မနက်စောစော အိပ်ရာနိုးစ အာရုံကြည်လင်စမှာပင် မိခင်ဖြစ်ပြီဟု သူ့ကိုယ်သူ အသေအချာ စွဲမှတ်ယူလိုက်ရ သည်။ ပထမတွင် အဝါနုရောင်ပြေပြေ ပြေးသော အိပ်ရာ ခင်းစကို တဆတ်ဆတ် တုန်ယင်သည့် ညာလက်ချောင်း လေးများနှင့် ပွတ်သပ်စူးစမ်း၏။ အညိုရောင် သစ်ခက်လေးကျဲကျဲ […]

မြစ်ကူးတံတားကြီးပေါ်ကနေမျှော်ငေးကြည့်တော့ တစ်ရံမလပ်စီးဆင်းနေတဲ့ မြစ်ပြင်ကျယ်ကြီးရဲ့ အနောက် ဘက်ကမ်းနဖူးနဲ့ အနားသတ်ထားတဲ့ ငယ်မြို့လေးက လွမ်းမောဖွယ်ရာ။ ဆောင်းလေကြမ်းကြောင့် လှိုင်းထ မောက်ကြွနေတဲ့ မြစ်ရဲ့အော်သံကို သဲ့သဲ့ကြားရပြီး နံနက် ခင်းနေရောင်ခြည်အောက်မှာ မြစ်ပြင်က စိန်ရောင်ရွှေ ရောင် တဖျပ်ဖျပ်တောက်ပနေသည်။ မြစ်အရှေ့ဘက်ကမ်းစပ်တစ်လျှောက်ဆီမှာတော့ […]

သူ့နာမည်က လက်ပွား။ နာမည်အရင်းက မျိုးကို ကို။ ဒါပေမဲ့ သူ လူလားမြောက်လာကတည်းက အဲဒီ နာမည်ကို ဘယ်သူမှမခေါ်ခဲ့။ အဲဒီတော့ သူ့နာမည်အရင်း ကို မေးတဲ့သူရှိလာမှ ခက်ခက်ခဲခဲ ပြန်စဉ်းစားရတယ်။ အမေကတော့ သူ့ကို သားလို့ပဲခေါ်တယ်။ […]