ဘဝကြမ်းကြမ်းခယောင်းလမ်း(စ/ဆုံး)
———————-
သူမ အမည်က
မအေးအေးငယ်
ဘဝက. အမည်နဲ့တော့တခြားစီပါ။
သူမ ငယ်ငယ်က
ဧရာဝတီ တိုင်း မြောင်းမြ ဘက်က
ရွာလေးတစ်ရွာ မှာ မွေး ဖွားခဲ့တယ်။
အေးငယ်အောက် မှာက မောင်တစ်ယောက်
ညီမလေးတစ်ယောက်။
အေးငယ်မိဘ နှစ်ဦးစလုံးက
ကရင်လူမျိုးတွေပါ။
အဖေကတော့ ဗုဓ္ဒဘာသာ
အမေ က ခရစ်ယာန်
အမေ တို့မိဘ ဘက်က အဆင်ပြေတဲ့အထဲပါတယ်။
ရိုးသားတဲ့အဖေနဲ့တွေ့ တော့ အမေနဲ့ချစ်ကြိုက်ပြီး
အဖေနဲ့အမေ အိမ်ထောင် ပြုလိုက်ကြတယ်ဆိုပါတော့။
အမေဘက်က မိဘတွေက တော့ အဖေနဲ့ သဘောမတူ သလို ခွဲလည်းမခွဲကြပါဘူး။
အဖေက အလုပ်ကြိုးစားတော့
လယ်ပိုင်လေးတွေရှိ ပြီး အေးငယ်တို့မိသားစုလေးသာယာခဲ့ပါတယ်။
ဒီလိုနဲ့နေလာခဲ့တာ အေးငယ်..1တန်းအောင်ပြီး 2တန်းတက်ရမည့်အရွယ် အေးငယ်
ညီမလေး နို့စိုအရွယ်လေး။
အဲဒီ အချိန်အဲဒီအဖြစ်ပျက် ကို
အေးငယ်အခုထိမမေ့နိုင်သေးဘူး။
အဲဒီအဖြစ်ပျက်က. အေးငယ်တို့မိသားစု
ကို ကံကြမ္မာဆိုးဝင်လာတယ်လို့လည်း ပြောလို့ရတာပေါ့လေ။
ညနေခင်းလေးတစ်ခုမှာပေါ့
အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ
အမေကညီလေးကို နို့တိုက်နေတယ်။
မောင်လေးက အဖိုးတို့အိမ်သွေားနေချိန်
အေးငယ်တို့နဲ့ အမျိုး မကင်းတဲ့
ဦးလေးကြီးတစ်ယောက်
အော်ဟစ်ဆဲဆို ပြီး ခြံထဲဝင်လာတယ်
လက်မှာလည်း မြက်ခုတ်ဓားကြီးကိုင်လို့။
အေးငယ်တို့ သားအမိတွေခနကြောင်ကြည့်နေတယ်။
အဖေ ကလည်း အေး စကားပြောဖို့ပြင်တာမရဘူး အဖေ ကို ဓားနဲ့ဝင်လုံး ခုတ်တယ်
အဖေကရှောင်ပြီး အိမ်ပေါ် တက်တံခါးပိတ်တယ်။
အဲဒီ ဦးကြီးကလည်း တံခါးဆွဲ ဖွင့် အဖေက အထဲကဆွဲ နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး
တံခါး ပွင့်သွားတာ အဖေကိုအသေဆို ပြီးဓားနဲ့ပိုင်းတာ
အဖေ ထပ်ရှောင်လိုက်လို့ ဦးခေါင်းရှပ်ထိသွား ဦးခေါင်းကသွေးတွေစီးကျလာတာကို
အဖေက အနားက ရေအိုးစင်က ရေအိုးကွဲ ကျတဲ့ရေတွေ ထင်နေတာ။
အဲဒီတော့မှ အေးငယ်တို့ သားအမိ ကြောင်နေရာကနေသတိဝင်လာပြီး
အမေက. အဲဒီလူ ဂုတ်ကိုနောက်ကဆွဲကိုင်ထားပြီး အေးငယ် က. အနားမှာရှိတဲ့ မြက်ခုတ်ဓားဆွဲ ပြီး အဖေကို လုပ်ရင်ခုတ်မှာနော် ဆို ပြီး အမေက ပါတ်ဝန်းကျင်ကို
အကူညီ အော်ဟစ် တောင်း မှ လူတွေလာကြပြီး အဲဒီလူကို ဆွဲခေါ်ထုတ်သွားကြပါတယ်။
အဲလို ဖြစ်တဲ့ ပြဿနာ ဇစ်မြစ် ကိုအေးငယ်ကငယ်သေးတော့ သေချာမသိပေမယ့်
အေးငယ်အဖေက ကြိုးစားတော့ လယ်တွေနဲ့အဆင်ပြေလာချိန် ဝန်တိုတာရော
လယ်နားနီးချင်းဖြစ်ပြီး လယ်မြေ ပြဿနာ လို့တော့ ရေးရေးလေး ကြားဖူးတာပေါ့။
အဖေဟာ သူအဲလို တွေ ဖြစ်တော့ ဒီရွာမှာ
မနေချင်တော့ဘူး စိတ်နာတယ်ဆိုပြီး
အိမ်ခြံ နဲ့ လယ်တွေ ရောင်းပြီး
တစ်ခြား ရွာကို အေးငယ်တို့မိသား
ပြောင်းကြတယ်။
အဲဒီ ရွာ မှာလည်း လယ်လုပ်တယ်။
သိပ်မကြာလိုက်ပါဘူး။
အမေ က အဲဒီ ရွာကလူတစ်ယောက်နဲ့ဖောက်ပြန်တယ်။
အဖေကြားတော့ လင်းမယားချင်းတွေ
ရန်ဖြစ်ကြတယ်။
အိမ်ထောင်ရေးက အဆင်မပြေတော့ဘူး။
မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတော့
သားသမီးတွေဖြစ်တဲ့အေးငယ်တို့လဲ စိတ်မချမ်းသာရဘူးပေါ့။
အငယ်လေးတွေကဘာမှ မသိသေးပေမယ့်
အေးငယ်က သိနေပြီလေ။
အဲဒီရွာရောက်တော့ အေးငယ်လည်းကျောင်းဆက်မတက်ရတော့ ဘူး။
နောက်တော့ အမေ ကအဖေနဲ့အေးငယ်တို့မောင်နှမတွေကိုထားခဲ့ပြီး နောက်လူ နောက်ကို လိုက်သွားတယ်။
အရင် ကတည်းက. အနည်းငယ်သောက်တက်တဲ့ အဖေက. အမေ ထားသွားတော့
အရက်တွေ ပိုသောက်လာတယ်။
အေးငယ် လည်း 2နှစ်အရွယ် ညီမလေး ကို
ထိန်းရင်း ထမင်းကို မချက်တက်ချက်တက်နဲ့ချနေရပြီပေါ့။
အဲဒီအချိန်အေးငယ်စိတ်ထဲမှာ အဖေကိုသနားတယ် အမေ ကို မုန်းတာပေါ့။
ညီမလေးက လည်းအရမ်းချူချာတယ်။
အဖေနဲ့ အေးငယ်လည်း တက်စွမ်းသမျှ ညီမလေးကိုဆေးကုကြတယ်။
ညီမလေးကျန်းမာရေးက အရိုးပေါ်အရေတင်ပြီး ပိုပို ဆိုးလာတယ်။
အဲဒီ မှာ အဖေ လည်း အမေ ကိုစိတ်ပြေသလိုရှိလာပြီး ပြန်ခေါ်တယ်။
အမေကလည်းပြန်လိုက်လာတယ်။
ညီမလေးကိုလည်း ပရောဂ ဆရာနဲ့ ကုလိုက်တာ
ချက်ချင်းဆိုသလို ပြန်နေကောင်းသွားတယ်။
အေးငယ်တို့မောင်နှတွေ မိဘ တွေအစုံလင်နဲ့
ပြန်နေရတော့မယ်ဆိုတဲ့အတွေးနဲ့ပျော်နေတာပေါ့။
ဒီတစ်ခါလည်း အဖေက
အမေကိုဒီရွာမှာ မနေစေချင်ပြန်ဘူး။
အမေကိုဘယ်သူနဲ့မှ မတွေ့ အောင်ဆိုပြီး
လူသူ မရှိတဲ့ တောတောင်ထဲမှာ အေးငယ်တို့မိသားစု တဲထိုးပြီး ပြောင်းနေခဲ့ကြတယ်။
ကျွဲကျောင်းနွားကျောင်းပေါ့။
လူသူမရှိပေမယ့်အဖေ က အမေ အမြဲမယုံတော့ဘူး။
အမေ ဖောက် ခဲ့ တဲ့ ကိစ္စနဲ့ ပဲ ခနခန ရန်တွေ ဖြစ်ကြတယ်။
အဖေက အမေကို ရိုက်တယ်
အမေကလည်းပြန်လုပ်တယ်။
အမေက စိတ်ဆိုးပြီး သူ့မိ ဘ အိမ်ပြန်တယ်။
အဖေပြန်ခေါ်တယ် ပြန်လိုက်တယ်။
သိပ်မကြာဘူး ပြန်ပြီး ရန်ဖြစ်ကြတယ်။
အေးငယ်က တော့ ငိုသံအမထွတ် ပဲ ရင်ထဲ မှာငို နေတာ အသက်ရှုများတောင် ကျပ်နေပါပြီ။
အေးငယ် အထီးကျန်ဆန်လာတယ်။
အားငယ်ဝမ်းနည်းတက်လာတယ်။
ရယ်စရာတွေ့ ရင်တောင် ရဲရဲဝံ့ဝံ့ မရယ်မိအောင်နေတယ်။
ငါရယ်လိုက် ရင် ဘယ်အချိန်များငို ရမလဲ ဆိုပြီးပေါ့။
ဒါကို အဖေ လည်းမသိသလို အမေလည်းမသိပါဘူး။
တစ်ည အဲဒီညကို အေးငယ် အခုချိန်ပြန်စဥ်စားရင်စဥ်းစားမိတဲ့ အချိန် မျက်ရည်တွေပြန်ကျလာတုန်းပါပဲ။
အဖေနဲ့ အမေ ရန်တွေ ဖြစ်ကြ
သတ်ပုတ် ကြပြီး အဖေက တဲလေးကနေအရင်ထွက် သွားတယ်။
ခနနေတော့ အမေ က လည်း
ထွက်သွားပြန်တယ်။
ညမိုးချူပ်နေပြီ တဲ မှာအေးငယ်တို့ မောင်နှမ သုံးယောက်ထဲ ကျန်ခဲ့ တာ မောင်လေးနဲ့ ညမေလေးကတော့ အိပ်ပျော်နေပြီ။
လူသူကင်းဝေးတဲ့ တောထဲ တဲမှာ
အေးငယ်တစ်ယောက်ထဲ ကြောက်လည်းကြောက် သလို ထားခဲ့ရက်တဲ့ အမေကိုလည်းအေးငယ်စိတ်နာတယ်။
တစ်ညလုံးအေးငယ် ကြောက်လို့အိပ် မရဘူး
ခြေသံလို လို ကြားရင် အဖေများပြန်လာလေ သလား ထင်မိတယ်။
လေတိုးသံ ကြားလည်းအဖေ ပြန်လာသလားဆိုပြီ ထထိုင်မိတယ်။
ဒါပေ့မယ်အဲဒီ တစ်ညလုံး အေးငယ်တို့မောင်နှမတွေဆီ အဖေကောအမေကော ရောက်မလာခဲ့ပါဘူး။
ဒီတစ်ခါ အမေထွက်သွားခြင်းကလည်း
အဖေနဲ့ အေးငယ် တို့ဘဝဘထဲ အနေ အပြီး ထွက်သွားတာပါ။
အဖေကတော့ နောက် မနက် 10နာရီလောက်မှပြန်ရောက်လာပြီး အမေ မတွေ့ တော့
အံသြ နေတာပေါ့။
သမီးတို့အမေရှိတယ်ဆိုပြီး အဖေ ညကပြန်မလာခဲ့တာတဲ့။
အဲဒီနောက်မှာ အဖေက အေးငယ်တို့မောင်နှမတွေ ခေါ်ပြီး။
အရင် ဇာတိရွာလေးမှာပဲ သားအဖတွေပြန်နေပြီးလုပ်ကိုင်စားသောက်ကြတယ်။
အေးငယ်လည်းကျောင်းဆက်မတက်ရတော့ပါဘူး။
အမေကလည်း သူ့ မိဘတွေ အိမ်မှာပဲနေပြီး
အေးငယ်တို့မောင်နှမတွေ လည်း အမေဆီ မသွားကြပါဘူး။
အေးငယ်ကတော့ အဖေကိုချစ်တယ်
သနားတယ် အမေကိုတော့ တကိုယ်ကောင်းဆန်တယ်လို့ပဲအမြဲထင်နေခဲ့တာပေါ့။
အေးငယ် အပျို ပေါက်အရွယ်ရောက်တော့
ရွာထဲက. ရွယ်တူ ကောင်လေး တစ်ယောက်က
အေးငယ်ကိုညချစ်ရေးဆိုတယ်။
အေးငယ် ဘာမှ ပြန်မပြောသေးပါဘူး။
အေးငယ် အဖေပြောတဲ့ စကားလေးမှတ်ထားတယ်။
ကုန်ရှုံး ရင်တစ်ခေါက် လင်ကုန်ရှုံး တစ်သတ်လုံးတဲ့သမီး
အဲစကားတွေနဲ့ ကိုယ့်မိသားစု
အခြေနေတွေကြောင့် အေးငယ်
သူများလို လှလှ ပပ လည်းမနေ
ကိုယ့်ကိုပါတ်ဝန်းကျင်က အထင်သေးအောင်လည်းမနေဘူး။
ဒါပေမယ့် ပါတ်ဝန်းကျင်က အေးငယ်ကို
မျက်နှာသာမပေးပါဘူး။
အေးငယ်တောင် ပြန်မကြိုက်ရသေးတဲ့
ကောင်လေး မိဘ အသိုင်းဝိုင်းတွေက
ပါတ်ဝန်းကျင်မှာ သူတို့မောင်
သူတို့သားနဲ့ သဘော မတူနိုင်ဘူးဆိုတဲ့အသံတွေ လွှင့်ရုံမကဘူး။
အေးငယ်အိမ်ရှေ့မှာတောင်
စာလာပစ်တဲ့အထိ အေးငယ်ကို နှိမ်ကြတယ်။
စာထဲမှာတော့ လူမှာအမျိုး ကြက်မှာအရိုး
မို့သူတို့ မျိုးရိုးမကောင်းဘူးလို့သတ်မှတ်တဲ့ အေးငယ်နဲ့ သဘောမတူနိုင်ပါကြောင်းတွေပါ။
အေးငယ်
ရှက်လည်းရှက်သလိုဝမ်းလည်းနည်းမိ ငိုလည်းငိုမိတာပေါ့။
အေးငယ်18နှစ် အရွယ်ရောက်ပြန်တော့
မထင်မှတ်ထားတဲ့စကားကိုပါတ်ဝန်းကျင်က
တစ်ဆင့်ကြားရပြန်တယ်။
အဲဒါက အဖေနောက်အိမ်ထောင်ပြုတော့မယ်ဆိုတဲ့သတင်းပဲ။
ကြားကြားချင်းအေးငယ်မယုံ ပါဘူး။
အဖေကို မေးလိုက်တော့မှ အဖေက
တဲ့။
အေးငယ် ဒေါသထွက်တယ် ဝမ်းနည်းတယ်
အေးငယ် သိပ်ချစ်ရတဲ့အဖေက နောက်မိန်းမ ယူတော့မယ်ဆိုတာကိုဘယ်လိုမှ လက်မခံနိုင်ဘူး။
အေးငယ်တို့မောင်နှမတွေ က ဒီအဖေကိုပဲခင်တွယ်နေရတာလေ။
အေးငယ် အဖေကို ဒေါသနဲ့ ပြောမိပြောရာတွေပြောပြီးအပစ်တင်တယ်။
သမီးတို့မောင်နှမတွေ ထက် ချစ်လို့ယူတာယူပေါ့။
အဖေကို အေးငယ် ဘယ်လိုမှနားလည်းမနိုင်သလို အဖေကလည်းပြောတယ်။
သူယူမဲ့ မိန်းမ မှာ လည်းအေးငယ်အရွယ်သမီးရှိတာပဲဒါပေမယ့် သူ့သမီးက
သူ့အမေနောက်အိမ်ထောင်ပြုတာနားလည်ပေးနိုင်တယ် သိလားတဲ့
အဖေအဲလိုပြောတော့အေးငယ် ပိုဒေါသထွက်တယ်။အဖေ နောက်အိမ်ထောင်ပြုတဲ့
ကိစ္စနဲ့ အေးငယ်နဲ့အဖေ စကားမပြောကြဘူး။
အဖေလည်း သူ့မိန်းမအိမ်လိုက်သွားတယ်။
အဖေ နောက်အိမ်ထောင် ပြု ပြီးလို့ မကြာခင်မှာပဲ သူ့မိဘတွေအိမ်မှာသွားနေတဲ့ အမေလည်းအဖေကိုရွဲ့ပြီး
အိမ်ထောင်ပြုလိုက်တယ်ဆိုတဲ့သတင်း အေးငယ်တို့ကြားလိုက်ရတယ်။
အေးငယ်ကတော့ ကောက်စိုက်ပြီးမောင်လေးညီမလေးတွေ ကို ထမင်းဟင်းချက်ကျွေးပေါ့။
2လလောက်ကြာတော့ အဖေ အငယ်တွေ ကိုလာခေါ်တယ်။
အေးငယ်လည်း မန္တလေး မှာရွာက အမျိုးတွေအလုပ်လုပ် နေတာ
သူတို့စက်ရုံ လူခေါ်တော့ သွားတယ်။
ကာလအနည်းငယ်ကြာတော့
အဖေလည်းနောက်အိမ်ထောင်နဲ့ လမ်းခွဲသွားတယ်။
အေးငယ်လည်း ညမလေးပါခေါ်ပြီးအလုပ်အတူလုပ်ပြီးအဖေကိုလုပ်ကျွေးတယ်။
အသက်29မှာမိတ္ထီလာသား မောင်နဲ့တွေ့တယ်။
30မှာလက်ထပ်ကြဖို့ အဖေကိုတိုင်ပင်ပြီးလက်ထပ်လိုက်ကြတယ်။
အဲဒီမှာ အေးငယ် ကိုယ်ဘဝကို
ကံကောင်းသူအဖြစ် လက်ခံ မိသလို ခံစားရတယ်။
မောင်ကလည်း အေးငယ်ကိုသိပ်ချစ်တယ်
သူ့မိဘတွေကလည်း ချစ်ပေးကြတယ်။
မောင်က ဖားကန့်ဘက်မှာ ကားမောင်း
ရသမျှပိုက်ဆံအေးငယ်ကို အကုန်အပ်တယ်။
အေးငယ်တို့မှာ သမီးလေးလည်းရှိလာပြီလေ။
သမီးကိုရွှေလေးတွေဆင်နိုင်သလို
အေးငယ်လည်း ရွှေဝတ်နိုင်လာတယ်။
အေးငယ်တို့သားအမိ အတွတ်
မောင်ဟာ ရိုးသားသလို အရမ်းလည်းကြိုးစားတယ်။
အေးငယ်စကားလည်း အရမ်းနားထောင်သူကြီးပေါ့။
အေးငယ်အိမ်ထောင် ကျလာပြီးနောက်ပိုင်းမှာ စိတ်ထားလေးတွေပြောင်းလာတယ်။
အဲဒါက ဘာတွေ လည်း ဆိုတော့
ငယ်ငယ်ကအကြောင်းတွေ တွေးမိရင်ဝမ်းနည်းမျက်ရည် ကျတက်ပေမယ့် အမေကို ခွင့်လွှတ်တက်လာတယ်။
အဖေလည်းလူကြီးရောဂါနဲ့ဆုံးပါးသွားသလို ညီမလေးလည်း ပုလိပ်ဘင်မှာအိမ်ထောင်ကျတယ်။
မောင်လေးကလည်း ထိုင်းဘက်ရောက်သွားတယ်။
အေးငယ် 18နှစ်အရွယ်က
နောက်အိမ်ထောင်ပြုတဲ့အဖေကိုလည်း
နားလည်ပေးတက်လာတယ်။
ကိုဗစ် ကာလ. တွေမှာ ဖားကန့်ဘက်
ခေါတ်ပျက်ပြီး ကားတွေမမောင်းရတော့။
မောင် ကတစ်မျိုးကြံပြန်တယ်။
သူ့ဆရာ မိတ်ဆွေတွေနဲ့ မိတ္ထီလာ ရန်ကုန်
ကားဆွဲတယ်။
အေးငယ်က မောင် ကားထွက်ရင်
ဘုရားစာ အမြဲ ရွတ်တယ်။
ဖုန်းလည်းအမြဲဆက်မေးလေ့ရှိတယ်။
မောင်ဘယ်နေရာရောက်ပြီလဲ။
နားပြီလား ထမင်းစားပြီလားပေါ့။
မောင်ပြန်အလာကို အေးငယ် တို့ သားအမိက အမြဲစောင့်မျှော်နေကြပါ။
ဒီလိုနဲ့ အေးငယ်တို့ အိမ်ထောင်သက်
5နှစ်နီးပါး တစ်နေ့မှာ မောင် မောင်းတဲ့ကား
မတော်တဆမှုကြောင့် အသက်မရှိတော့ဘူးဆိုတဲ့အကြောင်း ဖုန်းဆက်တော့
အေးငယ် ကြောင်သွားတယ်။
အိမ်က မောင့် အဖေ အမေတွေက
မဟုတ်ဘူး ဆေးရုံ တင်ရတာပါဆိုတော့အေးငယ်ယုံသွားပြန်တယ်။
လူတွေ က အသုဘ အတွတ်ပြင်ဆင်နေကြပြန်တော့ မောင်တကယ်သေပြီလားဆိုတဲ့စိတ်နဲ့ ကြောင်ပြီး ငိုလို့မရခဲ့ဘူး။
နောက်ဆုံ မောင့်အသုဘနေ့ မောင်ခန္ဒာကိုယ် ကို အေးငယ် တိုင်မြင်ရမှ အေးငယ် တို့သားအမိဘဝထဲ က မောင်အပြီးတိုင် တကယ်ထွက်ခွာသွားပါပြီလားဆိုပြီ
ယူကျူံးမရ. ဖြစ်ပြီး မောင့် ကို အကြိမ်ပေါင်းများစွား သွားနမ်းမိတယ်။
လူတွေက ဆဲဲက ခွဲကြပေါ့။
အဲဒီအချိန်မှာ အေးငယ်အရူးတစ်ယောက်လိုပါပဲ။
မောင် ဆုံး ပါး သွားပြီး
အေးငယ်ပါ လိုက်သေချင်တဲ့စိတ်တွေ ဖြစ်မိတယ်။
တစ်ဖက်ကလည်း အေးငယ် သမီးလေးရှိသေးပါတယ် ဆိုပြီး ပြန်အားတင်းရတယ်။
အဲအချိန်တွေ က အေးငယ် အစားလည်းမစား ရေလည်းမချိုးနဲ့ လူလည်းအရိုးပေါ် အရေတင် တင်ပါးကျော်လောက်ရှိတဲ့ ဆံပင်ရှည်ကြီးကလည်း မဖြီး သင်ပဲထားတော့ ရှပ်ထွေးပြီး ဖြီးမရလို့ ထွေးငယ် ညှပ်ပစ်လိုက်တယ်။
နောက်ပြီး မောင် မရှိပေမယ့် သမီးလေးအတွတ်ဆိုပြီး အိမ်ရှေ့ မှာ စျေးဆိုင်လေးဖွင့်ပြီးရောင်းဖြစ်တယ်။
အခုမှ စလုပ် တော့ စျေးရောင်းရတာလည်း အဆင်မပြေပြန်ပါဘူး။
ကြားထဲစိတ်ပြေလက်ပျောက်ဆိုပြီး အေးငယ် 2လုံး ထိုးလိုက် တာ ပေါက်တော့။
အေးငယ် 2လုံး စွဲလိုက်သေးတယ်။
2လုံးပေါက် ထားတဲ့အေးငယ်
လိုက်ရင်းလိုက်ရင်းနဲ့ သူ့ ရွှေတို ရွှေစနဲ့
သမီးလေး တစ်ဆင်စာထဲကပါ 1မျိုး2မျိုးပါလာတယ်။
စျေးဆိုင် ထဲထည့်တာကော ပေါ့လေ။
အေး ငယ် တို့သားအမိက မောင့်မိဘတွေနဲ့ပဲအတူနေလာတာပါ။
အေးငယ်က. သူတို့ကို အဖေ အမေလို့ခေါ်သလို သူတို့ကလည်းအေးငယ်ကို သမီးလို့ပဲခေါ်ကြတယ်။
တစ်နေ့ အေးငယ် အဖေ ယောက္ခမ နဲ့ စကားများပြီး ကိုယ့်ကို အားငယ်လာတယ်။
မောင့်မရှိတော့လို့ ဒီလို ဖြစ်တာဆိုပြီး
သားအမိနှစ်ယောက် အိမ်ပေါ်က ဆင်းလာပြီး
ပုလိပ်ဘက်မှာ အိမ်ငှားနေကြတယ်။
ညီမလေးက. သူ့တို့အလုပ်ပိတ်ရက်ဆို
အဖော် လာနေပေးတယ်။
ကျန်တဲ့ရက်တွေ ဆို အဲအိမ်ကြီးထဲမှာ
အေးငယ်တို့သားအမိပဲ တရားတွေကို ဖုန်းနဲ့တစ်နေကုန် ဖွင့်ထားကြတယ်။
ကုလားမအိမ်မှာ အဝတ်သွားလျှော်တယ်
နောက် ေဆာက်လုပ်ရေးက အင်ဂျင်နီယာ ကောင်လေးတစ်ယောက်
အဝတ်တွေယူလျှော်တယ်။
အေးငယ်တို့ သားအမိ အဆင်ပြေလာတယ်ပေါ့။
အဖေ အမေ တို့ကတော့ (ယောက္ခမ)
သူတို့မြေးဆီ ဖုန်းခနခန ဆက်ကြတယ်။
ပြန်လာဖို့ခေါ်တယ် ။
အေးငယ်က လည်းအဆင်ပြေပါတယ်ပေါ့။
နောက်တော့ အေးငယ် အဝတ်ယူလျှောနေတဲ့
အင်ဂျင်နီယာ ကောင်လေးက
အေးငယ်မှာ ယောကျ်ား မရှိဘူး ဆိုတာလည်းသိတော့။
ဖုန်းတွေ ဆက်လာတယ်။
နောက်အေးငယ် အိမ်ကိုပါလိုက်လာတယ်။
တစ်နေကုန်မပြန်ဘူး။
ညနေမိုးချုပ် လို့ အေးငယ် က တံခါးတွေ ပိတ်တော့လို့ပြောမှပြန်တယ်။
အေးငယ်ကြောက်လာတယ်။
ငါနဲ့ငါ့သမီးလေး မလုံခြုံတော့ပါ့လားဆိုပြီး
တွေးမိပြီး ဒီနေရာကနေ စွန့် ခွာဖို့ပြင်ရတော့တယ်။
ဘယ်သွားရမလဲ လို့ တွေးတောရင်း
မြောင်းမြမှာ ငါ့အမေ ရှိသေးတာပဲ။
အမေ ဆီမှာသွားနေပြီး ငါအလုပ်လုပ်မယ်ပေါ့။
မြောင်းမြ ပြန်မယ်ဆိုတော့
အဖေနဲ့ အမေ(ယောက္ခမ) ပုလိပ်ထိလိုက်လာကြတယ်။
အေးငယ် တို့သားအမိ အိမ်ငှားနေပြီး
အဝတ်လျှော်နေတာကိုမြင်တော့
စိတ်မကောင်းကြဘူး မျက်ရည် တွေ ကြပြီး
မိတ္ထီလာ ပြန်လိုက်ခဲ့ဖို့ခေါ် ကြတယ်။
အေးငယ်လည်း မြောင်းမြက အမေဆီ မှာနေဖို့ ဆုံးပြီးသားမို့။
ယောက္ခမ တွေ လည်း မပြောသာတော့ပါဘူး။
ဒီလိုနဲ့ အမေ ဆီရောက်တော့ အေးငယ်
မနက်2နာရီ 3လောက်ကတည်းက. ကုန်စိမ်တွေသွားပြီး ဖောက်သည် ယူရောင်း
တစ်နေ့ 2ထောင် 3″ထောင်မြတ်တယ်။
စျေးကလာ်းရောင်းကောင်းတစ်ချက်မကောင်းတစ်ချက်နဲ့သမီးကို အရမ်းသနားလာတယ်။
အရင် သူ့အဖေ ရှိစဥ်က. မစားချင်တဲ့အစားစာတွေ ကို ပါသမီးလေး ချေး မများတော့ဘူး။
အကုန်စားတယ် ဒီလိုနဲ့ အဆင်ပြေချိန်
အေးငယ်တို့ညီအစ်မ. အပျိုတုန်းက စုပြီးဝယ်ထားတဲ့ ရွာက ခြံလေးကိုအေးငယ်ပေါင်လိုက်တယ်။
နောက်ပြီး သမီးလေးက လည်း
မောင့်မိဘတွေနဲ့ သာရင်နှီးတာ
အေးငယ်အမေနဲ့ကြ နေသားမကျ မရင်းဘူးဖြစ်နေတယ်။
အေးငယ် စဥ်းစားတယ်
ဒီလိုဆက်နေရင် သမီးလေး ရွှေ စ လေးတွေလည်းကုန်တော့မယ်။
သမီးလေးလည်း စားချင်တာမစားရဘူး
ဆိုပြီး မိတ္ထီလာက. ေအမေတို့နဲ့ရင်းနှီးပြီး
အေးငယ်နဲ့ မျက်မှန်း တန်းမိတဲ့
စန်းမြဆိုတဲ့ ညီမလေး ဆီမှာ အကူညီ တောင်းကြည့်တယ်။
သူတို့ဆီ မှာ အလုပ် လုပ်ချင်တယ် ဒုက္ခ ရောက်နေလို့ပါညီမလေးရယ်ဆိုတော့။
နောက်တော့ အကင်ဆိုင်မှာ လူလိုလို့ တဲ့
အေးငယ် သမီးလေးကို
မိတ္ထီလာက အဖေနဲ့အမေဆီ အပ်ထားခဲ့ပြီး
ရှမ်းပြည်မြောက်ပိုင်းမှာ အလုပ်လာလုပ်တယ်။
ညီမလေးစန်းမြ ကျေးဇူးလည်းအေးငယ်မမေ့ပါဘူး။
အိမ်ဝိုင်းပေါင်ထားတာလည်း အေးငယ်ရွေးဖို့ကြိုးစားနေတယ်။
သမီးလေးအတွတ် နဲ့ အဖေ အမေ တို့ကိုလည်း တက်နိုင်သလောက်အကုန်လုပ်ပေးချင်တယ်။
မြောင်းမြက အမေလည်း တက်နိုင်သလောက် ကန်တော့ချင်တယ်။
တစ်ခါတလေ စိတ်ဓာတ်တွေကျ တယ်
ငါ့သမီးလေး ကိုပညာတက် အဆင်ပြေပြေဖြစ်အောင်ထားရမယ်ဆိုပြီး ပဲ အားတင်းနေတာ။
တစ်ခါတလေ သမီးလေး က
အဖိုး ဖွားတွေက အလိုလိုက်တော့
ဆိုးချင်တယ်။
အဲဒီလိုအခါတွေဆို အေးငယ် အရဲ စိတ်ဆင်းရဲရတယ်။
အေးငယ်က အဝေးကြီးမှာပိုက်ဆံရှာနေတဲ့အချိန် သမီးလေး လမ်းမှားရောက်မှာ
ပညာမတက်မှာ အေးငယ်
ငယ်ငယ်တုန်းကလိုဖြစ်သလိုနေရမှာ
အရမ်းစိုးရိမ်တယ်။
အခုဆို အေးငယ်အသက်
38နှစ် ရှိပြီ သမီးလေးအတွတ်
အဖေနဲ့အမေ
မြောင်းမြ ကအမေ
နောက်ပြီးညီမလေး
သူတို့ တွေအတွတ် အမြဲတမ်း
ပူပန်နေသူကြီးပေါ့။
တစ်ခါတလေ တွေးမိတယ်
ငါဘယ်တော့များမှ စိတ်အေးအေးနဲ့ နေနိုင်မှာ လဲ တွေးရင်း။
သမီးလေးရဲ့ အဝေး တစ်နေရာမှ
မေမေ
အေးငယ်။
ပြီးပါပြီ။
အတိုချုံး ရေးထားပါသည် ။
#Nann
5.4.2023
5:22မိနစ်