နောက်လူမလာခင်အထိ(စ/ဆုံး)
——————————–
အထင်ကရ မြို့ပြတစ်ခုမှာပေါ့ လူနေအိမ်ခြေတွေ
တိုးတတ်များပြားလာတာနဲ့အမျှ ဖုန်းဆိုးမြေ သချုင်္ ိင်းမြေ
ဥစ္စာစောင့်တွေရဲ့နေရာပါမကျန် အိမ်တွေ ကျောင်းတွေ
ဆောက်လုပ်နေထိုင်လာကြတယ်ပေါ့…
_______________
ဖုန်းဆိုးမြေ ပရလောကသားတွေ တစ်စုတစ်ဝေးထဲစုပေါင်းနေထိုင်တယ်လို့ ပြောလို့ရသလို ကျက်တစ္ဆေဆိုတဲ့ ပရလောကသားတွေဟာဆိုရင် ကျေးရွာတစ်ခုလို
ပွဲစျေးပါမကျန်စုံလင်စေ့ငှာ့အောင်ပြင်ဆင်ပြီးတော့
မျက်စိလည်လမ်းမှားလာတဲ့သူတွေကို ဆွဲဆောင်ပြီးတော့
ခြောက်လှန့်တတ်ကြတဲ့နေရာပေါ့ ဒါပေမယ့်သူတို့ကျက်
တစ္ဆေဆိုတာမျိုးကတော့ လူတွေကိုဒုက္ခပေးခဲပါတယ်
ပျော်ပွဲရွှင်ပွဲမက်တဲ့ ကျက်တစ္ဆေတွေလို့ပဲ ပြောရတော့မှာပေါ့
___________________
သချုင်္ ိင်းမြေ ဆိုတာကတော့ သာမန်လူတွေ မနေသင့်
မနေအပ်တဲ့နေရာလို့ ဆိုရမှာပေါ့ သချု င်္ိင်းရွှေ့တဲ့အချိန်မှာ
နားလည်တတ်ကျွမ်းတဲ့ဆရာတစ်ချို့ရဲ့အကူအညီနဲ့
ရွှေ့မှသာလျှင် ထိုသချုင်္ ိင်းမြေနေရာဟာပကတိသာမန်
မြေလိုသန့်ရှင်းနိုင်ပါတယ် မဟုတ်ရင်တော့ သိတဲ့
အတိုင်းပဲ လက်ကျန် ပရလောကသားတွေက အားပါးတရ
နှောက်ယှက်ပြီးတော့ အသက်ပါခြွေယူတတ်တဲ့အထိဆိုးရွား
သောင်းကျန်းတတ်ပြန်ပါသတဲ့…ထားပါတော့ ဒါတွေက
ဗဟုသုတအဖြစ်ပြောပြတာပါ အခုပြောချင်တာက
ဥစ္စာစောင့်ခေါ်ရမလား သချုင်္ ိင်းစောင့်ပုံစံမျိုးနဲ့ လူစားလဲပြီး
အစောင့်ခိုင်းတဲ့အကြောင်းလေးရေးပြချင်ပါတယ်
_______________________
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာပေါ့ကျောင်းရဲ့နောက်ဘက်မှာက မြစ်တစ်စင်းရှိတယ်
အဲ့ဒီမြစ်ရေက မိုးရာသီမှာသာ ရေများပြီးတော့ နွေရာသီ
မှာဆိုရင်တော့ မခမ်းယုံတစ်မယ်ပဲ စီးဆင်းနေပါတယ်
ပြောချင်မှာပေါ့ မြစ်ရေပါဆိုမှ မိုးရာသီရေများတာဘာဆန်း
သလဲလို့ ဟုတ်ပါတယ် အဲလိုပြောချင်စရာပါပဲ ထူးဆန်း
တာကိုပြောချင်လို့ အဲ့ဒါကို ပလ္လင်ခံလိုက်ရတာပါဗျာ
မြစ်ကမ်းဘေးမှာ အုတ်ကန် တစ်ခုရှိတယ်ဗျာ့အဲ့ဒီအုတ်ကန်
ကမြစ်ရေဘယ်လောက်တတ်တတ်မြုပ်မသွားဘူး
နွေရာသီရေနည်းချိန်သွားကြည့်လည်းဒီအတိုင်းပဲတဲ့
အုတ်ကန်ကအကြီးကြီးလားမေးမဟုတ်ဖူးဗျာ့ ခြေချင်းဝတ်
သာသာပဲရေရှိတာပါ မထူးဆန်းဘူးလားအရပ်ကတို့…
___________________
ပိုထူးဆန်းတာရှိသေးတယ်ဗျာ့ အဲ့ဒီအုတ်ကန်အောက်မှာ
ရှေးဟောင်းပစ္စည်းတွေရှိတယ်လို့လည်း ရှေးလူကြီးတွေ
အဆိုရှိကြပြန်သဗျာ့ အရင်ခေတ်ကဆိုရင်ပစ္စည်းတွေ
ဘာတွေဌားလို့ရတယ်လို့တောင် ပြောကြပါသတဲ့
ထားပါတော့..အဓိကဖြစ်ပျက်ခဲ့တာကအဲ့ဒီအုတ်ကန်
စောင့်တဲ့ အစောင့်ပုဂ္ဂိုလ်ကလူစားလဲဖို့အကြောင်းဖန်
လာတယ်ပေါ့..လူစားလဲခံမယ့်သူက သာမန်လူတစ်ယောက်
မဟုတ်ပဲ ဘုန်းကြီးဖြစ်နေတာက ပိုထူးဆန်းတယ်လို့
ပြောမယ်ဆိုလည်းပြောလို့ရတာပေါ့ဗျာ…
လူစားလဲခံရမယ့် ဘုန်းကြီးဆိုတာက တနယ်တကျေးကနေ
ပြောင်းလာတဲ့အသစ်စက်စက် ကျောင်းထိုင်ဘုန်းကြီး
အညာဘက်ကဆိုလားပဲ ဘုန်းကြီးကလည်းဖြစ်ပြန်
ပင်ကိုယ်စိတ်ကလဲ တစ်ယူသန်တဲ့သူဆိုတော့ပရလောက
ဆိုတာကိုမယုံသလိုဘုန်းကြီးကရှိတယ်ဆိုတာကိုလုံးဝ
လက်မခံတဲ့အနေအထားဖြစ်ချိန်တန်လာတော့လည်း
ဘုန်းကြီးက ညနေစောင်းလေးမှာ ကျောင်းဝန်းထဲမှာ
အမှိုက်လှဲကျင်းနေတာပေါ့..ဘုန်းကြီးကိုခေါ်တာပေါ့
ပစ္စည်းတွေလာယူလှည့် ဒီမှာပစ္စည်းတွေအများကြီးပဲလို့
ပြောပြီးတော့ ခေါ်သတဲ့ ဘုန်းကြီးကမကြောက်တတ်တော့
ခပ်တည်တည်ပဲလိုက်သွားသတဲ့ လိုက်သွားပြီးတော့
အုတ်ကန်ထဲကြည့်လိုက်တယ် တစ်သက်နဲ့တစ်ကိုယ်
တစ်ခါမှမမြင်ဘူးခဲ့တဲ့ ရွှေငွေံရတနာတွေအုတ်ကန်ထဲမှာ
အပြည့်ပဲတဲ့ ဒါနဲ့ ဘုန်းကြီးကိုအယူခိုင်းသတဲ့လိုချင်တာယူ
ဆိုတဲ့သဘောနဲ့ပြောတော့ ဘုန်းကြီးကအခုတော့
မယူသေးဘူးထည့်စရာကလည်းမပါခဲ့ဘူးဆိုတော့
နောက်ပြီးမှလာယူမယ်လို့ပြောလိုက်သတဲ့….
_____________________
မှောင်ရိပ်သမ်းလာတော့ ကျောင်းကိုရွာထဲက
လူကြီးပိုင်းတွေ ဘုန်းကြီးတစ်ပါးထဲရှိတဲ့ကျောင်းကို
ကျောင်းစောင့်အဖြစ်ကူအိပ်ဖို့ရောက်လာကြတယ်ပေါ့
အဲ့ဒီအချိန်မှာပဲ အုတ်ကန်စောင့်တဲ့ ပုဂ္ဂိုလ်ကြီးကလာခေါ်
ပြန်သတဲ့ ဘုန်းကြီးကို ပစ္စည်းတွေလာယူလို့ပြောပြီးတော့
ခေါ်တာပေါ့ တစ်ခြားလူတွေဘယ်သူမှမမြင်ရဘူးတဲ့
ဘုန်းကြီးကပြောတာပေါ့ “ဟိုမှာငါ့လာခေါ်နေပြီ”
အရှင်ဘုရားဘယ်မှာလဲဘုရား ဘာမှလည်းမရှိပါလား
“မမြင်ဘူးလားကွာ ဟိုမှာ ဆံပင်စုတ်ဖွားနဲ့လူကြီးငါ့ကို
ခေါ်နေတာ ငါလိုက်သွားမယ် သူကငါ့ကိုပစ္စည်းတွေပေးမှာ
ရွာလူကြီးတွေလည်းဘုန်းကြီးကိုစိတ်ပူတာနဲ့တပည့်တော်
တို့ရောလိုက်ခဲ့ပါ့မယ်ဘုရားလို့ လျှောက်တော့…
“မင်းတို့လိုက်လို့မရဘူးတဲ့ ငါတစ်ယောက်ထဲပဲလိုက်ခွင့်
ရှိတယ်လို့ အဲ့ဒီလူကပြောနေတယ်” ငါပဲလိုက်သွားမယ်
မင်းတို့ဒီမှာပဲ စောင့်နေကြလို့ပြောပြီးတော့ဘုန်းကြီးက
သူပြောတဲ့လူနောက်ကိုလိုက်သွားပါလေရော…
______________________
နာရီဝက်လောက်ရှိလို့လည်းဘုန်းကြီးကပြန်မလာ
မှောင်ကလည်းမှောင်နေပြီဆိုတော့ ရွာလူကြီးတွေ
စုပြီးတော့ အဲ့ဒီဘုန်းကြီးသွားတဲ့ဆီ အုတ်ကန်ဘက်ကို
လိုက်သွားကြည့်လိုက်တော့ ဘုန်းကြီးကအုတ်ကန်
ထဲမှာ သေနေပါလေရော(ပျံလွန်လို့မသုံးသင့်ဘူးထင်လို့ပါ)
ဘုန်းကြီးအလောင်းကိုကြည့်လိုက်တော့လည်းခြေကျင်း
ဝက်လောက်ရှိတဲ့ရေထဲမှာ ဝမ်းလျားမှောက်လျက်နဲ့
သေနေတာတွေ့ရပါသတဲ့ အမှန်ဆိုပင်လက်လှန်နေ
တယ်ဆိုရင်တောင် ရေနစ်ပြီးသေစရာအကြောင်းကမရှိပါဘူးသူတစ်ပါးသတ်သွားတယ်ပြောရအောင်ကလဲ
တစ်ဖက်မှာကမြစ်ပဲရှိတာအုတ်ကန်ဆီသွားတဲ့လမ်း
ဆိုတာကလည်းဘုန်းကြီးကျောင်းနေသွားမှသာလျှင်
ရတဲ့လမ်းတစ်လမ်းထဲပဲရှိတာပါ…
ရေနစ်သေတာဟုတ်မဟုတ်စမ်းသပ်တဲ့အနေနဲ့
သေချာစစ်ဆေးကြည့်လိုက်တော့ထွက်လာတဲ့အဖြေက
အမှန်တကယ်ရေနစ်ပြီးသေဆုံးရတာပါတဲ့….
____________________
ဘုန်းကြီးသေပြီးတော့ ၇ ရက်လောက်လည်းရှိရော
ကျောင်းလာစောင့်အိပ်တဲ့ ရွာသူကြီးကိုအိမ်မက်လာပေး
ပါသတဲ့ သူအုတ်ကန်စောင့်နေရတယ်ပေါ့ သူ့ကိုလာခေါ်
တဲ့သူကသူ့အရင်အုတ်ကန်စောင့်တဲ့သူတဲ့သူကဝဋ်
ကျွတ်သွားတော့တာမို့ အခုဘုန်းကြီးပဲအုတ်ကန်စောင့်
ဖို့ တာဝန်ယူထားရတာပါတဲ့ ဘယ်လောက်ကြာအောင်
စောင့်ရမှာလဲလို့ ရွာသူကြီးကမေးကြည့်လိုက်တော့
နောက်လူမလာမခြင်းသူဒီအုတ်ကန်မှာအစောင့်အဖြစ်နဲ့
ရှိနေရတော့မှာပါတဲ့…..
=============ပြီးပါပြီ
မှတ်ချက်…
ဘုရားသားတော်တွေဆိုတာလည်း သီလသမာဓိ
ညဏ်ပညာနဲ့ပြည့်စုံမှသာလျှင် ပရလောကကိုအောင်နိုင်
ကျော်လွှားနိုင်ကြတယ်ဆိုတာကိုတော့ ဒီဘုန်းကြီးရဲ့
ဥပမာကိုကြည့်ရင်းလက်ခံမိလာသလိုလိုပါပဲ…
ဒါမှမဟုတ်လည်းသံသရာအဆက်ဆက်ကဝဋ်ကျွေး
တစ်ခုကိုလာဆပ်နေရတယ်လို့သာတွေးမိပါ၏….
သူငယ်ချင်း Thin Thin ပြောပြတဲ့
ဖြစ်ရပ်မှန်လေးကို ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်
နေရပ်လိပ်စာတွေကိုတော့တမင်ချန်ခဲ့လိုက်တာပါ ။
Credit – Dan Yar