အဆုံးသတ်(စ/ဆုံး)
——————
ရုတ်တရက် သီးချင်းသံကြားလို့ ဘယ်ကပါလိမ့်လို့ နားစွင့်မိတော့ ကို့ရဲ့ ဖုန်းက ကြားနေကျ ဖုန်း Ringtone တီးလုံးသံမဟုတ်သော သီးချင်းသံ ဖြစ်နေပါတယ်။
ကိုက ကျမကို တစ်ချက်ငဲ့ကြည့်ပြီး ဖုံးကိုယူကာ အိမ်အောက်သို့ ဆင်းသွားပါတယ်။
ကျမ ကို့ကို သတိထားကြည့်မိနေတာ ကြာပါပြီ ၊ သူတို့ကျောင်း အာစရိယပူဇော်ပွဲ သွားပြီးနောက်ပိုင်း
လောက်ထဲက ဆိုပါတော့ ။
အဲ့နောက်ပိုင်း ည ၇ နာရီလောက်ဆို ဖုန်းလာတတ်ပြီး
ဖုန်းလာတိုင်း အိမ်အောက်မှာသာ သွားပြောပါတယ်။တခါ တခါ ပြောရင်လဲ ၂နာရီလောက်ကြာပါတယ်။
ညဆိုလဲ တော်တော်နဲ့ မအိပ်ပဲ ဖုန်းသုံးတာ များလာပါတော့တယ်။
ဘယ်ဖုန်းလာလာ အိမ်ပေါ်မှာသာပြောတတ်သူက ခုဆို
အ်ိမ်အောက်ဆင်းပြီး ပြောတာကို ကျမ သတိထားမိလာပါတယ်။ ဘယ်ကဖုန်းလဲ မေးရင် ငယ်သူငယ်ချင်းဆီကလို့ပဲ ပြန်ပြောပါတယ်။
ကျမနဲ့ ကို့ အကြောင်း ပြန်စဥ်းစားကြည့်တော့…
ကျမနဲ့ ကို အိမ်ထောင်ကျပြီး ကို တာဝန်ကျရာ နယ်မြို့လေး တစ်မြို့ကို ကျမ လိုက်လာခဲ့ပါတယ်။
ကျမနဲ့ ကိုရဲ့ နွေးထွေးကြင်နာမှုကို ကြည့်ပြီး ရပ်ကွက်ထဲက လူတွေက ကျမကို အိမ်ထောင်ရေးကံကောင်းတယ် ပြောကြပါတယ်။
သမီးကြီးနဲ့ သားသား မွေးပြီးချိန်ထိ ကြင်နာ နွေးထွေးစွာနဲ့ တရပ်ကွက်လုံး အားကျခဲ့တဲ့ ပျော်စရာ မိသားစု ကမ္ဘာလေးပေါ့ 💕
သမီးကြီးက တက္ကသိုလ် ဒုတိယနှစ် သားသားက ၆ တန်းလောက်မှာ ကျမတို့ ကမ္ဘာလေး ပျက်သုဥ်းမဲ့
အချိန်စခဲ့ပါတော့တယ် ။
ကျောင်းအာစရိယပူဇော်ပွဲက ပြန်လာပြီးနောက် ကို့ရဲ့
အပြုအမူတွေဟာ တစစ ပြောင်းလဲလာပါတော့တယ်…
“အဆုံးသတ်” အပိုင်း(၂)
“ကို” ဘယ်သူနဲ့မို့ ဒီလို ကွယ်ဝှက်နေတာပါလိမ့် ဆိုတာ ကျမ အရမ်းသိချင်လာပါတော့တယ်။ ကျမလဲ မနေနိုင်တဲ့အဆုံး တစ်ညမှာတော့…
ဖုန်းသံနားစွင့်နေတုန်း ကြားလိုက်တာနဲ့
” ကိုရေ ဘယ်ကဖုန်းလဲ ဟင် ”
” ဒီအချိန်ဆိုအမြဲ လာတယ်နော် ”
“အော် ကျောင်းတုန်းက သူငယ်ချင်းပါ ။ ကိုယ့်ဖေဖေ ဆုံးပြီးချိန် ကိုယ်တို့ တော်တော်လေး အဆင်မပြေဖြစ်နေတုန်းက ကူညီစောင့်ရှောက်ခဲ့တဲ့သူလေ နာမည်က မိုးမိုးဆွေ တဲ့ ၉ တန်းလောက်ထဲက ကွဲသွားကြတာ ခု အာစရိယပူဇော် ပွဲကျမှ ပြန်ဆုံကြတာ ကိုယ်တို့မိသားစုအပေါ်
သူ့ကျေးဇူးတွေ အများကြီးရှိတယ်.”
“ခု သူက ကလေး ၃ယောက်နဲ့ မုဆိုးမဖြစ်နေတာဆိုတော့ သူ့စီးပွားရေး လုပ်ငန်းအကြောင်းနဲ့ သူ့ခလေးတွေ ကျောင်းကိစ္စဘာညာလေးတွေ လှမ်းလှမ်းပီးအကြံညဏ်တောင်းတာလေ ”
ကျမလဲ စိတ်ထဲ မတင်မကျနဲ့မို့ ဘာမှပြန်မပြောဖြစ်ပါ
စိတ်ထဲကတော့
” အော် မတွေ့ခင်တုန်းကတော့ ဘယ်လိုနေခဲ့ပါ
လိမ့် ပေါ့ ”
ဒီလိုနဲ့ပဲ ကိုတယောက် သောကြာနေ့ညနေဆို ဇာတိမြေ ပြည်မြို့ကို အကြောင်းအမျိုးမျိုးပြကာ ပြန်ပါတော့တယ်။ ပြည်မြို့မှာက ကို့အမေရယ် ကြီးဒေါ်အပျိုကြီး
ရယ်က ရှိနေသေးတာမို့ ကျမမှာလဲ မပြောသာဘူးရယ်။
ကိုလဲ သွားလိုက် ပြန်လာလိုက်နဲ့ နေရင်းက တစ်ရက်မှာ ကိုက ပြောလာပါတယ်။
” မိန်းမရေ သူငယ်ချင်းက လည်ပင်းမှာ အကျိတ်ဖြစ် နေလို့ ကောင်းတဲ့ဆေးခန်းလေး ပြဖို့ ကူညီပေးပါ
တဲ့ ”
” သြော် ဟုတ်လား အဲ့တော့ ”
” အဲ့ဒါ ကို လိုက်ပြပေးလိုက်အုံးမယ် ”
” အင်း အင်း ကူညီလိုက်ပါ ” လို့
ကျမ ပြောလိုက်ပါတယ်။ ကျမ တားလဲ ရမှာ မဟုတ်လေ။
ထုံးစံအတိုင်း ကိုတယောက် သောကြာနေ့ ညနေမှာ
သူငယ်ချင်းကို ဆေးခန်းပြပေးဖို့ ပြည်မြို့ကို ပြန်သွားလေရဲ့…
ကျမကတော့ အတွေးများစွာနဲ့ ပေါ့ ရှင်…..
စနေမနက် ဆေးခန်းပြနေရင်းက ကို ဖုန်းလှမ်းဆက်ပါတယ် ။ ဆရာဝန်က တခါထဲ ခွဲခိုင်းလို့
ကို ဆေးရုံစောင့်ပေးရအုံးမယ် တဲ့…
အဲ့ဒါ ဆေးရုံက ၃ရက်လောက်တက်ရမှာဆိုတော့
အင်္ဂါနေ့လောက်မှ ပြန်ရောက်မယ်ဆိုတာ လှမ်းပြောတာပါ တဲ့ ။
” သြော် အင်းပါ ”
သူက ခပ်ပေါ့ပေါ့ပြောလိုက်ပေမဲ့
ကျမမှာတော့ အသက်ရှုတွေတောင်ကြပ်လာပါတယ်။
ကျမလဲ ကိစ္စမရှိပါဘူး ၊ ဒါ လူမှုရေးပဲလေ ဆိုပြီး
ကိုယ့်စိတ်ကို ဖြေသိမ့်ထားလိုက်မိပါတယ် ။
ဒီလိုနဲ့ပဲ သူငယ်ချင်း ဆေးခန်းရက်ချိန်း ပြန်ပြရမှာမို့
လိုက်ပို့လိုက် သူ့သားသမီးတွေကိစ္စ. လိုက်လုပ်ပေး
လိုက်နဲ့ အပတ်တိုင်းပြန်နေပါတော့တယ်။
တညမှာ ည ၁ နာရီလောက် ကျမ အပေါ့ထသွားပြီး
ပြန်အလာ ကို့ဘေးနားက ဖုန်းက မက်ဆေ့အသံကြားလို့
ဖုန်းကို အသာလေးယူပြီး ကြည့်လိုက်မိပါတယ် ။
” အမလေး လေး ”
messenger မှာ ပို့ထားတဲ့စာတွေ မနဲပါလား ရှင် ။
ကို့သူငယ်ချင်း မိုးမိုးဆွေ ဆိုတာနဲ့ အပြန်အလှန်
ရေးထားတာတွေပါ ။
ကျမ မှာလေ လန့်လွန်းအားကြီးပြီး ဘယ်ကစဖတ်ရမှန်းမသ်ိတော့ပဲ ဖုန်းကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက်နဲ့ အသားတွေ တဆတ်ဆတ်တုန်လာတာကို မနဲထိန်းပြီး ကို နိုးလာမှာလဲစိုးတာမို့ တစ်ချို့စာတွေကိုပဲ ခပ်မြန်မြန်ဖတ်ပြီး ပြန်အိပ်လို့မရတော့ပဲ မိုးလင်းသွားခဲ့ရပါတယ်။
ဘာတဲ့ ” မမဆွေ နဲ့ မောင် ” ဆိုပါလား…
” မမဆွေရယ် မောင်လေ မမဆွေကို ရှာနေခဲ့တာ ကြာပါပြီ ။ မမဆွေ ၉ တန်းနှစ် ပြောင်းသွားထဲကပါပဲ ၊ သူငယ်ချင်းတွေနဲ့ တွေ့တိုင်းလဲ စုံစမ်းနေခဲ့တာပါ ။
” မမဆွေလဲ မောင့်သတင်းကို နားစွင့်နေခဲ့တာပါ ”
“ခု ရေစက်မကုန်သေးလို့ ပြန်ဆုံကြတာလေ
ဘာပဲ ဖြစ်ဖြစ် မမဆွေကတော့ မောင့်အပေါ် အရင်တုန်းကလိုပဲ နော် ” တဲ့
messageတွေ ပြန်မြင်ယောင်ရင်း ကျမရဲ့ နှလုံးသား
တခုလုံး ပြုတ်ထွက်သွားသလို ခံစားနေရပါတယ်။
ဘာတွေ ဘယ်လိုဖြစ်ကုန်ပါလိမ့် ကိုရယ်
ကျမ လေးစားအထင်ကြီးခဲ့ရတဲ့ ကို
တစ်ရပ်ကွက်လုံး အားကျခဲ့ရတဲ့ မိသားစုဘဝလေး……
ကျမလေ ကို့ကို ပြောဖို့ အကြိမ်ကြိမ်ကြိုးစားနေမိပါတယ် ။ ပြောလိုက်လို့ ရှက်ရမ်းရမ်းသွားရင် ဘာဖြစ်လာမလဲ ဆိုတာတွေးရင်း ရင်ကွဲနာကျနေတာကို
မြိုသိပ်ပြီး ကျမ သိပ်ချစ်ရသော ကျမကို အရမ်းချစ်သော သမီးလေးကို ရင်ဖွင့်ဖို့
ဆုံးဖြတ်ချက်ချလိုက်မိပါတော့တယ်….
” အဆုံးသတ် ” အပိုင်း(၃)
သမီးလေးရဲ့ ကျောင်းပိတ်ရက်က နီးလာပါပြီ ။ သမီးလေးပြန်လာရင် မိသားစု စုံစုံလင်လင်နဲ့ ပျော်ရမှာကို
မပျော်နိုင်ရှာသူ ကျမကတော့ ရင်ထဲမှာ မီးတောက်တွေနဲ့ ပေါ့ ရှင် ။
ပြန်လာမဲ့ရက် ၅ ရက်လောက် အလိုမှာ သမီးလေး ဖုန်းဆက်လာပါတယ် ။
” ဟယ်လို မေကြီး ”
” အေး သမီးရေ ပြောလေ ”
” ဟိုလေ သမီး နောက်အပတ်လောက်ပြန်လာမှာမို့
အဲ့ဒါ ဖေကြီးကို လာကြိုပေးဖို့ ဖုန်းကြိုဆက်တာပါ ”
” အော် အေးအေး မေကြီး ပြောထားလိုက်ပါမယ် ”
ကို ပြန်လာတော့ သမီးလေး ကျောင်းပိတ်လို့ ပြန်လာတော့မှာရယ် ပြန်လာရင် ကားဂိတ်မှာ လာကြိုပေးဖို့ရယ် ပြောလိုက်တော့ စိတ်မပါ့တပါနဲ့
” အေး အေး ” လို့ ပြန်ပြောလေရဲ့ ။ ကျမကတော့ သမီးလေးပြန်လာရင် ဘယ်ကနေ စပြောရမလဲဆိုတာ အတွေးထဲမှာ စာတွေစီလို့ပေါ့ ရှင် ။
သမီးလေးပြန်လာတော့ ကျမတို့အိမ်လေး ဆူဆူညံညံ
နဲ့ သားသားကလဲ သူ့အမပြန်လာလို့ပျော်နေပါတယ် ။
သမီးလေးက ပြန်လာချိန်လေး သူ့သူငယ်ချင်းတွေနဲ့
လျှောက်လည်ရင်းမုန့်စားမယ် သူငယ်ချင်းအိမ် ခနတဖြုတ် လည်ချင်တယ်ပြောလို့ ခွင့်ပြုပေးလိုက်ပြီး
ရောက်ရောက်ချင်းမို့ ကျမလဲ ပြောဖို့ကို အရိပ်အခြည်
ကြည့်နေရပါတယ်။
ကိုကတော့ ဖုန်းကို ပုံမှန် ပြောနေကျအတိုင်း မပြောင်းလဲပါ။ ဒီအပတ်တော့ ကိုတယောက် ပြည်ကိုမပြန်ဖြစ်ပါ။
တစ်ရက် သူ့အဖေရုံးသွားချိန် သမီးလေးကို စကားစဖို့
ခေါ်လိုက်ပါတယ်။
” သမီးရေ ခဏလာပါအုံး ”
” ဟုတ်ကဲ့ မေကြီး ဘာခိုင်းမလို့လဲ ဟင် ”
” မေကြီး ပြောအုံးမယ် နင့်ဖေလေ ခုနောက်ပိုင်း
ဖုန်းပြောရင် အိမ်အောက်ဆင်းဆင်းပြောနေတာ ကြာပြီ ။ ပြီးတော့ messanger တွေ ဘာတွေမှာ ဘယ်သူနဲ့ စာရေးနေလဲ ဘာလဲ တစ်ချက်လောက် ကြည့်ကြည့်
ပါလား ” ဆိုတော့
” ဟာ မေကြီးကလဲ ပေါက်ကရတွေ သူ့ privacy ကို
အဲ့လိုမလုပ်ပါနဲ့ မဟုတ်လောက်ပါဘူး မေကြီးရယ် ”
” နောက်ပြီး ဖုန်းကို ယူကြည့်လို့ ဖေကြီးက ပေးမှာ
မဟုတ်လောက်ဘူး ” ” ထားလိုက်ပါ မေကြီးရယ် ”
ကျမလဲ မသိသလိုနဲ့ သမီးကိုချော့ပြီး
” လုပ်ပါ သမီးရဲ့ မေကြီး သံသယဝင်နေတာလေး
ဟုတ် မဟုတ် သိချင်ယုံပါ ” ပြောတော့
” ဟုတ်ကဲ့ပါ ဒါဆိုလဲ သမီး အခြေအနေကြည့်ပြီး
ကြည့်လုပ်လိုက်မယ်လေ နော် ” တဲ့
ရက်အနည်းငယ်အကြာမှာ သမီးဆီက သတင်းရပါပြီ
” မေကြီးရေ မေကြီးရေ “ဆိုပြီး မျက်လုံးကြီးပြူးပီး
တော့
” မေကြီး သံသယက မှန်နေတယ် ” တဲ့
” ဟေ ဟုတ်လား ပြောပါအုံး ”
” ဖေကြီးက မိန်းမတယောက်နဲ့ messanger မှာ စာ
တွေရေးထားတာ ဖတ်ရတယ် ”
” အေး နင့်ဖေ အာစရိယပူဇော်ပွဲက ပြန်လာပြီးထဲက အဲ့လိုဖြစ်သွားတာပဲ ၊ ညညဆို ၇ နာရီပတ်ဝန်းကျင်မှာ ဖုန်းတစ်ခုလာတယ် အိမ်အောက်မှာပဲ သွားသွားပြောတယ် မေကြီးလဲ မသိချင်ယောင်ဆောင်နေနေတာ ဘယ်လိုလုပ်ကြမလဲ သမီးရေ ” ဆိုတော့
သမီးလေး ခန ငြိမ်သွားပါတယ် ။
ကျမလဲ သမီးမျက်နှာကြည့်ရင်း စကားကို ခနရပ်ထား
လိုက်ပါတယ်။
မိသားစုတွေ ညစာစားကြပြီးချိန်ကို့ဖုန်းကို ဖုန်းဝင်လာပါ
တယ်။ ကိုက ဖုန်းယူပြီး အိမ်အောက်ဆင်းဟန်ပြင်နေ
စဥ် သမီးလေးက
” ဖေကြီး ဘယ်သွားမလို့လဲ ”
” အောက်ခနသွားမလို့ လေ ”
“ဖေကြီးကလဲ ဖုန်းပြောတာ အိမ်ပေါ်မှာပြောလဲ ရတာပဲ
လေ ဘာလို့လဲ ဖေကြီးရဲ့ ”
” သမီးရယ် သမီးကိစ္စမဟုတ်ဘူးလေ ဖေကြီး
အလုပ်ကိစ္စတွေ အဲ့လို ဝင်မပြောရဘူးလေ ” ဆို
တော့
ကျမလဲ စိတ်မထိန်းနိုင်တော့ပဲ
” ဟုတ်တယ် သမီးအလုပ်မဟုတ်ဘူး ကျမအလုပ်ပဲ”
ဆိုပြီး ဖုန်းကို ပြေးလုလိုက်ပါတော့တယ် ။
သမီးက” အဲ မေကြီး အဲ့လိုမလုပ်ပါနဲ့ ”
အော်တဲ့ကြားထဲက ဘာမှကို မကြားတော့ပဲ
” ကျမ ရှင့်ကို ကြည့်နေတာကြာပြီ အာစရိယပူဇော်
ပွဲက ပြန်လာပြီးထဲက ဆိုပါတော့ ဟမ်
ဖုန်းက အချိန်မှန်လာတယ် ဖုန်းလာတိုင်း အောက်ဆင်း
ပြောတယ် ၊ ဘာတွေပြောရတာမို့ ကျမတို့ရှေ့ ပြော
မရတာလဲ ၊ ရိုးသားတဲ့ စကားတွေ မဟုတ်လို့လား
ဟင် ပြောပါအုံး ပြည်ကို အကြောင်းအမျိုးမျိုးရှာ
ပြန်တယ် ကျမ မသိချင်ယောင်ဆောင်နေခဲ့တာပါ
ဘီးတခုလိုပဲ အရှိန်သေရင်ရပ်သွားမှာပါ ဆိုပြီးတော့
စောင့်ကြည့်နေခဲ့တာ ခုက မရပ်ပဲ ပိုဆိုးဆိုးလာ
တယ် ”
” ရှင် အခု ဘာလုပ်မှာလဲ ပြော ” ” ကဲ ပြောစမ်းပါ ”
” ငါက ဘာလုပ်ရမှာလဲ ”
” အော် ရှင်က ဘာလုပ်ရမှာလဲ မသိဘူးပေါ့ ”
” ဟုတ်ပြီ ရှင် ဘာလုပ်ရမယ်ဆိုတာ မသိဘူးဆိုရင်
ကျမ ပြောမယ် ”
” ရှင့်ကို အချိန်တစ်ခုပေးမယ် ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ အဲ့မ်ိန်းမနဲ့ ပတ်သက်တာ
ကျမ မကြိုက်ဘူး အဲ့တော့ ရှင်တို့ ဇာတ်လမ်း ခု
သိမ်ရာကဖြတ်ပါ ”
” ကျမ စောင့်ကြည့်မယ် ”
ကျမက တရစပ်ပြောနေပေမဲ့ ကိုကတော့ ဆွံ့အလို့
နေလေရဲ့၊ ကျမရဲ့ စိတ်တွေလွတ်ထွက်သွားခဲ့ရပါပြီ။
ရန်ဖြစ်ပြီးနောက်ပိုင်း ဖုန်းလာတာ သိပ်မတွေ့ရတော့ပါ
မနက်တွေ နေ့လည်တွေ ရုံးမှာလာရင်တော့ မသိရဘူး
ပေါ့ ရှင် ။ ပြည်ကိုလဲ အပတ်တိုင်းမသွားတော့ပဲ
သွားဖို့တော့ ကြံစည်နေမှာပါ ။ ဒီကြားထဲ မိသားစု
တွေ ပုံမှန်ဆက်ဆံရေးလေးနဲ့ ငြိမ်သက်နေပါတယ် ။
နှစ်ပတ်လောက်အကြာမှာ ကျမက ကို့ကို
” ရှင့်အဖြေ ထွက်ပလား ”
” အေးပါကွာ ငါ သာမန်မိတ်ဆွေ တစ်ယောက်လိုပဲ
ဆက်ဆံမှာပါ ”
” ဟုတ်ပီလေ ” ဆိုပြီး ကျမ လက်ခံပေးလိုက်ပါတယ်။
သမီးလေးပြန်လာပြီးထဲက ကျမတို့သားမိ ၃ယောက်
အတူတူ အိပ်ကြပြီး ကိုက. ဟိုဘက်အခန်းထဲ
တစ်ယောက်ထဲ အိပ်ပါတယ် ။ အဲ့လိုအိပ်ရလို့
လွတ်လပ်ရေးရသွားမှန်း ကျမ နောက်မှ သိရပါတယ်
ရှင် ။
တစ်ရက်မှာ ကျမ မနက် ၄နာရီလောက်နိုးနေတာနဲ့
ထမင်းဟင်း စောစောလေးချက်မယ်ဆိုပြီး ထလိုက်
ပါတယ် ။ ကို့အခန်းဘက် လှမ်းကြည့်လိုက်ချိန် သူမရှိ
နေပါဘူး ၊ အပေါ့အပါးများသွားတာလားဆိုပြီး
အိမ်သာဖက် တချက်လှမ်းကြည့်တော့လဲ မရှိတာမို့
ကျမလဲ လန့်ဖြန့်ပြီး အ်ိမ်ရှေ့ ဘုရားခန်းအပေါက်က
အိမ်အောက်ဖက် လှမ်းကြည့်လိုက်ပါတယ် ။
ကိုယ်တော်ချောက ကုတ်ကုတ် ကုတ်ကုတ်နဲ့ အပြင်
က ပြန်လာပုံရပါတယ် ။ ဘယ်အချိန်ထဲက ထသွားလဲ
တော့ မသိပါ ။
ကျမလဲ မနက်စောစော ရန်မဖြစ်ချင်တာနဲ့ မသိသလို
ပဲနေပြီး လုပ်စရာရှိတာများကို တန်းစီလုပ်ရင်း ဒေါသ
ကို ဖြေဖျောက်နေမိပါတယ် ။ ငါ့ကိုလိမ်တာ ညနေကျ
တွေ့မယ်ဆိုပြီး စိတ်ထဲကကျိန်းနေရင်း ပေါ့ ရှင် ။
ညစာစားပြီးချိန် ကျမကပဲ စကားစလိုက်ပါတယ် ။
” ရှင် မနက်က ဘယ်သွားတာလဲ ”
” လမ်းလျှောက်တာပါ ” တဲ့
” ဖုန်းလာလို့လား ” ဆ်ိုတော့
” မင်းလဲ တဆိတ်ရှိ ဒါပဲ ထင်နေတာလား ” တဲ့
” အဲ့ဒါဆို ဖုန်းပြ ” ဆိုပီး အဝင် အထွက် call တွေ
ကြည့်မယ်ပြောပြီး ဖုန်းကို တောင်းတော့ ဖုန်းကိုမပေး
ပါ ။
” ရှင် ရိုးသားရင်ပြလေ ”
” မပြနိုင်တာ မရိုးသားလို့ပေါ့ ”
” မနက်က လမ်းလျှောက်တာ ဖုန်းသွားပြောတာမို့ပေါ့”
လို့ ပြောရင်းနဲ့ စကားများကြပြန်ပါတယ် ။
သမီးလေးက
” ဖေကြီးရယ် မေကြီးမကြိုက်ဘူးဆိုတာကို
ရပ်လိုက်လို့ မရဘူးလား ဟင် “လို့
ပြောရှာပါတယ် ။ သူ့ဆီက အဖြေထွက်မလာပါ ။
အဲ့အချိန်မှာပဲ ဖုန်းဝင်လာပါရော ရှင် ၊
ကို တယောက် ကိုင်ရခက်နေချိန် ကျမက
“ကိုင်လိုက်လေ ” ပြောလိုက်တော့ မကိုင်ပဲ ဖုန်းကို
အသံပိတ်လိုက်ပါတယ် ။ ကျမလဲ ဘာမပြော
ညာမပြောနဲ့ ဖုန်းကို ဆွဲလုပြီး ကိုင်လိုက်ချိန်
ကိုက ပြန်ဆွဲလုနဲ့ ရုန်းရင်းဆန်ခပ်တွေ ဖြစ်ကုန်ပြီး
ကိုက ဖုန်းကိုယူပြီး အောက်ဆင်းသွားပါတယ် ။
ကျမလဲ ဒေါသအရမ်းထွက်လာတာကို မထိန်းနိုင်
တော့ပဲ ” အေး ပြန်မလာခဲ့နဲ့ အဲ့ဇာတ်လမ်း မသိမ်းပဲ
အိမ်ကိုပြန်မလာနဲ့ ထွက်သွား ငါတ်ို့နဲ့ မနေနဲ့ ” ဆ်ိုပြီး
အော်ဟစ်ပြောဆိုရင်း ချုံးပွဲချ ငိုချမိလိုက်ပါတော့တယ် ရှင် ။ သမီးလေးနဲ့ သားသားကတော့ ဖေကြီးရေ
မသွားပါနဲ့ ပြန်လာခဲ့ပါ အထပ်ထပ်ခေါ်ရင်းက
ကိုကတော့ အမှောင်ထဲမှာ တရွေ့ရွေ့ထွက်သွားနေပါ
ပြီ….
” အဆုံးသတ် ” အပိုင်း (၄) ဇာတ်သိမ်းပိုင်း
ညတစ်ညလုံး ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါ ၊ ကိုများပြန်လာမလား မသ်ိစိတ်ကမျှော်လင့်ရင်း…..
သမီးလေးနဲ့ သားသားလဲ တလှုပ်လှုပ်နဲ့ သူ့အဖေ ပြန်လာနိုးနိုး တံခါးခေါက်သံကို နားစွင့်နေကြတယ်ထင်ပါရဲ့….
ဒါပေမဲ့ ကိုကတော့ ပြန်ရောက်မလာခဲ့ပါ…..
မနက်ရောက်တော့ သားအမိတစ်တွေ အတွေးကိုယ်စီ
နဲ့ စကားမပြောဖြစ်ကြပါ ၊
သားသားက ကျောင်းသွားတော့ ကျမနဲ့ သမီးလေး
ကျန်ခဲ့ချိန် သမီးလေးက ဖေကြီးဆီဖုန်းဆက်အုံးမယ်
ပြောပြီး ဆက်နေပါတယ် ။
ကိုက သူ့သူငယ်ချင်းအိမ်မှာနေပြီး ရုံးတက်ရုံးဆင်း
လုပ်နေတယ် ပြောပါတယ် ။
တစ်ပတ်လောက်နေတော့ ကိုတယောက် အစာအိမ်ရောင်ပြီး ဗိုက်အောင့်နေလို့ နေမကောင်းဘူးလို့ သူ့သူငယ်ချင်းက လှမ်းပြောပါတယ် ။
ကျမလဲ ပြန်လာချင်ရင် ပြန်လာဖို့ပြောလိုက်တော့
သူ့သူငယ်ချင်းက လာပို့သွားပါတယ် ။
သမီးလေးကတော့ သူ့အဖေကို အရိပ်တကြည့်ကြည့်
နဲ့ လိုအပ်တာလေးတွေ ကူပေးရင်း ပြုစုနေလေရဲ့…
ကျမနဲ့ကတော့ မေးတစ်ခွန်း ပြောတစ်ခွန်းလောက်သာ ပြောဖြစ်ပါတယ်….
အဲ့လိုနဲ့ မထင်မှတ်ပဲ”ကို” ဒေသပြောင်းရွှေ့ရပါတယ်။
ပြည်မြို့နဲ့ သိပ်မဝေးလှတဲ့ ဇီးကုန်းမြို့ကိုပါ….
“ကို” ပြောင်းသွားတော့ ကျမကလဲ စျေးထဲမှာ အထည်ဆိုင်အလုပ်ရယ် သားသားရဲ့ကျောင်းက တန်းလန်းရယ်မို့ နောက်မှ တစ်မျိုးစီစဥ်မယ်ဆိုပြီး ချက်ချင်း လိုက်မသွားနိုင်ခဲ့ပါ….
“ကို” ပြောင်းသွားပြီးနောက် ကျမလဲ ပြည်က သူ့သူငယ်ချင်း ကိုထွန်း ကို ဆက်သွယ်ပြီး သူ့အခြေအနေကို ပြောပြထားလိုက်ပါတယ် ၊ နောက်ထပ် ဒီလိုမျိုးထပ်ဖြစ်ခဲ့ရင်လဲ ကျမက်ို အားမနာပဲ အသိပေးဖို့ပါပြောထားလ်ိုက်ပါတယ်….
ကိုကတော့ တစ်ပတ်တစ်ခါလောက် ကလေးတွေနဲ့ ဖုန်းပြောဖြစ်ကြပေမဲ့ ကျမနဲ့တော့ မပြောဖြစ်ပါ….
(ပြောချင်စိတ်လဲ မရှိတော့ပါ) ။
တစ်လလောက်အကြာမှာတော့ ကိုထွန်းဆီက ဖုန်း
လာပါတယ်….
နင်တို့ ဇီးကုန်းကိုလိုက်မသွားဘူးလား မေးပါတယ် ၊
ဆိုင်တဖက်နဲ့ သားသားကျောင်းက တန်းလန်းမို့
လ်ိုက်မသွားဖြစ်ဘူး ပြောလိုက်ပါတယ် ၊
ကိုကတော့ ပြည်ကိုပြန်လာကြောင်း သူ့အိမ်ကိုမသွားပဲ
အေးမောင်ဆိုတဲ့ သူငယ်ချင်းတိုက်ခန်းမှာ ဟ်ိုအမျိုး
သမီးနဲ့ အတူတူနေကြောင်း အေးမောင်က ပြောပြလ်ို့
သိရကြောင်းပါ ပြောပါတယ်….
ကျမ သိပ်မအံ့သြတော့ပါ ။ ဘာလို့လဲဆ်ို….
နောက်ထပ်မလုပ်လောက်တော့ဘူး ထင်ထားပေမဲ့
ဒီလိုလုပ်ဘူးသူတစ်ယောက်ဟာ နောက်ထပ် ထပ်လုပ်
ဖို့ ဝန်မလေးတော့ကြောင်း သိနေလို့ပါပဲ…..
ကျမ ဆုံးဖြတ်ချက်တစ်ခု ချမှဖြစ်တော့မှာမို့….
ညနေရောက်တော့ ကို့ဆီကို ဖုန်းဆက်လိုက်ပါတယ်
ကိုထွန်း ပြောပြတာတွေ အကုန်ပြောပြလိုက်တော့
ကို့မှာ ပြန်ပြောစရာအဖြေရှိမနေပါ….
ရှင် သူနဲ့ မပြတ်သားနိုင်ရင် ကျမတို့ မိသားစုကို အဆက်အသွယ်ဖြတ်ဖို့ ပြောလိုက်ပါတယ်….
ဘယ်သူမှ ကြားဝင်ညှိနှိုင်းလို့မရတဲ့ အနေအထားကို
ရောက်သွားပါပြီ….
တရားဝင်မကွာရှင်းရသေးတဲ့ ကွဲနေတဲ့ အိမ်ထောင်
ရေးလို့ပဲ ဆိုပါတော့ ရှင်…..
အဲ့နောက်ပိုင်း ကိုက ရံဖန်ရံခါ သူ့သူငယ်ချင်းအ်ိမ်ကိုဝင်လာရင်း ကလေးတွေကို ခေါ်တွေ့ပါတယ် ၊
သမီးလေးကျေင်းသွားချိန်ဆို ကျမနဲ့ သားသားတို့
နှစ်ယောက်ထဲ နေသားကျဖို့ တော်တော်ကြိုးစားခဲ့
ရပါတယ် ။
ကျမနဲ့ကိုရဲ့ ဆက်ဆံရေးကတော့ တဖြည်းဖြည်းနဲ့ ဝေးကွာခဲ့ရပါပြီ…..
အရင်အချိန်တွေက နွေးထွေးတဲ့မိသားစုဘဝလေးကို
ပြန်တမ်းတမိရင်း စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ
ကျသွားချိန်မှာ ဖေးမမဲ့ ရင်ခွင်တခုကို မျှော်မှန်းလ်ို့
လွမ်းမိပေမဲ့….
ကိုကတော့ အဝေးဆုံးကို ထွက်သွားခဲ့ပြီပဲ လေ….
နောက်ပိုင်းမှာ ကျမလဲ ကိုထွန်းဆီကို ဖုန်းမဆက်တော့
သလ်ို ကိုထွန်းလဲ ဖုန်း မဆက်တော့ပါ…
သြော်…..
ခုဆို သမီးလေးတောင် ကျောင်းပြီးလို့ ဘွဲ့ယူရတော့မယ်…
သမီးလေး ကျောင်းပြီးတဲ့နှစ်မှာပဲ ကိုက ကွာရှင်းခွင့်
တောင်းလာပါတယ်…..
ကျမ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်….
သမီးလေးက တားပါသေးတယ်…
” မိသားစုအပေါ် သံယောဇဥ်မရှိတဲ့သူက်ို ဘာလို့ဆွဲ
ထားနေမှာလဲ သမီးရယ် ”
“မေကြီးတို့လဲ ပူလောင်တယ် ”
“နင့်ဖေလဲ ပူလောင်နေရတယ် ”
” အဲ့တော့ အားလုံး အေးချမ်းဖို့ မေကြီး ဆုံးဖြတ်လိုက်
တာပါ ”
” သမီးတို့က သံယောဇဥ်မပြတ်နိုင်လို့ တွေ့ချင်ရင်
မေကြီးက အချိန်မရွေးခွင့်ပြုမှာပါ သမီးရဲ့”
” ဖေကြီးက သူစိတ်ချမ်းသာမယ်ထင်တဲ့လမ်း ရွေး
သွားပြီပဲ လေ ”
” တားမရတဲ့အဆုံး ဒီလိုပဲ ဆုံးဖြတ်ရမှာပေါ့ ”
ကွာရှင်းပြီး သ်ိပ်မကြာခင်မှာပဲ “ကို” ဟိုအမျိုးသမီးနဲ့
လက်ထပ်လိုက်တယ် ကြားပါတယ်….
အားလုံးအေးချမ်းသွားကြပြီလို့ ယူဆရင်း သူလဲ
သူ့ဘဝနဲ့သူ ကိုယ်လဲ ကိုယ့်မိသားစုဘဝလေးနဲ့ ပျော်အောင် ကြိုးစားတည်ဆောက်ရင်းပေါ့ ရှင်…..
တစ်နှစ်ခန့်ကြာပြီးနောက်..
တစ်မနက်မှာ ကျမ အိပ်ရာထချ်ိန် စိတ်ထဲ လေးသလိုလို နဲ့မို့ နေများမကောင်းချင်တာလားဆိုပြီး စဥ်းစား
နေခိုက် ဖုန်းတစ်ခုလာတာနဲ့ ထကြည့်လိုက်တော့
ကို့ ကြီးဒေါ်ကြီး ဆီက ဖုန်းဖြစ်နေပါတယ်…
” ဟုတ်ကဲ့ ကြီးဒေါ် ကြီး ပြောပါရှင် ”
” အေး သမီးရေ မောင်ကျော် ဆုံးပြီ ” တဲ့
” ရှင် ဘယ်လိုဖြစ်လို့လဲ ”
” အစာအိမ်သွေးကြောပေါက်ပြီး ဆုံးတာ ” တဲ့
” အော် ဟုတ်ကဲ့ပါ ”
ကိုတစ်ယောက် သူပျော်မယ်ထင်လို့ ရွေးခဲ့တဲ့လမ်းကို
သက်တမ်းစေ့ နေမသွားရပါလား ရှင်….
ကလေးတွေက အထိတ်တလန့်ငိုကြပါတယ်
မင်ိုနိုင်သူက ကျမ ရယ်ပါ…..
ကလေးတွေက. သွားချင်ကြတယ်ပြောလို့
ကျမလဲ သူ့သူငယ်ချင်းကို လှမ်းအကူညီတောင်း
တော့ သူ့ကားနဲ့သွားကြဖို့ ပြင်ဆင်ကြပါတယ် …
ပြည်ရောက်တော့ နာရေးက သူ့မ်ိန်းမအ်ိမ်မှာပါ….
ကျမတို့သားမိတွေ ကို့အမေအိမ်မှာတည်းကျပါတယ်
ကလေးတွေက နာရေးအိမ်သွားမယ်ပြောတော့
ကျမ လိုက်မသွားပါ….
ကို့အမေကတော့ အပူသောကကြောင့်မို့ထင်ပါရဲ့
စကားတောင် မပြောနိုင်ရှာပါ….
၃ ရက်နေလို့ သင်္ဂြိုလ်ချိန်နီးတော့ အားလုံးသွားကြဖို့
ပြင်ဆင်နေကြချိန် ကြီးဒေါ်ကြီးက….
” ညည်းက လိုက်မပို့တော့ဘူးလား ” တဲ့
” မလိုက်တော့ဘူးလေ ကြီးတော်ကြီးရဲ့ ”
” ကျမက ကလေးတွေကိုပဲ သက်သက်လိုက်ပို့ပေး
တာပါ ”
သူ့နာရေးကို လာတာမဟုတ်ပါဘူး သူက ကျမဘဝ
ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်ထဲက သေသွားခဲ့ပါပြီ ကြီးဒေါ် ကြီးရယ် လို့ စိတ်ထဲကပဲ ပြောလိုက်မိပါ တော့တယ် ရှင်…..
ဘဝဆက်တ်ိုင်း ချစ်ခြင်း မုန်းခြင်းကင်းတဲ့ ဘဝကို
သာ ပိုင်ဆိုင်ရပါလို၏ ဟု ဆုတောင်းရင်း……
ချစ်သော စာဖတ်သူအပေါင်းကို အစဥ်ဂါဝရပြု
လေးစားလျှက်ပါ………ရှင့်
14.7.2023
11:00 pm
ကျေးဇူးပါ Admin. ..
———-!!!————-