါ ခေါင်းညိတ်တော့မူလေး၏
ဘုန်းကြီးက သူကြီးကို ဒီလို့မိန့်တော်မူလေ၏
“ဒကာကြီး…….ဒကာကြီးပြောပုံ အရဆို
ဘုန်းကြီးတို့ ရွာကို ဇရပ်လာဆောက်လှူတဲ့
သူဌေးကြီးနှင့်သူဌေးကတော်က သူတို့မသေ
ခင်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဇရပ်ကိုစိတ်
စွဲပြီး ဒီဇရပ်မှာလာပြီး သရဲတွေဘာတွေ
လာဖြစ်နေတာဒကာကြီးရဲ့။
ဒကာကြီးကို အိမ်မက်လာပေးတာက သူတို့
ကိုအမျှာပေးဝေခိုင်းတာပဲဒကာကြီးရဲ့”
“တင်ပါဘုရား………ဘုရားတပည့်တော်
လည်း သူတို့ကို အမျှာဝေပေးမယ်လို့
စီစဉ်ထားပါတယ် ဘုရား”
ဒီလိုနဲ့သူကြီးလည်း သူဌေးကြီးနှင့်သူဌေး
ကတော်အတွက် ရည်စူးပြီး ကုသိုလ် လုပ်လို့
အမျှာအတန်ပေးဝေလိုက်ရာ သူကြီး၏
ပြုပြု သာမျှာ ကုသိုလ်ကောင်းမူတွေကိုသူကြီး
က သူဌေးကြီးနှင့်သူဌေးကတော်ကိုအမျှာ
အတန်ပေးဝေ လိုက်ရာ သူဌေးကြီးနှင့်သူဌေး
ကတော်တို့က အားရဝမ်းသာ သာစု သုးံ
ကြိမ်ခေါ်လို့ ကျွတ်လွတ်သွားကုန်၏
သေခန့်နီးမှာ မသေခင်က လှူဒါန်းခဲ့တဲ့
အရာတွေပေါ် ဝမ်းသာကြည်နူးပီတိ
ဖြစ်ပြီး သေခြင်းကကောင်းမြတ်သောသေ
ခြင်းဖြစ်၏
ပြီးပါပြီး
ရေးသူ-ရောင်နီဦး👉{နေပြည်တော်}
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆက်လက်ကြီုးစားပါအုးံမည်။