Posted on

ည(စ/ဆုံး)
=====

ကားထဲမှ သီချင်းသံလေးသည် ငြိမ့်ငြောင်း
လျှက် အဝေးပြေး လမ်းမကြီးအတိုင်း တစ်ရွေ့
ရွေ့ မောင်းနှင်ရင်း အပြင်မှာတော့ မိုးများသည်း
ထန်စွာ ရွာနေလေသည် အချိန်အားဖြင့် ည၁၁နာရီ
ဝန်းကျင်ခန့် ရှိပြီမို့ “ကျော်စွာ”အိပ်မငိုက်အောင်
မနည်းသတိထား မောင်းနေရလေသည်

….ကို….ဘယ်ရောက်ပြီလဲ….

ကားမောင်းနေသော ကျော်စွာနံဘေးမှ အသစ်
စက်စက် ဇနီးချောလေး “မြင့်မိုရ်”၏ အမေးကို
ပြန်ဖြေရန် ကျော်စွာ ပတ်ဝန်းကျင်အား အကဲခတ်
ကြည့်လိုက်ပေမယ့် မိုးများကြောင့် သဲသဲကွဲကွဲ
သိပ်မမြင်ရချေ

…..ကလောကိုတော့….ကျော်ခဲ့ပြီချစ်….အရှေ့ဆို

ရင်…..အောင်ပန်းရောက်တော့မယ်……

မြင့်မိုရ်တစ်ယောက် ကျော်စွာပေါင်ပေါ်ကို

ခေါင်းအုံးလျှက်

…..ချစ်နားချင်နေပြီ ….ကို…..

ကျော်စွာတစ်ယောက် ချစ်သူလေး၏ နဖူးမှ ဆံစ
များအား သပ်တင်ပေးရင်း

…..ရောက်တော့မှာပါချစ်ရဲ့…..နော်…..

မြင့်မိုရ် ဘာမှပြန်မပြောဖြစ်ပဲ ကျော်စွာ ရင်ခွင်နား
ခေါင်းလေးတိုးကာ မှေးစက်နေလေ၏ ကျော်စွာ
ကတော့ ပါလာသော တဘက်စောင်လေးကို သူမ
အား လုံအောင်ခြုံပေးရင်း ကားကိုသာ ဂရုစိုက်
မောင်းနေတော့သည် ကလောကိုကျော်ခဲ့ပြီမို့ အပြင်
မှာ ပို၍အေးလာ၏ မိဘများက သဘောမတူတာမို့
ကျော်စွာနဲ့မြင့်မိုရ်တို့ စိတ်တူကိုယ်တူ ခိုးပြေးခဲ့ခြင်း
ပင်ဖြစ်သည် ကျော်စွာသူငယ်ချင်း “ကိုတိုး”နေထိုင်
ရာ ညောင်ရွှေမြို့သို့ လောလေဆယ် အခြေအနေ
အရ ထွက်လာခဲ့ကြသည် ကားလေးကို ပုံမှန်မောင်း
နေရင်း တောင်ဆင်းကွေ့ တစ်နေရာအရောက်

……ဟာ…..

…..ကျွီး…….

…..ဒုန်း….

ကျော်စွာအရှေ့မှ တစ်စုံတစ်ယောက် ဖြတ်ပြေး
သွားသည်ကို မြင်လိုက်ရ၍ ကားကိုအချိန်မီ ဘရိတ်
အုပ်လိုက်ပါသော်လဲ အရှိန်ဖြင့် တိုက်မိသွားခဲ့
သည်

…..ကို…..ဘာဖြစ်တာလဲ…..ဘာဖြစ်လို့လဲဟင်…..

မြင့်မိုရ် အိပ်နေရာမှ လန့်နိုးလာပြီး ကျော်စွာအား
မေးလေသည်

……ကိုယ်….ကိုယ်တစ်ယောက်ယောက်ကို….တိုက်မိ

ပြီထင်တယ်….ချစ်…..

မြင့်မိုရ် ပတ်ဝန်းကျင်အား လိုက်ကြည့်နေသော်လဲ
မိုးက သည်းထန်စွာ ရွာနေသောကြောင့် မြင်ကွင်း
က မရှင်းးပေ

…..ကို….မောင်းတော့လေ….လူလဲပြတ်နေတာ…..

……ဘာကိုတိုက်လို့တိုက်မှန်း…..မသိပဲနဲ့…..မောင်း

တော့……

ကျော်စွာ ကားစက်အားသတ်လိုက်ပြီး မြင့်မိုရ်
ဘက်သို့ လှည့်ကြည့်ကာ

…..မောင်းပြေးလို့မရဘူးလေ…..ချစ်ရယ်…..

…..ကိုယ်တို့တိုက်မိတာ…..လူဖြစ်နေရင်….ဘယ်

လိုလုပ်မလဲ…..

မြင်မိုရ် ခေတ္တတွေဝေသွားပြီးနောက်

…..ကဲအဲ့ဒါဆိုလဲ….မြန်မြန်ဆင်းကြည့်ပါကိုရယ်…..

…..ချစ်ကြောက်လို့ပါ…..

…..ဟုတ်ပါပြီ…..ချစ်ခဏလေးပဲစောင့်……

ထိုသို့ပြောပြီး ကားအနောက်ခန်းမှ ထီးကို
ယူကာ ကားတံခါးဖွင့်ပြီး ကျော်စွာ ဆင်းလိုက်၏
လျှပ်ပန်းလျှပ်နွယ်တို့ကြား မိုးခြိမ့်သံကြောင့်
ဇာတ်ကလေးပင် ပုသွားလေသည် ကားဘေး
ပတ်ဝန်းကျင်ကို ကျော်စွာ သေခြာလိုက်ရှာနေ
ပါသော်လဲ ဘာအရိပ်အယောင်မှ မတွေ့ရတော့

….ဟင်…..ခုဏ….ငါတစ်ခုခုကို….တိုက်မိတာပါ…

…..အခုဘယ်လိုဖြစ်ရတာလဲ…..ဘာမှလဲ…မတွေ့

ပါလား….

သူသေသေချာချာ လိုက်ရှာပေမယ့် အစောတုန်း
က တိုက်မိသော အရာသည် ဘယ်လိုမှပင် ရှာလို့
မတွေ့တော့ပေ ကျော်စွာ စိတ်ဘဝင်မကြစွာနဲ့
ကားတံခါးကိုဖွင့်ကာ ထီးလေးပိတ်ပြီး အနောက်
ခန်းသို့ ပြန်ထားလိုက်ခါ ကားစက်နိုးကာ မောင်း
ထွက်လာခဲ့သည် မြင့်မိုရ်ငြိမ်သက်နေသည်
ဘာမှမပြောပဲ နောက်ခုံကိုမှီလျှက် တိတ်ဆိတ်နေ
လေ၏ ကျော်စွာလဲ အခုမှ ခိုးပြေးလာတာဆိုတော့
သူ့စိတ်လှုပ်ရှားနေလို့ နေမှာပါလို့ပဲ တွေးရင်း
ကားကိုသာ ဂရုစိုက်မောင်းလာခဲ့ပါတယ်
ကားလေးသည် တစ်ဖြေးဖြေးနှင့် အောင်ပန်းကို
ကျော်လာခဲ့ပြီးနောက် ရုတ်တရက်

……ဟင်…..ဘာ…..ဘာအနံ့ကြီးလဲ…..

ကျော်စွာနှာခေါင်းထဲ အပုပ်နံ့တို့က လှိုင်ထနေသည်
တစ်ဖြေးဖြေးနဲ့ မခံမရပ်နိုင်အောင် နံလာသည်မို့

….ချစ်….ချစ်ရေ…..

ဟာ…….ချစ်…..မင်းဘာဖြစ်

နေတာလဲ….

ဘေးနားမှ မြင့်မိုရ်ကို လှုပ်၍ ခေါ်ပါသော်လဲ မရပေ
ကျော်စွာထံသို့ နီရဲနေသော မျက်လုံးအစုံဖြင့်
မြင့်မိုရ် လှည့်ကြည့်လာသောအခါ

….ဟာ….ချစ်….မင်း…..မင်းဘာဖြစ်တာလဲ…..

ကျော်စွာ ကြောက်လန့်ပြီး ကားကိုလမ်းဘေး
ထိုးရပ်လိုက်ခါ မြင့်မိုရ်အား အော်ဟစ်သတိပေး
နေစဥ်မှာပဲ မြင့်မိုရ်ထံမှ အသံသြသြကြီးဖြင့်

…..ငါ့….ကို….အိမ်…ပြန်…ပို့….ပေး…..

ကျော်စွာ ထိုစကားကြားရတော့ အံ့သြခြင်းများနဲ့
အတူ

….ချစ်….မင်းနဲ့ကိုယ်….နှစ်ဦးသဘောတူ…ခိုးပြေး

ခဲ့ကြတာလေ….ဘာလို့အခုမှ….အိမ်ပြန်ပို့ခိုင်းတာ

လဲချစ်ရဲ့….

ကျော်စွာ ထိုသို့ပြောတော့ မြင့်မိုရ်၏ ရှည်လျှား
သော ဆံပင်များ လျောကြလာပြီး မျက်နှာတစ်ခု
လုံးဖုံးအုပ်လျှက်

….ငါ…နင့်ရဲ့ချစ်သူ…ကောင်မလေးမဟုတ်ဘူး….

…ငါ့နာမည်က….နန်းအိထွေး….ငါ့ကို….အိမ်ပြန်ပို့

ပေးပါ….ငါအိမ်မပြန်ရတာ….အတော်ကြာပြီ…

…အီး….ဟီး….ဟီး….

​အသံသြသြကြီးနှင့် ပြောရင်း မြင့်မိုရ် ငိုလေတော့
သည် ကျော်စွာ ဘာလုပ်ရမှန်းမသိ အချိန်ကလဲ
ည၁၂နီးပါး ရှိပြီမို့ လူသွားလာကလဲ ပြတ်နေပြီ
ဖြစ်သည် အပြင်မှာ မိုးတွေကလဲ သဲသဲမဲမဲ ရွာနေ
တာကြောင့် အတော်ပင် သွေးပျက်ခြောက်ခြား
ဖွယ်ရာဖြစ်နေ၏ ဒီကြားထဲ ကားထဲမှ အပုပ်နံ့များ
ကလဲ မခံမရပ်နိုင်အောင်ပင် သူ၏ ချစ်သူ မြင့်မိုရ်
မှာလဲ ပရလောကသူ တစ်ယောက် ဝင်ရောက်
ပူးကပ်နေပြီမို့ သူဘာလုပ်ရမှန်းမသိ ဘေးနား
ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ခပ်လှမ်းလှမ်း၌
မီးရောင်ပြပြလေးကို သူမြင်လိုက်ရ၍ အားတတ်
သွားပြီး ကားပေါ်မှဆင်းကာ

…..ခဏလေးစောင့်….ပြန်လာခဲ့မယ်….ဘယ်မှမ

သွားနဲ့နော်…..

ကျော်စွာ ထိုသို့ မှာထားခဲ့ပြီး ကားတံခါးကို ပြန်
ပိတ်လိုက်ပြီး မြင်နေရသော မီးရောင်ဆီသို့
အကူအညီ ရလိုရငြား သွားလေတော့သည်
သူမှာခဲ့သူသည် မြင့်မိုရ်လား နန်းအိထွေးဆိုသော
သူလား ဆိုတာကိုတော့ ဝေခွဲမရပါချေ

ထင်ရှူးပင်တွေကြား သူမီးရောင်ဆီသို့ ခပ်မြန်မြန်
လျှောက်လာခဲ့သည် တစ်ဖြေးဖြေးမီးရောင်နဲ့
နဲ့ နီးလာတဲ့ခါ သူမြင်နေရသည်က အိမ်အိုကြီး
တစ်လုံးဖြစ်ပြီး ခြံနွယ်တစ်ချို့ ရစ်ပတ်နွယ်တတ်
နေသောကြောင့် လူပင်ရှိပါ့မလား သူစိတ်ပူမိ
သွား၏ အိမ်ကြီးရဲ့ တံခါးအရှေ့သို့ ရောက်သော
အခါ

…..အိမ်ရှင်တို့…..အိမ်ရှင်တို့….ကျွန်တော်….ဒုက္ခ

ရောက်လာလို့….ကူညီကြပါဦးဗျာ….အိမ်ရှင်တို့…

သူမည်မျှပင် အော်ခေါ်နေသော်လဲ ဘာသံမှ
မကြားရ မည်သူမှ ထွက်မလာပေ ကားလမ်းပေါ်မှာ
မြင့်မိုရ် တစ်ယောက်ထဲ ထားခဲ့ရသည်မို့ စိတ်မချ
နိုင်တာကြောင့် အိမ်ထဲအထိ ဝင်ခေါ်ရန် ဆုံးဖြတ်
လိုက်ပြီး အိမ်ထဲသို့ ကျော်စွာ ဝင်သွားလိုက်ပါ
တော့သည်

…..အိမ်ရှင်တို့…..အိမ်ရှင်တို့….

အိမ်ထဲသို့ ဝင်လာရင်း အော်ခေါ်နေမိသည် အိမ်ထဲ
မှာတော့ တန်ဖိုးကြီး ရှေးဟောင်း ပရိဘောဂများ
ဖြင့် ခမ်းခမ်းနားနား ဖြစ်ခဲ့ပုံရသည် အတော်များ
များက ဖုန်များဖြင့် ဖုံးအုပ်နေပြီဖြစ်သည်

…..ဒုန်း…..ခလွမ်……

…..အမလေး….

ကျော်စွာ ရှေ့တည့်တည့် အခန်းဆီမှာ တစ်ခုခု
ကြကွဲသံကို ရုတ်တရက် ကြားလိုက်ရခြင်းကြောင့်
လန့်ဖျန့်ကာ အော်မိလိုက် ခြင်းပင်ဖြစ်သည်
တစ်ကိုယ်လုံး မိုးရေတို့ဖြင့် စိုရွှဲနေပေမဲ့ ခြောက်ခြား
ဖွယ်ရာများကြောင့် ခြွေးစေးများပင် ထွက်လာခဲ့
သည်

…..ဒေါက်….ဒေါက်….ဒေါက်…..အိမ်ရှင်တို့…..

….အိမ်ရှင်တို့….အထဲမှာရှိလားဗျ….

ကျော်စွာ အခန်းတံခါးကို ခေါက်ရင်း အော်ခေါ်
နေခိုက်

…..ကျွီ…..

….ဟင်….

အခန်းတံခါးသည် သူ့အလိုလို ခပ်ဟဟ ပွင့်လာပြီး
ကျော်စွာအထဲသို့ အသာခြောင်းကြည့်လိုက်တော့
သူ့အား ကျောပေးလျှက် အမျိုးသမီးတစ်
ယောက် မတ်တပ်ရပ်နေတာကို မီးရောင်
ခပ်မှိန်မှိန်အောက်မှာ ဝိုးတဝါး မြင်လိုက်ရသည်
သူ မဝံမရဲဖြင့် ခေါ်လိုက်မိ၏

….ဒီ….ဒီမှာ….အိမ်ရှင်လားဗျ….ကျွန်…ကျွန်တော်

…ဒုက္ခရောက်လာလို့ပါ…..ကူညီပါဦးဗျာ…..

ကျော်စွာ အရဲစွန့်ပြောပါသော်လဲ ထိုအမျိုးသမီး
က လှည့်မကြည့်ပဲ ကျောခိုင်းလျှက် ငြိမ်သက်
နေလေသည်

….ဟို…..ဟို….ကျွန်တော်….လူ….လူကောင်းပါဗျာ

…..ကူညီပါဦးနော်….

ကျော်စွာ ထပ်ပြောလိုက်တော့ တစ်ဖြေးဖြေးနဲ့
ထိုအမျိုးသမီးမှာ သူ့ဘက်သို့ လှည့်လာခဲ့
သည် မီးရောင်မှိန်မှိန်အောက် ကျော်စွာ မြင်လိုက်
ရသည့် မြင်ကွင်းကြောင့်

…..အမလေး….

….ဟင်…မြင့်…..မြင့်မိုရ်…..

….ဘယ်….ဘယ်လိုဖြစ်..ဖြစ်…ရတာလဲ…..

သူ့အရှေ့၌ ရပ်နေသူသည် ကားထဲမှာ ထားခဲ့သော
သူ၏ချစ်သူ မြင့်မိုရ်ပင် ဖြစ်နေတော့သည်
ကျော်စွာ စဥ်းစားမရပေ မြင့်မို့ရ်က ဒီကို ဘယ်လို
ရောက်လာတာလဲ

……ချစ်….မင်း….မင်းဒီကို…ဘယ်လိုရောက်လာ

တာလဲ….

ကျော်စွာ၏ မေးခွန်းကိုကြားတော့ မြင့်မိုရ်တစ်
ယောက် ဒေါသမာန်တို့ဖြင့်

….ငါနင့့်ရဲ့ချစ်သူ…..မြင့်မိုရ်မဟုတ်ဘူးလို့….

….ပြောပြီးပြီလေ…..

ထိုသို့ပြောပြီး ကျော်စွာထံသို့ တဖြေးဖြေးခြင်း
လျှောက်လာလေသည်

….မင်း…..မင်းထွက်သွား…..ငါ့ချစ်သူကိုယ်ထဲက

ထွက်သွား….

သူမသည် ကျော်စွာအား ဂရုမစိုက်ိုက်ဟန်ဖြင့်
ရှေ့သို့တိုးလာမြဲ တိုးလာခဲ့သည်

ကျော်စွာ ဘာလုပ်ရမှန်းမသိပေ ထိုနောက်
လှေကားအတိုင်း ကျော်စွာပြန်ပြေးဆင်းလာ
မိလေသည် အိမ်အောက်ဘက်သို့ ရောက်သော
အခါ သူဝင်လာခဲ့သော တံခါးမှာ မရှိတော့
ကျော်စွာ စိုးထိတ်လျှက် အပြင်သို့ ပြန်ထွက်စရာ
အပေါက်ကို လိုက်ရှာနေ၏ သို့သော်လဲ
မည်သည့် အပေါက်မှ မတွေ့ရတော့ပဲ အိမ်က
အလုံပိတ်ကြီး ဖြစ်နေတော့သည်

…….ဂျိမ်း….ဂျိမ်း….

အပြင်မှာ လျှပ်စီးများ ဝင်းကနဲလက်သွားခဲ့ပြီး
မိုးခြိမ်းသံများ ဆူညံလျှက် ကျော်စွာ တစ်ကိုယ်
လုံး ခြွေးများ ရွှဲနေပြီး အောက်ထပ်ရှိ အခန်းများ
ကိုလိုက်ကြည့်ရလေသည် အခန်းထဲ၌ ပြတင်း
ပေါက်များ ရှိနေခဲ့ပါက ထိုပြတင်းပေါက်မှ သူ
အပြင်သို့ ထွက်ရန်ဖြစ်သည်

….ဂျိမ်း….ဂျိမ်း….

…ဟင်….

ကျော်စွာ လိုက်ရှာနေရင်း အခန်းတစ်ခုထဲတွင်
အပြင်မှ လျှပ်စီးလျှပ်သော အလင်းရောင်က
ဝင်းကနဲလက်သွားတာကို မြင်လိုက်ရတော့
သူဝမ်းသာသွားခြင်းဖြစ်သည် ဒီအခန်းထဲမှာ
ပြတင်းပေါက် ရှိနေလိမ့်မယ် အလင်းရောင် ဝင်
လာတယ်

သူတစ်ယောက်ထဲ ရေရွတ်လျှက် အခန်းထဲသို့
ဝင်လိုက်သောအခါ မှန်ပြတင်းပေါက်တစ်ခုကို
တွေ့မြင်လိုက်ရ၍ ဝမ်းသာသွားပြီး ကုတင်ဘေး
စားပွဲခုံပေါ်မှ ပန်းအိုးနှင့် မှန်ပြတင်းပေါက်အား
ရိုတ်ခွဲပါတော့သည်

…ခွပ်…..ခွပ်….ခွပ်….

…..ခလွမ်း…..

ကံကောင်းစွာနဲ့ မှန်ပြတင်းပေါက်မှာ ကွဲသွားခဲ့
သည် သူထိုပြတင်းပေါက်မှ အပြင်သို့ ခန်ထွက်ဖို့
ဟန်ပြင်လိုက်စဥ်

…..ကို….ချစ်ကို….မထားခဲ့ပါနဲ့…ချစ်ကိုခေါ်သွား

ပါနော်….ချစ်အရမ်းကြောက်လို့ပါ….

ကျော်စွာ အနောက်သို့ လှည့်ကြည့်လိုက်တော့
မြင့်မိုရ်ဖြစ်နေပြီး မျက်နှာမှာ ငြိုးငယ်လျှက်
သူ့အား တပါတည်း ခေါ်သွားဖို့ ငိုပြီးတော့ ပြော
နေရှာသည်

…လာချစ်…..ကိုတို့အတူသွားမယ်….

ကျော်စွာ ချစ်သူ၏လက်ကို လှမ်းဆွဲကာ အပြင်
ကိုခေါ်သွားဖို့ ကြိုးစားလိုက်ချိန်မှာပဲ ကုတင်ပေါ်
သို့ မြင့်မိုရ် ရုတ်တရက် လဲကြသွားလေသည်

….ဟာ….ချစ်…..ချစ်မင်းဘာဖြစ်တာလဲ…..

ကျော်စွာ ကြောက်စိတ်နဲ့ မြင့်မိုရ်ကို အတင်းလှုပ်
နှိုးကာ ခေါ်ပေမယ့့် ခေါ်မရတော့ပေ ထိုအခိုက်
မှာပဲ ကျော်စွာကို တစ်စုံတစ်ယောက်က ဆောင့်တွန်း
လိုက်သလိုဖြစ်ကာ အနောက်သို့ ပက်လက်လန်
ကြသွားခဲ့သည်

ထိုစဥ် ကုတင်ပေါ်၌ ပက်လက်လှန်လဲကြနေသော
မြင့်မိုရ်မှာ လေပေါ်သို့ ​ပက်လက်အနေအထားနှင့်
မြောက်တတ်လာပြီး တစ်ခါတစ်ခါလျှပ်စီးရောင်
အောက်မှာ မြင့်မိုရ်၏ ဆံနွယ်များသည် လေထဲ၌
ဝဲပျံနေတာကို ကောင်းစွာမြင်တွေ့ နေရလေသည်

……ဟား….ဟား….ဟား……

…..ငါအိမ်ပြန်ချင်လို့….အကူအညီတောင်းတာကို…

…..နင့့်က….နင့့်ချစ်သူကို….ခေါ်ပြီး…ပြေးမယ်

ပေါ့လေ….မရဘူး….နင်တို့…ဒီအိမ်ကြီးထဲက….

…အသေထွက်ပဲ….ရမယ်….ငါမပါပဲ…သွားခွင့်

မပြုနိုင်ဘူး…..

လေပါ်သို့ မြောက်တတ်နေသော မြင့်မိုရ်ထံမှ
ထိုကဲ့သို့ စကားများကို အသံသြသြကြီးဖြင့်
ပြောလာပြီးနောက် အပြင်မှာ လေကြမ်းများ
ပိုမိုတိုက်ခတ်လာ၏

……ဂျိမ်း…..

မိုးချိမ်းသံနှင့်အတူ ထင်ရှူးပင်များမှာလဲ ယိမ်းထိုး
လှုပ်ရှားလျှက် လူတစ်ယောက်အတွက် အခုလို
ညဟာ သွေးပျက်သွားလောက်တဲ့ ခြောက်ခြား
ဖွယ်ရာ ညတစ်ညပါပဲ

ကျော်စွာ ​လေပေါ်သို့ မြောက်တတ်နေသော သူ၏
ချစ်သူ မြင့်မိုရ်ထံသို့ အမြန်သွားပြီး ခါးကကိုင်
လျှက် အောက်သို့ ဆွဲချလိုက်သည် အားနှင့်ဆွဲခို
ချပေမယ့့် မြင့်မိုရ်၏ ခန္ဓာကိုယ်သည် နိမ့်လိုက်
မြင့်လိုက်ဖြင့် အတော်ကြာမှ ကျော်စွာလက်ထဲသို့
ပါလာတော့သည် ချစ်သူကို ပွေ့ချီလျှက် ပြတင်း
ပေါက်မှာအပြင်သို့ အနိမ့်ပိုင်းမို့ လျှောဆင်းလိုက်
တော့သည်

….ဂျိမ်း…..

….အမလေး….

ရုတ်တရက် သူတို့နှင့် သိပ်မလှမ်းသော ထင်းရှူးပင်
ကို မိုကြိုးပစ်လိုက်သောကြောင့် ကျော်စွာ ချစ်သူ
ကို လက်မှာပွေ့ရင်း ထိတ်လန့်သွားခြင်းဖြစ်သည်
ခြံစည်းရိုးအနားသို့ ရောက်သော် အပြင်ထွက်ဖို့
ခြေလှမ်းလိုက်စဥ်

လက်မှထဲမှ ပွေ့ချီလာသော မြင့်မိုရ်မှာ ရုတ်တရက်
မျင်လုံးများ ဖျက်ကနဲ ပွင့်လာပြီး မျက်လုံးအိမ်များ
မှာလဲ အရောင်အဆင်းမရှိ အဖြူကြီးသက်သက်
ဖြစ်နေတာကို မြင်လိုက်ရ၍ ကြောက်လန့့်ကာ
အောက်သို့ ပစ်ချမိလိုက်ပါတော့သည်

…..ဟား….ဟား….ဟား…..

….နင်တို့က….ငါမပါပဲ…..ထွက်သွားကြမယ်ပေါ့….

….ပြန်လာခဲ့စမ်း…..ငါမပါပဲမသွားရဘူးလို့…​

…ပြောထားပြီးပြီ….နင်တို့ပြန်လို့မရဘူး…

….ဟား….ဟား….ဟား…..

မိုးတွေကလဲ သဲသဲမဲမဲရွာ လေတွေကလဲတိုက်
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးလျှက်
အရာရာသည် ခြောက်ခြားဖွယ်ရာအတိ

….ဟေ့ကောင်….ခြံပြင်ကိုဆွဲထုတ်….မြန်မြန်ဆွဲ…

ရုတ်တရက် အနောက်မှ သတိပေးသံကြောင့်
ကျော်စွာ သတိဝင်လာပြီး သူ့အရှေ့ မိုးရေထဲ
ရပ်နေသော မြင့်မိုရ်အား ခြံအပြင်သို့ အားနှင့်
ဆွဲထုတ်လိုက်ပါတော့သည်

….အား…..

မြင့်မိုရ် လဲကြသွား၏ အရိပ်မည်းမည်းတစ်ခု
ကလဲ မြင့်မိုရ်ခန္ဓာကိုယ်မှ ခွာထွက်လျှက် ခြံပြင်
သို့ ထွက်လာဖို့ ကြိုးစားနေသောလဲ ထိုအရိပ်မည်း
သည် တစ်စုံတစ်ခုနဲ့ တိုးတိုက်သလိုဖြစ်ကာ ခြံထဲ
သို့ ပြန်ရောက်သွားလေ၏

…..ဟေ့ကောင်….မြန်မြန်မ…သွားကြတော့…..

ကျော်စွာ အသံလာရာ အနောက်ဘက်သို့ လှည့်
ကြည့်လိုက်တော့ အဖိုးကြီးတစ်ယောက် သျှောင်
ထုံးထားပြီး လက်ထဲမှာ တောင်ဝှေးတစ်ချောင်းနှင့်
မြင့်မိုရ်အား အမြန်မပြီးပြေးရန် အော်ပြောနေလေ
သည်

….မြန်မြန်သွား….ငါတားထားတဲ့စည်းက….

….သိပ်ကြာကြာမခံဘူးကွ….သွားတော့…..

….ဟုတ်….ဟုတ်ကဲ့….

ကျော်စွာ လဲကြနေသော မြင့်မိုရ်အား ဆွဲထူလျှက်
မြင့်မိုရ် သတိပြန်လည်လာသောကြောင့် ဒီအတိုုင်း
ပဲ တွဲခေါ်လာခဲ့သည် အဖိုးကြီးကတော့ တောင်ဝှေး
ကို ဝှေ့ရမ်းရင်း အနောက်မှ လိုက်ပါလာခဲ့သည်
မိုးကလဲ တစ်ဖြေးဖြေး ပါးလာခဲ့ပြီဖြစ်၏

ထင်းရှူးတောတွေထဲက ရပ်ထားသော ကားဆီသို့
ပြန်သွားကြပြီး တောထဲက ထွက်သည်နှင့် အပြင်
မှာ အာရုံဏ်တောင် တတ်နေခဲ့ပြီ အလင်းရောင်
ရနေပြီဖြစ်သည် အချိန်တွေ ဘယ်လောက်တောင်
ဒီအိမ်ကြီးထဲ ပိတ်မိနေခဲ့ကြသည် မသိပေ

….ကဲ….ငါ့သားတို့….သွားကြတော့….

အဖိုးကြသည် ကားနားအထိ လိုက်ပို့ရင်း
နှုတ်ဆက်လိုက်သည် ကျော်စွာ သူတို့ထွက်လာ
သော တောင်ကုန်းပေါ်မှ အိမ်ကြီးကို လှမ်းကြည့်
တော့ ဘာမှ မရှိပဲ သစ်ပင်များသာ ပေါက်ရောက်
နေတာကို မြင်လိုက်ရ၍ အံ့သြသွားမိသည်

….ကဲ…ငါ့သား….ကြည့်မနေနဲ့တော့…အဲ့ဒီနေရာ

မှာ…..ဘာမှမရှိတာကြာပြီ….မင်းတို့ကို…အပြန်

လမ်းမဲ့နေတဲ့….ပရလောကသားတစ်ယောက်က…..

….ထင်ယောင်ထင်မှားဖြစ်အောင်….လုပ်ထားတာ….

….အဲ့ဒီတစ္ဆေက….သူ့ရဲ့အကုသိုလ်ကံ…..မကုန်ုန်

သေးသ၍…. အဲ့ဒီနေရာမှာပဲ …..နေရဦးမယ်လူလေး

….ဘယ်သူမှ…..သူကိုကယ်လို့မရဘူး….

…ဗျာ….

အခုမှ ကျော်စွာ အနည်းငယ် သဘောပေါက်သွား
လေသည်

အဖိုးကြီးက လွယ်အိတ်ထဲမှ ဆေးမြစ်တစ်ခုကို
ထုတ်ပေးရင်း

….မိန်းကလေးကို….ဒါလေးသွေးတိုက်လိုက်…..

….မကြာခင်သက်သာသွားမယ်…..

အဖိုးပေးသော ဆေးမြစ်ကို လှမ်းယူရင်း
ကားပေါ်သို့တတ်ခါ

…..အဖိုးက….ဘယ်ကိုသွားမှာလဲ…..ကျွန်တော်တို့

နဲ့….တစ်ခါတည်းလိုက်ခဲ့လေ…..

အဖိုးကြီးက ခေါင်းကို အတွင်တွင်ခါကာ

….အဖိုးက…၇ရက်သားသမီးတွေအတွက်….

….ခရီးဆက်ရဦးမယ်…ငါ့သား….သွားပေတော့…

ပြောရင်းနဲ့ ထင်းရှူးတောထဲသို့ ပြန်လည်ဝင်သွား
ပြီး ထူးဆန်းစွာနဲ့ ပျောက်ကွယ်သွာူလေသည်

ကျော်စွာ ကားလေးကို ဘီးစလှိမ့်ပြီး မောင်းထွက်
ခဲ့ရင်း ခုဏ သူတို့ သွေးပျက် ခြောက်ခြားဖွယ်ရာ
များ တစ်ညလုံး ကြုံခဲ့ရတဲ့ တောင်ကုန်းဆီသို့
လှမ်းကြည့်လိုက်တော့ ထိုအိမ်ကြီးကို ပြန်မြင်
လိုက်ရ၍ ကားကိုသာ အရှိဖြင့် မောင်းထွက်ခဲ့
လေသည် သွေးပျက်ဖွယ်ရာ တစ္ဆေများနှင့်ည
တစ်ညကိုတော့ သူတို့ ဘယ်တော့မှ မေ့နိုင်
လိမ့်မည် မဟုတ်ပါချေ။

ပြီးပါပြီ

ဆက်လက်ကြိုးစားပါဦးမည်

လေလွင့်လူ(တွံတေး)1.11.2022