အသက်နုတ်တဲ့အိမ်

Posted on

အသက်နုတ်တဲ့အိမ် (စ/ဆုံး)

————————–

ကျုပ်အမည်ကမောင်သိန်းပါဗျ ပရလောကသားတွေရဲ့အကြောင်းတွေကိုခဗျားတို့ကိုအမြဲဖောက်သည်ချနေတဲ့သူပေါ့
ကျုပ်လဲ အခုတစ်လောရွာမှာပဲခြေငြိမ်နေတာအတော်လေးကိုကြာပြီဗျ ဘယ်မှကိုမသွားဖြစ်ဘူး တစ်နေ့ကျုပ်ဆီကို ဆရာကြီးဦးရန်သိန်းက ရောက်ချလာတယ်ဗျို့ ကျုပ်လဲအတော့ကိုအံအားသင့်သွားတာဗျို့ဆရာကြီးကအခုလိုလာခဲတယ်ဗျ အင်မတန်အရေးကြီးအစောတလျင်ရှောင်သခင်ဖြစ်မှသာလာတာဗျို့ ကျုပ်ထင်တဲ့အတိုင်းပဲဗျ
မောင်သိန်းမင်းအားရဲ့လားတဲ့ ကျုပ်လဲဟုတ်ဆရာကြီး အားပါတယ်ခဗျ အေး ဆရာကြီးမင်းဆီကိုတမင်လာရတဲ့အကြောင်းကအရမ်းကိုအရေး‌ကြီးနေလို့ပဲ ကျုပ်လဲဟုတ်ဆရာကြီးဆိုပြီး ဆရာကြီးအတွက်ရေးနွေကြမ်းတစ်ခွက်ကို မက်ခွက်ကြီးနဲ့ငှဲ့ပေးလိုက်တယ် ဆရာကြီးက တစ်ငုံလောက်သောက်ပြီး သူ့စကားကိုဆက်ပြောတယ်ဗျ ဒီလိုမောင်သိန်းရဲ့ ခမိတ်ရွာမှာ အဂ်လိပ်မင်းခေတ်ထဲကရှိတဲ့ ရှေးအိမ်ကြီးတစ်လုံးရှိတယ်အဲ့အိမ်ကြီးကိုစိန်မြှားဆေးလိပ်ခုံ‌ပိုင်ရှင်ဦးသန်းထိုက်က သူ့အဘိုးဆီက အမွေရတယ်ကွ ဟုတ်ဆရာကြီး အေးအဲ့မှာပြသနာကစတာပဲ အိမ်ကြီးကလူသူမနေတာကြာတော့ဦးသန်းထိုက်က ပြုပြင်ဖို့သူ့တပည့်ဦးစောနဲ့အတူ လက်သမားဆရာကြီးဦး‌ဘစော်နဲ့တပည့်၃ယောက်နဲ့အတူ အိမ်ကြီးကိုပြုပြင်ဖို့သွားကျတာ နောက်နေ့မနက်ရောက်တော့ လူငါးယောက်လုံးသေဆုံးနေကျတယ်တဲ့ ထူးဆန်းတာက မျက်လုံးကစိုးရိမ်ထိပ်လန့်နေတဲ့ဟန်တစ်ခုအပြင်ဘာဒဏ်ရာမှမရှိဘူးတဲ့ ဟာ ထူးဆန်းလိုက်ပါဘိ အေး ဟုတ်တယ်
မောင်သိန်းရေ နောက်နေ့ရောက်တော့ ဦးသန်းထိုက်က ဆေးလိပ်ခုံကလူ၅ယောက်ကိုထပ်လွတ်ပြန်တယ် ရှေ့လူတွေအတိုင်းပဲမနက်ကျတော့သေဆုံးနေကျတယ်တဲ့ဒါနဲ့အဲ့ဒီအိမ်ကြီးကိုဆရာတွေပင့်ပြီး မကောင်းဆိုးဝါးရှိရင်ပြေးအောင်ဆိုပြီးနင်ခိုင်းတာတောင် တချို့ဆရာတွေကထွက်ပြေးရပြီး တချို့ဆရာတွေက ပြေးရင်းဝိုင်း၀ရောက်တော့ ပါးစပ်ထဲကသွေးအန်ပြီးသေနေကျတယ် တချို့ဆရာတွေကတော့ရူးနှမ်းကုန်တယ်တဲ့ ဟ လွတ်ကိုကြမ်းတဲ့အိမ်ကြီးပါလားဗျာ အေးဟုတ်တယ် နောက်တော့ဦးသန်းထိုက်ကအိမ်ရောင်းမည်ဆိုင်းဘုတ်ကပ်လိုက်တယ်တဲ့အဲ့မှာပိုဆိုးကုန်ပြီးဦးသန်းထိုက်ရဲ့‌ေဆးလိပ်ခုံမှာ‌ေဆးလိပ် လိတ်နေတဲ့မိန်းကလေးအချင်းချင်းပူးသလိုကပ်သလိုတွေဖြစ်ပြီး အချင်းချင်းကပ်ကြေးနဲ့ထိုးကျတယ် ရေတွင်းထဲခုန်ချကျလို့
မိန်းကလေးနှစ်ယောက်သေဆုံးကျတယ်
နောက်ပြီးအဲ့အိမ်ဟောင်းကြီးထဲကခြံဝိုင်းကြီးကကျယ်တော့ခမိတ်ရွာက ရွာသားတွေကကျွဲနွားတွေကိုလွတ်ထားရင်နွားတွေက နေ့ခင်းဘက်ကြီးတောင်အဲ့အိမ်ကြီးကိုအမြှီးထောင်ပြီးပြေး၀င်သွားလို့ရွာသား‌နှစ်ယောက်ကလိုက်ဆွဲဖို့သွားတာ အထဲမှာနွားကြီးက သေနေပြီတဲ့ တကယ့်ကိုကြမ်းတဲ့အိမ်ကြီးပါလားဆရာကြီးရယ် ဟုတ်တယ်မောင်သိန်းရဲ့အဲ့အိမ်ထဲကမကောင်းဆိုးဝါးကြီးကို၇ရက်သားသမီးတို့အတွက်ဆရာကြီးနိမ်နင်းဖို့ မင်းလိုက်ဦးမလား ကျုပ်လဲလိုက်မှာပေါ့ဆရာကြီးရဲ့ကျုပ်ကဒါမျိုးဆိုနှစ်ခါမခေါ်ရတဲ့ကောင်ပါ ဆရာကြီးလဲသိသားနဲ့ လို့ပြောတော့ ကျုပ်ဆရာကြီးဦးရန်သိန်းက ဟားးဟားးးနဲ့သဘောကျပြီရီတယ်ဗျ ကျုပ်လဲပြင်ဆင်ပြီး ဆရာကြီးနဲ့အတူ နွားလှည်ကိုမောင်းပြီးခမိတ်ရွာကိုထွက်ခဲ့ကျတယ်ဗျ
ဟိုရောက်တော့၁၁နာရီလောက်တော့ရှိပြီ
ဦးသန်းထိုက်တို့အိမ်မှာပဲထမင်းစားတယ်ဗျဦးသန်းထိုက်က အတန်ကြာတော့သူတပည့်မိုးကောင်းရဲ့လှည်းနဲ့ လူသေတဲ့အိမ်ကြီးကိုလိုက်ပြတယ်ဗျ ဦးသန်းထိုက်တို့အိမ်နဲ့ လူသေတဲ့ရှေးဟောင်းအိမ်ကြီးကအတော့ကိုလှမ်းတယ်ဗျ ဟုတ်ပဗျာ ခြံကြီးကအကျုပ်ကြီး၂ဧကလောက်တော့ရှိမယ်အိမ်ကြီးကပျဉ်ထောင်သွပ်မိုးအိမ်ကြီးဗျ အိမ်ကြီးကမဲနက်နေပြီး အ၀င်၀တံခါးတော့မရှိတော့ဘူးဗျ အတော်ကိုကျယ်တဲ့အိမ်ကြီးအထဲမှာရှေးလက်ရာပန်းဆွဲတွေပန်းစိုင်းတွေနဲ့ဗျို့ အိမ်ကြီးကတိုင်လုံးကြီးတွေကလူတစ်ယောက်ဖက်မနိုင်ဘူးဗျို့နှစ်ထပ်အိမ်ကြီး‌ဆိုတော့အခန်းတွေဖွဲ့ထားတာလဲမနည်းဘူးဗျို့တချို့အခန်းကြီးတွေကသော့ကြီးတွေခတ်ထားတယ်ဗျ အထဲမှာဘာရှိသလဲဆိုတဲ့အတွေးနဲ့ဆိုကျောထဲကိုစိမ့်နေတာပဲ ဆရာကြီးနဲ့ကျုပ်လဲအိမ်ကြီးကိုအခဲခတ်ပြီးဟိုကြည့်ဒီကြည့်ပြီးဆရာကြီးက ညကျမှာလုပ်ရှားကျမယ်တဲ့ဟုတ်ဆရာကြီးလို့ပြောပြီးဦးသန်းထိုက်တို့အိမ်မှာအနားယူရင်းညရောက်ဖို့စောင့်နေလိုက်တယ် ဦးသန်းထိုက်ကိုဆရာကြီးက မောင်ရင်အိမ်ကြီးထဲက မကောင်းဆိုးဝါးကြီးကအတော့်ကိုနှစ်ချို့အကောင်ကြီးဖြစ်လောက်မယ် ငါ့စိတ်ထဲခံစားမိနေတယ်ကွဲ့
ကျုပ်လဲဆရာကြီးနဲ့ဦးသန်းထိုက်တို့ပြောနေကျတာကို နားထောင်နေလိုက်တယ်ညရောက်တော့ အိမ်ကြီးဆီသို့ကျုပ်နဲ့ဆရာကြီးအတူထွက်ခဲ့တယ်ဗျ ခြံဝိုင်းထဲရောက်တော့
ဆရာကြီးက ကျုပ်ကိုပစ္စည်းတစ်ခုပေးတယ်ဗျ ပုဆိန်တစ်လက်ဗျ ပုဆိန်ရဲ့အရိုးမှာနဂါးရုပ်ကြီးနဲ့ ပုဆိန်ရဲ့ကိုဘက်ဒီဘက်မှာမကောင်းဆိုးဝါးတွေကို နိမ်နင်းနိုင်တဲ့အဆက်ဖျက်အင်းကြီးကို ပုဆိန်ရဲ့ဟိုဘက်ဒီဘက်မှာရေးဆွဲထားတယ်ဗျ မောင်သိန်းအရေးအကြောင်းမှပုဆိန်ကိုအသုံးချတဲ့ဟုတ်ဆရာကြီးလို့ပြောပြီးကျုပ်လဲပုဆိန်ကိုဝှက်ယူလိုက်တယ်အိမ်ထဲရောက်တော့မှောင်မဲနေတာပဲဆရာကြီးကဝါဆိုဖယောင်းတိုင်သုံးတိုင်ကိုထွန်းလိုက်တယ်လကြီးကသာနေတော့ အိမ်ကြီးရဲ့သွပ်တွေအပေါက်လေးတွေကအလင်းရောင်လေးတွေဖြာနေတယ် ဆရာကြီးကဆေးလွယ်အိတ်ထဲက ဆေးနီမှုတ်တွေကိုကျုပ်တို့ရဲ့ပတ်ပတ်လည်လည်တားလိုက်တယ်မလိုအပ်ပဲစည်းအပြင်မထွက်နဲ့တဲ့ဆရာကြီးကလက်အုပ်ချီပြီးမန္တန်တစ်ပုဒ်ကိုရွတ်လိုက်တယ်ဗျ ဆရာကြီးရဲ့မန္တန်ဆုံးတာနဲ့အိမ်အပေါ်ထပ်က တောက်တစ်ချက်ခေါက်လိုက်တယ်ဗျ ပြီးတာနဲ့ပြတင်းပေါက်တံခါးတွေအခန်းတံခါးတွေကလေမတိုက်ပဲသိသိသာသာလှုပ်ခါလာတယ်ဗျ ပြီးတော့မြေငလျင်လှုပ်သလိုအိမ်ကြီးကပါ ရိပ်ကနဲရိပ်ကနဲ လှုပ်ခါနေတယ် ဆရာကြီးဤအိမ်ခြံမှာရှိတဲ့မကောင်းဆိုးဝါးငါဆရာရှေ့မှောက် ဒူးထောက်လို့ခစားစမ်းလို့ လေသံမာမာနဲ့အမိန့်ပေးလိုက်တော့ဝုန်းးးဒိုင်းးးခွမ်းးးးးခွက်းးးအစရှိတဲ့အသံမျိုးမျိုးနဲ့မီးဖိုချောင်အခန်းဘက်ကကြားရပြီးခဏနေတော့ အမလေးဘုရား ကျုပ်ပါးစပ်ကနေဘုရားတရတယ်ဗျို့ ခွေးသရဲကြီးဗျို့နည်းတဲ့အကောင်းကြီးလားဗျာ နွားမဓမ်းမလောက်ကိုရှိတာဗျို့မျက်လုံးနီနီကြီးကလင့်ကွင်းလောက်ကြီးကိုရှိတာ လျှာကြီးကအရီးလေးအေးမြရဲ့ဥပုသ်စောင့်တဲ့သဘတ်ကြီးလောက်ကိုရှိတာ သွားကြီးတွေကငမန်းလွှကြီးလို့ချွန်မြနေတာပဲ ဂီးးးဂါးးးနဲ့ကျုပ်တို့ဆရာတပည့်ကိုကြည့်ပြီးမာန်ဖီနေတာဗျို့
ဆရာကြီးက‌စမအင်းတစ်ချပ်ယူပြီးမကောင်းဆိုး၀ယ်ကောင်အယောင်ဆောင်ဟူသမျှမူလပြန်စမ်းဆိုပြီး ပစ်ထည့်လိုက်တာဝုန်းးးဆိုပြီးမီးလုံးကြီးထတောက်ပြီးခွေးကြီးပျောက်သွားပြီး အရပ်ကြီးက၁၀ပေလောက်ရှိတယ်ဗျ ကိုယ်လုံးကြီးက တစ်နွေစာ၀မ်းစာစပါးထည့်တဲ့ပုပ်လောက်ကိုရှိတာဗျို့ အစွယ်ကြီးကငှက်ပျောဖူးလောက်ရှိတယ်မျက်လုံးကြီးတစ်လုံးလုံးက ဟင်းရည်သောကိပန်ကန်လုံးလောက်ကိုရှိတာဗျို့ ဗိုက်အိုးကြီးကရွာမှာအလှုလုပ်တဲ့မိုးပြဲဒယ်ကြီးလောက်ကိုရှိတာဗျို့သရဲသဘက်ကြီးဗျသူ့ရဲ့လက်တန်အရှည်ကြီးနဲ့စည်းထဲကကျုပ်တို့ကိုနှိုက်ထုတ်မယ်လုပ်တော့ ဝုန်းဆိုပြီး မီးထတောက်တယ် အားးးးဆိုပြီးသရဲကြီးအော်ပြီးပျောက်သွားတယ် ဆရာကြီးက ဒီကောင်ကိုယ်ရောင်ဖျောက်သွားပြီးကွသတိထားတဲ့ခနနေတော့ လူတစ်ဖက်မကတဲ့ ၁၀ပေလောရှိတဲ့ကျွန်းတုံးကြီးက ကျုပ်တို့တည့်တည့်ကိုလိမ့်ချလာတယ်ဗျ ဆရာကြီးကမောင်သိန်းရှောင်ထားလို့အော်တယ်ကျူပ်နဲ့ဆရာကြီးလဲလူကွဲပြီးဟိုဘက်ဒီဘက်ခုန်လိုက်ရတယ်ဆရာကြီးကမောင်သိန်းအသွင်ပြောင်းထားတာကွကျွန်းတုံးကြီးမှာသူ့ရဲ့မူလဝိညဉ်ရှိတယ် ပုဆိန်နဲ့အမြန်ဖျက်စီးလို့သတိပေးတယ် ဆရာကြီးဘက်ကိုတုံးကြီးကလိမ့်သွားတယ်ဗျ ကျုပ်လဲပုဆိန်ကြီးကိုကိုင်လိုက်ပြီး
ဇဗ္ဗူဒီပါမန္တန်တိဌတု တည်ပါစေလို့ရွက်ပြီးပုဆိန်ကြီးကိုမြောက်လိုက်တော့ပုဆိန်ကြီးထဲကထူးဆန်းတဲ့အလင်းတန်းကြီးထွက်လာပြီးကျွန်းတုံးကြီးထဲကိုပုဆိန်အသွားကြီးကသွားစိုက်ပြီးကျွန်းတုံးကြီးထက်ခြမ်းကွဲထွက်သွားတော့ ဝူးးအားးးး ဆိုတဲ့အသံအနက်ကြီးနဲ့အတူသရဲကြီးမီးလောင်ပြီးလိမ့်နေတယ်ဗျခဏနေတော့ မီးကျွမ်းနေတဲ့ လူပုံစံရှိတဲ့မီးသွေးတုံးကြီးပဲကျန်ခဲ့တယ်ဗျ ဆရာကြီးကမောင်သိန်း လူအသက်တွေကိုနုတ်ယူနေတဲ့ဒီအိမ်ကြီးထဲကသရဲသဘတ်ကြီးတော့တို့ဆရာတပည့်လက်ချက်နဲ့အဆုံးသတ်သွားပြီကွလို့၀မ်းသာအားရစွာနဲ့ပြောတယ်ဗျ ကျုပ်လဲအဲ့တော့မှပြုံးပြီးသက်ပင်းချနိုင်တော့တယ်ဗျာ။

စာဖတ်သူများအားကျေးဇူးအထူးတင်ရှိပါသည်။

နောက်လဲများများရေးပေးမှာမို့ကျုပ်ကိုအားပေးခဲ့ကျပါဦးဗျာ။