ပြန်လာခဲ့ပါကို(စ/ဆုံး)
———————-
“ကို ကို ဘာလုပ်တာလဲ ဘယ်သွားမလို့လဲဟင်”
“ငါ့ ငါ ဘယ်သွားသွားဘာလုပ်လုပ်မင်းအပူမပါဘူး”
“ကို ခင်လေး တောင်းပန်ပါတယ် မသွားပါနဲ့ကိုရယ်ရှေးခိုးပြီးတောင်ပန်ပါတယ် မသွားပါနဲ့နော် ခင်လေးတို့သားအမိကိုမထားခဲ့ပါနဲ့ကိုရယ် နော်”
“ဘာ ခင်လေးတို့သားအမိ ဟုတ်လား မင်းအစကတည်းကသားတွေအတွက်ထည့်တွက်ခဲ့ရင် မင်းဒီလိုလုပ်ပါ့မလား ဟမ် အခုမှ သားတွေ သတိရတယ်ပေါ့”
“ခင်လေးမှားပါပြီကိုရယ် ဒီတခါပဲခွင့်လွတ်ပေးပါနော်”
“တော်တော့ ခင်လေးမင်းဘယ်နှစ်ကြိမ်ရှိပြီလဲ ဘယ့်နုယ်ကွာ မိန်းမတန်မဲ့ အိမ်ပေါင်ပြီးနစ်လုံး သုံးလုံးထိုးရတယ်လို့ မင်းမရှက်ဘူးလားဟမ်”
“ဟီး ဟင့်ဟင့်”
“ငိုမနေနဲ့ကျက်သရေယုတ်တယ် မင်းမို့လို့ လုပ်ရက်တယ်ငါ့မိဘတွေရဲ့တစ်ခုတည်းသောအမွေ အိမ်ဝိုင်းလေးကို မင်းကွာ တောက်”
“ကို ရယ် ကိုခင်လေး လေခင်လေး”
“တော်တော့ မင်းအသံလဲမကြားချင်ဘူး မင်းမျက်နှာလဲမကြည့်ချင်တော့ဘူး မင်းဘဝနဲ့မင်း နေခဲ့တော့”
“ကို ကို မသွားပါနဲ့ကိုရယ် ကို ကို”
“ဖေကြီး ဖေကြီး”
“ခွင့်လွတ်ပါ သားတို့ရယ် မင်းတို့အမေ နှောင်တရတဲ့တစ်နေ့ သားတို့ဆီအဖေပြန်လာခဲ့ပါ့မယ်”
သားကြီးရဲ့ခေါ်သံ ခင်လေးရဲ့ ရှုိက်သံသဲ့ သဲ့က အောင်ကိုကျောခိုင်းရာ အရပ်မှာတဖြည်းဖြည်းဝေး လျှက် ကျန်ခဲ့ပါပြီ
ခင်လေးနဲ့အောင်ကိုမှာကသားလေးနစ်ယောက်သားကြီးကလေးနစ်အရွယ် အငယ်လေးကတော့တစ်နှစ်သားအရွယ် အောင်ကိုကမိသားစုကိုတကယ်ချစ်တက်တဲ့သူပါဘွဲ့ရ ခေါတ်ပညာတက်တယောက်ဖြစ်ပြီးတကယ့်ကိုရိုးသားကြိုးစားတဲ့လူငယ်တယောက်ပါ ရွာထဲကဆန်စက်မှာ စားရေးလေးတယောက်ဖြစ်ပြီးမိသားစုကိုမပူပင်မကြောင့်ကြထားနိုင်တဲ့သူပါ မိခင်လေးကတော့အိမ်မှာအိမ်အလုပ်လေးလုပ် ပြီးတာနဲ့သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီးသားနစ်ယောက်နဲ့အိမ်လယ်ထွက်ပြီးနစ်လုံးသုံးလုံးထိုးပေါက်ကရတွေလျှောက်လုပ်ပြီးအခုတော့အိမ်ဝိုင်းပါဆုံးတော့မဲ့အဖြစ် အခုတော့လင်သားကလဲစိတ်ကုန်လို့သားနစ်ယောက်နဲ့ထားရစ်ခဲ့ပြီ
“အရီးလေးရေ အရီးလေး ဟီး ဟင့်ဟင့်”
“ဟဲ့ ဟဲ့ ခင်လေး ဘယ်လိုဖြစ်လာတာလဲ”
အရီးလေးရေ သမီးကို ကယ်ပါအုံးကိုအောင်ကို အိမ်ကဆင်းသွားပြီ”
“ဟဲ့ ဘယ်လိုဖြစ်တာတုန်းအေ ငါ့ကိုရှင်းပြစမ်းပါအုံး”
“အရီးလေးသမီးကိုမဆူနဲ့နော် ဒီလို အရီလေးရေ***************
“ဟယ် မိုက်လိုက်တာခင်လေးရယ် အခုဘယ်လိုလုပ်ကြမလဲ ဟမ် ည ည်းအေ တော်တော်မိုက်လုံးကြီးတဲ့ကောင်မ”
“ဟုတ်ပါတယ် သမီးမိုက်မိပါတယ် သမီးဘယ်လိုလုပ်ရမလဲဟင်သမီးကိုကယ်ပါအုံး သမီးမှာအားကိုးစရာဆိုလို့အရီးလေးတယောက်ထဲရှိတာပါ လုပ်ပါ အရီးလေးရယ်”
“ငါအေ ပါးတွေနားတွေသာချ ပစ်လိုက်ချင်တယ်”
“ချ ချင်လဲချပါ အရီးလေးရယ် သမီးအိမ်ဝိုင်းကိုဘယ်လိုလုပ်ရမလဲဟင် ကို့ရဲ့အိမ်လေးကိုသမီးအဆုံးမခံနိုင်ပါဘူး”
“အခုမှ သောက်ပိုတွေ ငါမပြောလိုက်ချင်ဘူး”
“အိမ်ကိုအရီးလေးရွေးထားလိုက်ပါလားသမီးစျေးရောင်းမယ် ပြီးတော့အဝတ်တွေလဲလိုက်လျှော်မယ် ရှိသမျှအလုပ်တွေအကုန်သိမ်းကျုံးပြီးလုပ်ပါ့မယ်တနေ့ကိုဘယ်လောက်ဆိုဘယ်လောက်စားဖို့ပဲချန်ထားပြီးရသမျှပိုက်ဆံအကုန်အပ်ပါ့မယ် အရီးလေးရေ ကူညီပါနော် တောင်းပန်ပါတယ်”
“အင်း ဟုတ်ပြီလေ ဒါပေမဲ့ကတိတော့တခုပေးရမယ်”
“ဟုတ် ပြောပါအရီးလေး”
“ည ည်းနစ်လုံးသုံးလုံးလုံးဝမထိုးရဘူး ပေးနိုင်လား”
“ပေးနိုင်ပါတယ် သမီးတကယ်နှောင်တရပါပြီ မလုပ်တော့ပါဘူး”
“ကောင်းပြီ နက်ဖြန် အိမ်ဝိုင်းကိုငါသွားရွေးမယ် အိမ်ဂရံတော့ငါယူထားမှာနော်”
“ဟုတ် ယူထားပါ ကျေးဇူးပါအရီးလေးရယ် ခင်ထားကန်တော့ပါရစေနော်”
မိခင်ထားအမိုက်မစျေးထွက်ရောင်းရပြီ မနက်ပိုင်းစျေးရောင်းနေ့လယ်ကျအိမ်တကာလှည့်ပြီးအဝတ်တွေလျှော် ပင်ပန်းပေမဲ့ကိုယ့်မိုက်ပစ်နဲ့ကိုယ်ပဲလေတက်နိုင်ပါဘူးဒီကြားထဲကို့ကိုလွမ်းတဲ့စိတ်ကတားမရ ကို များပြန်လာမလားလို့ရွာထိပ်ကိုထွက်မျှော်ရတာလဲခဏ ခဏ
“ဟောဒီဘိန်းမုန့်ပူပူလေး”
“ခင်လေးရေ လာပါအုံးဟေ့”
“လာပါပြီတော် ”
“ခင်လေးရေ ဒီနေ့ဘာကောင်းလဲဟေ့”
“သုံးတစ်လုံးဘိုင်ပဲထိပ်စီးက အဲ့ယောင်လို့ တော်ပါအေ စိတ်နာလို့ ငါကိုဘာဂဏန်းမှလာမမေးနဲ့”
“စတာပါ ခင်လေးရယ် ဒါနဲ့ကိုအောင်ကိုသတင်းရောဘာကြားသေးလဲ”
“ဘာသတင်းမှ မရပါဘူးဟယ်ငါ့ကိုစိတ်နာသွားပြီထင်ပါရဲ့ သူပြန်မလာတော့ဘူးနေ မှာပေါ့ ဟီးဟင်ဟင့်”
“မငိုပါနဲ့ဟယ်သူကနှင့်ကိုချစ်ပါတယ်စိတ်ပြေသွားရင်ပြန်လာမှာပါအေ”
“နစ် နစ်တောင်ပြည့်တော့မယ်အေသူထွက်သွားတာနောက်မိန်းမများရနေပြီလားမသိပါဘူးအေ တက်နိုင်ပါဘူးလေငါ့အပြစ်နဲ့ငါပေါ့ ”
ဒီနေ့တော့ခင်လေးတယောက်နေလိုသိပ်မကောင်းတော့စျေးရောင်းမထွက်ဖြစ်ကိုယ်လက်တွေကိုက်ခဲပြီးဖျားချင်နေပြီထင်ပါရဲ့
ကို့ကိုသတိရလိုက်တာ ကိုရယ်ရက်စက်လိုက်တာနော်နစ် နစ်တောင်ပြည့်တော့မယ်ခင်လေးလွမ်းလှပြီကိုရယ် ပြန်လာပါတော့နော်မိခင်လေးအမိုက်မကိုခွင့်လွတ်ပါ
“ခင်လေးရေ ဟဲ့ခင်လေး”
“ရှိတယ်အရီးလေးရေဝင်ခဲ့”
“ဒီနေ့ စျေးရောင်းမထွက်ဘူးလား ကလေးတွေရော”
“နေသိပ်မကောင်းလို့အရီးလေးရေ ဒီနေ့မထွက်တော့ဘူးသားကြီးကကျောင်းသွားပြီအငယ်လေးကရှိပါတယ်”
နေမကောင်းရင်ဆေးခန်းသွားမပြဘူးလား”
“ဆေးသောက်ထားပါတယ်အရီးလေးရဲ့ကောင်းသွားမှာပါ”
ည ည်းကြည့်ရတာလဲပင်ပန်းလိုက်တာအေ”
“ကိုယ့်မိုက်ပြစ်နဲ့ကိုယ်ပဲလေ ခင်လေးကျေနပ်ပါတယ်အရီးလေးရယ်”
ည ည်းကိုဧည့်သည်တယောက်တွေ့ချင်လို့တဲ့အေ ငါ့ကိုလိုက်ပို့ခိုင်းတာအိမ်ကိုမသိလို့တဲ့”
“ဘယ်ကဧည့်သည်လဲအရီးလေးရဲ့ထူးထူးဆန်းဆန်း”
“ဟဲ့ မောင်ရင်လေးဝင်လာခဲ့လေ ဘာရပ်လုပ်နေတာလဲ”
ဟယ် ဟယ် ကို ကို ဟုတ်ပါတယ်နော် ခင်လေးတို့ဆီပြန်လာတယ်ပေါ့ ဝမ်းသာလိုက်တာကိုရယ် ”
“ဟုတ်ပါတယ် ခင်လေး ကိုပါ ခင်လေးတို့သားအမိကိုလွမ်းလို့ကိုပြန်လာတာလေ”
“ကိုရယ် နေနိုင်လိုက်တာခင်လေးတို့ကိုအကြာကြီးပစ်ထားရက်တယ်”
“ကို ပစ်မထားပါဘူးခင်လေးရယ် အရီးလေးဆီကခင်လေးတို့သတင်းအမြဲတမ်းကြားနေရပါတယ်”
“ဟင် ဟုတ်လားအရီလေး”
“ဟုတ်တယ်လေ အောင်ကိုထွက်သွားပြီးကတည်းကငါနဲ့အဆက်သွယ်မှမပြတ်တာည ည်းကိုအမြင်ကပ်လို့တမင်မပြောတာ”
“ဟယ် ရက်စက်လိုက်တာအရီးလေးရယ် ခင်လေးနေ့တိုင်းငိုနေတာကိုကြည့်နေရက်တယ်နော်”
“ည ည်းအပြစ်နဲ့ည ည်းခံပေါ့အေ အဲ့ဒါမှ နှောင်တရမှာပေါ့”
“ဟုတ်ပါတယ် ကိုရယ်ခင်လေးနှောင်တရပါပြီ နောက်ထပ်ဘာမှမလုပ်တော့ဘူးနော် ကို့ကိုကတိပေးပါတယ်”
“ကိုယုံပါတယ်ခင်လေးရယ်ရော့ဒီမှာကိုယ်ရှာလာတဲ့ပိုက်ဆံတွေ”
“ဟင့်အင်း ခင်လေးမယူပါဘူးကို ကိုပဲသိမ်းထားပေါးပါခင်လေးလိုအမိုက်မနဲ့ကိုယ့်ချွေးနှဲစာတွေနဲ့မတန်ပါဘူး ကို ပဲယူထားပါနော်”
“ကို့ကိုရော အရီးလေးကိုပါခင်လေး ကန်တော့ပါရစေနော် ခင်လေးအမိုက်မကိုခွင့်လွှတ်ပါနော်”
“သာဓုသာဓု သာဓုပါသမီးရယ်”
“ခွင့်လွတ်ပါတယ် ခင်လေးရယ်”
ချစ်ခင်လေးစားလျှက်