အင်းကွက်တစ်ထောင် ဦးဘိုးခေါင်

Posted on

တစ်ပွဲစားမုဆိုး
အင်းကွက်တစ်ထောင် ဦးဘိုးခေါင် ( အပိုင်း ၁)
ရေးသူ- ထမံ(တောင်ငူ)
*******

နွေနေ့လည်ခင်းတစ်နေ့…။

ဒုံမင်းခုံရွာက တောလူတို့ ကလေးငယ်တစ်သိုက် လေးခွကိုယ်စီနဲ့ တောစပ်ဆီမှာ ငှက်ပစ်နေကြတယ်။

သူတို့အားလုံးပေါင်း အေရအတြက္က ၈ ယောက်တိတိ။

အားလုံးထဲမွာ တောလူဆိုတဲ့ကလေးက ခေါင်းဆောင်။

တောလူက လေးခွပစ်ရာမှာလည်း လက်အဖြောင့်ဆုံးသူ။

မနက်ထဲက တောစပ်ကို ခြေချလာတဲ့သူတို့အားလုံးထဲမှာ တောလူနဲ့ မင်းညိုတို့ကသာ ငွက္ပစ္ခတ္လို့ ရရှိထားတယ်။

တောလူက ချိုးငှက်နှစ်ကောင်နဲ့ ဆက်ရက်တစ်ကောင် ငုံးတစ်ကောင်။ မင်းညိုက ချိုးတစ်ကောင် ရရှိထားကြတာ။

အခု နေ့လည်ပိုင်းကိုကျ တောစပ်ဆီကနေ သင်ပေါင်းတောဘက်ကို သွားကြမယ်လို့ သူတို့ ကြံရွယ်ထားကြတယ်။

သင်ပေါင်းတောမှာက ဒီအချိန်ဆို သင်ပေါင်းသီးအနုတွေ သီးနေတတ်ပြီ။

သင်ပေါင်းသီးအနုက စားလိုက်ရင် အခြံက ဖန်ပြီး အထဲက အသားကဖြူနုက ထန်းသီးနုပမာ၊ ဝါးလိုက်ရင် တထုတ်ထုတ်နဲ့။

ပြောရရင် သင်ပေါင်းပင်ဆိုတာ အပင်ပု အုန်းအနွယ်၀င် အပင်တစ်မျိုးပဲ။ အနီးစပ္ဆုံး ပြောရရင် သင်ပေါင်းပင်ရဲ့ ဟန္ပန္က ဆီအုန်းပင်၊ အသီးက ဆီအုန်းသီးနဲ့ တူတယ်။

အနှီသင်ပေါင်းသီးတို့က မိုးဦးကျဆိုရင် မှည့်သွားတတ်တယ်။ သင်ပေါင်းသီးက မှည့်ပြီဆို အမည်းရောင်ပြောင်းသွားပြီး အဲ့ဒီ့အခါကျရင်တော့ အထဲက အေစ့ကို စားမရေတာ့ဘဲ မှည့်နေတဲ့ အခွံမည်းကိုသာ စားကြရတယ်။

အရသာက ချိုအီဆိမ့်နေတာရယ်။

အခုအချိန်ကတော့ သင်ပေါင်းသီး မှည့်ချိန်မဟုတ်သေးဘူး။ နွေလယ်ကာလမို့ သင်ပေါင်းသီးစိမ်းတွေ အခိုင်လိုက် အဆုပ်လိုက် ထွက်နေတဲ့ အချိန်ရယ်သာ။

” အားလုံးပဲ သင်ပေါင်းသီးကို ရသလောက်ခူးခဲ့ကြ၊ ငါတို့ ဟိုဘက္ထိပ္က ညောင်ကြပ်ပင်အောက်ရောက်ရင် ငှက်ကင်စားကြမယ်။ ပြီးရင် အဲ့ဒီ့မွာပဲ ညေနအထိ ဆော့ကြမယ်…”

တောလူရဲ့ အစီအစဉ်…။

ကန့်ကွက်ငြင်းပါယ်သူက မရွိ။ အားလုံး တောလူရဲ့ စကားအတိုင်း သင်ပေါင်းသီးအခိုင်အချို့ကို ခူးဆွတ်ပြီး ရည်မှန်းရာ ညောင်ကြပ်ပင်ဆီကို သွားကြတယ်။

ညောင်ကြပ်ပင်ဆီကို ရောက်တော့ ရထားတဲ့ ငှက်တွေကို အမွှေးနှုတ်သူက နှုတ်တယ်။ မီးမွှေးဖို့ ထင်းရှာသူက ရှာတယ်။

တောလူကတော့ အားလုံးကို စီမံကွပ်ကဲရင်းနဲ့။

လူအင်အားကောင်းတာကြောင့် ခဏအကြာမှာတော့ ငှက်တွေက သီတံဆီမွာ စီတန်းလို့ မီးဖိုအပေါ်မှာ ရောက်နေပြီ။

ငှက်ကင်တွေ အက်က္ကို စောင့်ကြရင်း ခူးလာတဲ့ သင်ပေါင်းသီးတွေကို သူငယ်တစ်သိုက် စားသောက်ရင်း စကားတွေဟောင်ပွာလို့ ပြောဆိုနေကြတယ်။

ခဏကြာတော့ မီးဖိုဆီက ငှက်ကင်တွေဆီက ရနံ့သင်းသင်းလေးတွေက ပတ်၀န်းကျင်ကို လွှမ်းခြုံလာလေရဲ့။

ကလေးတွေ ငွက္သားစားရမွာမို့ ပျော်ရွှင်နေကြတယ်။

တောလူက ငှက်တွေကို အကျက်ညီအောင်သီတံတံစို့ကို လှည့်ပေးနေတယ်။

” အဟမ်း…ဟမ်း…”

ရုတ်တရက် ထွက်ပေါ်လာတဲ့ လူကြီးတစ်ယောက်ရဲ့ ချောင်းဟန့်သံ။

ငှက်ကင်တွေဆီကို အာရုံရောက်နေတဲ့ ကလေးတွေ အကုန္လုံး ချောင်းဟန့်သံလာရာဆီကို ကြည့်မိကြတယ်။

” ဟင်…”

ညောင်ကြပ်ပင်ရဲ့ အေနာက္ဆီက ခေါင်းတုံးကြီးနဲ့ အပေါ်ပိုင်းဗလာကျင်းပြီး အောက်က ပုဆိုးကွက်ထောင့်ကြီးကို ခေါင်းတောင်းမြောင်နေအောင် ကျိုက်ထားတဲ့ အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်။

တစ္ကိုယ္လုံးမွာ သူတို့နားမလည်နိုင်တဲ့ ဗမာစာမဟုတ်တဲ့ စာတွေနဲ့ အင်းကွက်တွေ ထိုးနှံထားတယ်။ ပြောင်နေအောင် တုံးထားတဲ့ ခေါင်းမှာလည်း အဲ့ဒီ့လို အင်းကွက်တွေက အပြည့်ပဲ။

လူကြီးက ကေလးတစ္သိုက္ဆီကို ၀င်လာပြီး ထိုင်ချလိုက်တယ်။

” ဟေ့ကောင်လေးတွေ။ ငါ…ဟိုးနားကတည်းက အသားကင်နံ့ရလို့ ရောက်လာတာ။ အဲ့ဒါတွေ ငါ အကုန်စားလိုက်မယ်…”

လူကြီးက ပြောလာတာ။

ဒီတော့ တောလူက…။

” ဟာ…ဘဒွေးကလည်း။ ခင်ဗျားက ဒါတွေအကုန်စားတော့ ကျုပ်တို့က ဘာစားရမွာလဲ…”

” မင်းတို့ကို ငှက်အကောင်နှစ်ဆယ် ပြန်ပေးမယ်…”

လူကြီးက အတည်အတံ့ပြောလာတာ။ တောလူတို့ ကေလးတစ္သိုက္ကေတာ့ မယုံနို်ကြဘူးရယ်။

” ဘဒွေးကလည်း ခင်ဗျားမှာသာ တကယ်ငှက်အကောင်နှစ်ဆယ်ရှိတယ်ဆို ကျုပ်တို့လိုပဲ ကင်စားပေါ့ဗျ။ အခုက ရှိရဲ့သားနဲ့ ကျုပ်တို့ဆီက ဘာလို့လာတောင်းစားနေတာလဲ…”

ကျန်ကလေးတွေက ၀င်ပြောလာတာ။ ဒီအခါက် အင်းကွက်တွေနဲ့ လူကြီးက…။

” ငါ့မွာ တကယ်ရှိတယ်ကွ။ ဒါပေမယ့် ငါက သုံးထပ်ကွမ်း ကျင့်ကြံထားရတဲ့ ပညာစဉ်တစ်ခုကြောင့် မီးကိုထိကိုင်လို့ မရဘူး။ အဲ့ဒါကြောင့် မင်းတို့ဆီက မီးကင်ပြီးသားကို လာတောင်းစားတာပေါ့။ အသားကို ကျက်နေတာ မစားရတာလည်း ကြာပြီ…”

စကားရှည်ရှည် ပြောပါမှ လူကြီးရဲ့ ပါးစပ္ဆီမွာ သွားအစွယ်တွေ ပါနေတာကို တောလူတို့ သတိထားမိကြတယ်။

” အင်းလေ…ဒါဖြင့်လည်း ဘေဒြးမွာ ငှက်အကောင်နှစ်ဆယ်ရှိတယ်ဆို ကျုပ်တို့ကို အရင်ပေး။ အဲ့ဒါရပြီဆို ဒီငှက်ကင်တွေကို ဘေဒြး ယူစားလိုက်တော့…”

” သေချာတယ်နော်…”

လူကြီးက မသေချာမှာစိုးတဲ့ပုံနဲ့ ထပ်မေးတာ။

တောလူတို့အားလုံးက တပြိုင်ထဲကိုပဲ…။

” သေချာတယ် ငှက်တွေတော့ အရင်ရပါစေနော်…”

” ချိုးငှက်တွေချည်းဆို ရလား…”

” ရတယ်…”

လူကြီးက စကားဆက်မပြောတော့ဘူး။

ထိုင်ရာက ထပြီး ညောင်ကြပ်ပင်ကြီးရဲ့ အရိပ်လွတ်ရာကို သွားရပ်တယ်။

ပြီးတော့ ကောင်းကင်ကို မော့ကြည့်ပြီး ချိုးကူသံပြုလို့ လက်ခုပ်သုံးချက်တီးလိုက်တယ်။

နောက်…။

ညောင်ကြပ်ပင်အရိပ်ဆီက ကလေးတွေဆီကို ပြန်လာပြီး…။

” မင်းတို့ ဒီညောင်ပင်ရိပ်မှာ လူဖြန့်ထားကြ။ မကြာခင် ချိုးငှက်တွေ မင်းတို့ဆီကို ပြုတ်ကျလာလိမ့်မယ်။ တစ်ခုတော့ ရှိတယ်နော်။ ကျကျချင်းမှာပဲ မင်းတို့ အျမန္ဆုံး ကောက်ယဲူရလိမ့်မယ်…”

လူကြီးက ခပ်ပြတ်ပြတ်ပြောပြီးတော့ စကားဆကိမဆိုတော့ဘူး။

တင်ပုလ္လင်ခွေထိုင်လို့ မျက်၀န်းတွေကို မွတ္ကာ ငြိမ်သက်နေလေတော့တာ။

” ဖန်း…ဖန်း…ဖန်း…”

ကလေးတွေ လူဖြန့်ခွဲပြီး မကြာဘူး။

ချိုးငှက်တွေ တစ်ကောင်ပြီးတစ်ကောင် ညောင်ကြပ်ပင်ကြီးဆီကို လာရောက်နားကြတယ်။

ညောင်ကြပ်ပင်ကိုင်းနဲ့ ခြေနဲ့ ထိလို့ နးမိတာနဲ့ ချိုးငှက်တွေ အကုန် အောက်ဆီကို ပြုတ်ကျလာခဲ့တယ်။

က်လာတဲ့ ငှက်တွေကို ကလေးတွေက တဟေးဟေးအော်လို့ ၀မ်းသာအားရကောက်ယူနေကြလေရဲ့။

ခဏအကြာမှာတော့ ချိုးငှက်တွေလာရောက်ခြင်းမရှိတော့ဘူး။

ကလေးတွေက သူတို့ရရွိထားတဲ့ ချိုးငှက်အကောင်တွေကို ရေတွက်မိတော့ အင်းကွက်လူကြီးပြောသလို အကောင်နှစ်ဆယ်တိတိပဲ။

” ငါစားလို့ ရပြီလားဟေ့…”

အင်းကွက်လူကြီးက မွတ္ထားတဲ့ မျက်၀န်းအစုံကို ဖွင့်ပြီးမေးလာတာ။

” ငါစားလို့ ရပြီဟေ့ …”

ကလေးတွေက သံပြိုင်ပြန်အော်တယ်။

ကလေးတွေရဲ့ အော်သံလည်းဆုံးရော အင်းကွက်လူကြီးက ထိုင်ရာကနေ ထပြီး ဟန်တောင်မဆောင်တော့ဘဲ ငှက်ကင်တွေကို အရိုးတောင်မဖယ်တော့ဘဲ တဂျွတ်ဂျွတ်နဲ့ ဝါးစားတေ့ာတာပဲ။

ကလေးတွေမှာတော့ ငှက်တွေကို ကိုင်ရင်းက လူကြီးစားသောက်နေတာကို ကြည့်ပြီး ကြောင်အမ်းလို့ နေမိကြတော့တာရယ်။

******

” မင်းတို့ရွာ ဒီရက်ပိုင်း လူသေတာတို့။ ဒါမှမဟုတ် သချိုင်းဆီမှာ လတ္တေလာ သေလို့ မြှုပ်ထားတာတွေများ ရွိသလား…”

စားသောက်ပြီးတော့ အင်းကွက်နဲ့ လူကြီးက မေးလာတယ်။

” အို…ရှိတာပေါ့ဗျ။ မနေ့ကတင် ဦးလေးတင်ခိုင်ရဲ့ သမီးမလှခင် ပိုးထိသေတာ။ သဘက်ခါဆို သဂြိုဟ်မှာဗျ။ အခုတော့ သူ့အသုဘမှာ လောင်းကစားဝိုင်းတွေနဲ့ စည်ကားနေတယ်ရယ်…”

တောလူက ဖြေလိုက်တာရယ်။ အင်းကွက်လးကြီးက ၀မ်းသာသွားဟန်နဲ့…။

” ဟုတ္လား အသက္ကေကာ ဘယ်လောက်တဲ့လဲ…”

” သူ့ အသက္က ဘယ်လောက်လဲတော့ ကျုပ်တို့လည်း မသိဘူးဗ်။ သူက အပျိုတော့ ဖြစ်နေပြီ။ ကွမ်းတောင်တွေ၊ ဘာတွေတောင် ကိုင်တယ်ဗျ…”

” ဪ…”

အင်းကွက်လူကြီးက နှုတ်ဆိတ်သွားတယ်။

” ဒါနဲ့ ဘေဒြးက ဒီကို ဘာလာလုပ္တာလဲ…”

” ငါလား…ငါ့ရွာတည်မလို့ ငါ့ရွာအတွက် လူလာရွာတာ…”

” ရွာ…ဟုတ္လား…”

” ဟုတ်တယ် “

” ဘာရွာတည်မှာလဲ။ ကျုပ်တို့များ သိလို့ရမလား…”

” နာမည်က ဆီမီးမတောက်ရွာတဲ့ကွ…”

” ဆီမီးမတောက်ရွာ နာမည်က အဆန်းပဲ။ ကျုပ်တို့ကော လာလို့ရမလား…”

” ဟုတ်တယ်။ ဆန်းတယ်။ ဒါပေမယ် မင်းတို့တော့ လာလို့မရဘူး။ ဘာလို့လဲဆိုတော့ ငါ့ရွာမှာ သေပြီးသားလူတွေပဲ နေလို့ရတယ်။ ပြီးတော့ မီးမသုံးရဘူး…”

” ဟာ…ဒါဖြင် ဘကြီးရဲ့ ရွာက သချိုင်းကြီးပေါ့…ဟား………..”

ကလေးတွေက သူတို့ဘာသာဘာ၀ မတွေးမတောနိုင်ဘူး။ တောကျော်က ဟာသတစ်ခုအဖြစ် ပြောလိုက်တာကို ကြားကြပြီး လူကြီးကို ဟားတိုက်လိုကိကြမိတာရယ်။

” ဟေ့ကောင်တွေ တိတ်တိတ်။ ဘယ့်နှယ့်လို့ သချိုင်းရပ်ါမလဲ။ ငါ့ရွာမျာနေမယ့် အဲ့ဒီ့လူတွေကို ငါက အသက်ပြန်ရှင်စေမှာ…”

” ဟာ…လူသေကို အသက်ပြန်သွင်းလို့ ရတယ္လား…”

” ရတာပေါ့ကြာ…”

အင်းကွက်လူကြီးက ပြောတော့ တောလူတို့ အေသအခ်ာ တွေးတောပြီး အံ့သြနေကြလေတယ်။

” ကဲ…ကဲ ငါလည်း စားသောက်လို့ပြီးပြီ။ မင်းတို့လည်း ငှက်တွေအစားပြန်ရပြီ။ ငါ သွားတော့မယ်…”

လူကြီးက နှုတ်ဆက်လို့ ထွက်ခွာသွားခဲ့တယ်။

တောလူတို့က ကလေးတွေဆိုတော့ အင်းကွက်တွေနဲ့ လူကြီးကို ခဏပဲ စိတ်၀င်စားမိနေကြပြီး မြင်ကွင်းက ကွယ်ချိန်မှာတော့ ရထားတဲ့ ချိုးငှက်တွေကို မီးကင်စားဖို့ လုပ်နေကြတော့တာပဲ။

*****

လှခင်ရဲ့ နာရေးဆီမှာ လူသူတွေ ဝေး…ဝါး…နဲ့ အော်ဟစ်နေကြတယ်။

အရင်နေ့တွေက ဖဲဝိုင်းနဲ့ အကောင်ဝိုင်းစသဖြင့် ဝိုင်းကလေးတွေ ကွဲလွဲနေပေမယ့် ဒီညနေမှာတော့ ဖဲဝိုင်းတစ်ခုရယ်သာပဲ ရှိနေတယ်။

ဝိုင်းက တစ်ဝိုင်းထဲဆိုပေမယ့် လူသူကေတာ့ တိုးလို့ကို မပေါက်နိုင်တာ။ ကြိတ်ကြိတ်တိုး အုတ်အုတ်ကျက်ကျက်နဲ့။

” လာဟေ့…လာဟေ့ ထိုးထားကြ။ ထိုးထားကြ…”

ဝိုင်းအလယ်ဆီက အသံပြာပြာနဲ့ အော်သံကြီး။

အသံရှင်က ဦးခေါင်းပြောင်ပြောင်ဆီမှာ အင်းကွက်တွေအပြည့်ထိုးနှံထားတဲ့သူ။ ဖျဉ်အင်္ကျီအစုတ်ကြီးကို ရင်ဘက်ဟပြဲ၀တ်ထားပြီး ပုဆိုးအျပာ ကွက်ထောက်ကြီးနဲ့။

သူ့အရှေ့မှာတော့ ငွေပုံကြီးက ဟည်းထိနေတယ်။ ထိုးနှံသလောက် ငွေကြေးကို သူ အလျော်ပေးနိုင်တယ်ဆိုတဲ့အကြောင်း နှုတ်ဆီက တစ္ဖြဖြ အော်နေတယ်။

” ထိုးထားနော်…ထိုးထားကြ။ ငွေနဲ့ထိုးရင် ငွေလျော်မယ်။ လူနဲ့ထိုးရင် လူလျော်မယ်ဟေ့…”

အင်းကွက်နဲ့လူကြီးက ထအော်လေတာ။ ဒါပေမယ့် သူ့မျက်၀န်းတွေကတော့ ကစားဝိုင်းဆီထက် လှခင်ရဲ့ အလောင်းရှိရာဆီမှာသာ ရစ်ဝဲနေတယ်။

ထိုးသူတို့က ကြိတ်ကြိတ်သည်းသည်း။ ဖဲကလည်း ကြွေတစ်လှည့် ကြက်တစ်ခုန်၊ ဘုံလုံတစ်လှာ့် ငါးပျံတစ်လှည့်။ အင်းကွက်ကြီးက နိုင်လိုက်၊ ထိုးသားတွေက နိုင်လိုက်နဲ့ပဲ။

တစ်ခါတစ်လေဆို အင်းကွက်ကြီးဆီမှာ ငွေပြားဂဏန်းသာ ကျန်တော့တယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အင်းကွက်ကြီးက အပြုံးမပျက်ဘူးသလို အရင်းချတာ မပြတ်သေးတော့ ထိုးသားတို့က ဆက်ထိုးကြရင်း ငွေပုံကြီးက ပြန်ပြန်မောက်တက်လာပြန်တာပဲ။

တဖြေးဖြေးနဲ့ အချိန်က မှောင်ရီသမ်းလာခဲ့ပြီ။ မီးထွန်းကြတော့မယ့်အချိန်ကို ရောက်လာတယ်။

အဲ့ဒီ့အချိန် အင်းကွက်ကြီးရဲ့ အရှေ့က ပိုက်ဆံပုံကြီးဆီက ထိုးသားတို့ဆီကို ပြန်လည်လို့ ရောက်ကုန်ကြတယ်။

” ကဲ…ငါပြန်တော့မယ်ဟေ…”

အင်းကွက်ကြီးက ဖုတ်ဖပ်ခါလို့ ထတယ်။

ပြီးတော့ သူ့ပစ္စည်းအချို့ကို ကောက်ယူပြီး နေရာက ထြက္လို့ ခြံအပြင်ကို ထွက်သွားတယ်။ ပြီးတော့ ခြံ၀ဆီမှာ လှခင်အလောင်ဆီကို မသိမသာကြည့်ပြီး ဖနောင့်သုံးချက်ပေါက်လို့…။

” လှခင်…ငါရွိရာ ဒီညလာ။ ငါ့ ရွာမှာနေ နင်စံမြန်း…”

လို့ တီးတိုးရေရွတ်လို့ ထွက်သွားပါတော့တယ်။

အင်းကွက်ကြီးပြန်သွားပြီးတော့ ထိုးသားတွေက သူတို့ငွေတွေကို ပြန်စစ်ကြည့်ကြတယ်။

အဲ့ဒီ့မွာ ထူးဆန်းတာ ထပ်ကြုံရပြန်တာက ထိုးသားတိုင်း ဘယ္သူမွ မနိုင်ကြသလို၊ ဘယ်သူမှလည်း ရွုံးမေနဘူး။

အားလုံး အင်းကွက်ဆီမှာ စကစားစဉ်က ရှိနေတဲ့ ငွေပမာဏအတိုင်းပဲကို ရှိနေလေတာ။

” ဒီလူကြီးကတော့ ငွေလှည့်အတတ်နဲ့ ငါတို့ကို လုပ်သွားပြီ…”

တတ်သိနားလည်သူတစ်ဦးက ဆိုလေတာ။

သို့ပေမယ့်လည်း အင်းကွက်ကြီးက ဘာရည်ရယ်ချက်၊ ဘာအကြောင့်ကြောင့် သူတို့ရွာကို ရောက်လာခဲ့ပြီး အခုလို ကစားဝိုင်းဆီမှာ ငွေလှည့်တဲ့အတတ်ကို သုံးသွားတယ်ဆိုတာကိုတော့ ဘယ္သူကမွ ရိပ္မိမေနခဲ့ပါဘူး။

******

ညက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

လှခင်တို့အိမ်ဆီက ဖဲကစားဝိုင်းမှာ အောက်လင်းမီးတွေနဲ့ ဖဲသမားတွေ ဖဲမီးလွုံ၊ ကစားနေကြဆဲပဲ။

အချိန်က သန်းခေါင်ယံဆီကို တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်။

” ဝေါ…ဖေရာ ဖေရာ…”

ရုတ်တရက် အိမ်အနီးအနား၀န်းကျင်က ဆက်ရက်တွေ အိပ်တန်း၀င်ရာ ပေါက်ပင်ကြီးဆီက ငှက်အုပ်ပြိုသံ။

ဖဲကစားနေကြတဲ့သူတွေ ရုတ်တရက် လန့်သွားကြတယ်။

” တစ်ယောက်ယောက် ငှက်ပစ်တာကြောင့်ထင်တယ်…”

တစ်ယောက်ရဲ့ မွတ္ခ်က္စကား။

” တောက်…ဒီကောင်တွေကလည်း နာရေးအိမ်နားမှလာပြီးတော့။ ကဲကဲ…ပြန်စကြရအောင်၊ အာရုံပျက်တယ်…”

ထင်ရာမြင်ရာ မှတ်ချက်စကားတွေနဲ့ ငှက်အုပ်ပြိုတာကို ဘယ္သူမွ အာရုံမထားကြတော့ဘူး။ ချက်ချင်းပဲ လောင်းကစားဝိုင်းတွေဆီကိုသာ ပြန်လည်လို့ အာရုံစိုက်နေလိုက်ကြတော့တယ်။

လေခပ်ကြမ်းကြမ်းတစ်ချက် ဝေ့၀ိုက်တိုက်ခတ်သွားတယ်။

ရုတ်တရက် လှခင်ရဲ့ အခေါင်းဆီမှာ ထွန်းပေးထားတဲ့ ဖယောင်းတိုင်မီးတွေ ငြိမ်းသွားတယ်။ ပြီးတော့ လှခင်ကို ထည့်ထားတဲ့ အခေါင်းကြီးရဲ့အတွင်းဆီက…။

” ဂျစ်…ဂျစ်ဂျစ်…”

ထွက်ပေါ်လာတဲ့ ကုတ်ခြစ်သံသဲ့သဲ့ အသံခပ်သဲ့သဲ့။

ဒီအသံကို ကြားမိသူအချို့ရှိပေမယ့် အသံက တိုးလွန်းတာမို့ သိပ်အာရုံမထားမိကြဘူး။ နောက်ထပ် လေပွေကြမ်းကြမ်းတစ်ချက်က ထပ်မံပြီး ဝေ့၀ိုက်တိုက်ခတ်သွားပြန်တယ်။

ဒီအခါမှာတော့ နာရေးအိမ်ထဲမှာ ရွိတဲ့လူသူအားလုံး ရုတ်ခြည်း ခွေခေါက်လို့ အိပ်ပျော်သွားခဲ့ကြလေတော့တာ။

” ဂျစ်…ဂျစ်…”

လှခင်ရဲ့ အခေါင်းဆီက အဖုံးကြီးက အောက်ကို လျောကျလာတယ်။

ပြီးတော့ အတွင်းဆီက မြွေဆိပ်သင့်ထားလို့ မည်းမည်းပြာပြာဖြစ်နေတဲ့ သေဆ့်ုသူ လှခင်၊ ငုတ်တုတ်ကြီး ထထိုင်လာလေတာ။

ပြူးကျယ် ဝိုင်းစက်နေတဲ့ မျက်လုံးအဝိုင်းသားနဲ့ ပတ်၀န်းကျင်ကို လှည့်ကြည့်တယ်။ လှုပ်ရှားမှုတိုင်းက ရုပ်သေးရုပ်လို ခပ်ဖြည်းဖြည်း တစ်ချက်ချင်းဆီ။

လှခင် အခေါင်းဆီကနေ ကုန်းကွကျော်ခွပြီး ဆင်းချလာတယ်။ ပြီးတော့ ခြံ၀ဆီကို လှည့်ပြီး တစ်လှမ်းချင်းလှမ်းလို့ ရွာအပြင်ကို ထွက်သွားလေတော့တာပဲ။

လှခင်ရဲ့ အလောင်းကြီး ထွက်သွားပြီး မကြာခင်မှာတော့ အိပ်ပျော်နေတဲ့သူတွေအားလုံး ပြန်ပြီး နိုးထလာကြလေတာ။ ရုတ်တရက်တော့ သူတို့အားလုံး ဘာဖြစ်တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး။

ဒီလိုနဲ့ပဲ ခင်လှကို သဂြိုဟ်မယ့်နေ့ မနက်လင်းပိုင်းအချိန်ကို ရောက်တော့…။

” အမေလး လုပ်ကြပါဦး။ ကျွန်မသမီးလေး အ…အလောင်းမရှိတော့ဘူး…”

လှခင်ရဲ့ အေမ၊ ဒေါ်လှမီရဲ့ အော်သံ။

တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတယ်။

အခေါင်းထဲမှာ လှခင်ရဲ့ အလောင်းက ရွိမေနေတာ့ဘူး။

တစ်ရွာလုံး ကိုယ်စီကိုယ်ငှ လူစုပြီး လိုက်ရှာကြပေမယ့်လည်း လှခင်ရဲ့ အလောင်းကတော့ ပျောက်ခြင်းမလှ၊ စုန်းစုန်းကို မြုပ်လို့…။

” လုပ်ကြပါဦးတော်။ ကျွန်မ သမီးလေး အလောင်းကို လိုက်ရှာပေးကြပါ…”

ဒေါ်လှမီတစ်ယောက် ရင်ကွဲသံကြီးနဲ့ အော်လေတာ။ ဟုတ်တော့လည်းဟုတ်ပါတယ်။ သမီးဖြစ်သူ ပိုးထိလို့ သေတာက သူ့အတွက် နာကျင်နေရပါတယ်ဆို နောက်ဆုံးအလောင်းက ပျောက်လေတော့၊ နောက်ဆုံးမြေချခွင့်တောင် မရနိုင်တော့ဘူးလေ။

လှခင်အဖေ ဦးဖိုးခိုင်ဆိုလည်း အလောင်းပျောက်မှုဖြစ်စဉ်ကို တွေးတောမရ။ တွေးမရတော့ ဒေါသကထွက်။ ဒေါသထွက်တော့ အရက်တွေသောက် လုံးလည်ချာလည်လည်နေလေတာ။

ဒါပေမယ့်လေ အဲ့ဒီ့တုန်းက အင်းကွက်ကြီးလာသွားပြီးမှ ဖြစ်လာတယ်ဆိုတာကိုတော့ သူတို့ ချက်ချင်း မတွေးထင်နိုင်ခဲ့ကြပါဘူး။

နောက်မှ တောလူတို့က သတိရပြီး ပြောလာလေတော့ အင်းကွက်ကြီးနဲ့ လှခင်အလောင်း ဆက္စပ္လို့ တွေးမိခဲ့ကြရတာ။

ဒါပေမယ့်လည်း ဘာတတ်နိုင်မှာလဲ။

အချိန်နှောင်းသွားပြီ။ အလောင်းလည်း အင်းကွက်ကြီး ခိုးယူတာကို ခံလိုက်ရပြီ

ပြီးတော့အဲ့ဒီ့အချိန်ကတည်းက အင်းကွက်ကြီးဆိုတာကိုလည်း သူတို့ ထပ်မမြင်ကြရတော့ဘူးလေ။

ဒီအဖြစ်အပျက်အပြီး နှစ်လခန့်အကြာမှာတော့။

*****

ကျောင်းကုန်းရွာ…။

သုသာန္ဆီမွာ နာရေးပို့သူတွေနဲ့ လူသူတွေ အုတ်အုတ်ကျက်ကျက်။

သေတဲ့သူက ဖိုးထွေးဆိုတဲ့ အသက်အစိတ်အရွယ် လူရွယ်တစ်ယောက်။

ဖြစ်ပုံက တစ်မြန်နေ့က သူ့တစ်စီးထဲ ဝါးခုတ္ဖို့ တောဆီကိုတက်ရင်း အပြန်ကျတော့ လှည်းမှောက်လို့ နေရာမှာတင် ဆုံးလေတာ။

အခု ဖိုးထွေးကို နာရေးချတဲ့နေ့…။

သုသာန်ထဲမှာ ကျောင်းကုန်းရွာက လူသူတွေအပြင် အခြားရွာဆီက ဖိုးထွေးတို့ အသိုင်းအဝိုင်း အသိအကျွမ်းတွေလည်း အသုဘပို့ ရောက်ရှ်ိနေကြပါလေရဲ့။

လိုက်ပို့ကြတဲ့သူတွေထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်ပါနေတယ်။ ပုံစံက ဘယ်လိုလဲဆိုတော့ တစ္ကိုယ္လုံး အနက်ရောင် အ၀တ်အစားများကို ဆင်မြန်းထားပြီး လွယ်အိတ်အနက်တစ်လုံးကိုလည်း လွယ်ထားလေတယ်။

သူက လူသူအားလုံးအကြားကနေ နဲနဲတော့ ရှောင်ရှောင်ဖယ်ဖယ်နဲ့နေတယ်။ အလောင်းကို မြေချနေချိန် ကျန်တဲ့သူတွေ ပြန်တော့ သူက မျပန္ဘူး။

မြေကျင်းဖို့နေတဲ့လူတွေအကြားမှာ ဟိုဟာရွာသလို ဒီဟာရှာသလိုနဲ့။ မြေကျင်းဖို့တဲ့သူတွေကလည်း သူ့ကို သုသာန်ဓုတင်ဆောင်ဖို့လာတာလို့ပဲ ယူဆနေကြတယ်။

မြေကျင်းဖို့တဲ့သူတွေ ပြန်တဲ့အချိန်ကျတော့ အဲ့ဒီလူက သုသာန်ထဲမှာ ရွိမေနေတာ့ဘူး။ မြေဖို့တဲ့သူတွေကလည်း အမွတ္တမဲ့ပါပဲ။

ဒီလိုနဲ့ ညသန်းခေါင်ချိန်လည်းရောက်ကော ဆူညံတဲ့ အသံမျိုးစုံနဲ့ ဖိုးထူးရဲ့ မြေပုံကြီးက မို့ မောက်တက်လာခဲ့ပြီး ဝုန်းခနဲ ပွင့်တက်လာတယ်။

ပြီးတော့ လှည်းမှောက်ထားလို့ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ဖိုးထူးရဲ့ ရုပ်အလောင်းကြီးက ကုန်းထလာလေတာ။ အလောင်းကောင်ကြီးဆီက သွေးစတို့က မြေဆီကို တစ်စက်စက်ကျနေတယ်။

ခန္ဓာဆီမှာ ကပ်ငြိနေတဲ့ မြေမှုန်တွေကလည်း တဖွားဖွားကျနေတယ်။ အချို့က သွေးစတွေနဲ့ ကပ်ငြိနေတယ်။

နောက်တော့ ဖိုးထူးအလောင်းကောင်ကြီးက မြေကျင်းအပေါ်ဆီကို ကုန်းကွလို့ တက်လာခဲ့ပြီး အနောက်ဘက်အရပ်ကို မျက်နှာမူလိုက်လို့ တစ်လှမ်းချင်းလှမ်းလို့ ထွက်သွားလေတော့တာပဲ။

နောက်တစ်နေ့မနက်ကျတော့ ဖိုးထူးရဲ့ ညီဖြစ်သူက မြေပုံဆီကို လာကြည့်တယ်။ အဲ့ဒီ့မွာ အလောင်းမရှိတော့တာကို သိပြီး တစ်ရွာလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်တော့လေတာပဲ။

တစ်ရွာလုံး အလောင်းနဲ့ ပက္သက္လို့ သဲလြန္စေတြ လိုက်လံရှာဖွေကြတယ်။ သချိုင်းရဲ့ အနောက်ဘက်အတိုင်း တစ္စက္စက္က်ခဲ့တဲ့ သွးစအချို့ကို တွေ့ရတယ်။

အလောင်းကိုတော့ လုံး၀မတွေ့ရလေဘူး။

တောင်ခြေနီးတော့ တောကောင်တွေ ဘာတွေများ တူးပြီးဆွဲသွားသလားလို့ တွေးမိကြတယ်။ ဒါပေမယ့် တောကောင်ဆွဲဖို့ရာကလည်း မြေကျင်းက ယက္ထုတ္ထားတဲ့ပုံ လုံး၀ရွိမေနဘူး။

ပြီးတော့ သွေးစက်တွေ တွေ့ရတဲ့နေရာတွေမှာလည်း စွတ်ကြောင်းတို့ အသားစတို့ကလည်း ရွိမေနေလဘူး။ ပြီးတော့ မြင်နေရတဲ့ ပုံစံက အလောင်းကို တစ်စုံတစ်ယောက်က သယ်သွားရင်သွား၊ ဒါမှမဟုတ်ရင် အလောင်းက လမ်းလျှောက်သွားတဲ့ ပုံစံရယ်လေ။

အခုတော့ စဉ်းစားရတော့ ကြပ်နေကြပြီ။

” မနေ့က မြေကျင်းဖို့နေတုန်းမှာ အ၀တ်အမည်းနဲ့ လူတစ်ယောက် တွေ့မိတယ်။ အဲ့ဒီ့လူမ်ား ဖော်သွားရော့သလား…”

သတိထားမိသူ တစ်ယောက်ကဆိုတယ်။

” ဟုတ္တယ္ဗ်။ အခုကိစ္စက အဲ့ဒီ့လူနဲ့များ ပက်သက်နေမလား…”

” ဟုတ်တယ်။ ဒီလူမနေ့က မြေမြှုပ်နေတာကို ကျင်းအနားလာပြီး ဂါထာမွုတ္သလိုလို၊ မန္တာန်စုတ်သလိုလို လာလုပ်နေသေးတယ်…”

” ဒါဆိုရင်တော့ ဒီလူက အောက်လမ်းတစ်ယောက်ပဲဖြစ်ရမယ်။ အခု အလောင်းပျောက်တာက ဒီလူ့လက်ချက်ဆိုတာ သေချာသလောက်ပဲ…”

စေ့စေ့တွေးတော့ ရေးရေးမြင်ကြပြီ။

မနေ့တုန်းက အသုဘပို့ချိန် လူအများကြားမြင်နေရတဲ့ အနက်ရောင်၀တ်ထားတဲ့သူက ဖိုးထူးအလောင်းကို ခိုးယူသြားတယ္လို့သာ အားလုံးက တစ္ထစ္ခ် ယူဆလိုက်ကြပါတော့တယ်။

*****

ဖိုးထူးကိစ္စပြီးတော့ ကျောင်းကုနုးရွာနဲ့ အတော်လှမ်းတဲ့ ချင်းကုန်းရွာဆီမှာ နောက်ထပ်အလောင်းပျောက်မှုတစ်ခု ထပ်ဖြစ်ပြန်တယ်။

ဒီတစ်ခါ ပျောက်သွားတဲ့ အလောင်းက အသက်သုံးဆယ်အရွယ် မေမွးဥဆိုတဲ့ အမျိုးသမီး။ သေပုံက မီးဖွားရင်း သွေးလွန်ပြီး သေတာ။

ဒါကို ရွာက မီးသဂြိုဟ်ဖို့ စီစဉ်ကြတယ်။ ူာပေမယ့် စီစဉ်နေတုန်း အလောင်းက ထပျောက်လေတာ။

ပျောက်ပုံကလည်း ထူးထူးဆန်းဆန်း။

မနက်ဖြန်မှာ အလောင်းကို မီးသဂြိုဟ်မယ်ပေါ့ စီစဉ်ထားကြတုန်း အဲ့ဒီ့မတိုင်ခင် ညဘက်မှာပျောက်လေတာ။

ကလေးမွေးရင်း သေတာဆိုတော့ ကလေူရော မိခင်ပါအခေါင်းထဲ အတူထည့်ထားကြရတယ်လေ။

ဒါပေမယ့် အလောင်းပျောက်ချိန်မှာတော့ အခေါင်းထဲက ကလေးရော မိခင်ရဲ့ အလောင်းပါပျေက်သွားခဲ့တယ်။

လိုက်ရှာကြတော့ ကလေးရဲ့အလောင်းကို ရွာရဲ့အနောက်ဘက်ထိပ်ဆီမှာ ပြန်တွေ့ကြရတယ်။

မိခင်ရဲ့အလောင်းကိုတော့ မတွေ့ကြရဘူး။ အစအနကို ပျောက်ရောပဲ။ ဒီအချိန်မှာ စကားစပ်မိကြပြီး အခြားရွာတွေဆီက အလောင်းပျောက်တဲ့ အဖြစ်တွေကို ကြားမိလာရတယ်။

ဒီတော့မှ မှေးဥ အလောင်းပျောက်တာမှာလည်း အဲ့ဒီ့တုန်းကလို အကြောင်းအရာ ထပ်တူကျခဲတာတွေ ရွိလာတယ္ဆိုတာ အားလုံးသိကြရလေတော့တယ်။

အဲ့ဒါကေတာ့ အလောင်းပျောက်မယ့်နေ့က ရွာထဲကို အရူးလိုလို၊ ဘာလိုလိုနဲ့ ကတုံးပြောင်ပြောင်၊ အင်းကွက်တွေအပြည့်နဲ့ လူတစ်ယောက် ရောက်လာခဲ့တာရယ်လေ။

အဲ့ဒီ့လူက တဟီးဟီးတဟားဟားလုပ်ပြီး ရွာကို အရူးတစ်ယောက်လိုပဲ လှည့်ပတ်သွားနေခဲ့လေတယ်။

ပြီးတော့ နာရေးအိမ်ဆီကိုလည်း တခုတ္တရ ၀င်ပြီး ထမင်းစားသွားခဲ့သေးတယ်တဲ့။

ထမင်းစားနေရင်းက ဂါထာလိုလို ဘာလိုလိုဟာတွေကိုလည်း ရွတ်သေးတယ်လို့ ထပ်သိရပြန်တယ်။

ဒီတော့က အလောင်းပျောက်မှုရဲ့ တရားခံဟာ အဲ့ဒီ့ ကတုံးပြောင်ပြောင် အင်းကွက်နဲ့လူကြီးကလွဲလို့ အျခားဘယ္သူမွ မရှိနိုင်တော့ဘူး။

ဒါကြောင့်ပဲ ချင်းကုန်းရွာဟာလည်း မှေးဥရဲ့ အလောင်းပျောက်ဆုံးမှုက အဲ့ဒီ့ အင်းကွက်လူနဲ့ ပက်သက်နေတယ်ဆိုပြီး ယူဆခဲ့ကြတာပေါ့။

******

ဒီကေနစလို့ အင်းကွက်ကြီးအကြောင်းက ရွာနီးချုပ်စပ်တင်မက အနယ္နယ္ဆီကို ကောလဟာလသတင်းအဖြစ် ဟိုးလေးတကြော်ကြော် ပြန့်နှံ့ခဲ့တယ်။

ဒီကေန နောက်ပိုင်းကာလတွေမှာတော့ သတင်းကြားမိတဲ့ ရွာတွေတိုင်းက အပေါ်က ရွာသုံးရွာဆီမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ရွာထဲကို လူစိမ်း၀င်ရင် သတိထားပြီး စောင့်ကြည့် ဖမ်းဆီးတာတွေလုပ်လာကြတယ်။

အထူးသဖြင့် နာရေးရှိတဲ့ကာလတွေဆို နေ့ညမပြတ်ဘဲ။ ကာလသားတွေ စုဝေးပြီး ညဘက်ကင်းပါလှည့်ကြလေတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးကြတာပေါ့။

ဒီလိုကြပ်မတ်မှုတွေကြောင့်ထင်တယ်။ ရွာတွေအနားကို အင်းကွက်ကြီး ကပ်မလာတော့ဘူး။ နာရေးရှိရင်လည်း အလောင်းတွေက မပျောက်တော့ဘူး။

ဒီလိုနဲ့ပဲ အချိန်တွေက နှစ်ပတ်လည်လုလုအချိန်အထိ ဖြစ်လာခဲ့တော့တယ်။

ဒါပေမယ့် ဘယ္သူမွ ထင်မထားတာက အင်းကွက်ကြီးဟာ ထင်မထားတဲ့နေရာတွေဆီမှာ သွားကျက်စားမယ်ဆိုတာကိုပေါ့…။

ဒီလို က်က္စားရာကေနပဲ ဇာတ်လိုက်ကြီး မုံခေါင်နဲ့ ထိပ်တိုက်ဆုံဆည်းဖို့ ဖြစ်လာခဲ့တော့တာလေ။

******

” ဟူး…”

တောဆီက အပြန် ခြံဝိုင်းထဲကို ပြန်ရောက်တာနဲ့ ကြပ္ပ်စ္ဆီကို သွားလိုက်ပြီး ပလိုင်းကိုချလို့ သောက်ရေအေးတစ်ခွက်ကို ခပ္ကာ သောက်လိုက်တယ်။

ပြီးတော့ ပလိုင်းဆီက ထည့်လာတဲ့ ပစ္စည်းအချို့ကို ထုတ်ယူလိုက်တယ်။

ပုတက်စာနဲ့ ဇရစ်ရိုးအချို့။ ပြီးတော့ ကင်ပွန်းချဉ်ရွက်နုတွေ။

ဒါကို ချဉ်ရည်ဟင်းချက်ပြီး ရှိပြီးသား ဆတ်သားခြောက်ကို မီးဖုတ္လို့ ငရုတ်သီးစိမ်းနဲ့ အစပ်ထောင်း ထောင်းစားမယ်လို့ မှန်းထားတာလေ။

ဒီနေ့က မုဆိုးကြီး တောလိုက်မထွက်ဖြစ်ဘူးလေ။ အဲ့ဒီလို စားချင်တာမို့ တောထဲဆီကို တမင် သီးသန့်သွားခဲ့တာပေါ့။

” မုဆိုးကြီး…ဗျို့…မုဆိုးကြီး…”

ခေါ်သံကြောင့် မုဆိုးကြီး ကြည့်မိလိုက်တယ်။

ခြံ၀ဆီမှာ ဆင်တစ်ကောင် ဦးစီးတစ်ယောက်နဲ့အတူ သစ်တစ်ပင်တောစခန်းက ဘမင်းနဲ့ ၀တုတ်တို့နှစ်ယောက်။

သူတို့က သစ်ထုတ်စခန်းက ၀န်ထမ်းတွေ။ တစ်ခါတစ်ရံ သူတို့စခန်းအတွက် ရိက္ခာလိုတာမျိုး၊ အမဲပစ်လိုတာမျိုးဆိုရင် အခုလိုပဲ မုဆိုးကြီးဆီကို ရောက်လာနေကျ။

” အေး…လာလေဟ…”

ဘမင်းတို့ ဝိုင်းထဲကို ဆက်၀င်လာကြတယ်။ ပြီးတော့ ကွပ်ပျစ်ပေါ်မှာ ၀င်ထိုင်လိုက်ကြချိန် မုဆိုးကြီးက ရေနွေးကြမ်းခွက်တွေကို ငှဲ့လို့ ကမ်းလိုက်ပြီး…။

” နင်တို့ အသားခြောက်လာ၀ယ်ကြတာလား။ အဲ့ဒါဆိုရင်တော့ လတ္တေလာ သိပ်မရှိသေးဘူး…”

ဘမင်းတို့က ခရီးဝေးက လာခဲ့ရတာမို့ မောလာခဲ့တာကို ရေနွေးခွက်ကိုယ်စီသောက်လို့ ဖြေလိုက်ကြတယ်။

” မဟုတ္ဘူး မုဆိုးကြီးရ။ အခုလာတာက ကျုပ်တို့ စခန်း၀န်းကျင်မှာ ကျားတစ်ကောင်ရောက်နေလို့…”

” ဟေ…”

ထင်မှတ်မထားတဲ့ စကားမို့ မုဆိုးကြီး အံ့အားသင့်သွားလေတာ။ ပြီးတော့ ဆက်လက်ပြီး…

” နင်တို့ဆီက ဆရာတွေဆီမှာ သေနတ်ရှိတယ်မလား။ သူတို့က မပစ်ကြဘူးလား…”

ဘမင်းတို့က သက်ပြင်းကိုချကြပြီး ခေါင်းကို ခါရမ်းလိုက်ကြတယ်။

” ရွိတာက ရှိတယ်။ ပစ်တာလည်း ပစ်တယ်။ ဒါပေမယ့် ပစ်မရဘူးလို့ပြောကြတယ်…”

” ဟေ…မဟုတ်သေးပါဘူး။ ဘယ်လိုကြောင့်များလဲ…”

” ရင်ဆိုင်ဖူးတဲ့သူတွေက က်ားဟာ နယ်နယ်ရရကျား မဟုတ္ဘူးတဲ့။ သေနတ်မှန်တာလည်း မသေဘူးပြောတယ်။ ပြီးတော့ အဲ့ဒီ့ကျားလာကာနီးကျရင် တောထဲက သီချင်းသံလိုလိုလည်း ကြားမိရသေးတာ။ အဲ့ဒါကြောင့် ဟိုဗ်ာ…ဒီက်ားကို နတ်ကျားလို့တောင် သမုတ်နေကြတာ…”

” ဟာ…ထူးဆန်းလှပါလား။ ဘယ်လိုဖြစ်တာတုန်း။ ငါ ထင်တာတော့ နတ်ကျားမဖြစ်တန်ဘူးနော်…”



” အဲ့ဒါတော့ ကျုပ်တို့ မသိဘူးဗ်ာ။ ဒါပေမယ့် အဲ့ဒီ့က်ားက သေနတ်မှန်တာတောင် မေသဘူး။ ကြောက်လည်းမကြောက်ဘူး။ ပြီးတော့ လူကိုပဲ ချောင်းနေတာ။ အဲ…ထပ်ပြီးတော့ ကြားမိတဲ့ သတင်းတွေလည်းရှိသေးတယ်။ ဒီက်ားက တစ္ဖက္က သစ်စခန်းတွေဆီမှာလည်း လူလာဆွဲတယ်တဲ့…”

” အဲ့ဒီ့စခန်းတွေကကော လူပါသြားသတဲ့လား။ သီချင်းသံကော ကြားရလား…”

” ဟင်းငုတ်ပင်စခန်းကတော့ ဆင်ဦးစီးတစ်ယောက်ပါသွားတယ်။ နောက်…ဝါးခုတ်စခန်းတွေဆီက နှစ်ယောက်ပါဖူးတယ်။ အလောင်းတွေတော့ ပြန်မရဘူးတဲ့။ နောက်စခန်းတွေကတော့ လူကဦးလို့ ဘာမှမဖြစ်ဘူးပြောကြတယ်။ အဲ့ဒီ့ဘက်တွေမှာလည်း သီချင်းသံကြားရတယ်လို့ သိရျပန္တယ္ဗ်ာ…”

မုဆိုးကြီး စဉ်းစားရကြပ်နေရပြီ။

ဘယ့်နှယ့်…။

က်ားက လူကိုပဲ ချောင်းနေတယ်တဲ့။ ဒါကို အခြေခံပြီးတွေးမယ်ဆို ယေဘူယျအားဖြင့် က်ားက က်ားနာမို့လို့ ဒါမှမဟုတ် လူသားစားဖူးတဲ့ က်ားမို့လို့ ယူဆလို့ရတယ်။

က်ားနာဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ရာကနေ တောထဲမှာ အစာရွာဖို့ သားကောင်လိုက်ဖို့ ခက္လာရေကာ။

ဒါကြောင့်မို့လို့ အရွာရလြယ္ကူတဲ့ လူတို့နေရပ်ကို ချည်းကပ်လေကာ အလွယ်ရတဲ့ အိမိမွေးတိရိစၧာန်တွေ၊ လူတွေကို အမဲလိုက်တတ်တာမျိုး။

အခုကက် စခန်းတွေကို ပတ်ချာလည်သွားပြီး လူကိုပဲ ပစ်မှတ်ထားလို့ ဆွဲနေတာ။ ဒီောတ့ ကျားနာလုံး၀မဖြစ်နိုင်ဘူး။

ဒါဖြင့် လူသားကိုစားသောက်ဖူးပြီး နှစ်ခြိုက်သွားမိတဲ့ ကျားဖြစ်နိုင်မလား။

မုဆိုးကြီး ဆက်တွေးမိတယ်။

ဒါလည်းမဖြစ်နိုင်။ ဘာကြောင့်ဆိုတော့ လူသားစားဖူးတဲ့ကျားဆိုရင်တောင် တစ်နေရာဆီမှာ လူကိုစားပြီးရင် အဲ့ဒီ့၀န်းကျင်မှာပဲ ကျင်လည်နေတတ်တာမျိုးလေ။

အခုကက် က်ားက အလှမ်းဝေးတဲ့နေရာတွေမှာ လှည့်လည်နေလေတာရယ်။ ပြီးတော့ ကိုက်ချီသွားသမျှလူတို့ရဲ့ ရုပ်အလောင်းကိုလည်း တစ်ခါမှ ပြန်မရဖူးဘူးဆိုပဲ။ ပြီးတော့ ကျားလာကာနီးတိုင်း တောထဲက သီချင်းသံက ထွက်ပေါ်လာနေတာဆိုတော့…။

သို့လိုဆိုပါရင် ဒီက်ားဟာ သာမန်ထက်တော့ ပိုထူးဆန်းနေတာ သေချာနေပြီ။

” အဲ့ဒီက်ား နင်တို့စခန်းတွေဆီမှာ သောင်းကျန်းနေတာ ဘယ်လောက်ကြာပြီလဲ…”

“ရောက်လာတာ နှစ်လ၀န်းကျင်ပေါ့…”

” အင်း…”

” အင်းမနေနဲ့ မုဆိုးကြီးရေ။ အခု အဲ့ကိစ္စကြောင့်ပဲ စခန်းတာ၀န်ခံကိုယ်တိုင် မုဆိုးကြီးကို လာခေါ်ခိုင်းတာ။ ဖြစ်နိုင်ရင် အျမန္သာ လိုက်ခဲ့ပေးတော့။ မဟုတ်ရင် ဟိုနတ္က်ားက ကျုပ်တို့စခန်းက လူရမွ ခွာမယ့်ပုံ။ ညတိုင်း လာချောင်းနေတာ…”

” အေးပါ…ငါလိုက်ခဲ့ပါ့မယ်။ ဒါနဲ့ နင်တို့ ပြောတာ သူက ဘာကိုမှမကြောက်တတ်ဘူးဆိုတယ်နော်။ အဲ့ဒါဆို သူလာရင် နင်တို့ ဘယ်ဘိုမောင်းထုတ်သလဲ…”

” မီး…မီးကိုတော့ သူကြောက်တယ် မုဆိုးကြီးရ။ မီးနဲ့ ခြောက်လွှတ်ရတယ်…”

” ဟုတ္လား…”

” ဟုတ်တယ်ဗျို့ မုဆိုးကြီးရ။ ဒီကောင်က မမီးမြင်ရင်တော့ တစ်ခါထဲ ပြန်လှည့်တော့တာပဲ…”

” တကယ်ပါပဲ။ တွေးရခက်လိုက်တာ။ ကဲပါလေ။ တွေးနေရင်လည်း အပိုပဲ။ လိုက်ခဲ့ပြီး မြင်မှပဲ အဖြေရှာတာ ပိုကောင်းလိမ့်မယ်…”

ဘမင်းတို့ ၀မ်းသာသွားကြတယ်။

မုဆိုးကြီးက ယူစရာရွိတာကို ယူဖို့ တဲထဲကို ၀င်သွားတယ်။ တအောင့်ကြာတော့ စ်သုံးကျောပိုးအိတ်အဟောင်းတစ်လုံးနဲ့ သူ့ရဲ့ လက်ဆွဲတော် တူမီးသေနတ်ကြီးကို ကိုင်ပြီး ပြန်ထွက်လာတယ်။

” မောင်ညို…မောင်ညို…”

မုဆိုးကြီး လှမ်းခေါ်လိုက်တော့ မောင်ညိုက အလိုက္တသိ ပြေးလာပြီး ပခုံးပေါ်ကို လှမ်းတက်လာတယ်။

” ကဲ…သွားကြစို့…”

အဆင်သင့်ဖြစ်ပြီမို့ မုဆိုးကြီးက ပြောလိုက်တယ်။

ဘမင်းတို့က ၀မ်းသာအားရဖြစ်သွားကြပြီး မုဆိုးကြီးကို ဆင်နဲ့ခေါ်လို့ သစ်တစ်ပင်တောစခန်းဆီကို လှမ်းကြလေတော့တာပဲ။

******

သရမီရွာကနေ သစ်တစ်ပင်တောဆီကို ခရီးက အတော်လှမ်းလွန်းတယ်၊ ကြမ်းလွန်းတယ်။

လမ်းမှာ ရေချောင်းသုံးခုဖြတ်ရတယ်။ တောင်ငါးလုံးကျော်ရတယ်။ အဲ့ဒါပြီးရင်တော့ ဘာအပင်မှ ပေါက်ရောက်မှုမရှိတဲ့ ပြန့်ကြီးတစ်ခု။ ဒါကိုဖြတ်ပြီး နောက်တစ်တောင်ဆီကို ရောက်ပါမှ သစ်တစ်ပင်ကုန်းစခန်းကို ရောက်တယ်။

ဆင်စီးလို့ ခရီးနှင်တာတောင်မှ ခရီးက ကြမ်းတော့ ညနေနေစောင်းမှပဲ သစ်တစ်ပင်ကုန်းစခန်းဆီကို ရောက်ကြရတယ်။

ရောက်တာနဲ့ စခန်းကလူတွေက ထင်တုံးကြီးတွေနဲ့ မီးဖိုကြီးတွေ ပြုလုပ်ဖို့ လုပ်ဆောင်နေကြတာကို မုဆိုးကြီး မြရလေရဲ့။

မုဆိုးကြီးကို စခန်းတာ၀န်ခံ အင်္ဂလိပ်လူမျိုး ဝဲလ္က လာတွေ့တယ်။ ဝဲလ္က ဗမာစကား ကောင်းကောင်းတတ်သူဆိုတော့ မုဆိုးကြီးနဲ့ သကားပြောဖြစ်ကြတယ်။

” ကဲ…တာ၀န်ခံကြီး။ သူက ဘယ်အချိန်တွေများ လာတတ္သလဲ။ ပုံမှန်အချိန်နဲ့လာတာလား။ ဒါမှမဟုတ် အချိန်ရှိတိုင်း ချောင်းမြောင်းနေတတ်တာလား…”

” အဲ့ဒီ့လိုတော့ ငါ သေချာမသိဘူး။ အလုပ်သမားတွေ ပြောပုံအရတော့ ညဘက်တွေ လာတာပဲ တွေ့ရတယ် ပြောတယ်…”

” အင်း…ဒီညေတာ့ စောင့်ကြည့်ရမှာပဲ…”

မုဆိုးကြီး တီးတတိုးရေရွတ်မိတယ်။

” ကဲ…တာ၀န်ခံကြီး။ ငါတော့ ဒီညပဲ အဲ့ဒီ့က်ားကို စောင့်ကြည့်မယ်။ ငါ့အတွက် အကူအညီလိုတယ်။ နင်တို့ စခန်းက သေနတ်သုံးလေးလက်နဲ့ သတ္တိကောင်းတဲ့သူ သုံးလေးယောက်လောက် ရှာပေးချေ…”

” ကောင်းပြီလေ မုဆိုးကြီး။ နင် လိုတာကို ငါ ရအောင်လုပ်ပေးမယ်။ နင်သာ အဲ့ဒီ့နတ္က်ားကို သေအောင်သတ်ပေး…”

ဝဲလ္က သူမ်ားတကာ နတ်ကျားဆိုတဲ့အတိုင်း သူပါ နတ်ကျားရင်း ပြောလိုက်တယ်။

” အဲ့ဒါ နတ်ကျားမဟုတ်ပါဘူး တာ၀န်ခံကြီးရယ်။ နတ္က်ားဆိုတာ လူက စည်းရှိရင် သူတို့ဘကက် အပြစ်မကျူးတတ်ဘူး။ လူက အပြစ်ဖောက်လို့ ကျူးရင်လည်း အဲ့ဒီ့ အပြစ်ဖောက်သူကိုပဲ ကျူးတတ်တာမျိုး။ အခုက သာမန်ထက်ထူးတယ်ဆိုတော့ နတ်ကျားတော့ မဖြစ်နိုင်ဘူး။ မကောင်းဆိုးရွားကျားပဲ ဖြစ်မှာ…”

ညဘက်ရောက်တော့ ညစာစားပြီးနောက် က်န္သူအားလုံး အပြင်မထွက်စေတော့ဘဲ မုဆိုးကြီး ဦးဆောင်မှုနဲ့ ပုန်းအောင်းရင်း က်ားကို စောင့်ကြလေတော့တာပေါ့။

******

ညက တိတ်ဆိတ်လွန်းနေတယ်။

မုဆိုးကြီးရဲ့ စီစဉ်မှုနဲ့ ပြင်ဆင်ထားတဲ့ မီးပုံတွေကို မီးမမွှေးစေထားဘူး။

ပတ်၀န်းကျင်တခိုဆီမှာ ပိုးမွှားကောင်တို့ အော်မြည်သံက လွှမ်းမိုးထားတယ်။

တစ်ချက်တစ်ချက် ပြန့်ကြီးဘက် ဂျီတောက်သံအချို့နဲ့ အခြားတောကောင်ငယ်တို့ရဲ့ ကိုလည်း ဖျောက်ခြားဖျောက်ခြား ကြားမိနေပါရဲ့။

အချိန်က ညဥ့်နက်လာတာနဲ့အမျှ အေအးဓာတ္တို့က လွှမ်းရစ်လာတယ်။ က်န္သူတို့က တောတွင်းသုံး ဂျက်ကပ်အင်္ကျီတို့ကို ကိုယ်စီထုတ်၀တ်လိုက်တယ်။

မုဆိုးကြီးကလည်း အေးလာတဲ့အတွက် ပလိုင်းဆီက ရိုးရာဖျဉ်စောင်ပိုင်းတစ်ထည်ကို ခြုံလိုက်တယ်။

” ဝေရာ…”

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ တောတိုးသံ။

” သူလာပြီ။ အားလုံးပဲ မျက်စိရှင်ရှင်ထားကြ…”

မုဆိုးကြီးက အားလုံးကို ကျိတ်ပြီး သတိပေးလိုက်တယ်။

အကုန္လုံး သေနတ်တို့ကို ကျည်ထိုးထားလိုက်ကြပြီး လုံခြုံရေးခလုတ်တို့ကိုလည်း ဖွင့်ထားလိုက်ကြလေရဲ့။

အသံတို့က ဆက်လက်ထွက်ပေါ်လာခြင်းမရှိတော့ဘူး။

အခြေအနေက သာမန်အတိုင်း ပြန်လည်လို့ တိတ်ဆိတ်သွားတယ်။

အခြေအနေက မုဆိုးကြီးအတွက်တော့ စိတ်ကျေနပ်စရာ မရွိဘူး။

” တောက်…ငါ့ကိုတော့ စမ်းနေပြီ…”

မုဆိုးကြီး အသံတိတ် ကြုံးဝါးမိလိုက်တယ်။

အချိန်အားဖြင့် သက်ကြီးခေါင်းချချိန်ကို ကျော်လာခဲ့ပြီ။ အခြေအနေက အခုထိမထူးခြားသေးဘူး။

ရုတ်တရက် လေခပ်ပြင်းပြင်းတစ်ချက်က ဝေ့လာတယ်။ လေနဲ့အတူ ပြင်းပြတဲ့ အပုတ်နံ့ကြီးတစ်ခုကလည်း ပါလာလေရဲ့။

ဒီအနံ့ကြောင့် မုဆိုးကြီး ဆတ်ခနဲဖြစ်သွားတယ်။

” လေတင်ဘက်…”

စိတ္က ထင်မိတဲ့အတိုင်း နှုတ်ကလည်း ရေရွတ်မိတယ်။ ပြီးတော့ မြေကြီးကို ထိကိုင်လိုက်တယ်။ မြေပြင်ဆီက သာမန္ထက္ပိုတဲ့ ခြေနင်းသံလိုလို လှုပ်ရှားမှုကို ခံစားမိလိုက်တယ်။

လေလာရာဘက်မှာက အလုပ်သမား တဲတိုက်ကလေးတွေရှိတယ်။ ဒါပေမယ့် မုဆိုးကြီးက စခန်းကို ညနေစောင်းမှရောက်လာတာဆိုတော့ မသိရှာဘူးရယ်။

” အဲ့ဒီ့ဘက်မှာ ဘာရွိလဲ…”

မုဆိုးကြီးက လက်ညှိုးညွှန်လို့ မေးလိုက်တယ်။

” အလုပ်သမား တဲကလေးတွေရှိတယ် မုဆိုးကြီး…”

” သူ အဲ့ဒီ့ဘက္ကို ရောက်နေပြီ။ မြန်မြန်သွားကြစို့…”

မုဆိုးကြီးက အရှေ့က ဦးဆောင်ပြေးတယ်။

အေနာက္က ကျန်သူတို့ကလည်း လိုက်ကြလေရဲ့။

” အား…”

ဒါပေမယ့် သူတို့တောင် လမ်းတ၀က် မရောက်သေးဘူး။ အရှေ့ဆီက အော်သံနက်တစ်ခုက ကျယ်ကျယ်လောင်လောင်ပဲ ထွက်ပေါ်လာတယ်။

အားလုံး ခြေလှမ်းတွေ ပိုသွက်ပြီး လှမ်းလိုက်ကြတော့ လရောင်သဲ့သဲ့အောက်ဆီမှာ တဲတွေအကြားက ရိပ္ခနဲ ပြေးထွက်လာတဲ့ လုံးလုံးထွေးထွေး အရိပ်ကြီးကို မြင်လိုက်ရတယ်။

” ဒိန်း…”

မုဆိုးကြီးဆီက တူမီးသေနတ်သံ။

အရိပ်နှစ်ခုအနက် တစ္ခုက ကျွမ်းပစ်ပြီး လည်ထွက်သွားတယ်။ တစ္ခုက မြေဆီမှာ လူးလွန့်ရင်း ကျန်ရစ်ခဲ့တယ်။

အဲ့ဒီ့အချိန်မှာ က်န္သူတို့က သူတို့သေနတ်ွတေနဲ့ ဝိုင်းပစ်ကြတော့ ကျွမ်းပစ်ကျသွားတဲ့ အရိပ္က လူးလဲကုန်းရုန်းထပြီး တောဆီကို ခုန်၀င်လိုက်လေတယ်။

ဒါပေမယ့် ခုန်အားက ထင်သလိုမဟုတ်ဘဲ လမ်းမှာတင် ပြုတ်ကျတယ်။

သို့ပေမယ့်လည်း မရမက ကုန်းရုန်းထပြီး တောဆီကို ဆက်လက်၀င်ပြေးသွားလေတော့တာပဲ။

******

တဲအိမ္ကေလးအထဲဆီမွာ မီးရောင်ပြပြရှိနေပြီး လူသူတို့ စုဝေးနေကြတယ်။ ယ

အားလုံးရဲ့ အလယ်ဆီမှာတော့ အခုနက ကျားကောင်ဆွဲချတာ ခံလိုက်ရတဲ့ အလုပ်သမား ကိုမြဦး။

ကိုမြဦးရဲ့ ပေါင်တစ်ဖက်မှာ သွားကိုက်ရာရှိနေတယ်။ ကျန်တဲ့ ခန္ဓာ အစိတ်အပိုင်းတွေမှာတော့ ဆွဲချခံရမှုကြောင့် ပွတ်တိုက်စုတ်ပြဲဒဏ်ရာတွေ။

ကိုမြဦးဆီက ညည်းသံညှင်းညှင်းထွက်နေတယ်။

စခန်းက ဆေးမှူးက ကိုမြဦးကို ကုသပေးနေတယ်။

စခန်းတာ၀န်ခံ မစ္စတာဝဲလ်က ရောက်လာတော့ မုံခေါင့်ကို လာတွေ့ပြီး…။

” ဘယ်လိုဖြစ်တာလဲ မုဆိုးကြီး…”

” ငါတို့က သူ၀င်လာတတ်တဲ့ အေနာက္ထိပ္က စောင့်နေတာ။ ဒါပေမယ့် ဒီကောင်က ငါတို့ရှိနေတာ သိပြီး အရှေ့ဘက်က လှည့်၀င်သွားတယ်…”

မစ္စတာဝဲလ်ရဲ့ မျက်နှာက ရုတ်ခြည်း တင်းမာသွားတယ်။

” ဒီကိစ္စကို ခင်ဗျား ဘယ်လိုတာ၀န်ယူမလဲ…”

” ဟေ…”

မစ္စတာဝဲလ်ရဲ့ ထင်မှတ်မထားတဲ့ စကား။ မုဆိုးကြီး ကြောင်အမ်းသွားရတယ်။

” နင် ဘာကို ပြောချင်တာလဲ…”

” ငါတို့တိုင်းပြည်မှာဆိုရင် တစ်စုံတစ်ခုလုပ်တိုင်းမှာ တာ၀န်ယူမှုက အရေးကြီးတယ်။ အခု နင် ညေနက ရောက်လာတယ်။ ငါတို့က အရင်ရက်တွေက မီးဖိုပြီး သူ့ကို တားထားတယ်။ သူမလာဘူး။ နင်က ဒီည မီးမဖိုခိုင်းဘူး။ သူရောက်လာတယ်။ လူကိုကိုက်တယ်။ ဒါတွေအတွက် နင် တာ၀န်ယူရမှာပေါ့…”

” ဟာ…မဟုတ်သေးဘူးလေ။ ငါက အားလုံးကောင်းဖို့ လုပ္တာပဲကို။ အခုလည်း လူကို ကိုက်တယ်ဆိုပေမယ့် သူ့ကိုလည်း ငါထိမှန်အောင် ပစ်လိုက်နိုင်တာပဲ…”

” မဟုတ္ဘူး မုဆိုးကြီး။ ငါက အပြစ်ဆိုနေတာ မဟုတ္ဘူး။ တာ၀န်ယူ တာ၀န်ခံမှအကြောင်းကို သိသင့်တယ်ဆိုတာ ပြောနေတာ…”

မုဆိုးကြီး နားမလည်နိုင်ပါ။

သို့ပေမယ့် စိတ္ကေတာ့ အတော်ဒေါသထွက်မိနေလေရဲ့။

” ငါ နင်ပြောတာကို နားတော့ မလည်ဘူး။ ဒါပေမယ့် ငါ့ဘက္က မုဆိုးစည်းအနေနဲ့ အဲ့ဒီ့က်ားကို အရသတ္ဖို့ ရှိသွားပြီ။ နင်ပြောတာကလည်း အဲ့ဒီ့လိုပဲလို့ ငါယူဆတယ်။ ဒါကြောင့် အခုပဲ ငါ မရမက လိုက်သတ်ပေးမယ်…”

မုဆိုးကြီးစကားက မစ္စတာဝဲလ်ရဲ့ ယူဆမှုနဲ့ ထပ်တူမကျပေမယ့် ခပ်ဆင်ဆင်ပါ။

” ကျွန်ုပ်ဆိုလိုတာ အဲ့ဒီ့လို မဟုတ်ပေမယ့် ခင်ဗျားဆုံးဖြတ်တာကို သဘောကျပါတယ်…”

” ကဲ…ဒါဖြင့်လည်း ကျုပ် သွားတော့မယ်…”

မုဆိုးကြီး ဒေါသ ထွက်ထွက်နဲ့ လှည့်ထွက်လာခဲ့တယ်။ တားသူတွေရှိနေပေမယ့် လုံး၀လှည့်မကြည့်ဖြစ်ခဲ့ဘူး။

အခုနက က်ားကို ပစ်ခတ်ခဲ့ရာဆီကို ရောက်လာခဲ့တယ်။

မြေပြင်ဆီမှာ ခြေရာခြေခင်းတွေက ဖွာလှန်ကြဲနေတယ်။ မြက်စမြက်နတို့လည်း ရှိနေပါလေရဲ့။

” ဟင်…”

မြေပြင်တစ်နေရာဆီက ပဲ့ထွက်နေတဲ့ ဝါက်ားက်ား အသားစတစ္ခုကို မုဆိုးကြီး မြင်မိလိုက်တယ်။

အနားကို သွားလိုက်တော့ ပုတ်အဲ့တဲ့ ဆိုးဆိုးရွားရွား အနံ့တစ္ခုက နှာခေါင်းဆီကို တိုး၀င်လာတယ်။

အခုနက က်ားမ်ား ပြန် မုဆိုးကြီး ပတ်၀န်းကျင်ကို တစ်ချက်ကြည့်မိတယ်။ ထူးခြားမှု ရွိမေနဘူး။ သူ့စိတ်အာရုံဆီကိုလည်း ဘာမှ၀င်မလာ။ ဒီလောက်ဆို စိတ်ချရလေပြီ။

အသားစကို ကောက်ယူလိုက်မိတယ်။ အခုနက လူ၀င်ဆွဲတဲ့ က်ားဆီက က်ခဲ့တဲ့ အသားစ။ သို့ပေမယ့် ထူးဆန်းလွန်းစွာနဲ့ကို သွေးစသွေနးတို့ ဘာမှမရှိတဲအပြင် အသားစက ပုပ်ဆွေးလို့တောင် နေတယ်။

” အပုပ္နံ့က ဒီကရေနတာပဲ။ နေစမ်းပါဦး။ ဘာလို့မ်ား ဒီအသားစက အခုမွ ပဲ့ထွက်လာတာဖြသ်ပြီး ဘာကြောင့် ပုပ်ဆွေးနေရတာလဲ…”

အသားစကို အသေအချာကြည့်ပြီး မုဆိုးကြီး ပြန်ပစ်ချလိုက်တယ်။

ပြီးတော့ စဉ်းစားရခက်စွာနဲ့ပဲ နေရာကနေ လှမ်းထွက်ခဲ့လေတော့တာပဲ။

******

” ဧကနိပါတ်၊ သိဉ္ဇီဝ ဇာတ်တော်မှာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးဆီကို လာရောက်ပြီး ပညာသင်ယူကြတဲ့ ကျောင်းသားများထဲက သိဉ္ဇီဝ နာမည်ရှိတဲ့ ကျောင်းသားက သေပြီးသူကို အသက်ပြန်ရှင်စေနိုင်တဲ့ အသက်သွင်းမန္တာန်ကို သင်ယူတတ်မြောက်ခဲ့တယ်…”

ရုတ်တရက် မုဆိုးကြီးရဲ့ နားထဲဆီမွာ ကြားယောင်လာရတဲ့ အသံ။

” တစ်နေ့ကျတော့ သိဉ္ဇီဝနဲ့ ကျောင်းသားတွေထင်ရှာထွက်ကြရင်း ကျားသေတစ်ကောင်ကို တွေ့ကြတယ်။ ဒီတော့ သိဉ္ဇီဝက အသက်သွင်းမန္တန်ကို စမ်းသပ်လိုကြောင်း အဖော်ကျောင်းသားတွေကို ပြောတယ်။

အဖော်တွေက မလုပ်ဖို့တားတယ်။ သိဉ္ဇီဝက မရဘူး။ စမ်းသပ်ချင်ကြောင်း ထပ်ပြောတယ်။ နောက်ဆုံးတော့ အဖော်တွေက ကျားအသက်ဝင်လာရင် အန္တရာယ်တွေ့မှာစိုးလို့ သစ်ပင်မြင့်များပေါ် တက်ကာနေကြချိန်၊ သိဉ္ဇီဝက အန္တရာယ်ကို မတွေးတော့ဘဲ မန္တာန်အစွမ်းပြချင် ဇောနဲ့ ကျောက်ခဲတစ်လုံးကို ကောက်ယူ၊ ပြီးတော့ မန္တန်ရွတ်ပြီး ကျားသေအနားဆီ ကပ္လို့ ထိမိအောင် ပေါက်လိုက်တယ်။

ခဲနဲ့ထိတာနဲ့ ထိုကျားသေက အသက်ပြန်ဝင်လာတယ်။ ပြီးတော့ အနီးမွာရွိတဲ့ သိဉ္ဇီဝအား ကိုက်ချီပြီး တောနက်ထဲဝင်သွားလေတော့တယ်တဲ့…”

မုဆိုးကြီး ဒီအကြောင်းအရာကို မကြားဖူးပါ။ အခု အသံရှင်ပြောပါမှ ကြားဖူးမိတာသာဖြစ်လေတယ်။

” မုံခေါင်…အခု မင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာက ဧကနိပါတ္ဆီက သေသူကို အသက်ပြန်သွင်းနိုင်တဲ့ ပညာလိုမျိုးပါပဲ။ ဒါပေမယ့် အခုက အောက်လမ်းပညာ။ ဒီပညာကို ရရွိဖို့ အဲ့ဒီ့သူဟာ အရာရာပေးဆပ်ခဲ့ရတတ်တယ်။ ဆေးဝါးမန္တာန် စွမ်းစွမ်းမံဖို့ ခန္ဓာကိုယ်ဆီက ဘယ်အရာကိုမှ နှမြောတွန့်တိုမှုမရှိရဘူး။ အောက်လမ်းအင်းတွေ ထိုးရမယ်။ သောက်ရမယ်။ တကယ္လို့သာ အဲ့ဒီ့ပညာရပ္ကို အောင်မြင်အောင် ကျင့်ကြံနိုင်ပြီဆိုတဲ့အခါ သူတို့ဟာ သေလူတွေကို အသက်ပြန်သွင်းပြီး ရွာတည်တာမျိုးတွေ၊ နောက် ငယ်ရွယ်တဲ့သူတွေကို ရရွိတဲ့အခါ ကာမဂုဏ္ကို ခံစားတာတွေ စတဲ့ လောကီရဲ့ အရာရာမှန်သမျှကို သူတို့ပိုင်တဲ့ ရပ်ရွာထဲမှာပဲ ရရှိအောင် စီမံဆောင်ရွက်ကြတယ်။ အခု မင်းရင်ဆိုင်နေရတဲ့ က်ားက ပုပ်အဲ့နေတဲ့ ကျားတစ်ကောင်ကို အသက်ပြန်သွင်းပြီး လူသေအလောင်းရအောင် စီမံနေသူတစ်ယောက်ပဲ။ သူက မင်းတို့ အလောင်းမင်းတရားလို့ သိထားကြတဲ့ အောင်ဇေယျခေတ်ကတည်းက ရှိနေတဲ့ အင်းကဝေ’တစ်ကောင်ဆိုလည်း မမွားဘူး။ သူ…ဒီပညာရပ္ကို မြေအောင်းပြီး အသားစိမ်းစားပြီး ကျင့်ကြံနေတာ အကြိမ်ပေါင်းမနည်းခဲ့ဘူး။ နှစ်ပေါင်းအားဖြင့် ၅၀ ကျော်လောက်တောင် ရှိနိုင်တယ်။ ခုမွ အောင်မြင်လာတာ မကြာသေးဘူး။ ဒါကြောင့် ရွာတည်မလို့ သူကြံနေတာ…”

စကားက ခဏတာ ပြတ်တောက်သွားတယ်။

” ဒါဆို သူ့အသက်က ၁၇၀ လောက်ရှိပြီပေါ့…”

” ဟုတ်တယ် မုံခေါင်…”

” ဒါဖြင့် ငါ့အဆင့်နဲ့ သူ့အဆင့်က အကွာကြီးပဲ။ ဒီ ငါ သူ့ကို မနိုင်နိုင်ဘူး။ အခြားဘယ်လိုနည်းလမ်းနဲ့ ရွိမလဲ…”

” အချို့အချို့ အရာတွေက နောက်နေတဲ့ ချောင်းရေပမာလိုပဲ။ အတိမ် အနက္ဆိုတာ တိုင်းတာကြည့်မှ သိနိုင်တယ်။ အခုပညာကလည်း အဲ့ဒီ့လိုပဲ၊ နက်နဲတယ်ဆိုပေမယ့် သူ့ကို နိုင်နင်းတာဟာ အလွယ်တကူရရှိနိုင်တဲ့ မီး၊ တေဇောဓာတ်ပဲလေ၊ မုံခေါင် ညတုန်းကတင် မင်းကြုံခဲ့ဖူးတာပဲ။ ဖုတ်သွင်းကျားက မီးရောင်ကိုတောင် ကြောက်နေတယ်ဆိုတာ၊ အဲ့ဒါ အသက်သွင်းသူရဲ့ စိတ်သဏ္႑ာန်က ကျားသေဆီမှာ လာထင်ဟပ်တာပဲ..”

မုံခေါင် တွေးရင်း ငြိမ်သက်နေမိတယ်။

“မင်း သူ့ကို နှိမ်နင်းရမယ်။ ဒီကေန အေနာက္စူးစူးကိုရွာပါ။ နိုင်ချင်ရင်တော့ မီးကို ပိုင်ပိုင်နိုင်နိုင် အသုံးချပေါ့။ တစ်ခုတော့ရှိတယ်။ သူ့ကဘက်ကလည်း သူ့နယ်ပါယ်မှာ မီးနဲ့ ပက္သက္လို့ မလုပ်နိုင်အောင် စီမံထားတာရှိတယ်။ အဲ့ဒါကို မင်း ကျော်ဖြတ်ရမယ်…”

” ဖရော…”

သစ်ပင်ထက်ဆီမှာ တက်အိပ်နေတဲ့ မုဆိုးကြီး။

ညတုန်းက စိတ်တိုတိုနဲ့ က်ားအေနာက္ကို လိုက်ရင်း မိုးလင်းပိုင်းမှ သစ်ပင်ထက် တက်အိပ်ဖြစ်ခဲ့လေတယ်။ အခု ရုတ်တရက် သစ်ကိုင်း လှုပ်သံကြောင့် ဖ်တ္ခနဲ နိုးသွားခဲ့ရပြီး ကြည့်လိုက်တော့ ခြဆုံထက္ကေန ခုန္ခ်လာတဲ့ သူ့ရဲ့ မျောက်ကလေး မောင်ညို။

ညတုန်းက သစ်တစ်ပင်ကုန်းစခန်းမှာ ကျားချောင်းတုန်းက မောင်ညိုကို ထားရစ်ခဲ့တာ။ ပြီးတော့ စခန်းတာ၀န်ခံ မျက်နှာဖြူနဲ့ စကားအချေအတင်ပြောရင်း မောင်ညိုကို မေ့ရစ်ခဲ့ရတာရယ်။

မောင်ညိုက တကွစ်ကွစ်အော်ရင်း စိတ်ဆိုးနေပုံပဲ။ လက်ထဲမှာလည်း ငှက်ပျောသီးနှစ်လုံးကို ကိုင်ထားတယ်။

” ငါ နင့်ကို မေ့သွားတာပဲ။ တောင်းပန်ပါတယ်ကွာ…”

” ကြစ်…ကြစ်…”

မောင်ညိုက သူ့ကို အျမဲလို မေ့နေတာကို ပြောချင်ပုံပဲ။

ဒါပေမယ့် မုဆိုးကြီးက ချော့တော့ မောင်ညို ကျေနပ်သွားတယ်ထင်ပ။ လက်ထဲက ငှက်ပျောသီးမှည့်တစ်လုံးကို ထိုးပေးလာတယ်။

မုဆိုးကြီးလည်း လှမ်းယူလိုက်ပြီး မောင်ညို့ ခေါင်းကို ပုတ္ကာ…။

” တစ်သက်နဲ့ တစ်ကိုယ် မင်းဆီက အခုလို ပြန်စားရမယ်လို့ ငါတော့ တစ်ခါမှ မမျှော်လင့်ဖူးဘူး…”

မုဆိုးကြီးက ပြောလည်းပြော ငှက်ပျောသီးကိုလည်း ခွာစားလိုက်တော့ မောင်ညို သေဘာက်သြားပုံပဲ။ ခုန်ပေါက်လို့ ပျော်ရွှင်နေတယ်။

မုဆိုးကြီးလည်း ဘာကြောင့်ရယ်တော့မသိ၊ စိတ်ထဲကြည်နူးမှုလေးတစ်ခု ခံစားလိုက်ရသလိုပဲ။

” ကဲ…မောင်ညိုရေ။ ငါတို့တော့ တာ၀န်ယူ တာ၀န္ခံမွုအရ ဟို ကျားနာနောက်ကို လိုက်ရဦးမယ်…”

မုဆိုးကြီးကပြောတော့ မောင်ညို ခုန္ဆြဆြ ဖြစ်သွားတယ်။

” ဟေ…အဲ့ဒါက ဘာဖြစ်တာလဲ…”

မောင်ညိုက အော်ဟစ်ရင်း မုဆိုးကြီးရဲ့ အင်္ကျီစကို ဆွဲလာတယ်။ ပြီးတော့ သစ်ပင်အောက်ကို ခုန်ချလေတာ။ တစ်နေရာရာကို လိုက်ခဲ့စေချင်တဲ့ပုံပါပဲ။ အောက်ရောက်တော့ မုဆိုးကြီးကို မော့ကြည့်လို့ စောင့်နေတယ်။

” အေးအေး…ငါလာပြီ…”

မုဆိုးကြီးလည်း သစ်ပင်အောက်ကို လိုက်ဆင်းလိုက်တယ်။

အောက်ရောက်တော့ မောင်ညိုက တစ်နေရာဆီကို ဦးတည်ပြီး ပြေးလေတော့တာပဲ။

မုဆိုးကြီးလည်း အေနာက္က မပြေးရုံတမယ် လိုက်ရတယ်။

တစ်နေရာကို ရောက်တော့ ပုတ်အဲ့စူးရှတဲ့ အနံ့ကို မုဆိုးကြီး ရှူရှိုက်မိလိုက်တယ်။

မောင်ညိုက ခြုံတန်းတစ်ခုကို တိုး၀င်ပြီး တစ်ဖက်ကိုရောက်တော့ တကြိကြိ အော်ဟစ်နေလေရဲ့။ မုဆိုးကြီးလည်း ခြုံကို ကျော်လိုက်မိတော့ ဆန့်ဆန်ကြီးလဲကျသေဆုံနေတဲ့ ကျားသေကောင်ကို မြင်မိရလေတော့တယ်။

ကျားသေကောင်ရဲ့ အသားတွေက ရိရွဲနေပြီး ယင်တလောင်းလောင်းနဲ့ အပုပ်နံ့ကလည်း အတော့်ကို ထွက်နေပြီ။

မုဆိုးကြီး နှာခေါင်းကို အသာလက်နဲ့အုပ်ပြီး ကျားသေကို စူးစမ်းလိုက်တယ်။

မနေ့ညက သူပစ်လိုက်တဲ့ ကျည်က လက်ပြင်အနောက်ကနေ ဖောက်၀င်ပြီး ရင်ပုံကို ထုတ်ချင်းခတ်ထားတယ်။ ရိနေတဲ့အသားမို့ လက်ပြင်က ပဲ့ထွက်နေတယ်။ ကျန်ရစ်တဲ့အသားစက ဒီလက်ပြင်က အသားစရယ်။