အသိုက်

Posted on

အသိုက်(စ/ဆုံး)
———-
အမေ မိုးချုပ်တော့မယ့်ဟာ ဘာလို့လာတာလဲ
အမေရယ်
သြော် သမီးတို့သားအမိ ဘယ်လိုနေတယ်
ငါ့မြေးမလေးကိုလည်းတွေ့ချင်လို့
ဘာချက်စားလဲသမီး
ငါးငပိချက် နဲ့စားတယ်အမေ
သမီးလေးလာ အဖွားဆီကို
မောင်မြင့် ဆီက ဘာထူးပြီလဲသမီး
မနေ့က နေ့ခင်းက ဖုန်းဝင်တယ်
ဘတ်ကဒ်ရဘို့ စောင့်နေတယ်တဲ့
အလုပ်မလုပ်ရသေးဘူးလေ
ပွဲစားဆီမှာပဲ
အေးပေါ့ သမီးလည်းဘုရားမှာဆုတောင်း
ညဘက်ရောက်လို့ သမီးအိပ်ပြီဆိုရင်
ငိုချင်တယ်အမေရယ်
အေးလေ
အဲ့လောက်လည်းအားမငယ်ပါနဲ့ ကိုယ့်ယောက်ကျားတယောက်ထဲမှမဟုတ်တာ
တလနီးပါးခန့်က ထိုင်းသို့ အလုပ်လုပ်ရန် အောက်လမ်းမှထွက်သွားကြသော မောင်မြင့်၏
ယောက်ခမဒေါ်တင်တင်တို့သားအမိညခင်းအစမှာ
ပြောဆိုနေကြခြင်းပါ သူတို့နေသော ၁၅ ပေကျယ်အိမ်နဲ့ခြံလေးကိုပေါင်ပြီးရင်းခဲ့ရခြင်းဖြစ်သည်
ကဲအမေပြန်မယ်
ဟုတ်ကဲ့အမေ
ဒေါ်တင်တင်တယောက် အိမ်ပေါ်ပြန်ရောက်ရုံရှိသေးတယ် သူ၏ ယောက်ကျား ဦးထွန်းမောင်က
မတင်ရေ ရှေ့အိမ်က စိုးသိန်းငါ့ကိုလာပြောတယ်
DVB သတင်းမှာပါတယ်
ဘတ်ကဒ်လုပ်ဘို့ပွဲစားအိမ်မှာ နေရင်းစောင့်နေတဲ့
မြန်မာအလုပ်သမား တစ်ရာကျော်ကိုထိုင်းရဲက
ဝင်ဖမ်းသည်တဲ့ကွာ
ဟင် ဒုတ္ခကြီးပြီပေါ့ ရက်စက်လိုက်ကြတာ
သမီးသိလို့မဖြစ်သေးဘူး
ဘုရားဘုရား
ခွေးအူသံရှည်ကြီးများ ညမှောင်ထဲ မကြာမကြာကြားနေရသည်
ကိုထွန်းမောင်တို့လင်မယား အိပ်မပျော်နိုင်သောက
ပွေခဲ့ရသောညပါ
နောက်နေ့ စျေးကအပြန် သမီးနဲ့မြေးဝင်လာသည်
ဘာထူးလဲသမီးဟုမေးရာ
ဘာအဆက်အသွယ်မှမလာဘူးအမေ
လာတော့လာမှာပါ မြေးလေးကိုဂရုစိုက်နော်
အမေ့ကိုပြောမလို့ ကိုဝင်းဌေး တို့ စားသောက်ဆိုင်က ထမင်းချက်နဲ့ ဆိုင်မှာကူဘို့ လာလုပ်ပါလားလို့
ခေါ်နေတယ် သမီးက မူကြိုထားလို့ပြီ
အင်း ခက်တယ်သမီး ငါ့သမီးက ရုပ်ရည်လေးကရှိ အသက်ကလည်း ၂၅ မပြည့်သေးဘူး
သူများပြောစရာဖြစ်မယ်သမီးရေ
အသောက်သမားတွေကြားမှာအလုပ်လုပ်ရမှာ
သမီး စဥ်းစားအုန်းမှာပါ
အေးအေး
ဤသို့ဖြင့် မောင်မြင့်တို့ဆယ်ယောက်အဖွဲ့ ၂လ ကျော်ကြာလာသည်အထိ လုံးဝအဆက်အသွယ်မရတော့ပါ
ကလေးတယောက်အမေ သက်သက်မာလည်း
စားသောက်ဆိုင်မှာ အလုပ်ဝင်လုပ်နေပါပြီ
၆ လကျော်လာသောနေ့ ပေါင်ထားသည့် အိမ်လေးအား တလမှမပေးနိုင်သော အတိုး နှင့် အရင်းပေါင်းကာ ထိုးပေးလိုက်ရသည်
ကုန်ကားမောင်းသူ အသက် ၅၅ နှစ်အဖေနဲ့ စျေးမှာ
ဘဲဥ ကြက်ဥရောင်းသူ အမေတို့ရဲ့အိမ်မှာပေါင်းနေကြသည်
စားသောက်ဆိုင်အလုပ်ကနေ သမီးရဲ့ နောက်ဇာတ်သတင်းတွေက ပျံ့လွင့်လာ၏
ဒေါ်တင်တင်အနေနဲ့လည်း သူ့ သမီးခုလို အစစ အဆင်ပြေနေတာ မြေးလေးကိုလည်းလိုတာမှန်သမျှ ဝယ်ပေးနေတာမြင်နေရ၍ အများပြောတဲ့
သမီးရဲ့ စားသောက်ဆိုင်က ဇာတ်လမ်းကို ပြောလာသည့်အခါ တိုင်း မဟုတ်ပါဘူးဟယ်
ငါ့သမီးချောတာကို မနာလိုကြတာဟုသာ ပြန်ပြောလိုက်၏
သတင်းစုံနားထောင်သူ အရှေ့အိမ်က တနေ့လာပြောသည် သက်မာရေ နင့်ယောက်ကျားမောင်မြင့်တို့အဖွဲ့တော့ ထိုင်းမှာလည်းမရှိဘူး မြန်မာပြည်ကိုပြန်ပို့ခံရတာဖြစ်မယ်
ဟုတ်တယ် သမီးလည်းကြားတယ် ဟိုလေ သေပြီထင်တယ်တဲ့
ခက်ပါတယ် သူ့မိဘနဲ့ ညီမတွေကလည်းသမီးကို
မျက်စောင်းတခဲခဲနဲ့ ဦးရေ
ဒါတော့လည်းမင်းတို့ကိစ္စပဲလေ
ကိုစိုးသိန်းတူရေ ထမင်းလာဝင်စားပါလား
မစားဘူး အဒေါ် ထင်တာလေးလာပြောတာပါ
အေးပါကျေးဇူးတင်ပါတယ်နော်
တနေ့ထက်တနေ့ ချောမောလှပအောင်အဝတ်အစားမျိုးစုံဖြင့် သက်သက်မာတယောက် တနှစ်ကျော်အချိန် တမနက်ခင်းမှာ မြို့က ဆိုင်ကယ်ဝယ်ရောင်းလုပ်သူနှင့် လိုက်ပြေးဟု ညဘက်တွင်မိဘများအား
စားသောက်ဆိုင်ပိုင်ရှင် ကိုဝင်းဌေးက လာပြောသည်
အသက်လေးနှစ်ကျော် သူ့သမီးလေးကတော့
အဖွားနှင့်နေသားကျနေပြီဖြစ်သည်
တကယ်တော့ စားသောက်ဆိုင်ပိုင်ရှင်ကိုဝင်းဌေးသည် မယားကြီးအပြင် အပျော်ထားသည့်မယားများရှိသူဖြစ် သည် ထိုအထဲ မသက်သက်မာလည်းပါသည်
အချိန်
တလသာကြာသွားသည် လိပ်စာအတိအကျမသိရသော မိဘဖြစ်သူတို့က မမြင်ဘူးသော ဆိုင်ကယ်ဝယ်ရောင်းသမားဆိုသူနှင့် သမီးဖြစ်သူတို့၏ သတင်းကို
လုံးဝမရဖြစ်နေ၏
သက်သက်မာရဲ့ စားသောက်ဆိုင်က မိတ်ဆွေတွေပြောလာသည်က ဆိုင်ရှင်ဝင်ဌေးက ဆိုင်ကယ်ဝယ်ရောင်းသမားလက်သို့ သက်သက်မာကိုထိုးထည့်လိုက်တာဖြစ်သည်ဟုပြောနေကြသည်
မြို့တွင် အိမ်ခန်းငှားပြီးသက်သက်မာကိုထားသည်
မနီးမဝေးကတိုက်နယ်ရွာကြီးမှာ ထိုသူက အိမ်ထောင်ရှိသူဟုသက်သက်မာသိလာရသည်
တနေ့ သက်သက်မာအား ထိုဆိုင်ကယ်ဝယ်ရောင်းသမားက အရက်မူးလာပြီး
ဒီမှာ သက်သက်မာ နင်က စားသောက်ဆိုင်က
ဝင်းဌေးရဲ့မယားငယ်တဲ့ ငါက ရုပ်ရည်လေးကြောင့်
ခိုးလာတာ မနက်ဖန် နင့်မိဘဆီသာပြန်ပေတော့
ရော့ ပိုက်ဆံဟု အော်ငေါက်လေသည်
သက်သက်မာလည်း ကြီးစွာရှိုက်ငိုလေတော့သည်
မနက်ခင်း ၈နာရီခန့်
ငါ အိမ်ပြန်လို့မဖြစ်ဘူး ဟုပါးစပ်ကရေရွတ်ရင်း
တခါက သူ့အားကေတီဗီမှာလုပ်ချင်ရင်လာခဲ့ဟုဖုန်းနံပါတ်ပေးခဲ့သူ ဂျာကြီးဆိုသူထံဖုန်းဆက်၏
အဆင်ပြေရသည်
အိုးဝေငှါးပြီး နေ့လည်တနာရီမှာ ကေတီဗီခြံဝင်းကြီးထဲရောက်သွားသည်
အချိုးအကွေ့တခုမှာ မိဘနှင့်သမီးလေးကိုပင်
သတိမရ မဆက်သွယ်ပဲ ကေတီဗီမှာ ပေါ်ပြူလာဖြစ်လာနေသူ သက်သက်မာ
အရက်ဘီယာမသောက်ခဲ့သော်လည်း
တနှစ်အကြာမှာ အရက်မူးလွန်၍ ဂျာကြီးနှင့်သူဌေး
တို့၏ဝမ်နိမ် ၂ခါထိခဲ့ရသူဖြစ်လာ၏
တနှစ်ကျော်လာသည့်ကာလ အရက်သောက်နှုန်းပိုလာသည် မိန်းကလေးချင်းပင်စေတနာဖြင့် လျှော့ဘို့ပြောတာမရ သူ့သမီးကိုသတိရလို့တဲ့
တည သက်သက်မာဆေးရုံတင်လိုက်ရသည်
ဆေးစစ်ချက်များအရ အစာအိမ်သွေးကြောပေါက်သည်တဲ့ တပတ်အကြာ ပိန်ခြုံးကျသွားသောရုပ်ဖြင့်ဆေးရုံကဆင်းလာ၏
သူငယ်ချင်းများကတတ်နိုင်သလောက် ပြုစုပေးသော်ငြား ပြန်ကောင်းနိုင်ဘို့မလွယ်
သူဌေးမှ သူ့မိဘများလိပ်စာမေးပြီး ပြန်ပို့လိုက်တော့သည်
အဖေနှင့်အမေဖြစ်သူတို့သည် ပျောက်ဆုံးသွားရသူသမီးအားပွေ့ခေါ်၍ အိမ်ပေါ်တင်ရသည်
ဖြစ်ရလေသမီးရေဟုအော်ငိုသူကမိခင်ကြီးပါ
အဖွားကငိုတော့ မသက်သက်မာရဲ့ သမီးလေးလည်းအော်ငိုသည် ခပ်ဝေးဝေးကရပ်ကြည့်နေ၏
သက်သက်မာအနားသို့မလာပေ
သမီးအမေဟုပြောသော်လည်းကလေးက ခေါင်းရမ်းပြသည်
ဤသို့ဖြင့် မိခင်တိုက်ကျွေးသော ဆန်ပြုပ်
ကြက်ပြုပ်ရည်တို့ကိုသောက်ရင်း တလ ခန့်အကြာမှာ အနည်းငယ် ကျန်းမာလာသည်
သမီးလေးကလည်းထိုအခါကျမှမိခင်မှန်းသိလာသည် အမေနှင့်အိပ်သည်
တခါက သက်သက်မာ၏လင်ယောက်ကျားဖြစ်သူ မောင်မြင့်၏ သတင်းအား သူ၏မိဘများထံအကြောင်းကြားလာ၏ လွန်ခဲ့သော ၂လခန့်ကတိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ရှေ့တန်းတနေရာတွင်ကျဆုံးသည်ဟု
အသိုက်ပျက်ငှက်တွေကသာ ကောင်းကင်ကြီးအကြောင်းကို ပိုသိကြ၏