အိမ်ထဲကငိုသံ

Posted on

အိမ်ထဲကငိုသံ (စ/ဆုံး)
~~~~~~~~~~~~~~~~

သစ်ပင်များထူထပ်များပြားစွာပေါက်
ရောက်လျက်ရှိသောတောအုပ်ထဲမှာ အိမ်
လေးတစ်လုးံရှိသည်။

ထိုအိမ်လေးကလူမနေတာကြာပြီးဖြစ်သော
ကြောင့်အမိူက်များရှိနေသည်။
အိမ်လေးရဲ့မလှမ်းမကမ်းမှာတော့ကားလမ်း
လေးရှိသည်။

တစ်နေ့-
ဘခက်ဦးဆောင်သောစူးစမ်းရှာဖွေ့ရေးအဖွဲ့တစ်ဖွဲ့ထိုအိမ်လေးကိုရောက်လာသည်။
ဘခက်တို့ အဖွဲ့၅ယောက်ရှိသည်။
၅ယောက်ရဲ့အမည်တွေကတော့ မြခင် ကျော်
လှ စိန်ကြည် နှင့် ထွန်းဝေ နဲ့ဘခက်အပါအဝင်
​၅ယောက်ရှိသည်။

ဘခက်တို့လည်း ထိုအိမ်လေးကို ရောက်
တော့ ကားပေါ်က ပစွည်းတွေချပြီး အိမ်လေး
ထဲဝင်လာကြသည်။
အိမ်ထဲရောက်တော့ ခုံတွေလှဲနေပြီး ကြမ်း
ပြင်ပေါ်မှာ ဖုန့်တွေတက်နေတာကို တွေရလို့
ခုံတွေကိုသူနေရာနှင့်သူ ပြန်စီပြီး ဖုန့်တွေကို
တံမြတ်စည်းနဲ့လှဲလိုက်သည်။

ဒီလိုနဲ့သန့်ရှင်းရေးတွေလုပ်လာလိုက်တာ
ညနေရောက်လာသည်။
ညနေရောက်တော့ ဘခက်တစ်ယောက်
မီးဖိုချောင်းထဲသွားပြီး ထမင်းတွေချက်နေ
သည်။
ကျန်တဲ့သူတွေကတော့ ပင်ပန်းလို့ ကိုယ့်
အခန်းထဲမှာ နားနေကြသည်။

ဘခက်တစ်ယောက်တည်းမီးဖိုးချောင်ထဲ ချက်
ပြုတ်နေတုန်း အသံစူးစူးဝါးဝါးကြီးနဲ့ ငိုသံ
ကြီး ထွက်ပေါ်လာသည်။
ဘခက်လည်း အမူနဲ့အမှတ်နဲ့နေလိုက်သည်။
ငိုသံကြီးက ပိုပို စူးစူးဝါးဝါးကြီး ထွက်ပေါ်
လာတာကြောင့် ဘခက်လည်း သတိထား
မီသည်။
ချက်ပြုတ်နေတာကို ခဏရပ်ထားပြီးငိုသံကြား
ရာကို လျှောက်ကြည်နေလေသည်။
ငိုသံကြီးက ဘယ်ဘက်က ထွက်ပေါ်လာတယ်
ဆိုတာ ဘခက်တစ်ယောက် ခန့်မှန်းရခက်နေ
ပါသည်။

ဒီအကြောင်းကို ဘခက်တစ်ယောက် ကျန်တဲ့
သူတွေကြောက်မှာ ဆိုလို့မပြောဘဲ ဒီတိုင်း
ပဲထားလိုက်သည်။
တစ်နေ့တခြား ပိုပိုဆိုးလာသည်။
တစ်နေ့ကျော်လှတစ်ယောက် ထိုအိမ်လေးရဲ့
အကြောင်းကို သိချင်တာကြောင့် ည၁၂နာရီ
ထိုးကြီး အိပ်ယာမှာထပြီး တစ်ယောက်
တည်း အိမ်အနီးအနား ပတ်ဝန်းကျင့်ကို ကင်
မရာတစ်လုးံနဲ့ လျှောက်ပတ်ရိုက်နေသည်။

ရိုက်လာလိုက်တာ ကျော်လှတစ်ယောက်
ထမင်းစားခန်းထဲရောက်လာသည်။
ထိုအချိန်မှာပဲ ကျော်လှတစ်ယောက်ကင်မရာ
ထဲက မြင်ကွင်းတစ်ခုကို ကြက်သီးထဖွယ်ရာတွေ့လိုက်သည်။
အဲ့မြင်းကွင်းထဲမှာ ဆံပင်မွှေ ဖွလာ ချထားပြီး
ကျော့ပေးထားပြီး ထမင်းတွေ့စားနေတဲ့
ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ခြင်း
ဖြစ်ပါသည်။
ကျော်လှလည်း ကြောက်တဲ့စိတ်ကို သတိနဲ့
ထိန်းချူပ်ထားသည်။
အဲ့လို့သတိနဲ့ထိန်းရင်း ခေါင်းတစ်ခုလုးံရုတ်
တရက်ထုးံသွားသည်။
ကျော်လှလည်း နောက်ကိုဖြေးဖြေးချင်းဆုတ်
လို့လှည့်ထွက်လာသည်။
ဒီအကြောင်းကို ဘခက်တို့ကိုပြောပြသော်
လည်း တစ်ယောက်မှာမယုံကြပါဘူး။

“ငါ့ပြောတာကို မင်းတို့မယုံလည်း နေဒါပေမဲ့
​ကင်မရာနဲ့ရိုက်ထားတာရှိတယ်ပြမယ်နော်”

ကျော်လှက အခုလိုပြောလိုက်ပြီး သူဘေး
နားဘေးက ကင်မရာကို လှမ်းယူလိုက်သည်။

“ရော့…….ဒီမှာငါ့ပြမယ်”

ကျော်လှက ကင်မရာကိုဖွင့်လိုက်ပြီးသူရိုက်
ထားတဲ့ ဗီဒီယိုတစ်ခုကိုပြလိုက်သောအခါ
ဘခက်တို့ တွေကြက်သီးထသွားပြီး ထိုကင်မ
ရာထဲမှာပေါ်နေသော သရဲကိုရှာဖို့စတင်
လိုက်သည်။

“ကောင်းပြီး ! ဒီနေ့ည သရဲရှာမယ် အစီစဉ်
စလိုက်ရအောင် ကင်မရာတွေအဆင့်သင့်
ပြင်ထားကြနော်”

ဒီလိုနဲ့ညကို ရောက်လာသည်။
ညရောက်တော့ ၁၂နာရီထိုးတဲ့ထိ စောင့်ပြီး
ဘခက်တို့ သရဲရှာမဲ့ အစီစဉ်ကို စသည်။
စတဲ့နေရာမှာလည်း လူခွဲပြီး စတင်သည်။

ဘခက် ကျော်လှတို့နှစ်ယောက်က အိမ်ပေါ်
မှာ နေကြပြီး ! ထွန်းဝေ မြခင်နှင့် စိန်ကြည်
တို့သုးံယောက်ကတော့ အိ်မ်အောက်ထပ်မှာ
နေပြီး ကင်မရာတွေ ရိုက်နေကြသည်။
မကြာခင်မှာပဲ မြခင်တို့ ရှိတဲ့အိမ်အောက်ထပ်
က အသံကိုဘခက်တို့နစ်ယောက်ကြားလိုက်
ရသည်။

“အား……..”

အသံကြားသည်နှင့်တစ်ပြိုင်နက်တည်း
အောက်ထပ်ကို ဆင်းလာကြသည်။

“ဘာဖြစ်တာလဲ”

ကျော်လှက မေးလိုက်သည်။
မြခင်တို့သုးံယောက်ကတော့ တစ်ခုခုကို
ကြောက်နေတဲ့ပုံစံမျိူးနဲ့မျက်နှာမျိူးဖြစ်နေကြ
သည်။

“တစ်ခုခုကိုမြင်လိုက်လို့လား”

ဘခက်ကပြောလိုက်သည်။

“အခုမမေးသေးနဲ့အုးံမနက်ကျမှာ ပြောပြ
မယ်”

“ကောင်းပြီး မနက်ကျမှာပြောပြပေါ့်”

ကျော်လှသည် အသံတုန်တုန်ရီရီနဲ့ ပြောလာ
သော မြခင်ကိုပြောလိုက်ခြင်းဖြစ်သည်။
မနက်ရောက်လာသည်။

“ပြောပါအုးံညတုန်းက ဘာလိုအော်တာလဲ”

ဘခက်ကမေးလိုက်သောအခါ မြခင်က သူ
ရိုက်ထားသောဗီဒီယိုကို ဘခက်တို့အားပြ
လိုက်သောအခါ ဘခက်နှင့်ကျော်လှတို့နှစ်
ဦးသားကင်မရာထဲက မြင်ကွင်းကြောင်း
မျက်လုးံပြူးသွားသည်။

“ကင်မရာထဲက မြင်းကွင်းအရဆို ဒီအိမ်ထဲမှာ
မကျွတ်မလွတ်တဲ့ဝိညာဉ်တွေရှိတာပေါ်နော်”

ဘခက်က စိုးရိပ်တကြည် မြခင်တို့အားပြော
လိုက်သည်။

“ဟုတ်တာပေါ်ကွာ ! ရှိတာပေါ်”

ထွန်းဝေက ဘခက်ကိုပြန်ပြောရင်း စိတ်ပျက်
လက်ထိုင်ချလိုက်သည်။
စိန်ကြည်က ဘခက်တို့ကို ပြောလိုက်သည်။

“ဒါဆိုငါ့တို့ ဘာလုပ်ကြမလဲ”

“ဘာလုပ်ရမှာလဲ ပြန်ယုံပဲရှိတော့တာပေါ်”

ကျော်လှက စိန်ကြည်ရဲ့စကားကိုပြန်ပြော
လိုက်ရင်း ကင်မရာကို ဖုန့်တွေသုတ်နေသည်။

“ကောင်းပြီးလေပြန်ကြတာပေါ်”

ဒီလိုနဲ့ဘခက်တို့တွေပြန်ဖို့ အထုတ်အပိုး
တွေသယ်လို့ အိမ်ထဲကအထွက် ကားတစ်
စီးရောက်လာသည်။
ကားက အိမ်ရှေမှာရပ်လိုက်ပြီး ကားထဲမျက်
မှန်အနက်ရောင်တပ်ထားသော အသက်
ကြီးကြီး လူကြီးတစ်ယောက်ထွက်လာသည်။

“ငါ့တူတို့က ဘယ်သူတွေလဲ”

“ကျွန်တော်တို့က စူးစမ်းရှာဖွေ့ရေးအဖွဲ့ကပါ”

“ဪ…….”

ဘခက်တို့ကိုအံဩသောမျက်လုးံများဖြင့်
ကြည်နေသည်။
သူတို့ရပ်ပြီးစကားပြောနေချိန်မှာပဲ ထိုအိမ်
ထဲကငိုသံကိုသူတို့အားလုးံကြားလိုက်ရ
သည်။

“သမီးရေ……အဖေလာပြီးနော်”

ထိုလူကြီး​၏ ရုတ်တရက်ပြောလာသောစကား
ကိုနားမလည်စွာဖြင့် ထိုလူကြီးကိုကြည်နေ
သည်။
ပြီးမှာ ထိုလူကြီးကို မေးကြည်လိုက်သည်။

“ဒီက ဦးက ဘယ်သူကိုပြောနေတာလဲ”

“ဘယ်သူရှိရမှာ လဲ! ဒီအိမ်က ဦးရဲ့သမီးကို
ပြောတာလေ”

ထိုလူကြီးရဲ့စကားကိုကြားသောအခါ ဘခက်
တို့အားလုးံကြက်သီးဖြန်းဖြန်းထသွားရ
သည်။

“ဒီအိမ်မှာ ဘယ်ကောင်မလေးမှ မရှိပါဘူး”

“ဟုတ်တယ် ဒီအိမ်မှ ဘယ့်ကောင်မလေး မှာမ
မရှိဘူးဒါပေမဲ့ဝိညာဉ်အဖြစ် အမျှဝေဖို့စောင့်
နေတဲ့ဦးရဲ့ သမီးလေးရှိတယ်”

“ဗျာ……!ဦးရဲ့သမီးက ဘယ်ကြောင့် သေသွား
တာလဲ”

“ပြောရမယ်ဆို ! ဦးရဲ့သမီးသေရတာဦးရဲ့
အပြစ်တွေပါ”

ဒီလိုနဲ့ဖြစ်ပျက်ခဲ့အရာအားလုးံကိုပြောပြ
လိုက်သည်။

“ဦးရဲ့သမီးမကြိုက်တဲ့မီထွေးကိုယူခဲ့မီလို့ဦးရဲ့
သမီးက ကိုယ့်ကိုကိုယ့်အဆိပ်ဆေးသောက်
ပြီးအဆုးံစီရင်သွားတာပါ အခုဦးရဲ့သမီးက
တမလွန်ကနေအမျှခေါ်ဖို့စောင့်နေတာပါ”

တပတ်လောက်အကြာဘခက်တို့အဖွဲ့က ထို
အိမ်ကြီးရဲ့ပိုင်ရှင်နဲ့ထိုအိမ်မှာမကျွတ်မလွတ်
သောကောင်မလေးကိုအမျှာပေးဝေလိုက်တာ
ထိုကောင်မလေးရဲ့ကျွတ်လွတ်သွားသည်။

ပြီးပါပြီး

ရေးသူ-ရောင်နီဦး👉{နေပြည်တော်}

ဒီစာမူလေးကိုစိတ်ရှည်လက်ရှည်နဲ့စောင့်ပေး
လို့ရောင်နီရဲ့စာဖတ်သူတွေအားလုးံကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဆက်လက်ကြီုးစားပါအုးမည်။