ဘဝခြားတဲ့သောက(စ/ဆုံး)
——————————
“မောင် ဒီနေ့ စောစောပြန်ခဲ့နော် ”
“ဘာဖြစ်လို့လည်း ခိုင်”
“ဘာမှမဖြစ်ပါဘူး မောင့်ရဲ့ မောင်နဲ့အတူ ညစာ
စားချင်လို့ပါ”
“ခိုင်”ရယ် မောင်အပြင်မှာ စားလည်းရပါတယ်
“ခိုင်”က နေကောင်းတာလည်းမဟုတ်ပဲနဲ့ မောင့်အတွက် “ခိုင် “ပင်ပန်းနေပါ့မယ် “ခိုင်”အတွက်
အလုပ်သမားခေါ်ပေးမယ်ဆိုတော့လည်း “ခိုင်”မှလက်မခံတာ “ခိုင့်”ရော ဂါအခြေအနေနဲ့ ကိုယ်
တို့သမီးလေးကို ထိန်းနေရတာ ကိုပဲ မောင်က အားနာလှပါပြီ မောင့်အတွက် အပင်ပန်းမခံပါနဲ့
ကွာ “ခိုင်”သက်သာသလိုနေပါကွာ နော်”
“မောင်ရယ်”
ဟုတ်ပါတယ် “ခိုင်”ရဲ့နှလုံးရောဂါ ကတစ်နေ့တစ်ခြားပိုဆိုးလာနေပါပြီ “ခိုင”်ရဲ့မွေးရာပါနှလုံးရောဂါဟာ သမီးလေး
မွေးပြီးမှ ပို၍ပင်အခြေ အနေဆိုး နေပြီး ဘယ်ဆရာ
ဝန်နဲ့ပြပြ မထူးတော့ “ခိုင်အတွက်ကသေမထူးနေမထူး ဘဝကိုရောက်ရှိနေပါပြီ ခိုင်တစ်ခုကံကောင်းတာ
က “ခိုင့်”အပေါ်မှာ မောင်ဟာအမြဲနားလည်မှု ပေးခဲ့တယ်ဂရုစိုက်ကျင်နာပေးခဲ့တယ် မောင်အလုပ်ကပြန်လာရင်လည်း သမီးလေးနဲ့အတူ
ပျော်ရွှင်စရာကောင်းသော မိသားစုလေးကိုတည်
ဆောက်ပေးခဲ့သည်။
“ခိုင်”မသေ ချင်သေးပါ ပျော်ရွှင်စရာကောင်းသော
မိသားစုလေးနဲ့ “ခိုင်”မခွဲနိုင်သေးပါ အရွယ်မရောက်သေးသော သမီးလေးရဲ့ဘဝမှာ မိခင်မေတ္တာ ငတ်မွတ်တဲ့ ဘဝလေးကို “ခိုင်”မလိုလားခဲ့ပါ ဒါပေမဲ့ ကံကြမ္မာ စေညွှန်ရာ
ဘယ်သူမှ သေနေ့ကို နဖူးမှာ စာကပ်မထားပေးပါ
သေနေ့စေ့ရင်သေရမည့်လူသား တွေဆိုတာ “ခိုင်”နား
လည်ထားပါသည်။
“မောင် တစ်ကယ်လို့ “ခိုင်”သေသွားရင် သမီး
လေးကို စောင့်ရှောက်ပါနော်”
“ခိုင်ရယ် ဘာတွေပြောနေတာလည်း “ခိုင်”မသေပါ
ဘူး “ခိုင်”ပဲ သမီးလေး ပညာတတ်ကြီးတစ်ယောက်ဖြစ်တာ မြင်ချင်သေးတယ်ဆို အားတင်းထားပါ “ခိုင်ရယ်”
“မောင်ရယ် ” ခိုင်ရောဂါ အခြေအနေကို ခိုင်သိပါတယ် ခိုင့်ကို ကတိတစ်ခုပေးပါနော်”
“ဘာကတိလည်း ပြောလေခိုင်”
“ခိုင်”မရှိတော့တဲ့နောက် သမီးလေးကို စောင့်
ရှောက်ပေးပါနော် “ခိုင်”ဖြစ်စေချင်သလို့ သမီးလေး
ကိုပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် ပြု့စု
ပျိုးထောင်ပေးပါနော်”
“ခိုင်”ရယ် စိတ်မကောင်းစရာတွေမပြောနဲ့တော့
နော် “ခိုင့်”ကို မောင် ကတိပေးပါတယ် တော်ကြာ
သမီး လေးကြားသွားရင် စိတ်မကောင်းဖြစ်နေပါ့မယ်”
မိသားစု ပျော်ရွှင်နွေးထွေးမှုတွေနဲ့ ခွဲခွာရတော့မယ်ဆိုတာ “ခိုင်”တစ်ယောက် သိနေပေမဲ့
သံရောဇဉ် နှောင်ကြိုးတွေကြားထဲရုန်းမထွက်နိုင်အောင် မိုက်မဲ
မိပါသည်။
“မေမေ ”
“ခိုင့်”ကိုခေါ်ပြီးပြေးလာသော သမီးလေးကိုကြည့်ပြီး
“ခိုင်” ရင်မောမိပါသည်။”ခိုင့်ရောဂါအခြေ အနေ ကတစ်နေ့တစ်ခြား ပိုဆိုးလာသောကြောင့် အိပ်ယာထဲ လဲနေပါပြီ ။သမီးလေးအတွက်ကြောင့်ကျ ခဲ့သည်မှာ အမှန်ပင်။
“မေမေ နေကောင်းလားဟင်”
“ကောင်းပါတယ် သမီးလေးရယ် မေမေ ဘာမှမဖြစ်ပါဘူး”
“သမီး”
“ရှင် မေမေ”
“မေမေ မရှိတော့ရင်လေ သမီး ဖေဖေကို မေမေ့ကိုယ်စား စောင့်ရှောက်ပါ”
“မေမေက ဘယ်သွားမလို့လဲဟင်”
“သမီးလေးရယ် မေမေ ပြောတာကိုနားထောင်ပါ မေမေ မရှိတော့တဲ့ နောက်ပိုင်း လောကမှာ ခန်းနားထယ်ဝါစွာနေထိုင်
တတ်ဖို့ ကြိုးစားပါ သမီး လေး ဘယ်အရာကိုမဆို စဉ်းစားဆင်ချင်တွေးတောပြီးမှလုပ်ပါ စိတ်ရှည် သီးခံပါ”
“ဟုတ်ကဲ့ပါမေမေ မေမေ့စကားကို သမီး
နားထောင်ပါ့မယ်”
ရက်တွေ လတွေပြောင်းခဲ့ ပြီ ဝေဒနာသယ် တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှလည်း ခိုင် ဒုက္ခမပေးချင်တော့ပါ အားအင်ကုန်ခမ်းခြောက်သွေ့ပြီး ရေလေးတစ်ဇွန်း
လောက်သာ အဟာရအဖြစ်အဖော်ပြု နေရသော
ဘဝက လွတ်ချင်ပြီ သို့သော် မပြတ်နိုင်သေးသော
သံယောဇဉ်တွေက လွတ်လပ်မှုကိုလမ်းပိတ်ထားနေသည်။
“အဟင့် အဟင့် မေမေ ထပါအုန်း ဟီးး”
“ခိုင်ရယ် အဖြစ်ဆိုးလှချည့်လားကွာ မောင်နဲ့သမီး
လေးကို ထားခဲ့ရက်တယ်ကွာ”
မောင်နဲ့သမီးလေး အသက်မဲ့နေသော “ခိုင့်”အလောင်းကို ဖက်ပြီးငိုနေကြသည်။ “ခိုင်”ဘယ်လို
ထွက်သွားရက်နိုင်မှာလည်း မောင်နဲ့သမီးလေးတို့ရဲ့
မျက်ရည်စတွေအောက်မှရုန်းထွက်မရနိုင်ခဲ့ပါ။မောင်နဲ့ သမီးလေး “ခိုင် “အတွက် ရေစက်ချ အမျှဝေနေပေမဲ့ သာဓုမခေါ်နိုင်ခဲ့ မကုန်နိုင်သော သံယောစဉ်တွေက “ခိုင်”ကိုလွှတ်မြောက်မှုမပေးဘဲ
ဝိညာဉ် ဘဝနဲ့့သာနေဖို့ အမိန့်ပေး ခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~
တစ်အိမ်လုံးတိတ်ဆိတ်နေသည် တိုင်ကပ်နာရီမှ
နာရီသံတစ်ချက်ချက်မည်နေသည်။ နာရီကိုကြည့်လိုက်တော့ တစ်နာရီပင်ထိုးနေသည်။
“ဟူးးး စိတ်ညစ်ပါတယ် ဒီညမှ အလုပ်မပြီးရင်
ဒေါ်သူဇာ ကငါ့ကိုရိုက်လိမ့်မယ် နောက်ပြီး ငါ့ကြောင့်ဖေဖေ
ဒေါ်သူဇာနဲ့ ငါ့ရဲ့ကြားမှာ စိတ်ဆင်းရဲနေရမယ် ”
အလုပ်သာ ကြို းစားလုပ်နေသော သမီးလေးကို
ကြည့်ကာ “ခိုင်”ဘယ်လိုမှမခံစားနိုင် ဝိညာဉ် ဘဝဆို
တော့ ပြောချင်တိုင်းပြောလို့မရ ကိုင်ချင်တိုင်းကိုင်လို့မရ ထိတွေ့ခွင်မရှိသော ဘဝကို
ပိုင်ဆိုင်ထားရလေသည်။
ဟုတ်ပါသည် မောင်ဟာ “ခိုင်ဆုံးပြီး တစ်နှစ်အကြာမှာ ဒေါ်သူဇာ ဆိုသောအမျို းသမီးနဲ့
လက်ထပ်ဖြစ်ခဲ့သည်။ မောင့်ရှေ့မှာတော့ သမီးလေးကိုယုယချင်ဟန်ဆောင်ခဲ့ပေမဲ့ မောင့်ကွယ်ရာကျရင်သမီးလေးကို နိပ်စက်နေတာ “ခိုင်”တွေ့နေရခြင်းဖြစ်သည်။အခုလည်း မောင်ရုံးမှာ
အစည်းအဝေးရှိလို့ညပြန်မအိပ်တာကိုအခွင့်ကောင်းယူပြီးသမီးလေးကို မညာမတာခိုင်းနေသည်။
ဝိညာဉ်ဘဝရောက်နေပေမဲ့ သားသမီးအတွက်သောကပွေနေရသော “ခိုင်”တစ်ယောက် နေ့စဉ် ရင်နင့်အောင်ခံစားနေရလေသည်။
~~~~~~~~~~~~~~~~~~~~~~~~
မြတ်နိုးလေးတစ်ယောက် ညက အလုပ်လုပ်ရင်း
ခုံလေးပေါ်တွင်မှောက်လျှက် အိပ်ပျော်ခဲ့သည်။ ညည့်
နက်မှအိပ်ရသောကြောင့် မနက်တော်တော်နှင့်မထပေ ထိုအခါ့့့
“ဟဲ့မြတ်နိုး ထစမ်း ”
“ဟုတ့့့်ဟုတ်ကဲ့ အန်တီသူဇာ”
“မနေ့ညက ငါလုပ်ခိုင်းတဲ့အလုပ်ပြီးရဲ့လား”
“ဟုတ်ကဲ့ ပြီးပါပြီ”
“ပြီးရင် သွား မျက်နှာသစ်ပြီး ထမင်းဟင်းချက်တော့ ခနနေဆို နင့်အဖေ ပြန်လာတော့ မယ် မျို စို့တော့မယ် မြန်မြန်သွား ချက်ပေး လိုက် ”
“ဟုတ်ကဲ့”
“မျက်နှာတွေကိုက ကျက်သရေ တစ်စက်လေးမှမရှိတဲ့ဟာတွေ အမြဲးတမ်းလိုက်ပြောနေရတာပါစပ်သနာ့လိုက်တာ”
ဒေါ်သူဇာ ဆိုသူသည် ရုပ်လေးနဲ့မလိုက်အောင် စိတ်ဓာတ်အောက်တန်းကျသူတစ်ယောက်ဖြစ်သည်။
သူကြည့်တော့မခုတ်တတ်တဲ့ကြောင်လို သနားကမားရုပ်နဲ့ လုံးဝမထင်ထားသော ယုတ်ညံ့
သည့်အလုပ်ကို အမြဲလုပ်ကိုင်လေ့ရှိသည်။ နေ့စဉ်နဲ့အမျှ ချိန်းဝိုင်းတွေမှာသူဟာ ထိပ်ဆုံးဖြစ်နေခဲ့သည်။ယောကျာ်းလုပ်စာကို အခန့်
သားထိုင်ဖြု န်းနေသော မိန်းမတစ်ယောက်ဖြစ်သည်။ ျအခုလည်း သူ့မှာ ပိုက်ဆံပျက်သွားသဖြင့် ယောကျာ်းဖြစ်သူစီ ဘယ်လို
မာယာတွေနဲ့ ချွဲနွဲ့ပြီး တောင်းရမလည်းလို့ ခြေထောက်နှစ်ဖက် ချိတ်ထိုင်ကာ ဆေးလိပ်ခဲ၍ အကြံထုတ်နေခဲ့သည်။
“တီတီ”
အိမ်ရှေ့ကားသံကြားသည်နှင့့့့်
“ဟဲ့ မြတ်နိုး ချက်ပြုတ်လို့ပြီးပြီလား”
“ပြီးရင် တစ်ခါတည်းထမင်းပွဲပြင်ထား ပြီးရင်နင့်ရဲ့အဝတ်တွေတစ်ခါတည်းလဲထားနော်
ဟိုမှာ နင့်အဖေလာနေပြီ ငါသွားကြို လိုက်အုန်းမယ်”
“ကနွဲ့ကလျ ပြေးထွက်သွားသော ဒေါ်သူဇာအားကြည့်ကာ မြတ်နိုး မကျေနပ်နိုင် နောက်ပြီ ဒေါ်သူဇာ ပါစပ်မှမောင်မောင်နဲ့ခေါ်နေသောအသံကိုပို၍ပင်မုန်းမိနေသည်။ ဒါပေမဲ့ကလေးတစ်ယောက်အနေနဲ့
့ဘယ်လိုမှမလွန်ဆန်နိုင်ပေ။မေမေ့ကိုပေးခဲ့သည့်ကတိကို ဖေဖေက မစောင့်ထိန်းပေမဲ့ မြတ်နိုးကတော့ စောင့်ထိန်းနေမှာ အမှန်ပင် ဖေဖေ့ကိုစောင့်ရှောက်ဖို့ မေမေမှာခဲ့သည်။မေမေ့ရဲ့စကားလေးကို အခုချိန်ထိ မြတ်နိုး ဘယ်တော့မှနားထဲကမထွက် ခဲ့ပါ။
“မောင် ပြန်လာ ပြီလား ထမင်းတစ်ခါတည်း
စားမယ်မို့လား ဒီနေ့ မောင်အကြို ှက်ဆုံးဟင်းတွေ
သူဇာကိုယ်တိုင် ကြို းစားချက်ထားတယ်သိလား
်ထမင်းပွဲလည်း မောင်လာပြီဆိုတာနဲ့ တစ်ခါတည်းပြင်ထားတာ မောင်ဗိုက်စာနေမှာဆိုးလို့လေ”
“အင်း စားမှာပေါ့ မောင်ကဗိုက်စာနေတာနဲ့ အတော်ပဲ”
“အာ့ဆို သူဇာလည်းမောင်နဲ့တစ်ခါတည်းဝင်ဆွဲလိုက်တော့မယ် သူဇာလည်း ဗိုက်စာနေတာ အစောတည်းက မောင်နဲ့အတူတူစားချင်လို့ စောင့်နေတာ”
“အော် သူဇာရယ် ဆာရင်စားနှင့်ပေါ့ နောက်ဆိုမောင့်ကိုစောင့်မနေနဲ့ နော်”
“အင်းပါမောင်ရဲ့ အခုတော့ ခိုင်ချက်ထားတဲ့ လက်ယာလေးကို မြည်းကြည့်နော်”
“ဒါနဲ့ သမီးလေးကော သူဇာ”
“ရှိတယ်လေ မောင်ရဲ့သူ့အခန်းထဲမှာနေမယ်”
“ခေါ်လိုက်ပါကွာ မိသားစုသုံးယောက်အတူတူ လက်ဆုံစားကြတာပေါ့”
“ဟုတ်ကဲ့မောင်”
“ဒေါ်သူဇာသည် မြတ်နိုးလေးကိုမလိုလားအဖေဖြစ်သူရှေ့မှာ ဟန်ဆောင်ကာပြုံးနေတာ သူ့အလိုရှိလို့ ဖားနေခြင်းဖြစ်သည်။
“သမီးရေ့့မြတ်နိုးလေးရေ ဖေဖေ မေမေတို့နဲ့
ထမင်းအတူစားရအောင် လာလေ ကွယ်”
ခေါ်လိုက်သည့်အသံကာ နားခါးသည့်နှယ် မောင်နဲ့
သမီးလေးဘေးမှာ အမြဲရှိနေသော” ခိုင်”အဖို့ ရင်နာစရာတွေကို အမြဲမြင်တွေ့နေရသည်။
“လာသမီး မေမေ ခွန့်ကြွေးမယ်နော်”
“မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို မြတ်နိုး ဖေဖေစိတ်ဆင်းရဲမှာ ဆိုးသည့်အတွက် ဒေါ်
သူဇာ ခွန့်ပေးသော ထမင်းလုပ်ကို အံကြိတ်ကာမျို
ချနေရသည်။မာယာများလွန်း တဲ့ အချို းတွေ မျက်နှာပြောင်တိုက်ပြီး မြတ်နိုးချက်ထားတဲ့ထမင်းဟင်းတွေကို နာမည်ကောင်းယူပြီး ဖေဖေနား ချွဲနွဲ့ပြနေသည်မှာ အလွန်ပင် စက်စုပ် ရွံ့ရှာဖွယ်ကောင်းလှသည်။
“မောင်စားလေး စားလို့မကောင်းဘူးလား”
“အင်း ကောင်းပါတယ် ဒါပေမဲ့ ဒီနေ့သူဇာချက်တာ ဘာလိုနေလည်းမသိဘူး ပေါ့နေသလိုပဲ ရပါတယ်ကွာ အလုပ်လည်းပြန်သွားရမှဆိုတော့ အလုပ်သွားရင်း
နဲ့ပဲဆိုင်မှာဝင်စားလိုက်တော့မယ်။မောင်သွားတော့မယ်နော် သမီးလေးကိုဂရုစိုက်လိုက်အုန်း”
“မောင့်နေအုန်းလေ သူဇာပြောစရာရှိလို့”
“ပြောစရာရှိနောက်မှပြောပါ သူဇာရယ် အလုပ်ချိန်နီးနေပြီမို့ပါနော် သမီးလေး ဘိုင့်ဘိုင့်”
“ဘိုင့် ဘိုင့် ဖေဖေ”
“ဒေါ်သူဇာ သူ့ဧ။်အကြံမအောင်မြင်သဖြင် မျက်နှာ
ကြီးမဲမှောင်နေသည်။ ဖခင်ဖြစ်သူအားလက်ပြကာနုတ်ဆက်နေသော မြတ်နိုး လေးအား့့့့့။
“ဟဲ့ မြတ်နိုး နင် ထမင်းဟင်းချက်တာဘယ်လိုချက်တာလည်း နင့်ကြောင့် ငါ အတွေးတွေပျက်စီး ခဲ့ရတယ် အဲ့တော့ နင်အပစ်နင်သိရင် သွား နင့်အတွက်ထား
တဲ့တုတ်သွားယူခဲ့စမ်း”
“ဟုတ် ဟုတ်ကဲ့”
“ခိုင်”့်သမီးလေးကို အပြစ်မရှိအပြစ်ရှာပြီး ရိုက်တော့မယ် “ခိုင်”ဘယ်လိုလုပ်ရမလည်း။မျက်ရည်ရွဲ
လည်းနဲ့ မိဘမေတ္တာဟာအလွန်ပင် နက်ရှိုင်းလွန်းပါတယ်။”ခိုင်”တစ်ယောက် ဘယ်အရာကိုမှထိတွေ့နိုင်စွမ်းမရှိတဲ့ ဘဝမှာ ဘယ်လောက်များ ခံစားရလိမ့်မလည်း။
“မြတ်နိုး ဟိုဘက်လည့်စမ်း”
“ဖျန်း ဖျန်း ဖျန်း”
“မှတ်ပြီလား”
“ခိုင့်”သမီးလေးကိုမရိုက်တော့ပါနဲ့ “ခိုင်”တောင်ပန်ပါတယ် အကြိမ်ကြိမ်အခါခါပြောနေလည်း ဒေါ်သူဇာ တစ်ယောက် ရိုက်မြဲရိုက်နေသည်။ကလေးနဲ့မတန်အောင် ရိုက်နေသည်။ မရိုက်ဖို့တောင်းပန်လို့လည်းမကြား လူကိုဆွဲပြီးတားတော့လည်း ထိတွေ့ခွင့်မရှိတော့
အချည်းနှီးသာဖြစ်ဧ။်။
ဘယ်သူမှမကြားနိုင်သောစကားများဖြင့် “ခိုင်” တစ်ယောက်ထဲပြောနေမိသည်။ “ခိုင်”ဘယ်တုန်းကမှ
သူများအပေါ်မယုတ်မာခဲ့ပါဘူး အရှင်ဘုရား တပြည့်တော်မ သမီးလေးကျမှ ဘာလို့အခုလို ဘဝဆိုးကိုရရှိနေခဲ့ရတာလည်း သံယောဇဉ်ကြို းတစ်ချောင်းကြောင့် အခုလိုဘဝမျို းနဲ့ သမီးလေးအနားမှာနေရပေမဲ့ မြင်နေတွေ့နေရတာတွေက မိခင်တစ်ယောက်ရဲ့ နာကျင်ခြင်းကိုကံတရားကြီးက အရွဲ့တိုက်ပြနေသလားရှင် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာကို လှောင်နေတာလား သောက တွေပင်လယ်ဝေနေရတဲ့ ဘဝဆိုးကို ကျော်ဖြတ်ချင်ခဲ့
ပေမဲ့ မကျေနပ်ချက်တို့ရဲ့စိတ်ဧ။်စေရာမိုက်မဲမှုကြောင့် ရောက်ရှိခဲ့သေသံသရာမှာ
မှားယွင်းသောအတွေးတွေနဲ့ဆက်လျှောက်သွားရတော့မည်။”ခိုင်”တစ်ယောက် ရင်နင့်စွာ ငိုကြွေးရင်းဆုတောင်းနေမိသည်။ အရှင်ဘုရား ဘဝဘဝတိုင်းမှာ ပြု့ခဲ့သမျှ ကုသိုလ်ထူးတွေကြောင့်
တပည့်တော်မှ သမီးလေးနှင့် ထိတွေ့ခွင့်ပေးတော်မူပါအရှင်ဘုရာ့း့့။
ဗုဒ္ဓဘုရားရှင်ဟာ မိခင်တစ်ယောက်ရဲ့ မေတ္တာနှင့် ခံစားချက်ကို စာနာသည့်အလား “ခိုင်”ဆုတောင်းလိုက်သော အချိန်မှစ၍ “ခိုင်”ခန္ဓာကိုယ်
တစ်ဝိုက်လုံး အပူဓာတ်များစီးဆင်းခဲ့သည်။ယုံကြည်မှုစိတ်တို့က “ခိုင်”့်ခန္ဓာကိုယ်တစ်ခုလုံးစီးဆင်းကာ အရာဝတ္ထု များအား ကိုင်တွယ်ခွင့်ရှိခဲ့သည်။ ဒါဟာ ကုသိုလ်တရားများဧ။်အကျို းဆက်ဖြစ်သည်ဟု “ခိုင်”အပြည့်အဝယုံကြည်မိသည်။ အမှန်နဲ့အမှားကိုခွဲခြားသိမြင်နိုင်ပေမဲ့ မိခင်တစ်ယောက်ရဲ့ နားကြည်းစိတ်တို့ကြောင့် အမှောင်ထဲဝင်ကာ မိုက်မဲမိခဲ့ပြန်သည်။ အကြိမ်ကြိမ်အခါအခါ သမီးလေးအပေါ်နှိပ်စက်အနိုင်ကျင့်ခဲ့သော ယောကျာ်းဖြစ်သူအပေါ် အမြဲတမ်း လိမ်ညာ လည့်ဖြားအတုအယောင်သွေးဆောင်နေသော
ဒေါ်သူဇာအား တစ်ဖန်ပြန်ခံစားစေချင်သည်။
~~~~~~~~~~~~~~~~~~~~~~~~~
“မောင် ဒီနေ့ အလုပ်မသွားဘူးလား ဟင်”
“မောင်မသွားဘူးသူဇာ အလုပ်နားတဲ့ရက်လေး
သမီးလေးနဲ့ အတူနေချင်တယ် မောင်လည်းအလုပ်ပဲဖိလုပ်နေရတော့ သမီးလေးတောင် ဂရုမစိုက်နိုင်ဘူးလေ အဲ့ဒါကြောင့် ဒီနေ့တစ်ရက်သမီးလေးကို အဖော်ပြု ပြီး အိမ်မှာပဲ အေးဆေးနေချင်တယ်”
“သူဇာ ဘယ်သွားစရာရှိလို့လည်း ရှိရင်လည်း နောက်မှ မောင်လိုက်ပို့ပေးမယ်နော်”
“ရတယ် မောင် လိုက်မပို့နဲ့ သူဇာ ကိုယ့်ဖာသာပဲသွားလိုက်ပါ့မယ် ဟို သူဇာကိုတော့
မုန့်ဖိုးလေး ပေးပါအုန်းနော် သူဇာဝယ်စရာလေး နည်းနည်းရှိလို့ပါ”
“သူဇာ မင်းကိုမောင်ပြန်အပ်ထားတဲ့ ပိုက်ဆံတွေ
ဘယ်ရောက်သွားလို့လည်းကွာ”
“ဟို ဟို ရှိပါတယ်မောင်ရဲ့ မီးခံတတ္တာထဲမှာ သိမ်းထားတယ် သူဇာက အဲ့ထဲက မထုတ်ချင်လို့
မောင့်နား အလွယ်တောင်းလိုက်တာပါ”
မိန်းမယုတ်တို့မည်သည် အဘယ်သ်ို့သော အကုသိုလ်ကံမျို းကိုကိုယ်ကျို းအတွက်ကြူ းလွန်စေရမူ အိနြေ္ဒ မပျက် ဟန်ဆောင်နေတတ်ကြသည်။
အခုလည်း ယောကျာ်းရှာထားသည့်ပိုက်ဆံများကို
သုံးဖြု န်းကာ နောက်မီးလင်းနေခဲ့သည်။ အငယ်အနှောင်းအတွက် ဘာမဆို ရင်ဆိုင်ဖြေရှင်းဖို့ ယုတ်ညံ့သောသတ္တိတွေကအပြည့်နဲ့ ရဲရင့်နေတတ်သူ ဖြစ်နေလေသည်။
ဟန်အပြည့်နဲ့ အလှတရား ဗန်းပြပြီး ဘဝကိုနစ်မွန်း
အောင်တည်ဆောက်နေသော ဒေါ်သူဇာတစ်ယောက် လိုအပ်သော ပိုက်ဆံတောင်းကာ အပြင်ထွက် လေလွင့်တောမည်ဆိုတာကို “ခိုင်”တစ်ယောက်ကောင်းစွာ သိရှိနေခဲ့သည်။
မောင်အလုပ်သွားချိန်မှာလည်း အိမ်မှာ သူ့ရဲ့အငယ်အနှောင်းနဲ့ နေချင်သလိုနေ လုပ်ချင်သလိုလုပ်ကာ ယောကျာ်းအပေါ်ဖောက်ပြန်နေသည်။ သူဧ။်အကြောင်းများကို ပြောလျှင်သမီးဖြစ်သူအား သတ်မယ်လို့လည်း အကြိမ်ကြိမ်အခါအခါ ကြိမ်းမောင်းခဲ့သည်။ ထိုအချင်းအရာများကို ရင်စီး
ကာ ခံစား နေရသော “ခိုင်”တစ်ယောက် အခုတော့
ပြု ပြင်နိုင်ဖို့အခွင့်အရေးရှိလာခဲ့သည်။
မောင်နှင့် သမီးလေး ပျော်ရွှင်နေသည်ကို မြင်ရတော့ “ခိုင်”တစ်ယောက် ပီတိမျက်ရည်များပင် ကျမိသည်။
“ဖေဖေ သမီး မေမေ့ကိုမြင်ရတယ်”
“ဘာတွေပြောနေတာလည်းသမီးလေးရယ် မေမေက သေသွားပြီလေ”
“မေမေ မသေသေးပါဘူး ဖေဖေရဲ့ ဟို့့့့တံခါးနားမှာ မေမေရှိတယ် သမီးတို့ကို ပြုံး ပြီး ကြည့်နေတယ်ဖေဖေ”
“သမီးရယ် မေမေ ကိုသတိရနေလား ဖေဖေလည်းသတိရပါတယ်”
“ခိုင်ရယ် မင်းသာ အခုနေချိန်လူ့လောကကြီးမှာရှိရင်သိပ်ကောင်းမှာပဲကွာ ”
” ခိုင့်”မျက်ရည်တွေ ဘယ်လိုမှဖြေမဆည်နိုင်တော့ပါ။
“အော့့့်မောင်ရယ် “ခိုင်”ဘယ်မှမသွားပါဘူး မောင်နဲ့သမီးလေးနားမှာ “ခိုင်” အမြဲးတမ်းရှိနေခဲ့တာပါ”
“ဖေဖေကလည်း မေမေ ရှိပါတယ်ဆို”
“အေးပါသမီးရယ် လာလာ မိုးလည်းချု ပ်နေပြီ
အိပ်ကြရအောင်နော် သူဇာကလည်း အခုချိန်ထိပြန်မလာသေးဘူး ဘယ်တွေသွားနေလည်းမသိပါဘူးကွာ”
တစ်ရက်ပြီးတစ်ရက် တစ်နေ့လုံးတစ်ညလုံး “ခိုင်”သမီးလေး ဘေးမှာပဲ အဖော်ပြု ရင်း သမီးလေးနဲ့အတူ စကားတွေပြောနေခဲ့တယ် သမီးလေးကို ပျော်ရွှင်အောင် ထားနိုင်ခဲ့သည်။
တစ်နေ့မှာတော့ ငှက်ရိုင်းတစ်ကောင်ဧ။် ငှက်ဆိုးထိုးသံက အခန်းတံခါးဝမှကျယ်လောင်စွာ
ထွက်ပေါ်လာခဲ့သည်။
“မြတ်နိုး”
“ဒေါ်သူဇာဧ။် ခေါ်သံကြောင့် လိပ်ပြာလွင့်မတက်
လန့်သွားသောသမီးလေးအား ကြည့်ပြီး “ခိုင်”တစ်ကယ်ပဲစိတ်မကောင်းခဲ့ပါ။
“လာပါပြီ အန်တီသူဇာ”
“တစ်ချိန်လုံး အဲ့အခန်းထဲမှာ ဘာလုပ်နေတာလည်း အိမ်မှာ လုပ်စရာရှိတာ လုပ်ပါလား ခနနေဆို ဧည့်သည်လာတော့မယ် သွားမြန်မြန်သွားလုပ်”
“ဟုတ် ဟုတ်ကဲ့”
“ကျော့ ရှင်းစွာ ဆိုဖာပေါ် အပေါက်နောက်ကျောပေးကာ အခန့်သားထိုင်နေသော ဒေါ်သူဇာအား နောက်မှ
မျက်လုံးလေး အသာမှိတ်ထားလိုက်သည်။
ခိုးစားသမားချင်းဆိုတော့ သူခိုးရဲ့လက်ကို မကြည့်ပဲ ခန့်မှန်းသိနေလေသည်။
“မောင်လေး နော် မင်းမနောက်နဲ့ကွာ”
“ဟာ မမက ကျွန်တော့ကို သိနေတယ်”
“သိတာပေါ့ကွ ကိုယ်ချစ်နေရသူရဲ့ အငွေ့အသက်လေးကို အမြဲးတမ်း နမ်းရှိုက်နေခဲ့တာ
ဒါလောက်ကတော့ ပါမွှားလေးပါ”
ဖက်လည်းတစ်ငင် ပျော်နေသော ဒေါ်သူဇာအားတို့အားကြည့်ကာ
ခိုင်ဘယ်လိုမှဒေါသထိန်းမရ တော့ပါ။
“ဟဲ့ မြတ်နိုး ဧည့်သည်အတွက် အအေး အမြန်ယူခဲ့စမ်း”
“ဟုတ် ဟုတ်ကဲ့”
လက်သေးသေးလေးဖြင့်တုန်တုန်ယင်ယင်ယူလာပေးသော အအေး ကို ယူကာ ဒေါ်သူဇာတစ်ယောက်
“မောင်လေး အအေးလေး သောက်လိုက်အုန်းနော်”
“ဟာ မမ အအေးက ရေခဲလည်း မပါဘူး မောင်လေးက ရေးခဲပါမှ ကြို က်တာ”
“ဟဲ့ မြတ်နိုး လားစမ်း နင်ဘာလို့ အအေးထဲရေခဲ မထည့်ပေးရတာလည်း”
“ရေခဲကုန်နေလို့ပါအန်တီ သမီးနားမှာဝယ်ဖို့ ပိုက်ဆံမရှိလို့့့့့့”
“တော် တိတ်စမ်း ”
“မောင်လေး ခနနော်”
“လာ စမ်းမြတ်နိုး ဧည့်သည်ရှေ့မှာ အဲ့လိုပြောရလား နင်တော့သေပြီသာမှတ်”
နားရွက်ဆွဲကာ သမီးလေးကိုအခန်းထဲခေါ်သွားသောဒေါ်သူဇာအား
ကြည့်ကာ “ခိုင်”ဘယ်လိုမှ မခံစားနိုင်တော့ “ခိုင့်”ဒေါ
သတွေက အထွဠ်အထိပ်သို့ ရောက်ရှိခဲ့သည်။ခိုင်
နောက်မှ ထပ်ကြပ်မခွာ လိုက်သွားခဲ့သည်။
“မေမေ ရေ ကယ်ပါအုန်း”
“အောင်မှာ နင်ကများ ဘယ်ဆီနေမှန်းမသိတဲ့နင့်အမေကို တနေသေးတယ်”
“တချင်အုန်းဟယ်”
“ဒေါ်သူဇာ တစ်ယောက် မြတ်နိုးလေးကို ရိုက်ဖို့
လက်မြောက်လိုက်သည်နှင့် အနောက်မှ အေးစက်သော လက်တစ်စုံက ဒေါ်သူဇာဧ။်လက်ကို ဆွဲ
ထားခြင်းခံလိုက်ရသည်။ဆွဲထားသည့်လက်ကို ရုန်းကာ အနောက်သို့လည့်ကြည့်မိသည်။ ဒေါ်သူဇာ
တစ်ယောက် အသက်ပင်ရှုမရလောက်အောင်ကြက်သေသေသွားခဲ့သည်။မြင်လိုက်ရသည့်မြင်ကွင်းက ဘယ်လိုမှထင်မှတ်မထားသော မြင်ကွင်းဖြစ်နေသည်။ မျက်တွင်းသားများမရှိသော
မျက်လုံးတစ်စုံ ဆံပင်ဖားလျားချကာ ပါစပ်မှလည်း
လောက်များဖွာကျနေသည်။ အေးစက်သောမျက်လုံး
စိမ်းတို့ဖြင့်အငြို းကြီးစွာကြည့်နေသော ကြောင့်ဒေါ်သူဇာ အကြောက်လွန်ကာ အော်မိသည်။ အော်လိုက်တိုင်းလည်းအသံတို့က လည်ချောင်းဝကမထွက်ပိတ် စို့နေသည်။
ချောက်ကပ်ကပ်နိုင်သော အသံများဖြင့် ဒေါ်သူဇာအား့့့့့
“နင်ထွက်သွား ဒီအိမ်က အပြီးအပိုင်ထွက်သွား
နင့်လိုသစ္စာမရှိတဲ့ မိန်းမကို ငရဲခန်းကကြို နေပြီ
ထွက်သွား ဒီအိမ်ကနေထွက်သွား သွာ့း့့့့့့။
“အမလေး သရဲ သရဲ သရဲ ”
ထိုအခါမှဒေါ်သူဇာတစ်ယောက်လည်း ကြောက်အား
လန့်အားဖြင့်အော်ကာ ပြေးထွက်သွားလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~
အကြောင်းအရာ အစုံကို သမီးလေး ပြောပြလို့ မောင်သိခွင့်ရလိုက်ပြီ။
“ခိုင် မောင် နောင်တရခဲ့ပါပြီ မောင်ကတိအထပ်ထပ်ပေးပါတယ် “ခိုင့်”သမီးလေးကို မောင် တစ်သက်လုံး ရင်အုပ်မကွာ
စောက်ရှောက်ပါတော့မယ် လို့ မောင် ကတိပေးပါတယ်”
“ခိုင် “သွားလိုရာသွားပါ ဘာပူပင်သောကတွေမရှိတဲ့ အရပ်ကို လွတ်လပ်စွာ
သွားပါ “ခိုင်”
“ခိုင်”သမီးလေးအတွက် စိတ်အေးလက်အေးထားပါ စိတ်ချပါ ကောင်းမွန်စွာ အနားယူပါတော့ “ခိုင်”ရယ့့့်။
“ခိုင်”နှင့်တစ်ကွ အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်
သာဓု သာဓု သာဓု့့့။
“မောင် ရေစက်ချ အမျှ ဝေပေးလို့ “ခိုင် “သာဓု ခေါ်
ခဲ့ပါပြီ မောင်ရယ် နောက်နှောင် ဘဝတွေမှာ လည်း မောင်နဲ့ သမီးလေး နဲ့ အတူတူ နေချင်ပါသေးတယ် နောက်ဘဝဆိုတာရှိခဲ့ရင်
ပြန်ဆုံနိုင်ဖို့ “ခိုင်”အမြဲ ဆုတောင်းနေပါတယ် သမီး
လေးနဲ့ မောင်ရယ့့့့်။
စာရေးသူ=စွဲရိပ်ထင်(ဓနုမလေး)