Unicode Version
“အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့”(စ/ဆုံး)
———————————————————————–
(၁၄)
▪️အခန်း-၁
မောင်ဘိုးထင် ဖိုးေထွး နှင့် သာရသည် ရွာအပြင် ချောင်းရိုးစပ် တွင် ထိုင်ပြီး တစုံ တခုကိုစောင့်ေမျှာ်နေသည် ၊ သူတို့စောင့်ေမျှာ်ေနသည့်အရာမှာ မိကျော့ဖြစ်သည် ၊ မိကျော့၏ အဘ နှင့် အမ ပြောပုံအရ သူမသည် ယခုချောင်းရိုးကို နေ့တိုင်း ခိုးကြောင်ခိုးဝှက်သွားနေသည်ကို ၊ ရွာမှ ချောင်းရိုစပ်ရှိ လယ်ကွင်းများဘက် ရွှံ့သွားခွာသော ကလေးများ၏ ပြောစကားအရ သိရကာ အလစ်မပေး အမြဲစောင့်ကြည့်နေ၏ ၊ မောင်ဘိုးထင်တို့ မိုးကြိုးစက် တောင်ဝှေး သွားယူနေချိန် ရက်ပိုင်းတွင်းကိုပင် မိကျော့သည် အဝတ်ထုပ်ကို ဆွဲကာ လင်နောက်လိုက်ဖို့ ကြံစည်သည်မှာ သုံးကြိမ် ရှိပြီဖြစ်ရာ အခြေအနေအတော် ဆိုးနေပြီဖြစ်သည်၊ ဖိုးထွေးသည် သူ၏ ချစ်လွန်း၍ ပိုးပန်းနေသော မိကျော့မှာ သူနှင့် ချစ်သူတောင်မဖြစ်သေး တခြားသူနှင့် လိုက်ေပြးဖို့ ကြံနေလေရာ အတော်ပင် ကြေကြေကွဲကွဲဖြစ်ပြီး မောင်ဘိုးထင် နှင့် သာရအား ရင်ဖွင့်နေလေသည် ။
“တောက် ဘိုးထင်နဲ့ သာရရာ ငါ့မျက်နှာလေးကိုကြည့်ပါ ဟော့ဒီ ပေပင်ရွာမှာ ငါ့လောက်နီးနီးခန့်တဲ့ကောင် ချောတဲ့ကောင်ကို ရှာကြည့်ကွာ ဘယ်ကောင်ရှိတုန်း”
“ဟို ဒေါ်ရင်မေ သား ကိုသူရ ရှိတယ်လေ ခင်ဗျားထက် အပုံကြီးသာတယ် ‘
“ဟ ငါက ယောက်ျား အစစ်တွေထဲကို ပြောတာကွ သူက လှချင်လွန်းအားကြီးပြီး မိန်းမစိတ် နည်းနည်း ဝင်နေတာ မင်းတို့လည်း သိသား အဲ့ကောင်ကို ဖယ်လိုက်”
“အဲ့ဒါဆို ရွာတောင်ပိုင်းက ကိုမျိုးဟိန်းက ခင်ဗျားထက်သာတယ် ”
“အဲ့လူက မိန်းမရပြီးသာ ငါပြောတာ လူပျို ထဲက ကွ ”
“အင်း အဲ့တာဆို ဟို ရွာအရှေ့ပိုင်း”
“တောက် ဒီဘိုးထင်ကလည်း ကြေကွဲတာတောင် ကောင်းကောင်း မကြေကွဲရဘူး ခွီးတယ်မှပဲ”
ဖိုးထွေး သည် မောင်ဘိုးထင်အား မကြည်သလို ကြည့်ပြီး ပြောလိုက်မှ မောင်ဘိုးထင် ငြိမ်သွားသည် ၊ ထိုအခါမှ ဖိုးထွေးရဲ့ ဆွေးတွေးမြေ့မြေ့ ပြောသော အသံက ပေါ်လာပြန်သည် ။
“ငါလေ မိကျော့ရဲ့ လက်ကလေးတောင် မကိုင်ဘူးသေးပါဘူးကွာ ငါ့သူအပေါ်ချစ်တဲ့ အချစ်တွေက ဖြူစင်တယ် ရိုးသားတယ် အပြစ်ကင်းတယ်ကွ”
“ဘာအပြစ်ကင်းတာလဲ အမ မိကျော့ကို လက်လိုက်ဆွဲလို့ ဟိုက ပါးရိုက်လိုက်တာ အရှောင်ကောင်းလို့ လွတ်တဲ့သူကများ ကောက်ရိုးပုံနား မှိုရှိတယ်ဆိုပြီး လိမ်ခေါ်တာ လည်း ကျုပ်မသိဘူး မှတ်နေလား”
“ဟာ အဲ့တာက ချစ်စိတ်တက်တာကွ ကောက်ရိုးပုံနား မှိုရှိတာ တကယ်ပါကွာ ကောက်ရိုးမှိုေတွတွေ့လို့ ငါက သူတို့ အိမ်အတွက် ဟင်းစားရအောင် စေတနာနဲ့ခေါ်တာပါ”
“အဲ့ဒါဆို ဘာလို့ဖြူစင်တာ ရိုးသားတာတွေ လာပြောနေတာလဲ ”
“တောက် ဟေ့ကောင်ဘိုးထင် မင်းငါ့ကို ကောင်းကောင်း ကြေကွဲလို့မရဘူးလားပြော ကွာ”
မောင်ဘိုးထင် ဒုတိယံပိ ငြိမ်သွားပြန်သည် ၊ သာရသည်က ချောင်းရိုးကို ဖြတ်ဆောက်ထားသော တံတားလေးကိုသာ အာရုံစိုက်ပြီး ကြည့်နေလေသည် ၊ မကြာသောအချိန်တွင် ချောင်းရိုးတံတားပေါ်သို့ လူရွယ်တယောက် ရောက်လာသည် သာရသည် ထိုလူရွယ်ကို ကြည့်ကာ
“ဖိုးထွေး ဟိုတံတားပေါ်က စောင့်နေတဲ့ သူက ရေအိုးစင်ရွာက ပန်းချီငိုကြီး မဟုတ်လားဟ ”
သာရ၏ စကားကြောင့် ဖိုးထွေး နှင့် မောင်ဘိုးထင် တံတားလေးပေါ်သို့ ပြိုင်တူကြည့်လိုက်သည်၊ သာရပြောသည်မှာ ဟုတ်ပေသည် တံတားပေါ်မှလူသည် ရေအိုးစင် ရွာမှ ပန်းချီငို ဖြစ်သည် ထိုအခါ မောင်ဘိုးထင်သည်
“သူလည်း တို့ရွာကို လာလည်နေကြဆိုတော့ လာလည်တာ နေမှာပါကွာ ”
“အေး အဲ့လိုပဲ ထင်ပါတယ် ပန်းချီငို နဲ့တော့ မိကျော့ မကြိုက်လောက်ပါဘူးကွာ ”
“ဟုတ်တယ် ဒီလူ ရွာထဲ မသွားပဲ တံတားဘောင်ပေါ် ဘာလို့ ထိုင်နေတာလဲ မသိဘူး”
မောင်ဘိူးထင်တို့သည် ဦးအုန်း နှင့် မိကျော့အဘတို့၏ စေခိုင်းမှုဖြစ် ယခုချောင်းရိုးတံတား ဘေးရှိလယ်ကွက်စပ်မှ နေ၍ ခိုးရာနောက်လိုက်ဖို့ရန် ကြံစည်နေကြသည့် မိကျော့ နှင့်ညသူမ၏ ရည်းစားကို စောင့်ဖမ်းရန်ဖြစ်သည် အရင်က မိကျော့ကို ဖမ်းမိသော လည်း မိကျော့အား ခိုးရာလိုက်ဖို့ခေါ်သည့် လူကိုတော့ မမိချေ ၊ မောင်ဘိုးထင်တို့ သည် တံတားအနား ကပ်သွားပြီး ၊ တံတားအောက်ခြေလေးမှ စောင့်ကြည့်နေလေသည် ၊ တံတားပေါ်မှာ ပန်းချီငိုသည် ရွာဘက်လမ်းကို မျှော်ကြည့်ရင်း တခုခု ကို စောင့်ေမျှာ်နေပုံ ရ၏ ၊ မောင်ဘိုးထင်သည် နေရောင်အောက်မှ ပန်းချီငို ၏ မျက်နှာကို ကြည့်ကာ စိတ်ထဲ အတော်ကို စိုးထိတ်နေမိသည် ၊ အကြောင်းသည်က မိကျော့ နှင့် လိုက်ပြေးမည် သူမှာ ပန်းချီငို များဖြစ်နေမလားဆို တဲ့ အတွေးကြောင့်ဖြစ်သည် ၊ ပန်းချီငို သည် နာမည်နှင့် လိုက်ဖက်စွာ သူ၏ ရုပ်ရည်သည် ပြောရအတော်ခက်ပေသည် ၊ သူ၏ ရုပ်ရည်ကို ကြည့်ပြီး နာမည်ကြီး ပန်းချီဆရာကို ပုံတူဆွဲခိုင်းရာ ငိုပြီး ပြန်သွားသော ကြောင့် ပန်းချီငိုဟု နာမည်တွင်လာချင်းဖြစ်သည် ၊ ပန်းချီငို ၏ နာမည်အရင်းကိုတော့ သူတို့မသိပေ၊ အရပ်ထဲ တွင်ေတာ့ ပန်းချီငိုကို ပန်းချီငိုဟုသာ သိကြပေသည်၊ ပန်းချီငိုသည် သူ၏ မျက်နှာမှ ရှေ့သို့ ငေါ့ထွက်နေသော မေ့စေ့သို့ စီးကျလာသော ချွေးများကို ပြူးကျယ်နေသော မျက်လုံး ချွန်ထွက်နေသော နှားခေါင်း ပါးလွန်း၍ မျက်ခံုးမွေးပေါက်ပါလေစဟု ထင်စရာရှိသောမျက်ခုံး ထော်နေသော နုတ်ခမ်း တို့ကိုပိုင်ဆိုင်ထားသည့် သူ၏ မျက်နှာမှ ထွက်နေသော ချွေးများကို ခွင်နေသော ခြေထောက် ကောက်နေသော ဖင်တို့ကို ဖုံးကွယ်ထားသော ပုဆိုးအပေါ် နုတ်ခမ်းစဖြစ် သုပ်လိုက်ရာ တံတားအောက်ေခြမှာ ရှိသော မောင်ဘိုးထင်တို့ မျက်နှာ လွှဲလိုက်ရကာ မောင်ဘိုးထင်မှာ အသံတိုးတိုးနှင့်
“ဒီလူကို တကိုယ်လုံးချွတ်ပြီး ပုံတူဆွဲခိုင်းရင် ပန်းချီဆရာ ငိုရုံတင်မကဘူး သေပါသေနိုင်တယ် ဗျ”
“တိုးတိုးကွာ ဝဋ်ရှိသ၍တော့ခံရဦးမှာ ပဲ ”
“တောက် ဒီပန်းချီငိုကြီးက ဘာလုပ်နေတာလဲကွာ ဒီလူကြီး ရှိနေတာနဲ့ ဟို မိကျော့ကို လာခိုးတဲ့ ကောင် မလာရဲပဲနေတော့မှာပဲ”
သူတို့ သည် တံတားပေါ်မှ ပန်းချီငိုကြီး နှင့် မိကျော့ ကြိုက်နေသည်ဟု အစကထင်မိသောလည်း အနီးကပ်မြင်ရချိန်တွင်တော့ သူတို့ရဲ့ ထင်မြင်ချက်ကို လက်လွှတ်လိုက်ကြသည် ၊ ပန်းချီငိုကြီးနှင့် တော့ မိကျော့ ခိုးရာ လိုက်ပြေးဖို့ က မဖြစ်နိုင်ပေ ၊ သူတို့ တံတား အောက်ခြေမှ တံတားပေါ်သို့ ကြည့်နေစဉ် မိန်းကလေးအသံ တသံက သူတို့ မမြင်နိုင်သော တံတား ဘက်ခြမ်းမှ ထွက်ပေါ်လာလေသည်
“ကိုကို စောင့်ရတာ ကြာသွားလား ကျော့လည်း လူကြီးတွေ အလစ်ကို စောင့်နေရတာ ”
“ရပါတယ် ကျော့လေးရယ် ”
မောင်ဘိုးထင်တို့ အံဩလွန်း၍ ပါးစပ်များပင် ဟနေမိပါသည် ၊ သူတို့ မြင်နိုင်သော တံတားဘက်ခြမ်းရှိ ပန်းချီငိုကြီး အနားသို့ ပုဆိုးအဝတ်ထုပ် လေးကိုလက်နှင့် ပိုက်ပြီး ရောက်လာသူမှာ ဖိုးထွေး အသည်းအသန် ပိုးနေသော မိကျော့ဖြစ်နေလေသည် ၊ ပန်းချီငိုသည် သူ၏ စူးရှရှအသံကြီး နှင့် ရတာပေါ့ ကျော့လေးရယ်ဟု ပြောသော စကားသံကြီးကို တံတားအောက်ခြေမှ ရှိသော ဖိုးထွေး၏ ကျောထဲ စိမ့်တက်သွားသည့် အထိ ဘာမဆိုင် ညာမဆိုင် ဖြစ်နေမိသည် ၊ သူတို့ ဘာအသံမှ မထွက် ပဲ တံတားပေါ်သို့ ကြည့်နေကြ၏ တံတားပေါ်တွင် ရှိသော မိကျော့ နှင့် ပန်းချီငိုမှာ ပြုံးရယ်ကာ နှင့် စကားဆိုနေကြသည် ပန်းချီငိုကြီး၏ အပြုံးသည်က မောင်ဘိုးထင်တို့ အတွက် ကြက်သီးထ စရာကောင်းနေပေမဲ့ မိကျော့အတွက်တော့
“ကိုကို ရဲ့ အပြူံလေးတွေက ချစ်ဖို့ကောင်းလိုက်တာ ကျော့ရဲ့ ရင်ထဲ အေးမြသွားတာပဲ”
“အင်းပါ ကျော့လေးရယ် ကိုကို့ကိုယ်ဘယ်ေတာ့မှ ခွဲမသွားရဘူးနော် ”
“စိတ်ချ ဟော့ဒီက နတ်သားလေး ကိုကို့ကိုယ်ထားပြီး ကျော့က ဘယ်လိုများ ထား သွားနိုင်မှာလဲ ”
“ကျော့က သိပ်စကားတက်တာပဲ ”
“အော် ကိုကို နဲ့ ချစ်သူဖြစ်တဲ့နေ့က စပြီး ကျော့က ဇတ်မင်းသမီးလေးတွေလို စကားတွေ တက်နေတာ ကျော့အထင် အချစ်ရဲ့ စွမ်းအားတွေ ထင်တယ်နော ်ကိုကို ”
မိကျော့ နှင့် ပန်းချီငို တို့ရဲ့ ချစ်စကားများကိုအတိုင်းသားကြားနေရသော မောင်ဘိုးထင် တို့ အထဲမှ ဖိုးထွေးရဲ့ မျက်ဝန်းမှ မျက်ရည်များ ရစ်ဝဲလာရာ မောင်ဘိုးထင်သည် အသံတိုးတိုး နှင့်
“ကိုဖိုးထွေး ငိုဖို့ စဉ်းစား မနေနဲ့ ဒီကိစ္စက သာမာန် ဖြစ်ရိုး ဖြစ်စဉ် မဟုတ်နိုင်ဘူး အမ မိကျော့က ဒီပန်းချီငို ကြီးကို ဘယ်လိုမှ ပုံမှန် အနေအထားနဲ့ ဒီလို ပြုမူမှာ မဟုတ်ဘူးဗျ”
“မင်း မင်းဆိုလိုတာက ”
“ဟ ဖိုးထွေးရ မင်းကလည်း အ လိုက်တာ ဘိုးထင်ပြောသလို ငါလည်း ထင်ပြီးသားပါ ဒီပန်းချီငိုကြီး မိကျော့ကို တခုခုနဲ့ ပြုစားထားတာ ဖြစ်မယ် ”
“အေးကွ ဖြစ်နိုင်တယ် ငါ့လို ချောမော လှပတဲ့ လူကိုတောင် ချက်ချင်းအဖြေမပေးတာ ဒီလူကြီးကို တော့ မိကျော့ ပုံမှန်စိတ်နဲ့ အဖြေပေးမှာ မဟုတ်ဘူး”
ဖိုးထွေး စိတ်သက်သာရာ ရဟန် နှင့် သူ၏ ထုံးစံအတိုင်း ကိုယ်ရည်သွေး စကားဆိုလိုက်ရာ မောင်ဘိူးထင် နှင့် သာရ မျက်မှောင် ကြုတ်ကြည့်လိုက်ပြီး သာရမှ
“မင်းကို ေတာ့ အမြင်ကပ်လာပြီ ဟေ့ ဘိုးထင် ထားလိုက်ကွာ မိကျော့ နဲ့ ပန်းချီငို ကြီး ညားပလေ့စေ ကွာ ပြန်ကြရအောင် ”
“ကောင်းတယ် ကျုပ်လည်း ပန်းချီငို ကြီး ရဲ့ အပျော်ေတွကို မဖျက်ချင်တာနဲ့ အတော် ပဲ ”
“ဟာ မ မလုပ်ပါနဲ့ကွာ ငါက ပျော် လွန်းလို့ပြောမိတာပါ ”
သူတို့ စကားများပြောနေစဉ် တံတားပေါ်မှ ပန်းချီငို နှင့် မိကျော့ ၏ အသံ မကြားရ၍ ကြည့်လိုက်ကြ၏
“ဟ မရှိတော့ ဘူး လိုက်ပါဟ လိုက် ”
ဖိုးထွေးသည် ရှေ့ဆုံးမှ တံတားပေါ်ကို တက်လိုက်သည် ရိုးချောင်း အစပ်ဖြစ်နေ၍ တံတားနှင့် အတော်လှမ်းသည် ထိုကြောင့် အလဲလဲအကွဲကွဲ ဖြစ်နေသေးသည် ၊ဖိုးထွေး၏ အဖြစ်ကို နောက်မှရှိသော သာရမှ
“စိတ်အေးအေးထား ငါ့ကောင် လက်လေးပဲ အကိုင်ခံရသေးတာပါ စိတ်အေးအေးထားပြီး ကိုင်းပင်တွေကို ဆွဲတက် ”
သာရထိုသို့ပြောလိုက်မှ ဖိုးထွေးသည် သက်ပျင်းကို ချကာ စိတ်ကို ထိန်းလိုက်ပြီး ကိုင်းပင်များကို ဆွဲလို့ တက်လိုက်မှ ရိုးချောင်းအပေါ်သိူ့ ရောက်လေတော့သည် ၊ ဖိုးထွေး၏ နောက်မှ မောင်ဘိုးထင် နှင့် သာရ လိုက်တက်လိုက်ပြီး မိကျော့ နှင့် ပန်းချီငို သွားသည့် လမ်းသို့လိုက်လေပါတော့သည်
▪️အခန်း-၂
မိကျော့သည် ပန်းချီငို၏ လက်ကို ဆွဲထားလေသည် ပန်းချီငို သည်လည်း မိကျော့ အား မကြောက်ရန် အားပေးနေလေသည် ၊ သူတို့နှစ်ယောက်၏ ရှေ့တွင်တော့ မောင်ဘိုးထင် သာရ နှင့် ဖိုးထွေး သည် လေးဂွများနှင့် ပန်းချီငိုကို ချိန်ရွယ်ထားကာ
“ဟေ့လူ ကိုပန်းချီငို ခင်ဗျား မိကျော့ကို ဘယ်ကိုခေါ်သွားမလို့လဲ ”
“ငါတို့ ရဲ့ ချစ်ချင်းကို မခွဲပါနဲ့ကွာနော် လူငယ်သဘာဝ ချစ်ကြကြိုက်ကြတာ ငါတို့မှ အပြစ်ရှိလို့လားကွာ ”
ပန်းချီငို၏ စူးရှရှ အသံကြီးနှင့် မောင်ဘိုးထင်တို့ အား ကဗျာ ဆန်စွာ ပြောလာပေမဲ့ မောင်ဘိုးထင်တို့ထဲ မှ ဖိုးထွေးသည် မိကျော့၏ လက်ကို အတင်းဝင်ဆွဲနေသည် ထိုအခါ မိကျော့သည် ပန်းချီငို၏ လက်မောင်ကို ဆွဲကာ
“ကို ကို လုပ်ပါဦး ဒီမှာ ကျော့ကို ဆွဲနေတယ် ”
“ဟေ့ကောင် ငါ့ ချစ်သူလေးကို မဆွဲ ”
“ဟေ့လူ ကြီး ခင်ဗျား စကားမများနဲ့ မျက်နှာကို လောက်းစလုံးနဲ့ မိတ်ဆက်ပေးလိုက်ရမလား ”
ပန်းချီငို စကားမဆုံးခင် မောင်ဘိုးထင်သည် လေးဂွ သရေကြိုးကို ဆွဲတင်းပြီး စကားဆိုလိုက်ရ ာ မိကျော့မှ ပန်းချီငို ၏လက်မောင်းကို လွှတ်လိုက်ပြီး မျက်ရည် များရစ်ဝဲကာ
“ကိုကို ဒီက လူကြမ်းတွေက ကိုကို နဲ့ ကျော့ကို ခွဲလေပြီ ကျော့ ကိုကို လက်မောင်းကို အတင်းဆွဲထားရင် ဟိုက သေနာလေးက လေးဂွ နဲ့ ကိုကို့ရဲ့ မျက်နှာ လှလှ လေးကို ပစ်တော့မယ် အခြေအနေ မပေးသေးတော့ ခဏလောက် ဝေးကြတာပေါ့ ကိုကိုရယ် ”
ဖိုးထွေးသည် မိကျော့၏ လက်ကို အတင်းဆွဲခေါ်ရင်း မိကျော့ ပြောစကားများကို ကြားသောအခါ
“တောက် မိကျော့ အဲ့လူကြီး ရဲ့ မျက်နှာကိုများ မျက်နှာ လှလှ လေးတဲ့ နင်တော့ ရူးများရုးနေပြီလားမသိပါဘူးဟာ ”
“တော်စမ်း ဖိုးထွေး နင်ငါ့ကို ကြိုက်နေတာ ငါသိတယ် နင်က ငါ့အတွက်တော့ ဒဿဂီရိ ပဲ့ ငါ့ရဲ့ ရာမ မင်းသားလေးက ကိုကို တယောက်ထဲပဲ နင်နားလည်ထား ”
“ရှုပ်နေတာပဲ နင် ရူးနေပြီ ”
မောင်ဘိုးထင်သည် ဖိုးထွေးကို ကြည့်ပြီး
“ကိုဖိုးထွေး အမ မိကျော့ကို ရွာပြန်ခေါ်သွား ဒီလူကြီးကို ကျုပ်တို့မေးစရာ ရှိသေးတယ် ”
“အေးအေး ငါတို့ သွားပြီ ”
ဖိုးထွေးသည် မိကျော့၏ လက်ကို ဆွဲပြီး ရွာဘက်သို့ ဆွဲခေါ်သွားသည် ၊ မိကျော့သည် ပန်းချီငို ရှိရာကို သမင်လည်ပြန် လှည့်ကြည့်ကာ
“ကို ကို ”
“ကျော့ ကျော့ေလးရေ ”
ပန်းချီငိုမှ ကျော့ေလးဟု ပါးစပ်မှအော်ကာ မိကျော့နောက် လိုက်ရန်ပြင်လိုက်စဉ် သာရ နှင့် မောင်ဘိုးထင်သည် လေးဂွ သရေပင်ကို ဆွဲပြီး ပြစ်ဟန်ပြုကာ ခြိမ်းခြောက် လိုက်ကြပါလေတော့သည် ။
▪️အခန်း-၃
မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုကြီးအား မေးမြန်း နေလေသည် ၊ လေဂွ နှင့် ပစ်မည်ဟန်ပြုလိုက် ဘေးတွင် ရှိသော မြေကြီးခဲ နှင့် ထုမည်ဟန် ပြုလိုက် နှင့် ခြိမ်းခြောက်ကာ မေးမြန်နေလေသည်
“ကို ပန်းချီငို ကြီး ခင်ဗျားက ရေအိုးစင်သားမို့ ကျုပ်တို့ အညှာပေးနေတာနော် တခြားသူဆို ဒီနေရ မှာ တင် ပွဲ ပြတ်ပြီ ”
“အေး အေးပါကွာ ငါလည်း မင်းတို့ကို သိပါတယ် မင်းက ဘိုးထင် ဟိုေကာင်က ပေါက်တူး ညီ သာရ ”
“ခင်ဗျားဗျာ မိကျော့ဆိုတာ အခုမှာ ၁၆နှစ် လောက်ပဲ ရှိသေးတာ ခင်ဗျား အသက်ကို လဲ ပြန်ကြည့်ဦး ”
“မင်းကလည်း ကွာ မိန်းမ ပုခက်လွှဲ ယောက်ကျာ်း ပဉ္စင်း ဆိုတဲ့ စကားတောင်ရှိသေးတာကို ”
“ဘာလဲ အဲ့တာ”
” မိန်းကေလးတွေ က အသက် နှစ်ဆယ် လောက်ကွာ လည်း ယူလို့ရတယ် လို့ပြောတာကွာ ”
“ခင်ဗျားက ပန်းချီဆရာ တင်မဟုတ်ဘူး ကျုပ်တို့ပါ ငိုချင်လာပြီ ခင်ဗျား မိကျော့ကို ဘာတွေ လုပ်ထားသေးလဲ ”
“ဟာ ငါ က ခိုးပြီးမှ ဟိုဟာ ”
“တော်စမ်း ကျုပ်တို့ပြောတဲ့ ဘာတွေ လုပ်ထားသေးလဲ ဆိုတာ မကောင်းတဲ့ အစီအရင်တွေ နဲ့ ပြုစားထားတာလားမေးတာ ဗျ”
“မ မဟုတ်ပါ”
“ဒီလူကြီး ညာနေပြန်ပြီ ညနေ ချောင်းရိုးထဲ ရေတက်တော့မှာ ကြိုးတုတ်ပြီး ပစ်ချလိုက်ရအောင် ကိုသာရ”
“ကြိုးမှ မပါတာ ”
“သူ့ ပုဆိုး နဲ့ ပြန်ချည်ပြီး ပစ်ချမယ် ဗျာ ”
မောင်ဘိုးထင် နှင့် သာရမှ ထိုသို့ ခြိမ်းခြောက်နေသောအခါ ပန်းချီငို သည် ကြောက်လန့်နေကာ
“အဲ့ အဲ့လို့တော့ မလုပ်ပါနဲ့ကွာ ငါ့ကို ပုဆိုးနဲ့ ချည်မယ် ဆို ဟို ဟို ရှက်စရာကြီးကွာ ရေထဲ ပစ်ချ မယ်ဆိုရင်လည်း ကြိုးလေးယူပြီး တုပ်ကွာ တခုေတာ့ မှာ ချင်တယ် ငါ့ကို ရေထဲ ပစ်ချမယ် ဆို ပုဆိုးကို ခါးတောင်းလေးတော့ ကျိုက်ပေးပါကွာ သေရင် ဟိုပေါ် ဒီပေါ် ပေါ်မှာ ရှက်လို့ပါ ကွာ ”
မောင်ဘိုးထင် နှင့် သာရသည် အသက်ထက် အရှက်ကြီးလှသည့် ပန်းချီငိုကို ကြည့်ကာ ခေါင်းကုပ်လိုက်ပြီး
“ခင်ဗျားကို ဘာမှ မလုပ်ပါဘူးဗျာ ကျုပ်တို့ကို ခင်ဗျား သုံးတဲ့ ဆေးလေးပေးပါလား မိကျော့ကို ခင်ဗျား ဆေးခပ်ထားတယ်ဆိုတာ ကျုပ်တို့ သိတယ် ”
“မဟုတ် ရ ပါဘူးကွာ ငါတို့က မေတ္တာစစ်”
“လျှာရှည်လိုက်တာ ဗျာ ပေးမှာလား မပေးဘူးလား ခင်ဗျား မပေးဘူးဆို ကျုပ်တို့ နှစ်ယောက် ခင်ဗျား မိကျော့ကို ဖိုးထွေးနဲဲ့ ညားအောင် လုပ်ပြစ်လိုက်မှာနော် ”
“ဟာ အဲ့လို တော့ မလုပ်ပါနဲ့ကွာ ငါ့ရဲ့ဆေးကို ပြပါမယ် ဒါပေမဲ့ ငါ့ရဲဆေးက သူများကို တိုက်ရတာ မဟုတ်ဘူး ကိုယ်တိုင်သောက်ရတာ ”
“ဟာ ဟုတ်လို့လား ကျုပ်အဘ ပြောတော့ သူများကို တိုက်ရတာပါတဲ့ ”
“မင်း အဘ က အောက်လမ်း လေကွာ ငါတို့ နည်းက အထက်လမ်း မတူဘူးကွ”
မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငို ပြောသည် ဆေးကို စိတ်ဝင်စားနေသည် ထို့နောက် ပန်းချီငို သည် ခါးပိုက်ထဲ မှ ငှက်ပြောသီး နှစ်လုံးကို ထုတ်လိုက်ကာ
“ရော့ ဒီဟာက ဆေးကွ ”
“ပေါက်ကရ ဗျာ ငှက်ပျော်သီးကို ဆေး တဲ့ ဒီလူ ငါတို့ကို ပေါက်ကရပြောနေပြီ ဟေ့ ”
ထိုအချိန် ပန်းချီငိုသည် ရွာဘက်လမ်းကို လက်ညိုးထိုးကာ
“ကျော့ ကျော့ေလးပြန်လာတယ် ”
“ဘယ်မှာ လဲ မိကျော့ ”
မောင်ဘိူးထင် နှင့် သာရသည် ပန်းချီငို ကြည့်ေနသော နေရာသို့ လှမ်းကြည့်လိုက်ကြရာ မည်သူမှမရှိ ၍ ပန်ချီငိုအား အပြစ်ပြောရန် ပြန်လှည့်ကြည့်လိုက်စဉ်
“ဟ ဘိုးထင် ရေ ပန်းချီငိုကြီး ပြေးပြီဟ လိုက်ကွာ လိုက် ”
“ခြေသာ ခွင့်တာ အပြေးမြန်တယ်ဟ ”
မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုကို လိုက်နေေလရာ အချိန်အတော်ကြာေပြးလိုက်ပြီးမှ မှီလေသည် ၊ ထိုအခါ သာရ နှင့် မောင်ဘိုးထင်သည်ပန်းချီငို၏ လက်ကို တယောက် တဖက်ဆွဲကာ လမ်းဘေးရှိ ဥနှဲ (အုန်းနှဲ) ပင်အောက်သို့ ဆွဲခေါ်သွားသည် ၊ ထို အုန်းနှဲပင် အောက်တွင် လမ်းသွားလမ်းလာ များအတွက် ကွပ်ပျစ်လေး ထိုးထားပြီး သောက်ရေအိုးစင်လေးပါရှိလေသည် မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငို၏ လက်ေမာင်းကို တဖက်တချက်ကိုင် ပြီး ထိုင်နေကြသည် ၊ ပန်းချီငိုသည် မောပန်းနေသလို ကျန်သော မောင်ဘိုးထင် နှင့် သာရသည် လည်း အတော်ပင် မောနေကြသည် ၊
“ဟေ့ကောင်တွေ ငါ ရေလေး သောက်ပါရစေဦးကွာ ”
“ပလီပလာ မလုပ်နဲ့နော် ခင်ဗျား အမ မိကျော့ ကို ထည့်ထားတဲ့ မကောက်းတဲ့ ပညာတွေကို ပြန်ထုတ်ပေးရမယ် ”
“အေးပါကွာ ငါ ခြေထောက်က ခွင်နေတာ ဆက်ပြီး မပြေးနိုင်ေတာ့ပါဘူး ငါ ထုတ်ပေးပါမယ် ဒါပေမဲ့ ငါထုတ်လို့မရဘူး ငါ့ဆရာကြီး ဆရာကြီးဦးကဲ ရှိသေးတယ် သူ့ကို ထုတ်ခိုင်းမှ ရမယ် ”
“ပြီးတာပဲ ရေသောက်ချင်ရင် ကျုပ် ခပ်ပေးမယ် ”
“မောင်ဘိုးထင်သည် ရေအိုးစင် မှ ရေခပ်ပေးလိုက်သည် ၊ ပန်းချီငို သည် ရေကို မသောက်ခင် ဇီးဖြူးသီးလေးတလံုးအား ခါးပိုက်ထဲမှ ထုတ်လိုက်ကာ ကိုက်လို့ စားလိုက်ပြီး ရေကို သောက်လိုက်သည် ထို့နောက် မျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်ကာ
“ကောင်းလိုက်တာ ကွာ ဇီးဖြူသီးလေး စားပြီး ရေလေးသောက်လိုက်ရတာ ရေလေးက ချိုနေတာပဲ ”
မောင်ဘိုးထင် နှင့် သာရသည် လည်း ရေဆာ နေလေသည် ၊ ထိုအခါ ပန်းချီငိုသည် သူတို့ နှစ်ေယာက်အား ကြည့်ကာ
“မင်းတို့ လည်း ရေမဆာဘူးလား ရေမသောက်ခင် ဇီးဖြူသီးလေး တကိုက်စားလိုက် ပြီးရင် ရေ သောက်လိုက် ရေလေးက ချိုပြီး အေးသွားတာပဲကွာ”
မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုပေးသော ဇီးဖြူသီး အားတယောက် တလုံးယူကာ စားလိုက်ပြီး ရေသောက်လိုက်ကြတော့သည် ၊ သူတို့ နှစ်ယောက် မမြင်သည်က ပန်းချီငို၏ သဘောကျဟန်နှင့် ပြုံးသည့် အပြုံးကို ဖြစ်ပါလေတော့သည်။
▪️အခန်း
မောင်ဘိုးထင် နှင့် သာရ သူတို၏ မျက်လုံးများကို ပွတ်ပြီး သူတို့ ၏ ရှေ့တွင် ရှိသော လူအား သေချာကြည့်နေလေသည် ၊ အပြစ်ပြောစရာမရှိ လှပ ခန့်ညားလွန်းကာ သူပြောသေ အသံသည်ပင် အတော်ကို သာယာ နာပျော်ဖွယ် ဖြစ်နေလေသည် ၊ သူတို့ နှစ်ယောက် ရှေ့တွင် ရှိနေသော သူသည် သူတို့အား နှစ်လို ဖွယ် အပြုံးကို ပြုံးပြနေပြီး
“ညီလေးတို့ အခြေနေဘယ်လိုလဲ ”
“ကောင်းပါတယ် အကို က ဘယ်ကလဲဗျ ”
“အကိုက ရေအိုးစင် ရွာက ပါ ငါ့ညီတို့ ရွာက မိကျော့ဆိုတဲ့ ကောင်မလေးနဲ့ မေတ္တာ မျှနေတာလေ”
“ဟုတ်လား အမ မိေကျာ့ ကတော့ ကံကောင်းလိုက်တာ ဗျာ ကျုပ်တို့ ရွာမှ မပြောနဲ့ ဒီ တနယ် လုံး ရှာရင်တောင် အကို့လောက် သဘောကောင် မနေကောင်း ကြည့်ကောင်းတဲ့ သူရှိမှ မဟုတ်ဘူး ”
“ဟုတ်တယ် ဘိုးထင်ရာ ဒီ အကို ကိုကြည့်ရတာ တကယ့်ကို အေးချမ်းလိုက်တာကွာ အကို ကျုပ်တို့ ကူညီ နိုင်တာ ရှိရင် ကူညီပါမယ် ဗျ ဘာကူညီရမလဲ ”
မောင်ဘိုးထင် နှင့် သာရသည် သူ၏ရှေ့တွင် ရှိနေသော ပန်းချီငိုကို ငေးပြီး စကားဆိုနေလေသည် ၊ ပန်းချီငို၏ ပိယဆေးသည် ဇီးဖြူသီးထဲထည့်ထားသည်မို့ မောင်ဘိုးထင် နှင် သာရတို့ မိချေပြီဖြစ်၏ ၊ပန်းချီငိုအောင် ရုပ်ဆိုးသော ပန်ချီငို၏ မျက်နှာသည် သူတို့၏ မျက်လုံးထဲတွင် တော့ မည်သူမှ လိုက်မမှီအောင် ခန့်ညားနေသည် ၊ ပန်းချီငို၏ နီကြောင်ကြောင် အသားအရည် သည် သူတို့ နှစ်ယောက်၏ မျက်လုံးထဲတွင်တော့ ဝင်းဝါနေလေသည်၊ ပန်းချီငို၏ ငှက်ဆိုးထိုးသံပမာ အသံသည်ကလည်း သူတို့၏ နားထဲတွင် သာယာနာပျော်ဖွယ် ဖြစ်နေလေရာ သူတို့နှစ်ယောက် ကွပ်ပျစ်တွင် ထိုင်ပြီး ပန်းချီငိုအား ငေးေမာနေချင်းဖြစ်သည် ၊
“ငါညီလေးတို့ အကို အကူညီ တခုလောက် တောင်းချင်တယ်ကွာ ”
“တခုမကဘူး အကို ဆယ်ခု ဆယ်ခု တောင်း”
“အင်း မင်းတို့ ကူညီနိုင်ပါ့ မလားတော့ မသိဘူး”
“အကို့ အတွက်ဆို မကူညီနိုင်ဘူးဆို တာ မရှိဘူး ”
“ကျေးဇူးတင်ပါတယ်ကွာ ညီလေးတို့ အကို့ကိုလေ မင်းတို့ ရွာက မိကျော့ကို ခိုးပေးပါလားကွာ ”
” ခိုးပေးရမှာပေါ့ ဟုတ်တယ် မဟုတ်လား ဘိုးထင်”
“ပြောစရာ လိုသေးလို့ လား ကိုသာရရယ် ကျုပ်တို့ အမ မိကျော့ ကောင်းစားမဲ့ အရေးကို ကျုပ်တို့ငြင်းလို့ ကောင်းပါ့ မလားဗျာ ”
မောင်ဘိုးထင် နှင့် သာရ အတိုင်ဖောက် ညီညာစွာ ပန်းချီငိုအား စကားဆိုနေလေသည် ၊ထိုအခါ ပန်းချီငိုသည် ပြုံးရယ်ကာ
“ညီလေးတို့ အကို့ကိုယ် ကူညီမယ် မဟုတ်လား ”
“အင်း ကူညီရမှာပေါ့ ကဲ ပြောဗျာ ကျုပ်တို့ ဘယ်လို ကူညီရမလဲ ”
“အထွေ ထူးတော့ မဟုတ်ပါဘူး ညီလေးတို့ နှစ်ယောက်က မိကျော့ကို အကို က ခိုးခိုင်းတယ်ပြောပြီး သွားခေါ်ပေးရုံပဲ ”
“ဟာ ကျုပ်တာိ့ကို သူက ယုံမှာ မဟုတ်ဘူးလေ ”
“အဲ့ အတွက် မပူပါ နဲ့ ကွာ အကို ပြောတဲ့ စကားကို မှတ်ပြီး သူ့ကို ပြောပြ လိုက်ပါ”
“ဘယ်လိုပြောပြရမှာလဲ ဗျ”
” ငှက်ကလေးတွေ ပျံနေတဲ့ ကောင်းကင်အောက်မှာ ကိုကို ကျော့လေးကို စူးဆိုက်ကြည့်နေတယ် လယ်ကွင်းထဲက ကျွဲကြီး ညွှမ့် လို့ေ အာ်ရင် ကိုကို ကျော့လေးကို သတိရနေတယ် အိမ်ရှေ့က ကျီးကန်းကြီး အ အ လို့အော်ရင်လည်း လွမ်းတယ် ကြက်ဖကြီးက အောက်အီးအီးအွတ် ဆိုပြီး တွန်ရင်လည်း ကိုကို ကျော့ေလးကို လွမ်းတယ် ညဘက် ပုရစ်အော်လည်း လွမ်းတယ် ဖားအော်လည်း လွမ်းတယ် နောက်ဆုံး အိမ်က အဘ နဲ့ အမ ချောင်းဆိုးသံ ကြားရင်တောင် ကျော့ေလးကိုလွမ်းတယ် လို့ပြောပေးပါညီလေးရာ အဲ့တာတွေက အကို ကျော့လေးကို ပြောနေကြ စကားတွေပါ”
“အကို ပြောတာ နားထောင်ပြီး ကျုပ်တို့လည်းလွမ်းလာပြီ အကိုရာ ”
မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုပြောသော လွမ်းစကားများကို နားထောင်ရင်း မျက်ရည်များပင် ဝဲ နေပါလေတော့သည် ။
▪️အခန်း-၄
ဖိုးထွေးသည် မိကျော့အား သူမ၏ အိမ်သို့ ပြန်ခေါ်လာေပးေလသည် ၊ အိမ်သို့ရောက်သော အခါ မိကျော့၏ အမေ သည် မိကျော့၏ ကျောပြင်ကို လက်ဝါးနှင့် ရိုက်ပြီး ဆူငေါက်ကာ အိမ်ပေါ်သို့ တက်စေသည် ၊ မိကျော့၏ အဘ သည်က ဖိုးထွေးအား ကျေးဇူးတင်စကားဆိုပြီးနောက်
“ဖိုးထွေး မင်းတို့ မိကျော့ကို လာခိုးခိုး နေတဲ့ ကောင်ကို တွေ့ခဲ့ရလား ”
“တွေ့ပြီကော အဘရယ် ”
“ခေါ်နေကြ ဦးကြီး ဆို ဦးကြီး ဘကြီးဆို ဘကြီးလို့ ခေါ်ကွာ ”
“အဘက ကျုပ် အဘ ရွယ် မို့ အဘကို အဘလို့ခေါ်တာ ပါ အဘ ရာ ”
“တော် တော် မင်းခေါ်ချင် သလိုခေါ် ကွာ မိကျော့ကို လာခိုးတဲ့ ကောင်က ဘယ်သူလဲ ”
“ပန်းချီငို ဆိုတဲ့သူပဲ အဘ”
“ဘာ ရေအိုးစင်ရွာက ရုပ်ဆိုးသား ပန်ချီးငို လား”
“ဟုတ်တယ် အဘ ”
“တောက် ရှက်စရာ ကောင်းလိုက်တာကွာ ငါ့သမီး လေး တော်လှ တော်လှ နဲ့ ပန်းချီတောင် ငိုပြီးပြေးရတဲ့ ကောင်ကို မှ ကြိုက်ရတယ် လို့ကွာ ”
“အဲ့တာက သူစိတ်နဲ့ လို့မထင်ဘူး အဘ ကျုပ်အထင် ဆေးတွေ ဘာတွေ ခပ်ထားတာ ဖြစ်မယ် ”
ဖိုးထွေး နှင့် မိကျော့အဘ စကားပြောနေစဉ် သူတို့ ရှိရာသို့ မောင်ဘိုးထင် နှင့် သာရ ရောက်လာလေသည် ၊ ထို့နောက် ဖိုးထွေးအား
“ကိုဖိုးထွေးက ဒီမှာကို ”
“အေးလေး မင်းတို့ပဲ မိကျော့ကို လိုက်ပို့ခိုင်းပြီး အခု ဘာလာလုပ်တာလဲ ဟိုလူ ကြီးကော ”
“အဲ့တာ ပြောမလို့ ပဲဗျ အခု အဘက မှာလိုက်တယ် ကိုဖိုးထွေး နဲ့ ဘကြီးကို အဘက လာခဲ့ ပါဦးတဲ့ ”
“အေး ဟုတ်လားဘိုးထင် ကိုအုန်း ဘာအရေးကြီးလဲ မသိဘူး ငါလည်း ငါ့သမီးကိစ္စကို သိပ် မသင်္က္ခာလို့ သူ့ကို အကျိုးအကြောင်းပြောထားတယ် ”
“ဟုတ်ကဲ့ ဘကြီး အဲ့တာဆို သွားလိုက်ဦးဗျ အဘက တော်တော် အရေးကြီး နေပုံပဲ ”
“အေးအေး လာလာ ဖိုးထွေး သွားကြရအောင် ”
မိကျော့ အဘသည် ဖိုးထွေးကို ခေါ်၍ အိမ်ဝိုင်းထဲမှ ထွက်ခွာသွားကြလေသည် ၊ ထို့ေနာက် မောင်ဘိုးထင် နှင့် သာရသည် တယောက် ကို တေယာက် ကြည့်ကာ မိကျော့တို့ အိမ်လှေကားနားသွားကာ သာရမှ
“အရီး ဗျို့ အရီးလေး ”
“ဟေ့ ဘယ်သူတွေ လဲ ”
“ကျုပ်သာရ ပါအရီး ကျုပ် အမေက အရီးကို ဝမ်းဆက်ဆိုလား ပါတိတ် ဆိုလား အဆင်အဆန်းလေးတွေ ပြစရာရှိလို့လာခေါ်ခိုင်းတာ တော်ကြာ ရွေး စရာ မရှိပဲ ဖြစ်မှာ ဆိုးလို့တဲ့ ”
“အေးအေး လာပြီ လာပြီ ”
မိကျော့၏ အမေသည် အိမ်ပေါ်မှာ ဆင်းလာပြီး အိမ်ရှေ့ တန်းလျားကို ကြည့်ကာ
“ဟဲ့ သာရ အိမ်က လူကြီး ဘယ်သွားလဲ ”
“ဦးအုန်းခေါ်လို့ သွားတယ် ”
“အဲ့တာ ဆို ငါသွားလို့ မဖြစ်ပါ ဘူး အိမ်က လင်တ ရူးမက လင်နောက်လိုက်ဖို့ ပဲ ရှောင်းနေတာ”
“အဲ့အတွက်တော့ မပူ နဲ့ အရီး ကျုပ်တို့ကို ဘကြီးက ဒီမှာ စောင့်နေခိုင်းတာ အရီးး စိတ်ချ လက်ချသွား ”
“အေးအေး အဲ့တာ ဆိုလည်း ငါသွားလိုက်ဦးမယ် “,
မိကျော့ ၏ အမေသည် တဘက်တထည်ကို ခေါင်းမှပေါင်း ပြီး အိမ်ဝိုင်း အပြင်သို့ အလျင် အမြန်ထွက်သွားလေသည် ၊ ထို့ေနာက် မောင်ဘိုးထင် နှင့် သာရသည် အရိပ်ခြေကြည့်ကာ အိမ်ပေါ်သို့ တက်သွားပြီး
“မိကျော့ ”
“အမ မိကျော့ ”
“နင် နင်တို့ ဘာလာလုပ်တာလဲ ”
“အကိုက အမကို လာခိုးခိုင်းလို့ ”
“နင်တို့ ငါ နဲ့ ငါ့ချစ်သူ ကိုခွဲပြီး အခုမှ ဘာတွေလာပြောနေတာလဲ ”
“ငှက်ကလေးတွေ ပျံနေတဲ့ ကောင်းကင်အောက်မှာ ကိုကို ကျော့လေးကို စူးဆိုက်ကြည့်နေတယ် လယ်ကွင်းထဲက ကျွဲကြီး ညွှမ့် လို့ေ အာ်ရင် ကိုကို ကျော့လေးကို သတိရနေတယ် အိမ်ရှေ့က ကျီးကန်းကြီး အ အ လို့အော်ရင်လည်း လွမ်းတယ် ကြက်ဖကြီးက အောက်အီးအီးအွတ်ဆိုပြီး တွန်ရင်လည်း ကိုကို ကျော့ေလးကို လွမ်းတယ် ညဘက် ပုရစ်အော်လည်း လွမ်းတယ် ဖားအော်လည်း လွမ်းတယ် နောက်ဆုံး အိမ်က အဘ နဲ့ အမ ချောင်းဆိုးသံ ကြားရင်တောင် ကျော့ေလးကိုလွမ်းတယ်”
“နင် နင်တို့ ကိုကို ပြောနေကြစကားတွေ ဘယ်လိုလုပ်သိတာလဲ ”
“သူခိုး ခိုင်းတယ် ဆိုတာ ယုံ အောင် ကျုပ်တို့ကိုသင်ပေးလိုက်တာ ”
မိကျော့သည် ပန်းချီငို ပြောခိုင်းသော စကားကို မျက်ရည်များ ရစ်ဝဲကာ အံကြိတ်လို့ နားထောင်ပြီး သိပ်မယုံ ရဲသော မျက်နှာလေး ဖြစ်မေးရာ သာရမှ သူတို့အား ခိုးခိုင်းသည့် အကြောင်း ပြောလိုက်သည် ၊ သူတို့ အတန်ကြာ စကားပြောပြီး ေနာက် မိကျော့သည် သူ၏ အဝတ်ထုပ်ကို ဆွဲကာ သာရ နှင့် မောင်ဘိုးထင် ခေါ်ရနောက်သို့ လိုက်ပါသွားလေတော့သည် ၊
▪️အခန်း-၅
မိကျော့ ၏ အဝတ်ထုပ်အား မောင်ဘိုးထင် မှ သယ်ပေးနေသည် ၊ မိကျော့သည် အညာစောင်တထည် ကို ခေါင်းတွင် နေခင်ကြီး ခြုံကာ ထားသလို သာရ မှ ခပ်လှမ်းလှမ်း တွင် ကြိုသွားပြီ လူအရိပ်အခြေကြည့်ကာ ရွာ အပြင်သို့ ထွက်လာခဲ့ကြသည် ၊ ရွာအပြင် ရိုးချောင်းလေးအနားရောက်တွင် မိကျော့သည် သူ၏ ခေါင်းမှ ခြုံထားသော စောင်ကို ဖယ်လိုက်ပြီး
“ဘိုးထင် နဲ့ သာရ ဒီ တသတ် နင်တို့ကျေးဇူးကို ငါ မမေ့ပါဘူးဟာ ”
“ရပါတယ် ဒီလောက် ချောမော လှပပြီး နတ်သား နဲ့ တူတဲ့ သူနဲ့ နင်နဲ့ ညာတာကိုတင် ငါက ကျေနပ်နေတာ ဟိုကောင် ဖိုးထွေးနဲ့ တခြားစီပဲ ”
“ဟုတ်တယ်ဗျာ ကိုလေကြီး ဖိုးထွေးထက် အမမိကျော့ ချစ်သူက အဆပေါင်း များစွာ သာတယ် ဗျာ ကျုပ်မှာ အမ မရှိလို့နော် အမ ရှိရင် သူ့ကိုပေးတယ် “,
ပန်းချီငို ၏ ပီယဆေး အစွမ်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပြီဖြစ်သည် ၊ မောင်ဘိုးထင် နှင့် သာရသည် သူတို့လွတ်ပြီးဟုထင်ကာ အုန်းနှဲပင်တွင် စောင့်နေသော ပန်းချီငို ဆီသို့ မိကျော့အား သွားပို့ နေချင်းဖြစ်သည် သူတို့ သတိမထားမိသည်က ရိုးအစပ် လယ်ကွင်းတွင် ရွှံခွာနေသော သာအေး ၊ပေတူး နှင့် အောင်သန်း တို့ အဖွဲ့ သူတို့ပြောစကားများကို ကြားရပြီး ပေတူးမှ ကျန်သူများကို တိုးတိုး နှင့်
“သာအေး မင်းနဲ့ ကျန်တဲ့ နှစ်ကောင်က ငါတို့ နဲ့သွားမယ် အောင်သန်း က ရွာက လူတွေကို သွားပြော ”
“အေးအေး ”
ပေတူး၏ ခေါင်းဆောင်မှုဖြစ် ကျန်သူများသည် မောင်ဘိုးထင်တို့ နောက် လိုက်သွားကြပြီး အောင်သန်းသည်က ရွာသို့ ပြေးလွှား၍သွားေနပါေလတော့သည်။
▪️အခန်း-၆
မောင်ဘိုးထင်သည် အုန်းနှဲ ပင်အောက်မှ စောင့်နေသော ပန်းချီငိုဆီသို့ ကျော့မေကို ထည့်လိုက်ကာ
“အကို ကျုပ်တို့ ကျေးဇူးမမေ့နဲ့ နော် ”
“မမေ့ပါဘူး ညီလေးရာ ”
“ပြီးတာပဲ ရွာကို လည်း ပြန်လာဦးနော် ကျုပ်တို့ မျှော်နေမယ် ”
ပန်းချီငို နှင့် မိကျော့သည် လက်ချင်းတွဲပြီး အုန်းနှဲပင် မှ ထွက်ခွာ လိုက်စဉ် ပေတူးဦးဆောင်သော အဖွဲ့ သည် နောက်မှ အပြေးလေး လှမ်းလာပြီး ပန်းချီငို နှင့် မိကျော့တို့ ၏ ရှေ့မှာ ပိတ်ရပ်နေလေရာ မောင်ဘိုးထင် နှင့် သာရ အံ့ဩသွားကာ ပိတ်ရပ်နေသော ပေတူးတို့အဖွဲ့အား
“ဟေ့ကောင်တွေ ဖယ်ပေးလိုက်ကြစမ်း တို့ရွာက အပျိုတေယာက် ကောင်းစားတာ မင်းတို့ မမြင်ချင်ဘူးလား တကယ့်ကောင်တွေကွာ ”
“အေး ဟုတ်တယ် ပြောကွာ ဘိုးထင် ဒီလောက် ကြက်သရေရှိပြီးး တင့်တယ် တဲ့ သူနောက် လိုက်တာကို ဒီကောင်တွေ ”
“အမလေး ကိုသာရ ဒီကောင်တွေ လောက်လေးဂွ နဲ့ပစ်တယ် ဗျ”
ပေတူးသည် စိတ် မရှည်ဖြစ်ကာ သူခိုး ဓားရိုးကမ်းနေသော မောင်ဘိုးထင် နှင့် သာရ အား လေးဂွာ နှင့် တယောက် တချက် ပစ်လိုက်ရာ ကြောက်လန့်တကြားအော် နေလေသည် ၊ ထို့ေနာက် သူတို့၏ နောက်မှ အော်ဟစ်သံ နှင့် အတူ ဖိုးထွေးသည် မောင်ဘိုးထင် နှင့် သာရအား ပြေးလာ၍ လက်သီးနှင့် ထိုးပါတော့သည်
“သစ္စာဖောက်တွေ မင်းတို့ တွေ့မယ် ”
ဖိုးထွေး နည်းတူ ပေတူးနှင့် သာေအးသည် ကျန်သူများကို ပန်းချီငို နှင့် မိကျော့အား စောင့် ကြည့်စေပြီး ဖိုးထွေး နှင့် အတူ မောင်ဘိုးထင် နှင့် သာရ အား ဝင်လုံးတော့သည်၊
“ဟေ့ကောင်တွေ နေကြဦးဟ ဒီကောင်တွေ ဆေးမိနေတာ ဖြစ်မယ် ”
မောင်ဘိုးထင် နှင့် သာရသည် ခပ်လှမ်းလှမ်းမှာ ဦးအုန်း၏ အသံသဲ့သဲ့ ကိုသာ နောက်ဆုံးကြားလိုက်ရပါလေတော့သည် ။
▪️အခန်း-၇
မောင်ဘိုးထင် နှင့် သာရသည် မျက်လုံးလေး ပေကလတ်ပေကလတ် နှင့် မျက်စိပွင့်လာလေသည် ၊ ထိုအခါ သူတို့နှစ်ယောက် အရင်မြင်လိုက်သည့် မျက်နှာ များမှ ဖိုးထွေး ၊ သာအေး နှင့် ပေတူးတို့ ၏ ပြုံးဖြီးဖြီး မျက်နှာ များဖြစ်သည် ၊ ဦးအုန်းသည်က မောင်ဘိုးထင် နှင့် သာရကို ကြည့်ကာ
“ရာဇဝင် ရိုင်းလိုက်တာကွာ ငါ့တပည်က သူကိုယ်တိုင် ပီယဆေး မိပြီး မိကျော့ကို မှ ကိုယ်တိုင် ခိုးပေးရတယ် လို့ကွာ တောက် ”
“အဘ ဘာတွေပြောနေတာ လဲ ”
“မင်းတို့ နှစ်ယောက် မိကျော့ကို ပန်းချီငိုဆီ ကို ခိုးပေးတာလေ ”
“ပန်ချီငို မဟုတ်ပါဘူးဗျာ တော်တော် ချောတဲ့ သူတယောက်ပါ ”
“မင်းတို့ အခုထိ ဘာမှ မသိဘေးဘူးလား ဟိုမှာ ကြည့်စမ်း အဲ့တာ ဘယ်သူကြီး လဲ လို့ “,
“အဲ အဲ့တာ ပန်းချီငို ကြီးလေ ”
“အေး မင်းတို့ကို သူက ပိယဆေး ခက်ပြီး မိကျော့ကို ခိုးခိုင်းထားတာ ”
မောင်ဘိုးထင် နှင့် သာရ တယောက် မျက်နှာ တယောက်ကြည့်ကာ လန့်ဖျပ် သွားရပြန်သည်
“မင်း မျက်နှာက မျက်ကွင်းတွေ ညိုနေတယ် ဟေ့ေကာင် မင်း ဘာ ဘာဖြစ်တာလဲ ”
“ကိုသာ ရ ခင်ဗျားလဲ တူတူပဲ”
ထိုအခါမှ သူတို့ ဘေးတွင် ရှိနေသော ဖိုးထွေးတို့သည် သူတို့ေပြာေနသည်ကို မကြားချင်ယောင်ဆောင်ကာ
“ကြပ်ထုပ်လေး ယူပါဦးကွ ငါကောင်တွေ ဒဏ်ရာတွေ ရနေလို့ တောက် ကို ပန်းချီငို တော်တော် မွှေတယ် ကွာ တောက် ”
ငိုယိုနေသော ပန်းချီငိုကြီးအား ရွာသားများက ချော့ မော့နေကြရသည် ၊ ပန်းချီငိုကြီးသည် သူများအား ဒုက္ခပေးသူတော့ မဟုတ်ပေ ပေပင်ရွာသားများ နှင့် အတော် ရင်းနှီးကြသည် ၊ ယခု မိကျော့သည် ဦးအုန်း၏ အကူအညီဖြစ် ပန်းချီငို ခပ်ထားသော ပိယ ဆေးပျယ်ချိန် ပန်းချီငို နောက် လိုက်လိုက်ပြေးမည်ကြံခဲ့ သော သူ၏ အဖြစ်ကို သိကာ ရှက်လွန်း၍ ငိုယိုကာ အိမ်ကို ပြေးသွားပြီဖြစ်သည် ၊ မိကျော့ ရှက်လွန်း၍ အိမ်ပြန်ပြေးသွားသော ကြောင့် ပန်းချီငို အော်ဟစ်ငိုကြွေး နေချင်းဖြစ်သည် ၊ ထိုနောက့် ဦးအုန်းသည် ပန်းချီငို အနားသွားကာ
“မင်းကို ဒီလို ဆေးတွေ ဘယ်သူပေးတာလဲ ပြောစမ်း ”
“ကျုပ် ကို ကျုပ်တို့ ရွာပြင်က ဦးကဲပေးတာပါ ”
“ဘာ ဦးကဲဆိုတာ အရင်က မိန်းကလေးတွေကိုခြင်ထောင် ထဲ အချိန် မတော် ဝင်တဲ့ ငကဲ လား ”
“အဲ့တာ တော့ မသိပါဘူး ဦးကဲ က ကျုပ်တို့ ရွာ အပြင်မှာ တဲထိုးပြီးနေနေတာ ကျုပ်ကိုလည်း သူက ဆေး ပေးတော့ ကျုပ်လည်း မိကျော့ စားဖို့ ငှက်ပျော်သီးကို ဆေးထည့်ပြီး ကလေးမလေးတယောက်ကို မုန့်ဖိုးပေးပြီး ပေးခိုင်းတာပါ ”
မောင်ဘိုးထင် နှင့် သာရသည် သူတို့၏ ညိုမဲနေသော မျက်နှာများကို တယောက်ကို တယောက် ကြည့်ကာ သူတို့၏ စိတ်ထဲတွင် တောက် တွေ့ကြပြီပေါ့ ငကဲရာ ဟုတွေးနေရင် ဖိုးထွေးတို့ ကြပ်ထုပ် ထိုးပေးသည်ကို အောင့်သက်သက် နှင့် ခံနေကြရပါလေတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင်နှင့် ပီယဝိဇ္ဇာ ငကဲ ဟုအမည်ရသော ဝတ္ထုဇတ်လမ်းလေးကို တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
“ေအာက္လမ္းဘိုးထင္ ႏွင့္ လင္တ႐ူး မိေက်ာ့”(စ/ဆုံး)
———————————————————————–
(၁၄)
▪️အခန္း-၁
ေမာင္ဘိုးထင္ ဖိုးေထြး ႏွင့္ သာရသည္ ႐ြာအျပင္ ေခ်ာင္း႐ိုးစပ္ တြင္ ထိုင္ၿပီး တစုံ တခုကိုေစာင့္ေမွ်ာ္ေနသည္ ၊ သူတို႔ေစာင့္ေမွ်ာ္ေနသည့္အရာမွာ မိေက်ာ့ျဖစ္သည္ ၊ မိေက်ာ့၏ အဘ ႏွင့္ အမ ေျပာပုံအရ သူမသည္ ယခုေခ်ာင္း႐ိုးကို ေန႔တိုင္း ခိုးေၾကာင္ခိုးဝွက္သြားေနသည္ကို ၊ ႐ြာမွ ေခ်ာင္း႐ိုစပ္ရွိ လယ္ကြင္းမ်ားဘက္ ႐ႊံ႕သြားခြာေသာ ကေလးမ်ား၏ ေျပာစကားအရ သိရကာ အလစ္မေပး အၿမဲေစာင့္ၾကည့္ေန၏ ၊ ေမာင္ဘိုးထင္တို႔ မိုးႀကိဳးစက္ ေတာင္ေဝွး သြားယူေနခ်ိန္ ရက္ပိုင္းတြင္းကိုပင္ မိေက်ာ့သည္ အဝတ္ထုပ္ကို ဆြဲကာ လင္ေနာက္လိုက္ဖို႔ ႀကံစည္သည္မွာ သုံးႀကိမ္ ရွိၿပီျဖစ္ရာ အေျခအေနအေတာ္ ဆိုးေနၿပီျဖစ္သည္၊ ဖိုးေထြးသည္ သူ၏ ခ်စ္လြန္း၍ ပိုးပန္းေနေသာ မိေက်ာ့မွာ သူႏွင့္ ခ်စ္သူေတာင္မျဖစ္ေသး တျခားသူႏွင့္ လိုက္ေျပးဖို႔ ႀကံေနေလရာ အေတာ္ပင္ ေၾကေၾကကြဲကြဲျဖစ္ၿပီး ေမာင္ဘိုးထင္ ႏွင့္ သာရအား ရင္ဖြင့္ေနေလသည္ ။
“ေတာက္ ဘိုးထင္နဲ႔ သာရရာ ငါ့မ်က္ႏွာေလးကိုၾကည့္ပါ ေဟာ့ဒီ ေပပင္႐ြာမွာ ငါ့ေလာက္နီးနီးခန႔္တဲ့ေကာင္ ေခ်ာတဲ့ေကာင္ကို ရွာၾကည့္ကြာ ဘယ္ေကာင္ရွိတုန္း”
“ဟို ေဒၚရင္ေမ သား ကိုသူရ ရွိတယ္ေလ ခင္ဗ်ားထက္ အပုံႀကီးသာတယ္ ‘
“ဟ ငါက ေယာက္်ား အစစ္ေတြထဲကို ေျပာတာကြ သူက လွခ်င္လြန္းအားႀကီးၿပီး မိန္းမစိတ္ နည္းနည္း ဝင္ေနတာ မင္းတို႔လည္း သိသား အဲ့ေကာင္ကို ဖယ္လိုက္”
“အဲ့ဒါဆို ႐ြာေတာင္ပိုင္းက ကိုမ်ိဳးဟိန္းက ခင္ဗ်ားထက္သာတယ္ ”
“အဲ့လူက မိန္းမရၿပီးသာ ငါေျပာတာ လူပ်ိဳ ထဲက ကြ ”
“အင္း အဲ့တာဆို ဟို ႐ြာအေရွ႕ပိုင္း”
“ေတာက္ ဒီဘိုးထင္ကလည္း ေၾကကြဲတာေတာင္ ေကာင္းေကာင္း မေၾကကြဲရဘူး ခြီးတယ္မွပဲ”
ဖိုးေထြး သည္ ေမာင္ဘိုးထင္အား မၾကည္သလို ၾကည့္ၿပီး ေျပာလိုက္မွ ေမာင္ဘိုးထင္ ၿငိမ္သြားသည္ ၊ ထိုအခါမွ ဖိုးေထြးရဲ႕ ေဆြးေတြးေျမ့ေျမ့ ေျပာေသာ အသံက ေပၚလာျပန္သည္ ။
“ငါေလ မိေက်ာ့ရဲ႕ လက္ကေလးေတာင္ မကိုင္ဘူးေသးပါဘူးကြာ ငါ့သူအေပၚခ်စ္တဲ့ အခ်စ္ေတြက ျဖဴစင္တယ္ ႐ိုးသားတယ္ အျပစ္ကင္းတယ္ကြ”
“ဘာအျပစ္ကင္းတာလဲ အမ မိေက်ာ့ကို လက္လိုက္ဆြဲလို႔ ဟိုက ပါး႐ိုက္လိုက္တာ အေရွာင္ေကာင္းလို႔ လြတ္တဲ့သူကမ်ား ေကာက္႐ိုးပုံနား မႈိရွိတယ္ဆိုၿပီး လိမ္ေခၚတာ လည္း က်ဳပ္မသိဘူး မွတ္ေနလား”
“ဟာ အဲ့တာက ခ်စ္စိတ္တက္တာကြ ေကာက္႐ိုးပုံနား မႈိရွိတာ တကယ္ပါကြာ ေကာက္႐ိုးမႈိေတြေတြ႕လို႔ ငါက သူတို႔ အိမ္အတြက္ ဟင္းစားရေအာင္ ေစတနာနဲ႔ေခၚတာပါ”
“အဲ့ဒါဆို ဘာလို႔ျဖဴစင္တာ ႐ိုးသားတာေတြ လာေျပာေနတာလဲ ”
“ေတာက္ ေဟ့ေကာင္ဘိုးထင္ မင္းငါ့ကို ေကာင္းေကာင္း ေၾကကြဲလို႔မရဘူးလားေျပာ ကြာ”
ေမာင္ဘိုးထင္ ဒုတိယံပိ ၿငိမ္သြားျပန္သည္ ၊ သာရသည္က ေခ်ာင္း႐ိုးကို ျဖတ္ေဆာက္ထားေသာ တံတားေလးကိုသာ အာ႐ုံစိုက္ၿပီး ၾကည့္ေနေလသည္ ၊ မၾကာေသာအခ်ိန္တြင္ ေခ်ာင္း႐ိုးတံတားေပၚသို႔ လူ႐ြယ္တေယာက္ ေရာက္လာသည္ သာရသည္ ထိုလူ႐ြယ္ကို ၾကည့္ကာ
“ဖိုးေထြး ဟိုတံတားေပၚက ေစာင့္ေနတဲ့ သူက ေရအိုးစင္႐ြာက ပန္းခ်ီငိုႀကီး မဟုတ္လားဟ ”
သာရ၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ ေမာင္ဘိုးထင္ တံတားေလးေပၚသို႔ ၿပိဳင္တူၾကည့္လိုက္သည္၊ သာရေျပာသည္မွာ ဟုတ္ေပသည္ တံတားေပၚမွလူသည္ ေရအိုးစင္ ႐ြာမွ ပန္းခ်ီငို ျဖစ္သည္ ထိုအခါ ေမာင္ဘိုးထင္သည္
“သူလည္း တို႔႐ြာကို လာလည္ေနၾကဆိုေတာ့ လာလည္တာ ေနမွာပါကြာ ”
“ေအး အဲ့လိုပဲ ထင္ပါတယ္ ပန္းခ်ီငို နဲ႔ေတာ့ မိေက်ာ့ မႀကိဳက္ေလာက္ပါဘူးကြာ ”
“ဟုတ္တယ္ ဒီလူ ႐ြာထဲ မသြားပဲ တံတားေဘာင္ေပၚ ဘာလို႔ ထိုင္ေနတာလဲ မသိဘူး”
ေမာင္ဘိူးထင္တို႔သည္ ဦးအုန္း ႏွင့္ မိေက်ာ့အဘတို႔၏ ေစခိုင္းမႈျဖစ္ ယခုေခ်ာင္း႐ိုးတံတား ေဘးရွိလယ္ကြက္စပ္မွ ေန၍ ခိုးရာေနာက္လိုက္ဖို႔ရန္ ႀကံစည္ေနၾကသည့္ မိေက်ာ့ ႏွင့္ညသူမ၏ ရည္းစားကို ေစာင့္ဖမ္းရန္ျဖစ္သည္ အရင္က မိေက်ာ့ကို ဖမ္းမိေသာ လည္း မိေက်ာ့အား ခိုးရာလိုက္ဖို႔ေခၚသည့္ လူကိုေတာ့ မမိေခ် ၊ ေမာင္ဘိုးထင္တို႔ သည္ တံတားအနား ကပ္သြားၿပီး ၊ တံတားေအာက္ေျခေလးမွ ေစာင့္ၾကည့္ေနေလသည္ ၊ တံတားေပၚမွာ ပန္းခ်ီငိုသည္ ႐ြာဘက္လမ္းကို ေမွ်ာ္ၾကည့္ရင္း တခုခု ကို ေစာင့္ေမွ်ာ္ေနပုံ ရ၏ ၊ ေမာင္ဘိုးထင္သည္ ေနေရာင္ေအာက္မွ ပန္းခ်ီငို ၏ မ်က္ႏွာကို ၾကည့္ကာ စိတ္ထဲ အေတာ္ကို စိုးထိတ္ေနမိသည္ ၊ အေၾကာင္းသည္က မိေက်ာ့ ႏွင့္ လိုက္ေျပးမည္ သူမွာ ပန္းခ်ီငို မ်ားျဖစ္ေနမလားဆို တဲ့ အေတြးေၾကာင့္ျဖစ္သည္ ၊ ပန္းခ်ီငို သည္ နာမည္ႏွင့္ လိုက္ဖက္စြာ သူ၏ ႐ုပ္ရည္သည္ ေျပာရအေတာ္ခက္ေပသည္ ၊ သူ၏ ႐ုပ္ရည္ကို ၾကည့္ၿပီး နာမည္ႀကီး ပန္းခ်ီဆရာကို ပုံတူဆြဲခိုင္းရာ ငိုၿပီး ျပန္သြားေသာ ေၾကာင့္ ပန္းခ်ီငိုဟု နာမည္တြင္လာခ်င္းျဖစ္သည္ ၊ ပန္းခ်ီငို ၏ နာမည္အရင္းကိုေတာ့ သူတို႔မသိေပ၊ အရပ္ထဲ တြင္ေတာ့ ပန္းခ်ီငိုကို ပန္းခ်ီငိုဟုသာ သိၾကေပသည္၊ ပန္းခ်ီငိုသည္ သူ၏ မ်က္ႏွာမွ ေရွ႕သို႔ ေငါ့ထြက္ေနေသာ ေမ့ေစ့သို႔ စီးက်လာေသာ ေခြၽးမ်ားကို ျပဴးက်ယ္ေနေသာ မ်က္လုံး ခြၽန္ထြက္ေနေသာ ႏွားေခါင္း ပါးလြန္း၍ မ်က္ခံုးေမြးေပါက္ပါေလစဟု ထင္စရာရွိေသာမ်က္ခုံး ေထာ္ေနေသာ ႏုတ္ခမ္း တို႔ကိုပိုင္ဆိုင္ထားသည့္ သူ၏ မ်က္ႏွာမွ ထြက္ေနေသာ ေခြၽးမ်ားကို ခြင္ေနေသာ ေျခေထာက္ ေကာက္ေနေသာ ဖင္တို႔ကို ဖုံးကြယ္ထားေသာ ပုဆိုးအေပၚ ႏုတ္ခမ္းစျဖစ္ သုပ္လိုက္ရာ တံတားေအာက္ေျခမွာ ရွိေသာ ေမာင္ဘိုးထင္တို႔ မ်က္ႏွာ လႊဲလိုက္ရကာ ေမာင္ဘိုးထင္မွာ အသံတိုးတိုးႏွင့္
“ဒီလူကို တကိုယ္လုံးခြၽတ္ၿပီး ပုံတူဆြဲခိုင္းရင္ ပန္းခ်ီဆရာ ငို႐ုံတင္မကဘူး ေသပါေသႏိုင္တယ္ ဗ်”
“တိုးတိုးကြာ ဝဋ္ရွိသ၍ေတာ့ခံရဦးမွာ ပဲ ”
“ေတာက္ ဒီပန္းခ်ီငိုႀကီးက ဘာလုပ္ေနတာလဲကြာ ဒီလူႀကီး ရွိေနတာနဲ႔ ဟို မိေက်ာ့ကို လာခိုးတဲ့ ေကာင္ မလာရဲပဲေနေတာ့မွာပဲ”
သူတို႔ သည္ တံတားေပၚမွ ပန္းခ်ီငိုႀကီး ႏွင့္ မိေက်ာ့ ႀကိဳက္ေနသည္ဟု အစကထင္မိေသာလည္း အနီးကပ္ျမင္ရခ်ိန္တြင္ေတာ့ သူတို႔ရဲ႕ ထင္ျမင္ခ်က္ကို လက္လႊတ္လိုက္ၾကသည္ ၊ ပန္းခ်ီငိုႀကီးႏွင့္ ေတာ့ မိေက်ာ့ ခိုးရာ လိုက္ေျပးဖို႔ က မျဖစ္ႏိုင္ေပ ၊ သူတို႔ တံတား ေအာက္ေျခမွ တံတားေပၚသို႔ ၾကည့္ေနစဥ္ မိန္းကေလးအသံ တသံက သူတို႔ မျမင္ႏိုင္ေသာ တံတား ဘက္ျခမ္းမွ ထြက္ေပၚလာေလသည္
“ကိုကို ေစာင့္ရတာ ၾကာသြားလား ေက်ာ့လည္း လူႀကီးေတြ အလစ္ကို ေစာင့္ေနရတာ ”
“ရပါတယ္ ေက်ာ့ေလးရယ္ ”
ေမာင္ဘိုးထင္တို႔ အံဩလြန္း၍ ပါးစပ္မ်ားပင္ ဟေနမိပါသည္ ၊ သူတို႔ ျမင္ႏိုင္ေသာ တံတားဘက္ျခမ္းရွိ ပန္းခ်ီငိုႀကီး အနားသို႔ ပုဆိုးအဝတ္ထုပ္ ေလးကိုလက္ႏွင့္ ပိုက္ၿပီး ေရာက္လာသူမွာ ဖိုးေထြး အသည္းအသန္ ပိုးေနေသာ မိေက်ာ့ျဖစ္ေနေလသည္ ၊ ပန္းခ်ီငိုသည္ သူ၏ စူးရွရွအသံႀကီး ႏွင့္ ရတာေပါ့ ေက်ာ့ေလးရယ္ဟု ေျပာေသာ စကားသံႀကီးကို တံတားေအာက္ေျခမွ ရွိေသာ ဖိုးေထြး၏ ေက်ာထဲ စိမ့္တက္သြားသည့္ အထိ ဘာမဆိုင္ ညာမဆိုင္ ျဖစ္ေနမိသည္ ၊ သူတို႔ ဘာအသံမွ မထြက္ ပဲ တံတားေပၚသို႔ ၾကည့္ေနၾက၏ တံတားေပၚတြင္ ရွိေသာ မိေက်ာ့ ႏွင့္ ပန္းခ်ီငိုမွာ ၿပဳံးရယ္ကာ ႏွင့္ စကားဆိုေနၾကသည္ ပန္းခ်ီငိုႀကီး၏ အၿပဳံးသည္က ေမာင္ဘိုးထင္တို႔ အတြက္ ၾကက္သီးထ စရာေကာင္းေနေပမဲ့ မိေက်ာ့အတြက္ေတာ့
“ကိုကို ရဲ႕ အၿပဴံေလးေတြက ခ်စ္ဖို႔ေကာင္းလိုက္တာ ေက်ာ့ရဲ႕ ရင္ထဲ ေအးျမသြားတာပဲ”
“အင္းပါ ေက်ာ့ေလးရယ္ ကိုကို႔ကိုယ္ဘယ္ေတာ့မွ ခြဲမသြားရဘူးေနာ္ ”
“စိတ္ခ် ေဟာ့ဒီက နတ္သားေလး ကိုကို႔ကိုယ္ထားၿပီး ေက်ာ့က ဘယ္လိုမ်ား ထား သြားႏိုင္မွာလဲ ”
“ေက်ာ့က သိပ္စကားတက္တာပဲ ”
“ေအာ္ ကိုကို နဲ႔ ခ်စ္သူျဖစ္တဲ့ေန႔က စၿပီး ေက်ာ့က ဇတ္မင္းသမီးေလးေတြလို စကားေတြ တက္ေနတာ ေက်ာ့အထင္ အခ်စ္ရဲ႕ စြမ္းအားေတြ ထင္တယ္ေနာ ္ကိုကို ”
မိေက်ာ့ ႏွင့္ ပန္းခ်ီငို တို႔ရဲ႕ ခ်စ္စကားမ်ားကိုအတိုင္းသားၾကားေနရေသာ ေမာင္ဘိုးထင္ တို႔ အထဲမွ ဖိုးေထြးရဲ႕ မ်က္ဝန္းမွ မ်က္ရည္မ်ား ရစ္ဝဲလာရာ ေမာင္ဘိုးထင္သည္ အသံတိုးတိုး ႏွင့္
“ကိုဖိုးေထြး ငိုဖို႔ စဥ္းစား မေနနဲ႔ ဒီကိစၥက သာမာန္ ျဖစ္႐ိုး ျဖစ္စဥ္ မဟုတ္ႏိုင္ဘူး အမ မိေက်ာ့က ဒီပန္းခ်ီငို ႀကီးကို ဘယ္လိုမွ ပုံမွန္ အေနအထားနဲ႔ ဒီလို ျပဳမူမွာ မဟုတ္ဘူးဗ်”
“မင္း မင္းဆိုလိုတာက ”
“ဟ ဖိုးေထြးရ မင္းကလည္း အ လိုက္တာ ဘိုးထင္ေျပာသလို ငါလည္း ထင္ၿပီးသားပါ ဒီပန္းခ်ီငိုႀကီး မိေက်ာ့ကို တခုခုနဲ႔ ျပဳစားထားတာ ျဖစ္မယ္ ”
“ေအးကြ ျဖစ္ႏိုင္တယ္ ငါ့လို ေခ်ာေမာ လွပတဲ့ လူကိုေတာင္ ခ်က္ခ်င္းအေျဖမေပးတာ ဒီလူႀကီးကို ေတာ့ မိေက်ာ့ ပုံမွန္စိတ္နဲ႔ အေျဖေပးမွာ မဟုတ္ဘူး”
ဖိုးေထြး စိတ္သက္သာရာ ရဟန္ ႏွင့္ သူ၏ ထုံးစံအတိုင္း ကိုယ္ရည္ေသြး စကားဆိုလိုက္ရာ ေမာင္ဘိူးထင္ ႏွင့္ သာရ မ်က္ေမွာင္ ၾကဳတ္ၾကည့္လိုက္ၿပီး သာရမွ
“မင္းကို ေတာ့ အျမင္ကပ္လာၿပီ ေဟ့ ဘိုးထင္ ထားလိုက္ကြာ မိေက်ာ့ နဲ႔ ပန္းခ်ီငို ႀကီး ညားပေလ့ေစ ကြာ ျပန္ၾကရေအာင္ ”
“ေကာင္းတယ္ က်ဳပ္လည္း ပန္းခ်ီငို ၾကီး ရဲ႕ အေပ်ာ္ေတြကို မဖ်က္ခ်င္တာနဲ႔ အေတာ္ ပဲ ”
“ဟာ မ မလုပ္ပါနဲ႔ကြာ ငါက ေပ်ာ္ လြန္းလို႔ေျပာမိတာပါ ”
သူတို႔ စကားမ်ားေျပာေနစဥ္ တံတားေပၚမွ ပန္းခ်ီငို ႏွင့္ မိေက်ာ့ ၏ အသံ မၾကားရ၍ ၾကည့္လိုက္ၾက၏
“ဟ မရွိေတာ့ ဘူး လိုက္ပါဟ လိုက္ ”
ဖိုးေထြးသည္ ေရွ႕ဆုံးမွ တံတားေပၚကို တက္လိုက္သည္ ႐ိုးေခ်ာင္း အစပ္ျဖစ္ေန၍ တံတားႏွင့္ အေတာ္လွမ္းသည္ ထိုေၾကာင့္ အလဲလဲအကြဲကြဲ ျဖစ္ေနေသးသည္ ၊ဖိုးေထြး၏ အျဖစ္ကို ေနာက္မွရွိေသာ သာရမွ
“စိတ္ေအးေအးထား ငါ့ေကာင္ လက္ေလးပဲ အကိုင္ခံရေသးတာပါ စိတ္ေအးေအးထားၿပီး ကိုင္းပင္ေတြကို ဆြဲတက္ ”
သာရထိုသို႔ေျပာလိုက္မွ ဖိုးေထြးသည္ သက္ပ်င္းကို ခ်ကာ စိတ္ကို ထိန္းလိုက္ၿပီး ကိုင္းပင္မ်ားကို ဆြဲလို႔ တက္လိုက္မွ ႐ိုးေခ်ာင္းအေပၚသိူ႔ ေရာက္ေလေတာ့သည္ ၊ ဖိုးေထြး၏ ေနာက္မွ ေမာင္ဘိုးထင္ ႏွင့္ သာရ လိုက္တက္လိုက္ၿပီး မိေက်ာ့ ႏွင့္ ပန္းခ်ီငို သြားသည့္ လမ္းသို႔လိုက္ေလပါေတာ့သည္
▪️အခန္း-၂
မိေက်ာ့သည္ ပန္းခ်ီငို၏ လက္ကို ဆြဲထားေလသည္ ပန္းခ်ီငို သည္လည္း မိေက်ာ့ အား မေၾကာက္ရန္ အားေပးေနေလသည္ ၊ သူတို႔ႏွစ္ေယာက္၏ ေရွ႕တြင္ေတာ့ ေမာင္ဘိုးထင္ သာရ ႏွင့္ ဖိုးေထြး သည္ ေလးဂြမ်ားႏွင့္ ပန္းခ်ီငိုကို ခ်ိန္႐ြယ္ထားကာ
“ေဟ့လူ ကိုပန္းခ်ီငို ခင္ဗ်ား မိေက်ာ့ကို ဘယ္ကိုေခၚသြားမလို႔လဲ ”
“ငါတို႔ ရဲ႕ ခ်စ္ခ်င္းကို မခြဲပါနဲ႔ကြာေနာ္ လူငယ္သဘာဝ ခ်စ္ၾကႀကိဳက္ၾကတာ ငါတို႔မွ အျပစ္ရွိလို႔လားကြာ ”
ပန္းခ်ီငို၏ စူးရွရွ အသံႀကီးႏွင့္ ေမာင္ဘိုးထင္တို႔ အား ကဗ်ာ ဆန္စြာ ေျပာလာေပမဲ့ ေမာင္ဘိုးထင္တို႔ထဲ မွ ဖိုးေထြးသည္ မိေက်ာ့၏ လက္ကို အတင္းဝင္ဆြဲေနသည္ ထိုအခါ မိေက်ာ့သည္ ပန္းခ်ီငို၏ လက္ေမာင္ကို ဆြဲကာ
“ကို ကို လုပ္ပါဦး ဒီမွာ ေက်ာ့ကို ဆြဲေနတယ္ ”
“ေဟ့ေကာင္ ငါ့ ခ်စ္သူေလးကို မဆြဲ ”
“ေဟ့လူ ႀကီး ခင္ဗ်ား စကားမမ်ားနဲ႔ မ်က္ႏွာကို ေလာက္းစလုံးနဲ႔ မိတ္ဆက္ေပးလိုက္ရမလား ”
ပန္းခ်ီငို စကားမဆုံးခင္ ေမာင္ဘိုးထင္သည္ ေလးဂြ သေရႀကိဳးကို ဆြဲတင္းၿပီး စကားဆိုလိုက္ရ ာ မိေက်ာ့မွ ပန္းခ်ီငို ၏လက္ေမာင္းကို လႊတ္လိုက္ၿပီး မ်က္ရည္ မ်ားရစ္ဝဲကာ
“ကိုကို ဒီက လူၾကမ္းေတြက ကိုကို နဲ႔ ေက်ာ့ကို ခြဲေလၿပီ ေက်ာ့ ကိုကို လက္ေမာင္းကို အတင္းဆြဲထားရင္ ဟိုက ေသနာေလးက ေလးဂြ နဲ႔ ကိုကို႔ရဲ႕ မ်က္ႏွာ လွလွ ေလးကို ပစ္ေတာ့မယ္ အေျခအေန မေပးေသးေတာ့ ခဏေလာက္ ေဝးၾကတာေပါ့ ကိုကိုရယ္ ”
ဖိုးေထြးသည္ မိေက်ာ့၏ လက္ကို အတင္းဆြဲေခၚရင္း မိေက်ာ့ ေျပာစကားမ်ားကို ၾကားေသာအခါ
“ေတာက္ မိေက်ာ့ အဲ့လူႀကီး ရဲ႕ မ်က္ႏွာကိုမ်ား မ်က္ႏွာ လွလွ ေလးတဲ့ နင္ေတာ့ ႐ူးမ်ား႐ုးေနၿပီလားမသိပါဘူးဟာ ”
“ေတာ္စမ္း ဖိုးေထြး နင္ငါ့ကို ႀကိဳက္ေနတာ ငါသိတယ္ နင္က ငါ့အတြက္ေတာ့ ဒႆဂီရိ ပဲ့ ငါ့ရဲ႕ ရာမ မင္းသားေလးက ကိုကို တေယာက္ထဲပဲ နင္နားလည္ထား ”
“ရႈပ္ေနတာပဲ နင္ ႐ူးေနၿပီ ”
ေမာင္ဘိုးထင္သည္ ဖိုးေထြးကို ၾကည့္ၿပီး
“ကိုဖိုးေထြး အမ မိေက်ာ့ကို ႐ြာျပန္ေခၚသြား ဒီလူႀကီးကို က်ဳပ္တို႔ေမးစရာ ရွိေသးတယ္ ”
“ေအးေအး ငါတို႔ သြားၿပီ ”
ဖိုးေထြးသည္ မိေက်ာ့၏ လက္ကို ဆြဲၿပီး ႐ြာဘက္သို႔ ဆြဲေခၚသြားသည္ ၊ မိေက်ာ့သည္ ပန္းခ်ီငို ရွိရာကို သမင္လည္ျပန္ လွည့္ၾကည့္ကာ
“ကို ကို ”
“ေက်ာ့ ေက်ာ့ေလးေရ ”
ပန္းခ်ီငိုမွ ေက်ာ့ေလးဟု ပါးစပ္မွေအာ္ကာ မိေက်ာ့ေနာက္ လိုက္ရန္ျပင္လိုက္စဥ္ သာရ ႏွင့္ ေမာင္ဘိုးထင္သည္ ေလးဂြ သေရပင္ကို ဆြဲၿပီး ျပစ္ဟန္ျပဳကာ ၿခိမ္းေျခာက္ လိုက္ၾကပါေလေတာ့သည္ ။
▪️အခန္း-၃
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငိုႀကီးအား ေမးျမန္း ေနေလသည္ ၊ ေလဂြ ႏွင့္ ပစ္မည္ဟန္ျပဳလိုက္ ေဘးတြင္ ရွိေသာ ေျမႀကီးခဲ ႏွင့္ ထုမည္ဟန္ ျပဳလိုက္ ႏွင့္ ၿခိမ္းေျခာက္ကာ ေမးျမန္ေနေလသည္
“ကို ပန္းခ်ီငို ႀကီး ခင္ဗ်ားက ေရအိုးစင္သားမို႔ က်ဳပ္တို႔ အညႇာေပးေနတာေနာ္ တျခားသူဆို ဒီေနရ မွာ တင္ ပြဲ ျပတ္ၿပီ ”
“ေအး ေအးပါကြာ ငါလည္း မင္းတို႔ကို သိပါတယ္ မင္းက ဘိုးထင္ ဟိုေကာင္က ေပါက္တူး ညီ သာရ ”
“ခင္ဗ်ားဗ်ာ မိေက်ာ့ဆိုတာ အခုမွာ ၁၆ႏွစ္ ေလာက္ပဲ ရွိေသးတာ ခင္ဗ်ား အသက္ကို လဲ ျပန္ၾကည့္ဦး ”
“မင္းကလည္း ကြာ မိန္းမ ပုခက္လႊဲ ေယာက္က်ာ္း ပၪၥင္း ဆိုတဲ့ စကားေတာင္ရွိေသးတာကို ”
“ဘာလဲ အဲ့တာ”
” မိန္းကေလးေတြ က အသက္ ႏွစ္ဆယ္ ေလာက္ကြာ လည္း ယူလို႔ရတယ္ လို႔ေျပာတာကြာ ”
“ခင္ဗ်ားက ပန္းခ်ီဆရာ တင္မဟုတ္ဘူး က်ဳပ္တို႔ပါ ငိုခ်င္လာၿပီ ခင္ဗ်ား မိေက်ာ့ကို ဘာေတြ လုပ္ထားေသးလဲ ”
“ဟာ ငါ က ခိုးၿပီးမွ ဟိုဟာ ”
“ေတာ္စမ္း က်ဳပ္တို႔ေျပာတဲ့ ဘာေတြ လုပ္ထားေသးလဲ ဆိုတာ မေကာင္းတဲ့ အစီအရင္ေတြ နဲ႔ ျပဳစားထားတာလားေမးတာ ဗ်”
“မ မဟုတ္ပါ”
“ဒီလူႀကီး ညာေနျပန္ၿပီ ညေန ေခ်ာင္း႐ိုးထဲ ေရတက္ေတာ့မွာ ႀကိဳးတုတ္ၿပီး ပစ္ခ်လိုက္ရေအာင္ ကိုသာရ”
“ႀကိဳးမွ မပါတာ ”
“သူ႔ ပုဆိုး နဲ႔ ျပန္ခ်ည္ၿပီး ပစ္ခ်မယ္ ဗ်ာ ”
ေမာင္ဘိုးထင္ ႏွင့္ သာရမွ ထိုသို႔ ၿခိမ္းေျခာက္ေနေသာအခါ ပန္းခ်ီငို သည္ ေၾကာက္လန႔္ေနကာ
“အဲ့ အဲ့လို႔ေတာ့ မလုပ္ပါနဲ႔ကြာ ငါ့ကို ပုဆိုးနဲ႔ ခ်ည္မယ္ ဆို ဟို ဟို ရွက္စရာႀကီးကြာ ေရထဲ ပစ္ခ် မယ္ဆိုရင္လည္း ႀကိဳးေလးယူၿပီး တုပ္ကြာ တခုေတာ့ မွာ ခ်င္တယ္ ငါ့ကို ေရထဲ ပစ္ခ်မယ္ ဆို ပုဆိုးကို ခါးေတာင္းေလးေတာ့ က်ိဳက္ေပးပါကြာ ေသရင္ ဟိုေပၚ ဒီေပၚ ေပၚမွာ ရွက္လို႔ပါ ကြာ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ အသက္ထက္ အရွက္ႀကီးလွသည့္ ပန္းခ်ီငိုကို ၾကည့္ကာ ေခါင္းကုပ္လိုက္ၿပီး
“ခင္ဗ်ားကို ဘာမွ မလုပ္ပါဘူးဗ်ာ က်ဳပ္တို႔ကို ခင္ဗ်ား သုံးတဲ့ ေဆးေလးေပးပါလား မိေက်ာ့ကို ခင္ဗ်ား ေဆးခပ္ထားတယ္ဆိုတာ က်ဳပ္တို႔ သိတယ္ ”
“မဟုတ္ ရ ပါဘူးကြာ ငါတို႔က ေမတၱာစစ္”
“လွ်ာရွည္လိုက္တာ ဗ်ာ ေပးမွာလား မေပးဘူးလား ခင္ဗ်ား မေပးဘူးဆို က်ဳပ္တို႔ ႏွစ္ေယာက္ ခင္ဗ်ား မိေက်ာ့ကို ဖိုးေထြးနဲဲ့ ညားေအာင္ လုပ္ျပစ္လိုက္မွာေနာ္ ”
“ဟာ အဲ့လို ေတာ့ မလုပ္ပါနဲ႔ကြာ ငါ့ရဲ႕ေဆးကို ျပပါမယ္ ဒါေပမဲ့ ငါ့ရဲေဆးက သူမ်ားကို တိုက္ရတာ မဟုတ္ဘူး ကိုယ္တိုင္ေသာက္ရတာ ”
“ဟာ ဟုတ္လို႔လား က်ဳပ္အဘ ေျပာေတာ့ သူမ်ားကို တိုက္ရတာပါတဲ့ ”
“မင္း အဘ က ေအာက္လမ္း ေလကြာ ငါတို႔ နည္းက အထက္လမ္း မတူဘူးကြ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငို ေျပာသည္ ေဆးကို စိတ္ဝင္စားေနသည္ ထို့ေနာက္ ပန္းခ်ီငို သည္ ခါးပိုက္ထဲ မွ ငွက္ေျပာသီး ႏွစ္လုံးကို ထုတ္လိုက္ကာ
“ေရာ့ ဒီဟာက ေဆးကြ ”
“ေပါက္ကရ ဗ်ာ ငွက္ေပ်ာ္သီးကို ေဆး တဲ့ ဒီလူ ငါတို႔ကို ေပါက္ကရေျပာေနၿပီ ေဟ့ ”
ထိုအခ်ိန္ ပန္းခ်ီငိုသည္ ႐ြာဘက္လမ္းကို လက္ညိဳးထိုးကာ
“ေက်ာ့ ေက်ာ့ေလးျပန္လာတယ္ ”
“ဘယ္မွာ လဲ မိေက်ာ့ ”
ေမာင္ဘိူးထင္ ႏွင့္ သာရသည္ ပန္းခ်ီငို ၾကည့္ေနေသာ ေနရာသို႔ လွမ္းၾကည့္လိုက္ၾကရာ မည္သူမွမရွိ ၍ ပန္ခ်ီငိုအား အျပစ္ေျပာရန္ ျပန္လွည့္ၾကည့္လိုက္စဥ္
“ဟ ဘိုးထင္ ေရ ပန္းခ်ီငိုႀကီး ေျပးၿပီဟ လိုက္ကြာ လိုက္ ”
“ေျခသာ ခြင့္တာ အေျပးျမန္တယ္ဟ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငိုကို လိုက္ေနေလရာ အခ်ိန္အေတာ္ၾကာေျပးလိုက္ၿပီးမွ မွီေလသည္ ၊ ထိုအခါ သာရ ႏွင့္ ေမာင္ဘိုးထင္သည္ပန္းခ်ီငို၏ လက္ကို တေယာက္ တဖက္ဆြဲကာ လမ္းေဘးရွိ ဥႏွဲ (အုန္းႏွဲ) ပင္ေအာက္သို႔ ဆြဲေခၚသြားသည္ ၊ ထို အုန္းႏွဲပင္ ေအာက္တြင္ လမ္းသြားလမ္းလာ မ်ားအတြက္ ကြပ္ပ်စ္ေလး ထိုးထားၿပီး ေသာက္ေရအိုးစင္ေလးပါရွိေလသည္ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငို၏ လက္ေမာင္းကို တဖက္တခ်က္ကိုင္ ၿပီး ထိုင္ေနၾကသည္ ၊ ပန္းခ်ီငိုသည္ ေမာပန္းေနသလို က်န္ေသာ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ လည္း အေတာ္ပင္ ေမာေနၾကသည္ ၊
“ေဟ့ေကာင္ေတြ ငါ ေရေလး ေသာက္ပါရေစဦးကြာ ”
“ပလီပလာ မလုပ္နဲ႔ေနာ္ ခင္ဗ်ား အမ မိေက်ာ့ ကို ထည့္ထားတဲ့ မေကာက္းတဲ့ ပညာေတြကို ျပန္ထုတ္ေပးရမယ္ ”
“ေအးပါကြာ ငါ ေျခေထာက္က ခြင္ေနတာ ဆက္ၿပီး မေျပးႏိုင္ေတာ့ပါဘူး ငါ ထုတ္ေပးပါမယ္ ဒါေပမဲ့ ငါထုတ္လို႔မရဘူး ငါ့ဆရာႀကီး ဆရာႀကီးဦးကဲ ရွိေသးတယ္ သူ႔ကို ထုတ္ခိုင္းမွ ရမယ္ ”
“ၿပီးတာပဲ ေရေသာက္ခ်င္ရင္ က်ဳပ္ ခပ္ေပးမယ္ ”
“ေမာင္ဘိုးထင္သည္ ေရအိုးစင္ မွ ေရခပ္ေပးလိုက္သည္ ၊ ပန္းခ်ီငို သည္ ေရကို မေသာက္ခင္ ဇီးျဖဴးသီးေလးတလံုးအား ခါးပိုက္ထဲမွ ထုတ္လိုက္ကာ ကိုက္လို႔ စားလိုက္ၿပီး ေရကို ေသာက္လိုက္သည္ ထို႔ေနာက္ မ်က္လုံးကို မွိတ္ၿပီး ျပန္ဖြင့္ကာ
“ေကာင္းလိုက္တာ ကြာ ဇီးျဖဴသီးေလး စားၿပီး ေရေလးေသာက္လိုက္ရတာ ေရေလးက ခ်ိဳေနတာပဲ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ လည္း ေရဆာ ေနေလသည္ ၊ ထိုအခါ ပန္းခ်ီငိုသည္ သူတို႔ ႏွစ္ေယာက္အား ၾကည့္ကာ
“မင္းတို႔ လည္း ေရမဆာဘူးလား ေရမေသာက္ခင္ ဇီးျဖဴသီးေလး တကိုက္စားလိုက္ ၿပီးရင္ ေရ ေသာက္လိုက္ ေရေလးက ခ်ိဳၿပီး ေအးသြားတာပဲကြာ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငိုေပးေသာ ဇီးျဖဴသီး အားတေယာက္ တလုံးယူကာ စားလိုက္ၿပီး ေရေသာက္လိုက္ၾကေတာ့သည္ ၊ သူတို႔ ႏွစ္ေယာက္ မျမင္သည္က ပန္းခ်ီငို၏ သေဘာက်ဟန္ႏွင့္ ၿပဳံးသည့္ အၿပဳံးကို ျဖစ္ပါေလေတာ့သည္။
▪️အခန္း
ေမာင္ဘိုးထင္ ႏွင့္ သာရ သူတို၏ မ်က္လုံးမ်ားကို ပြတ္ၿပီး သူတို႔ ၏ ေရွ႕တြင္ ရွိေသာ လူအား ေသခ်ာၾကည့္ေနေလသည္ ၊ အျပစ္ေျပာစရာမရွိ လွပ ခန႔္ညားလြန္းကာ သူေျပာေသ အသံသည္ပင္ အေတာ္ကို သာယာ နာေပ်ာ္ဖြယ္ ျဖစ္ေနေလသည္ ၊ သူတို႔ ႏွစ္ေယာက္ ေရွ႕တြင္ ရွိေနေသာ သူသည္ သူတို႔အား ႏွစ္လို ဖြယ္ အၿပဳံးကို ၿပဳံးျပေနၿပီး
“ညီေလးတို႔ အေျခေနဘယ္လိုလဲ ”
“ေကာင္းပါတယ္ အကို က ဘယ္ကလဲဗ် ”
“အကိုက ေရအိုးစင္ ႐ြာက ပါ ငါ့ညီတို႔ ႐ြာက မိေက်ာ့ဆိုတဲ့ ေကာင္မေလးနဲ႔ ေမတၱာ မွ်ေနတာေလ”
“ဟုတ္လား အမ မိေက်ာ့ ကေတာ့ ကံေကာင္းလိုက္တာ ဗ်ာ က်ဳပ္တို႔ ႐ြာမွ မေျပာနဲ႔ ဒီ တနယ္ လုံး ရွာရင္ေတာင္ အကို႔ေလာက္ သေဘာေကာင္ မေနေကာင္း ၾကည့္ေကာင္းတဲ့ သူရွိမွ မဟုတ္ဘူး ”
“ဟုတ္တယ္ ဘိုးထင္ရာ ဒီ အကို ကိုၾကည့္ရတာ တကယ့္ကို ေအးခ်မ္းလိုက္တာကြာ အကို က်ဳပ္တို႔ ကူညီ ႏိုင္တာ ရွိရင္ ကူညီပါမယ္ ဗ် ဘာကူညီရမလဲ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ သူ၏ေရွ႕တြင္ ရွိေနေသာ ပန္းခ်ီငိုကို ေငးၿပီး စကားဆိုေနေလသည္ ၊ ပန္းခ်ီငို၏ ပိယေဆးသည္ ဇီးျဖဴသီးထဲထည့္ထားသည္မို႔ ေမာင္ဘိုးထင္ ႏွင္ သာရတို႔ မိေခ်ၿပီျဖစ္၏ ၊ပန္းခ်ီငိုေအာင္ ႐ုပ္ဆိုးေသာ ပန္ခ်ီငို၏ မ်က္ႏွာသည္ သူတို႔၏ မ်က္လုံးထဲတြင္ ေတာ့ မည္သူမွ လိုက္မမွီေအာင္ ခန႔္ညားေနသည္ ၊ ပန္းခ်ီငို၏ နီေၾကာင္ေၾကာင္ အသားအရည္ သည္ သူတို႔ ႏွစ္ေယာက္၏ မ်က္လုံးထဲတြင္ေတာ့ ဝင္းဝါေနေလသည္၊ ပန္းခ်ီငို၏ ငွက္ဆိုးထိုးသံပမာ အသံသည္ကလည္း သူတို႔၏ နားထဲတြင္ သာယာနာေပ်ာ္ဖြယ္ ျဖစ္ေနေလရာ သူတို႔ႏွစ္ေယာက္ ကြပ္ပ်စ္တြင္ ထိုင္ၿပီး ပန္းခ်ီငိုအား ေငးေမာေနခ်င္းျဖစ္သည္ ၊
“ငါညီေလးတို႔ အကို အကူညီ တခုေလာက္ ေတာင္းခ်င္တယ္ကြာ ”
“တခုမကဘူး အကို ဆယ္ခု ဆယ္ခု ေတာင္း”
“အင္း မင္းတို႔ ကူညီႏိုင္ပါ့ မလားေတာ့ မသိဘူး”
“အကို႔ အတြက္ဆို မကူညီႏိုင္ဘူးဆို တာ မရွိဘူး ”
“ေက်းဇူးတင္ပါတယ္ကြာ ညီေလးတို႔ အကို႔ကိုေလ မင္းတို႔ ႐ြာက မိေက်ာ့ကို ခိုးေပးပါလားကြာ ”
” ခိုးေပးရမွာေပါ့ ဟုတ္တယ္ မဟုတ္လား ဘိုးထင္”
“ေျပာစရာ လိုေသးလို႔ လား ကိုသာရရယ္ က်ဳပ္တို႔ အမ မိေက်ာ့ ေကာင္းစားမဲ့ အေရးကို က်ဳပ္တို႔ျငင္းလို႔ ေကာင္းပါ့ မလားဗ်ာ ”
ေမာင္ဘိုးထင္ ႏွင့္ သာရ အတိုင္ေဖာက္ ညီညာစြာ ပန္းခ်ီငိုအား စကားဆိုေနေလသည္ ၊ထိုအခါ ပန္းခ်ီငိုသည္ ၿပဳံးရယ္ကာ
“ညီေလးတို႔ အကို႔ကိုယ္ ကူညီမယ္ မဟုတ္လား ”
“အင္း ကူညီရမွာေပါ့ ကဲ ေျပာဗ်ာ က်ဳပ္တို႔ ဘယ္လို ကူညီရမလဲ ”
“အေထြ ထူးေတာ့ မဟုတ္ပါဘူး ညီေလးတို႔ ႏွစ္ေယာက္က မိေက်ာ့ကို အကို က ခိုးခိုင္းတယ္ေျပာၿပီး သြားေခၚေပး႐ုံပဲ ”
“ဟာ က်ဳပ္တာိ့ကို သူက ယုံမွာ မဟုတ္ဘူးေလ ”
“အဲ့ အတြက္ မပူပါ နဲ႔ ကြာ အကို ေျပာတဲ့ စကားကို မွတ္ၿပီး သူ႔ကို ေျပာျပ လိုက္ပါ”
“ဘယ္လိုေျပာျပရမွာလဲ ဗ်”
” ငွက္ကေလးေတြ ပ်ံေနတဲ့ ေကာင္းကင္ေအာက္မွာ ကိုကို ေက်ာ့ေလးကို စူးဆိုက္ၾကည့္ေနတယ္ လယ္ကြင္းထဲက ကြၽဲႀကီး ၫႊမ့္ လို႔ေ အာ္ရင္ ကိုကို ေက်ာ့ေလးကို သတိရေနတယ္ အိမ္ေရွ႕က က်ီးကန္းႀကီး အ အ လို႔ေအာ္ရင္လည္း လြမ္းတယ္ ၾကက္ဖႀကီးက ေအာက္အီးအီးအြတ္ ဆိုၿပီး တြန္ရင္လည္း ကိုကို ေက်ာ့ေလးကို လြမ္းတယ္ ညဘက္ ပုရစ္ေအာ္လည္း လြမ္းတယ္ ဖားေအာ္လည္း လြမ္းတယ္ ေနာက္ဆုံး အိမ္က အဘ နဲ႔ အမ ေခ်ာင္းဆိုးသံ ၾကားရင္ေတာင္ ေက်ာ့ေလးကိုလြမ္းတယ္ လို႔ေျပာေပးပါညီေလးရာ အဲ့တာေတြက အကို ေက်ာ့ေလးကို ေျပာေနၾက စကားေတြပါ”
“အကို ေျပာတာ နားေထာင္ၿပီး က်ဳပ္တို႔လည္းလြမ္းလာၿပီ အကိုရာ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ပန္းခ်ီငိုေျပာေသာ လြမ္းစကားမ်ားကို နားေထာင္ရင္း မ်က္ရည္မ်ားပင္ ဝဲ ေနပါေလေတာ့သည္ ။
▪️အခန္း-၄
ဖိုးေထြးသည္ မိေက်ာ့အား သူမ၏ အိမ္သို႔ ျပန္ေခၚလာေပးေလသည္ ၊ အိမ္သို႔ေရာက္ေသာ အခါ မိေက်ာ့၏ အေမ သည္ မိေက်ာ့၏ ေက်ာျပင္ကို လက္ဝါးႏွင့္ ႐ိုက္ၿပီး ဆူေငါက္ကာ အိမ္ေပၚသို႔ တက္ေစသည္ ၊ မိေက်ာ့၏ အဘ သည္က ဖိုးေထြးအား ေက်းဇူးတင္စကားဆိုၿပီးေနာက္
“ဖိုးေထြး မင္းတို႔ မိေက်ာ့ကို လာခိုးခိုး ေနတဲ့ ေကာင္ကို ေတြ႕ခဲ့ရလား ”
“ေတြ႕ၿပီေကာ အဘရယ္ ”
“ေခၚေနၾက ဦးႀကီး ဆို ဦးႀကီး ဘႀကီးဆို ဘႀကီးလို႔ ေခၚကြာ ”
“အဘက က်ဳပ္ အဘ ႐ြယ္ မို႔ အဘကို အဘလို႔ေခၚတာ ပါ အဘ ရာ ”
“ေတာ္ ေတာ္ မင္းေခၚခ်င္ သလိုေခၚ ကြာ မိေက်ာ့ကို လာခိုးတဲ့ ေကာင္က ဘယ္သူလဲ ”
“ပန္းခ်ီငို ဆိုတဲ့သူပဲ အဘ”
“ဘာ ေရအိုးစင္႐ြာက ႐ုပ္ဆိုးသား ပန္ခ်ီးငို လား”
“ဟုတ္တယ္ အဘ ”
“ေတာက္ ရွက္စရာ ေကာင္းလိုက္တာကြာ ငါ့သမီး ေလး ေတာ္လွ ေတာ္လွ နဲ႔ ပန္းခ်ီေတာင္ ငိုၿပီးေျပးရတဲ့ ေကာင္ကို မွ ႀကိဳက္ရတယ္ လို႔ကြာ ”
“အဲ့တာက သူစိတ္နဲ႔ လို႔မထင္ဘူး အဘ က်ဳပ္အထင္ ေဆးေတြ ဘာေတြ ခပ္ထားတာ ျဖစ္မယ္ ”
ဖိုးေထြး ႏွင့္ မိေက်ာ့အဘ စကားေျပာေနစဥ္ သူတို႔ ရွိရာသို႔ ေမာင္ဘိုးထင္ ႏွင့္ သာရ ေရာက္လာေလသည္ ၊ ထို႔ေနာက္ ဖိုးေထြးအား
“ကိုဖိုးေထြးက ဒီမွာကို ”
“ေအးေလး မင္းတို႔ပဲ မိေက်ာ့ကို လိုက္ပို႔ခိုင္းၿပီး အခု ဘာလာလုပ္တာလဲ ဟိုလူ ႀကီးေကာ ”
“အဲ့တာ ေျပာမလို႔ ပဲဗ် အခု အဘက မွာလိုက္တယ္ ကိုဖိုးေထြး နဲ႔ ဘႀကီးကို အဘက လာခဲ့ ပါဦးတဲ့ ”
“ေအး ဟုတ္လားဘိုးထင္ ကိုအုန္း ဘာအေရးႀကီးလဲ မသိဘူး ငါလည္း ငါ့သမီးကိစၥကို သိပ္ မသကၤၡာလို႔ သူ႔ကို အက်ိဳးအေၾကာင္းေျပာထားတယ္ ”
“ဟုတ္ကဲ့ ဘႀကီး အဲ့တာဆို သြားလိုက္ဦးဗ် အဘက ေတာ္ေတာ္ အေရးႀကီး ေနပုံပဲ ”
“ေအးေအး လာလာ ဖိုးေထြး သြားၾကရေအာင္ ”
မိေက်ာ့ အဘသည္ ဖိုးေထြးကို ေခၚ၍ အိမ္ဝိုင္းထဲမွ ထြက္ခြာသြားၾကေလသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ တေယာက္ ကို တေယာက္ ၾကည့္ကာ မိေက်ာ့တို႔ အိမ္ေလွကားနားသြားကာ သာရမွ
“အရီး ဗ်ိဳ႕ အရီးေလး ”
“ေဟ့ ဘယ္သူေတြ လဲ ”
“က်ဳပ္သာရ ပါအရီး က်ဳပ္ အေမက အရီးကို ဝမ္းဆက္ဆိုလား ပါတိတ္ ဆိုလား အဆင္အဆန္းေလးေတြ ျပစရာရွိလို႔လာေခၚခိုင္းတာ ေတာ္ၾကာ ေ႐ြး စရာ မရွိပဲ ျဖစ္မွာ ဆိုးလို႔တဲ့ ”
“ေအးေအး လာၿပီ လာၿပီ ”
မိေက်ာ့၏ အေမသည္ အိမ္ေပၚမွာ ဆင္းလာၿပီး အိမ္ေရွ႕ တန္းလ်ားကို ၾကည့္ကာ
“ဟဲ့ သာရ အိမ္က လူႀကီး ဘယ္သြားလဲ ”
“ဦးအုန္းေခၚလို႔ သြားတယ္ ”
“အဲ့တာ ဆို ငါသြားလို႔ မျဖစ္ပါ ဘူး အိမ္က လင္တ ႐ူးမက လင္ေနာက္လိုက္ဖို႔ ပဲ ေရွာင္းေနတာ”
“အဲ့အတြက္ေတာ့ မပူ နဲ႔ အရီး က်ဳပ္တို႔ကို ဘႀကီးက ဒီမွာ ေစာင့္ေနခိုင္းတာ အရီးး စိတ္ခ် လက္ခ်သြား ”
“ေအးေအး အဲ့တာ ဆိုလည္း ငါသြားလိုက္ဦးမယ္ “,
မိေက်ာ့ ၏ အေမသည္ တဘက္တထည္ကို ေခါင္းမွေပါင္း ၿပီး အိမ္ဝိုင္း အျပင္သို႔ အလ်င္ အျမန္ထြက္သြားေလသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ အရိပ္ေျခၾကည့္ကာ အိမ္ေပၚသို႔ တက္သြားၿပီး
“မိေက်ာ့ ”
“အမ မိေက်ာ့ ”
“နင္ နင္တို႔ ဘာလာလုပ္တာလဲ ”
“အကိုက အမကို လာခိုးခိုင္းလို႔ ”
“နင္တို႔ ငါ နဲ႔ ငါ့ခ်စ္သူ ကိုခြဲၿပီး အခုမွ ဘာေတြလာေျပာေနတာလဲ ”
“ငွက္ကေလးေတြ ပ်ံေနတဲ့ ေကာင္းကင္ေအာက္မွာ ကိုကို ေက်ာ့ေလးကို စူးဆိုက္ၾကည့္ေနတယ္ လယ္ကြင္းထဲက ကြၽဲႀကီး ၫႊမ့္ လို႔ေ အာ္ရင္ ကိုကို ေက်ာ့ေလးကို သတိရေနတယ္ အိမ္ေရွ႕က က်ီးကန္းႀကီး အ အ လို႔ေအာ္ရင္လည္း လြမ္းတယ္ ၾကက္ဖႀကီးက ေအာက္အီးအီးအြတ္ဆိုၿပီး တြန္ရင္လည္း ကိုကို ေက်ာ့ေလးကို လြမ္းတယ္ ညဘက္ ပုရစ္ေအာ္လည္း လြမ္းတယ္ ဖားေအာ္လည္း လြမ္းတယ္ ေနာက္ဆုံး အိမ္က အဘ နဲ႔ အမ ေခ်ာင္းဆိုးသံ ၾကားရင္ေတာင္ ေက်ာ့ေလးကိုလြမ္းတယ္”
“နင္ နင္တို႔ ကိုကို ေျပာေနၾကစကားေတြ ဘယ္လိုလုပ္သိတာလဲ ”
“သူခိုး ခိုင္းတယ္ ဆိုတာ ယုံ ေအာင္ က်ဳပ္တို႔ကိုသင္ေပးလိုက္တာ ”
မိေက်ာ့သည္ ပန္းခ်ီငို ေျပာခိုင္းေသာ စကားကို မ်က္ရည္မ်ား ရစ္ဝဲကာ အံႀကိတ္လို႔ နားေထာင္ၿပီး သိပ္မယုံ ရဲေသာ မ်က္ႏွာေလး ျဖစ္ေမးရာ သာရမွ သူတို႔အား ခိုးခိုင္းသည့္ အေၾကာင္း ေျပာလိုက္သည္ ၊ သူတို႔ အတန္ၾကာ စကားေျပာၿပီး ေနာက္ မိေက်ာ့သည္ သူ၏ အဝတ္ထုပ္ကို ဆြဲကာ သာရ ႏွင့္ ေမာင္ဘိုးထင္ ေခၚရေနာက္သို႔ လိုက္ပါသြားေလေတာ့သည္ ၊
▪️အခန္း-၅
မိေက်ာ့ ၏ အဝတ္ထုပ္အား ေမာင္ဘိုးထင္ မွ သယ္ေပးေနသည္ ၊ မိေက်ာ့သည္ အညာေစာင္တထည္ ကို ေခါင္းတြင္ ေနခင္ႀကီး ၿခဳံကာ ထားသလို သာရ မွ ခပ္လွမ္းလွမ္း တြင္ ႀကိဳသြားၿပီ လူအရိပ္အေျခၾကည့္ကာ ႐ြာ အျပင္သို႔ ထြက္လာခဲ့ၾကသည္ ၊ ႐ြာအျပင္ ႐ိုးေခ်ာင္းေလးအနားေရာက္တြင္ မိေက်ာ့သည္ သူ၏ ေခါင္းမွ ၿခဳံထားေသာ ေစာင္ကို ဖယ္လိုက္ၿပီး
“ဘိုးထင္ နဲ႔ သာရ ဒီ တသတ္ နင္တို႔ေက်းဇူးကို ငါ မေမ့ပါဘူးဟာ ”
“ရပါတယ္ ဒီေလာက္ ေခ်ာေမာ လွပၿပီး နတ္သား နဲ႔ တူတဲ့ သူနဲ႔ နင္နဲ႔ ညာတာကိုတင္ ငါက ေက်နပ္ေနတာ ဟိုေကာင္ ဖိုးေထြးနဲ႔ တျခားစီပဲ ”
“ဟုတ္တယ္ဗ်ာ ကိုေလႀကီး ဖိုးေထြးထက္ အမမိေက်ာ့ ခ်စ္သူက အဆေပါင္း မ်ားစြာ သာတယ္ ဗ်ာ က်ဳပ္မွာ အမ မရွိလို႔ေနာ္ အမ ရွိရင္ သူ႔ကိုေပးတယ္ “,
ပန္းခ်ီငို ၏ ပီယေဆး အစြမ္းက ေၾကာက္စရာေကာင္းေလာက္ေအာင္ အစြမ္းထက္ေနၿပီျဖစ္သည္ ၊ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ သူတို႔လြတ္ၿပီးဟုထင္ကာ အုန္းႏွဲပင္တြင္ ေစာင့္ေနေသာ ပန္းခ်ီငို ဆီသို႔ မိေက်ာ့အား သြားပို႔ ေနခ်င္းျဖစ္သည္ သူတို႔ သတိမထားမိသည္က ႐ိုးအစပ္ လယ္ကြင္းတြင္ ႐ႊံခြာေနေသာ သာေအး ၊ေပတူး ႏွင့္ ေအာင္သန္း တို႔ အဖြဲ႕ သူတို႔ေျပာစကားမ်ားကို ၾကားရၿပီး ေပတူးမွ က်န္သူမ်ားကို တိုးတိုး ႏွင့္
“သာေအး မင္းနဲ႔ က်န္တဲ့ ႏွစ္ေကာင္က ငါတို႔ နဲ႔သြားမယ္ ေအာင္သန္း က ႐ြာက လူေတြကို သြားေျပာ ”
“ေအးေအး ”
ေပတူး၏ ေခါင္းေဆာင္မႈျဖစ္ က်န္သူမ်ားသည္ ေမာင္ဘိုးထင္တို႔ ေနာက္ လိုက္သြားၾကၿပီး ေအာင္သန္းသည္က ႐ြာသို႔ ေျပးလႊား၍သြားေနပါေလေတာ့သည္။
▪️အခန္း-၆
ေမာင္ဘိုးထင္သည္ အုန္းႏွဲ ပင္ေအာက္မွ ေစာင့္ေနေသာ ပန္းခ်ီငိုဆီသို႔ ေက်ာ့ေမကို ထည့္လိုက္ကာ
“အကို က်ဳပ္တို႔ ေက်းဇူးမေမ့နဲ့ ေနာ္ ”
“မေမ့ပါဘူး ညီေလးရာ ”
“ျပီးတာပဲ ႐ြာကို လည္း ျပန္လာဦးေနာ္ က်ဳပ္တို႔ ေမွ်ာ္ေနမယ္ ”
ပန္းခ်ီငို ႏွင့္ မိေက်ာ့သည္ လက္ခ်င္းတြဲၿပီး အုန္းႏွဲပင္ မွ ထြက္ခြာ လိုက္စဥ္ ေပတူးဦးေဆာင္ေသာ အဖြဲ႕ သည္ ေနာက္မွ အေျပးေလး လွမ္းလာၿပီး ပန္းခ်ီငို ႏွင့္ မိေက်ာ့တို႔ ၏ ေရွ႕မွာ ပိတ္ရပ္ေနေလရာ ေမာင္ဘိုးထင္ ႏွင့္ သာရ အံ့ဩသြားကာ ပိတ္ရပ္ေနေသာ ေပတူးတို႔အဖြဲ႕အား
“ေဟ့ေကာင္ေတြ ဖယ္ေပးလိုက္ၾကစမ္း တို႔႐ြာက အပ်ိဳတေယာက္ ေကာင္းစားတာ မင္းတို႔ မျမင္ခ်င္ဘူးလား တကယ့္ေကာင္ေတြကြာ ”
“ေအး ဟုတ္တယ္ ေျပာကြာ ဘိုးထင္ ဒီေလာက္ ၾကက္သေရရွိၿပီးး တင့္တယ္ တဲ့ သူေနာက္ လိုက္တာကို ဒီေကာင္ေတြ ”
“အမေလး ကိုသာရ ဒီေကာင္ေတြ ေလာက္ေလးဂြ နဲ႔ပစ္တယ္ ဗ်”
ေပတူးသည္ စိတ္ မရွည္ျဖစ္ကာ သူခိုး ဓား႐ိုးကမ္းေနေသာ ေမာင္ဘိုးထင္ ႏွင့္ သာရ အား ေလးဂြာ ႏွင့္ တေယာက္ တခ်က္ ပစ္လိုက္ရာ ေၾကာက္လန႔္တၾကားေအာ္ ေနေလသည္ ၊ ထို႔ေနာက္ သူတို႔၏ ေနာက္မွ ေအာ္ဟစ္သံ ႏွင့္ အတူ ဖိုးေထြးသည္ ေမာင္ဘိုးထင္ ႏွင့္ သာရအား ေျပးလာ၍ လက္သီးႏွင့္ ထိုးပါေတာ့သည္
“သစၥာေဖာက္ေတြ မင္းတို႔ ေတြ႕မယ္ ”
ဖိုးေထြး နည္းတူ ေပတူးႏွင့္ သာေအးသည္ က်န္သူမ်ားကို ပန္းခ်ီငို ႏွင့္ မိေက်ာ့အား ေစာင့္ ၾကည့္ေစၿပီး ဖိုးေထြး ႏွင့္ အတူ ေမာင္ဘိုးထင္ ႏွင့္ သာရ အား ဝင္လုံးေတာ့သည္၊
“ေဟ့ေကာင္ေတြ ေနၾကဦးဟ ဒီေကာင္ေတြ ေဆးမိေနတာ ျဖစ္မယ္ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ခပ္လွမ္းလွမ္းမွာ ဦးအုန္း၏ အသံသဲ့သဲ့ ကိုသာ ေနာက္ဆုံးၾကားလိုက္ရပါေလေတာ့သည္ ။
▪️အခန္း-၇
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ မ်က္လုံးေလး ေပကလတ္ေပကလတ္ ႏွင့္ မ်က္စိပြင့္လာေလသည္ ၊ ထိုအခါ သူတို႔ႏွစ္ေယာက္ အရင္ျမင္လိုက္သည့္ မ်က္ႏွာ မ်ားမွ ဖိုးေထြး ၊ သာေအး ႏွင့္ ေပတူးတို႔ ၏ ၿပဳံးၿဖီးၿဖီး မ်က္ႏွာ မ်ားျဖစ္သည္ ၊ ဦးအုန္းသည္က ေမာင္ဘိုးထင္ ႏွင့္ သာရကို ၾကည့္ကာ
“ရာဇဝင္ ႐ိုင္းလိုက္တာကြာ ငါ့တပည္က သူကိုယ္တိုင္ ပီယေဆး မိၿပီး မိေက်ာ့ကို မွ ကိုယ္တိုင္ ခိုးေပးရတယ္ လို႔ကြာ ေတာက္ ”
“အဘ ဘာေတြေျပာေနတာ လဲ ”
“မင္းတို႔ ႏွစ္ေယာက္ မိေက်ာ့ကို ပန္းခ်ီငိုဆီ ကို ခိုးေပးတာေလ ”
“ပန္ခ်ီငို မဟုတ္ပါဘူးဗ်ာ ေတာ္ေတာ္ ေခ်ာတဲ့ သူတေယာက္ပါ ”
“မင္းတို႔ အခုထိ ဘာမွ မသိေဘးဘူးလား ဟိုမွာ ၾကည့္စမ္း အဲ့တာ ဘယ္သူႀကီး လဲ လို႔ “,
“အဲ အဲ့တာ ပန္းခ်ီငို ႀကီးေလ ”
“ေအး မင္းတို႔ကို သူက ပိယေဆး ခက္ၿပီး မိေက်ာ့ကို ခိုးခိုင္းထားတာ ”
ေမာင္ဘိုးထင္ ႏွင့္ သာရ တေယာက္ မ်က္ႏွာ တေယာက္ၾကည့္ကာ လန႔္ဖ်ပ္ သြားရျပန္သည္
“မင္း မ်က္ႏွာက မ်က္ကြင္းေတြ ညိဳေနတယ္ ေဟ့ေကာင္ မင္း ဘာ ဘာျဖစ္တာလဲ ”
“ကိုသာ ရ ခင္ဗ်ားလဲ တူတူပဲ”
ထိုအခါမွ သူတို႔ ေဘးတြင္ ရွိေနေသာ ဖိုးေထြးတို႔သည္ သူတို႔ေျပာေနသည္ကို မၾကားခ်င္ေယာင္ေဆာင္ကာ
“ၾကပ္ထုပ္ေလး ယူပါဦးကြ ငါေကာင္ေတြ ဒဏ္ရာေတြ ရေနလို႔ ေတာက္ ကို ပန္းခ်ီငို ေတာ္ေတာ္ ေမႊတယ္ ကြာ ေတာက္ ”
ငိုယိုေနေသာ ပန္းခ်ီငိုႀကီးအား ႐ြာသားမ်ားက ေခ်ာ့ ေမာ့ေနၾကရသည္ ၊ ပန္းခ်ီငိုႀကီးသည္ သူမ်ားအား ဒုကၡေပးသူေတာ့ မဟုတ္ေပ ေပပင္႐ြာသားမ်ား ႏွင့္ အေတာ္ ရင္းႏွီးၾကသည္ ၊ ယခု မိေက်ာ့သည္ ဦးအုန္း၏ အကူအညီျဖစ္ ပန္းခ်ီငို ခပ္ထားေသာ ပိယ ေဆးပ်ယ္ခ်ိန္ ပန္းခ်ီငို ေနာက္ လိုက္လိုက္ေျပးမည္ႀကံခဲ့ ေသာ သူ၏ အျဖစ္ကို သိကာ ရွက္လြန္း၍ ငိုယိုကာ အိမ္ကို ေျပးသြားၿပီျဖစ္သည္ ၊ မိေက်ာ့ ရွက္လြန္း၍ အိမ္ျပန္ေျပးသြားေသာ ေၾကာင့္ ပန္းခ်ီငို ေအာ္ဟစ္ငိုေႂကြး ေနခ်င္းျဖစ္သည္ ၊ ထိုေနာက့္ ဦးအုန္းသည္ ပန္းခ်ီငို အနားသြားကာ
“မင္းကို ဒီလို ေဆးေတြ ဘယ္သူေပးတာလဲ ေျပာစမ္း ”
“က်ဳပ္ ကို က်ဳပ္တို႔ ႐ြာျပင္က ဦးကဲေပးတာပါ ”
“ဘာ ဦးကဲဆိုတာ အရင္က မိန္းကေလးေတြကိုျခင္ေထာင္ ထဲ အခ်ိန္ မေတာ္ ဝင္တဲ့ ငကဲ လား ”
“အဲ့တာ ေတာ့ မသိပါဘူး ဦးကဲ က က်ဳပ္တို႔ ႐ြာ အျပင္မွာ တဲထိုးၿပီးေနေနတာ က်ဳပ္ကိုလည္း သူက ေဆး ေပးေတာ့ က်ဳပ္လည္း မိေက်ာ့ စားဖို႔ ငွက္ေပ်ာ္သီးကို ေဆးထည့္ၿပီး ကေလးမေလးတေယာက္ကို မုန႔္ဖိုးေပးၿပီး ေပးခိုင္းတာပါ ”
ေမာင္ဘိုးထင္ ႏွင့္ သာရသည္ သူတို႔၏ ညိဳမဲေနေသာ မ်က္ႏွာမ်ားကို တေယာက္ကို တေယာက္ ၾကည့္ကာ သူတို႔၏ စိတ္ထဲတြင္ ေတာက္ ေတြ႕ၾကၿပီေပါ့ ငကဲရာ ဟုေတြးေနရင္ ဖိုးေထြးတို႔ ၾကပ္ထုပ္ ထိုးေပးသည္ကို ေအာင့္သက္သက္ ႏွင့္ ခံေနၾကရပါေလေတာ့သည္။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ လင္တ႐ူး မိေက်ာ့ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ႏွင့္ ပီယဝိဇၨာ ငကဲ ဟုအမည္ရေသာ ဝတၳဳဇတ္လမ္းေလးကို တင္ဆက္ေပးပါမည္။
📝ေမာင္တင္ဆန္း
#mgtinsan