ပိုးပုဝါ

Posted on

ပိုးပုဝါ(စ/ဆုံး)
————
လင်းရင့်တစ်ယောက်•••
ဒီမြို့ကလေးသို့ရောက်လာခဲ့သည်မှာ
ရက်လေးများပင်ကြာခဲ့ပေပြီ။
သူမျှော်မှန်းထားသည်ထက်ဒီမြို့
လေးကသာယာလှပကာ
လှပသောရှုခင်းကညနေဆည်းဆာနှင့်
ပန္နက်စပ်ယှက်လိုက်သော
အခါပန်းချီဆရာသူပင်
ရေးမမီနိုင်ဟုတင်စားရမလိုပင်ဖြစ်မိသည်။
မြေနီလမ်းများက
အဝေးမှကြည့်လျှင်ကောဇာနီလေး
ခင်းထားသည့်နှယ်•••
တင့်တယ်နေလျက်•••
လမ်းတစ်လျှောက်ခုံးတံတားလေးများက
ထိုမြို့လေးရဲ့ချစ်စဖွယ်ထူးခြားမှုပင်ဖြစ်သည်။
လမ်းတစ်လျှောက်
ထင်းရှူးပင်ကြီးများကလည်းမြို့လေး၏အလှကို
ထပ်မံဖြည့်စွမ်းထားသည်။
သူ့သူငယ်ချင်းကျောင်းဆရာ••
ညီလတ်ကြောင့်သာဒီမြို့လေးရောက်ခဲ့ရခြင်းဖြစ်သည်။
ညီလတ်က္
ပိုက်ဆံချမ်းသာသော်လည်း•••
တခြားစီးပွားရေးလုပ်ငန်းမလုပ်ပဲ
ကိုယ်ပိုင်အထက်တန်းကျောင်းလေးဖွင့်ထားလေသည်။
ကျောင်းပြီးတည်းကကွဲသွားကြကာ
ဒီနှစ်ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင်မှ
ပြန်တွေ့ရတာဖြစ်သည်။
ညီအစ်ရင်းပမာချစ်ခင်ကြသူများဖြစ်သည်နှင့်ပီပီ
သူ့အကြောင်းကိုယ့်အကြောင်းများကိုပြောဖြစ်သည်။
ညီလတ်ပြောစကားအရ
ညီလတ်ကကိုယ်ပိုင်ကျောင်းကလေးဖွင့်ထားကာ
ညီလတ်နှင့်တွေ့ဆုံချိန်တွင်
လင့်ရင့်မှာအောင်မြင်စပြုနေသော
ပန်းချီဆရာတစ်ယောက်ဖြစ်နေပေပြီ။
ခုတော့ညီလတ်ဆီအလည်လာရင်း•••
သူလည်းအလုပ်ဖြစ်နေပေပြီ။
မနက်ရောက်သည်နှင့်•••••
ပန်းချီဆွဲပစ္စည်းကိရိယာစုံစုံလင်လင်နှင့်
ထွက်လာကာထမင်းကိုကြုံရာစား၍
ညနေမှပဲအိမ်ပြန်ဖြစ်သည်။
ညီလတ်ကကျောင်းတွင်လည်းသူမရှိလျှင်မဖြစ်။
သူ့နောက်လည်းမလိုက်နိုင်ရတာမို့
သူ့ကိုအားနာနေလေသည်။
ဒီနေ့လည်းလှပသောထင်းရှူးပင်၊
မြေနီလမ်းလေးနှင့်ခုံးတံတားပေါ်
အမှတ်မထင်ဖြတ်လျှောက်လာသော
စျေးသည်လေး၏ပုံပန်းသဏ္ဌာန်ကသူ့
စုတ်ချက်အောက်တွင်ရုပ်လုံးကြွနေပေပြီ။
သူအိမ်ပြန်ရောက်တော့
ညနေငါးနာရီခန့်ရှိလေပြီ။
သူရောက်သည်နှင့်•••
လည်တမော့မော့ဖြင့်ညီလတ်ကိုတွေ့ရသည်။
“”သွားလိုက်ရင်ပေါ်မလာတော့ဘူးငါ့ကောင်ရာ
မင်းကိုရှာခိုင်းလိုက်တဲ့ဒါရိုင်ဘာဖိုးထူးလည်းပေါ်မလာတော့ဘူး”””
“”အေးကွာ•စျန်ဝင်သွားလို့ကွ
မင်းဆီအလည်လာရတာတော်တော်တန်ဖိုးရှိသွားပြီကွာ”””
“”အဲဒါအသာထား•••
မင်းကိုငါ့ညီမလေးနဲ့မိတ်ဆက်ပေးချင်လို့”””
“”ဘယ်မှာလဲမင်းညီမက
ငါလာတုန်းကမရှိပါဘူး”””
“”အိမ်စည်ကကျောင်းတက်နေတာလေကွာ
ခုမှကျောင်းပြီးလို့ပြန်လာတာ”””
‘”ဟဲဟဲ•••မင်းညီမလေးနဲ့မိတ်ဆက်ပေးမှာဆိုတော့
ရေမိုးချိုးပြီးအပီရွိင်းပါရစေဦးကွာ””
“”အေးကွာမင်းသဘော
ငါအမေနဲ့အဖေကိုဆိုင်သွားကြိုလိုက်ဦးမယ်”””
ညီလတ်အဖေနှင့်အမေက
မြို့ထဲတွင်လက်ဝတ်ရတနာဆိုင်ဖွင့်ထားတာဖြစ်သည်။
ညီလတ်အပြင်သွားသည်နှင့်လင်းရင့်လည်းသူ့
အတွက်ပေးထားသောအခန်းဆီလာခဲ့လိုက်သည်။
သူရေမိုးချိုးပြီးအေးအေးဆေးဆေး
သီချင်းနားထောင်နေရင်းခဏမှေးကနဲအိပ်ပျော်သွားစဉ်
“”ဒေါက်•••ဒေါက်”””
“”အစ်ကိုရေ•••အစ်ကိုလေးကထမင်းစားဖို့လာခဲ့ပါတဲ့”””
“”သြော်•••အေးလာခဲ့မယ်လို့”””
သူထမင်းစားခန်းရောက်တော့
ညီလတ်၊ညီလတ်အဖေဦးမောင်မောင်လတ်နှင့်
ဒေါ်နီနီတာတို့အပြင်
ခပ်ချောချောကောင်မလေးတစ်ယောက်ကြောင့်
ခြေလှမ်းတံ့သွားရသည်။
ညီလတ်ကသူ့ဘက်ကျောခိုင်းနေတာမို့
သူ့ကိုမမြင်။
ဦးမောင်မောင်လတ်ကလှမ်းမြင်သွားကာ
“”သားးးလာထိုင်လေ•••
ဒီနေ့တော့အန်ကယ်တို့အိမ်လူစုံတယ်ကွ”””
“”ဟုတ်ကဲ့””
“”သြော်အေး••သူငယ်ချင်းလာထိုင်ကွာ”””
ကောင်မလေးကဦးမောင်မောင်လတ်ဘေးမှာဖြစ်ကည
သူကညီလတ်နံဘေးမှဝင်ထိုင်လိုက်တော့•••
ကောင်မလေးနှင့်သူမျက်နှာချင်းဆိုင်ဖြစ်သွားလေသည်။
“”ကဲထမင်းစားရင်းမိတ်ဆက်လိုက်မယ်
လင်းရင့်••အဲဒါကိုယ့်ညီမလေးအိမ်စည်””
“”အိမ်စည်ဒါကိုကိုပြောပြောနေတဲ့ကိုကို့သူငယ်ချင်း”””
အိမ်စည်ကသွက်လက်ချက်ချာစွာဖြင့်
“”ဟုတ်ကဲ့••ကိုကို့သူငယ်ချင်းဆိုတော့အိမ်စည့်
ကိုကိုပါပဲ•••ညီမလေးလိုသဘောထားနိုင်ပါတယ်ရှင်”””
“”ကောင်းပါပြီဗျာ””
“”ကဲ•••မိတ်ဆက်ပေးပြီးပြီဆိုတော့ဆွဲလို့ရပြီ”””
ညီလတ်ကပြောလည်းပြောကာ
အဖေနှင့်အမေ့ပန်းကန်ထဲသို့
ဟင်းများကိုဦးချလိုက်လေသည်။
ထို့နောက်အချိုပွဲဆက်တည်းလိုက်ကာ•••
ညီလတ်တို့မိသားစုဖြင့်စကားပြောနေရင်း
တစ်နေကုန်လျှောက်သွားထားရကာ
ပင်ပန်းနေပြီမို့ဆက်မဟန်နိုင်တော့အောင်
အိပ်ချင်လာတာမို့
အားနာနာနှင့်ပင်နှုတ်ဆက်လိုက်ကာ
အိပ်ခန်းသို့တက်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~~
{၂}
ထိုညကလပြည့်နေ့ဖြစ်ကာ
လမင်းကြီးကအစွမ်းကုန်
ထွန်းလင်းတောက်ပနေလေသည်။
ယခင်နေ့ညတွေထက်•••
အချမ်းပိုကာ••••
သေချာသတိထားကြည့်လျှင်
သစ်ရွက်စိမ်းလေးများတွင်နှင်းရည်ခိုသီးနေသည်ကိုပင်
တွေ့နိုင်လေသည်။
လင်းရင့်ဧည့်ခန်းမှအချိုတည်းနေရင်း
ငိုက်လာလို့လာအိပ်ပစ်လိုက်ရာ
တရေနိုးတော့စောင်မခြုံမိတာသတိရမိသည်။
အအေးဓာတ်ပိုလွန်းတာမို့စောင်ကို
ဆွဲခြုံကာမျက်လုံးအမှိတ်••••
“••••••••••••••••••••••””””””
တယောသံလိုလိုအသံတစ်ခုကလင့်ရင့်နား
ထဲတိုးဝင်လာလေသည်။
အသံကလင်းရင့်မျက်လုံးကြည်သွားသည်အထိ
ဆွဲဆောင်နိုင်တာမို့ချမ်းစီးစီးကြားမှာပင်
လင်းရင့်စောင်ကိုခွာကာထရပ်လိုက်မိသည်။
နာရီကြည့်လိုက်တော့ညဆယ့်နှစ်နာရီ။
ဒီအချိန်ကြီးဘယ်ကတယောသံပါလိမ့်။
သေချာတာကတော့••••
ဒီခြံထဲကပဲဖြစ်သည်။
လင်းရင့်ဘာဘာညာညာတွေးမနေတော့ပဲ
ညကြီးအချိန်မတော်ထိုမျှသာယာသော
တယောသံ၏ပိုင်ရှင်ကို•••
စူးစမ်းချင်လာရကာ•••
အနွေးထည်ဝတ်ထားသည့်တိုင်ချမ်းနေသေးတာမို့
ခေါင်းစွပ်ကိုထပ်စွပ်လိုက်ကာ
ဖုန်းမှ flashlightလေးကိုအားပြုလျက်
အခန်းပြင်ထွက်လာခဲ့သည်။
ညီလတ်တို့အိမ်ကအကျယ်ကြီးဖြစ်ကာ
ညဆယ့်နှစ်နာရီကြီးအပ်ကျသံပင်
မကြားရလောက်အောင်တိတ်ဆိတ်နေလေသည်။
“”ရှပ်••••ရှပ်•••ရှပ်•••”””
လင်းရင့်ကိုယ့်ခြေသံကိုကိုယ်အတိုင်းသားပြန်ကြားနေရသည်။
တယောသံကအနည်းငယ်မျှပင်ပြတ်မသွား။
အိမ်အပြင်ရောက်လေပိုကြားရလာလေဖြစ်သည်။
လင်းရင့်အသံလာရာဆီနားစွင့်လိုက်ရာ
အိမ်ကြီး၏အနောက်ဖက်မှဖြစ်နေလေသည်။
လရောင်အာင်တွင်ထင်းရှူးပင်ကြီးများကိုလည်းအတိုင်းသား
မြင်နေရသည်။
သူအသံလာရာအတိုင်းမှန်း၍လျှောက်လာရာ••••
ကျောက်ခင်းလမ်းကလေးကိုတွေ့တာမို့
လမ်းအတိုင်းလျှောက်လာမိသည်။
တစ်အောင့်လောက်ကြာသော်
ကျောက်ခင်းလမ်းကလေးဆုံးသွားလေသည်။
အဆုံးတွင်သစ်လုံးအိမ်ကလေး။
သစ်လုံးအိမ်ကလေးဘေးတွင်
သစ်ပင်ကြီးတစ်ပင်ရှိသည်။
သစ်ပင်အောက်တွင်ကားးးး
ဆံပင်ရှည်ကြီးတလွင့်လွင့်နှင့်ဖြစ်ကာ
ထဘီအနားစလေးများ•••
ပုဝါစများတလွင့်လွင့်ဖြင့်
တယောတစ်လက်ဖြင့်မိန်းကလေးတစ်ယောက်၏
ပုံကိုကွဲကွဲပြားပြားတွေ့လိုက်ရလေသည်။
ခြေလှမ်းနှစ်ဆယ်စာလောက်သာရှိတာမို့
လင်းရင့်ဖုန်းမှ flashlightကိုပိတ်လိုက်ကာ
ဒီအတိုင်းရပ်နားထောင်နေမိသည်။
ခိုးနားထောင်တာမဟုတ်ပေမယ့်
ကိုယ့်ကြောင့်သူမစိတ်အနှောင့်အယှက်မဖြစ်စေလို။
သို့သော်လည်းတယောသံမှာတိကနဲ
ရပ်သွားတာမို့လင်းရင့်မချင့်မရဲဖြစ်သွားရသည်။
ကောင်မလေးကနေရာမှရုတ်တရက်လှည့်ထွက်သွားတာမို့
လင်းရင့်အနောက်ကနေလိုက်ကာ
လှမ်းခေါ်လိုက်သည်။
“”ဟေ့•••မင်းဘယ်သူလဲ”””
“”ဟာ•••ဟေ့”””
လင်းရင့်ခေါ်သော်လည်းလှည့်၍ပင်မကြည့်ဘဲ
သစ်လုံးအိမ်လေးထဲလှမ်းဝင်သွားလေသည်။
တခါးကပွင့်လျက်သားမို့
လင်းရင့်ဘာဘာညာညာမစဉ်းစားနေတော့ဘဲ
အိမ်ထဲလိုက်ဝင်ခဲ့သည်။
အထဲတွင်ထင်းရှူးသေတ္တာများ
စက်ဘီးအပျက်လေးတစ်ခုနှင့်
ဆိုင်ကယ်ပျက်တစ်စီးရှိနေကာ
ဂိုဒေါင်တစ်ခုလိုသာဖြစ်၍
ဘာမှမထူးခြားပေ။
“”ကောင်မလေးဘယ်ရောက်သွားပါလိမ့်””””
အထဲလည်းဆက်ဝင်ရန်မကောင်းတာမို့
လင်းရင့်အနီးဆုံးထင်းရှူးသေတ္တာကိုသာဖွင့်လိုက်သည်။
သူပထမဆုံးမြင်လိုက်ရတာက•••
ပင့်ကူအိမ်များရှုပ်ယှက်ခတ်နေသည့်
ကြိုးများပျက်စီးနေပြီဖြစ်သော
တယောလေးတစ်ခု။
သူကောက်ကိုင်ရုံရှိသေး•••
“”ဝုန်းးးးးခွမ်းးးးးကျွီ••••ကျွိ•••ကျွိ””””
အသံဗလံများကြောင့်သူတယောလေးကိုလွတ်ချကာ
ထင်းရှူသေတ္တာကိုပိတ်ချလိုက်တော့သည်။
သူဘေးဘီဝဲယာကိုဖုန်းမီးလေးနှင့်ကြည့်လိုက်တော့
“”လားးးလားးးနည်းတဲ့မြေကြွက်ကြီးမဟုတ်”””
သူဆက်မနေသင့်တော့ဘူးလို့ထင်တာမို့
လာရာလမ်းလေးအတိုင်းပြန်ခဲ့သည်။
သူအခန်းပြန်ရောက်တော့••••
တစ်နာရီပင်ထိုးလေပြီ။
တယောသံကနားထဲတွင်စွဲနေသေးတာမို့
သူတယောသံနှင့်ပင်ထပ်မံအိပ်စက်လိုက်သည်။
အိပ်မက်ထဲတွင်•••
ဆံပင်ရှည်ကြီးနှင့်မျက်နှာမမြင်လိုက်ရသော
တယောပိုင်ရှင်ကောင်မလေးက
အရမ်းလှနေလေသည်။
မနက်ကျတော့လည်းသူအစောကြီးနိုးနေကာ
မျက်နှာသစ်၍•••မနက်စာပင်မစားဘဲ
ညကတွေ့ခဲ့သည့်သစ်လုံးအိမ်ဆီအပြေးအလွှားသွားမိသည်။
သစ်လုံးအိမ်တခါးကညကလိုပင်ပွင့်နေလေသည်။
သူရုတ်တရက်ကြီးမဝင်ဘဲ
ခြေသံလုံလုံဖြင့်အနားကပ်သွားလိုက်ရာ
သူ့ဘက်ကိုကျောခိုင်းလျက်•••အမျိုးသားတစ်ယောက်။
ဒီအိမ်မှာအမျိုးသားဟူ၍
ဦးမောင်မောင်လတ်ရယ်၊
ညီလတ်ရယ်၊ဖိုးထူးရယ်သာရှိသည်။
ပုံပန်းသဏ္ဌာန်ကိုကြည့်ခြင်းဖြင့်ညီလတ်ဖြစ်ဖို့သာများလေသည်။
သူလည်းတယောသံကြောင့်လာတာလား။
လင်းရင့်ကြည့်ရင်း•••
ထိုအမျိုးသား၏ခန္ဓာကိုယ်တုန်နေတာသတိထားမိတာမို့
ငိုနေသည်လားဟုတွေးမိသည်။
လင်းရင့်မှာခိုးကြောင်းနေသလိုဖြစ်ကာ
စိတ်မလုံသလိုဖြစ်လာတာမို့လှည့်အထွက်•••
နောက်မှတစ်စုံတစ်ခုကိုတိုက်မိလေသည်။
“”ဒုတ်•••””
သစ်လုံးအိမ်လေးဘေးတွင်ထောင်ထားသော
ပေါက်တူးအားဝင်တိုက်မိခြင်းဖြစ်သည်။
“”ဘယ်သူလဲ•••
ဖိုးထူးလား”””
အထဲမှအေးစက်စက်ထွက်လာသော
အသံကညီလတ်ဆိုတာသေချာသွားလေသည်။
လင်းရင့်လဲကျသွားသောပေါက်တူးကိုကောက်ထောင်ကာ
ညီလတ်ရှေ့သို့ထွက်လိုက်သည်။
ထိုအခါတစ်ခါမှမတွေ့ဖူးသောပုံစံကို
ညီလတ်မျက်နှာတွင်မြင်ရသည်။
မျက်လုံးများနီရဲနေကာ
မျက်နှာတစ်ခုလုံးနီရဲလျက်ငိုထားသည်မှာပေါ်လွင်သည်။
“”ဟားးးသူငယ်ချင်း•••ငါလမ်းလျှောက်ရင်းဒီဘက်ရောက်လာတာ””
“”သြော်•••အေးအေး•••'””
“”ဒါနဲ့ဒီအဆောင်ကဘယ်သူနေတာလဲ”””
“”ဂိုဒေါင်ဟောင်းတစ်ခုပါကွာ•••
ဘယ်သူမှမနေပါဘူး••လာကွာမနက်စာသွားစားရအောင်”””
လင်းရင့်ဘာမှဆက်မပြောဖြစ်တော့။
ညကဒီအိမ်ထဲကောင်မလေးတစ်ယောက်ဝင်သွားတာ
သူအသေအချာကြီးကိုမြင်လိုက်တာပါ။
ညီလတ်လည်းပြောချင်ပုံမရတာမို့သူလည်းဆက်မမေးတော့။
သို့ပေမယ့်
လင်းရင့်ရင်ထဲတွင်တော့ပဟေဠိပေါင်းများစွာ
နေရာယူသွားလေတော့သည်။
~~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~~~~
လင်းရင့်ဒီအိမ်ကြီးမှဘယ်မှသွားချင်စိတ်မရှိတော့။
ခါတိုင်းရက်တွေဆိုကျောပိုးအိပ်တစ်လုံး၊ပန်းချီဆွဲပစ္စည်းများနှင့်
ထွက်သွားလိုက်တာ•••
အိမ်ကိုအချိန်မီအောင်ကြိုးစားပြန်ရတာဖြစ်သည်။
ညီလတ်ကလည်းမနက်စာစားပြီးတည်းက
တစ်နေကုန်ပျောက်နေလေသည်။
အခန်းထဲလည်းအောင်းမနေချင်တာမို့သူ
ခြံထဲဆင်းလာခဲ့သည်။ညီလတ်တို့ခြံက
အကျယ်ကြီးဖြစ်ကာ••••
နှစ်ရှည်ခံသစ်ပင်များနှင့်အုံ့ဆိုင်းမှိုင်းညှို့၍နေလေသည်။
သူခုံတန်းလေးတွင်ထိုင်လိုက်ကာ•••
အိတ်ကပ်ထဲမှာဘာဂျာလေးကိုယူကာ
နှုတ်ခမ်းတွင်တေ့လိုက်သည်။
မကြာမီသံစဉ်များက•••
စည်းချက်ညီညီထွက်ပေါ်လာလေသည်။
မျက်လုံးမှိတ်ထားသော်လည်းသူ့အာရုံတွင်
ညကဆံပင်ရှည်တလွင့်လွင့်နှင့်တယောသံပိုင်ရှင်ကောင်မလေးက
ပေါ်လာသည်။
“”ကိုကိုလင်းရင့်ကဒါလည်းရတာပဲလား'””
အသံကြောင့်သူလှည့်ကြည့်လိုက်တော့
ညီလတ်၏ညီမအိမ်စည်။
“”ဟာ•••မဟုတ်ရပါဘူးဗျာ””
“”ဘာမဟုတ်တာလဲ••ကိုကိုပြောလို့သိပြီးပါပြီနော်
ကိုကိုလင်းရင့်ကပန်းချီဆွဲလည်းတော်တယ်တဲ့””””
“”ဟားးဟားးးဟုတ်ပါပြီ•••
ကဲထိုင်ပါဦး””
လင်းရင်းကခုံတန်းလေးကိုပုတ်ပြကာ
ပြောတာမို့အိမ်စည်လည်းလင်းရင့်နံဘေးတွင်
အလိုက်သင့်ဝင်ထိုက်လိုက်သည်။
အိမ်စည့်ကြည့်ရတာအိမ်မှာအငယ်ဆုံးပီပီ
ကလေးဆန်ဆန်နှင့်ချစ်စဖွယ်အမူအယာရှိသည်။
လူကလည်းလှသည်ထက်ပါးဖောင်းဖောင်းဖြင့်
ကလေးဆန်ကာချစ်စဖွယ်ပင်။
“”ဟင်••အိမ်စည်မေးတာလည်းမဖြေဘူး””
“”သြော်••အင်း•၊အိမ်စည်ကဘာမေးလို့လဲ””
“””ကိုကိုနဲ့တစ်နှစ်ထဲလားလို့မေးတာ””
“”ဒါပေါ့ညီမလေးရဲ့””
“”ဒါဆိုအိမ်စည့်ထက်ငါးနှစ်ကြီးတာပေါ့
ကိုကိုလင်းရင့်ကချောတော့ကိုကို့ထက်ငယ်တယ်မှတ်တာ”””
“”ဟားးးမုန့်ဝယ်ကျွေးမှနဲ့တူတယ်”””
“”ဟုတ်တယ်မုန့်ဝယ်ကျွေး•••
အိမ်စည်စက်ဘီးသွားယူလိုက်မယ်•••
အပြင်မုန့်စားသွားရောက်အောင်”””
“”ဟာ••အိမ်စည်””
သူဘာမှမပြောရသေးမီ•••
အိမ်စည်ကသူ့အနားကလှစ်ကနဲပြေးထွက်သွားလေသည်။
ခဏနေတော့စက်ဘီးတစ်စီးနှင့်ပြန်ရောက်လာလေသည်။
စက်ဘီးအားသူ့အားပေးကာ
“”ကဲကိုကိုရှေ့ကနင်း
အိမ်စည်နောက်ကထိုင်မယ်””
“”ကိုကိုကလမ်းတွေမသိဘူးနော်””
“”နင်းသာနင်းအိမ်စည်လမ်းညွှန်ပေးမယ်”””
သူစက်ဘီးကိုနင်းကာထွက်လိုက်တော့
အိမ်စည်ကသူ့ခါးကိုလာဖက်သည်။
သူ့စိတ်ထဲညီမလေးတစ်ယောက်ရသလိုခံစားလိုက်ရသည်။
လင့်ရင့်ကတစ်ဦးတည်းသောသား
ဖြစ်ကာ•••အဖေနှင့်အမေရှေ့ဆက်နောက်ဆင့်ဆုံးတော့
တစ်ကောင်ကြွက်ရာထူးကိုအလိုလိုရသွားလေသည်။
ဒီလိုနဲ့••မိဘအမွေအနှစ်ဖြစ်သောအိမ်ကိုအိမ်ငှားတင်၊
ဘဏ်မှာစုထားသောငွေတိုးများနှင့်
ဆန်စက်နှစ်လုံးကို
မိဘလက်ထက်မှလူယုံဦးသာကောင်းနှင့်လွှဲထားကာ
သူကခရီးတွေထွက်ပန်းချီဆွဲနှင့်အချိန်ကုန်နေလေသည်။ ထိုနေ့တစ်နေ့လုံးအိမ်စည်နှင့်အချိန်ကုန်ဆုံးလိုက်ရာ
အိမ်စည်နှင့်သူ့အကြားရင်းနှီးမှူလည်းပိုလာလေသည်။
သစ်လုံးအိမ်လေးအကြောင်းစကားစခြင်ပေမယ့်•••
ညီလတ်တောင်မပြောချင်တာ
အိမ်စည်ကိုမေးလည်းပြောမှာမဟုတ်ပေ။
ထို့နေ့သည်သူ့အတွက်နေ့တာရှည်လျားလှသည်။
ညီလတ်အားညနေထမင်းစားချိန်အထိမတွေ့ရ။
အိမ်စည်ပြောတော့အလုပ်ကိစ္စနှင့်
အပြင်သွားသည်။
နောက်ကျမည်တဲ့။
သူလည်းထမင်းစားပြီးအိပ်ရာတန်းဝင်လိုက်သည်။
လပြည့်ကျော်တစ်ရက်နေ့မို့လကသာနေဆဲရှိသည်။
လင်းရင့်မှာတယောသံကိုနားစွင့်နေရင်း
စားပွဲပေါ်တွင်မှောက်ရက်အိပ်ပျော်သွားရသည်။
သူ့ပခုံးကိုရုတ်တရက်လှုပ်နိုးခံလိုက်ရတာမို့
သူလန့်နိုးသွားရသည်။ညီလတ်အထင်နှင့်ကြည့်လိုက်တော့
ဘယ်သူမရှိပေ။
“”•••••^•^”””
တေယာသံ•••••
သူတယောသံကိုကြားရပြန်ပြီ။
ညကလိုပင်ဆယ့်နှစ်နာရီတိတိ။
သူခြေဖွနှင်းကာအိမ်ထဲမှထွက်ခဲ့သည်။
ကျောင်းခင်းလမ်းလေးအတိုင်းလျှောက်လာရာညကပုံစံအတိုင်း
ဆံပင်တွေတလွင့်လွင့်၊တယောတစ်လက်နှင့်ကောင်မလေး။
သူလှမ်းခေါ်လိုက်တော့••••
ကောင်မလေးကသစ်လုံးအိမ်လေးထဲဝင်သွားပြန်သည်။
သူလိုက်ဝင်လာရာထင်းရှူးသေတ္တာပေါ်တွင်•••
နံဘေးတစ်စောင်းထိုင်လျက်••••
ခန္ဓာကိုယ်တသိမ့်သိမ့်တုန်သည်အထိရှိုက်ငိုနေသော
ကောင်မလေးတစ်ယောက်။
“”မင်း•••ဘယ်သူလဲ”””
ကောင်မလေးကသူ့ဘက်တဖြည်းဖြည်းလှည့်လာလေသည်။
မျက်နှာကနှင်းပွင့်လေးများပမာဖွေးဆွတ်နေကာ
မျက်နှာပေါ်မှကောက်ကြောင်းများက
သူ့နေရာနှင့်သူဆေးသားညီနေလေသည်။
“”မင်းဘယ်သူလဲ”””
“”ပိုးပုဝါပါရှင်””
“”ပိုးပုဝါ•••မင်းဒီခြံထဲကမဟုတ်လောက်ဘူး””
“”သိပ်ဟုတ်တာပေါ့ရှင်•••
ဒီအိမ်လေးမှာနေတဲ့ပိုးပုဝါပါ•••
ပိုးပုဝါဆိုရင်ဒီအိမ်ကြီးကလူတိုင်းသိပါတယ်””
“”ဒီအိမ်ကြီးမှာမင်းအကြောင်းဘယ်သူမှမပြောကြပါဘူး”””
“””ဘယ်သူမှမပြောဝံ့တဲ့ဇာတ်လမ်းကိုကျွန်မပြောမယ်ဆိုရင်
ရှင်နားထောင်မလားဒါပေမယ့်ရှင်ကျွန်မကိုတစ်ခုကူညီရမယ်”””
“”ကိုယ်စိတ်ဝင်စားပါတယ်””””
ကောင်မလေးကမျက်ရည်များကိုသုတ်လိုက်ကာ
မျက်ဝန်းများကအတိတ်ဆီသို့ပြေးလွှားနေလေရာ
လင်းရင့်မှာလည်းသူမနည်းတူသူမအတိတ်အားလိုက်ပါစီးမျောမိလေသည်။
~~~~~~~~~
“”ပိုးပုဝါ”””
ခြံစောင့်ဦးသာလှ၏တစ်ဦးတည်းသောမြေးမလေးဖြစ်သည်။
ပိုးပုဝါသည်•••ယခင်ကရွာမှာနေသော်လည်း
မိဘနှစ်ပါးစလုံးရှေ့ဆက်နောက်ဆက်ဆုံးသွား
ကြတာမို့ဦးသာလှကမိမိထံခေါ်ယူခဲ့လေသည်။
သားယောကျာ်းလေးရှိတာမို့
ဦးမောင်မောင်လတ်နှင့်ဒေါ်နီနီတာက
သဘောမကျလှပေမယ့်မြေးမလေးတွင်မိမိမှလွဲ၍အားကိုးစရာမရှိတာမို့ဦးသာလှကခေါ်ယူစောင့်ရှောက်ထားခြင်းဖြစ်သည်။ဒီလိုနဲ့ပိုးပုဝါရှစ်နှစ်သမီးမှစ၍သစ်လုံးအိမ်ကလေးတွင်မြေးအဘိုးတူတူနေလာခဲ့သည်။
ပိုးပုဝါကအိမ်စည်လေးနှင့်တစ်နှစ်တည်းဖြစ်ကာ
ညီလတ်ထက်ငါးနှစ်ငယ်လေသည်။
အိမ်စည်လေးနှင့်ကစားဖော်ကစားဖက်ဖြစ်ကာ•••
ညီလတ်ကအစ်ကိုတစ်ယောက်ဖြစ်သည်။
ပိုးပုဝါက••အိမ်စည်နှင့်အတူဆယ်တန်းအထိကျောင်းအတူတက်ရလေသည်။ညီလတ်ကိုတော့အရွယ်လေးရလာသည်နှင့်အရမ်း
လှလာသောပိုးပုဝါနှင့်မရင်းနှီးစေရန်••••ဘော်ဒါအပြီးအပ်လိုက်ကာ
တက္ကသိုလ်ရောက်သည်နှင့်တခြားမြို့တွင်သွားတက်ရလေသည်။
သို့သော်လည်းအိမ်ကိုခင်တွယ်လှသောညီလတ်မှာ
တစ်ပတ်တစ်ခါပြန်လာရာ•••
ဦးမောင်မောင်လတ်နှင့်ဒေါ်နီနီတာတို့လည်းမျက်စိဒေါက်ထောက်မကြည့်နိုင်ကာပိုးပုဝါရှောင်နေသည့်ကြားမှပင်
လူငယ်တို့သဘာဝချစ်သူတွေဖြစ်ခဲ့ကြလေသည်။
ညီလတ်မှာပိုးပုဝါအားအလွန်ချစ်တာမို့
သူကျောင်းပြီးသည်နှင့်ပိုးပုဝါနှင့်လက်ထပ်ရန်အိမ်ကိုဖွင့်ပြောခဲ့လေသည်။ပိုးပုဝါနှင့်••သဘောမတူပါက•••
ကျောင်းဆက်မတက်တော့ပဲပိုးပုဝါနှင့်လက်ထပ်ကာ
အိမ်ပေါ်ကဆင်းသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။
ဒေါ်နီနီတာကလည်သည်။ညီလတ်ဖွင့်ပြောသည်ကိုသဘောတူချင်
ယောင်ဆောင်ကာပိုးပုဝါကိုလည်းမကျေနပ်ပုံမပြ။
အိမ်ကြီးပေါ်သို့ပင်ခေါ်တင်ခဲ့လေသည်။
ဒီလိုနဲ့ညီလတ်သည်နောက်ဆုံးနှစ်ဒုတိယအသုတ်ကျောင်းပြန်တက်ချိန်တွင်ဖြစ်သည်။
ထိုနေ့ကပိုးပုဝါ••ခြံထဲတွင်ပန်းပင်ရေလောင်းနေချိန်ဖြစ်သည် ။
မေမေကြီးခေါ်ခိုင်းလိုက်သည်ဆို၍•••
အိမ်ပေါ်တက်လာခဲ့သည်။ဒေါ်နီနီတာတို့ကဟန်ဆောင်ကောင်းသည်။
ပိုးပုဝါအားသေလောက်အောင်မုန်းနေသော်လည်း
အပြုံးပျက်ပင်။ပိုးပုဝါကိုတွေ့သည်နှင့်••••
“””””သမီး••ဒီပိုက်ဆံကို••ဒါရိုင်ဘာလှအောင်နဲ့တူတူခြံထဲသွားပို့ပေးစမ်းပါ”””
ဒါရိုင်ဘာလှအောင်ဆိုသည်နှင့်ပိုးပုဝါတွန့်သွားရသည်။
ဒါရိုင်ဘာလှအောင်ကမျက်နှာရူးပိုးပုဝါကိုမတွေ့လိုက်နှင့်
တွေ့သည်နှင့်ထိကပါးရိကပါးပြောနေကျ။
“””ဟို••••”””
“”လုပ်ပါသမီးရဲ့•^ဒီနေ့ခြံထဲမှာအလုပ်သမားတွေလစာထုတ်ရမှာမို့ပါ'””
ဒေါ်နီနီတာတို့သစ်တော်ခြံကတောလမ်းကိုဖြတ်သွားရကာ
ဝေးလည်းဝေးသည်။လှအောင်နှင့်လည်းအတူမသွားချင်
ငြင်းရလည်းခက်တာမို့ပိုးပုဝါသဘောတူလိုက်ရသည်။
ဒေါ်နီနီတာ၏ထောက်ချောက်တစ်ခုမှန်းပိုးပုဝါရိပ်မိခဲ့မည်ဆိုလျှင်
ငြင်းမိမှာဖြစ်ပေမယ့်••
ခုတော့ဒါရိုင်ဘာလှအောင်မောင်းသောကားလေးက
မြို့ပြင်တောင်တက်လမ်းကလေးကိုရောက်နေလေပြီ။
ထိုမှပိုးပုဝါသတိဝင်လာကာ
“”ကိုလှအောင်ရှင်ဘယ်မောင်းနေတာလဲ”””
လှအောင်မျက်နှာကပြီတီတီနိုင်လာကာ
“”မင်းသဘောမပေါက်သေးဘဲကို•••
ကိုယ်မင်းကိုခိုးလာတာ””
“”ဘာ•••ရှင်••ရှင်”””
“”ဟုတ်တယ်ဒီကားနဲ့မင်းလက်ထဲကပိုက်ဆံဆယ်သိန်းက
ကိုယ်တို့မင်္ဂလာဦးအတွက်မေမေကြီးလက်ဖွဲ့လိုက်တာ””
“”ဘာ•••ယုတ်မာလိုက်ကြတာ
ကျွန်မရှင်တို့အပေါ်ဘာလုပ်ခဲ့မိလို့လဲ•••
ကားကိုခုရပ်ပေးပါ••”””
“”ခိုးပြေးပါတယ်ဆိုမှကွာ”””
ကားလေးကတောင်တက်လမ်းအတိုင်းအရှိန်နှင့်ပေးနေလေသည်။
ဘေးမှအသူရာတမျှနက်သောချောက်ကမ်းပါးကြီးရှိသည်။
ပိုးပုဝါသည်အဖြစ်အပျက်ကိုလက်မခံနိုင်ရကာ
ကားစတီယာအားဆွဲလုရင်းရုန်းရင်းဆန်ခတ်အခြေအနေဖြင့်
ကားမှာချောက်ကမ်းပါးထဲထိုးကျကာ
မီးလောက်ပေါက်ကွဲသွားလေတော့သည်။
ဒေါ်နီနီတာကတော့•••
အောင်လှနှင့်ပိုးပုဝါ•••
ပိုက်ဆံဆယ်သိန်းယူကာ••”ထွက်ပြေးသွားပြီဟုသတင်းလွှင့်လိုက်လေသည်။ညီလတ်မှာအမေဖြစ်သူ၏စကားကိုယုံကာ
ပိုးပုဝါအားနာကျည်းသွားလေရာ
ယနေ့အထိအိမ်တွင်ပိုးပုဝါနာမည်အား
မည်သူမျှမထုတ်စေသလိုသူ၏
မှတ်ဉာဏ်ထဲမှလည်းပိုးပုဝါကိုသဂြိုလ်လိုက်လေတော့သည်။
ဦးသာလှကိုလည်းအိမ်မှအပြီးအပိုင်မောင်းထုတ်လိုက်လေတော့သည်။
~~~~~~~~~~~~~
လင်းရင့်မှာကောင်မလေးပြောသမျှနားထောင်ရင်း
ကြက်သီးမွေးညင်းထကာဆံပင်မွေးများထောင်သွားလေသည်။
“”ဒါ•••ဒါဆို•••မင်းက”””
လင်းရင့်တအံ့တသြရေရွတ်နေရင်းမှာပင်ပိုးပုဝါဆီမှအသားစများမီးလောင်သလိုညှော်နံ့များရလာကာ
ခန္ဓာကိုယ်မှာတဖြည်းဖြည်းပျက်ယွင်းလာတာမို့
သစ်လုံးအိမ်ထဲမှပြေးအထွက်•••
တခါးကိုပင်မမြင်နိုင်ရကာ••တည့်တည့်ကြီးဆောင့်မိပြီး
လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားလေတော့သည်။
“”လင်းရင့်•••လင့်ရင့်”””
“”အားးးးးသရဲ”””
သူရုတ်တရက်ထအော်လိုက်တာမို့ညီလတ်ကသူ့ရင်ဘတ်ကိုလာဖိသည်။
“”သူငယ်ချင်းသတိထားပါဦး••”””
“”ငါ••ငါ••ဘာဖြစ်တာလဲ”””
“”မင်းသစ်လုံးအိမ်လေးမှာသတိလစ်နေတာ”””
“”ပိုးပုဝါ•••ပိုးပုဝါကိုငါတွေ့ခဲ့တယ်”””
“”ဘာ••••”””
သူ့နှုတ်ကပိုးပုဝါနာမည်ကိုရေရွတ်လိုက်သည်နှင့်
ညီလတ်မှာသွေးပျက်သွားသလိုအိမ်စည်မှာလည်းတအံ့တသြဖြစ်သွားလေသည်။ဦးမောင်မောင်လတ်နှင့်ဒေါ်နီနီတာကရွှေဆိုင်သွားတာဖြစ်သည်။
“”သူ••ငါ့ကိုအကူအညီတောင်းတယ်”‘
“”သြော်••ဒီသစ္စာမရှိတဲ့မိန်းမဘယ်တုန်းကရောက်လာတာလဲ
ငါတစ်သက်လုံးခွင့်မလွတ်ဘူး”””
“”မင်းမှားနေပြီ•••ပိုးပုဝါကမင်းထင်သလိုမဟုတ်ဘူး
ပြီးတော့ငါတွေ့ခဲ့တာပိုးပုဝါမဟုတ်ဘူး•••
ပိုးပုဝါရဲ့ဝိညာဉ်””””
“”ဘာ”””
“”ငါပြောတာနားထောင်လိုက်ရင်မင်းအားလုံးကို
သဘောပေါက်သွားမှာပါကွာ”””
လင်းရင့်သည်ပိုးပုဝါပြောသည့်အတိုင်း
ညီလတ်အားအဖြစ်အပျက်အလုံးစုံကို
ပြောပြလိုက်လေတော့သည်။
ညီလတ်မှာအကြောင်းအရာအလုံးစုံကိုသိတော့
ရပ်တည်နိုင်စွမ်းမရှိတော့။
တရားခံကကိုယ်လေးစားမြတ်နိုးရတဲ့ကိုယ့်အမေရင်းဖြစ်နေတာကိုး။
အိမ်စည်မှာလည်းပိုးပုဝါကိုသနားလွန်းလှတာမို့မျက်ဝန်းအိမ်မှမျက်ရည်များစီးကျလာလေသည်။
“”ရက်စက်လိုက်တာမေမေရယ်•••လုပ်ရက်လိုက်တာ
ပိုးးးမှာဘာအပြစ်ရှိလို့လည်း•••
ဒီတစ်လျှောက်လုံးပိုးကိုမုန်းနေခဲ့တာ”””
လင်းရင့်ကညီလတ်ကိုပွေ့ဖက်ကာအားပေးလိုက်မိသည်။
အဖြစ်အပျက်အလုံးစုံအတွက်သူလည်းစိတ်မကောင်းပါ။
~~~~~~~~~~~~~
အဖြစ်မှန်သိရပြီးနောက်ဒေါ်နီနီတာမှာအကြီးအကျယ်နောင်တရကာ
ညီလတ်မှာလည်း•••ထိုမှစ၍သစ်လုံးအိမ်ကလေးသို့ပြောင်းရွှေ့နေထိုင်လေသည်။
ဦးမောင်မောင်လတ်ကတော့ဇနီးသည်အားလည်းအပြစ်မတင်နိုင်ရကာ
သားဖြစ်သူနှင့်ပိုးပုဝါအတွက်လည်းစိတ်မကောင်းဖြစ်လွန်းရတာမို့
ထိုနောက်ပိုင်းသိသိသာသာနှုတ်ဆိတ်သွားလေသည်။
အိမ်စည်ကတော့သင်တန်းတက်ရန်အကြောင်းပြချက်ဖြင့်
အိမ်မှထွက်သွားခဲ့လေသည်။
လင်းရင့်အနေဖြင့်လည်း
အကြောင်းအရာအလုံးစုံကိုသိရပြီမို့
ဒီအိမ်မှာ••ဆက်မနေချင်တော့။
သူငယ်ချင်းဖြစ်သူအားနှုတ်ဆက်ကာ
အိမ်ပြန်ရန်ပြင်လိုက်တော့သည်။
အိမ်မပြန်ခင်ညက
တယောသံကြားသေးပေမယ့်သူသွားမကြည့်ဖြစ်တော့။
အဘယ်ကြောင့်ဆိုသော်
သစ်လုံးအိမ်လေးတွင်ညီလတ်က
ပိုးပုဝါဘေးတွင်အမြဲရှိနေခဲ့ပြီမဟုတ်ပါလော။
နောက်တစ်နေ့၌
လင်းရင့်သည်ညီလတ်ကိုပင်မနှုတ်ဆက်ပဲ
တိတ်တဆိတ်အိမ်ပြန်ခဲ့လေတော့သည်။
သူ့နောက်ကွယ်မှဖြစ်ခြင်းပျက်ခြင်းတို့သည်
သူနှင့်မသက်ဆိုင်တော့။
ရင်ထဲတွင်တော့
ဖြစ်လေရာဘဝမှာဒီလိုအဖြစ်ဆိုးက
ဝေးပါစေသူငယ်ချင်းညီလတ်နဲ့ပိုးပုဝါရယ်••••
ဟုဆန္ဒပြုမိလေတော့သည်။

The end.
7:00pm
M.M.K
#MMKhorrorstory

Writer Mon Mon Khaing