အမေ

Posted on

အမေ(စ/ဆုံး)

—————–

‎အေးကြည်တယောက် ရွာထဲတွင်ငါးတွေရောင်းပြီး ကုန်သွားပြီဖြစ်၍ အိမ်သို့ပြန်လာခဲ့သည်။အိမ်သို့ရောက်သောအခါ ထမင်းစားပွဲတွင်စာလုပ်နေသောသမီးလေးကိုမြင်လိုက်ရ၍
‎အေးကြည် ပြုံးနေမိသည်။မိမိကိုယ်တိုင်က မိဘမဲ့ စာမတတ်ပေမတတ်ဖြစ်၍ သဇင်လေးကိုတော့ထိုသို့အဖြစ်မခံပေ ငါးရောင်းပြီးကျောင်းထားခဲ့တယ်။သဇင်လေးအဖေက သဇင်လေးမမွေးခင်၂လလောက်အလိုကတည်းက ဆုံးသွားခဲ့၍အေးကြည်တယောက်ကလေးတဖက်
‎မလုပ်တတ်မကိုင်တတ်ဖြင့် ဒုက္ခရောက်ခဲ့ရသည်။ထိုအချိန် အေးကြည်ကိုအစစအရာရာကူညီခဲ့သည့် ဦးစိုးနိုင်ဆိုတဲ့သူနဲ့ဆုံခဲ့သည်။
‎အေးကြည်လဲ သမီးလေးကို မိမိလိုမိဘမဲ့ မဖြစ်စေသောကြောင့် ဒုတိယတကြိမ်အိမ်ထောင်ထပ်ပြုခဲ့တယ်။ဦးစိုးနိုင်က အစပိုင်းတွင်တော့ အေးကြည်တို့သားအမိအပေါ် ကြင်နာဂရုစိုက်ရှာသည် သဇင်လေးကိုလဲသမီးအရင်းလို ဂရုစိုက်ပြ၍ ‌‌အေးကြည်ပင်အံ့ဩခဲ့ရသည်။သို့သော် အချိန်ကြာလာတာနဲ့အမျှ ဦးစိုးနိုင်၏သရုပ်မှန် ပေါ်လာသည်။ စကားများသည့်အခါတိုင်း အေးကြည်ကိုလက်ပါလာတတ်သလို ညနေတိုင်းလဲအရက်သောက်သည်။ပိုက်ဆံကိုလဲ သူပိုတာလောက်ဘဲပြန်အပ်ပြီး သမီးလေးကိုလဲ ဆူဆဲလေ့ရှိသည်။အေးကြည်ဖြစ်နိုင်ရင် ဦးစိုးနိုင်နှင့်မပေါင်းချင်ပေ သို့သော်အေးကြည်မှာနေစရာအိမ်မရှိ ဆွေမရှိမျိုးမရှိ သမီးလေးကိုလဲမိဘမဲ့မဖြစ်စေသောကြောင့်ကြိတ်မှိတ်‌သည်းခံနေရသည်။
‎”မေမေ ပြန်ရောက်ပြီလား သမီးရေခပ်တိုက်မယ်ခနလေး”
‎သမီးလေး၏အသံကြောင့်တွေးလက်စအတွေးများပြတ်‌သွားလေသည်။
‎”အံမယ်လေးတော် ကျုပ်ဘာသာခပ်သောက်နိုင်ပါတယ် ကျောင်းသူကြီးရဲ့ ညည်းသာ စာရအောင်လုပ်ပါတော် နောက်နှစ်၄တန်းကြီးတောင်တက်ရမှာကို”
‎”ဟီး မေမေ့ကိုချစ်လို့ခပ်တိုက်တဲ့ဟာကို”
‎”အောင်မယ် ဒီကလေးတတ်နေတာ
‎မေမေဟင်းချက်လိုက်ဦးမယ် ‌စာသေချာလုပ်နော်”
‎ထို့နောက်မီးဖိုချောင်သို့ဝင်ကာထမင်းဟင်း ချက်ဖို့ပြင်ရသည်။ ထုံးစံအတိုင်းငါးလေးကိုကြော်ကာ ငါးပိရည်ကျိုနေလေသည်။ထိုအချိန်အိမ်ရှေ့မှ
‎”ဟဲ့ကောင်မ အေးကြည် ထွက်ခဲ့စမ်း ငါပြန်လာတာကိုမမြင်ဘူးလား ကောင်မရဲ့”
‎ဦးစိုးနိုင်ဒယီးဒယိုင်ဖြင့် ဝက်သားတွဲကြီးကို ကိုင်ကာ အိမ်ပေါ်သို့တက်လာသည်။
‎”လာပါပြီ ကိုစိုးနိုင်ရယ် ဘာလို့အဲ့လောက်အော်နေတာလဲ”
‎”ရော့ ငါ့အတွက်ဝက်သားသွားကြော်ပေးစမ်း
‎စောက်ငါးဟင်းဘဲနေ့တိုင်းစားနေရတာ”
‎”ဟင် ဒီဝက်သားကဘယ်ကရတာလဲ”
‎ဦးစိုးနိုင်ရဲ့အိတ်ထောင်ထဲတွင်လည်း၅ထောင်တန်အထပ်လိုက်ဖောင်းနေသည်ကိုတွေ့လိုက်ရသည်။
‎”နင်တော်တော်လျှာရှည်ပါလားဟမ် သွားကြော်ဆိုသွားကြော်ပါလား ပြီးတော့ ဟိုကောင်မ ငါ့အတွက် ရွာထိပ်ကဆိုင်မှာ အရက်သွားဝယ်ပေး”
‎”အို ကျုပ်သမီးကိုမခိုင်းပါနဲ့ ကိုစိုးနိုင်ရယ် ကျွန်မသွားဝယ်ပါ့မယ်”
‎”နင့်အပေါက်ကို ပိတ်ထား ငါ့အိမ်မှာနေရင် ငါခိုင်းတာလုပ်ရမယ် အဲ့တာမှ မကျေနပ်ရင် နင်တို့၂ယောက်လုံးငါ့အိမ်ပေါ်ကဆင်း”
‎”မေမေရယ် သမီးသွားဝယ်ပေးလိုက်ပါ့မယ်
‎ ‌ဦးသမီးကို ပိုက်ဆံပေး သမီးသွားဝယ်လိုက်မယ်”
‎မျက်နှာငယ်လေးဖြစ်နေသောသမီးလေးကိုကြည့်ကာ အေးကြည် မျက်ရည်များဝဲလာသည်။ထို့နောက် မီးဖိုချောင်သို့ဝင်ကာ ဝက်သားတွဲအားခုတ်ထစ်ပြီး ကြော်ဖို့ပြင်ရလေသည်။
‎ဝက်သားကြော်ပြီးသည်အထိ သမီးလေးပြန်မရောက်လာသေး၍ အေးကြည်စိတ်ပူလာသည်။ဦးစိုးနိုင်ကတော့ အိမ်ရှေ့က ကွပ်ပျစ်တွင်အိပ်ပျော်နေလျက်။
‎”မဖြစ်သေးပါဘူး ငါလိုက်သွားဦးမှ ပါဒီကလေးဘယ်တွေ သွားနေလဲမသိဘူး အရင် ဘယ်သူ့အိမ်မှလဲမသွားတတ်ဘဲနဲ့”
‎ရွာထိပ်က အရက်ဆိုင်သို့ရောက်သောအခါ
‎”ဟေ့သာဒင်ရေ ငါ့သမီးလေး အရက်လာဝယ်သေးလား ထွက်သွားတာကြာပြီကို အခုထိပြန်မရောက်သေးလို့”
‎”ခင်ဗျားသမီးပြန်သွားတာကြာလှပြီ ရွာထဲက ကလေးတွေ‌အိမ်ဝင်‌ဆော့နေတာ နေမှာပေါ့”
‎အေးကြည်လဲ ဟင်းခနဲသက်ပြင်းချကာလှည့်ပြန်သည့်အချိန်တွင် အနောက်မှ အရက်ဆိုင်က ဝိတ်တာလေး ငပြူး၏ခေါ်သံကိုကြားလိုက်ရသည်။
‎”မအေးကြည် မအေးကြည် ”
‎”ဟေ ဘာတုံးငပြူးရဲ့ အလောတကြီးနဲ့”
‎”ဟို ကျုပ်မသိသလိုကြီးမနေချင်လို့ ခင်ဗျားကိုလာပြောတာ အစောပိုင်းတုံးက ခင်ဗျား
‎ယောက်ကျား ဦးစိုးနိုင်နဲ့ ရွာထဲကလူမိုက်အဖွဲ့ ငတေတို့သုံးကောင်စကားပြောတာကို ကျုပ်တစွန်းတစကြားလိုက်တယ် သဇင်လေးကို တခုခုလုပ်ဖို့ပြောနေတာ ရွာပြင်က လယ်ထဲမှာ
‎ ပြီးတော့ ခင်ဗျား ယောက်ကျားကိုလဲ ပိုက်ဆံတွေအထပ်လိုက်ကြီးပေးလိုက်တာမြင်လိုက်တယ်”
‎”ဟင်”
‎အေးကြည်လက်တွေတုန်ပြီး ခြေထောက်တွေ ယိုင်နဲ့လာသည်။ရင်ထဲတွင်လဲဟာလာဟင်းလင်းဖြစ်လျက်။ထို့နောက် ရွာပြင်က လယ်ကွင်းတွေဆီသို့ အရူးတပိုင်းပြေးလာသည်။သမီးလေးနာမည်ကိုလဲ ပါးစပ်ကနေတတွတ်တွတ်ခေါ်နေမိသည်။လယ်ကွင်း‌ပြင်အကျယ်ကြီးတွင် မည်သူမှ မရှိဘဲ တိတ်ဆိတ်နေလေသည်။
‎”သမီးရေ အမေ့သမီး သဇင်လေးရေ”
‎အေးကြည်လယ်ကွင်းထဲပတ်ရှာနေလေသည် မျက်ရည်များလဲ အဆက်မပြတ်ကျနေပြီး
‎ရင်တွေတုန်နေလေသည်။ထိုအချိန်ချံု‌ေတွအုပ်‌ထားသောတခုခုနှင့် ခလုတ်တုတ်မိ၍ အေးကြည်ငုံ့ကြည့်မိရာ ကမ္ဘာတခုလုံးချာချာလည်သွားသည်။‌ခြေထောက်များသည်လဲမြေပေါ်သို့ပုံကျကာ ရင်ထဲတွင်တစ်ဆို့နေသည်။
‎သမီးလေးရဲ့ အတွင်းခံလေးမှာခြေထောက်တွင်ချိတ်နေပြီးဂါဝန်အောက်ပိုင်းနှင့်ပေါင်တွင် သွေးများပေပွ၍ ခြောက်တောင်ခြောက်နေလေသည်။
‎”သမီးလေး အမေ့သမီးလေးထပါဦး လို့သမီးလေးရဲ့ သဇင် ထလို့ အမေပြောနေတာနော်
‎အားး အီးဟီးဟီး”
‎သမီးလေးရဲ့လည်ပင်းမှာညိုမဲစွဲရာများကိုတွေ့လိုက်ရပြီး နှာခေါင်းကိုစမ်းကြည့်သောအခါ အသက်မရှူတော့၍ အေးကြည်သမီးလေးကိုတင်းနေအောင်ဖက်ထားမိသည်။ထို့နောက်ဦးနှောက်ထဲမှ တခုခုကိုသတိရသွားကာ အိမ်သို့အလော တကြီး ပြန်လာခဲ့သည်။အိမ်သို့ရောက်သောအခါ ထရံတွင်ထိုးထားသောတံစဉ်ကို ဆွဲကာ အသုဘအိမ်သို့ထွက်လာသည်။ ငတေတို့သုံးယောက်မှာ ရွာထဲတွင်နာရေးရှိတိုင်း နာရေးမပြီးမချင်းဖဲရိုက်လေ့ရှိသောကြောင့်ဖြစ်သည်။
‎အေးကြည်ထင်သည့်အတိုင်း ထိုသုံးယောက်ကိုနာရေးဝိုင်းတွင်တွေ့လိုက်ရ၍ အေးကြည်မချိပြုံး ပြုံးမိသည်။
‎”အာ့”
‎အနောက်ဆုံးတွင်ထိုင်နေသော ဖိုးဇော်၏ကျောကို အရင်ဆုံးတံစဉ်နဲ့ထိုးချလိုက်သည်။
‎”ဟာ အေးကြည် ဘာဖြစ်တာလဲ ”
‎နာရေးတွင်ပြေးတဲ့သူများကပြေးကုန်ပီးတားတဲ့သူကတားနေကျသည်။အေးကြည်လဲတံစဉ်ကိုဆွှဲနှုတ်ပြီးဝှေ့ယမ်းကာ တချက်ပီး တချက်ဖိုးဇော်ကိုဆက်ထိုးနေသည်။သွေးများကလဲ အေးကြည်ကိုဖြန်းကနဲ ဖြန်းကနဲ လာစင်နေသည်။
‎ဖိုး‌ေဇာ်မလှုပ်တော့သောအချိန်တွင် နာရေးစင်ဘေးမှာထိုင်ပြီးတုန်နေသော မိုးကြီးဆီသို့ ဆက်သွားပြီး ဆံပင်ကိုဆွဲကာ လည်မျိုကို တံစဉ်ဖြင့် စတင်လှီးဖြတ်သည်။‌ခေါင်းတခုလုံးလဲပြတ်သွားပြီး သွေးများကလဲ လည်ပင်းမှဖြာထွက်နေသည်။
‎”အေးကြည်ရူးသွားပီဟေ့ ပြေးကျတော့ပြေးကျ”
‎အေးကြည်ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ငတေကိုဆက်ရှာနေသော်လည်းမတွေ့သဖြင့် သူ့အိမ်သို့တံစဉ်ကို ကိုင်ကာ ပြေးသွားသည်။
‎”ဟဲ့ကောင် ငတေထွက်ခဲ့စမ်း မုဒိမ်းသမား အမျိုးယုတ် ငါ့သမီးလေးကို သတ်တဲ့ကောင် နင့်ကိုချမ်းသာ မပေးဘူး အီးဟီးဟီး”
‎အေးကြည် အိမ်ပေါ်သို့ရောက်သောအခါ ခန္ဓာကိုယ်တခုလုံးတုန်ပြီးငိုနေသော ငတေ၏ အမေအိုကြီးကိုတွေ့လိုက်ရသည်။
‎”ဟဲ့ နင်ထွက်လာမလား နင့်အမေသေတာကြည့်မလား”
‎ထို့နောက်တံစဉ်ကိုအပေါ်သို့မြှောက်လိုက်သည့်အခါ ထုတ်တန်းပေါ်က‌ေန တုတ်ကိုင်ပြီးဆင်းလာသောငတေကိုတွေ့လိုက်ရသည်။
‎”ကျုပ်တောင်းပန်ပါတယ် မအေးကြည်ရယ် ကျုပ်ကိုမသတ်ပါနဲ့ဗျာ အီးဟီးဟီး ကျုပ်ခင်ဗျားသမီးကိုသတ်ဖို့မရည်ရွယ်ပါဘူး သူကအရမ်းအော်နေလို့ သတ်မိသွားတာပါ”
‎”သေချင်းဆိုးတွေ နင်တို့လဲ ငါ့သမီးသေသလိုသေရမယ်”
‎အေးကြည် တံစဉ်ဖြင့် စတိုက်ခိုက်‌ေတာ့သည်။ငတေကလဲ တုတ်ဖြင့် ပြန်ရိုက်သော်လည်း အေးကြည်၏တံစဉ်က ငတေရဲ့တုတ်ကိုင်ထားသောလက်ကိုစိုက်သွားသည်။
‎”အားး တောင်းပန်ပါတယ်‌မအေးကြည်ရယ်”
‎ငတေ၏ဆံပင်ကိုဆွဲကာအိမ်အောက်သို့ဆွဲချလာသည် ထို့နောက် တံစဉ်ကိုပစ်ချလိုက်ပြီး ထင်းခုတ် တဲ့ပုစိန်ဖြင့် ဗိုက်ကိုအရင် ခုတ်လိုက်သည် ။ငတေ၏သွေးများကလဲ အေးကြည်ကို လာစင်နေ၍ အေးကြည်တကိုယ်လုံးသွေးများရွှဲသွားသည်။
‎”သေ သေ နင်လိုကောင်မျိုးက အစကတည်းကအသေလေးမွေးလာရမှာ လူစိတ်မရှိတဲ့ကောင်တွေ”
‎အေးကြည်ဆဲဆိုကာ ဆက်တိုက်ခုတ်ထစ်နေသည်။အချိန်အနဲငယ်ကြာသောအခါငတေ၏ခန္ဓာကိုယ်မှာလဲနှစ်ပိုင်းဖြစ်သွားသည်။
‎အေးကြည်တကိုယ်လုံးချွေးများသွေးများနှင့်စိုရွှဲနေပြီး မောဟိုက်နေသည်။ရွာထဲက လူတွေကလဲအပြင်ကနေဝိုင်းအုံကြည့်နေပြီး အေးကြည်နားသို့ဘယ်သူမှမလာရဲကျပါ။ ထို့နောက် ပုစိန်ကိုဆွဲကာ အဓိကတရားခံဖြစ်သည့်ဦးစိုးနိုင်ဆီသို့ထွက်လာခဲ့သည်။ဒေါသစိတ်တွေလဲ‌ပိုပြီးကြီးမားလာသည်။အိမ်သို့ရောက်သောအခါ ကွတ်ပျစ်တွင်အိပ်နေသော ဦးစိုးနိုင်ကိုတွေ့လိုက်ရ၍ လက်ထဲတွင်ကိုင်ထားသောပုဆိန်မှာ မြောက်သွားပြီး လည်ပင်းကိုခုတ်ပီးသားဖြစ်သွားသည်။ဦးစိုးနိုင်၏လည်ပင်းမှာသွေးများ စီးကျနေပြီး ခန္ဓာကိုယ်ကလဲတဆတ်ဆတ်တုန်နေသည်။
‎”မေမေ မေမေ”
‎”ဟင် သမီးလေးသဇင် သမီးလေးဘယ်မှာလဲ ”
‎”မေမေ မေမေရေ”
‎သမီးလေး၏အသံကိုကြားနေရသော်လည်းမတွေ့သဖြင့် အေးကြည်ပတ်ရှာနေမိသည်။
‎အသံလာရာအတိုင်းလိုက်ရှာရင်း ရေတွင်းနားသို့‌ရောက်လာခဲ့သည်။
‎”မေမေ သမီးဒီမှာလေ”
‎ရေတွင်းထဲမှ အသံဖြစ်သောကြောင့်အေးကြည် ဘာကိုမှ စဉ်းစားမနေတော့ဘဲ ခုန်ချလိုက်လေတော့သည်။
‎#Yamin