ကျိန်စာသင့်သတို့သမီး

Posted on

ကျိန်စာသင့်သတို့သမီး(စ-ဆုံး)

———————————

ညနေနေဝင်ရီတရောအချိန်အုံ့မှိုင်းလာသောကောင်းကင် တစ်ခွင်၌မိုးသားတိမ်လိပ်များကမည်းမှောင်လာသည်။ထို့ကြောင့်မကြာမီမိုးရွာတော့မှာကို မိုးသားငယ် သိလိုက်ရသည်။

အိမ်ကိုပြန်ရောက်ဖို့လမ်းတော်တော်လျှောက်ရဦးမှာ
မဟုတ်လား။

“အချိန်အခါမဟုတ် ရွာတော့မှာလားမိုးရယ်။
ဟူး။ဆောင်းစရာထီးလည်းမပါ။ခမောက်လည်းမပါတာ
နဲ့ခက်ရချည်ရဲ့။”

နှုတ်မှညည်းတွားကာ ခေါင်းပါခါယမ်းမိသည်။
ထို့နောက် လျှောက်နေတဲ့ခြေလှမ်းထက်ပိုမြန်အောင်
ထဘီကို တိုတိုပြင်ဝတ်ကာ လမ်းကိုခပ်မြန်မြန်လျှောက်
နေရသည်။မိုးသားငယ် လမ်းလျှောက်မြန်ပါတယ်လို့
ဘယ်လိုပင်ပြောခဲ့ပါစေ။ကောင်းကင်ပေါ်မှ လျှပ်စီးတွေ
ွလက်လာကာ မိုးခြိမ်းသံရဲ့အမြန်နှုန်းနဲ့ခြေလှမ်းလျှောက်
တာ မမှီခဲ့ပါ။

မိုးသားငယ် ခြေလှမ်းသွက်သွက်လျှောက်နေဆဲမှာပင်
ဆွဲငင်ကာ အူလိုက်တဲ့ ခွေးအူသံတွေကြောင့်
ပြိုးကနဲ ပျက်ကနဲ လင်းလက်လာတဲ့လျှပ်စီးများကြား
လမ်းလျှောက်နေရပေမယ့် ရင်ထဲကြောက်လန့်နေမိ
တာတော့အမှန်ပါ။

မိုးရေစက်တွေက စပြီးတော့ကျလာပါပြီ။ဘယ်အငြိုးရယ်လို့
ပင်မသိ။မကြာမီမှာမိုးစက်လေးတွေကနေလေပြင်းပြင်းထန်ထန်တိုက်ရင်း မိုးရေစက်တွေကကြီးလာကာလေတိုက်ရာအ
ရပ်ကိုအရှိန်ပြင်းစွာလာရိုက်ခတ်သည်။မိုးသားငယ် ဝတ်ထားသောအဝတ်အစားမှာလည်း လေရဲ့တိုက်ခတ်ရာ
အရပ်တွင်ရှိနေခဲ့၍ တစ်ကိုယ်လုံးစိုရွဲနေခဲ့ပါပြီ။ဝတ်ထားသော
အင်္ကျီနှင့်ထဘီမှာလည်း စိုရွဲကာခန္ဓာကိုယ်ရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်သို့ကပ်သွားရပြီး ခန္ဓာကိုယ်ကောက်ကြောင်းက
ပေါ်လွင်လာခဲ့သည်။သို့သော် မိုးသားငယ်ဂရုမစိုက်အားပါ။
မိုးသားငယ် ဂရုစိုက်တာကဝယ်လာခဲ့သောဆေးထုတ်လေးရေ
မစိုအောင်လက်တစ်ဖက်နဲ့ဆုပ်ကိုင်လိုက်သည်။နောက်လက်တစ်ဖက်ကဆံပင်ကနေစီးကျလာသောမိုးရေစက်တွေကမျက်လုံးထဲဝင်လာခဲ့ကာကျိန်းစပ်သွား၍မျက်နှာကိုပွတ်သပ်လိုက်ကာ လျှပ်စီးတွေကြားခြေလှမ်းကိုပိုမြန်မြန်လျှောက်မိသည်။

ရုတ်ရက် မိုးချုန်းသံနဲ့အတူလျှပ်စီးအလင်းကြားထဲမြင်လိုက်ရ
တာကမိန်းမတစ်ယောက်ဖြစ်သည်။မိုးရေတွေကြားထဲဆံပင်တွေ စိုကပ်နေပေမယ့်လမ်းကပုံမှန်အတိုင်းလျှောက်နေတာကို
တွေ့လိုက်ရသည်။မိုးသားငယ်လည်းချမ်းတုန်နေတဲ့ကြားက
နေပြောမိတာက

“ဒီလိုမိုးသည်းနေတဲ့အချိန်ကြီးမှာတောင် လမ်းပုံမှန်
လျှောက်နေတဲ့မိန်းမကတော့ တော်တော်အံ့သြစရာဘဲ။
အဲ ဘာဘဲဖြစ်ဖြစ် အခုတော့ မိုးသားအတွက် အဖော်
ရပြီလေ”

မိုးသားငယ် လက်ကလေးပိုက်ကာ ဆေးထုတ်လေးကိုတော့
ရေမစိုအောင်ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ထို့နောက် လှမ်းမြင်နေရသောထိုမိန်းမဆီခြေလှမ်းအရင်ထက်ပိုမြန်အောင်အမြန်လျှောက်လာခဲ့သည်။လမ်းကမိုးရွာလျှပ်စီးလက်လို့ရေတွေက လမ်းမထက်သို့စီးကျနေခဲ့သည်။ထိုမိန်းမအနား
ရောက်ဖို့ခြေ(၃)လှမ်းအလိုမှာသစ်ငုတ်နဲ့တိုက်ကာမိုးသားငယ်ရွံ့ရေထဲလဲကျသွားရတော့သည်။

“ဘုန်း”

မှောက်ခုံအနေအထားနဲ့ရွံ့ရေထဲလဲကျသွားတော့
လက်နှစ်ဖက်ထောက်ပြီးမျက်နှာကိုရွံ့ရေတွေ
စင်သွားမှန်းသိတော့

“ထွီ မိုးသားပါးစပ်ထဲရွံ့ရေတွေဝင်ကုန်ပြီလားမသိဘူး”
ခေါင်းလေးထောင်ကာအပေါ်ကြည့်မိတော့ထိုမိန်းမခေါင်းပေါ်မှ
ရေစက်များကဆံပင်ပေါ်မှတတောက်တောက်ကျနေသည်။
ဝတ်ထားတဲ့အဝတ်အစားများမှာ လျှပ်စီးရောင်ရဲ့အလင်း
ကြောင့် ခရမ်းရောင်ဝမ်းဆက်ဝတ်စုံလေးဖြစ်သည်။
ပြီးနောက်မိုးသားကို စူးစမ်းသလိုစိုက်ကြည့်နေသော မျက်ဝန်း
တစ်စုံနဲ့အတူ မကြာမှီအေးစိမ့်သောလက်တစ်ဖက်ကကမ်းလာ
ခဲ့သည်။

မိုးသားငယ်လည်း ကမ်းလာသောလက်ကိုဆွဲဆုပ်ကိုင်ကာ
အားပြုပြီးထလိုက်သည်။မိုးသားငယ်ထရပ်လို့ရသွားမှ
လျှပ်စီးကြားမြင်ရတဲ့ ထိုမိန်းမကိုကြည့်မိသည်။မိုးသား
အကဲခတ်ကြည့်နေတာထိုမိန်းမသည်မိုးသားထက်
အသက်ကြီးပုံရသည်။ထို့ကြောင့်လည်း မိုးသားပြုံးပြရင်း

“မိုးသားကို ကူညီပေးတာကျေးဇူးပါအစ်မ။”

မိုးသားပြောတာကို အင်းမလုပ် အဲမလုပ်နဲ့မိုးသား
ကို ထဖို့လက်လှမ်းပြီးသည်နှင့် အရှေ့တည့်တည့်သို့
လမ်းလျှောက်နေခဲ့သည်။ထိုအခါ မိုးသားလည်း

“အစ်မ နေပါဦး။အတူတူသွားရအောင်ပါ။”

မိုးသားလဲကျတုန်းကကမ်းလာပေးတဲ့ လက်ကို
ဖမ်းကိုင်ကာပြောမိသည်။မိုးသားဖမ်းကိုင်တဲ့
လက်က အေးစက်စက်ဖြစ်နေခဲ့သည်။မိုးသား
လှမ်းကိုင်ထားတဲ့လက်ကိုကြည့်လိုက်သူက
ထိုအစ်မပင်ဖြစ်သည်။မိုးသားလည်း အဖော်ရ
သွားတာကြောင့် မျက်နှာစပ်ဖြီးဖြီးနဲ့

“အစ်မရဲ့လက်က အရမ်းအေးနေတာပဲ
နော်။ပြီးတော့လေ အစ်မက
ဘယ်ကလဲဟင် မိုးထဲတစ်ယောက်
တည်းလျှောက်နေတာက”

ထိုအခါ မိုးသားရဲ့စကားကြောင့် တည်နေသော
မျက်နှာအနေအထားနဲ့ ထိုအစ်မကခြောက်ကပ်စွာ
ရယ်လိုက်ရင်း အေးတိအေးစက်ပြောလာခဲ့သည်။

“အဟင်း ဟင်း မင်းကသိပ်စပ်စုတာဘဲ့ကလေးမ။
မင်းသိချင်ရင်ပြောပြရတာပေါ့”

ကလေးမလို့ မိုးသားကိုခေါ်နေတော့ ထိုအစ်မက
မိုးသားထက်အသက်တော်တော်များကြီးနေတာ
များလားဟု တွေးထင်မိသည်။

အခန်း(၂)

“ကိုမင်း ဖြူကို ဘယ်လိုသဘောထားနေတာ
လဲ။ဒီဆေးလိပ်ထပ်မသောက်တော့ပါဘူးဆိုပြီး
ကတိပေးထားတာဖြူကိုလိမ်ညာနေတာမဟုတ်လား”

ချစ်သူနှစ်ယောက် ချိန်းဆိုထားသော ကုက္ကိုလ်ပင်
အောက်မှာပွေ့ဖက်ဖို့ လုပ်နေတုန်းလေအဝှေ့မှာတိုက်ခတ်
လာသော ရနံ့ကြောင့် ဖြူ နှာခေါင်းရှု့ံကာမတ်တပ်
ထရပ်လိုက်မိသည်။ဖြူ ဆေးလိပ်နံ့ကိုမခံနိုင်တာအမှန်ပါ။

ဖြူဆိုသော မိန်းကလေးက အရပ်မနိမ့်မမြင့်နဲ့ဖြစ်ကာ
အင်္ကျီကြက်သွေးရောင်ရင်စေ့ခါးတိုနှင့်ချိတ်ထဘီကို
တွဲဖက်ဝတ်ဆင်ထားပြီး ပုံတော်ဖိနပ်လေးကိုစီးထားသူလေးပါ။
အသားအရေက ဖြူဖြူဖွေးဖွေးလေးဖြစ်သလို တင်ပါးအထိရှည်
သောဆံပင်လေးကို ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ကာ
အနောက်မှာ ကျောနောက်တွင် ချထားသည်။
မျက်နှာလေးမှာပါးကွက်ကြားလေးနှစ်ခုနဲ့ချစ်စရာကောင်း
လှသည်။

ဖြူရဲ့ချစ်စရာကောင်းလှပါတယ်ဆိုသောမျက်နှာလေးက
ဆေးလိပ်ရဲ့အနံ့ကြောင့်အလိုမကျသလို မျက်နှာလေး
ကအနည်းငယ်ပျက်ယွင်းသွားခဲ့သည်။

“ဖြူ မင်းဘာတွေဖြစ်ပျက်နေတာလဲ။ဒီဆေးလိပ်လေး
သောက်မိတာ ဘာအပြစ်ဖြစ်သွားလဲ။ပြီးတော့ဖြူရှေ့
မှာ သောက်တာလဲမဟုတ်ဘူးလေ။”

မင်းဝေတစ်ယောက် ဖြူ နှာခေါင်းရှံု့ကာထရပ်လိုက်
တော့ သူပါထရပ်ရင်းမေးမိသည်။မင်းဝေဆိုသော
ယောက်ျားလေးက အသားနည်းနည်းညိုကာ
ပါးစောင်ရိုးကားကားနဲ့ဖြစ်ကာဘောင်းဘီဂျင်းအပွ၊
အင်္ကျီမိုးပြာရောင်လေးကိုတွဲဖက်ဝတ်ဆင်ထားပြီးဆံပင်လေး
ကို စတိုင်လ်အဖြစ်တခြမ်းသိမ်းကာညှပ်ထားခဲ့သည်။

မင်းဝေမှာ အလိုမကျလို့ ဆံပင်ကို လက်နဲ့
တဗျင်းဗျင်းကုတ်ကာ ပြန်ပြောနေမိသည်မဟုတ်လား။

အပြစ်လုပ်ထားတဲ့သူက ဖြူကိုမထီသလိုပြန်အော်
နေတော့ ဖြူလက်သီးလေးဆုတ်လိုက်ကာ
ချစ်သူမဖြစ်ခင်က ပြောခဲ့သောစကားတွေပေါက်
ကွဲထွက်ကုန်သည်။

“ဘာအပြစ်ဖြစ်သွားလဲဟုတ်လား။ကိုမင်း ပြောတော့
ဖြူအချစ်ကိုမရခင်တုန်းက ဖြူအချစ်ကို
ရရင် အရမ်းကြိုက်ပါတယ်ဆိုတဲ့ဆေးလိပ်လည်း
ဖြတ်ပါ့မယ်ဆို။အခုတော့ ဆေးလိပ်ထပ်သောက်နေ
တယ်မဟုတ်လား။ဖြူနဲ့ချစ်သူဖြစ်တုန်းခဏဘဲဆေး
လိပ်ဖြတ်တာမဟုတ်လား”

တကယ်တော့မင်းဝေ ဆေးလိပ်မဖြတ်ခဲ့ပါ။ဖြတ်လို့
လည်းမရခဲ့။ဖြူမသိအောင်ခိုးသောက်တတ်သည်။
ဖြူဆီကိုလာတော့မယ်ဆိုလျှင် ပါးစပ်ကိုစင်အောင်
လုပ်ပြီးလာတတ်သည်မဟုတ်လား။အခုလာခဲ့တော့
ဖြူက နောက်ကျနေရင် စိတ်ဆိုးမှာစိုးလို့ ဆေးလိပ်သောက်ထားတယ်ဆိုတာမေ့ပြီးအမြန်
လာခဲ့ခြင်းဖြစ်သည်။ ဖြူပြောတာကို အာရုံပင်မစိုက်
ပဲ မင်းဝေက

“ကျစ် ဖြူကတော့ရစ်ပြီကွာ။”

ဖြူဒီလောက်ပြောနေတာတောင် အလိုမကျသလို
ဖြစ်နေသော ကိုမင်းပုံစံကြောင့်

“ရစ်တယ်မပြောနဲ့လေကိုမင်း။အစကတည်းက
ကိုမင်းဆေးလိပ်ဖြတ်ပါ့မယ်ပြောလို့ အချစ်ကို
လက်ခံခဲ့တာ။ဘာလဲ ဖြူအချစ်ကိုစော်
ကားတာလား”

အချစ်ကို စော်ကားတာလားလို့ပြောလာတော့လည်း
မင်းဝေ မခံချင်တော့ပေ။ထို့ကြောင့် ဆံပင်ကိုထပ်မံ
ထိုးဖွရင်း

“ဘာမဟုတ်တဲ့အသေးအမွှားကို အရစ်သန်တယ်
ဖြူရယ်။”

အသေးအမွှားလို့ပြောထွက်တဲ့ ကိုမင်းရဲ့နှုတ်ဖျား
မှစကားတွေကြောင့် ဖြူလည်း

“ပြောရမှာဘဲ။ကိုမင်းကိုယ် ဖြူ တစ်ဘဝလုံး
စာအတွက်ဘယ်လိုပုံအပ်ရမလဲ။ချစ်သူဘဝမှာတောင်ကိုမင်းက ကတိမတည်မှတော့ ရှေ့ဆက်ဘယ်လိုလုပ်ရမှာလဲ။
ဒီကိစ္စကို အသေးအမွှားလို့ထင်နေရင် နောက်ဆက်တိုက်
လာတော့မယ့်ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမှာလဲ
ပြောလေ ကိုမင်း”

“ဖြူ မင်းရဲ့စကားတွေက ကိုယ့်ရဲ့မာနကို
လာထိခိုက်နေတယ်ဆိုတာမသိဘူးလား။
ဒီကိစ္စလေးကိုတောင်တော်တော်အရစ်သန်နေတာ။
ဖြူ မင်းကိုလည်း ငါထပ်ပြီးသီးမခံချင်တော့ဘူး။
လမ်းခွဲချင်တာမဟုတ်လား။ရတယ်လေ”

လမ်းခွဲဖို့ ဖြူမပြောမိပါ။ကိုမင်းဖက်က အခုလိုစကားစလာ
တော့လည်းဖြူရဲ့ကိုမင်းအပေါ်ချစ်နေတဲ့စိတ်ထက်မခံချင်စိတ်လေးက မိန်းမသားသဘာဝနှိုးထလာရသည်။

“အဟင်း အခုတော့ ကိုမင်းနှုတ်က ဒီလိုစကား
ထွက်လာပြီပေါ့လေ။ရတယ် ဖြူတို့ကလည်း
အချစ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး မပြတ်သားတဲ့မိန်း
မလို့မထင်လိုက်ပါနဲ့။ဖြူတို့ ဘယ်တော့မှ
ထပ်မပတ်သက်ကြဖို့ဘဲ့။ဖြူသွားတော့မယ်”

ဖြူအပေါ် ချစ်ပါတယ်ဆိုပြီး ချစ်ခဲ့ကြပြီးမှအရစ်သန်ပါတယ်ဆို
တဲ့ခေါင်းစဉ်နဲ့လမ်းခွဲစကားဆိုခဲ့တော့ ဖြူတို့ကလည်း
အချစ်ကဘဝတစ်ခုလို့မမှတ်ယူတော့ပါဘူး။ထို့ကြောင့်လည်း
ကိုမင်းနဲ့ထပ်မပတ်သက်ချင်တော့လို့ အရင်ထွက်လာခဲ့တော့
သည်။

ထို့နေ့ကစချစ်သူနှစ်ယောက်ရဲ့(၃)နှစ်တာချစ်
ခရီးဟာပြတ်စဲသွားခဲ့ပါသည်။ဖြူရင်ထဲနာကျင်
ပေမယ့်လည်း ကိုယ့်အပေါ်ကတိမတည်တဲ့
ယောက်ျားကိုတော့ ကိုယ့်ဖက်က အမှား
မလုပ်ထားလို့မျက်ရည်ချူပြပြီး ဆက်မတွဲချင်ပါ။
အခုလို လူမျိုးကိုချစ်ခဲ့ဖူးသလိုအခြေအနေမဟန်
တာကို စောစီးစွာသိရတော့ကံကောင်းတယ်ဆိုရမလား။
ဖြူ ကိုမင်းကို ချစ်ပေမယ့်ဘဝနောင်ရေးအတွက်တစ်ဘဝ
လုံးစာမပေါင်းသင်းလိုတာတော့အမှန်ပါ။

ချစ်တယ်ဆိုတဲ့စကားနဲ့ခေါင်းစဉ်တပ်ပြီးမိန်းကလေးတစ်ယောက်ကိုအလိုလိုက်အကြိုက်ဆောင်ပေးတတ်တဲ့ယောက်ျား
တစ်ယောက်ကနောက်ကွယ်မှာ ဆေးလိပ်ခိုးသောက်နေတာ ဘယ်အချိန်ကတည်းကလည်းဆိုတာမသိနိုင်ပါ။ သိတဲ့အချိန်မှာတော့ ဘယ်မိန်းမသားက လက်ခံမှာတဲ့လဲ။

အခန်း(၃)

“သမီးပြန်လာပြီလား။ဘာဟင်းရွက်တွေရလာတာလဲ”

ဖြူ ဟင်းရွက်ဝယ်ပြီးအိမ်ပေါ်အတက်မှာအိမ်အောက်
က ကွပ်ပျစ်ပေါ်မှာ ဖျာရစ်နေတဲ့ မေမေကလှမ်း
မေးလိုက်သည်။ထိုအခါ ဖြူလည်း အိမ်ပေါ်မတက်
သေးပဲ မေမေ့ဘေးနားသွားထိုင်လိုက်ကာ

“ကန်စွန်းရွက်၊ကြက်ဥနဲ့ရေငန်ငါးပဲ ရလာခဲ့တယ်မေမေ”

“သြော် အေးပါ။ဒါနဲ့ သမီးထိုက်လက်စနဲ့ မေမေ
အရေးတကြီးပြောစရာရှိတယ်ကွဲ့”

မေမေက ပြောပြီး ဖျာရစ်တာကိုရပ်ကာ

“ဖြူ သမီးမှာချစ်သူတွေရှိလား”

“ရှင်”

မေမေ ဘာလို့အခုလိုမေးလဲမသိပေမယ့် အခုချိန်မှာ
ဖြူက ကိုမင်းနဲ့လမ်းခွဲထားပြီးပြီမဟုတ်လား။ဖြူ
ချစ်သူထားထားတာကိုလည်း ဖြူဖေဖေအပါအဝင်
မေမေလည်းမသိပါ။ထို့ကြောင့်လည်း ဖြူမေမေ့ကို
ပြုံးပြရင်း

“မရှိပါဘူးမေမေ။ဒါနဲ့မေမေက ဖြူကိုဘာလို့
မေးတာလဲ”

“အင်း သမီးကိုမေးတာကလည်းအကြောင်းရှိလို့ပါ။
မေမေပြောရရင်ကွယ်သမီးကိုတစ်ဖက်ရွာကမောင်စက်ခေါင်တို့မိသားစုစကားလာကြောင်းထားတာ။အဲဒီကောင်လေးက
အနေအရမ်းအေးတယ်ဆိုပဲ။အဲဒါသမီးဘယ်လိုသဘောရလဲကွယ်။မေမေတို့ကတော့သမီးသဘောအတိုင်းဘဲ့အကြောင်းပြန်မှာပါ”

ဖြူထိုစကားကြောင့် အံ့ဩမိသည်။စက်ခေါင်ဆိုသော
ယောက်ျားက တစ်ဖက်ရွာကဖြစ်ပြီးအသိုင်းအဝိုင်း
တောင့်တင်းသလို ရုပ်ရည်ချောမောပြေပြစ်သူ
တစ်ယောက်မဟုတ်လား။အနေအေးသလို
မိန်းကလေးတွေနဲ့ကင်းရှင်းသူဆိုတာ စက်ခေါင်
နေတဲ့ရွာက ဖြူသူငယ်ချင်းမိန်းကလေးပြော
ပြထားခဲ့လို့ကြားဖူးသည်ဖြစ်သည်။

မေမေတို့ကလည်း အနေအေးတဲ့တစ်ဖက်ရွာက
စက်ခေါင်ဆိုသော လူကိုသဘောတူလက်ခံစေချင်
တဲ့သဘောရှိပုံရသည်။ကိုမင်းနဲ့လည်း ချစ်သူ
တွေမဟုတ်မှတော့ နောက်ထပ်အချစ်အသစ်ကို
လည်းမရှာဖွေချင်တော့ပါ။ထို့ကြောင့်လည်းမိဘရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းဖို့ဖြူဆုံးဖြတ်ခဲ့သည်။

“ဟုတ်မေမေ။မေမေတို့အဆင်ပြေရင် သမီးလည်းလက်ခံ
ပါတယ်။ဖြူ ထမင်းဟင်းချက်တော့မလို့အိမ်ပေါ်တက်
ပြီနော်မေမေ။ပြီးတော့မေမေလည်း ဖျာရက်ပြီးအကြာ
ကြီးထိုင်မနေပါနဲ့။အညောင်းမိပြီး ကိုက်ခဲနေမယ်။
ဖြူ အိမ်ပေါ်မှာလုပ်ပြီးရင် ဖျာလာရက်ကူပါ့မယ်။”

“အင်းပါ သမီးဖြူရယ် မေမေလည်း အိမ်မှာဒါပဲ
လုပ်စရာရှိတာလေ။ဖြေးဖြေးပဲလုပ်မှာပါ။”

ဖြူရဲ့မေမေက သင်ပြူးဖျာအချောရက်လုပ်ပြီး
ရောင်းချတာပါ။ဖေဖေက လယ်ကွက်ထဲစပါး
စိုက်ချိန်စပါးစိုက်သလိုနွားတစ်ရှဉ်းမွေးထားလို့
လည်း ထိန်းကျောင်းနေသူပါ။ဖေဖေရဲ့နွားကို
ဘယ်သူမှ အစာကျွေးတာမကြိုက်ပါ။ကိုယ့်ဘာ
သာ နွားစားကျင်းအတွက် ကောက်ရိုးတွေစုပုံ
ပေးသလို ညအချိန် ခြင်၊ဖြုတ်ကိုက်မှာစိုးလို့
လည်း နွားတင်းကုတ်မှာ မီးဖိုပေးသည်။
ဖေဖေရဲ့နွားတွေဟာ ဝဖြိုးနေခဲ့သည်။

ဖြူကတော့ ရွာထဲမှ အပ်ထည်လာအပ်လျှင်
အခကြေးငွေနဲ့ချုပ်ပေးတဲ့ စက်ချုပ်သူလေး
ပေါ့။ချမ်းသာတာမဟုတ်ပေမယ့် ရွာထဲတွင်
တော့ ချောင်လည်တဲ့မိသားစုပင်ဖြစ်သည်။

ဖြူရဲ့သဘောထားအတိုင်း မကြာမီမှာပင်
စေ့စပ်ကြောင်းလမ်းတာအောင်မြင်ခဲ့သည်။

မင်္ဂလာပွဲအတွက်အချိန်သိပ်မဆွဲတော့ပဲနှစ်ဖက်မိဘအစုံအလင်နဲ့ မင်္ဂလာပွဲဟာဖြူတို့ရွာအတွင်း ခြိမ့်ခြိမ့်သည်း စည်ကားကာ
ပြီးမြှောက်ခဲ့ပါပြီ။

ဖြူရဲ့မိဘတွေက ဖြူတို့အတွက် လယ်တစ်ကွက်နဲ့
ရွှေတစ်ဆင်ဆာလက်ဖွဲ့ပေးခဲ့သည်။သတို့သားဖက်
က အိမ်တစ်ဆောင်နဲ့အထည်ဆိုင်ဖွင့်ဖို့မြေတစ်ကွက်
အပါအဝင် စိန်တစ်ဆင်စာလည်းလက်ဖွဲ့ခဲ့သေးသည်။

ဖြူလည်း သတို့သားလောင်းအိမ်မသွားခင်ရေချိုးပြီး
ချိန်မှာဧည့်သည်တစ်ယောက်ကတွေ့ချင်တယ်ဆိုလို့ ကလေးတစ်ယောက်လာပြော၍အဝတ်အစားပင်မလဲရသေး
ပဲ ထလိုက်လာခဲ့သည်။ဖြူရဲ့ခင်ပွန်းအသစ်စက်စက်ကတော့ ရေချိုးနေခဲ့ပါပြီ။ထို့ကြောင့်လည်းဘာမှမပြောသလို
လက်ဝတ်လက်စားတွေပင်မချွတ်ပဲထွက်လာခဲ့လိုက်သည်။
ဖြူဝတ်ထားတဲ့လက်ဝတ်လက်စားတွေက သတို့သား
လက်ဖွဲ့ခဲ့သော စိန်တစ်ဆင်စာနဲ့ဖြစ်သည်။

ဖြူလည်း ဧည့်သည်ဆို၍ကလေးခေါ်ဆောင်ရာအိမ်နဲ့ခပ်ဝေး
ဝေး သစ်ပင်ရိပ်နားလာခဲ့သည်။ထိုကလေးကတော့ လက်ညိုးထိုးပြပြီးလှည့်ထွက်သွားခဲ့ပြီ။ဖြူနောက်ကျောခိုင်းနေသောလူကိုမြင်လိုက်ရသည်။ဖြူအနီးကပ်လျှောက်သွားမိတော့

“ဖြူ”

“ဟင်”

ဖြူမထင်မိပါ။ဖြူနဲ့ ကိုမင်းဝေ လမ်းခွဲပြီးမြို့တက်သွား
တာမဟုတ်လား။

“ကို ကိုမင်းဝေ”

“သိပ် အံ့သြသွားလားဖြူ။ဖြူ မင်းက(၃)နှစ်
ချစ်ခဲ့တဲ့ငါ့တို့အချစ်ကိုမှမထောက်ဘဲ အခုဘာ
မဟုတ်တဲ့ကောင်နဲ့ကျ လာတောင်းတာနဲ့ယူတာ
ပေါ့လေ။ဟား မင်းကအခုလိုအကောင်းစား
ပစ္စည်းအဆင်အယင်တွေနဲ့မင်္ဂလာပွဲမှာသိပ်ပျော်နေတာပေါ့လေ”

ဖြူမှာလည်း ကိုမင်းဝေမှန်းသိခဲ့ရင် မလိုက်လာခဲ့မိ
ပါ။ကိုမင်းပြောနေတာတွေက ဖြူလက်ထပ်တာကို
မလိုလားသလို မကျေမနပ်ဖြစ်နေတာမဟုတ်လား။

“ကိုမင်းဝေ အခုချိန်မှာဖြူကိုဒီလိုစကားမျိုးလာမပြော
သင့်တော့ဘူး။ဧည့်သည်ဆိုလို့လိုက်လာတာနော်။
အခုဖြူကအိမ်ထောင်ရှင်မတစ်ယောက်လည်းဖြစ်
နေပြီ။အချစ်အကြောင်းတွေလာပြောရအောင်လည်း
ဖြူအချစ်တွေစိတ်မဝင်စားတော့ဘူး”

“အဟက် ဖြူ မင်းစိတ်မဝင်စားပေမယ့် ငါတော့စိတ်ဝင်စား
တယ်။မင်းက ငါခဏလေးရွာမှာမရှိတုန်းလက်ထပ်မှတော့ မင်းယောက်ျားမသိခင် ငါလည်းမင်းကိုပြန်ယူရတာပေါ့။လာ လိုက်ခဲ့”

ဖြူလက်ကို ဆွဲကာခေါ်နေတော့

“ကိုမင်းဝေ ဖြူလက်ကိုလွှတ်နော်။ဖြူကိုဘာလို့လာချုပ်
ခြယ်ချင်နေရတာလဲ။ဖြူဘဝကိုအေးဆေးပဲဖြတ်သန်းချင်
တယ် လာမနှောင့်ယှက်ပါနဲ့။ဖြူအော်လိုက်မှာနော်”

ဖြူ အကူအညီရလိုရငြား အနောက်သို့ခေါင်းလှည့်ကာ
အော်မလို့လုပ်တော့ ဘယ်သူမှမတွေ့မိပါ။ထိုအချိန်
မင်းဝေမှ

“ကဲဟာ ဒုန်း”

ဖြူရဲ့ဇက်ပိုးကိုလက်နဲ့အုပ်လိုက်တော့ မေ့မြောသွားခဲ့သည်။

“အဟက်ဖြူ အော်လေ ကြိုက်သလောက်အော်။
ဖြူဘဝကို အေးဆေးဖြတ်သန်းရမှာပါ။အခုတော့
ဖြူရဲ့ သတို့သားလောင်းခင်ပွန်းအစစ်က ကိုမင်းဝေ
ဆိုတဲ့ ငါဘဲဖြစ်ရမယ်လေ ဟား”

အခန်း(၄)

“တောက်စ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလိုက်
တဲ့မိန်းမ။လက်ထပ်ပွဲလည်းပြီးရော တခြား
ယောက်ျားနောက်ကိုကောက်ကောက်ပါ
အောင်လိုက်သွားသတဲ့လားကွာ။အစကတည်း
က လက်မထပ်ချင်ရင် လက်ထပ်ပွဲကိုငြင်းလို့
ရတာဘဲကို။ထွီ”

“ဟုတ်ပါရဲ့။သတို့သမီးက ကျွန်မတို့ရဲ့တူ
လေးကို လက်ထပ်ချင်တာမဟုတ်ပဲပစ္စည်း
မက်လို့လက်ထပ်ပြီးတာနဲ့ထွက်ပြေးသွားတာပေါ့။
ရွံ့ဖို့ကောင်းလိုက်တာဟယ်။ဒီလိုမိန်းကလေးမျိုး
က အေးအေးလေးနဲ့ နံတဲ့ကြောင်ချီးမပဲ”

သတို့သား မိဘတွေနဲ့ဆွေမျိုးတွေအပါအဝင်
သတို့သမီးမိဘတွေကိုပြောသွားလိုက်တာ
ခေါင်းငုံ့နားထောင်ယုံကလွှဲဘာတတ်နိုင်မှာတဲ့
လဲ။ကိုယ့်သမီးက မင်္ဂလာပွဲပြီးတာနဲ့ရေချိုး
ပြီးတခြားယောက်ျားနောက်လိုက်သွားတာမဟုတ်လား။
ဖြူကိုလိုက်ရှာလို့မတွေ့တဲ့အဆုံးမှာ ကလေးတစ်ယောက်
က စာရွက်တစ်ရွက်လာပေး၍ဖတ်ကြညိ့မိသည်မဟုတ်လား။

“ဖြူချစ်သူနဲ့ မခွဲနိုင်လို့ ခိုးရာလိုက်သွားပါပြီအဖေနဲ့အမေ။
သမီးမိုက်ကိုခွင့်လွှတ်ပေးပါ”

စာက ထိုမျှသာဖြစ်သည်။ထိုစာက ဖြူကိုလာခေါ်ခိုင်းတုန်း
က ကလေးကိုပင် မင်းဝေမုန့်ဖိုးပေးပြီးခိုင်းထားခြင်းဖြစ်သည်။
လက်ရေးက ဖြူရဲ့လက်ရေးပင်ဖြစ်သည်။အကြောင်းကား
ဖြူရဲ့လက်ရေးကို မင်းဝေက တုပရေးနိုင်စွမ်းရှိသူဖြစ်သည်။
ထိုလက်ရေးရေးသူကို ဖြူလို့ဘဲအားလုံးကထင်ခဲ့ကြသည်။

သတို့သားရှင်ဖက်က မိသားစုဆွေမျိုးတွေကလည်း
ချက်ချင်း ဆဲဆိုကာ ပြန်သွားကြတော့သည်။

ဖြူရဲ့မိဘတွေလည်း သမီးဖြစ်သူကြောင့်ဆွေမျိုးနဲ့
ပတ်ဝန်းကျင်ကြားမျက်နှာမပြဝံ့သလို ဖြူကိုပင်
သမီးအဖြစ်က စွန့်လွှတ်ခဲ့သည်။

မင်းဝေရဲ့ လုပ်ရပ်ကြောင့် ဖြူတစ်ယောက်မိဘတွေ
စွန့်ပစ်ခံခဲ့ရယုံတင်မက အခြေအနေကနှစ်ယောက်
သားတင်းမာလာခဲ့သည်။

အဲဒီလိုပြောနေတဲ့အချိန်မှာ အဲဒီမမရဲ့မျက်ဝန်းမှ
မျက်ရည်တွေယိုစီးနေယုံသာမက ဝမ်းနည်းဖွယ်ရာ
အငွေ့အသက်ကိုလည်းခံစားလိုက်ရသည်။

“ဒါတွေက အစ်မရဲ့ဇာတ်ကြောင်းတွေဘဲ့။”

မိုးချုန်းပြီးလျှပ်စီးလက်နေတာတောင် ဘယ်ဆီရောက်
မှန်းမသိ နစ်မြှောသွားခဲ့တာက မိုးသားငယ်ပင်
မဟုတ်လား။ချမ်းတုန်နေပါတယ်ဆိုတဲ့မိုးသားက
အခုတော့ ထိုအစ်မကိုကြည့်ရင်းသနားနေမိကာ
ချမ်းတုန်နေတာလည်း ဘယ်ဆီရောက်မှန်းမသိခဲ့ပါ။
ထိုအစ်မနာမည်ကလည်း ဖြူဆိုတာသိလိုက်ရသည်။

“အို အစ်မဘဝက အရမ်းသနားစရာကောင်းတာဘဲ့။
နောက်ထပ်ဘာဆက်ဖြစ်သေးလဲဟင်”

မိုးသားငယ် ထိုအစ်မဖြူပြောနေတဲ့စကားတွေက
ဝမ်းနည်းဖွယ်ကောင်းပေမယ့် အားနာနာနဲ့ဆက်
မေးမိသည်။

ထိုအခါ အစ်မဖြူက မျက်ရည်တွေသုတ်ရင်း
ဆက်ပြောလာခဲ့သည်။

“အဟင်း အစ်မရဲ့မိဘတွေက အစ်မကိုစိတ်ဆိုးပြီး
အမွေပြတ်စွန့်လွှတ်ခဲ့တာလေ။အခုတော့ မင်းဝေနဲ့
ရန်ဖြစ်ပြီးကိုယ်ဝန်နဲ့ဆိုပေမယ့်ကွာ။စိတ်ညစ်လို့အခုထွက်ပြေးလာတာလေ”

“အစ်မရယ် ဖြစ်မှ ဖြစ်ရလေ။ကိုယ်ဝန်နဲ့ဆိုတော့
မိုးထဲတစ်ခုခုဖြစ်မှာမစိုးရိမ်ဘူးလားအစ်မရယ်”

“ညီမလေး ပြောသလိုပဲ ကိုယ်ဝန်နဲ့မို့ ထွက်မလာ
ခဲ့ရင် ကိုမင်းဝေလက်ကထပ်မလွှတ်မြှောက်နိုင်ပါဘူး။”

မိုးသား သနားလွန်းလို့ ဘာဆက်ပြောရမှန်းမသိဖြစ်
သွားသည်။ခဏအကြာအတွေးတစ်ခုဝင်လာတာက

“ဒါဆို အစ်မကဘယ်မှသွားစရာနေရာမရှိဘူးပေါ့။
အစ်မရဲ့မိဘတွေကိုသွားပြောပေးရမလားဟင်။အစ်မကမှ အပြစ်လုပ်ထားတာမဟုတ်တာ”

“အစ်မရဲ့မိဘတွေကိုသိစေချင်လည်းမဖြစ်မှမဖြစ်နိုင်
တော့တာ။ထားလိုက်ပါတော့ ညီမလေးရယ်။အစ်မဘဝနဲ့
အစ်မရှိပါစေတော့။”

ဘယ်မှသွားစရာနေရာမရှိသော ထိုအစ်မကို

“ဒါဆိုအစ်မ မိုးသားအိမ်လိုက်မလား”

“အဟင်း မလိုက်တော့ပါဘူး။ညီမလေးနားထောင်
ပေးတာနဲ့တင်ကျေးဇူးပါကွယ်။ညီမလေးလည်း သွားချိန်တန်
ပါပြီ။”

ထိုအချိန်

“ဂျိမ်း”

“ဝုန်း”

မြည်သံနဲ့အတူ

“အား”

အခန်း(၅)

“သမီး သမီး သတိရလာပြီလား။”

“ဟင်”

မိုးသား ကြောင်နေမိဆဲ အပြူးအပြဲဝိုင်းကြည့်နေတဲ့
လူတွေကို မိုးသားကြည့်မိသည်။

“မေမေ မိုးသား ကို ဘာလို့လူတွေဝိုင်းကြည့်နေတာ
လဲဟင်”

“ဘာဖြစ်ရမှာလဲ။သမီးညက မိုးကြီးရွာပြီးမိုးချိမ်းလို့
ရွံ့ဗွက်ထဲမှာ မေ့လဲနေတာလေ။မေမေလည်း
သမီးမလာနိုင်လို့ မိုးစဲတာနဲ့ လူတွေလျှောက်ခေါ်ပြီး
ရှာခိုင်းတာ သတိလစ်နေတာနဲ့ဆေးရုံခေါ်လာ
တာ”

ဆေးရုံလို့ပြောလိုက်မှ မိုးသားငယ်ရဲ့နှာခေါင်းဝထဲ
ဆေးရဲ့အနံ့အသက်ကဝင်လာရသည်။မိုးသား
တောင်ဆေးရုံတက်ခဲ့ရတာဆိုတော့ ရုတ်တရက်
တစ်ယောက်သောသူကိုသတိရလိုက်မိသည်။

“ဒါဆို မေမေ အစ်မဖြူကရော ဘယ်မှာလဲဟင်
။အစ်မဖြူရောတွေ့ခဲ့လား။အစ်မဖြူက ကိုယ်ဝန်ကြီး
နဲ့”

ထိုအခါ မိုးသားရဲ့စကားကြောင့် မေမေအပါ
အဝင် ဘေးနားမှ အဒေါ်ကြီးတွေကကြောင်ပြီး
ကြည့်နေသည်။မေမေက မျက်မှောင်လေး
ကုတ်ကာ

“ကြည့်စမ်း ဒီကောင်မလေး ဘာစကားတွေ
ပြောနေတာလဲ။သမီးကိုတွေ့တုန်းကဘယ်
သူမှမရှိပါဘူး။ဘယ်ကအစ်မဖြူလဲ။”

မိုးသားငယ်နဲ့ မေမေရဲ့စကားကြောင့်ခုဏက
အဒေါ်ကြီးတို့မှာ မျက်နှာပြန်ဝင်းလက်လာပြီး
တစ်ယောက်မှ

“နေပါဦး။ဖြူ ဟုတ်လား ကြားဖူးသလိုပဲ။ဒီနာမည်”

ထိုအဒေါ်ကြီးဘေးမှ တစ်ယောက်ကလည်း

“အေး ငါလည်းကြားဖူးတာပဲ။နေပါဦးလေ
သူကသေသွားပြီမဟုတ်လား”

လိုက်ပါလာသူတွေကလည်း သေသေချာချာ
ဘာမှမသိပါ။မိုးသားမေမေလည်းမသိပါ။

ထိုအခါ မိုးသားရဲ့ဘေးကုတင်မှ အဖွားကြီးတစ်ယောက်က
မိုးသားကုတင်နားလာကာ

“သမီးပြောတာ ကိုယ်ဝန်နဲ့ဖြူဆိုလား”

ရုတ်တရက် မေးလာတဲ့အဖွားကြောင့် ကုတင်
ပေါ်မှ ထထိုင်ချင်လို့လှုပ်ရှားတော့ မေမေက
ထထိုင်ရစေရန် ထူပေးသည်။မိုးသားငယ်လည်း
ထိုင်လို့ရသွားမှဖြေလိုက်သည်။

“ဟုတ်ပါတယ်အဖွား”

“အဲဒါဆို သမီးသိတဲ့အစ်မဖြူပုံစံက ဘယ်လို
မျိုးလဲကွယ်”

မိုးသား ခေါင်းလေးခါရမ်းကာ

“အီး ပုံစံတော့မမှတ်မိတော့ဘူး။အစ်မဖြူ
ပြောတာဘဲ့မှတ်မိတော့တယ်။ဝတ်ထားတဲ့
အဝတ်အစားက ခရမ်းရောင်ဝမ်းဆက်လေး”

မိုးသားအကြောင်းစုံ ပြောပြတော့
ထိုအဖွားတစ်ယောက်ရှိုက်ငိုတော့သည်။

“ဖြစ်မှဖြစ်ရလေ သမီးဖြူရယ်။မေမေ မှားတာပါ။
သမီးမိုက်တယ်ထင်သွားမိတာ။”

“ဟင်”

“ဟာ”

လူတစ်စုလည်း ထိုအဖွားရဲ့အသံကြောင့် အံ့သြကာ
ငေးကြောင်ကြည့်နေမိသည်။ထို့နောက် မိုးသားတို့
အထဲမှ လူတစ်ယောက်မေးတော့ ငိုသံနဲ့ပြန်ဖြေလာတာ
က

ဖြူက ထိုအဖွားရဲ့သမီးဖြစ်ကာ မင်္ဂလာပွဲအပြီးမှာ
ယောက်ျားနောက်လိုက်သွားတယ်ထင်ခဲ့မိသည်။
အမွေပြတ်စွန့်ပစ်ခဲ့ယုံသာမက သေသွားတာတောင်
အလောင်းနားမသွားခဲ့ပါဘူးတဲ့လေ။

ကြားရသူအပေါင်းစိတ်မကောင်းဖြစ်ကာ

“အို”

“ဟာ”

“ဟယ်”

မိုးသားမှာ ထိုစကားတွေထက် သေသွားပြီဆိုသော
စကားကြောင့်

“နေပါဦးဖွားဖွား အစ်မဖြူ ဆုံးသွားပြီဟုတ်လား။”

“ဟုတ်တယ် သမီး။သမီးဖြူဆုံးသွားတာ
(၁၅)နှစ်ရှိပါပြီ။သတင်းကြားတာသမီးဆုံးတာက ရိုးရိုးဆုံးတာမဟုတ်ပါဘူး။အခုလို ညနေစောင်း မိုးချုန်းလျှပ်စီးကြားမှာမိုးကြိုးဒဏ်ကြောင့်
သစ်ပင်ပြိုလဲကျလာပြီး သမီးဖြူကိုပိပြီးဆုံးသွားတာ။”

အစ်မဖြူသေတဲ့ရွာနဲ့ မိဘနေတဲ့ရွာကမတူခဲ့ပါ။
တစ်ရွာစီဆိုပေမယ့် (၁၅)နှစ်ကြာခဲ့ပြီဖြစ်သည်။
မိုးသားတို့ပြောင်းလာတာက (၁)နှစ်ပင်မပြည့်သေးတာ
ကြောင့် ထိုအကြောင်းကိုမသိတာတော့အမှန်ပါ။
ရွာက ဆေးရုံလိုက်ပို့သူတွေထဲမှာလည်း အသေးစိတ်
ထိုကိစ္စကိုတစ်ယောက်မှမသိပေ။အစ်မဖြူအမေပြောမှ
အကြောင်းစုံအကုန်သိခဲ့သည်။

မိုးသား ဘာစကားမှမဆိုနိုင်ဘဲ သနားလွန်းလို့မျက်ရည်
ကျမိသည်။မိုးသားမြင်ခဲ့ရတဲ့အစ်မဖြူကလူမဟုတ်ခဲ့ဘူး
ပေါ့။မိုးသားဆေးရုံကဆင်းတာနဲ့အစ်မဖြူအတွက်
အလှူပြုလုပ်ပေးရာမှာပါဝင်ခဲ့သည်။မိုးသားကြောင့် အစ်မဖြူ
ရဲ့မိဘတွေအဖြစ်မှန်သိသွားလို့ကျေနပ်မိသည်။အလှူပြုပြီး
နောက်ပိုင်း လျှပ်စီးကြားကမိန်းကလေးတစ်ယောက်ကို
တော့မမြင်မိတော့ပါ။

ဘယ်လိုဘဲဖြစ်ပါစေ လူမဟုတ်လည်း မိုးသား
လဲကျတုန်း ကမ်းပေးလာပြီးဆုပ်ကိုင်လိုက်တဲ့လက်အေးစိမ့်စိမ့်
တစ်ဖက်ကိုတော့မေ့နိုင်တော့မည်မဟုတ်ပါ။

ပြီးပါပြီ။

လိုအပ်ချက်များကိုဝေဖန်အကြံပြုပေးနိုင်ပါသည်။
အမှားပါလျှင်လည်းခွင့်လွှတ်ပါရှင့်။