အမေ(စ/ဆုံး)
—————–
အေးကြည်တယောက် ရွာထဲတွင်ငါးတွေရောင်းပြီး ကုန်သွားပြီဖြစ်၍ အိမ်သို့ပြန်လာခဲ့သည်။အိမ်သို့ရောက်သောအခါ ထမင်းစားပွဲတွင်စာလုပ်နေသောသမီးလေးကိုမြင်လိုက်ရ၍
အေးကြည် ပြုံးနေမိသည်။မိမိကိုယ်တိုင်က မိဘမဲ့ စာမတတ်ပေမတတ်ဖြစ်၍ သဇင်လေးကိုတော့ထိုသို့အဖြစ်မခံပေ ငါးရောင်းပြီးကျောင်းထားခဲ့တယ်။သဇင်လေးအဖေက သဇင်လေးမမွေးခင်၂လလောက်အလိုကတည်းက ဆုံးသွားခဲ့၍အေးကြည်တယောက်ကလေးတဖက်
မလုပ်တတ်မကိုင်တတ်ဖြင့် ဒုက္ခရောက်ခဲ့ရသည်။ထိုအချိန် အေးကြည်ကိုအစစအရာရာကူညီခဲ့သည့် ဦးစိုးနိုင်ဆိုတဲ့သူနဲ့ဆုံခဲ့သည်။
အေးကြည်လဲ သမီးလေးကို မိမိလိုမိဘမဲ့ မဖြစ်စေသောကြောင့် ဒုတိယတကြိမ်အိမ်ထောင်ထပ်ပြုခဲ့တယ်။ဦးစိုးနိုင်က အစပိုင်းတွင်တော့ အေးကြည်တို့သားအမိအပေါ် ကြင်နာဂရုစိုက်ရှာသည် သဇင်လေးကိုလဲသမီးအရင်းလို ဂရုစိုက်ပြ၍ အေးကြည်ပင်အံ့ဩခဲ့ရသည်။သို့သော် အချိန်ကြာလာတာနဲ့အမျှ ဦးစိုးနိုင်၏သရုပ်မှန် ပေါ်လာသည်။ စကားများသည့်အခါတိုင်း အေးကြည်ကိုလက်ပါလာတတ်သလို ညနေတိုင်းလဲအရက်သောက်သည်။ပိုက်ဆံကိုလဲ သူပိုတာလောက်ဘဲပြန်အပ်ပြီး သမီးလေးကိုလဲ ဆူဆဲလေ့ရှိသည်။အေးကြည်ဖြစ်နိုင်ရင် ဦးစိုးနိုင်နှင့်မပေါင်းချင်ပေ သို့သော်အေးကြည်မှာနေစရာအိမ်မရှိ ဆွေမရှိမျိုးမရှိ သမီးလေးကိုလဲမိဘမဲ့မဖြစ်စေသောကြောင့်ကြိတ်မှိတ်သည်းခံနေရသည်။
”မေမေ ပြန်ရောက်ပြီလား သမီးရေခပ်တိုက်မယ်ခနလေး”
သမီးလေး၏အသံကြောင့်တွေးလက်စအတွေးများပြတ်သွားလေသည်။
”အံမယ်လေးတော် ကျုပ်ဘာသာခပ်သောက်နိုင်ပါတယ် ကျောင်းသူကြီးရဲ့ ညည်းသာ စာရအောင်လုပ်ပါတော် နောက်နှစ်၄တန်းကြီးတောင်တက်ရမှာကို”
”ဟီး မေမေ့ကိုချစ်လို့ခပ်တိုက်တဲ့ဟာကို”
”အောင်မယ် ဒီကလေးတတ်နေတာ
မေမေဟင်းချက်လိုက်ဦးမယ် စာသေချာလုပ်နော်”
ထို့နောက်မီးဖိုချောင်သို့ဝင်ကာထမင်းဟင်း ချက်ဖို့ပြင်ရသည်။ ထုံးစံအတိုင်းငါးလေးကိုကြော်ကာ ငါးပိရည်ကျိုနေလေသည်။ထိုအချိန်အိမ်ရှေ့မှ
”ဟဲ့ကောင်မ အေးကြည် ထွက်ခဲ့စမ်း ငါပြန်လာတာကိုမမြင်ဘူးလား ကောင်မရဲ့”
ဦးစိုးနိုင်ဒယီးဒယိုင်ဖြင့် ဝက်သားတွဲကြီးကို ကိုင်ကာ အိမ်ပေါ်သို့တက်လာသည်။
”လာပါပြီ ကိုစိုးနိုင်ရယ် ဘာလို့အဲ့လောက်အော်နေတာလဲ”
”ရော့ ငါ့အတွက်ဝက်သားသွားကြော်ပေးစမ်း
စောက်ငါးဟင်းဘဲနေ့တိုင်းစားနေရတာ”
”ဟင် ဒီဝက်သားကဘယ်ကရတာလဲ”
ဦးစိုးနိုင်ရဲ့အိတ်ထောင်ထဲတွင်လည်း၅ထောင်တန်အထပ်လိုက်ဖောင်းနေသည်ကိုတွေ့လိုက်ရသည်။
”နင်တော်တော်လျှာရှည်ပါလားဟမ် သွားကြော်ဆိုသွားကြော်ပါလား ပြီးတော့ ဟိုကောင်မ ငါ့အတွက် ရွာထိပ်ကဆိုင်မှာ အရက်သွားဝယ်ပေး”
”အို ကျုပ်သမီးကိုမခိုင်းပါနဲ့ ကိုစိုးနိုင်ရယ် ကျွန်မသွားဝယ်ပါ့မယ်”
”နင့်အပေါက်ကို ပိတ်ထား ငါ့အိမ်မှာနေရင် ငါခိုင်းတာလုပ်ရမယ် အဲ့တာမှ မကျေနပ်ရင် နင်တို့၂ယောက်လုံးငါ့အိမ်ပေါ်ကဆင်း”
”မေမေရယ် သမီးသွားဝယ်ပေးလိုက်ပါ့မယ်
ဦးသမီးကို ပိုက်ဆံပေး သမီးသွားဝယ်လိုက်မယ်”
မျက်နှာငယ်လေးဖြစ်နေသောသမီးလေးကိုကြည့်ကာ အေးကြည် မျက်ရည်များဝဲလာသည်။ထို့နောက် မီးဖိုချောင်သို့ဝင်ကာ ဝက်သားတွဲအားခုတ်ထစ်ပြီး ကြော်ဖို့ပြင်ရလေသည်။
ဝက်သားကြော်ပြီးသည်အထိ သမီးလေးပြန်မရောက်လာသေး၍ အေးကြည်စိတ်ပူလာသည်။ဦးစိုးနိုင်ကတော့ အိမ်ရှေ့က ကွပ်ပျစ်တွင်အိပ်ပျော်နေလျက်။
”မဖြစ်သေးပါဘူး ငါလိုက်သွားဦးမှ ပါဒီကလေးဘယ်တွေ သွားနေလဲမသိဘူး အရင် ဘယ်သူ့အိမ်မှလဲမသွားတတ်ဘဲနဲ့”
ရွာထိပ်က အရက်ဆိုင်သို့ရောက်သောအခါ
”ဟေ့သာဒင်ရေ ငါ့သမီးလေး အရက်လာဝယ်သေးလား ထွက်သွားတာကြာပြီကို အခုထိပြန်မရောက်သေးလို့”
”ခင်ဗျားသမီးပြန်သွားတာကြာလှပြီ ရွာထဲက ကလေးတွေအိမ်ဝင်ဆော့နေတာ နေမှာပေါ့”
အေးကြည်လဲ ဟင်းခနဲသက်ပြင်းချကာလှည့်ပြန်သည့်အချိန်တွင် အနောက်မှ အရက်ဆိုင်က ဝိတ်တာလေး ငပြူး၏ခေါ်သံကိုကြားလိုက်ရသည်။
”မအေးကြည် မအေးကြည် ”
”ဟေ ဘာတုံးငပြူးရဲ့ အလောတကြီးနဲ့”
”ဟို ကျုပ်မသိသလိုကြီးမနေချင်လို့ ခင်ဗျားကိုလာပြောတာ အစောပိုင်းတုံးက ခင်ဗျား
ယောက်ကျား ဦးစိုးနိုင်နဲ့ ရွာထဲကလူမိုက်အဖွဲ့ ငတေတို့သုံးကောင်စကားပြောတာကို ကျုပ်တစွန်းတစကြားလိုက်တယ် သဇင်လေးကို တခုခုလုပ်ဖို့ပြောနေတာ ရွာပြင်က လယ်ထဲမှာ
ပြီးတော့ ခင်ဗျား ယောက်ကျားကိုလဲ ပိုက်ဆံတွေအထပ်လိုက်ကြီးပေးလိုက်တာမြင်လိုက်တယ်”
”ဟင်”
အေးကြည်လက်တွေတုန်ပြီး ခြေထောက်တွေ ယိုင်နဲ့လာသည်။ရင်ထဲတွင်လဲဟာလာဟင်းလင်းဖြစ်လျက်။ထို့နောက် ရွာပြင်က လယ်ကွင်းတွေဆီသို့ အရူးတပိုင်းပြေးလာသည်။သမီးလေးနာမည်ကိုလဲ ပါးစပ်ကနေတတွတ်တွတ်ခေါ်နေမိသည်။လယ်ကွင်းပြင်အကျယ်ကြီးတွင် မည်သူမှ မရှိဘဲ တိတ်ဆိတ်နေလေသည်။
”သမီးရေ အမေ့သမီး သဇင်လေးရေ”
အေးကြည်လယ်ကွင်းထဲပတ်ရှာနေလေသည် မျက်ရည်များလဲ အဆက်မပြတ်ကျနေပြီး
ရင်တွေတုန်နေလေသည်။ထိုအချိန်ချံုေတွအုပ်ထားသောတခုခုနှင့် ခလုတ်တုတ်မိ၍ အေးကြည်ငုံ့ကြည့်မိရာ ကမ္ဘာတခုလုံးချာချာလည်သွားသည်။ခြေထောက်များသည်လဲမြေပေါ်သို့ပုံကျကာ ရင်ထဲတွင်တစ်ဆို့နေသည်။
သမီးလေးရဲ့ အတွင်းခံလေးမှာခြေထောက်တွင်ချိတ်နေပြီးဂါဝန်အောက်ပိုင်းနှင့်ပေါင်တွင် သွေးများပေပွ၍ ခြောက်တောင်ခြောက်နေလေသည်။
”သမီးလေး အမေ့သမီးလေးထပါဦး လို့သမီးလေးရဲ့ သဇင် ထလို့ အမေပြောနေတာနော်
အားး အီးဟီးဟီး”
သမီးလေးရဲ့လည်ပင်းမှာညိုမဲစွဲရာများကိုတွေ့လိုက်ရပြီး နှာခေါင်းကိုစမ်းကြည့်သောအခါ အသက်မရှူတော့၍ အေးကြည်သမီးလေးကိုတင်းနေအောင်ဖက်ထားမိသည်။ထို့နောက်ဦးနှောက်ထဲမှ တခုခုကိုသတိရသွားကာ အိမ်သို့အလော တကြီး ပြန်လာခဲ့သည်။အိမ်သို့ရောက်သောအခါ ထရံတွင်ထိုးထားသောတံစဉ်ကို ဆွဲကာ အသုဘအိမ်သို့ထွက်လာသည်။ ငတေတို့သုံးယောက်မှာ ရွာထဲတွင်နာရေးရှိတိုင်း နာရေးမပြီးမချင်းဖဲရိုက်လေ့ရှိသောကြောင့်ဖြစ်သည်။
အေးကြည်ထင်သည့်အတိုင်း ထိုသုံးယောက်ကိုနာရေးဝိုင်းတွင်တွေ့လိုက်ရ၍ အေးကြည်မချိပြုံး ပြုံးမိသည်။
”အာ့”
အနောက်ဆုံးတွင်ထိုင်နေသော ဖိုးဇော်၏ကျောကို အရင်ဆုံးတံစဉ်နဲ့ထိုးချလိုက်သည်။
”ဟာ အေးကြည် ဘာဖြစ်တာလဲ ”
နာရေးတွင်ပြေးတဲ့သူများကပြေးကုန်ပီးတားတဲ့သူကတားနေကျသည်။အေးကြည်လဲတံစဉ်ကိုဆွှဲနှုတ်ပြီးဝှေ့ယမ်းကာ တချက်ပီး တချက်ဖိုးဇော်ကိုဆက်ထိုးနေသည်။သွေးများကလဲ အေးကြည်ကိုဖြန်းကနဲ ဖြန်းကနဲ လာစင်နေသည်။
ဖိုးေဇာ်မလှုပ်တော့သောအချိန်တွင် နာရေးစင်ဘေးမှာထိုင်ပြီးတုန်နေသော မိုးကြီးဆီသို့ ဆက်သွားပြီး ဆံပင်ကိုဆွဲကာ လည်မျိုကို တံစဉ်ဖြင့် စတင်လှီးဖြတ်သည်။ခေါင်းတခုလုံးလဲပြတ်သွားပြီး သွေးများကလဲ လည်ပင်းမှဖြာထွက်နေသည်။
”အေးကြည်ရူးသွားပီဟေ့ ပြေးကျတော့ပြေးကျ”
အေးကြည်ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ငတေကိုဆက်ရှာနေသော်လည်းမတွေ့သဖြင့် သူ့အိမ်သို့တံစဉ်ကို ကိုင်ကာ ပြေးသွားသည်။
”ဟဲ့ကောင် ငတေထွက်ခဲ့စမ်း မုဒိမ်းသမား အမျိုးယုတ် ငါ့သမီးလေးကို သတ်တဲ့ကောင် နင့်ကိုချမ်းသာ မပေးဘူး အီးဟီးဟီး”
အေးကြည် အိမ်ပေါ်သို့ရောက်သောအခါ ခန္ဓာကိုယ်တခုလုံးတုန်ပြီးငိုနေသော ငတေ၏ အမေအိုကြီးကိုတွေ့လိုက်ရသည်။
”ဟဲ့ နင်ထွက်လာမလား နင့်အမေသေတာကြည့်မလား”
ထို့နောက်တံစဉ်ကိုအပေါ်သို့မြှောက်လိုက်သည့်အခါ ထုတ်တန်းပေါ်ကေန တုတ်ကိုင်ပြီးဆင်းလာသောငတေကိုတွေ့လိုက်ရသည်။
”ကျုပ်တောင်းပန်ပါတယ် မအေးကြည်ရယ် ကျုပ်ကိုမသတ်ပါနဲ့ဗျာ အီးဟီးဟီး ကျုပ်ခင်ဗျားသမီးကိုသတ်ဖို့မရည်ရွယ်ပါဘူး သူကအရမ်းအော်နေလို့ သတ်မိသွားတာပါ”
”သေချင်းဆိုးတွေ နင်တို့လဲ ငါ့သမီးသေသလိုသေရမယ်”
အေးကြည် တံစဉ်ဖြင့် စတိုက်ခိုက်ေတာ့သည်။ငတေကလဲ တုတ်ဖြင့် ပြန်ရိုက်သော်လည်း အေးကြည်၏တံစဉ်က ငတေရဲ့တုတ်ကိုင်ထားသောလက်ကိုစိုက်သွားသည်။
”အားး တောင်းပန်ပါတယ်မအေးကြည်ရယ်”
ငတေ၏ဆံပင်ကိုဆွဲကာအိမ်အောက်သို့ဆွဲချလာသည် ထို့နောက် တံစဉ်ကိုပစ်ချလိုက်ပြီး ထင်းခုတ် တဲ့ပုစိန်ဖြင့် ဗိုက်ကိုအရင် ခုတ်လိုက်သည် ။ငတေ၏သွေးများကလဲ အေးကြည်ကို လာစင်နေ၍ အေးကြည်တကိုယ်လုံးသွေးများရွှဲသွားသည်။
”သေ သေ နင်လိုကောင်မျိုးက အစကတည်းကအသေလေးမွေးလာရမှာ လူစိတ်မရှိတဲ့ကောင်တွေ”
အေးကြည်ဆဲဆိုကာ ဆက်တိုက်ခုတ်ထစ်နေသည်။အချိန်အနဲငယ်ကြာသောအခါငတေ၏ခန္ဓာကိုယ်မှာလဲနှစ်ပိုင်းဖြစ်သွားသည်။
အေးကြည်တကိုယ်လုံးချွေးများသွေးများနှင့်စိုရွှဲနေပြီး မောဟိုက်နေသည်။ရွာထဲက လူတွေကလဲအပြင်ကနေဝိုင်းအုံကြည့်နေပြီး အေးကြည်နားသို့ဘယ်သူမှမလာရဲကျပါ။ ထို့နောက် ပုစိန်ကိုဆွဲကာ အဓိကတရားခံဖြစ်သည့်ဦးစိုးနိုင်ဆီသို့ထွက်လာခဲ့သည်။ဒေါသစိတ်တွေလဲပိုပြီးကြီးမားလာသည်။အိမ်သို့ရောက်သောအခါ ကွတ်ပျစ်တွင်အိပ်နေသော ဦးစိုးနိုင်ကိုတွေ့လိုက်ရ၍ လက်ထဲတွင်ကိုင်ထားသောပုဆိန်မှာ မြောက်သွားပြီး လည်ပင်းကိုခုတ်ပီးသားဖြစ်သွားသည်။ဦးစိုးနိုင်၏လည်ပင်းမှာသွေးများ စီးကျနေပြီး ခန္ဓာကိုယ်ကလဲတဆတ်ဆတ်တုန်နေသည်။
”မေမေ မေမေ”
”ဟင် သမီးလေးသဇင် သမီးလေးဘယ်မှာလဲ ”
”မေမေ မေမေရေ”
သမီးလေး၏အသံကိုကြားနေရသော်လည်းမတွေ့သဖြင့် အေးကြည်ပတ်ရှာနေမိသည်။
အသံလာရာအတိုင်းလိုက်ရှာရင်း ရေတွင်းနားသို့ရောက်လာခဲ့သည်။
”မေမေ သမီးဒီမှာလေ”
ရေတွင်းထဲမှ အသံဖြစ်သောကြောင့်အေးကြည် ဘာကိုမှ စဉ်းစားမနေတော့ဘဲ ခုန်ချလိုက်လေတော့သည်။
#Yamin