ငါ့ဟာပြန်ပေး(စ/ဆုံး)
————————–
အူးးးးဝူးးးးဝူးးးးး
ချောက်ချားဖွယ်ရာခွေးအူသံများအကြားဝယ်
ညောင်ပင်သာရွာသင်္ချိုင်းအတွင်း၌ လူ၂ယောက်အလုပ်ရှုပ်နေကြသည်။
အကြောင်းမှာ……
= = = = = = = = = = = = = = = = = = = = = =
အလှူ့အစ်မကြီးဒေါ်ဖွားစိန်တစ်ယောက် ဘဝတစ်ပါးပြောင်းသွားသဖြင့်
ညောင်ပင်သာရွာသားများ နာရေးအတွက် ရိတ်ဆင်သူ အခေါင်းစပ်သူ ရေချိုးခုံလုပ်နေသူ စသဖြင့် ကိုယ်ဝန်ကျရာအလုပ်ရှုပ်နေကြသည်။
လယ်ယာမြေများပိုင်ဆိုင်ပီး ကြွယ်ဝသောနာရေးဖြစ်သဖြင့် နေ့စဉ်ဝက်သားနှင့်ထမင်းကျွေးရန် ရွာလူကြီးများနှင့်မိသားစုဝင်များတိုင်ပင်နေကြသည်မှာ
” အလောင်းကတော့ ၅ ရက်ထားချင်ပါတယ် ”
” သေတာလဲသေပြီးပါပြီကွယ် ၃ ရက်ပဲထားပါ ”
” လူကြီးရယ် အမေ့ကို ၅ ရက်လောက်တော့ထားပေးပါ ”
” ဟာ ဗျာ အစ်မကလဲ ၅ ရက်ထားလဲအမေကပြန်ရှင်လာမှာမှမဟုတ်တာ ”
” လူကြီးတွေပြောသလို ၃ ရက်ပဲထားမယ် ”
” အေးလေ ၃ ရက်ဆိုတော့လဲ ၃ ရက်ပေါ့ဟယ် ”
” ဒါနဲ့ သမီးတို့က ဘာလုပ်ကြမှာလဲ မြေမြှုပ်မှာလား ဂူသွင်းကြမှာလားကွဲ့ ”
သားသမီးတစ်စုလုံးက ရွာလူကြီးစကားအဆုံးဝယ်
” ဂူသွင်းမယ် အဘ ”
”
အေး ဒါဆိုလဲ သာလှတို့ ငမြ တို့ရေလာကြဦးဟ ”
” လာပါပြီ လူကြီးရေ ”
” ကာယကံရှင်တွေက ဂူသွင်းမယ်တဲ့ကွ ”
” ဒါကြောင့် အဲ့ကိစ္စ မင်းတို့တာဝန်ယူ ”
” ကျသလောက်ကို သူတို့ပြော ဟုတ်ပလား ”
” ဟုတ်ကဲ့ခင်ဗျ ”
” အေး ဒါဆိုပီးရော ငါဆရာတော်ဆီသွားလျှောက်စရာရှိတာလေးတွေ
သွားလျှောက်လိုက်ဦးမယ် ”
သူကြီးထွက်သွားပြီးနောက် မောင်နှမတစ်စုတိုင်စရာကိစ္စများကိုဆက်လက်တိုင်ပင်နေကြတော့၏။
ညအချိန်ကား နာရေးအိမ်၌ ဖဲဝိုင်းကလဲကောင်းလေစွ ။
ငွေကြေးရှိတဲ့အသိုင်းအဝိုင်းဖြစ်သည့်အားလျော်စွာ စပါးဒိုင်များ ပွဲရုံပိုင်ရှင်များ
ကုန်သည်များပါလာရောက်ကြသဖြင့် ဝိုင်းကောင်းလျက်ရှိသည်။
သာဝနဲ့ငမြတို့၂ယောက်လဲအရှုံကြီးရှုံးလျှက်ရှိရာ ဝိုင်းတွင်းရောက်နေရာမှရှိသမျှကုန်၍ ဝိုင်းပြင်ရောက်ရှိပြီး ဖဲမီးသာလှုံနေရလေတော့သည်။
၂ ရက်မြောက်ညလဲ ရှုံးကြသဖြင့် လှေလေးပါပေါင်ထားရတော့သည်။
စိတ်ညစ်လွန်းသဖြင့် ၂ယောက်သားအရက်တွေချည်းလိမ့်သောက်နေကြရာမူးပီးအိပ်ပျော်သွားသည့်အဆင့်သို့ပင်ရောက်ရှိသွားလေတော့သည်။
၃ ရက်မြောက်နေ့ အသုဘချချိန် စည်ကားချက်ကတော့ ဝက်သားပြောင်ကျွေး မီးခိုးတိတ်
” နောင် ဝေ ဝေ ဝေ ”
ကြေးစည်သံကားးး သံဝေဂရဖွယ်အတိ
” အမေ အမေရေ သမီးတို့ကိုထားခဲ့ပြီလားအမေ အီးဟီးးးဟီးးး ”
” တိတ်ပါ အစ်မရယ် အမေကောင်းရာရောက်မှာပါ ”
” ကဲ သာဝတို့အဆင်သင့် ဖြစ်ပလားဟေ့ ”
”
” ဟုတ်ကဲ့ သူကြီး ”
” ကဲဒါဆို ဂူသွင်းမယ် မိသားစုတွေကန်တော့ကြ ”
” အီးးးဟီးးး အမေ အမေ ”
”
ကန်တော့ပီးရင် နောက်ဆုတ်ကြ အခေါင်းပိတ်မယ် ”
” ကဲ ရဘီ ဂူပိတ်လိုက်တော့ ”
နာရေးပီးဆုံးသွားတော့ ကာလသားတွေအရက်သောက်ကြစဉ်
” ဒီညတော့ ရိုက်စရာပိုက်ဆံလဲမရှိတော့ဘူး ငမြရာ ”
” လှေလေးတောင် ဘယ်လိုပြန်ရွေးရမလဲမသိဘူး ”
” အေးကွာ ငါလဲစဉ်းစားနေတာ ”
” သာဝ ငါ့မှာအကြံရှိတယ် ဒီနားကိုလာ ”
နားနားကပ်ပြီးပြောလိုက်သော ငမြစကားကြောင့် သာဝမျက်နှာပြုံးဖြီးဖြီးဖြစ်သွားလေသည်။
ည အကာလညအချိန်
” အူးးးးးးးဝူးးးးးဝူးးးးးး ”
ချောက်ချားဖွယ်ရာ ခွေးအူသံများအကြားဝယ်
ညောင်ပင်သာရွာ သင်္ချိုင်းအတွင်း လူ၂ယောက်အလုပ်ရှုပ်နေကြသည်။
၎င်းတို့၂ယောက်မှာ သာဝ နှင့် ငမြတို့ဖြစ်ကြလေသည်။
” ဟေ့ရောင် ငမြ မင့်ဟာသေချာလို့လား ”
“သေချာပါတယ်ကွ ”
” သူ့သမီးထည့်ပေးလိုက်တာ ငါကိုယ်တိုင်မြင်လိုက်တာကွ ”
” သေချာရင်ပီးတာပါပဲကွာ ”
” ဟိုမှာ ဟိုမှာ အဖွားကြီးဂူ ”
နေ့လည်ကမှ ပိတ်ထားတဲ့ဂူဆိုတော့ ပြန်ဖွင့်ရတာအခက်ခဲမရ်ှိလှပေ ချုံပုတ်ထဲမှာနေ့လည်ထဲကဖွက်ထားခဲ့တဲ့ သံတူရွင်းကလဲအဆင်သင့်
” ဒုတ် ဒုတ် ဒုတ် ”
ခပ်အုပ်အုပ်ထွက်လာသောထုနှက်သံတွေနဲ့အတူ
” ရဘီ ဆွဲထုတ်လိုက်တော့ ”
“ကျွီ ကျွီ ”
အဖုံးကို သံတူရွင်းနဲ့ကလော်ဖွင့်လိုက်ပီး အနံ့ကတော့သိပ်မထွက်သေး
” စောင်ဖယ်လိုက်ကွ ”
” ဒမာ ဒမာ တွေ့ဘီဟ ”
”
အေးးးတွေ့ဘီဟ ”
”
ပြတာပဲ ”
” ဆွဲကြိုးရော ကြယ်သီး ၅လုံးရော ”
” လစ်မယ် ဟေ့ရောင် ”
” အေး လစ်မယ် ”
သင်္ချိုင်းထဲကထွက်သွားသော သာဝတို့ ၂ယောက်၏ နောက်တွင်စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ငမြတို့၂ယောက်ကမမြင်နိူင်ရှာပေ။
နောက်ဆုံးအလုပ်အကိုင်ည ဖဲဝိုင်းတွင်
” ကိုးးးးးးးကွ ကိုးးးးလျော်စမ်းးး ”
” ဟားဟားးး ဒီညငါတို့ညပဲဟေ့ ”
” နောက်ဆုံးပိတ် အိတ်နဲ့လွယ်ကွာ ”
” သာဝ မင်းခနဝင်ရိုက်ပေး ငါသေးသွားပေါက်ဦးမယ် ”
” အေးးအေး မင်းဖယ် ”
ငမြနောက်ဖေးသို့ထွက်လာပြီး သေးပေါက်ရန်
လူတစ်ယောက်မှာနောက်ကျောပေးပြီး သေးထိုင်ပေါက်နေသဖြင့် သူ့ဘေး၌ ဝင်ထိုင်ကာ သေးပေါက်နေစဉ်
သူ့ဘေးမှလူက လက်ဖြန့်လိုက်ပီးးး
” ပြန် ပေးးးးးးးး”
” ပွဲမှမပီးသေးတာကွာ ပွဲပီးရင်မင်းရှုံးသလောက်ပြန်ပေးမယ် ”
” ငါနဲ့လိုက်ခဲ့ ”
မူးနေသဖြင့် ထိုသူကိုမကြည့်ပဲ ငမြလဲပြန်ပြောလိုက်ပီးနောက် ဖဲဝိုင်းဆီသို့ ဒယီးဒယိုင်ပြန်လျှောက်သွားလေသည်။
” မင်းပြန်လာရင် ငါသွားပေါက်ဦးမယ်ကွာ ”
” အေး သွားမြန်မြန်ပြန်လာနော် ”
ကိုသာဝသေးပေါက်ရန်နောက်ဖေးသို့သွားပြီးသေးပေါက်နေစဉ် လူတစ်ယောက်အနားလာထိုင်သဖြင့် ငဲ့ကြည့်လိုက်ပီး သေးဆက်ပေါက်
နေသည်။
ဘေးနားမှလူက လက်ဖြန့်ပီး သာဝကို
” ပြန် ပေးးးးးး ”
ကိုသာဝမှာ သိပ်မမူးသဖြင့် အသံကြောင့်ဇဝေဇဝါဖြစ်သွားကာ
လှည့်ကြည့်လိုက်ပီးးး
” ဟင် ”
ဘာမှပြန်မပြောအားပဲ တစ်ချိုးထဲဖဲဝိုင်းသို့လစ်လေသည်။
” ဟေ့ရောင် ငမြ ငမြ ”
” ဘာလဲကွာ ဒီမှာကောင်းနေပြီ ”
ကိုသာဝလဲ ငမြနားနားသို့ကပ်ကာ
“® € £© # ”
” ဟုတ်ပမလားကွာ မင်းကလဲ မူးနေပြီလား ”
”
တစ်ကယ်ကွ ငါမလိမ်ဘူး ”
” လာ ထ ထ ပြန်ကြမယ် ”
အပြန်လမ်းဝယ် ရွာလယ်ကုက္ကိုပင်အောက်၌ လူတစ်ယောက်ရပ်စောင့်နေသဖြင့်
” ဘယ်သူတုန်းဟ ”
အနားရောက်သော် ထိုသူမှ လက်ဖြန့်ပီးးး
” ပြန်ပေးးးးးးးး ”
” ဟာ ဟေ့ရောင် အဖွားကြီးဟ ပြေးပြေးးးး ”
ရွာကျောင်း ဆီသို့တစ်ချိုးထဲဝင်ပြေးကာ
” အရှင်ဘုရား ကယ်တော်မူပါ ဘုရာ့ ”
” အရှင်ဘုရား ကယ်တော်မူပါဘုရာ့ ”
” ဟေ ဘယ်သူတွေတုန်းဟ ”
” တပည်တော်တို့ပါဘုရာ့ သာဝနဲ့ငမြပါဘုရာ့”
” ဘာဖြစ်ကြတာတုန်းဟဲ့ ”
” တပည့်တော်တို့နောက်ကို ဒေါ်ဖွားစိန်ကြီးလိုက်နေလို့ပါဘုရာ့ ”
” ဟေ ဘယ်းမှာတုန်းး ”
” ကျောင်းရှေ့မှာ ရပ်နေပါတယ်ဘုရာ့ ”
” မတွေ့ပါလား ဒကာတို့ ”
” ရှိပါတယ် ဘုရာ့ ”
”
ဟေ့ ဦးဇင်းတစ်ပါးလာဦးကွယ် ”
” ရွာလူကြီးတွေကိုသွားခေါ်ခဲ့စမ်းဟဲ့ ”
ခဏအကြာ ရွာလူကြီးများရောက်လာပြီး အကျိုးအကြောင်းမေးစမ်းရာ သာဝတို့ ၂ယောက်လဲအမှန်အတိုင်းဝန်ခံကြလေသည်။
” မိုက်လိုက်တဲ့ ဒကာတို့နှယ် ”
ဆရာတော်ကြီးလဲ ကျောင်းပေါ်မှဆင်းကာ အမှောင်ထုထဲသို့
” ဒကာမကြီး ပစ္စည်းတွေကို မနက်ဖြန် ပြန်ထားပေးပါ့မယ်
ကောင်းရာကိုသွားပါတော့ ”
ဟုမိန့်ကြားပြီးနောက် ကျောင်းပေါ်သို့ ပြန်တက်လာခဲ့လေသည်။
သာဝတို့ ၂ယောက်မှာမူ တဆတ်ဆတ်တုန်လျက်ရှိနေသည်။
သူကြီးမှ ” မနက်ကျရင် ဂါတ်ကိုအကြောင်းကြားပီး
ဖမ်းခိုင်းပါ့မယ်ဘုရာ့ ”
” အိမ်းးးအိမ်းးး မလုပ်သင့်မလုပ်ထိုက်တာတွေကို ဒကာတို့လုပ်ခဲ့ကြတာကိုးးး ”
” တပည့်တော်တို့လဲ နောင်တရပါပြီဘုရာ့ ”
” နောက်ဆိုမလုပ်ဝံ့တော့ပါဘူးဘုရား ”
” တရားဥပဒေကပေးတဲ့အပြစ်ကိုလဲ ခံယူပါ့မယ်ဘုရာ့ ”
”
အေးကွယ် ဒ်ီညတော့ ကျောင်းမှာပဲအိပ်ကြတော့ မနက်ကျမှ
သူကြီးဆက်ပီးစီစဉ်လိမ့်မယ် ”
မနက်ရောက်သော် သူကြီးရဲ့အကြောင်းကြားမှုကြောင့်
ပုလိပ်များရောက်လာပီး ကိုသာဝနဲ့ ငမြတို့ကို ဖမ်းဆီးခေါ်ဆောင်သွားလေတော့သည်။
မလုပ်သင့်တာကိုလုပ်မိသော သူနှစ်ယောက်မှာ ထိတ်လန့်ဖွယ်အဖြစ်အပျက်များ၏ နောက်တွင် တရားဥပဒေ၏အဆုံးအမကို ယခုဘဝတွင်ပင်ခံယူရပေတော့မည်ဖြစ်ပေတော့သည်။
ပြီးပါပြီ။
#Credit