ထူးဆန်းသောဘုန်းကြီးနှင့်ပုဏ္ဍကတိုက်သောအိမ်(စ/ဆုံး)
———————
ဒေါ်မေသူကအစိုးရဝန်းထမ်းတစ်ဦးဖြစ်ကာရန်ကုန်မြို့ရှိအစိုးရရုံးတစ်ရုံးတွင်အလုပ်လုပ်နေသောအရာရှိတစ်ယောက်ဖြစ်သည်။
ဒေါ်မေသူကကြိုးစားရိုးသားကာအလုပ်တာဝန်ကိုကျေပွန်သူတစ်ယောက်ဖြစ်၍ဝန်ထမ်းကောင်းဆုရရှိထားပေသေးသည်။
ဒေါ်မေသူကအပျိူကြီးတစ်ဦးဖြစ်၍ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည့်အလျောက်လဘ်စားတာတွေမမှန်မကန်လုပ်တာတွေမရှိအစိုးရကိစ္စနှင့်ငွေကြေးသုံးစွဲရပါကတစ်ပြားမကျန်စာရင်းဇယားနှင့်အတိအကျအကြွေပါမချန်ပြန်အပ်တတ်သူဖြစ်၏
အမှန်တော့ဒေါ်မေသူကချမ်းသာသူမဟုတ်ပါအမေအိုကြီးအားသူမရသည့်လစာကလေးဖြင့်လုပ်ကြွေးနေသူဖြစ်သည်။
သူမလက်သုံးစကားကမမှန်မကန်အကြံအဖန်လုပ်စားနေသူတွေအတွက်တော့နားဝင်မချိုလှပေ
‘”ဘဝမှာကိုယ့်လိပ်ပြာကိုယ်သန့်အောင်နေတယ်ဘယ်သူသိသိမသိသိကိုယ်စောင့်နတ်နဲ့ဘုရားသိတယ်မမှန်တာလုပ်ထားမိရင်စိတ်မလုံတဲ့အတွက်အသေဖြောင့်မှာမဟုတ်ဘူးသေတဲ့အခါနံမည်ကောင်းတော့ချန်ခဲ့ချင်တယ်”’
သူမကရုံးကိစ္စနှင့်ပတ်သတ်၍နယ်မြို့များသို့မကြာခဏခရီးထွက်ရလေ့ရှိသည်
တစ်ခါသော်ရုံးကိစ္စတစ်ခုနှင့်နယ်မြို့တစ်မြို့သို့သူမတစ်ဦးတည်းခရီးထွက်ရလေသည် ။
ထုံးစံအတိုင်းအဝေးပြေးကားနှင့်ထွက်ရသည်ဖြစ်၍သူမစီးသောကားကတစ်မြို့ဝင်တစ်မြို့ထွက်လူတင်လူချနှင့်အတော်နှင့်လိုရာခရီးမရောက်ပေ
ဒေါ်မေသူဆင်းမဲ့မြို့မရောက်ခင်နှစ်မြို့အလိုရောက်တော့ ကားလမ်းဘေးမှဘုန်းကြီးတစ်ပါးကကားကိုလှမ်းတားလိုက်၍တားစီးလေသည်။
ဒေါ်မေသူကကားရှေ့ဆုံးခုံမှာထိုင်နေသူဆိုတော့ကားရှေ့မြင်ကွင်းကိုသေချာမြင်နေရကာသူ့ဗီဇအတိုင်းအရာရာကိုလေ့လာစူးစမ်းတတ်သူဖြစ်၍ဘုန်းကြီးကိုကြည့်လိုက်မိ၏
ဘုန်းကြီးကြည့်ရသည်မှာ အသက်အားဖြင့်၆၀ကျော်လောက်ဟုထင်ရကာကြီးမားသောလွယ်အိပ်ကြီးတစ်လုံးကိုလွယ်ထား၍သပိတ်ကိုလဲပိုက်ထားသေးတာကြောင့်ကို့ရို့ကားယားဖိုသီဖတ်သီနိုင်လှပေသည်။
သင်္ကန်းကလည်းအတော်လေးဟောင်းနွမ်းနေပြီဖြစ်ကာ ခေါင်းမှဆံပင်များကလည်းမရိပ်တာကြာ၍နည်းနည်းရှည်ထွက်နေတာကြောင့်ရုတ်တရက်ကြည့်ပါက စိတ်မနှံပုံပေါက်နေသောကြောင့်ကားစပယ်ယာက
””အရှင်ဘုရားကားကခုံပြည့်နေပြီနောက်ကားနဲ့ပဲလိုက်ခဲ့ပါဘုရား””
ကားစပယ်ရာကောင်လေးကတင်ခေါ်ချင်ပုံမရ၍ပြောလိုက်တာကိုဘုန်းကြီးကစိတ်မဆိုးပဲပြန်မိန့်လိုက်၏
”’အေးလေမလိုက်ရတော့လဲဘာမှမဖြစ်ပါဘူးငါကကားမလိုပါဘူးကွာ”’
ပြောပြောဆိုဆိုလမ်းဆက်ရှောက်ကျန်ခဲ့သောဘုန်းကြီးကိုဒေါ်မေသူစိတ်ဝင်စားကာကြည့်နေမိရင်းစိတ်မကောင်းဖြစ်သွားကာစိတ်ထဲတွေးမိ၏
“”ကားစပယ်ရာကောင်လေးနှယ်စိတ်ဓတ်ကညံ့ဖျင်းလိုက်တာသူခမျာအသက်ကြီးနေပြီလမ်းရှောက်နေရတာမောမှာပဲ””
ဟုတွေးရင်းလိုက်လာမိ၏ဒေါ်မေသူဆင်မဲ့မြို့ရောက်တော့ကားဂိတ်တွင်ခုဏကလမ်းမှာတွေ့ရသောဘုန်းကြီးကအရင်ရောက်နေတာမြင်တော့အတော်အံသြသွား
သည်
်ဒီဘုန်းကြီးဘယ်လိုလုပ်ပြီးအရင်ရောက်နေပါလိမ့်လမ်းမှာလဲကားကမိမိစီးလာသောကားတစ်စီးပဲရှိတာပါလို့တွေးမိသွား၏
သို့ပေမဲ့ဘာဘာညာညာဆက်မစဉ်းစားအားတည်းမဲ့နေရာသို့ထွက်လာခဲ့လေသည် ။
နောက်တစ်နေ့မိုးလင်းတော့ဒေါ်မေသူတည်းတဲ့နေရာနဲ့နီးတဲ့မုန့်ဟင်းခါးဆိုင်တွင်မနက်စာစားနေတုန်းမနေ့ကတွေ့ခဲ့သောဘုန်းကြီးသည်ဆိုင်ရှေ့တွင်ဆွမ်းခံလာရပ်ရာဘာသာတရားကိုင်းရှိုင်းသောဒေါ်မေသူကကမန်းကတန်းထကာ
””အရှင်ဘုရားဆိုင်ထဲကြွပါတပည့်တော်မုန့်ဟင်းခါးဆွမ်းကပ်ချင်လို့ပါ”’
လို့ရှောက်တော့ဘုန်းကြီးကလက်ခံလိုက်သည်။
ဘုန်းကြီးသည်ဆိုင်ထဲဝင်ထိုင်ကာဒေါ်မေသူကပ်သောမုန့်ဟင်းခါးကိုသပိတ်ထဲထည့်ကာဘုန်းပေပြီးနောက်တစ်ပွဲထပ်ကပ်ခိုင်း၏
”ဒကာမကြီးနောက်တစ်ပွဲလောက်ကပ်ပါဦး”’
ဒေါ်မေသူလည်းဝမ်းသာအားရနောက်တစ်ပွဲကပ်လိုက်ရာသပိတ်ထဲသွန်ထည့်ပြီးအားရပါးရဘုန်းပေးနေသောဘုန်းကြီးကိုကြည့်၍ပိတိဖြစ်မိလေသည် ။
ဘုန်းကြီးကဘုန်းပေးပြီးတော့သပိတ်ထဲတွင်နည်းနည်းကျန်နေသောမုန့်ဟင်းခါးကိုဆိုင်ရှင်မှကမန်းကတန်းလာသိမ်း၍သပိတ်အားသေချာစွာဆေးပေးလိုက်သည်။
ဒေါ်မေသူကဘုန်းကြီကိုဝထ္ထုငွေကပ်ချင်ပေမဲ့ပိုက်စံကလည်းသိပ်မပါတော့ချီံတုံချတုံဖြစ်ကာနောက်ဆုံးစိတ်ပိုင်းဖြတ်၍ပိုက်စံ၅၀၀တန်လေး၂ရွက်ကိုဘုန်းကြီးသပိတ်ပေါ်သို့ရိုရိုသေသေလှုလိုက်လေသည်။
””ဒကာမကြီးပိုက်ဆံသိပ်မပါပဲဘုန်းကြီးကိုမလှုလည်းရပါတယ်ဆွမ်းကပ်တာနဲ့ပြည့်စုံသွားပါပြီ””
ဘုန်းကြီးစကားကြောင့်ဒေါ်မေသူလန့်သွားသည်ငါ့စိတ်ထဲဖြစ်နေတာကိုဒီဘုန်းကြီးကသိနေပါလားလို့ပါးစပ်ဟောင်းလောင်းနှင့်အံသြနေတုန်း
ဘုန်းကြီးကသူရဲ့ကြီးမားတဲ့လွယ်အိပ်ထဲကအမွှေးတိုင်တစ်ထုပ်နဲပိုက်စံပေါ်တွင်အင်းချထားသောထောင်တန်နှစ်ရွက်ကိုဒေါ်မေသူအားပြန်စွန့်၍
”””ဒကာမကြီးဒီပိုက်ဆံကိုမသုံးနဲ့အိပ်ထဲဆောင်ထားဒကာမကြီးကစိတ်ကောင်းရှိတော့့ဒီကပြန်ရင်ရာထူးတိုးအုံးမှာတစ်ခုသတိထားရမှာကဒကာမကြီးဒီရက်ပိုင်းအတွင်း ခြေထောက်ထိခိုက်လိမ့်မယ်ကြီးကြီးမားမားမဖြစ်အောင်ဒီအမွှေးတိုင်ထွန်းပြီးဘုရားပူဇော်ပါ””
‘
ထိုသို့မိန့်ပြီးဆုများပေးကာဘုန်းကြီးပြန်ကြွသွားတော့ဒေါ်မေသူပိုပြီးအံသြပြန်သည်ဘုန်းကြီးကဒေါ်မေသူဝန်ထမ်းဖြစ်တာလဲသိနေပါလားတွေရင်းဆိုင်ရှင်ကိုမေးလိုက်သည် ။
‘ ”” ခုနဘုန်းကြီးကဘယ်ကျောင်းမှာထိုင်တာလဲ”
””’ကျွန်တော်တို့လည်းမသိဘူးဗျဒီမြို့ကမဟုတ်တာတော့သေချာတယ်တစ်ခါတလေမှတွေ့ရတာ ဘယ်မှာနေလဲဘွဲ့နံမည်ဘယ်လိုခေါ်လဲမေးတာမရဘူးစိတ်သိပ်မနှံဘူးထင်ပါတယ်—–
် ကျွန်တော်တို့ဆိုင်လာတဲ့အခါတော့ဆွမ်းကပ်လိုက်တာပဲထူးဆန်းတာကဘုန်းကြီးကြွတဲ့နေ့ကစျေးရောင်းကောင်းတယ်ဗျဒါ့ကြောင့်ဘုန်းကြီးသပိတ်ဆေးပြီးသပိတ်ဆေးရေကိုသိမ်းထားတယ်ဗျ””
ဒေါ်မေသူလည်းဆိုင်ရှင်ပြောတာနားထောင်ပြီးဘုန်းကြီးအကြောင်းစိတ်ဝင်စားပေမဲ့သူမကအလုပ်တစ်ဖက်နဲ့ဆိုတော့ဆက်မလေ့လာအားပဲအလုပ်ရှိရာသို့အတွေးများစွာဖြင့်ရောက်သွားလေသည် ။
နောက်တစ်နေ့တွင်ဒေါ်မေသူအလုပ်သို့လမ်းရှောက်သွားရင်းမြို့ကိုလေ့လာလာရာတစ်နေရာအရောက်တွင်အိမ်တစ်လုံးရှေ့၌လူအများဝိုင်းအုံကြည့်နေသဖြင့်စိတ်ဝင်စားသွားကာ ထိုနေရာသို့ခပ်သွက်သွက်ရှောက်သွားပြီးလူအုပ်ထဲဝင်ကြည့်ရာ
အိမ်ပေါ်သို့ဘယ်ကပြစ်မှန်းမသိသောခဲလုံးများကျနေကာခြံထဲကပန်းအိုးများသည်ကသူ့့့အလိုလိုရွေ့ရှားနေတာမို့ဒေါ်မေသူတစ်ခါမှမမြင်ဘူးသောကြောင့်အံ့သြစွာဆက်ကြည့်နေမိ၏
အိမ်တံခါ့းမှာလည်းဖွင့်ထားသောကြောင့်အိမ်ထဲသို့လှမ်းကြည့်ရာတွင်လည်းအိမ်ထဲကပရိဘောဂအသုံးအဆောင်ပစ္စည်းများသည်လည်းလေပေါ်တွင်ဝဲပျံနေလေသည် ။
ဒါနဲ့ဒေါ်မေသူကဘေးကကြည့််နေသောနယ်ခံဟုယူဆရသူတစ်ယောက်ကိုမေးလိုက်သည်
”’ဒီမှာရှင့်ဒါဘာဖြစ်နေတာလဲ”’ ‘
‘ ””ပုဏ္ဍကတိုက်တယ်ပြောတာပဲအချင်းချင်းမနာလိုလို့တိုက်တယ်ပြောတယ် အိမ်ရှင်တွေလဲမနေရဲလို့တခြားသွားနေကြတယ်ရဲတွေလည်းဘာမှမတတ်နိုင်ဘူးလေဖြစ်နေတာ၃ရက်၄ရက်လောက်တော့ရှိပြီဗျ””’
အမှန်တော့ပုဏ္ဍကတိုက်ခြင်းဆိုတာအောက်လမ်းဆရာအောက်လမ်းပညာရပ်များနှင့်ပတ်သတ်ဆက်နွယ်နေခြင်းဖြစ်ပေသည်။
ဒေါ်မေသူကပုဏ္ဍကတိုက်တာကြားဘူးပေမဲ့အခုမှမြင်ဘူးတာကြောင့််ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေတုန်းခြံရှေ့သို့ဘုန်းကြီးတစ်ပါးကြွလာတာမြင်တော့ကြည့်လိုက်ရာမနေ့ကဆွမ်းကပ်တဲ့ဘုန်းကြီးဖြစ်နေတာတွေ့လိုက်ရသည် ။
ဘုန်းကြီးကလူအုပ်ထဲဝင်လာကာအိမ်ကိုကြည့်ပြီးပါးစပ်မှအသံထွက်ကာမိန့်လိုက်သည် ။
”’အော်လူတွေလူတွေအတော်ကြောက်စရာကောင်းပါလားသူများမနာလိုကိုယ့်အကျိုးမရှိ ကိုယ်သွားရမဲ့လမ်းဖြောင့်ဖြောင့်မသွားလမ်းကောက်ကောက်ကိုမှသွားချင်ကြသကိုး””
ဘုန်းကြီးစကားကြောင့်ပတ်ဝန်းကျင်မှလူများပြုံးစိစိဖြစ်သွားကြလေသည်။
်ု ဒေါ်မေသူကြည့်နေတုန်းပင်ဘုန်းကြီးသည်သူ့့လွယ်အိပ်ကြီးထဲမှသေးငယ်သောအလုံးကလေးတစ်လုံးထုပ်ကာအိမ်ထဲသို့ရုတ်တရက်လှမ်းပြစ်လိုက်သည်။
ထိုအလုံးလေးကဖန်ဂေါ်လီလုံးအသေးစားအရွယ်လောက်သာရှိပေသည်။
ဘုန်းကြီးပြစ်လိုက်သောအရှိန်သည်သာမန်မျှလောက်မြင်ရပေမဲ့ထိုအလုံးကလေးသည်အရှိန်ပြင်းစွာအိမ်ထဲသို့ဝင်ရောက်သွားပြီး’
”အုန်း” ကနဲပေါက်ကွဲသံတစ်ခုကြားရကာခဏအကြာတွင်အရာအားလုံးသည်ငြိမ်ကျသွားလေသည် ။
ထူးဆန်းသည်မှာအိမ်ပေါ်သို့ကျနေသောခဲများလည်းမကျတော့အိမ်ထဲကပစ္စည်းများအားလုံးပုံမှန်ဖြစ်သွားကာအရာအားလုံးငြိမ်သက်တိတ်ဆိတ်သွားတာမို့ဆန်းကြယ်သောအဖြစ်ကြောင့်တစ်ယောက်တစ်ခွန်းမှတ်ချက်များပေးနေကြ၏
အားလုံးကအရူးလိုလိုဘုန်းကြီးအစွမ်းကိုအံသြနေတုန်းဘုန်းကြီးကထိုနေရာမှဆက်ကြွသွားပေသည်။
ဒေါ်မေသူလည်းဒီဘုန်းကြီးဟာသာမန်ဘုန်းကြီးမဖြစ်နိုင်ဟုတွေးကာတွေ့တုန်းတွေ့ခိုက်ဆွမ်းကပ်အုံးမှပဲလို့စိတ်ကူးကာဘုန်းကြီးနောက်အပြေးလိုက်ပေမဲ့ပျောက်ချင်းမလှပျောက်သွား၏
ဒါနဲ့အနားကဆိုင်ကယ်ကယ်ရီဌားကာဘုန်းကြီးကိုလိုက်ရှာတော့လည်းဘုန်းကြီးအစအနပင်မတွေ့တော့ပေ
တွေ့သမျှလူတွေမေးသော်လည်းတောင်ဘက်ကြွသွားသလိုလိုမြောက်ဘက်ကြွသွားသလိုလိုတိတိကျအဖြေမရပေဘုန်းကြီးပျောက်သွားပုံကလည်းအဆန်းကြီး
မြို့သေးသေးလေးမှာရှာမရပဲပျောက်ချင်းမလှပျောက်သွားသည်မှာမြေရှိုးမိုးပျံသွားသလားထင်ရပေသည်။
ဒေါ်မေသူထိုမြို့ကလေးကအလုပ်ကိစ္စပြီးတော့ရန်ကုန်ပြန်ရောက်တော့ရုံးမှမမျှော်လင့်ပဲရာထူးတိုးစာရ၏
တစ်ရက်ကားပေါ်ကအဆင်းခြေခေါက်လဲ၍အိမ်တွင်တပတ်လောက်အနားယူလိုက်ရလေသည် ။
ထိုအခါမှဘုန်းကြီးဟောတာအလွန်မှန်တာကိုလက်တွေ့သိလိုက်ရတော့မှထူးဆန်းသောဘုန်းကြီးကိုသတိရမိလေသည်
ပုဂ္ဂိုလ်ထူးကိုတွေ့ခဲ့ရသည်ဟုတွေးမိတိုင်းသူမလျှုခဲ့ရသောမုန့်ဟင်းခါးဆွမ်းကလေးအတွက်ယနေ့တိုင်ပိတိဖြစ်လျက်ရှိပေသည်။
်
D Moe Moe & တိမ်လွှာမိုး
#credit