ဝဋ်ကြွေးကုန်တဲ့နေ့(စ/ဆုံး)
————————–
“မောင်ရယ် ၊ ရွှေစင့်ကို ဘာလို့ ဖုန်းမဆက်ရတာလဲ ၊ ဘာလို့ မချော့ရတာလဲဟင် ၊ ရွှေစင် ထွက်လာတဲ့နေ့ကတည်းက မောင် ရွှေစင့်ကို ဆွဲထားသင့်တာလေ ၊ မောင်ဘာလို့ မသိကျိုးကျွန်ပြုပြီး အိပ်ချင်ယောင်ဆောင်နေခဲ့ရတာလဲ ”
ဖုန်းပြောနေရင်း အသံတွေတုန်လာခဲ့သည် ။ ရွှေစင်သည် မျက်ရည်များ ပြည့်အိုင်လာကာ ငိုရှိုက်လိုက်မိသည်။ တစ်ဖက်က မောင်ဆိုသော လူသားဟာ ခါးခါးသီးသီးဖြင့် …
” မင်း ဘာလို့ ငါ့ကို ဖုန်းဆက်နေသေးတာလဲ ၊ မင်းဘာသာ နေတော့ ငါ ငါ့ဘာသာ လွတ်လွတ်လပ်လပ်နေချင်ပြီ ”
” မောင်ရယ် ရွှေစင်တို့က လင်မယားတွေလေ ”
ငိုသံစွက်နေသော သူမအသံကို ကြားလိုက်ရသည့် သူမသူငယ်ချင်း ဇင်ဇင်ဟာ သက်ပြင်းမောကြီးချလေသည်။
“ငါ အသစ်တွေ့နေပြီ ၊ ငါ အခု ကျောင်းတုန်းက ငါ့သူငယ်ချင်းနဲ့တွဲနေတာ ၊ မင်း ငါ့ကိုကွာပေး ”
“မကွာပေးဘူး … ၊ မောင် ၊ ကျွန်မ ရာသီရက်ကျော်နေတာ ၁၂ ရက်ရှိပြီ ၊ ရွှေစင်နေမကောင်းတဲ့ညေတွက မောင်ရွှေစင့်ကို ဆေးတိုက်ဖို့ နှိုးမယ်ဆိုပြီး မနှိုးဘူးလေ … ”
“ငါ့ကို အဲ့တာတွေနဲ့လာချည်မနေနဲ့ ၊ မင်း ကလေး ရခဲ့ရင်လည်း ငါက အဲ့ကလေးကို မယူဘူး ”
“မောင်ရယ် … ”
မောင်ဆိုသော ယောက်ျားသည် တစ်ဖက်မှ ဖုန်းချသွားလေပြီ ။ ရွှေစင်သည် ဖုန်းလေးကို ရင်၌ ကပ်၍ ရှိုက်ငင်ငိုကြွေး မိတော့သည် ။ ထိုအခါ ဇင်ဇင်က ကြည့်မနေနိုင်၍ ရွှေစင့် အနားသွားထိုင်ကာ ပွေ့ဖက်ပေးထားသည်။
” မငိုပါနဲ့ ရွှေစင်ရယ် … ”
ရွှေစင်သည် ငိုရှိုက်ရင်းက ဇင်ဇင့်ကိုကြည့်ကာ …
” ဇင်ဇင်ရယ် ငါလေ မောင့်ကို မပြ တ်နိုင်ဘူး ၊ မောင့်ကို အရင်လိုပြန်နေရအောင်လို့ ငါခယတောင်းပန်ပေမဲ့ မောင်က လုံးဝလက်မခံဘူးဟာ ”
” နင်တို့ နှစ်ယောက် ဘယ်လို ဖြစ်ကြရတာလဲဟာ …”
ရွှေစင်သည် ဇင်ဇင့်ကို မျက်နှာငယ်လေးနှင့် ကြည့်လိုက်သည် ။
” ဇင်ဇင်ရယ်
ငါ့ကို မောင့်အေမေတွက သူ့သားကိုဆဲလို့တဲ့ ၊ ငါ ပညာတတ်တစ်ယောက်ပါ ၊ မိကောင်းဖခင် သားသမီးပါ ၊ ငါ ဘလိုင်းကြီးမဆဲပါဘူး ၊ ငါဘာလို့ဆဲလဲ ၊ မောင်က ငါ့ကို ရို က်တယ် ၊ သူလုပ်လို့ဖြစ်တဲ့ဒဏ်ရာ ငါ့လက်မှာ အမာရွတ်ခုထိရှိသေးတယ် နင်ကြည့်၊ မိဘတွေမရှိတဲ့အချိန် ငါအရိုက်ခံရတုန်းကဆို ထမင်းစားဖို့ပါးစပ်တောင်ကောင်းကောင်းမဟနိုင်ဘူး နားရွက်တစ်ဖက်ဆို ဖိတောင်အိပ်လို့မရဘူး ၊ ဒါပေမဲ့ လင်မယား ဖြစ်တဲ့ပြသနာဆိုပြီး သူ့အမေတို့ကို မပြောပြခဲ့ဘူး ၊ ငါ့မှာ ရန်ဖြစ်ရင် လက်ပါတဲ့အခါ ယောက်ျားနဲ့မိန်းမ အားမမျှတော့ ငါပဲခံရတယ် ၊ ဒီတော့ ငါ့မှာ သူ့ကို စကားနဲ့ပဲနာအောင်ပြောလို့ရတာ ၊ သူ့အမေတို့ကို ငါပြောပြတော့ သူတို့သားကို ချော့ေပြာပေါ့ တဲ့ ၊ ချော့တာပေါ့ဟယ် ၊ ငါ့လောက်ချော့တာ ငါပဲရှိတယ် ၊ ငါ့နေရာမှာ သူတို့သားသမီးဆို သူတို့ အဲ့လိုပဲပြောမလား”
ရွှေစင်သည် ပြောနေရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာ၏ ။ သူမ၏နာကျင်ခံစားရမှုက သူမမျက်နှာမှာ အတိုင်းသားပေါ်နေလေသည် ။
” ငါ့မိဘတွေဆို ငါ့ဘက်ကမလိုက်ဘူး ၊ ငါကသူတို့သမီးဖြစ်တဲ့အတွက် နှစ်ယောက်ထဲမှာ ဘယ်သူပဲ မှားမှား ငါ့ကိုပဲဆုံးမရမှာပဲတဲ့ ၊ မောင် အရင်ကဆို အွန်လိုင်းဂိမ်းတွေ ငွေချေးဆော့တယ် အကြွေးတွေတင်တယ် ၊ သူ့အမေတွေက မနိုင်လို့မပြောကြဘူး ၊ ငါက သူ့မိန်းမလေ ၊ ငါကတော့ ပြောရမှာပေါ့ ၊ ငါပြောလွန်းလို့ သူမလုပ်တော့တာ ၊ ဒါပေမဲ့ ငါဖြစ်စေချင်တာတွေပြောပြတိုင်း မောင်က လက်မခံဘူး ”
ဇင်ဇင်သည် ရွှေစင့်ကိုကြည့်ရင်း အပူတွေကူးလာရသည် ။ သူမသက်ပြင်းသာချရင်း နားထောင်ပေးနေလေသည်။
” ရန်ဖြစ်တိုင်း ငါကစခဲ့တာမဟုတ်ဘူး ၊ သူပြသနာရှာလို့ ဖြစ်ခဲ့တာချည်းပဲ ၊ ငါ သူ့ကို ဆဲတာကျ သူ့အမေတွေက ကြားတယ် ၊ ငါအသားနာရတာကိုကျ ကိုယ်ချင်းစာမပေးကြဘူး ၊ ငါ့ကို သင်တန်းက ကောင်လေးတစ်ယောက်နဲ့ရှုပ်တယ်ဆို ပြီး ပတ်ဝန်းကျင်က ပြောပြတယ်တဲ့ ၊ ဇင်ဇင်ရယ် သင်တန်းမှာ ယောက်ျားလေးဆိုလို့ တစ်ယောက်ပဲရှိတယ် ၊ အဲ့တစ်ယောက်ကလည်း ကောင်မလေးရှိတယ် ၊ ငါ့လိပ်ပြာငါလုံတယ် ၊ ငါ သူ့အပေါ် ဘယ်တုန်းကမှ သစ္စာမပျက်ခဲ့ဘူး ၊ သူကသာ ၊ သူကသာ ငါ့အပေါ် အကြိမ်ကြိမ် သစ္စာဖောက်ခဲ့တာ ၊ ရှုပ်ခဲ့တာ ၊ ငါ ဆရာအတတ်သင်ရတော့ အဆောင်မှာနေရတယ် ၊ သူနဲ့အတူ မနေရဘူး ၊ အဲ့အချိန်တွေ သူ လိုင်းပေါ်မှာ ရှုပ်ထားတာ အများကြီးပဲ ၊ ငါ နားလည်ပေးခဲ့တယ် ၊ ငါ သူ့အနားမရှိလို့ သူအ ပျော်ရှာတာပါလေ ၊ ငါသူ့အနား ပြန်ရောက်လာရင် သူ မရှုပ်လောက်တော့ပါဘူးလို့ ထင်ခဲ့တာ ၊ ငါသူ့အနားပြန်ရောက်လာတော့လည်း သူရှုပ်တာပဲ ၊ ငါလေ ငါကအကြီးမလို့ သူ့အပေါ် အရမ်းသည်းခံပြီး နားလည်ပေးခဲ့တယ် ၊ ဂိမ်းထဲမှာ ကောင်မလေးတွေနဲ့ရှုပ်လို့ ပြသနာဖြစ်ခဲ့တယ် ၊ သူ့အမေတွေကို တိုင်မှ သူ အဲ့လိုမလုပ်တော့ပါဘူးလို့ ကတိပေးတာ ၊ နောက် သူ့အစ်မ အူအတက်ပေါက်လို့ ဆေးရုံတင်ရတုန်းက ဆေးရုံလိုက်စောင့်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရှုပ်တယ် ၊ သူ့အမေတွေသိတယ် ၊ ဒါပေမဲ့ ဘာမှမပြောဘူး ၊ ငါ သည်းခံခွင့်လွှတ်ပေးခဲ့တာပဲ ၊ ငါသူ့ကို ၊ ရည်းစားဖြစ်ကတည်းကနေ ခုထိ သူရှုပ်သမျှ ငါလိုက်ရှင်းပေးပြီး ၊ ခွင့်လွှတ်ပေးခဲ့တာပါ ၊ မောင် အရင်လိုမရှုပ်ပါနဲ့နော် ရွှေစင်တစ်ေယာက်တည်းကိုပဲ သစ္စာရှိရှိချစ်ရမယ်နော် ဆိုပြီး ငါချော့လည်းချော့ခဲ့တယ် ၊ ဒါကိုတောင် ခု ငါ သူ့အိမ်ပေါ်ကနေဆင်းလာတာ တစ်ပတ်ရှိသေးတယ် ၊ သူနောက်ကော င်မနဲ့တွဲနေပြီ ”
“ဟယ် ဟိုကော င်မက သူများယောက်ျားကို လက်ခံပြီး တွဲတာပဲလား ”
ရွှေစင်က ခေါင်းယမ်းပြသည် ။
” သူက လူပျိုဆိုပြီး လိမ်ထားတာတဲ့ ၊ နောက်ကျ အိမ်ထောင်သည်ဆိုတာ သိသွားတော့ သူက ငါနဲ့ကွာမှာ သူ့ဘက်က ငါ့ကို ပြ တ်နေပြီလို့ ပြောထားတယ်တဲ့ ၊ ဇင်ဇင်ရယ် မိန်းမတစ်ယောက်ကိုယူပြီး ဒီလိုပဲ လွယ်လွယ် ပြ တ်လိုက်လို့ရသလား ၊ ငါ့မိဘဆွေမျိုး အသိုင်းအဝိုင်းထဲမှာ အိမ်ထောင်ကွဲမရှိဘူး ၊ ဒါကြောင့်ငါ သူ့ကို တောင်းပန်တယ် ၊ ငါတစ်ခုလပ် မဖြစ်ချင်ဘူး ဟာ ၊ ရည်းစားဘဝကတည်းက သူ့အဖေ အိမ်ထောင်ရေးဖော က်ပြန်တဲ့အကြောင်းတွေငါ့ကို ပြောပြတော့ ၊ငါကတိတောင်းခဲ့တယ် ၊ မောင်… မောင်တော့ မောင့်အဖေလိုမလုပ်ရဘူးနော် လို ၊ ခုတော့ ကြည့်ဦးဟာ … ”
“ခုသူ ဘာပြောလဲ နင်နဲ့ မပေါင်းဘူးတဲ့လား ”
” သူ ပြန်ပေါင်းရင်တောင် ဝတ္တရားအရတဲ့ ၊ သူကတော့ သူပျော်ရာ ရှာဦးမှာပဲတဲ့ ၊ ငါ ဘယ်လို စိတ်နဲ့ နေရမှာလဲ ဇင်ဇင်ရယ် ”
ဇင်ဇင်က သက်ပြင်းမောကြီးချလေသည်။ မျက်ရည်တွေနှင့်စိုရွှဲနေသော ရွှေစင့်ကို ကြည့်ကာ သူမရင်တွေပူနေသည် ။
” ငါ နင့်ဆီမလာခင်ညက သူနဲ့ရန်ဖြစ်တာကလည်း ဘာမှမဟုတ်ဘူး ၊ မနက်သူစောစော ထ အလုပ်သွားရတာမလို့ ငါက အိပ်တော့ဆိုတာကို သူကမအိပ်ဘူး ၊ ဖုန်းကိုသည်းကြီးမည်းကြီး ကြည့်နေတာ ၊ ပြောမရတာနဲ့ ငါက wifi ပလက် ဆွဲဖြုတ်လိုက်တော့ ငါ့ကို ထရိုက်တာ ၊ခြေတွေလက်တွေ ပါ ပါတယ် ၊ ငါ သူ့ကို ပြန်လုပ်တယ် ၊ အားမမျှတော့ငါပဲခံရလို့ ငါသူ့ကို ဆဲတာ ၊ ဒါကိုကျ သူ့အမေတွေက ငါ့ဘက်ကိုစာနာမပေးကြဘူး ၊ ငါ့အပြစ်ပဲပြောတယ် ”
” အင်းပါ အင်းပါ ဇင်ဇင်ရယ် ၊ မငိုပါနဲ့တော့ဟာ ၊ နင်လည်း အရမ်းပင်ပန်းနေပါပြီ ”
ဇင်ဇင်က ရွှေစင့် ကိုပွေ့ဖက်ရင်း နှစ်သိမ့်ပေးလေသည်။ ရွှေစင်သည် တအင့်အင့်ရှိုက်လျက် ငိုကြွေးနေ၏ ။ နောက်တစ်နေ့မနက်ရောက်တော့ ရွှေဇင် ဖုန်းပြောနေတာကို ဇင်ဇင်ကြားပြန်သည်။
” ဘယ်လို မောင် ၊ ရွှေစင်က မောင့်ကို အနိုင်ယူတယ်ဟုတ်လား ၊ ရွှေစင် အနိုင်ယူခဲ့တာတွေ ရွှေစင်တောင်မသိပါလား ”
” တော်ပြီဟာ ငါနင့်ကြောင့် စိတ်ဒဏ်ရာတွေ ရတာ မနည်းဘူး ”
ရွှေစင်သည် ရယ်ရခက်ငိုရခက်စွာဖြင့် နာနာကျင်ကျင် မဲ့ရယ် ရယ်မိ၏ ။
” အမယ်လေး မောင်ရယ် ၊ မောင့်လိုသာ စိတ်ဒဏ်ရာ ရကြေးဆို ၊ မောင် အကြိမ်ကြိမ် ဖော က်ပြန်ခဲ့လို့ ရွှေစင် ကရော စိတ်ဒဏ်ရာမရသင့်ဘူးလား ”
“တော်ပြီဟာ ငါ နင်တဲ့မပေါင်းတော့ဘူး နင့်ငါ့ကိုကွာပေး”
“မကွာပေးဘူးမောင် ၊ မောင်ကွာချင်သပါ့ဆို ရွှေစင့်ကို နစ်နာကြေး ပေး ၊ ဒါမှ ကွာပေးမယ် ”
ရွှေစင်သည် မောင်ဆိုသည့် အမျိုးသားကို မကွာနိုင်တာကြောင့် သူ မပေးနိုင်သော နစ်နာကြေးကို တောင်းလိုက်သည် ။ မောင် ဆိုသော လူသည် …
” နင် လ င်သိပ်ရှားနေသလား ” ဟု နင့်နင့်သည်းသည်း ပြောဆိုသွားခဲ့သည် ။ ဖုန်းချသွားတော့ ရွှေစင် ငိုရပြန်သည်။ ဇင်ဇင်သည် စိတ်မောစွာနှင့်အနား ရောက်လာကာ …
” နင်လည်း ဝဋ်ကြွေးကြီးလိုက်တာ ရွှေစင်ရယ် …
နင် သူနဲ့ပြန်ပေါင်းတော့ရော ပျော်ရမယ်ထင်လို့လား ”
“ငါသိတယ် ဒါပေမဲ့ ငါသူ့ကို မပြတ်နိုင်ဘူး ဇင်ဇင်ရယ် ၊ လွယ်လွယ်ယူခဲ့တာမှမဟုတ်တာ ချစ်လွန်းလို့ အခက်အခဲပေါင်းစုံကြားက ယူထားရတာလေ ”
“ဝဋ်ကြွေးေတွပါဟာ ”
“အင်း ဝဋ်ကြွေး ဆိုလည်းဝဋ်ေကြွးပေါ့၊ ငါဝဋ်ကြွေးကုန်တဲ့နေ့တော့ သူ့ကို ပြတ်နိုင်မှာပေါ့ ဇင်ဇင်ရယ်…”
+