ကျနော့အဖေကို ခေါ်ပေးပါ

Posted on

ကျနော့အဖေကို ခေါ်ပေးပါ(စ/ဆုံး)
———————————-

ရန်ကုန်မြို့ကြီး၏ အလုံမြို့နယ်ထဲက
စလိုက်ဒိုးခြံဝင်းဂိတ်တံခါးကြီးရှေ့သို့ လေကြောင်းလိုင်း အမှတ်တံဆိပ်ကပ်စတစ်ကာကပ်ထားသော
ပတ်ဗလစ်ကာ ပိတောက်ခြောက်ရောင်ကားလေးထိုးရပ်လိုက်တဲ့အခိုက်
ယူနီဖောင်းဝတ် လုံခြုံရေး ကုမ္ပဏီဝန်ထမ်းက တယောက်ဝင်သာအပေါက်ကနေထွက်၍ ကားရှေ့ခန်းထိုင်မိန်းကလေးအားမေးပြီး ကားဝင်ရန်
တံခါးကြီးဖွင့်ပေးလိုက်၏

ထိုကားလေးခြံဝင်းထဲက မှန်တံခါးများ
တပ်ထားသည့်ရုံးခန်းတိုက်ရှေ့ရပ်ကာ
ကားပေါ်က ခရမ်းရောင်ကုတ်နှင့် စကပ်
အရောင်တူမိန်းကလေး ဆင်း၍
အော်တိုစလိုက်ဒိုးမှန်ရှေ့ကနေ အခန်းတွင်းဝင်သွား၏

ဧည့်ကြိုမိန်းကလေးမှ
ညီမလေး ဖလိုက်အေးဂျင့်ကလား
ဖိုင်းနက်အမ်ဒီ စောင့်နေပါတယ်
လာ ဒီအခန်းပဲဝင်သွားလိုက်

ထိုင်ပါ
မဟော်ဂနီရောင်စားပွဲတွင် ဆုံလည်မာစတာချဲအနက်ရောင်မှာထိုင်နေသူ
အသက် ၄၀ခန့် အမျိုးသမီးမှပြုံး၍ကြိုဆိုစကားပြုပါသည်

ဟုတ် မမ တို့ ဘွတ်ကင်လုပ်ထားတဲ့
စင်ကာပူ မလေး ကိုရီးယား
ဧပရယ်ခရီးစဥ်လက်မှတ်တွေလာပို့တာပါရှင့်

ကျေးဇူးပါ ၄ယောက်နော်

ဟုတ်ကဲ့မမ ကြည့်လိုက်ပါ
ခရီးစဥ် စကယ်ဂျူးနဲ့ ဂိုက်ရဲ့ အတွေ့အကြုံ တည်းရမယ့်ဟိုတယ်
လည်ပတ်စရာနေရာ အားလုံးက
ဒီစာအုပ်အဝါလေးထဲမှာပါတယ်ရှင့်

အိုကေညီမလေး

ခွင့်ပြုပါအုန်းရှင်

Ok

ဖလိုက်တိကက်အေးဂျင့်မှမိန်းကလေးအခန်းထဲမှအထွက် ဖိုင်းနင့်အမ်ဒီရဲ့ခင်ပွန်း သူဌေးဦးကိုကိုလင်းထိုက်ဝင်လာသည်

မောင် ရောက်လာပြီပဲ
ခုမနက်တာမွေက မော်ဒန်မှာ ထိုင်မယ်ဆိုလို့
နောက်ကျမယ်ထင်တာ

အေးကွခဏပါ လူမစုံလို့လေ
ဒါနဲ့ ခုန သက် ဆီကထွက်သွားတဲ့မိန်းကလေးက

သြော် ဒီမှာလေမောင် သင်္ကြန်ဆယ်ရက်မှာ မောင့်သမီးနှစ်ယောက်က
စင်ကာပူ မလေး ကိုရီးယားခရီးစဥ်
သွားချင်လို့ပူစာတာလေ
လက်မှတ်တွေလာပို့တာ

ဟင် သက်ရယ် မောင့်ကိုဘာလို့မပြောပဲလုပ်တာလဲ
မောင်က အဖေ့ဆီကိုဖုန်းဆက်ထားပြီးပြီ သင်္ကြန်ရက်အဖေ့ဆီမိသားစု
၄ယောက်စလုံးလာမယ်လို့

မောင်ကရော သက်ကို မေးပြီးမှ တောကအဖေ့ဆီဆက်တာလား
ပြောပါအုန်းမောင်ရယ်

ထိုအခိုက် တွေဝေသွားသူက
ရန်ကုန်သူ သူဌေးသမီး
တက္ကသိုလ်ကအတန်းတူ သူငယ်ချင်း
ဇနီးသက်သက်မာရဲ့ ခင်ပွန်း အမ်ဒီ
ဦးကိုကိုဝင်းထိုက်ဖြစ်ပါသည်

မောင့်အဖေကိုဖုန်းဆက်လိုက်ပေါ့
မလာဖြစ်တဲ့အကြောင်း

သက်ရယ်မင်းပြောတာလွယ်လိုက်တာ
ငါ့အဖေ ဘယ်လောက်အထိစိတ်ထိခိုက်သွားမလဲ တနှစ်မှတခါ သူ့မြေးလေးတွေကိုလည်းမြင်ချင်လို့မျှော်နေလောက်ပြီ
ငါ့မမကြီးမိသားစုဆိုရင်လည်း
မောင်လေးရေ ဝမ်းသာလိုက်တာတဲ့
မင်းမိန်းမနဲ့သမီးလေး၂ယောက်အကြိုက်ငါတို့ချက်ကျွေးမယ် သိလား
တဲ့
သက်ရယ် ငါဘယ်လို ပြန်ဆက်ပြောရမှာလဲ

မောင်ကလဲ နိုင်ငံခြားသွားလည်ကြတယ်လို့တော့မပြောနဲ့ပေါ့
တခုခုအရေးကြီးလို့နောက်မှလာမယ်ပေါ့

ဦးကိုကိုဝင်းထိုက် ခေါင်းငိုက်စိုက်ကျကာ သူထိုင်ရာ အမ်ဒီအခန်းသို့ပြန်ဝင်သွားလေ၏

အခန်းထဲရောက်မှ တောက်တချက်
ခပ်ကျယ်ကျယ်ခေါက်လိုက်ပြီး
ဆုံလည်ထိုင်ခုံမှာထိုင်ချလိုက်၏
ထို့နောက် ဖုန်းဒိုင်ခွက်မှ ဖုန်းကိုကောက်ယူကာနားမှာကပ်၍

ဟလို ဒေါ်လေးမစမ်းအေးဆိုင်ကလား

ဟုတ်တယ်

ဒေါ်လေးလား

မဟုတ်ဘူး သမီးခင်တင့်ပါ

သြော် ညီမရေ အကိုကြီးအဖေ ဦးဟန်တင်ကိုခေါ်ပေးနော် ဆယ်မိနစ်ကြာမှပြန်ဆက်မယ်

ဟဲ့သမီးဘယ်သူလဲ

အမေရေ့ ဘကြီးဟန်တင်သား
သူဌေးကြီး

ပေးပေး ဖုန်းအမေ့ကို သမီးသွားခေါ်ချေ ဦးလေးကို

ဟဲ့ တူလေး မင်းတို့မိသားစု သင်္ကြန်ပိတ်ရက်လာမယ်ဆိုလို့ မင့်အဖေနဲ့မမကြီး
တို့အရမ်းပျော်နေကြတယ်
ငါတို့အိမ်ခြံဝင်းထဲမှာသူ့မောင်ရဲ့ကားကြီးထားပါရစေလို့ မင်းမမကြီးနဲ့ယောက်ဖက လာပြောသေးတယ်ကွယ့်

ဒေါ်လေးရယ် နေကောင်းကြလား

ကောင်းတယ် တူလေး မင်းဦးလေးရော မင်းသူငယ်ချင်းငါ့သား ကျန်းမာရေးမှူးကြီးကပါ မင်းတို့ကို မျှော်နေကြတာ

ဟုတ်ကဲ့ အဖေရောက်ပြီလားဟင်

လာပြီ လာပြီ ဦးလေးဟန်တင် ရော့

ဟလို လို့ပြောလေ

ဟလိုသားရေ

အဖေ နေကောင်းရဲ့လား

ကောင်းတယ်သား

မမကြီးကိုရော အဖေ့ကိုရော သားတောင်းပန်ချင်တယ်အဖေရယ်
သားတို့မိသားစု သင်္ကြန်ရက်မှာ
အဖေ့ဆီလာမယ်ပြောထားတာ
မလာဖြစ်တော့ဘူး အဖေရယ်
သား

ဟေ ဘယ်လိုဖြစ်ရတာလဲသားရယ်

သားတို့ ကုမ္ပဏီရဲ့ အရေးကြီးအစည်းအဝေးကို ထိုင်းနိုင်ငံမှာသွားတက်ရမှာမို့ပါအဖေ
အဲ့ဒိကပြန်ရောက်မှ သားလာခဲ့ပါမယ်
အဖေ့ချွေးမနဲ့မြေးတွေမပါဘူး
သားတယောက်ထဲလာခဲ့မယ် နော်အဖေ

အေးလေ ဟူသော ညီးတွားလေးလံသောအသံ သူ၏အဖေထံမှကြားရပြီး
နောက် ဖုန်းသံတိတ်နေ၍

ဟလို ဟလို အဖေ ကြားရလားပြောပါ
ဟလို အဖေ

ကြားတယ်သားရေ အဖေ စိတ်တော်တော်မကောင်းဘူးကွာ
မင်းရဲ့မမကြီးမိသားစုကိုအဖေဘယ်လိုပြောရမလဲကွာ
မင်းသူငယ်ချင်းတွေကလည်းပျော်နေကြတာ မင်းလာမယ်ဆိုလို့
ပုဇွန်လုံးအဆီနဲ့ နံ့သာဖူ ငှက်ပျောသီး
ကျွေးကြမယ်တဲ့ကွာ

အဖေရယ် သားလည်း

အေးပါကွာ နိုင်ငံခြားကပြန်ရောက်ရင် မင်းတယောက်ထဲ ရွာကိုလာမယ်ဆိုတာ
အဖေမယုံပါဘူး ဒါ့ကြောင့်
မမျှော်တော့ပါဘူးသားရေ
မင်းအမေဆုံးတုန်းက တခေါက်သာ
သားရဲ့မိန်းမသူဌေးသမီးနဲ့ သမီးလေးတယောက်တို့လာခဲ့စဥ်ကတည်းက
အဖေနဲ့ မင်းရဲ့သူငယ်ချင်းတွေ
မင်းမိန်းမရဲ့အနေအထားကို
သဘောပေါက်ခဲ့ကြပါတယ်ကွာ
သားရေ လူ့တန်ဘိုး
ယောက်ကျားတယောက်ရဲ့တန်ဘိုးကို မြို့ပြလူဂုဏ်တန်တွေရဲ့ထုံးစံလိုဖြစ်နေတဲ့
ပိုးမွှေးကို ဗာရာဏသီချဲ့သလို
မချဲ့ပါနဲ့ကွာ
မင်းအဖေလည်း ဟယ်ဒီတန် ၇တန်းအောင်ခဲ့သူ အငြိမ်းစားကျောင်းဆရာပါ

အဖေကလည်းဗျာ သားနဲ့အဖေကြားမှာ
ခုတခါပြောတဲ့စကားတွေကပြင်းလွန်းတယ်အဖေရယ်
သားတို့မိသားစုမလာဖြစ်တာလေးကို
အဖေအဲ့လောက်မပြောသင့်ပါဘူးဗျာ
သားရဲ့အလုပ်တွေက နိုင်ငံခြားနဲ့ဆက်ဆံနေရတာလေ အဖေသိပါတယ်
သားစိတ်ဆင်းရဲတယ်

အေးလေ သားစိတ်ညစ်သွားတယ်ဆိုရင်
ဖုန်းမဆက်တော့နဲ့သား
အဖေနဲ့မင်းမမကြီးတို့က
မင်းရဲ့ဇာတိချက်မြှုတ် ရွာလေးမှာ အစစ အဆင်ပြေတယ်
နေထိုင်ကျန်းမာလျှက်ပါသားရေ

မင်းဘာမှ အဖေ့အတွက်မပူနဲ့ကြားလား
ချမ်းသာခြင်းအစစ်မှာ အတ္တကြီးမားခြင်းတွေမပါဘူးသား
မင်းမမကြီးမိသားစုကအဖေ့ကို လိုတယ်မရှိရအောင် အစစဂရုစိုက်လုပ်ပေးတယ် သူတို့အိမ်ကိုလည်း တထပ်တိုက်အဆောင်လေးချဲ့ ဆောက်ပြီး ထမင်းစားခန်း မီးဖိုဆောင် အိမ်သာ
လုပ်ထားတယ် သူ့မောင်မိသားစုလာရင်
သန့်သန့်ပြန့်ပြန့်ရှိစေဘို့တဲ့ ကြွေပြားတွေ
ပါ ခင်းထားတာ သားရေ
ဂါရဝတရား ကျေးဇူးတရား မင်္ဂလာတရား ပြည့်ဝကြဘို့သာ မင်းတို့မိသားစု ကြိုးစားကြ
ဟုပြောရင်း ဖုန်းချလိုက်၏

ကုမ္ပဏီသူဌေး အမ်ဒီဦးကိုကိုလင်းထိုက် ရဲ့တောက
အဖေဖုန်းချအပြီး ဇနီး ဖိုင်းနက်အမ်ဒီဒေါ်သက်သက်မာဝင်လာသည်

မောင်ကလည်းဖုန်းဘယ်သူနဲ့ပြောနေတာလဲ အကြာကြီးပဲ

အဖေနဲ့လေ သက် မင်းရဲ့နိုင်ငံခြားခရီးစဥ်လုပ်ရပ်ကြောင့် ငါ့အဖေငါ့ကိုစိတ်ဆိုးသွားပြီ ဘယ်တော့မှ မလာနဲ့တော့တဲ့ သူ့ဆီကို

ဒါပဲမောင်ရယ် မောင့်အဖေက အသက်ပဲ
၇၀ကေျာ်နေပြီ ကျမတို့သမီးလေးတွေက ပညာသင်ဆဲ တက်လူ ခေတ်ပညာတတ်လေးတွေလေ
မောင့်အဖေက နားလည်ရမှာပေါ့ ဒီလိုကလေး၂ယောက်က
ခြင်ကိုက် မှဲ့ကိုက်တောရွာကိုလာချင်ပါ့မလား
စိတ်ထဲထားမနေနဲ့မောင်ရေ

လာ မောင်နဲ့သက်အတွက် အဝတ်အစား
အသုံးအဆောင်ဝယ်ရင်း အဖေနဲ့အမေက အင်းယားလိတ်ဟိုတယ်မှာနေ့လည်စာ မစားဖြစ်တာကြာလို့တဲ့ လိုက်ပို့ရအုန်းမယ်
သူတို့လည်း
ဝင်ခေါ်ရမယ် မောင့်ယောက်ဖလေးကလည်း သက်တို့မိသားစုနိူင်ငံခြားခရီးမှာသူ့ကိုမခေါ်လို့တဲ့ ပြသနာလုပ်နေတာ စိန်ဂေဟာမှာ သူလိုချင်တဲ့ လီဗိုက်ဂျင်းဝမ်းစက်ဝယ်ပေးရမယ်တဲ့မောင်ရေ

အေးပါ အေးပါ

စားပွဲညာထောင့်မှ အင်တာကွန်းခလုတ်ကိုနှိပ်လိုက်ပြီး

မိုးဟိန်းလား

ဟုတ် အမ်ဒီ

ကားအကြီးထုတ်ပြီး အဲကွန်းဖွင့်ထား

ဟုတ်

၁၅မိနစ်ခန့်အကြာ ယောက်ခမများဝင်ခေါ်ရန် လမ်းချိုးအကွေ့တွင်

မောင် ကားပေါ်မှာ ဘာစကားမှမပြောဘူး

သက်ကလည်းကွာ နားထဲမှာလေ
ငါ့အဖေရဲ့ပြောသံတွေကြားနေရတယ်
ပြီးတော့ ရွာ လယ်တောက နွားကြီး
အော်သံကြီး ဘွတ်အဲ
လို့ကြားရတယ်ကွ အိပ်မက်လိုလို ပဲကွာ

တော်ပါမောင် မကြားချင်ဘူး
အလကား မင်္ဂလာမရှိကျက်သရေမရှိ

ထိုကာလများမှ ၆လအကြာတွင်

သူဌေးကြီးရဲ့အဖေ လင်းပင်သာရွာနေသူ အငြိမ်းစားမူလတန်းကျောင်းဆရာကြီး ကွယ်လွန်၏ ရွာနီးချုပ်စပ်မှ တပည့်မိသားစုများဖြင့် အသုပသည်ကားပါသည် သို့သော်
အတူနေ မမဖြစ်သူမိသားစု မှ ရန်ကုန်မြို့က မောင်ဖြစ်သူ ဦးကိုကိုလင်းထိုက် ထံလုံးဝအကြောင်းမကြားခဲ့ပါ

ရွာဦးကျောင်းဆရာတော်မှ ရက်လည်ဆွမ်းမသွတ်မီ ၃ရက်အလိုနေ့ တွင်မှ သားဖြစ်သူ
သူဌေးကြီးထံ အကြောင်းကြားခဲ့ပါသည်

မျှမျှတတစိတ်ထားဖြင့် မိဘ
ယောက်ခမ တူညီဂါရဝ ရှိကြပါစေ