ပြတ်လုဆဲဆဲ တစ်မျက်နှာဝတ္ထုတို(စ/ဆုံး)
—————————————–
‘မိကြည်.ဟိုဖက်ကငိုသံလားလို့သွားကြည့်စမ်း’
တစ်ဖက်မှစီကနဲအသံကြား၍ကျွန်တော်သွားကြည့်ခိုင်းလိုက်သည်။
‘မဟုတ်လောက်ပါဖူးကိုအောင်မောင်းရယ်၊အဲ့ဖက်မှာနေမကောင်း၊ထိုင်မသာဖြစ်နေတဲ့သူတစ်ယောက်မှမရှိပါဖူးတော့၊အချင်းချင်းစနောက်နေကြတာဖြစ်မှာပါတော်’
‘မဟုတ်ဖူးနော်မိကြည်၊ငါ့နားနဲ့အတိုင်းသားကြားလိုက်ရတာဟ၊ဟုတ်မဟုတ်သွားကြည့်တော့သိမှာပါဟာ၊သွားသာသွားကြည့်စမ်းပါ’
ကျွန်တော်၏တိုက်တွန့်းမှုကြောင့်ဇနီးသည်ထသွားသည်။
ဟိုရောက်တော့.
‘အမလေးအမေရယ်.ဘုရားပန်းအိုးလေးထလဲတာနဲ့ဒီလောက်ဖြစ်သွားစရာလား၊အမေပြောတော့ငါ့မှာဘာရောဂါမှမရှိဖူးဆို၊ရှိလို့အခုလိုရုတ်တရက်သေတာပေါ့အမေရဲ့’
‘သမီးမဖြေနိုင်ဖူးအမေရာ၊အမေသာကြိုပြောရင်သမီးမှာရှိတဲ့ပစ္စည်းတွေကုန်သွားပါစေကုမှာပေါ့လို့၊အမေပါးစပ်ကမဟခဲ့လိုသာအခုလိုဖြစ်သွားရတာ၊သမီးဘယ်လိုလုပ်ဖြေလို့ရတော့မှာလဲအမေရ.အီးဟီးဟီး၊ငါ့အမေကိုမှကံကြမ္မာကဒီလိုလုပ်ရက်တယ်ကွာ’
ခြံဝကိုဝင်သည်နှင့်ကြားရသည်မို့လှမ်းမည့်ခြေလှမ်းပင်တွန့်ဆုတ်သွားခဲ့သည်။ယုံနိုင်စရာတောင်မရှိ၊မနက်ကမှမိမိကိုစနောက်သွားသေးသည်။အခုတော့မသာတစ်ယောက်ဖြစ်သွားပြီတဲ့လား။
ထွက်လာမိသည်မို့အိမ်ပေါ်အထိတက်လှမ်းလာခဲ့၏။
ရပ်ကွက်သူ၊ရပ်ကွက်သားများကလည်းရောက်နေကြသည်။ထိုလူများအလယ်မမြငွေကစန့်စန့်ကလေး၊ငှက်ပျောတုံးကိုဖောင်သဖွယ်ပြုလုပ်ထားသည့်အပေါ်။အပေါ်ကအဝတ်ပါးပါးကလေးကိုလွှမ်းခြုပေးထားပြီးခေါင်းရင်းမှာလဲပုလင်းတစ်လုံးဝယ်ပန်းတစ်ပင်စိုက်လျက်။
‘ဘယ်လိုဖြစ်တာတဲ့လဲ’
ဖြစ်ပုံကိုသိချင်၍မေးလိုက်သည်။
‘သူ့သမီးပြောတာကတော့ဘုရားပန်းလဲတယ်လို့ပြောတာဘဲ၊နောက်ဆုံးတစ်အိုးကျန်မှ.ဖုတ်ကနဲအသံကြားလို့ပြေးလာကြည့်တော့မမြငွေကကြမ်းပြင်ပေါ်မှာခွေခွေကလေးနဲ့လဲကျနေတယ်တဲ့လေ၊အပြေးအလွှားပြေးထူပြီးအမေ.အမေလို့ခေါ်တော့မရတော့ဖူးတဲ့၊ဒါနဲ့အိမ်နားနီးချင်းတွေကိုလှမ့်းခေါ်ပြီးစမ်းသပ်ခိုင်းတော့အသက်မရှိတော့ဖူးတဲ့လေ’
‘အော်.မြန်လိုက်တာနော်၊ဆေးလေးဘာလေးကုသချိန်တောင်မရတော့ဖူးပေါ့’
‘ဟုတ်တယ်မကြည်ရဲ့၊မှီကိုမမှီတာ’
တခဏတာမျှလာရောက်ကြသူများနှင့်စကားပြောလိုက်ပြီးအိမ်ပြန်လာလိုက်သည်။
‘ဘယ်သူတဲ့လဲမိကြည်’
‘မမြငွေတော့၊မမြငေ။ဘုရားပန်းလဲရင်းကရုတ်တရက်လဲကျပြီးဆုံးသွားတာ’
‘ဟာ.
ကျွန်တော့ပါးစပ်မှလွှတ်ကနဲထွက်သွားမိသည်။
‘မယုံနိုင်စရားပါလားမိကြည်ရာ။ခုနလေးတင်အိမ်ရှေ့ကဖြတ်သွားတာတွေ့လိုက်သေးတယ်ဟ၊လက်ထဲမှာလည်းပန်းတွေနဲ့’
‘ဟုတ်တယ်ကိုအောင်မောင်းရဲ့၊အဲ့ပန်းကိုလဲတာနေမှာ’
‘အင်း.ဒီအတိုင်းသာဆိုရင်တော့လူအသက်တစ်ချောင့်းဟာလွယ်လွယ်ကလေးနဲ့သေနိုင်တာပါလားနော်’
‘ဒါကြောင့်ပြောတာပေါ့၊လူတစ်ယောက်ကရသမျှအချိန်ကလေးမှာဘာသာတရားကိုအလေးထားရမယ်ဆိုတာ၊အခုလိုဖြစ်သွားတော့ကြိုတင်စုဆောင်းထားတဲ့အထုတ်ကလေးပါသွားတာပေါ့.မဟုတ်ဖူးလား’
ကိုအောင်မောင်းကဘာသာရေးအမြဲလိုက်စားသူလိုပြောလိုက်သည်။
‘အံမယ်.အံမယ်၊ပြောတတ်လိုက်တာဒီပါးစပ်က၊ရှင့်ကျတော့နေ့တိုင်းမူးရူးပြီးပြန်လာတာကိုထည့်ပြောအုံးလေ၊သူကျတော့သူတော်ကောင်းလိုလို၊ဘာလိုလိုနဲ့’
‘အော်ဒါကတော့သူငယ်ချင်းတွေကအတင်းတိုက်လို့ပါဟာ၊ငါ့ပိုက်ဆံနဲ့ဝယ်သောက်တာမဟုတ်ပါဖူးဟ’
‘ဒါဆိုရှင့်သူငယ်ချင်းတွေကနေ့တိုင်းတိုက်တယ်ပေါ့လေ.ဟုတ်လား၊မပြောလိုက်ချင်းဖူး’
‘အေးပါဟာ၊ဒီနေ့ကစပြီးငါမသောက်တော့ပါဖူး၊အလုပ်လုပ်မယ်၊ညဆိုရင်ဘုရားရှိခိုး၊ပုတီးစိပ်တော့မယ်၊ကျေနပ်တယ်နော်’
မယုံချင်သော်လည်းယုံလိုက်ရသည်။နောက်နေ့တွေမှာခင်ပွန်းသည်ကပြောသည့်အတိုငး်လုပ်နေရသည်ကိုတွေ့ရ၏။ဘုရားကျောင်းဆောင်ရှေ့၌ပုတီးတစ်ကုံးကိုစိပ်လျက်။
မမြငွေလိုဖြစ်မှာကြောက်၍လားမသိချေ။.။
စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်.ပညာရေး
ကညွတ်ကွင်းမြို့