ကျိန်စာသင့်လုလင်

Posted on

ကျိန်စာသင့်လုလင်(စ/ဆုံး)
————————-
စံပျော်ရွာကလေးသည် အေးချမ်းသာယာ၍
နေချင့်စဖွယ်ကောင်းသော ရွာကလေးတစ်ရွာဖြစ်သည်။
ထိုတောင် ပေါ်ရွာကလေးသည် ပဲအမျိုးမျိုးပြောင်းနှမ်းများ
စိုက်ကာ သာယာဝပြောသော စံပြရွာတစ်ရွာဖြစ်သည်။
ထိုရွာတွင်ထူးဆန်းသော အဖြစ်အပျက်များ စဖြစ်သည့်
နေကား မိုးသည် အငြိုးဖြင့်ရွာလေလျက် လေနတ်သား
တို့ကလည်း မိုးရွာရာလေပင့်ကာ တအုန်းအုန်းတိုက်ခတ်
လျက်ရှိလေသည်။ထိုအချိန်မှာပင် ကျေးရွာလူကုံထံ၏
သမီးဖြစ်သူ လှမြင့် ကလေးမွေးသည့်အချိန်ဖြစ်လေသည်။
မိုးနှင့်လေကိုဂရုမစိုက်အားဘဲ ဟိုလျှောက်ဒီပြန်
ဟိုဂါထာရွတ် သည်ဂါထာရွတ် ကပေါက်တိကပေါက်ချာ
ခေါက်တုံ့ခေါက်ပြန်လုပ်နေသူကား လှမြင့်၏ လင်ဖြစ်သူ
စိုးမောင်ပင်ဖြစ်လေသည်။သားရူးရူးနေသူ ဖြစ်ကာ သားလေးမွေးရန်ပင် ဆုတောင်းနေမိသည်။
သားဦးမို့ပေလားမသိ မွေးဖွားရအလွန်ခက်လှသည်။
ကျေးရွာသားဖွားကျွမ်းကျင် ဆရာမလေးကပင် နဖူးတွင်
ချွေးတွေစို့နေပြီသို့သော် သူမသုတ်အားကလေးနဲ့မိခင်
နှစ်ယောက် စလုံး၏ အသက်ကိုကယ်ရန်သာ ပဓာန
ဖြစ်သဖြင့် အလုပ်ကိုသာ ဂရုတစိုက် လုပ်နေလေသည်။
မလှမြင့်ကား ဝမ်းဗိုက်နာကျင်သောဒဏ်ကို
ငိုတလှည၊့်အော်တလှည့် ၊လင်ဖြစ်သူအား ဆဲတလှည့်
ဖြင့်ညည်းညူနေရှာသည်။အတန်ကြာတွင် မိုးနဲ့လေကို
ခွင်းလျက် ကလေးတစ်ယောက် လောကကြီးကို
ဝင်လာရန်ခွင့်တောင်းသည့်အသံအားကြားရလေသည်။
“အူငဲ….. အူငဲ….. အူငဲ……. ”
လွန်စွာအငိုသံသောကလေးပင် ဖြစ်သည။်မိခင်မှာကား
အားပင်မရှိတော့။နာကျင်သည့်ဒဏ်ကိုခဏမေ့ကာသားလေး
အားမြင်တွေ့ချင်လှသည။်ချည့်နှဲ့သောအသံဖြင့် လက်သည်
ဆရာမအား”ဆရာမ ကျူပ်ဘာလေးမွေးလဲဟင်….. ”
သို့သော် သားဖွားဆရာမ၏ မျက်နှာကား တစ်ခုခုကို
ကြောက်လန့်သည့်အလား အံ့ဩမှုများစွာဖြင့် မလှမြင့်
အမေးကို ကြားပင်မကြားလိုက။်သူ့အကြည့်သည်ကား
ယခုမှလူ့လောကထဲရောက်လာသည့်နီတာရဲလေး အ
ပေါ်သို့သာ”အမလေး……”သားဖွားဆရာမသည်
လန့်ပြီးအာမေဋိက်သံတစ်ချက်ပြုလိုက်သည်။
မလှမြင့်ကား မိမိရင်သွေးလေးကိုမြင်ချင်စောဖြင့်
လက်နှစ်ဖက်ကိုအားပြုကာထလာသည်။

သားဖွားဆရာမကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးသော
နီတာရဲလေးအားမြင်သောအခါ”အမလေး….ဘုရား
ဘုရား…. ငါမွေးတာလူမှဟုတ်ရဲ့လား….. ”
“မလှမြင့် စိတ်ထိန်းပါ…..ကိုစိုးမောင်…. ကိုစိုးမောင်ရေ.. လာပါဦးတော်… ရှင့်မိန်းမ ခေါ်လို့မရတော့ဘူး….”
အနောက်သို့လှဲကျကာ ငြိမ်သက်သွားသော မလှမြင့်အား
သားဖွားဆရမက ခေါ်လို့မရတော့သည့်အဆုံး အပြင်မှ
စောင့်နေသော မလှမြင်၏ လင်ဖြစ်သူကိုစိုးမောင်အား
ခေါ်လိုက်ရသည်။ကိုစိုးမောင်သည် ခေါ်သံကြားသဖြင့်
ဒရောသောပါး အထဲသို့ဝင်လာကာ သန့်ရှင်းရေးမလုပ်
ရသေးသောမိန်းမအားပွေ့ချီလျက်
“ဆရာမ….. ကျူပ်မိန်းမ…. ကျုပ်မိန်းမဘာဖြစ်တာလဲ
ဟင်…. ကလေး…. ကျုပ်ကလေးရော…. ”
“ကိုစိုးမောင်….. ရှင့်ကလေးက… လူနဲ့မတူဘူး…
ဒီမှာကြည့်လေ…. ရှင့်မိန်းမက…. ကလေးကိုမြင်ပြီး
လန့်လို့သတိလစ်သွားတာ…. ”
ကိုစိုးမောင် သည်ကလေးအားလှမ်းကြည့်လိုက်ရာ
“ဟင်….. ဘာ….ဘာကြီးလဲဗျာ….. ကျုပ်မိန်းမ
မွေးလာတာလားအဲဒါ….မဖြစ်နိုင်ဘူးဗျာ…. ”
ကလေးလေးမှာ မငိုတော့ဘဲအညစ်ကြေးထဲတွင်ယက်ကန်
ယက်ကန်လုပ်နေလေသည်။
“ကိုစိုးမောင် …..ဒီကလေးကိုဘယ်လိုလုပ်မှာလဲ… ”
“ဟာ…. ဘယ်လိုလုပ်ရမှာလဲဗျာ… ကျုပ်ဒီကလေးကို
မမွေးထားချင်ဘူးဗျာ….. ပတ်ဝန်းကျင်ကို… အသေလေး
မွေးတယ်လို့သတင်းလွင့်လိုက်မယ်ဗျာ…. ကျုပ်…. ကျူပ်ရှက်လွန်းလို့ပါဗျာ….. ”
သည်လိုဖြင့် မည်သူမျှပင် မလိုချင်သော အမွေးအမြှင်
ဖြင့်ကလေးလေးအား တောကြီးမျက်မည်းထဲသို့
သွားပစ်ခဲ့လေသည်…. ။။
“ဆရာမ…. ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောပါနဲ့နော်…. ကျုပ်တို့လင်မယားသာမက
အသိုင်းအဝိုင်းတွေကပါ အရှက်ရစေတဲ့အကြောင်း
မု့ိပါ…. ”
“စိတ်ချပါ…. ဒီအကြောင်းကိုဘယ်သူမှမသိစေရဘူး
ဒါပေမဲ့ နုတ်ပိတ်ခတော့လိုမယ်…. ”
သားဖွားဆရာမ၏ စကားကို ကိုစိုးမောင် ကနားလည်သည့်
သဘောဖြင့် အထဲသို့ဝင်ကာ ထောင်တန်တုတ်လိုက်ယူ
လာပြီး သားဖွားဆရာမအားပေးလိုက်သည်…….။။

၂။ ဆောင်းရာသီ၏ ဆီးနှင်းများထူထပ်စွာကျနေသော
မနက်ခင်းလေးတွင် မိုးမှောင်တစ်ယောက်အဝတ်စနံငယ်
ပိုင်းပတ်ကာ တောတောင်ထဲ လှည့်ပတ်ဆော့ကစားနေ
သည်။အချမ်းဒဏ်သည် သူ့အား ချမ်းအောင်မလုပ်နိုင်စွမ်း
ပေ။သဘာဝကပေးသော ထူထဲသည့်အမွေးအမြှင်တို့သည်
သူ့အတွက် အကာအကွယ်တစ်ခုပင်ဖြစ်လေသည်။
အဖော်ဟူသည်ကား တောတောင်ထဲမှ တောကောင်ကလေးများပင်ဖြစ်သည်။သူ့အတွက်မိဘ
သည်ကား တောကျောင်းလေးထဲရှိ ရသေ့ကြီးပင်ဖြစ်လေ
သည။်သူသိတတ်စအရွယ်မှစကာ ရသေ့ကြီးကသူ့အား
အစစအရာရာပြုစုစောင့်ရှောက်ပေးခဲ့သည်။
သဘာဝစွမ်းအားကြောင့်သူသည် ရသေ့ကြီးထက်
ခန္ဓာကိုယ်နှစ်ဆမျှကွာခြားသည။်ခွန်အားဗလမှာကား
အထူးဆိုဖွယ်ရာပင်မရှိချေ။
“သားကလေးမိုးမှောင်…. လာပါဦးကွဲ့…. ”
“ဟုတ်…. လာပါပြီအဘ…. ”
“ဒီကနေ့အဘ ကျောင်းရဲ့အဝေးတနေရာမှာ တရားအား
ထုတ်ရမယ်…. ဒီနေ့သားကလူလေးလုပ်ရမဲ့တာဝန်က
သောက်ရေသုံးရေအပြည့်ဖြည့်ထားပါ….. ထင်းခွဲထားပါ
…..အနီးအနီးနေရာကလွဲပြီး…. ဘယ်နေရာအဝေးမှမသွားပါနဲ့….. ”
“ဟုတ်ကဲ့အဘ…. သားနားထောင်ပါ့မယ်ဗျ…. ”
မိုးမှောင်သည် လူသားများအားအဘမှလွဲကာ မည်သူနဲ့မျှ
မတွေ့ကြုံဖူးသော်လည်း စကားအပြောအဆိုသည်
အလွန်ယဉ်ကျေး၏။
အဘရသေ့သည် သစ်သီးဆွမ်းဘုန်းပြီးစျာန်ဖြင့်ကြွတော်
မူလေသည်။အဘရသေ့မှာထားသည့်အတိုင်းမိုးမှောင်သည်
လုပ်နေကြနိစ္စဓူဝအလုပ်ကို မပျင်းမရိလုပ်သည။်အလုပ်များ
ပြီးစီးသွားသော် တည်ငြိမ်အေးချမ်းစွာ တရားထိုင်သည်။

တရားထိုင်နေစဉ်နားထဲတွင် တောထဲသို့တိုးလာသော
ခြေသံသဲ့သဲ့ကိုကြားရသဖြင့် နားစွင့်ကြည့်နေသည်။
“လိုက်ဟ….ဒရယ်ကဒီဖက်ပြေးသွားတယ်…. ”
“သူမပြေးနိုင်လောက်တော့ဘူးကွ…. ရှေ့ဘက်ခြေထောက်ကျည်ထိထားတယ်ကွ”
အမဲလိုက်မုဆိုးတို့၏တောကောင်ညာသံကို ကြားလိုက်ရ
သဖြင့် အကောင်လေးအားအကူအညီပေးရန်တရားဖြုတ်
လိုက်သည။်ပြီးလျှင် ကျောင်းအပြင်ဘက်သို့ထွက်လာကာ
မုဆိုးတို့အရှေ့အားကာဆီးထားလိုက်သည်။
“ဝေါင်း…….ဝေါင်း….. ”
“ဟာ…ဘာကြီးလဲ…. ဒီတောမှာဒီအကောင်ရှိနေတယ်လို
မျကားဖူးပါဘူး…. ”
“ကြောင်ကြည့်မနေနဲ့ပစ်ဟ…. ပစ်…. ”
“ဒိန်း…..ဒိန်း…… ”

မိုးမှောင်သည် ကျည်အား ရှောင်လိုက်ပြီး ထိုမုဆိုး
တို့အားနောက်ပြန်လှည့်ပြေးစေရန် ခြောက်လှန့်
လိုက်သည။်သို့သော် မလန့်ဘဲပြန်လည်ခုခံနေသောကြောင့်
အားနည်းနည်းသုံးလိုက်ရသည်။
“ဝှီး…. ”
“ဘုတ်….. ”
မိုးမှောင်သည် လက်အားလေထဲသို့မြောက်ကာ ရှေ့ဆုံး
မမုဆိုးတစ်ယောက်အားပုတ်လိုက်သည်အားမသာသောကြောင့်ထိုလူသည် ခပ်ဝေးဝေးသို့လွင့်ထွက်သွားသည်။
“အား….. ”
“မရဘူးကွပြေးမှရမယ်…. ဒီကောင်ကြီးဒေါသထွက်နေတယ်…. ”
ကျန်နှစ်ယောက်သည် လဲကျနာကျင်နေသောအဖော်မုဆိုး
အားတွဲထူပြီးလျှင် ထိုတောထဲမှအမြန်ဆုံးပြေးထွက်သွား
ခဲ့သည်။
မိုးမှောင်သည် ဒဏ်ရာ ရနေသောဒရယ်လေးအား
ဆေးထည့်ပေးလိုက်သည်။လူတွေနဲ့ ဆုံတွေ့ခဲ့သည့်
အကြောင်းကို ဘရသေ့အားမပြောပြမိသော်လည်း
ထိုအကြောင်းကိုဘရသေ့ကကြိုသိနေခဲ့သည်။
“လူကလေးမိုးမှောင်…. လူတွေနဲ့မပတ်သက်ပါနဲ့
လို့အဘမပြောထားဘူးလား….. ”
“ဒရယ်လေးကိုကူညီတာပါအဘ…. ”
“အိမ်း….. လူကလေးက ဒရယ်လေးရဲ့အသက်ကို
ကယ်လိုက်တယ်ဆိုပေမဲ့…. ဟိုကဒဏ်ရာရသွားပြီး
လူကလေးကိုရန်ပြုလာတော့မယ်ကွဲ့”
“ဟုတ်နားလည်ပါတယ်အဘ…. သားနောက်တစ်ခါမလုပ်
တော့ဘူးအဘ…. ”
“အိမ်းကွယ်…. သာဓု.. သာဓု… သာဓု… ငါ့သားကြီး
အသက်ရှည်ပြီးဘုန်းကြီးပါစေကွယ်…. ”
ထိုနေ့မှစ၍ မိုးမှောင်သည် တောကျောင်းလေးထဲမှ
လွဲကာ အဝေးသို့မသွားတော့ပေ…… ။။
၃။ သည်တစ်ခေါက်တောလည်ရာအပြန်တွင် စွမ်းပြည့်
တစ်ယောက် ကံမကောင်းလှချေမည်သည့်တောကောင်
မှမရသည့်အပြင် ဘာမှမသိသောအကောင်ကြီးမှ
ရန်ပြုခြင်းကိုခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေလေ
သည။်ဒဏ်ရာကိုဆေးစည်းထားပြီး ကျိုးသွားသောလက်
တစ်ဖက်အားပတ်တီးစဖြင့်ချည်နှောင်ပြီး လည်ပင်းဖြင့်
ဆွဲထားသည်။
“ကိုစွမ်း….. ကျုပ်တို့တွေဒီနယ်မှာမုဆိုးလုပ်စားလာတာ
ကြာလှပြီ… ဟိုတစ်နေ့ကတွေ့ရတဲ့လူဝံလိုအကောင်
ကြီးကိုကျုပ်ဖြင့်တစ်ခါမှမတွေ့ဖူးဘူးဗျာ…. ”

စွမ်းပြည့်သူငယ်ချင်းဖြစ်သူ မုတ်သုန်က ထိုသို့ပြောလိုက်
သဖြင့် စွမ်းပြည့်သည် ထိုအမွေးအမြှင်များနဲ့အကောင်
ကြီးကို မျက်စိထဲမြင်ယောင်လာသည်။
“ကျုပ်တို့မပြောနဲ့ ရှေးလူကြီးတွေပြောစကားတောင်
မကြားဖူးဘူးဗျာ… ကျုပ်တို့ကိုတောမှောက်တာနေမှာ”
“မဖြစ်နိုင်ပါဘူးဗျာ…. ဒီကောင်ကိုမရရအောင်ပြန်ရှာပြီး
ဂလဲ့စားချေရမယ်… ”
“မာန်စစ်.. မင်းမြို့သူဌေးတွေဆီဒီတစ်ခါငါတို့ရောင်းမဲ့တောကောင်အကြောင်းပြောပြ လိုက်ကွာ……. ဒီကောင်ကိုတောနင်းပြီးရှာရမယ်”
“ဖြစ်ပါ့မလားကွာ…. ဒီတောနက်ထဲဘယ်သူမှသွားရဲ
တာမဟုတ်ဘူး… အဲနေ့ကငါတို့တောင် ဒရယ်နောက်
လိုက်ရင်းတောထဲထိရောက်မှန်းမသိရောက်သွားတာ”
“မဖြစ်နိုင်စရာမရှိဘူးကွာ… မျက်စိလည်လမ်းမှားတာ
တောင်အဲဒီနေရာကိုရောက်သေးတာဘဲ.. မရရအောင်
သွားမယ်….အဲဒီကောင်ကိုသတ်ရမှကျေနပ်နိုင်မယ်… ”
မာန်စစ်က တားသော်လည်း စွမ်းပြည့်မှာနားမဝင်ပေ။
သူ့အားဒဏ်ရာရစေခဲ့သော အမွေးအမြှင်များဖြင့်အကောင်
ကိုသာမာန်မဲလျက်ရှိနေသည်။
ဒဏ်ရာရသွားသည့်အကြောင်းကိုမိခင်အား အသိမပေး
ဝံ့ပေ။မိခင်သည် တစ်ဦးတည်းဟောသားဖြစ်သူ သူ့အား
အလွန်ချစ်ရှာသည်မဟုတ်ပါလား။ဒဏ်ရာရနေသဖြင့်
အိမ်မပြန်ဝံ့သေးဘဲ သူငယ်ချင်း ဖြစ်သူမုတ်သုန်အိမ်တွင်
သာကုသမှုခံယူသည။်သူတို့သည် သူဌေးသားများဖြစ်ကြ
သော်ငြားလည်း မိဘလုပ်ငန်းများကို စိတ်မဝင်စားဘဲ
တောထွက်ရှားပါးပစ္စည်း များလိုက်လံစုဆောင်းခြင်းနှင့်
တောကောင်များပစ်ခတ်သတ်ဖြတ်ရခြင်းကိုသာ သဘောကျနေကြသည်။တောထွက်ရှားပါး ပစ္စည်း
များကိုမြို့သူဌေးများက စျေးကောင်းပေးဝယ်ကြသော
ကြောင့်သူတို့ပင်သာမက တခြားမုဆိုးများပင် တော
နင်းလိုက်ရှာကြသည်။သို့သော် ယခုသူတို့တွေ့ဖူးသော
အကောင်ကြီးသည် တခြားမုဆိုးများမြင်ဖူးဟန်မတူ
သူတို့သာပထဦးဆုံးမြင်သဖြင့် သူ့တို့အတွက် ထိုသား
ကောင်ကို ပစ်မှတ်ထားလိုက်သည။်မုတ်သုန့်၏ ဝမ်းကွဲညီမဖြစ်သူ စံပယ်လှိုင်သည်ကား
အစ်ကိုနဲ့မတူဘဲစိတ်ထားနူးညံ့ကာ တ ရိစ္ဆာန်လေး
များအ ပေါ်ကြင်နာတတ်သူဖြစ်သည်။
သူတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်လေး
များပင်ဖြစ်ကာ လူကြီးသူမပြောသမျှစကားကို
နားမဝင်သည့်ကလန်ကဆန်အရွယ်များပင်ဖြစ်လင့်
ကား ကိုယ်လုပ်တာကိုအမှန်ပင်ထင်သည့်အရွယ်များ
ဖြစ်သည်အစ်ကိုဖြစ်သူမုတ်သုန်နဲ့သူငယ်ချင်းများ ပြောသည့်
စကားကို စိတ်ဝင်စားသဖြင့် စံပယ်လှိုင်သည် ခပ်ကွယ်
ကွယ်နေရာမှ တိတ်တဆိတ်နားထောင်နေလေသည်။
“ဝုန်း….ဒုန်း… ”
“ဂွမ်း… ဂွမ်း… ”
ခိုးနားထောင်နေစဉ်ဘေးနားမှ အလှဆင်ထားသော
တရုတ်ကြွေပန်းအိုးကြီးကို တိုးမိသွားသည်။
“ဘယ်သူလဲဟေ့”အစ်ကိုဖြစ်သူမုတ်သုန်က အော်လိုက်မှ
ရို့ရို့ကလေးထွက်လာကာ “ဟို… ဟို… စံပယ်ပါ
အစ်ကိုရဲ့…. ”
“အငယ်မ…. ဘာတွေခိုးကြောင်ခိုးဝှက်နားထောင်နေတာ”
“ဟုတ်ဘူးအစ်ကို… စံပယ်ခိုးနားထောင်တာမဟုတ်
ပါဘူး.. ဒီတိုင်းဖြတ်သွားတာပါ… ”
“မိနေတာတောင်ငြင်းနေသေးတယ်နော်…
တကရ်မလွယ်ဘူး…. ”
“ဟိ…. အစ်ကို…. စောနားအစ်ကိုတို့ပြောတဲ့
ဘာဆိုလားအဲဒါလေ… စံပယ်ကိုပြောပြပါလားဟင်.. ”
“ဘာလည်းအငယ်မ… ငါတို့ဘာပြောလို့လဲ… ဒီတိုင်း
ရှားပါးသစ်ခွနက်အကြောင်းပြောတာပါ…. ”
“မဟုတ်ဘူး…. ကိုစွမ်းကို ရန်ပြုတဲ့ဟာကိုပြောတာပါ”
“ဘာမှရန်မပြုပါဘူး.. ကိုယ့်ဘာသာကို….. ချော်လဲတာပါ”
“နေပေါ့မပြောပြချင်လည်း… ကိုစွမ်း လက်ကျိုးသွားတဲ့
အကြောင်းအန်တီ့ ကိုသွားပြောပြလိုက်ရုံဘဲ… ”
စံပယ်လှိုင်သည် သိချင်သည်ကိုမသိရသဖြင့် နုတ်ခမ်းစူကာစိတ်ကောက်ဟန်ပြုသည်စွမ်းပြည့်သည်။
လက်ကျိုးသွားသည့်အကြောင်းကို အမေဖြစ်သူသိသွား
မည်စိုးသဖြင့်”ဟာ…အငယ်မ.. မပြောပြပါနဲ့ကွာ
….အစ်ကိုလက်ကျိုးသွားတာအမေသိလို့မဖြစ်ဘူး.. ”
“မပြောပြစေချင်ရင်…. စံပယ်မေးတာအစ်ကိုတို့ပြော
ပြပေါ့”
“ဟာကွာ…. မင်းညီမနဲ့တော့ခက်ပြီမုတ်သုန်ရေ”
“ပြောပြလိုက်တော့မာန်စစ်ရာ…. မထူးတော့ဘူး…
မဟုတ်ရင် ဟိုကောင်ငစွမ်းလက်ကျိုးသွားတာ
အန်တီသိသွားလိမ့်မယ်… ”
ထို့ကြောင့် တောတွင်းတွင် ကြုံတွေ့ခဲ့ရသည့်
အမွေးအမြှင် နဲ့ဲတောကောင်ကြီးအကြောင်းအစအဆုံး
ပြောပြလိုက်သည်။
“ဟာ…. တကယ်ကြီးရှိတယ်ပေါ့….. အဲဒီအကောင်”
“အင်း…. တကယ်ရှိတယ်…. အစ်ကိုလည်းဒီတစ်ခါ
ဘဲမြင်ဖူးသေးတာ…. ”
“အငယ်မ…. နင်ကစာအရမ်းဖတ်တဲ့လူဆိုတော့…
အဲဒီကောင်အကြောင်းဖတ်မိတာရှိလား… ဟင်အငယ်မ”
“အင်း…. ကြားတော့ကြားဖူးတယ်… သူကလူကို
ရန်မပြုဘူးတဲ့…. ဒဏ်ရာရလာတဲ့တောကောင်တွေကို
သူကကုပေးတတ်တယ်တဲ့…. ပြီးတော့သူက
လူလိုစကားပြောတတ်တရ်တဲ့”
“ဟုတ်လားအငယ်မ ဆက်စမ်းပါဦးကွ…. ”
“ဟာ…. ညီမအဲလောက်ဘဲဖတ်ဖူးတာအစ်ကိုရ…
သူဘယ်မှာရှိနေတယ်ဆိုတာတောင်စာရေးသူကထဲ့
မရေးထားဘူးဟ…. ”

“အဲဒီစာအုပ်ကိုရေးတဲ့လူနာမည်ကောသိလား
အငယ်မ… ”
“အဲဒါလည်းမရေးထားဘူးအစ်ကိုရ…. ”
“စာဖတ်တာဘယ်လိုဖတ်တာလည်း… ဘာမှလည်း
သေချာမသိဘူး…. ”
သို့သော် သူတို့လေးယောက်စလုံးသည် ထိုတောကောင်
ကြီးအားစိတ်ဝင်စားကြသည်မှာတော့အမှန်ပင်ဖြစ်သည်……….. ။။
၄။ မိုးညိုသည် တောကျောင်းထဲမှာနေရသည်မှာ
ပျင်းလာသဖြင့် ဘရသေ့မသိအောင် တစ်ခါတစ်လေ
လူတို့နေရပ်အနီးလာကာ လူတို့အားချောင်းကြည့်တတ်
သည်။အန္တာရာယ် ကြုံတွေ့လာသော တောကေါင်ငယ်များ
မြင်လျှင်လည်း ကူညီကာဆေးကုပေးတတ်သည်။
တစ်နေ့တွင်ချောင်းငယ်အနီးသို့သွားကာ ထိုင်နေခဲ့သည်။
ရုတ်တရက် မိမိ၏ အရိပ်သည်ရေထဲမှ ပေါ်လာသဖြင့်
စေ့စေ့ကြည့်နေမိသည်။
ခေါင်း ပေါ်တွင်ဂျိုကလေးပေါက်ကာ မျက်နှာတို့မှာလည်း
အဝါရောင်အမွေးအမြှင်များထူထပ်စွာ ပေါက်နေလေသည်။
ရင်အုပ်ကြီးမှာလည်းမို့မှောက်လျက် အမွေးအမြှင် များ
ဖုံးအုပ်ထားသည။်မိမိကိုယ်တိုင်ပင် ဘာကောင်မှန်းမသိပေ။
တစ်ခါတစ်လေ မိမိအဖြစ်ကို ကြည့်ကာစိတ်ဓာတ်ကျနေမိ
သည်။လူလိုစကားပြောနိုင်သော်လည်း လူနဲ့တူသည့်အရာ
မိမိမှာမရှိပေ။လူ့ရွာသို့သွားချင်သော်လည်း လူများမိမိကို
ကြောက်လန့်ကြမည်ကိုစိုးသဖြင့် အဝေးမှနေကာ
တိတ်တိတ်ကလေးချောင်းကြည့်ရသည်။
တစ်ခါတစ်လေ လူတွေကသူ့ကိုမြင်သည့်အချိန်များတွင်
သူသည်အရှိန်တင်ကာ တောထဲသို့လစ်ပြေးခဲ့ရသည်။
အဘရသေ့ထံ လူ့ရွာသွားရန်ခွင့်တောင်းသည့်အခါများ
တွင်အဘရသေ့က သူနားမလည်သည့်ထူးဆန်းသည့်
စကားများဆိုနေတတ်သည်။
“သားလူကလေးမိုးမှောင်… လူကလေးသိပ်သွားချင်လှတဲ့
လူ့ရွာကိုလူကလေးသွားခွင့်ရလိမ့်မယ်ကွဲ့….
ဒါပေမဲ့ ကောင်းသောသွားခြင်းမဟုတ်ဘဲ…. လူကလေး
ရဲ့ကျိန်စာကို ပေးဆပ်ရမဲ့အချိန်ဖြစ်လိမ့်မယ်ကွဲ့…. ”
“အဘပြောတာ… သားနားမလည်ဘူး… ”
“တစ်နေ့ကျရင်ငါ့သားနားလည်လာလိမ့်မယ်ကွဲ့”
အဘသည်ထိုမျှသာ မိန့်တတ်သည်။
ထိုနေ့ကျရောက်လာမည်ကား မိုးမှောင်ကိုယ်တိုင်က
မသိရှာခဲ့ပေ။
စွမ်းပြည့်သည်ကျိုးသွားသောလက်ကလေး ပြန်ကောင်းသွားသောအခါ တောထဲသို့ထပ်မံသွား
ရောက်ရန်ပြင်ဆင်လေသည်။
“တို့မနက်ဖန်ဘဲ တောထဲကိုသွားကြတာပေါ့… ဒီတစ်ခါ
တော့ဟိုအကောင်ကြီးကို အလွတ်ပေးလို့မရတော့ဘူး”
“အစ်ကို တို့ဒီတစ်ခါတောလည်ရင် စံပယ်လိုက်သွားမယ်
နော်…. ”
“ဟာ…. ဘာလိုက်လုပ်မှာလဲအငယ်မရာ…. တောတောင်ထဲမှာ အန္တာရာယ် တွေများလှပါဘိသနဲ့… ”
“ဟာ… မရဘူးလိုက်မှာဘဲ…. ”
တောထဲသို့ခရီးဆက်သည့်နေတွင်ကား စံပယ်သည်
တားမရသည့်အဆုံးလိုက်ခွင့်ပေးရတော့သည်။
တောတောင်ထဲတွင် စံပယ်လှိုင်သည် ကင်မရာတစ်လုံး
ဖြင့် စိတ်ဝင်စားသမျှအရာကိုမှတ်တမ်းတင်ရင်း အစ်ကိုဖြစ်
သူတို့နဲ့လမ်းလွဲသွားမှန်းမသိလွဲသွားတော့သည်။
အစ်ကိုဖြစ်သူတို့ကလည်း တောကောင်ကြီးကိုသာအနံ့
ခံနေသဖြင့် ညီမဖြစ်သူပါမလာမှန်းသတိမထားမိချေ။
ခပ်ဝေးဝေးနေရာရောက်မှ မာန်စစ်က ခရီးတစ်ထောက်
နားရန်ဆုံးဖြတ်လိုက်သည်။
“ဟျောင့်တွေ….. စံပယ်ကောကွစံပယ်ပါမလာဘူး
လမ်းလွဲသွားပြီထင်တယ်… ”
“ဟာ.. အငယ်မ မနောက်နဲ့နော်တောတောင်ထဲဆိုတာ
နောက်သင့်တဲ့အရာမဟုတ်ဘူး… ”
မုတ်သုန်က ညီမဖြစ်သူနောက်နေသည်ပင်ထင်ကာ
ထွက်လာရန်ပြော၏။သို့သော်ညီမဖြစ်သူအရိပ်အယောက်ပင်
မတွေ့ရချေ။
“ဟာကွာ… ဒီကောင်မလေးတော့…. လိုက်မလာနဲ့ဆိုတာကိုအတင်းလိုက်လာတယ်
ခုတော့… ငါတို့ကိုဗျာများစေပြီ… ဒီတောဒီတောင်ထဲ
အန္တာရာယ် များပါတယ်ဆိုနေ… ”
“ဒီတိုင်းပြောနေလို့မဖြစ်သေးဘူးကွာ… ပြန်လိုက်ရှာ
ကြရအောင်မှောင်သွားရင်မကောင်းဘူး… တော်ကြာ
တောကောင်တွေရန်ပြုမှဖြင့်ခက်ရော့မယ်…. ”
သုံးယောက်စလုံးလိုက်ရှာကြသော်လည်း စံပယ်အား
မတွေ့ပေ။အလွန်ကြီးမားသောဤတောထဲဝယ် ဘယ်နေရာ
လိုက်ရှာရမှန်းမသိတော့ပေ……….. ။။
စံပယ်လှိုင်သည် သူစိတ်ဝင်စားသောလိပ်ပြာမျိုး
စိတ်ကလေးအား ပုံလိုက်ရိုက်ရင်းစမ်းချောင်းငယ်အနား
သို့ရောက်လာသည်။လိပ်ပြာကလေးသည် စမ်းချောင်းဘေး
တစ်လျှောက် လှပစွာဖူးပွင့်နေသော ပန်းပွင့် ပေါ်တွင်နား
ပျံသန်းခြင်းကိုရပ်နားကာ ဝတ်ရည်စုပ်နေသည်။
အလွန်ပင် အရောင်အသွေးလှပသော လိပ်ပြာများကို
စံပယ်တစ်ယောက် စိတ်ကြိုက်အလင်းအမှောင်ချိန်ကာ
ရိုက်သည်ပုံစံအမျိုးမျိုးဖြင့်အနီးကပ်ရိုက်သည်။
ကျေနပ်သွားမှအစ်ကိုတို့အား ရိုက်ထားသောပုံများ
ပြရန် နောက်လှည့်ကြည့်မိသည်။
“ဟင်…. အစ်ကိုတို့တစ်ယောက်မှလည်းမရှိတော့ပါလား”
“ဘယ်ရောက်သွားတာပါလိမ့်… အစ်ကို.. အစ်ကိုရေ”
တောတောင်ထဲဖြစ်သဖြင့် အသံမကျယ်ရဲဘဲ အသံခပ်အုပ်
အုပ်ဖြင့်သာ ခေါ်၏။ပြန်ထူးသံမကြားရသဖြင့်
“ဟွေး…. အဝေးရောက် နေကြပြီလား… ဒီတောထဲ
တစ်ခါမှသွားလာဖူးတာလဲမဟုတ်ဘူး… ဘယ်လိုလုပ်ရ
ပါးမလဲ… မှောင်လဲမှောင်လာတော့မယ်….. ”

စံပယ်လှိုင်စိတ်အားငယ်သွားသော်လည်း အားပြန်တင်း
ကာအစ်ကိုဖြစ်သူတို့အားလိုက်ရှာသည်။
တောနက်ထဲဖြစ်နေသဖြင့် အချိန်က ငါးနာရီပင်ရှိသေး
သော်လည်း အမှောင်ရိပ်သန်းနေပြီး တောတွင်းပုရစ်
ကောင်များ၊အိပ်တန်းတက်မည့် ငှက်ကလေးတို့၏
ခေါ်သံများပင်ကြားရလေပြီ။
ဆက်သွားရင်းတစ်နေရာအရောက်တွင် တောတိုးသံကြား
ရသဖြင့်အစ်ကိုဖြစ်သူတို့ဟုသာထင်ကာ သွားမည်အလုပ်
“ဟင်…. ကျား ….ကျားကြီး….. ”
အရှေ့မှ သမင်တစ်ကောင်ကိုအငမ်းမရဆွဲစားနေသော
ကျားကြီးအားတွေ့လျှင် ခြေလှမ်းများတုံ့ခနဲရပ်သွားကာ
သစ်ပင်အကွယ်သို့ကပ်လိုက်သည်။
“ဖျောက်…. ဖျောက်…. ”
“ဟိုက်…. ကံဆိုးပြီ…. အသာကလေးဆုတ်ပါတယ်ဆို
သစ်ကိုင်းချောက်နင်းမိသေးတယ်…. ”
သူ့မကိုသူမ တီးတိုးပြောရင်းကျားကြီးကိုကြည့်လိုက်သည်။
ကိုးတောင်ကျားကြီးသည် အသံကြားသဖြင့် အစာစားနေသည်ကိုရပ်ကာ ပတ်ဝန်းကျင်ကို
တောင်ကြည့်မြောက်ကြည့် ကြည့်သည်။
နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ကာ လူနံ့ရသည့်ဘက်သို့
အနံ့ခံသည်။
“သွားပြီ….. ငါရှိတဲ့နေရာသိသွားပြီ…. စံပယ်လှိုင်သည် ကျားကြီး ကသူ့ဘက်လာနေ
သည်ကိုကြည့်ကာ သိသဖြင့်ပြေးရန်ပြင်သည်။
ကျားကြီသည် အစွယ်အပြူးသားဖြင့် သူ့ထံသို့
တစ်လှမ်းချင်းတစ်လှမ်းချင်းရှေ့တိုးလာသည်။
စံပယ်လှိုင်သည် အကာအကွယ်ရလိုရညား
ဘေးမှတွေ့ရသော တုတ်တစ်ချောင်းကို ကောက်ယူကာ
အနောက်သို့ တစ်လှမ်းချင်းဆုတ်သည။်ကျားကြီးသည်
သူ့အားအလွတ်ပေးမည့်ပုံမရှိ။
“ဟိတ်.. ရှူး….. ရှူး…. သွား…. သွား….. ”
သူမသည် ကျားကြီးအားချော့မော့ပြီးမောင်းထုတ်သည်။
သို့သော် ထိုအကောင်ကြီးသည် သူ့စကားအားအရေး
မလုပ်ရှေ့သို့တိုးလာမြဲပင်။
စံပယ်လှိုင်က နောက်ဆုတ်ရင်းနောက်ဆုတ်ရင်း
ချောက်ကမ်းပါး ထိပ်သို့ရောက်လာသည်။ကျားကြီးသည်
သူမအားခုန်အုပ်ရန်အရှိန်ယူသည်။
“ဟိတ်….. ကြောင်ကြီး… သွားသွား…. ”
ကျားကြီးကအရေးမလုပ။်ထို့ကြောင့် စံပယ်လှိုင်သည်
ကိုင်ထားသော တုတ်ဖြင့်ကျားဆီသို့ လှမ်းပစ်လိုက်သည်။
“ဝှီး…. ”
“ဘုတ်…. ”
သို့သော် သူပစ်လိုက်သောတုတ်သည် ကျားအားမထိ။
“စွတ်…. အရေးထဲပစ်ချက်လွဲပြန်ပြီ… ”
သူမကိုသူမ အားမလိုအားမရဖြစ်မိသည်။အနောက်သို့လှည့်
ပြီး ချောက်ထဲခုန်ဆင်းရန်မှတစ်ပါး အခြားလွတ်လမ်းမရှိ။
ကျားကြီးသည် သူမပစ်လိုက်သောတုတ်အားငုံ့ကာပင်
နမ်းလိုက်သည။်ထို့နောက်သူ့အားခုန်အုပ်လိုက်သည်။
“ဝေါင်း…… ဝေါင်း…. ”
သူမစိတ်ထဲတွင်လည်း သေမည့်သေ ကျားကိုက်ပြီးသေ
တာမဖြစ်ချင်မှတ်ကာ ချောက်ထဲခုန်ချလိုက်သည်။
သူခုန်လိုက်သည့်အချိန်ကျားကြီးလည်း သူမအား
ခုန်အုပ်သည့်အချိန်နဲ့ကွက်တိဖြစ်ကာ ချောက်ထဲသို့
ကျသွားသည်။သူမသည် ကံကောင်း၍ ချောက်ကမ်းပါး
အောက်ခြေအထိမကျဘဲ ကမ်းပါးနုတ်ခမ်းအစွန်ရှိ
သစ်ကိုင်းနဲ့ကျောပိုးလွယ်အိတ်ကငြိနေသည်။
သို့သော် သိပ်မသက်လှချေ။ကျောက်တုန်းနဲ့ရိုက်မိပြီး
အောင့်သက်သက်ဖြစ်ကာ လောကကြီးနဲ့အဆက်သွယ်
ပြတ်သွားသည်။ကျားကြီးကားဇာတ်သိမ်းမလှ။
ကမ်းပါးအောက်ခြေရှိ ကျောက်ချွန် ပေါ်ကျကာ
ဇီဝိန်ချူပ်သွားသည်။
မိုးမှောင်သည် ကျားဟိန်းသံကြားရသဖြင့် တောထဲသို့
အပြေးရောက်လာခဲ့သည။်ကိုးတောင်ကျားကြီးသည်
တောထဲရှိအကောင်ငယ်များကို နိုင်ထက်စီးနင်းပြုကာ
သတ်ဖြတ်စားသောက်သောကြောင့် မိုးမှောင်က
ထိုတောကောင်ငယ်ကလေးများအားကာကွယ်
ရသည်။
ကျားကြီးအားမတွေ့သော်လည်း သူကျန်ခဲ့သည် သမင်သေ
ကောင်က တစ်ဝက်ကျော်ပင်ကျန်နေသေးသည်။
ကျားကြီးသည်အစာဝကာ ထွက်သွားသည်မဟုတ်ဘဲ
ထိုနေရာသို့တစ်စုံတစ်ခုရောက်လာသဖြင့် အစာထား
ခဲ့မှန်း မိုးမှောင်တွေးမိသည်။ကျားကြီးအနံ့ကို လိုက်ခံ
ကြည့်ရင်း ချောက်ကမ်းပါး ထိပ်သို့ရောက်လာသည်။
ကမ်းပါးအောက်ခြေသို့ မိုးမှောင်ငုံ့ကြည့်လိုက်သည်။
ကမ်းပါးအစွန်တွင် ငြိနေသောမလှုပ်မယှက်လူတစ်ယောက်။
မိုးမှောင်အများကြီး မတွေ းတော့ဘဲ ထိုလူသားအား
ကယ်ယူကာ တောကျောင်းသို့ ခေါ်လာခဲ့သည်။
၅။ မုတ်သုန်တို့သည် ညီမဖြစ်သူစံပယ်လှိုင်အား
နေရာအနှံ့ လိုက်ရှာသော်လည်း မတွေ့ပေ။ညရှစ်နာရီ
ပင်ထိုးတော့မည။်တောတောင်ထဲ ကောင်မလေးတစ်ယောက်တည်း ကြောက်နေပေတော့
မည်။တောကြီးမျက်မည်းထဲတွင် တောကောင်ကြီးတို့သည်
ညည့်အချိန်တွင် အစာရှာထွက်ကြမှန်း သိထားသဖြင့်
သူတို့သည် ညီမငယ်ဖြစ်သူအား ပိုစိတ်ပူနေမိသည်။
“ငါတို့တွေဒီလောက်ရှာနေပြီ…. အငယ်မကိုမတွေ့
သေးဘူး…..ဘယ်လိုလုပ် ရမှာလဲကွာ”
“အငယ်မဘေးကင်းမှာပါကွာ….. ဒီလိုဘဲဆုတောင်းရမှာ
ဘဲ… ”
“သူတစ်ခုခု ဖြစ်ရင်တော့ ဒေါ်လေးငါ့ကိုသတ်မှာကွ….”
သုံးယောက် စလုံးသည် စံပယ်လှိုင်အား စိတ်ပူပန်ယုံ၊
ဘုရားသခင်စောင့်ရှောက်ရန် ဆုတောင်းပေးရုံကလွဲ ၍
ဘာမှမတတ်နိုင်တော့ပေ။ထိုညတွင်ကား သူတို့သည်
လင့်စင်ထိုးကာ အိပ်စက်အနားယူကာ နောက်ရက်မှ
ညီမငယ်အားဆက်ရှာရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်နေ့တွင် ညီမငယ်အားဆက်ရှာပြန်သည်။
တောကြီးထဲရှိချောင်းငယ်အနားသို့ရောက်လာ
သည။်နုန်းမြေဖြစ်သဖြင့် ခြေရာများအထင်းသားကျန်နေ
ရစ်သည်။
“ဟေ့ဒီမှာ ကြည့်ကြည့်.. ဒါအငယ်မရဲ့ဖိနပ်ရာဘဲကွ….
ပြီးတော့ဒီမှာကြည့်ဦး. ….လူခြေရာထက် နှစ်ဆပိုကြီး
တဲ့ခြေရာကြီးတွေ…. ”
“ဒါက….ဟိုတစ်ခါ ငါတို့ကို ရန်ပြုတဲ့တောကောင်ကြီးရဲ့
ခြေရာဘဲကွ…. ငါ့ညီမကိုအဲဒီကောင်သတ်လိုက်ပြီထင်
တယ်….. ”
“လာ…. အဲဒီကောင်ကြီးကို ရှာပြီးသတ်ရအောင်”
သူတို့သုံးယောက်စလုံး၏ အတွေးမှာကား စံပယ်လှိုင်သည်
အကောင်ကြီး၏ စားသောက်ခြင်းကိုခံရပြီဟုသာ
တောထဲသို့ ဆက်သွားရင်း ချောက်ကမ်းပါး ထိပ်
သို့ရောက်လာသည်။
“ဟင်… ဒီမှာ ညီမလေးရဲ့ ကင်မရာ…. ”
“ဒါဆို ညီမလေးကို ချောက်ထဲပစ်ချလိုက်ပြီနေမှာ..
အဖြစ်ဆိုးလိုက်တာအငယ်မရယ်…. အီးဟီးဟီး ”
မုတ်သုန်သည် ညီမဖြစ်သူ၏ ကျန်ခဲ့သောကင်မရာကို
ကိုင်ရင်းငိုနေတော့သည်။ကျန်သည့်နှစ်ယောက်မှာလည်း
စံပယ်လှိုင်တစ်ယောက် တောကောင် ကြီး ၏ ရန်ပြု
တာခံလိုက်ရပြီဟုပင် ထင်လိုက်ကြတော့သည်။။

တောကျောင်းလေးတစ်နေရာတွင်ကား
ဘရသေ့သည် မိုးမှောင်ကယ်တင်လာသော လူသားမိန်းခလေးကို သတိရလာစေရန် ပြုစုသည်။
“အင်း…..ဟင်း…. ဟင်း….. ”
ကောင်မလေးသည် ညည်းသံပြုကာ လှုပ်ရှားလာသည်။
ဘရသေ့သည် လူသားမိန်းခလေးကြောက်လန့်မည်
စိုးသဖြင့်မိုးမှောင်အား ပုန်းနေရန် ပြောသည်။
စံပယ်လှိုင်သည် သည် တစ်ကိုယ်လုံး ကိုင်ရိုက်ထား
သည့်နှယ် တစ်ကိုလုံးနာကျင်ကိုက်ခဲလျက်ရှိသည်။
မျက်လုံးဖွင့်ကြည်ု့လိုက်သောအခါ ဒေါက်ချာဆောင်းထား
သော ဘရသေ့ကြီးကို မြင်ရသည်။
“ဟင်…..တပည့်တော်မ ဘယ်ရောက်နေတာလဲဘုရား”
သူသတိချက်ချင်းကပ်သွားပြီး ဘရသေ့ကိုလက်အုပ်ချီကာ
လျှောက်သည်။
“သက်သာသလိုနေပါ ဒကာမလေး…. ဒီနေရာက
လုံခြုံသွားပြီကွဲ့….. ”
“တင်…. တင်ပါ့ဘုရား…..”
သူမ မေးသာမေးရသည်ဗိုက်က အလွန်ဆာလောင်နေ
သည်။
“အရှင်ဘုရား…. တပည့်တော်မကိုစားစရာ
နည်းနည်းလောက်စွန့်ပါဦးဘုရား… တပည့်တော်မ
အရမ်းဆာနေလို့ပါ…. ”
ရသေ့ကြီးသည် စံပယ်ကအစားအသောက်တောင်းလိုက်
လျှင် ခြင်းတောင်းကလေးထဲမှ သစ်ဥသစ်ဖုနဲ့ ငှက်ပျောတစ်ဖီးကို လာချပေးသည်။
“စားနော် ဒကာမလေး…. ဒါမှမြန်မြန်နေကောင်းမှာ”
“တင်ပါ့ဘုရား….ကျေးဇူးကြီးမားလှပါတယ် ဘုရား”
စံပယ်လှိုင်သည် ရသေ့ကြီးလာချပေးသော သစ်သီး
များနဲ့ ငှက်ပျောသီး ငါးလုံးလောက်စားပြီး အဆာပြေသွား
သည်။ပြီးလျှင် ရသေ့ကြီးဘက်လှည့်ကာ
“ဘရသေ့ ကဒီမှာတစ်ပါးတည်းသီတင်းသုံးတာလား
ဘုရား… ”
“မဟုတ်ဘူး…. ဒကာမလေးဒီမှာ ဘရသေ့နဲ့အတူ
ဒကာမလေးကိုကယ်လာတဲ့ သူတစ်ယောက်ပါနေတယ်… ”
“ရှင်! တပည့်တော်မကိုကယ်တင်တဲ့သူက ဘရသေ့
မဟုတ်ဘူးလားဘုရား…. ”
“မဟုတ်ဘူး ဒကာမလေး…. လူကလေးမိုးမှောင်
ကဒကာမလေးကိုကယ်တင်လာခဲ့တာပါ…. ”
ဘရသေ့သည် ထိုသို့မိန့်ပြီး သားဖြစ်သူအားလှမ်း ခေါ်
သည်။
“သားရေ… လူကလေး.. …ထွက်လာလို့ရပြီကွဲ့….
…”
ဘရသေ့မိန့်သံကြားလျှင် ကွယ်ရာတွင်ပုန်းနေသော
မိုးမှောင်သည် ထွက်လာလျှက် ဘရသေ့ကြီးရှေ့
ကျုံ့ကျုံ့ကလေးလာထိုင်သည်။
စံပယ်လှိုင်သည် အံ့ဩမှုများစွာဖြင့် ထိုမိုးမှောင်ဆိုသူအား
ခြေအဆုံးခေါင်းအဆုံးကြည့်သည်။
“သူက…. သူက…. တပည့်တော်မကို ကယ်လာတဲ့
သူလားဘုရား…. ”
“ဟုတ်တယ် ဒကာမလေး…. ဒကာမလေးကိုကယ်တင်လာတာ ဒီကမိုးမှောင်ဘဲကွဲ့”

ထူးဆန်း သတ္တဝါကြီးသည် သူ့အား သေဘေးမှကယ်တင်
ခဲ့သည်ဆိုသောကြောင့် စံပယ်လှိုင်မှာအယုံရခက်သွား
သည။်ရသေ့ကြီးက မယုံမှန်းသိသဖြင့်
“ကဲ… အဖြစ်အပျက်တွေကို…. ဒကာမလေးသိ
အောင် ပြောပြလိုက်ပါလူကလေး”
“ဟုတ်ကဲ့အဘ”မိုးမှောင်ပြန်ဖြေသံကိုကြားလိုက်သော
အခါ စံပယ်လှိုင်သည် ကိုယ့်နားကိုပင်မယုံနိုင်တော့ဘဲ
“သူ…. သူက စ…..စကားပြောတတ်တယ်ပေါ့…. ”
အထစ်ထစ် အငေါ့ငေါ့ဖြင့် ရသေ့ကြီးအား မေးလျှောက်
သည်။
“သူလည်း လူသားထဲတစ်ယောက်ဘဲ ဒကာမလေးရဲ့
ဒါ့ကြောင့် စကားတွေပြောတတ်တာဟာအံ့ဖွယ်မရှိပါ”
“တင်ပါ့ဘုရား…. တပည့်တော်မ အလွန်အံ့ဩလွန်းလို့
ပါဘုရား…. ”
“ကဲ…လူကလေး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ
လူကလေး ”
ဤသို့ဖြင့် မိုးမှောင်သည် စံပယ်လှိုင်ကိုတွေ့ရှိပုံအား
အစအဆုံးပြောပြလိုက်တော့သည်။
“ဒါဖြင့်ရင်…. ဟိုကိုးတောင်ကျားကြီးသေသွားပြီပေါ့”
“ဒါပေါ့…. မိန်းခလေးကို ကျွန်တော်ပေးဖို့ကျန်သေးတယ်”
ဆိုကာ မိုးမှောင်သည် ကျောပိုးလွယ်အိတ်ကလေးအား
စံပယ်လှိုင်ထံသို့ကမ်းပေးလိုက်သည်။
“ဟင်…. ငါ့ကင်မရာလေးမပါဘူး….. ချောက်ထဲကျသွား
ပြီထင်တယ်…. ”
“ကျွန်တော် မိန်းခလေးကိုကယ်လာတုန်းက
ဒီလွယ်အိတ်ဘဲပါလာတယ်…. မိန်းခလေးဆီမှာ
တခြား ပစ္စည်း တွေမပါဘူး… ”
“ကျေးဇူးပါနော်… ကိုမိုးမှောင်”
စံပယ်လှိုင်သည် မိမိအကြိုက်ဆုံးကင်မရာလေးနဲ့
မှတ်တမ်းယူထားသော ပုံများမရနိုင်တော့သဖြင့် အနည်း
ငယ်ဝမ်းနည်းသွားမိသည။်ဒဏ်ရာများ ပြန်ကောင်းလာပြီး
နောက် ဘရသေ့အမိန့်အရ မိုးမှောင်သည် စံပယ်လှိုင်အား
လူ့ရွာသို့ပြန်လည် ပို့ပေးခဲ့သည်။
၆။ စံပယ်လှိုင်သည် ပြန်ရောက်လာခဲ့သဖြင့်
အားလုံး ဝမ်းသာသွားကြသည်။စံပယ်လှိုင်သည် သူ့အသက်
အားကယ်တင်ခဲ့သော သတ္တဝါကြီးမိုးမှောင်အကြောင်းကို
အစ်ကိုဖြစ်သူ မုတ်သုန်အား ပြောပြသည်။
“တကယ်ပေါ့အငယ်မ…. နင့်ကို ဟိုကောင်ကြီးက ရန်မပြုဘဲ ကယ်တင်ထားတယ်ဆိုတာ… ”
“တကယ်ပါဆိုအစ်ကိုရ…. စစတုန်းကစံပယ်လည်း
မယုံခဲ့ဘူး…. တကယ်တွေ့ရမှယုံသွားတာ… သူကလူစကားလဲပြောတတ်သေးတယ်…. လူထက်တေါင်
ယဉ်ကျေးတဲ့အပြုအမူရှိတယ်”
စံပယ်လှိုင်သည် သဘောရိုးဖြင့် ပြောပြလိုက်သော်လည်း
မုတ်သုန်သည် အကောင်ကြီးရှိသည့်နေရာကိုသိသွား
သဖြင့် ထောင်ချောက်ဆင်ဖမ်းရန် သူငယ်ချင်း ဖြစ်သူ
မာန်စစ် နဲံစွမ်းပြည့်တို့အား တိုင်ပင်ပြောဆိုလိုက်တော့
သည်။
မိုးမှောင်ရှိသည့် နေရာအနီးအနားတဝိုက်ကို သေချာလေ့
လာကာ ပတ်ပတ်လည် ထောင်ချောက်ဆင်ထားလိုက်
သည်။ဘရသေ့ အဓိဌာန်ဝင်သည့်အချိန်ကို စောင့်ကာ
စတင်လှုပ်ရှားတော့သည်။
မိုးမှောင်သည် သောက်သုံးရေကုန်သွားသဖြင့် ရေခပ်ရန်
တောကျောင်းထဲမှထွက်လာသည်။
“ဂျုန်း…. ဂျုန်း…. ဂျုန်း…. ”
ရုတ်တရက်သူသည် ကြိုးတစ်ချောင်းအားနင်းမိပြီး
လေးဖက်လေးတန် သံတိုင်များပိတ်ထားသော
လှောင်အိမ်ထဲသို့ ရောက်သွားသည။်အတင်းရုန်းသော်
လည်းအလွန်ခိုင်ခန့်မာကျောသော သံတိုင်များအားကြား
မရုန်းနိုင်ဖြစ်နေသည်။
“ဟား…. ဟား…ဟား…. “ပြိုင်တူရယ်လိုက်သော
ရီသံအား မိုးမှောင်ကြည့်လိုက်သည။်တစ်ခါက ဒရယ်လေး
အား သတ်ရန်ကြံသောမုဆိုးအဖွဲ့သုံးယောက်မှန်း
သူချက်ချင်းသိလိုက်သည်သူဒေါသထွက်သွားသည်။
သံတိုင်အား အတင်းဆွဲသည်မရ။
“ရုန်းမနေနဲ့လူ့ဘီလူးကြီးရေ…. မင်းရုန်းနေလည်း
အချည်းနှီးဘဲကွ…. ဟားဟားဟား ”
ထိုလူသုံးယောက်တို့သည် သူ့အားလှောင်ရယ်လျှက်
“ဒီလူ့ဘီလူးကြီးကိုသတ်ပြီး သူ့ဂျိုကိုလည်ဆွဲလုပ်ပစ်မယ်
ကွာ…. ငါ့လက်ကိုကျိုးအောင်လုပ်တဲ့ကောင်
သေပေတော့”
စွမ်းပြည့်သည် အဆိပ်လူးများဖြင့် မိုးမှောင်အားပစ်လိုက်
သည်။သံတိုင် ကျဉ်းကျဉ်းလေးကြားတွင် သူရှောင်လို့
မရတော့ပေ။
နောက်မာန်စစ်နဲ့မုတ်သုန်က BA(63)မောင်းပြန်ရိုင်ဖယ်
တစ်လက်စီဖြင့် ပြိုင်တူပစ်လိုက်သည။်ထိုအချိန်တွင်
စံပယ်လှိုင်ရောက်လာခဲ့သော်လည်း တားချိန်မရတော့
ပေ။
“အစ်ကိုတို့ မလုပ်နဲ့…. ”
“ဒိန်း…. ဒိန်း…. ”
အဆိပ်လူးမြှားဒဏ်ကြောင့် နာကျစ်ယစ်မူးနေချိန်
သေနတ်ကျည်ဆံကပါ ရင်ဘတ်ကြီးအားထုတ်ချင်းပေါက်
ဝင်ရောက် သွားသဖြင့် မိုးမှောင်သည် လောကကြီး
အားနုတ်ဆက်သွားရတော့သည်။
“ဟားဟားဟား… နောက်ဆုံးတော့လဲ သေပွဲဝင်ရ
တာပါဘဲလား….”
“ဟား ဟား ဟား ”
“ဟားဟားဟား ”
လူသုံးယောက်တို့၏ ရယ်သံကား တောကြီးအလယ်
ပဲ့တင်ထပ်သွားသော်လည်း စံပယ်လှိုင်မှာမူ မိမိ
အမှားအားနောင်တရစွာငိုကျွေးနေတော့သည်။
မိုးမှောင်သည် နာကျင်မှုဝေဒနာမရှိတော့ဘဲ
ဂွမ်းစတစ်စလို ပေါ့ပါးလျက်ရှိသည။်သူရောက်နေသော
နေရာသည် ဘရသေ့အဓိဌာန်ဝင်ရာ တောင်ဖြစ်သည်။
သူသည်ဘရသေ့ရှေ့တွင်ဒူးတုပ်ကာ ဦးချပြီး ဘရသေ့
တရားဖြုတ်မည့်အချိန်ကို စောင့်နေသည်။
“လူကလေး မိုးမှောင်”
“ဗျာ.. ဘဘရသေ့”
“လူကလေး အတိတ်ကဝဋ်ကျွေးကို ဆပ်ပြီးပြီပေါ့”
မိုးမှောင်သည် သူ့ကိုသူသေဆုံးသွားပြီမှန်းသိကာ
“တင့်ပါဘုရား…. ”
“အိမ်း… လူကလေး ဟာ…. အတိတ်ဘဝ
တစ်ခုက ကျိန်စာတိုက်ခံခဲ့ရလို့… ဒီဘဝမှာ
မိဘတွေနဲံကွေကွင်းခဲ့ရတယ်…. သူများနဲ့မတူတဲ့
ကြောက်မက်ဖွယ်လူဖြစ်ခဲ့ရတယ်… အတိတ်ဘဝမှာ
လူကလေးဟာ မိသားစုတစ်ခုကို ကွေကွင်းအောင်လုပ်
ခဲ့လို့ ဒီဘဝလူကလေးရဲ့မိခင်ဖြစ်လာမဲ့သူဟာ
လူကလေးကို ကျိန်စာတိုက်ဆဲဆိုခဲ့တယ်…
ဒါ့ကြောင့်ဒီဘဝမှာ လူကလေးဟာ သူရဲ့ရင်သွေး
ဖြစ်ခဲ့ပေမဲ့ စွန့်ပစ်ခြင်းခံခဲ့ရတယ်…..
ဒါ့ကြောင့်မို့ အဘ လူကလေး ကိုသိစေချင်တာက
တစ်ဦးတစ်ယောက်ကို ချစ်လို့လည်းနောက်ဘဝမှာ
အတူတူနေရဖုိ့ ဆုမတောင်းလေနဲ့၊
မုန်းလို့လည်း ကျိန်စာတိုက်ပြီး မကျိန်ဆဲလေနဲ့၊
ဆုတောင်းနဲ့ကျိန်စာဆိုတာဟာ ပစ္စုပ္ပန်မှာ လက်တွေ့
မဖြစ်ပေမဲ့ အနာဂတ်ဘဝတွေမှာ ကြုံတွေ့လာရ
တတ်တယ်ဆိုတာ လူကလေးအမြဲ နှလုံးသွင်းပါကွယ်.
သဗ္ဗေသတ္တာ သတ္တဝါ တစ်ခုကံတစ်ခုပေမို့ လူကလေး
နဲ့ဘရသေ့ ဒီဘဝမှာဒီမျှသာ ရေစက်ပါပေတာမို့
လူကလေးသွားနှင့်ပေဦးတော့….. သံသရာစက်ဝန်း
အတွင်းမှာ တစ်နေနေ့တော့ပြန်တွေ့ကြဦးမှာပါလေ”

“သာဓု… သာဓု…. သာဓု… ”
မိုးမှောင်သည် ဘရသေ့ ကြီးအားရှိခိုးဦးချလျက်
ဝေဝါးပျောက်ကွယ်သွားလေတော့သည်။
စွမ်းပြည့် တို့သည် အသက်မဲ့သော မိုးမှောင်၏ ခန္ဓာ
အား ကားကြီးဖြင့်တင်လျက် အိမ်သို့သယ်လာခဲ့သည်။
မိဘဖြစ်သူ ကိုစိုးမောင် နဲ့ ဒေါ်လှမြင့်တို့သည် ထိုလူ့ဘီ
လူးကြီးအားကြည့်ကာ တစ်ချိန်က မိမိတို့လူမဆန်စွာ
စွန့်ပစ်ခဲ့သော အမွေးအမြှင် နဲ့ကလေးငယ်လေးအား
ပြန်အမှတ်ရမိလေတော့သည်……… ။ ။
#ပြီး
#ခွန်း