ညိုမ

Posted on

ညိုမ(စ/ဆုံး)

———

၁၉၉၅ ခုနှစ်ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်တဲ့နေ့

မနက်အစောပိုင်းမိုးကလေးကတစ်စိမ့်စိမ်ရွှာနေတယ်။

သူငယ်ချင်းတွေမနက်အ​ေစာပိုင်းကတဲ့သူတို့စာမေးပွဲအောင်မြင်ကြောင်းကျွန်တော်ကိုလာပြောကြပေမယ့်ထိုနှစ်စာမေးပွဲကိုကျွန်တော်မအောင်မြင်ခဲ့ပါ။

သူတို့ရှေ့မှာဟန်မပျက်နေခဲ့ပေမယ့်ရင်ထဲမှာဝမ်းနည်းစိတ်၊အားငယ်စိတ်နဲ့ခံပြင်းမှု့တွေကသာကြီးစိုးလျှက်ရှိလို့နေပါတယ်။

သူငယ်ချင်းတွေကျွန်တော့်မြင်ကွင်းမှထွက်ခွါသွားကြတဲ့အခါမှာတော့နောင်လာမည့်ရှေ့ရေးအတွက်တွေးတောရင်းရင်မောရပါတယ်။

အဓိကအကြောင်းအရင်းကတော့အဖေတာဝန်ကျရာနေရာဒေသသစ်တွေကိုမကြာခဏပြောင်းရွှေ့ရခြင်းနဲ့အတူတစ်မြို့နဲ့တစ်မြို့ပြောင်းရွှေ့ဖို့ရက်ပေါင်း (၂၁) ရက်ပြောင်းရွှေ့ချိန်ပေးထားသော်လည်းတစ်ခါတစ်ရံမြို့တစ်မြို့နဲ့တစ်မြို့အကြားခရီးသွားလာရန်ခက်ခဲ့မှု့ကြောင့်ထိုထက်ပိုပြီးကျန့်ကြာသွားတတ်ပါတယ်။

မြို့သစ်တစ်မြို့ကိုရောက်ပြန်တော့လဲနေရေးထိုင်ရေးစီဥ်ပြီးအထိုင်ကျမှသာကျောင်းပြန်အပ်ရတာမို့ပုံမှန်တက်နေတဲ့ကျောင်းသားတွေထက်စာသင်ချိန် (၃) လခန့်နောက်ကျသွားတတ်ပါတယ်။

ကျွန်တော်တို့ပြောင်းရွှေ့လာတဲ့ဧရာဝတီတိုင်း၊ပန်းတနော်မြို့လေးမှာထိုစဥ်ကလျှပ်စစ်မီးပုံမှန်မရသေးဘဲနာရီအနဲငယ်သာမီးပေးနိူင်ပါသေးတယ်။

မြန်မာ့အလင်းသတင်းစာနဲ့ကြေးမုံ့သတင်းစာတို့်ကိုတစ်ရက်ခြားဖတ်ရပြီးဒီနေ့ထုတ်သတင်းစာကိုရန်ကုန်မှညနေပိုင်းသဘော်နဲ့တင်လာပြီးနောက်တစ်နေ့ရောက်မှသာလျှင်သတင်းစာပို့သူကအိမ်တိုင်ရာရောက်လိုက်ပို့ပေးပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေးအတွက်အိပ်ချိန်းရုံးတစ်ခု့ထဲသာအားကိုးရာဖြစ်ပြီးစာပို့လုပ်ငန်းကိုအဓိကအားထားနေရပါတယ်။

မြို့ထဲမှာဆိုက်ကားတစ်စီးသာရှိပြီးထိုဆိုက်ကားကိုနေမကောင်းဖြစ်တဲ့သူမှတစ်ပါး
မည်သူမှမစီးကြပါ။

ထိုဆိုက်ကားစီးရင်တော့ဆေးခန်းသွားဖို့တစ်ခု့ထဲအတွက်သာအသုံးပြုကြပါတယ်။

တစ်မြို့လုံးအနှံ့ပစ္စည်းသယ်ယူရန်အတွက်ကားတာယာတပ်ဆင်ထားတဲ့ ဂါလီ (လက်တွန်းလှည်း) တွေကိုသာတွင်တွင်ကျယ်ကျယ်အသုံးပြုပြီးရေလမ်းအတွက်ကတော့ (ပဲ့ထောင်) တွေအသုံးပြုကြတာများပါတယ်။

၁၉၉၅ ခုနှစ်အစပိုင်းဆယ်တန်းတက်ရောက်ချိန်မှာကျောင်းစာတွေမလိုက်နိူင်ဘဲအခက်အခဲတွေ့ရပါတယ်။

စံနစ်သစ်ရဲ့သင်ရိုးညွန်းတန်းမှာမြန်မာစာ၊အဂ်လိပ်စာ၊သချာ်၊ရူပဗေဒ၊ဓါတုဗေဒ၊ဇီဝဗေဒ၊ဘာသာရပ် (၃) ခု့ကိုပေါင်းပြီးသိပ္ပံတွဲအဖြစ်တစ်ဘာသာ
ပထဝီ၊သမိုင်း၊ဘောဂဗေဒ၊ဘာသာရပ် (၃) ခု့ကိုပေါင်းပြီးဝိဇ္ဇာတွဲအဖြစ်တစ်ဘာသာစုစုပေါင်းဘာသာရပ် (၅) ခု့ဖြစ်သော်လည်းတစ်ကယ်တမ်းကျက်မှတ်လေ့လာရမည့်ဘာသာရပ်ပေါင်း (၉) ခု့ဖြစ်ပါတယ်။

သိပ္ပံတွဲနဲ့ဝိဇ္ဇာတွဲဘာသာရပ် (၃)
ခု့စီကိုအမှတ် (၁၀၀) ဖိုးမေးခွန်းမေးပြီးဘာသာရပ် (၃) ခု့စလုံးကိုကျွမ်းကျင်ပိုင်နိူင်မှအမှတ် (၁၀၀) ဖိုးဖြေဆိုနိူင်မှာပါ။

အမှန်တော့ထိုစံနစ်မှာကျောင်းသားတွေအတွက်သိပ်ပြီးတော့မသက်သာလှပေ

ဆရာ၊ဆရာမများဘက်ကကြည့်လိုက်ပါအုံးဝန်ထမ်းပြည့်စုံစွာမရှိတဲ့ကျောင်းလေးမို့ဆရာတစ်ယောက်လျှင်နှစ်ဘာသာ၊သုံးဘာသာခဲွဲပြီးသင်နေရတာမို့ဆရာဘက်ကလဲသိပ်ပြီးတော့မသက်သာလှပေ။

ေနာက်နှစ်ကျောင်းပြန်တက်ဖို့ပြင်ဆင်နေတုန်းအဖေကျန်းမာရေးချွတ်ယွင်းပြီးဆေးရုံတက်လိုက်ရပါတယ်။ဆေးရုံတက်နေစဥ်အဖေ့ရဲ့အခြေအနေဟာလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လို့မရအောင်ပင်ဆိုးဝါးနေတာမို့မိသားစုတာဝန်တွေကိုထမ်းဆောင်ဖို့ရန်ကုန်ကိုတက်ပြီးအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ရင်းအိမ်မှထွက်ခွါခဲ့ပါတော့တယ်။

မိုးလေးတစ်စိမ့်စိမ့်ရွာနေပြီးကားဂိတ်သို့သွားရာလမ်းဘေးတစ်ဘက်တစ်ချက်ရှိကိုင်းပင်တွေလေတိုက်သံကြောင့်တစ်္”ရှဲရှဲ”မြည်နေကြပါတယ်။

ဲမိုးကြောင့်အနဲငယ်ချမ်းစိမ့်စိမ့်ရှိပြီးလမ်းမကြီးတစ်လျှောက်မှာလဲမြေသားတွေနဲ့ချော်တောမို့မလိုအပ်ဘဲဘယ်သူမှအပြင်မထွက်ကြတဲ့အချိန်အခါမျိုးလဲဖြစ်ပါတယ်။

တစ်ဘက်ကမ်းကို၊ကူးတို့နဲ့ကူးအပြီးပုသိမ်-ရန်ကုန်လမ်းမထက်မှာတော့ကားအသွားအလာကျဲနေပါသေးတယ်။

တစ်နာရီခန့်အကြာ

“ရန်ကုန်ကို”

“ရန်ကုန်ကို”

ယာဥ်နောက်လိုက်ရဲ့ကျယ်လောင်တဲ့အသံနှင့်အတူပုသိမ်ဘက်မှMini Busတစ်စီးထိုးဆိုက်လာပါတယ်။

ကြားကဖြတ်ပြီးစီးရတာမို့အလယ်ခုံခပ်သေးသေးလေးမှာသာနေရာရပြီးရန်ကုန်အထိယာဥ်စီးခ (၁၀၀) ကျပ်ပေးပြီးခုံလေးပေါ်မှာမှိန်းရင်းလိုက်ပါလာပါတယ်။

ကားဆရာကမိုးရေကြောင့်သတိနဲ့မောင်းနှင်နေပြီးထိုအချိန်ကနာမည်ကြီးနေတဲ့စံလင်းရဲ့”မူယာလေးမော့မော့”သီချင်းလေးကိုငြိမ့်ငြိမ့်လေးဖွင့်ထားပေမည့်

ကိုယ့်အတွေးနဲ့ကိုယ်မို့စံလင်းရဲ့သီချင်းလေးဟာနားထဲမှာမကြားတစ်ချက်ကြားတစ်ချက်ဖြစ်လို့နေပါတယ်။

ရန်ကုန်ကိုရောက်တော့ဆရာသမားတစ်ဦးချိတ်ဆက်ပေးလိုက်တဲ့လိပ်စာအတိုင်းပွဲရုံပိုင်ရှင်နဲ့တွေ့ပြီးအဆင်ပြေချောမွေ့စွာအလုပ်ဝင်ရောက်ခွင့်ရခဲ့ပါတယ်။

ပွဲရုံလုပ်ငန်းမို်မနက် (၄) နာရီလောက်အိပ်ယာမှထပြီးမျက်နှာသစ်၊သွားတိုက်၊ကိုယ်လက်သန့်စင်ပြီးတာနှင့်အလုပ်သမားတွေနဲ့အတူရောင်းချမည့်ကုန်ပစ္စည်းနမူနာတွေကိုပြသဖို့ပြင်ဆင်ရပါတယ်။

မနက် (၅) နာရီထိုးပြီဆိုတာနဲ့ပွဲရုံသူဌေးတွေရောက်ရှိလာပြီးကုန်သည်၊ပွဲစား၊အဝယ်တော်တွေနဲ့တွေဆုံစျေးဖြတ်ပြီးမနက်အစောပိုင်းပွဲရုံတန်းတစ်ခု့လုံးဆူညံ့လို့နေပါတယ်။

ကုန်သည်ကလဲသူ့ရဲ့ရောင်းကုန်ပစ္စည်းတွေကိုအမြင့်ဆုံးစျေးနဲ့ရောင်းချင်သလိုအဝယ်တော်တွေကလဲအနိမ့်ဆုံးစျေးနဲ့ဝယ်ယူချင်ကြတာမို့်ပွဲစားကြီးတွေကညှိနှိုင်းပေးရင်းစျေးတည့်သွားကြတဲ့အခါမှာတော့
ငွေရှင်းဖို့သက်ဆိုင်ရာမြို့တွေဆီကားနဲ့တင်ဆောင်ဖို့ပြုလုပ်ကြရင်းတစ်နေ့တစ်နေ့အချိန်ကုန်သွားတတ်ပါတယ်။

ညနေပိုင်းရောင်းကုန်ပစ္စည်းတွေကုန်သလောက်ဖြစ်သွားတဲ့အခါမှာတော့ငါးခြောက်ခြင်းတွေအလိပ်တွေမှထွက်ကျခဲ့တဲ့ငါးခြောက်လေးတွေအာလူးပွဲရုံ၊ကြက်သွန်ပွဲရုံတွေမှစွန်ပစ်တဲ့အောက်ကြုံးလေးတွေကိုလိုက်ကောက်တဲ့အုပ်စုတွေရှိကြပါတယ်။

ထိုအုပ်စုထဲမှာတော့ပွဲရုံလောကရဲ့”ညိုမ”တို့သားအမိတွေကတော့အဆိုးဆုံးပင်

အသက်အားဖြင့် (၃၀) နီးပါးရှိပြီးအသားညိုညိုမျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့သွက်လက်တဲ့အမျိုးသမီးတစ်ယောက်လဲဖြစ်ပါတယ်။

အချို့ပွဲရုံတွေကတော့ညိုမတို့သားအမိတွေကိုအောက်ကြုံးငါးခြောက်လေးတွေကိုအသာတစ်ကြည်ကောက်ယူခွင့်ပေးတတ်ပေမယ့်အချို့ပွဲရုံတွေကတော့ရင့်သီးစွာပြောရင်းမောင်းထုတ်တတ်ပါတယ်။

ညိုမတို့သားအမိတွေကတော့ဘာမှပြန်မပြောဘဲသူတို့အလစ်မှာငါးခြောက်စလေးတွေကောက်ရင်းထွက်သွားတတ်ပါ
တယ်။

အချို့ကတော့ညိုမကို၊ညဌက်တစ်ဦးဖြစ်ကြောင်းအိမ်ထောင်ကွဲပြီးကလေး (၃) ယောက်နဲ့မကောင်းတာလုပ်စားနေကြောင်းအမျိုးမျိုးပြောတတ်ကြပါတယ်။

ကျွန်တော်တို့လုပ်ကိုင်နေတဲ့ပွဲရုံမှာလာတည်းတဲ့ပွဲစားကြီးများပင်ငွေကြေးတတ်နိူင်တဲ့သူတွေမို့ညိုမနဲ့ပတ်သက်ဖူးပြီးသူတို့အချင်းချင်းဖောက်သည်ချနေကြတာကိုကျွန်တော်တို့ကုန်ချိန်နေရင်းမကြားချင်မှအဆုံးကြားနေရတတ်ပါတယ်။

တစ်နေ့ကုန်ချိန်နေရင်း

“ဟဲ့ညိုမ”
“ဘယ်လိုဖြစ်တာတုန်း”
“မျက်နှာမှာလဲဒဏ်ရတွေနဲ့ပါလား”

“မပြောချင်တော့ပါဘူးအဒေါ်ရယ်”

“ဟိုညကကျွန်မကိုလူမှန်းမသိတဲ့သူသုံးယောက်ကခေါ်သွားပြီးပျော်ပါးပြီးတော့ပိုက်ဆံမပေးဘဲရိုက်နှက်သွားကြတာလေ”

“မူးလဲမူးနေကြတာလူစိတ်ကိုပျောက်ပြီးရိုက်နှက်သွားကြတာ”

“ကိုယ်တိုင်ကလဲညဌက်လုပ်စားရတော့ဘယ်သူ့ကိုမှမတိုင်ရဲဘူးလေအဒေါ်ရယ်”

“ညိုမရယ်နင့်ဘဝကလဲဆိုးလိုက်တာ”

“ကံပေါ့အဒေါ်ရယ်သွားမယ်နော်”

တစ်ရွှေ့ရွှေ့ထွက်ခွါသွားတဲ့ညိုမရဲ့ကြောပြင်ကိုကြည့်ရင်းအမျိုးသမီးတစ်စုဂရုဏာသက်နေကြပါတယ်။

နောက်ထပ်ငါးလခန့်အကြာမှာတော့ပွဲရုံပိုင်ရှင်တစ်ဦးရဲ့သတင်းပေးချက်အရညိုမတို့နေထိုင်တဲ့အဆောက်အဦပျက်ထဲမှာလူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းပေးတာကြောင့်တာဝန်ရှိတဲ့သူတွေသွားရောက်စစ်ဆေးကြပါတယ်။

ကျွန်တော်တို့ဆီကိုလဲသတင်းရောက်လာတာမို့

“ဌက်ကြီးရေငါတို့သွားကြည့်ရအောင်ကွာ”

“အေးသွားကြည့်ကြတာပေါ့”

ကျွန်တော့်ကိုပွဲရုံကလုပ်ဖော်ကိုင်ဘက်ညီအစ်ကိုတွေကအဆိုတော်ထူးအိမ်သင်နဲ့မျက်နှာကျဆင်တယ်ဆိုပြီးဌက်ကြီးလို့ချစ်စနိူးခေါ်ကြပါတယ်။

လူကခပ်ပိန်ပိန်ပါဝါမျက်မှန်အဝိုင်းကြီးတပ်ထားတာမို့ရုတ်တရက်ကြည့်ရင်တော့ဆင်သလိုလိုရှိပါတယ်။

အဆောက်အဦပျက်ထဲကိုရောက်တော့သစ်သားပြားအဟောင်းတွေခင်းထားတဲ့အပေါ်မှာညိုမလဲလျှောင်းလျှက်ရှိနေပြီးကလေးသုံးယောက်ကသူ့အမေဘေးမှငုတ်တုတ်လေးတွေထိုင်နေရင်းလူတွေကိုကြည့်ရင်းကြောက်နေကြပါတယ်။

အမေသေနေတာကိုငိုရကောင်းမှန်းမသိကြသေးညိုမကတော့မျက်လုံးပွင့်ရက်သားတစ်ကိုယ်လုံးပိန်ချုံးပြီးအရိုးပေါ်အရေတင်ဖြစ်လို့

အချို့ကပန်းနာကြောင့်

အချို့ကရင်ကြပ်ရောဂါကြောင့်

အချို့ကညဌက်တစ်ဦးဖြစ်တာကြောင့်AIDSနဲ့ဆုံးတာစသည်ဖြင့်ထင်ကြေးအမျိုးမျိုးပေးရင်းဝေဖန်နေကြပါတယ်။

ညိုမမြေကျအပြီးနောက်ထပ်နှစ်လခန့်အထိညိုမရဲ့ကလေးတွေပွဲရုံတန်းတစ်လျှောက်ငါးခြောက်ကောက်နေတဲ့မြင်ကွင်းကိုမြင်ရပါသေးတယ်။

၁၉၉၇ ခုနှစ်မှာတော့ကျွန်တော်ပွဲရုံလောကကိုစွန့်ခွါပြီးအမေတို့နေထိုင်ရာမိတ္ထီလာမြို့မှာဆယ်တန်းကိုအပြင်ဖြေနဲ့အောင်မြင်ပြီးလုပ်ငန်းခွင်ဝင်ရောက်ပြီးနှစ်ပေါင်း (၂၀) ​ေကျာ်အကြာမှာညိုမတို့သားအမိကိုကျွန်တော်တို့မေ့သွားပါတယ်။

၂၀၂၂ခု နှစ်တွင်ပန်းဘဲတန်းမြို့နယ်သို့တွဲဖက်တာဝန်ထမ်းဆောင်ရင်းခေတ္တရောက်သွားပါတယ်။

မြို့နယ်သစ်တစ်ခု့နဲ့အသားကျအောင်နေထိုင်ရင်းရွှေဘုံသာလမ်းကျောက်ဝိုင်းအနီးရှိချောင်ကျတဲ့လမ်းဘေးလက်ဖက်ရည်ဆိုင်လေးမှာထိုင်နေရင်းတစ်ကိုယ်တည်းအတွေးကောင်းနေတုန်း

“ဗျို့ကိုဌက်ကြီး”

“ဗျို့ကိုဌက်ကြီး”

ကျွန်တော်ဆတ်ကဲတွန့်သွားရင်

“ဟေ”

လို့ထူးလိုက်မိပါတယ်။

ဒီနာမည်အခေါ်မခံရတာနှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီလေ

ကြည့်လိုက်တော့လူရည်သန့်တစ်ဦးနှစ်လိုဖွယ်အပြုံးတွေနဲ့ကျွန်တော့်ကိုဝမ်းသာအားဖက်ပြီးနူတ်ဆက်ပါတယ်။

“အစ်ကို့ကိုသိလို့လားညီလေး”

“အစ်ကိုမမှတ်မိပေမယ့်ကျွန်တော်မှတ်မိနေတယ်ဗျာ့အစ်ကိုရ”

ကျွန်တော်မညိုမရဲ့သားအကြီးကောင်လေ”

“ဟေ”

“ဟုတ်လှချည်လားဟ”

“ဘဝကဆန်းကြယ်လိုက်တာအစ်ကိုရယ်အမေကွယ်လွန်ပြီးဒုက္ခတွေရောက်လိုက်တာ၊ကံကောင်းချင်တော့ဧရာဝတီတိုင်းဘက်ကငါးကန်သူဌေးလင်မယားကကျွန်တော်တို့မောင်နှမတွေကိုမွေးစားလိုက်တာပြီးတော့သူတို့မှာလဲသားသမီးအရင်းအခြာမရှိတော့ကျွန်တော်တို့ကိုအပြီးအပိုင်မွေးစားလိုက်တာအစ်ကိုရ”

“စီးပွားရေးပညာသင်ပေးပြီးမွေးစားအဖေနဲ့အမေကွယ်လွန်သွားတော့အမွေတွေလဲရလိုက်တယ်”

“ပြီးခဲ့တဲ့နှစ်ကတောင်အမေ့အတွက်သူ့ရဲ့မွေးရပ်မြေမှာအလှူလုပ်ပေးရင်းဘုန်းကြီးကျောင်းတစ်ကျောင်းလှူခဲ့သေးတယ်အစ်ကို”

“အေးအေး”

“တော်လိုက်တာညီလေးရာ”

မကြာမှီစကားကိုအစသ
ပ်ရင်း
“ဒီမှာကျွန်တော့်လိပ်စာကဒ်လေးပါလိုအပ်ရင်ဆက်သွယ်ပါနော်”

ကျွန်တော်လဲမှင်သက်နေရာမှ

“ေဩှာ”

“အေးအေးညီရေ”

“တို့တွေပြန်တွေ့ကြပြ​ီဘဲလေနော်”

ကားလမ်းတစ်ဘက်သို့သွက်လက်စွာဖြတ်ကူးသွားရင်းတန်ဘိုးကြီးကားတစ်စီးကိုကျင်လည်စွာမောင်းနှင်ပြီးထွက်ခွါသွားပါတော့တယ်။

ကျွန်တော့်အတွေးထဲမှာတော့ကံတရားရဲ့ဆန်းကြယ်ပုံကိုတွေးတောမိနေရင်းညိုမတစ်ယောက်တမလွန်မှနေပြီးသူ့ရဲ့သားနဲ့သမီးတွေအတွက်စိတ်ချလက်ချနေနိူင်ပြီလို့ယုံကြည်မိပါတော့တယ်ခင်ဗျာ။

24.5.2024

Photo crd
ကိုချမ်း (ထီလာမြေ)