ဗေဒင် ဟောစတမ်း

Posted on

ဗေဒင် ဟောစတမ်း(စ/ဆုံး)
—————————

ညောင်ပင်စုရွာပြင်မှာ တည်ရှိနေတဲ့ အုပ်ဂူဟောင်းလေး
ကို လူတစ်ယောက် လေးကန်တဲ့ ခြေလှမ်းများဖြင့်တရွေ့ရွေ့
လာနေသည်ကိုတွေ့ရလေသည်

ထိုသူရဲ့ ထူးခြားချက်မှာ တန်ဆောင်တိုင် လပြည့်နေ့
တရက်ထဲတာထိုအုပ့်ဂူရှိရာသို့ လာလေသည် ဒီနေ့ကား
တန်ဆောင်တိုင် လပြည့်နေ့ည ထုံးစံ အတိုင်း
အုပ့်ဂူဟောင်းလေးပေါ်ကို ပန်းစည်းလေးချပြီး သန့်ရှင်းရေး
ကို ဖြေးညှင်းစွာ လုပ့်နေလေသည်

( ငတေ အသက် ၂၂ နှစ် )
တိုင်ဆောင်တိုင် လပြည့်နေ့တွင် ကွယ်လွန်သည်

ရေးထိုးထားသော အုပ့်ဂူပေါ်က စာလေးကို မှင်သက်စွာ
ငေးမိသည်’

” မောင်ရင် ”

နောက်က ခေါ်သံကြောင့် ရုတ်တရက် လှည့်ကြည့်မိလိုက်သည်
အသက် ၅၅ နှစ်ခန့်ရှိတဲ့ လူကြီးတယောက်ကို တွေ့လိုက်ရသည်

”ဗျာ ဦးလေး ”

မောင်ရင့်ကို ဦးလေး နောက်က ကြည့်နေတာကြာပြီ”

မောင်ရင်က သေသူ ”ငတေ”နဲ့ သိလို့လား ”

ဟူး ”သက်ပြင်း တချက်ချလိုက်ပြီး”

“သေသူငတေကို ကျွန်တော် မသိပါဘူး”

သူဘယ်ကမှန်းလဲ ကျွန်တော်မသိဘူး သူ့ကို တခါထဲသာ
မြင်ဘူးတာပါ”

အဲ့ဒီ့တခါတည်း ကလဲ !!!!!!!! ” စကားသံက တိမ်တွင်
ပျောက်ကွယ်သွားလေသည်

“အင်း ဆက်ပြောပါအုန်း မောင်ရင် ”

” ဒီလိုပါ ဦးလေး ကျွန်တော့နာမည်က ညီသုတပါ လွန်ခဲ့တဲ့
၅ နှစ်ခန့်က ဒီရွာက ဘုရားပွဲကို ကျွန်တော့သူငယ်ချင်းနဲ့
အတူရောက်လာခဲ့တယ် ”

အဲ့ ဘုရားပွဲမှာ ” ဗေဒင်ဆရာမ ဒေါ်ဆန်းရီ ဆိုတာ အရမ်းမှန်
လို့ အတော် နာမည်ကြီးခဲ့တယ် ”

“ကျွန်တော်သူငယ်ချင်းက ဗေဒင်သွားမေးဒါကို ကျွန်တော်က
အဖော်အဖြစ်လိုက်သွားပေးခဲ့တယ် ‘ကျွန်တော့ သူငယ်ချင်းက
ဗေဒင်မေးပြီးတော့ကျွန့်တော့ကို ”

” အောင်ကျော် မင်းလဲ သွားမေးလေ သွား အထဲမှာ လူရှင်း
နေတယ် ”

ဟာကွာ ငါကမှ ဗေဒင်မေးဒါ ဝါသနာ မပါတာ ”

“မင်းကလဲကွာ အပျင်းအပြေဖြစ်ဖြစ်မေးလိုက်ပါ ဒီဆရာမက
အရမ်းမှန်တာကွ ငါ့ကို ဟောလိုက်တာတွေက အားလုံးကွတ်တိ
တွေချည်းဘဲ ”

“ကျွန်တော်လဲ ဘာရယ်မဟုတ် သူငယ်ချင်း တိုက်တွန်းလို့
အထဲကို ဝင်မေးဖြစ်တယ် ”

ဆရာမရှေ့ကို ထိုင်လိုက်တယ် ဆိုရင်ဘဲ
” မောင်ရင်နာမည်က ညီသုတ ထင်တယ်မောင်ရင့်မှာ ဇနီးရှိတယ်
ပြီးတော့ ဖုန်းရောင်းဝယ် လုပ့်တယ် ဟုတ်စ ”

‘ဗေဒင်ပညာကို အယုံအကြည်မရှိတဲ့ သူမို့
”အဟက်ဟက် ဒီမှာဆရာမ အမှန်အတိုင်း ပြောရရင်

ကျွန်တော်က ဗေဒင်ပညာကိုလုံးဝအယုံအကြည်မရှိဘူး ”

“ဗေဒင်ပညာဆိုဒါ စုံထောက်ပညာလိုဘဲ ”

“လူတယောက်ကိုသေခြာ လေ့လာပြီး အမူအရာကြည့်ပြီး
ဟောကြတာ များတယ် ”

“ဒီမှာဆရာမ ကျုပ့် အနာဂဏ် ဘာဖြစ်မယ်ဆိုဒါကိုဘဲ ဟောပေး ”

” ကောင်းပြီလေဆရာမ မင်းရ့ အနာဂဏ်ကို တည့်တည့်
ကြည့်ပြီးကောင်းကောင်းဟောဟော ဒဲ့ဟောမယ် ”

ဗေဒင်ဆရာမက ၅ မိနစ်ခန့် အာရုံပြု တွတ်ချက်ပြီး မောင်ရင်

“မောင်ရင့် မိန်းမ ခင်ဝင့်ဝါ ဒီတစ်လအတွင်း သေလိပ့်မယ် ”

“မောင်ရင့်ဇာတာလဲ အရမ်းညံ့နေတယ် မောင်ရင် လဲ
တန်ဆောင်တိုင် လပြည့်နေည မှာသေလိမ့်မယ် မောင်ရင်ကို
သေစေမဲ့ အရာက သံပိုက်ချောင်းနဲ့ တူတဲ့ အဝတခုကိုဆရာမ
မြင်တယ် ”

“အာရုံခံကြည့်ရသေလာက်ကတော့”

” ကောင်းပြီလေဆရာမဟောလို့ ပြီးပြီလား ဒါဆိုရင်ကျုပ့်ပြန်မယ်
ဟုတ်မဟုတ် မှန်မမှန် စောင့်ကြည့်ဦးမယ် ”

“ဆရာမ မမှန်ဘူး ဆိုရင် ဆရာမစီ တခေါက်ပြန်လာပြီး
သက်သေပြရမယ် ”

” အင်း ကောင်းပါပြီကွယ် ”

” ကိုင်း ကျူပ့်ပြန်ပြီ ”

ဆိုပြီး “ကျွန်တော်လည်း အိမ်ကိုသူငယ်ချင်းနဲ့ ပြန်လာခဲ့တယ်
ဦးလေးရယ်ဆရာမ ဟောလိုက်တဲ့ ဟာကိုလုံးဝကို အယုံအကြည်
မရှိပါဘူး ”

“အိမ်ရောက်တော့ တလတောင် မပြည့်ပါဘူး ကျွန်တော့မိန်းမ
ခင်ဝင့်ဝါ ဆုံးတယ် ”

မြွေကိုက်ပြီးတော့
” ကျွန်တော် အရမ်း တုန်လှုတ်သွားတယ် ” ဆရာမ ဟောထား
သလို တကယ့်မှန်နေပြီ”

ကျွန်တော် သေရမှာ မကြောက်ပါဘူး ဒါပေ့မဲ့ တန်ဆောင်တိုင်
လပြည့်နေ့ ရောက်တိုင်း ကျွန်တော့် သေမဲ့ရက်ကြီးလို ဆိုးထ်ိတ်
ကြောက်လှန့်နေတယ် ”

“ပြီးခဲ့တဲ့ ၃ နှစ်ခန့်က ဒီညောင်ပင်စု ရွာလေးကို အလုပ်ကိစ္စ နဲ့
ရောက်လာခဲ့တယ်မှတ်မှတ်ရရ အဲ့နေ့က မိုးတွေ အတော်ရွာနေ
တယ်လေ”

“ပြီးတော့ တန်ဆောင်တ်ိုင် လပြည့်နေ့ ပေါ့ကျွန်တော်ကကားကို
ဂျိုင့်ခွက်တွေ မြောင်းတွေရှောင်မောင်းနေရင်း”

” ဟော ဟောတောစက်လေးအရောက်မှာ လူတယောက်
ခြုံကွယ်ကနေနှစ်လုံးပြူး သေနပ့်တလက် ကိုင်ပြီး ရုတ်တရက်
ထွက်လာရော ”

“ကျွန်တော်လဲတိုင်ဆောင်တိုင် လပြည့်နေ့ သံပိုက်းအဝနဲ့
သေမယ်ဆိုတဲ့ ဆရာမ စကားကို ရုတ်တရက် ပြန်ကြားရောင်ပြီး
ကားကိုအရှိန်မြင့်ပြီး အဲ့ဒီ့သေနပ့်ကိုင်ထားတဲ့ လူငယ်ကိုအသေ
တိုက်ချလိုက်မိတယ် ”

‘ညီသုတ သက်ပြင်းအရှည်ကြီးတခု မှုတ်ထုတ်ပြီး

”ဟူးးးးးးးးးး ”

” အခုကျွန်တော်ပြောဒါတွေက အားလုံးအမှန်တွေပါဘဲဦးလေး
ရဲတိုင်ခြင်လဲတိုင်လို့ရတယ် ကျွန်တော်အဖမ်းခံရမှာကိုလဲမကြောက်
်တော့ပါဘူး ”

စကားစ ပြက်ပြီး အုတ်ဂူလေးကို အကြောင်းမဲ့ ပြန်ငေးမိလေသည်

” ဖြောင်း ” ဂေါင် ” အားးးးးးးးးးးးးးး ”

ညီသုတရဲ့ နောက်စိတည့်တည့်ကို သုံးပေခန့်ရှိတဲ့ သုံပိုက်ဖြင့်
နောက်က ဦးလေးကြီးက အားကုန်လွှဲရိုက်ခြလိုက်လေသည်

မြေပြင်ပေါ်သို့ တချက်ခန့်သာ အော်နိူင်ပြီး လဲကြသွားသော
ညီသုတကို ကြည့်ကာ

” လွန်ခဲ့တဲ့ ၃ နှစ်လောက်က အမဲပြစ်ပြီး ပြန်လာတဲ့ ငါသား ”

ငတေကို ကားနဲ့တိုက်သတ်တဲ့ကောင်ကို အခုမှဘဲ လက်စားခြေခွင့် ရတော့တယ် ”

ထွီး တောက် !@$#

အရာအားလုံး ပြီးဆုံးသွားလေတော့သည်
ညီသုတ ( ခေတ္တ လူ့ပြည် )

*မူရင်းတင်သူအားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။
စိုင်း မင်း သန့်