ရှာဖွေသူများ

Posted on

ရှာဖွေသူများ (စ/ဆုံး)

————-

ကျွန်တော်တို့ ဒဿနိကနောက်ဆုံးနှစ်အတန်းကို တက်နေချိန်ကပါ။ ဆရာက အဲဒီနေ့က အတန်းထဲကို နောက်ကျမှ ရောက်လာတယ်။

 

ဆရာတောင်းပန်တယ်ကွာ စာသင်ဖို့လာရင်း ကိစ္စလေးတစ်ခုပေါ်လာလို့

 

ကျွန်တော်တို့က ဒီနေ့ ဆရာဘာသင်မလဲပေါ့

 

အချိန် သိပ်မကျန်တော့ဘူးနဲ့တူတယ်။ ဆရာ မင်းတို့ကို တွေးစရာတစ်ခုပြောမယ် တဲ့

 

ကျွန်တော်တို့ကလည်း အမှန်ပြောတာ စာသင်တဲ့ဆရာဆိုရင် သိပ်သဘောမကျဘူး။ ပညာသင်တဲ့ ဆရာဆိုရင် အရမ်း သဘောကျတာကြောင့် နားစွင့်နေကြတယ်။

 

အဲဒီခေတ်က Facebook မပေါ်သေးဘူး။ ဒါပေမဲ့ ဆရာက

 

Sharing ဆိုတာ ဘာလဲ နားလည်ကြလား တဲ့

 

ကျွန်တော်တို့ ပြန်မဖြေပါဘူး။ ဆရာကပဲ အဖြေကို ပြောသွားတယ်။

 

ဆရာဖတ္ဖူးတဲ့ အကြောင်းအရာလေးတစ်ခုပါ။ မင်းတို့ အဲဒီအထဲမွာ ကိုယ်တိုင် ဝင်ပါကြည့်ပါ

 

ကျွန်တော်တို့ စိတ်ဝင်စားနေပြီ

 

လူတိုင်း မပျော်ချင်တဲ့သူ မရွိဘူး။ ဒါပေမဲ့ ကိုယ့်အပျော်ကို သူ့အပျော်ဖြစ်အောင် မျှဝေလိုစိတ်ထားတတ်တဲ့သူ တော့ လောကကြီးမှာ အလွန်နည်းတယ်။ လူတွေက အရမ်းတွန့်တိုတတ်တယ်။ အတ္တကြီးတယ်။ ဒါကြောင့် အပျော်တွေရှိသာနေတာ မဝေမျှတတ်ကြဘူး။ မဝေမျှတတ်တော့ ဘာဖြစ်သလဲဆိုတော့ အချိန်တွေ ကုန်တာပေါ့

 

ကျွန်တော်တို့က ဆရာ ဘာကို ဆိုလိုမှန်းမသိဘူး။ ဆရာက

 

ဆရာဖတ္ဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုပါ တဲ့

 

တစ်နေ့မှာ ကျောင်းသားတွေ နောက်ဆုံးနှစ် မိတ်ဆုံစားပွဲလေးတစ်ခု ကျင်းပတယ်။ အဲဒီပြဲမွာ ဆရာတွေက ကျောင်းသားတွေကို ဘဝအတွက် ဆုံးမစကားလေးတွေ ပြောကြရတယ်။

 

ပါမောက္ခကြီးတစ်ယောက်အလှည့်ရောက်လာတယ်။

 

ဆရာ စကားသိပ်မပြောတတ်ဘူး တဲ့

 

ပါမောက္ခကြီးက စကားကို အစချီပြီးတော့ အခမ်းအနားဖွင့်စဉ်က မိုးပျံပူဖောင်းလေးတွေကို လွှတ်ထားတာ မော့ကြည့်လိုက်တယ်။

 

မင်းတို့ တစ်ယောက် တစ်လုံး ပြန်ကိုင်လိုက်ပါလား

 

ကျောင်းသားတွေက အခမ်းအနားဖွင့်တုန်းက လွှတ်ထားတဲ့ မိုးပျံပူဖောင်း ကြိုးတန်းလန်းတွေကို တစ်ယောက် တစ်လုံး ပြန်ကိုင်လိုက်ကြတယ်။

 

ကဲ ကိုယ်ကိုင်ထားတဲ့ ပူဖောင်းတွေပေါ်မှာ ကိုယ့်နာမည်လေးတွေ ရေးလိုက်ကြကွာ

 

ကျောင်းသားတွေက ဆော့ဖ်ပင်တွေနဲ့ ပူဖောင်းတွေပေါ်မှာ နာမည်တွေ ရေးကြတယ်။

 

ကဲလာကြ ဒီအခန်းထဲကို အဲဒီ ပူဖောင်းတွေ လာလွှတ်ကြ

 

ပါမောက္ခကြီးကို အခန်းလွတ်ကြီးတစ်ခန်းက တံခါးကြီးကိုဖွင့်လိုက်ပြီးတော့ ကျောင်းသားတွေကို ပူဖောင်းတွေ လာလွှတ်ခိုင်းလိုက်တယ်။

 

ကျောင်းသားတွေက ပူဖောင်းတွေကို လွှတ်ပြီးချိန်မှာ ပါမောက္ခကြီးက အခန်းတံခါးကို ပြန်ပိတ်လိုက်တယ်

 

မင်းတို့ အားလုံး ခုဆိုရင် အချိန် ၅ မိနစ်ရမယ်။ ကိုယ့်နာမည်နဲ့ ကိုယ့်ပူဖောင်းကို အားလုံးကိုင်ပြီး ပြန်ထွက်လာရမယ်

 

ပါမောက္ခကြီးက တံခါးကို ဖွင့်ပေးလိုက်တယ်။ ကျောင်းသားတွေ ပြေးဝင်သွားကြတယ်။ အားလုံး ဟိုဆြဲ သည်ဆွဲ။ တိုက်မိလို့ လဲသူလဲပေါ့။ ၅ မိနစ်ပြည့်သွားပြီး သူတို့ ပူဖောင်းတွေကို ရှာလို့ မပြီးသေးဘူး။ ၁၀ မိနစ်လည်း မပြီးနိုင်သေးဘူး။

 

ကဲ အားလုံးတော်ပြီ ရပ်လိုက်ကြတော့။ မင်းတို့ မအောင်မြင်ပါဘူး။ အလကား အရှုံးသမားတွေ။ ကိုယ့်နာမည်ကို ကိုယ်မှန်အောင် မရှာနိုင်ကြဘူး

 

ကျောင်းသားတွေက မျက်နှာငယ်လေးတွေနဲ့

 

အဲဒါ ဘာဖြစ်လို့လဲ သိလား။ မင်းတို့မှာ တစ်ဦးနဲ့တစ်ဦး မျှဝေလိုတဲ့ စိတ်ဓာတ်တွေ မရှိကြလို့

 

ကျောင်းသားတွေက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်။

 

တကယ်ဆိုရင် ဝင်လိုက်ကတည်းက ကိုယ်ရတဲ့ ပူဖောင်းကို ကိုယ်ယူထားပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြန်ပြီး လဲလိုက်ရင် ရသားနဲ့ မင်းတို့ ဦးတည်ချက်က ကိုယ့်နာမည်နောက်ကို တစ်ကောက်ကောက် လိုက်နေတာဆိုတော့ ဘယ်မှာအချိန်တိုအတွင်း ရေတာ့မွာလဲ

 

ကျောင်းသားတွေက မျက်လွှာလေးတွေချထားကြတယ်။

 

လောကမှ ဒီအတိုင်းပဲကွ။ လူတိုင်း ကိုယ့်ကိုယ်ကိုယ်ရှာဖို့ပဲ သိတယ်။ ကိုယ့်မှာ သူ့မှာ ရှိတာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ပြန်ပြီးတော့ မျှဝေရမယ်မှန်း မသိကြဘူး။ ဒါကြောင့် လောကကြီးက မငြိမ်းချမ်းတာ။ အချိန်တွေကုန်ပြီး ဝရုန်းသုန်းကားဖြစ်နေကြရတာ

 

ပါမောက္ခကြီးက ပြောပြီးတော့ အခန်းထဲက ထွက်သွားတယ်။

 

ကျောင်းသားတွေက သူတို့လက်ထဲမှာ ကိုင်ထားတဲ့ မိုးပျံပူဖောင်းလေးတွေကို ကြည့်နေကြတယ်။

 

(Ref: Sharing, Sunday Times)

 

တင်ညွန့်