ရင်ငြိမ်းပန်း(စ/ဆုံး)
—————–
“ဟင့် ဟင့် ဟင့် ”
“သမီးရယ် ညည်းမိုက်လှချီလား? အမေတော့ရင်ကျိုးပါပြီသမီးရယ် ငါ့သမီးကခုမှ ၁၆နှစ်တောင်မပြည့်သေးဘူး ပန်းကောင်းအညွှန့်ချိုးလုပ်ရက်လိုက်တာ”
” အမေ ညည်းအဖေကို ဘယ်လိုပြောရတော့မလည်းးးးးဟီးးး”
ဒေါ်ပြည့်စိုးရင်ဘတ်ကိုထုရင်း ငိုချင်းချ
သမီးဖြစ်သူ ငြိမ်းက တရှုံ့ ရှုံ့ငိုရင်း။
သူမ နာမည်ရင်ငြိမ်းပန်း
သို့ပေမယ့် ခုတော့ ရင်မငြိမ်းတဲ့အပြင် ပူနေပါရောလား?
သူမရင်ငြိမ်းပန်းကခုမှ ၁၀တန်းတက်ခါစ
သူမချစ်သူ ကိုအောင်နဲ့အချစ်နယ်ကျွံပြီးခုမှ ဗူးပေါ်သလိုပေါ်လာလို့ သားအမိနှစ်ယောက် ရင်ကွဲမတတ် ငိုယိုနေကြတဲ့ဖြစ်အင်ပါ။
“သမီး”
“အမေ့ကိုမှန်မှန်ပြောစမ်းပါ”
“အဲ အကောင်နဲ့ ဘယ်နှစ်ခါဖြစ်ခဲ့သလည်း?”
“အမေရယ် ဘုရားစူး ၁ခါထည်းပါ”
“ဘာ”
“၁ခါထည်းလည်း ကိုယ်ဝန်ရှိနိုင်တာပဲ ညည်းမသိဘူးလား?”
“အမေရယ် ၁ခါထည်းနဲ့ မဖြစ်နိုင်ဘူးထင်လို့ပါ”
“ဟင့် ဟင့် ဟင့်”
“ခုမှ ငိုမနေနဲ့တော့ အမေကြံအုန်းမယ်”
“ကဲ အမေ့ကို ဖြစ်ပုံ စဆုံး ပြောပြစမ်းပါ”
“ဒီလိုအမေ”
သူမ ဆယ်တန်းတက်ခါစ ကိုအောင်က တက္ကသိုလ်ကျောင်းသား။
ကျောင်းထိပ်ကဝါးဆိုင်မှာ သူ့သူငယ်ချင်းနှစ်ကျတွေနဲ့လာထိုင်ရင်း ငြိမ်းကိုတွေ့တော့အသည်းအသန်ပိုးပန်းခဲ့ပါတယ်။
ကိုအောင်က နှုတ်ခမ်းမွှေးစစ။မျက်ခုံးတန်းတန်းနဲ့ မျက်တောင်တိုစိပ်စိပ်။မျက်နှာလေးထောင့်စပ်စပ်။အသားဖြူဖြူမို့ ငြိမ်းမျက်စိထဲမှာ အင်မတန်ကြည့်ကောင်းခဲ့ပါတယ်။ငြိမ်းသူ့ကိုပထမကွောကျရှံ့ခဲ့မိမေယ့် တက္ကသိုလ်ကျောင်းသားဆိုတာသိတော့ ချစ်သူဖြစ်ခဲ့ကြပါတယ်။
ငြိမ်းကအသားညိုညိုမှာ ဆေးမကူပဲမဲနက်နက်မျက်ခုံးတန်းတန်းလေးက မျက်နှာပေါ်မှာ အထင်ပေါ်ဆုံး မျက်ဝန်းကျယ်ကျယ်တောက်တောက် နှာတံစင်းစင်းအဖျားမှာမသိမသာကော့ကော့လေး နှုတ်ခမ်းကနဲနဲကျယ်ကျယ်မထူမပါးနဲ့ ထင်ပေါ်တဲ့ညိုချောလေးမို့ ကိုအောင်က သိပ်ချစ်စရာကောင်းတယ်လို့ပြောပါတယ်။
ရည်းစားဖြစ်ခါစ ကျောင်းကြိုအမြဲ။ကျူရှင်အပို့အကြိုအမြဲလုပ်ပါတယ်။
ကျုရှင်နဲ့ကျောင်း။ကျောင်းနဲ့ကျုရှင် ကျုရှင်နဲ့အိမ် မို့ လမ်းမှာပဲအမြဲစကားပြောဖြစ်ကြတာပေါ့။
တစ်နေ့တော့ကိုအောင်က သူ့သူငယ်ချင်းအိမ်ကိုလိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။
“ငြိမ်း ကျုရှင်ဖျက်လိုက်လေ” “အဲဒီမှာဆို လွတ်လွတ်လပ်လပ်စကားပြောလို့ရတယ်”
“လိုက်ခဲ့နော်”
“ဟင့်အင်း ငြိမ်းကြောက်တယ် ကိုကို”
“မကြောက်နဲ့ ကိုယ်ဘာမှမလုပ်ဘူး”
“လွတ်လွတ်လပ်လပ် စကားပြောချင်တာတစ်ခုထည်းပါ”
အ့လိုအကြိမ်ကြိမ်ခေါ်ဆိုမူကြောင့်
ငြိမ်းတခါထည်းလိုက်ခဲ့မိပါတယ်။
သူ့ကိုချစ်တဲ့စိတ် ယုံကြည်စိတ် နဲ့ လိုက်သွားခဲ့မိတဲ့အတွက် ခုလို မရှုနိုင် မကယ်နိုင် ရေထဲမှားဗူးလွတ်ပေါ်လာသလို ဖြစ်လာကုန်တော့တာပါ။
အဲဒီနောက်ပိုင်းကစလို့ ငြိမ်းဆီ ကိုကို လာတချက် မလာတချက်နဲ့ပါ။
ငြိမ်းကတော့ ကိုကိုမအားလို့ လို့ပဲထင်ခဲ့မိတာပါ။
၃လကြာလို့ ငြိမ်းမအီမသာဖြစ်လာပြီး အန်လာတာမို့ သူ့ သူငယ်ချင်းကို ငြိမ်းနေမကောင်းကြောင်း အကြောင်းကြား လိုက်မိကထည်းက ခုလို အမေသိသွားတဲ့အထိ ကိုကိုပေါ်မလာတော့တာပါ။
ငြိမ်းတို့ရပ်ကွက်နဲ့ ကိုကိုတို့ရပ်ကွက်က ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်ပါ။
အခန်း(အခန်း၂)
အမေ့ခဗျာ ကိုအောင်တို့အိမ်လိုက်သွားပြီး ငြိမ်းဒီလိုဖြစ်ကြောင်း ဖြစ်ပုံအလုံးစုံကို အရှက်မျက်နှာ နောက်ထား သန်းခေါင်ထက်ညဉ့်နက်တာမထူးဘူးဆိုပြီး သိအောင်လို့တော့ သွားပြောခဲ့ပါသေးတယ်။
သူတို့သားတောင် တာဝန်မယူနိုင်လို့ထွက်သွားတာ သူတို့နဲ့လည်းမဆိုင်ကြောင်း။
သူတို့သားနဲ့လည်းဟုတ်ချင်မှ ဟုတ်မှာဖြစ်ကြောင်း။
“တိုင်ချင်တဲ့နေရာတိုင် ကျုပ်တို့က တာဝန်မယူနိုင်ဘူး ဖြစ်လာမှ သူတို့သားကို ထိုးချဖို့ မစဉ်းစားနဲ့”တဲ့
မကြားဝံ့မနာသာတွေ ပြောဆိုလိုက်ကြတာ။
သားသမီးချင်းကိုယ်ချင်းမစာနာ။
အမေ့ခဗျာ အရှက်လုံးလုံးကွဲတာကတမျိုး။သမီးအတွက်ရင်တွင်းမချီတာကတမျိုး ယူကြုံးမရစွာနဲ့ အိမ်ကိုပြန်လာပြီး ငြိမ်းကိုဖက်ငို ငြိမ်းလည်းငိုနဲ့ သောက ပရိဒေဝမီးတွေ တောက်လောင်ခဲ့ကြတာများ မီးသတ်ကားတွေနဲ့ရေတွေဝိုင်းလောင်းတာတောင် ရင်တွင်းအပူငြိမ်းနိုငိပါ့မလားရှင်။
သက်ဆိုင်ရာကိုသွားတိုင်လို့အထောက်အထားမှမရှိတော့တဲ့အဖြစ်။တစ်ရှက်ကနေ နှစ်ရှက်ဖြစ်။
ဗိုက်ထဲက ကလေးက သက်သေဆိုပေမယ့် တိုင်ခံရမည့်သူက ပုန်းရှောင်နေတဲ့အဖြစ်။
အဲဒီလိုနဲ့ အမေနဲ့ငြိမ်း ရွှေပြည်သာမြို့နယ်မှာ အိမ်ငှားနေပြီး ကလေးမျက်နှာမြင်ခဲ့ရပါတယ်။ အမေကလေ ငြိမ်းthatသေမှာစိုးလို့ တချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စိတ်မချနိုင်စွာ နေ့မအိပ် ဂရုတစိုက် အရိပ်တကြည့်ကြည့်နဲ့။
ဒေါသထွက်နေတဲ့အဖေ့ကို အမေပဲနားချပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အခြေအနေတွေလူမသိအောင် အေးအောင်ကြံဆောင်ခဲ့ရရှာပါတယ်။
သားလေး၆လပြည့်တဲ့နေ့ အဖေအမေတို့လည်း အိမ်ကိုအပြီးရောင်းပြီး ရွှေပြည်သာမှာပဲ ငြိမ်းနဲ့အတူတူနေခဲ့ပါတယ်။
အမေ့အစီအမံနဲ့ပဲ ၁၀တန်းကျောင်းဆက်မတက်ခဲ့ရတဲ့ငြိမ်း စက်ချုပ်သင်တန်းကို စ တက်ခဲ့ပါတယ်။
ငြိမ်း ဆိုင်စဖွင့်ပြီး တစ်နှစ်အကြာမှာပဲ ငြိမ်းနဲ့သားလေးကို စိတ်ချစွာ ထားခဲ့ပြီး အဖေနဲ့အမေ နှလုံးရောဂါနဲ့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြပါတယ်။
ငြိမ်းအားငယ်ဝမ်းနည်းလိုက်ရတာ ပြောမပြနိုင်လောက်အောင်ပါပဲ။
သားလေး ငြိမ်းသားလေးရှိနေလို့။
သားလေးသာမရှိရင်….
အခန်း(အခန်း၃)
သားလေးနဲ့ ဘဝစာမျက်နှာသစ်ကို စက်ချုပ်ဆိုင်လေးဖွင့်ရင်း အားတင်းလို့ရုန်းကန်ခဲ့ရတဲ့ငြိမ်းပါ။
ငြိမ်းနဲ့သားလေး ရဲ့ ဘဝစာမျက်နှာ ထဲမှာ ထပ်ပြီးဝင်ရောက်လာသူကတော့ ကိုစံလင်းပဲဖြစ်ပါတယ်။
ကလေးတစ်ယောက်အမေ ငယ်ငယ်ရွယ်ရွယ် လှတပတ တခုလတ်မလေးရဲ့ဒုက္ခက အများသားပါပေပဲ။
ကျောရရုံကြံချင်ကြသူတွေ ရမလားအကဲစမ်းချင်ကြသူတွေ အလွယ်နှိုက်မြည်းချင်ကြသူတွေ အလကားပါးစပ်အရသာခံ နှမချင်းမစာနာ ပြောချင်ကြသူတွေကခပ်များများ။
အိမ်နီးချင်း ယုံကြည်ရသူတွေရဲ့ ကမ်းလှမ်းချက် ရပ်ကွက် က မျက်နှာကြီး သံဒေနေသူတွေရဲ့ ထောက်ခံချက် ကိုစံလင်းရဲ့ အနေအထိုင် သူ့မိဘမောင်နှမတွေရဲ့ ထောက်ခံချက် ကိုစံလင်းရဲ့ ချောင်းပေါက်မတတ် လာပြီးပိုးပန်းမှု အမှန်တကယ်ချစ်ကြောင်း အမှန်တကယ်လက်ထပ်ယူမည့်အကြောင်း ကတိကဝတ်တွေရဲ့ ယုံကြည်မှု အားသာမှုတွေ ကြောင့် လူကြီးစုံရာရှေ့မှာ ကိုစံလင်းနဲ့လက်ထက်ခဲ့ကြတယ်။
ကိုစံလင်းက ရေပိုက်ပြင်သူ လူပုံက အသားညိုညို အရပ်ပုပုနဲ့ စကားပြောယဉ်ကျေးဖော်ရွေပါတယ်။
တိုတိုပြောကြပါစို့ရဲ့ငြိမ်းအိမ်ထောင်ရေးကံမကောင်းပုံများက ကိုစံလင်းဟာ လူအေးဖဲသမားစစ်စစ်ဖြစ်နေတာက ငြိမ်းလက်ထပ်ပြီးမှ သိလာရတာပါ။
ဖဲရိုက်နေရမယ်ဆို ထမင်းမေ့ဟင်းမေ့ မယားမေ့ သားမေ့ အလုပ်မေ့အကုန်မေ့။
သူနဲ့ငြိမ်း သမီးလေးတစ်ယောက်ထပ်ရခဲ့လို့ သမီးလေးမျက်နှာနဲ့ သူတောင်းသမျှပေးခဲ့ရပါတယ်။
ပထမတော့ သူရှာရသမျှ အပ်တယ် နောက်ပိုင်းမှာ သူ့ငွေတွေ အကုန်ကုန်တဲ့အပြင် ငြိမ်းမှာရှိတဲ့ နားကပ် ဆွဲကြိုး လက်စွပ် အပျော့ဆွဲနဲ့ တောင်းလို့ ချွတ်ချွတ်ပေးရတာ အကြိမ်မရည်တွက်နိုင်တော့။
တည်မိတဲ့ဘုရား ကြည်ညိုညို မကြည်ညိုညို ကိုးကွယ်ရာသာ ဖြစ်တယ်ဆိုပြီး စိတ်နှစ်ခဲ့ရတာပါ။
ကိုစံလင်းဟာ နောက်ပိုင်းမှာအတော်လွန်လာတယ် ငြိမ်းစက်ချုပ်ကရသမျှ ပိုက်ဆံတွေအပြင် အပ်ချုပ်စက် ဗီတင်စက် သာမက အမွေအိမ်ကိုပါ မျက်စောင်းထိုးပြီးရောင်းဖို့တကဲကဲပြောဆိုလာပါတော့တယ်။
ငြိမ်းကိုလက်နဲ့မရိုက်ပေမယ် ငြိမ်းဆီက ပစ္စည်းတွေငွေတွေမရင် သူကမပေါင်းနိုင်တော့တဲ့ အချိုးချိုးပြီး အမျိုးမျိုးဒုက္ခပေးပါတော့တယ်။
အပ်ထားတဲ့အကောင်းစားအထည်စတွေ ယူသွားပြီး အိမ်ပြန်မလာတာငါးရက်ငြိမ်းစိုက်လျော်ရပါတော့တယ် ရှိသမျှ လက်ဝတ်လက်စားတွေ သူဖဲရိုက်တာနဲ့အကုန်ကုန်။
ကိုယ်ကလည်းရှာကြွေးရသေး။ထမင်းအိုးကိုလည်း အမျိုးမျိုးအိုးစားကွဲအောင် ရိုက်ချိုးနေတာလွန်ကဲလာတော့ ငြိမ်းလည်း ဘာပဲဖြစ်ဖြစ် မပေါင်းတော့ဘူးစဉ်းစား။မိတ်ဆွေသူငယ်ချင်းတွေနဲ့တိုင်ပင် သူမသိအောင်အိမ်ရောင်း သူ့အတွက်သိန်း၂၀ ထားခဲ့ပြီး ကလေး၂ယောက်လက်ဆွဲ သူ မသိတဲ့ တခြားမြို့ကိုအပြီးပြောင်းလာလိုက်တော့တယ်။
နောက်မို့ဆို ငြိမ်းဘဝ ခွက်စွဲ တောင်းစားရတဲ့အဆင့်ထိ ရောက်အုန်းမလားလို့တောင် တွေးကြောက်ရသည်အထိ ဖြစ်လာလို့ပါ။
ကိုစံလင်းက သူ့လက်ထဲငွေရရင် ဖဲရိုက်ဖို့ပဲအာရုံရပြီး ငြိမ်းတို့ကိုလိုက်ရှာဖို့ဆိုတာ သူ့ခေါင်းထဲမရှိတာသိနေလို့ငွေထားခဲ့တာပါ။
ငြိမ်းအသက်၂၈ သားက၄တန်း။သမီးက၅နှစ်။ကိုယ့်ဘဝနဲ့ကိုယ်တည်တည်ငြိမ်ငြိမ် ဖြစ်ပြီဆိုပြီး စက်ချုပ်တာကိုစိတ်နှစ် ။ဘဝကိုတည်ငြိမ်စွာ ဖြတ်သန်းလာခဲ့တာ ငြိမ်းအသက်သုံးဆယ်ထိ။
အခန်း(အခန်း၄)
ကိုတင်စိုး
ရပ်ကွက်အတွင်းရေးမှုး လူကဖြူဖြူဝဝခန့်ခန့်သန့်သန့် ငြိမ်းနဲ့သက်တူရွယ်တူ ဝတ်လိုက်ရင် အင်္ကျီဖြူကော်လံကတုံး။
ကိုတင်စိုးက ကလေး၂ယောက်အဖေ အိမ်ထောင်ကွဲ။
ငြိမ်းနဲ့ ရပ်ကွက် အစည်းအဝေး ပွဲတစ်ခုမှာ စခင်ပြီး ငြိမ်းအတွက် မိတ်ကပ် နှုတ်ခမ်းနီ ready made အကြီငျ် ဖိနပ် အမြဲဝယ်ဝယ်လာပြီး လက်ဆောင်ပေးတတ်တယ်လေ
ငြိမ်းသားနဲ့သမီးအတွက်လည်း နာရီ အကြီငျ် ဘောပင် ကွန်ပါဗူး လက်ဆောင်ပေးတတ်တာကအစပြုလို့…..ခင်မင်ရင်နှီးလာလိုက်တာ….
ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့စျေးသွားရင်လိုက် ဘုရားအတူသွား စားအတူ သွားအတူ ၁နှစ်နီးပါးကြာခဲ့ပြီ။
ငြိမ်းရဲ့ဆိုင်ကို တနေကုန်နီးပါးလာထိုင်တတ်ပါတယ်။
ငြိမ်းလေ……..
သူ့ကိုသိပ်ချစ်ခဲ့မိပါတယ်။
မကြာပါဘူး .ငြိမ်းတို့နှစ်ဦးသဘောတူလက်ထပ်ခဲ့ကြတယ် ငြိမ်းသူငယ်ချင်းကတော့တားခဲ့ပါသေးတယ် ငြိမ်းနားမဝင်ခဲ့မိဘူး။
သူနဲ့လက်ထပ်ပြီး ပျော်ရွှင်ခဲ့တာ၁နှစ်တာကာလလေးပါ။
နောက်ပိုင်းမှာသူဟာ သူ့အရင်မိန်းမတွေနဲ့လည်း မကင်းမရှင်း ခုထိအဆက်မပြတ် လူမသိရှင်မကြား ပေါင်းနေသေးတာ ငြိမ်းစသိသွားတဲ့အချိန် စကားများရာက ငြိမ်းကိုမျက်နှာတွေဖူးဖူးယောင် နှုတ်ခမ်းတွေကွဲစုတ်တဲ့ထိ ရိုက်နှက်နှိပ်စက်လို့လာပါတော့တယ်။
အားကိုးစရာ တိုင်ပင်စရာ မိဘတွေလည်း မရှိ ရင်းနှီးပါတယ်ဆိုတဲ့သူငယ်ချင်းကလည်း ကိုတင်စိုးနဲ့ယူလိုက်ကထဲက ငြိမ်းကိုစကားမပြောတော့တာလေ။
အိမ်ထောင်ရေးကံကလည်းလုံးဝမကောင်းခဲ့ပါဘူး တစ်ယောက်က ပန်းကောင်းအညွှန့်ချိုး တစ်ယောက်က ဖဲသမား တစ်ယောက်က အကြမ်းဖက်သမား။
အကြိမ်ကြိမ်ကိုယ်ထိလက်ရောက်စော်ကားနှိပ်စက်လို့ ရုံးသွားတိုင်လို့လည်းမရပြန် သူကရုံးကလူ။
တရားရုံးတွေ ရဲစခန်းတွေ သွားတိုင်ပြန်တော့လည်း သူ့လူတွေနဲ့ပဲတိုးနေတော့တာ..
ရပ်ကွက်က လင်မယားလည်းဖြစ် သူကလည်းပေါက်ရောက်သူလည်းဖြစ်နေတော့ မပြောသာ မဆွဲသာ ဒီအတိုင်းလက်ပိုက်ကြည့်နေကြရတာ ငြိမ်းကိုကူမယ့်သူမရှိ။
သူနှိပ်စက်သမျှ ခေါင်းငုံ့ခံ ထိုးကြိတ်သမျှ မအော်ရဲ ရလာသမျှ ဒါဏ်ရာတွေ ကိုယ့်ဘာသာကြပ်ပူထိုး စက်ဆိုင်လာအပ်တဲ့သူမှန်သမျှ အပူရုပ်ကိုဟန်လုပ် ဘာမှမဖြစ်ချင်ယောင်ဆောင် ပြုံးပြလို့ အပ်ထည်တွေလက်ခံ အလုပ်လုပ်နေရတာ ငါးနှစ်တာ။
အခန်း(အခန်း၅)
ကျွတ်ချိန်တန်တော့….
ကိုတင်စိုးဟာ သူ့သဘောသူဆောင်ပြီး အရင်မယားကြီးနဲ့ ပြန်ပေါင်းထုပ်ကြတော့ ငြိမ်းပျော်ခဲ့ရတာ စာဖွဲ့ပြလို့မရခဲ့တာအမှန်။
မယားကြီးနဲ့ကျ ပွဲပြီးမီးသေတဲ့ ကိုတင်စိုး။
ငြိမ်းဘက်ကိုယောင်လို့တောင်ခြေဦးမလှည့်။
ငြိမ်းမှာ ကိုတင်စိုးမယားကြီးကို ကျေးဇူးတင်မိရပါရဲ့။
ငြိမ်းအသက်၃၆။ဆံပင်ဖြူတွေလည်းပေါက်လို့ တစ်ခေါင်းလုံးလည်းဖွေးတစ်ဝက်ညိုတစ်ဝက်။
ဒီအတိုင်းဆေးမဆိုးပဲ သဘာဝကျကျ။
ရှိရင်းစွဲအသက်ထက် ရင့်ရော်လို့။
သုံးလင်ပြောင်းတဲ့မိန်းမဘာညာ…ပြောချင်သလိုသာပြောကြပါစေတော့။
ဘဝနဲ့ ရင်းချီလို့သိခဲ့ရတဲ့ငြိမ်း နှလုံးသားနုခဲ့တဲ့ငြိမ်း ယောက်ကျားမှန်သမျှ ရွံကြောက်ကြီးကြောက်လို့ အထင်ကိုလည်းမကြီးတော့တဲ့အပြင် ဘယ်ယောက်ကျားမှ စကားဟဟ မပြောခဲ့တော့တာ။
ဘဝဟာကဗျာမဆန် မုန်တိုင်းတွေထန်ခဲ့ရပေမယ့် အဲဒီမုန်တိုင်းတွေကြားထဲမှာပဲ အကြမ်းခံပန်းအဖြစ် ဆက်လက်ရှင်သန်ရပ်တည်သွားမှာပါ။
နာမည်က ရင်ငြိမ်းပန်းဆိုပေမယ့် ဘဝအစကထည်းက ရင်မငြိမ်းခဲ့ရတဲ့ဘဝမို့…..
ရင်ငြိမ်းပန်းဆိုတာခုမှစရတော့မှာပါ…..။
စံဌာနီထွန်း