မင်္ဂလာဦးည(စ/ဆုံး)
————————-
ပီယ
ကျနော်ဟာ လူတစ်ယောက်ကို အငြိုးအတေးထားပြီး
ဆိုးဆိုးဝါးဝါး မုန်းနေတတ်တဲ့..လူစားထဲတော့..
မပါပါဘူး….
သို့ပေမင့်…ကိုဝင်းနိူင် ဆိုတဲ့..ငတိကိုတော့..
ဘယ်တော့မှ မကြေနိူင်ပဲ..အော်ဂလီဆန်ချင်
လောက်အောင်..မုန်းနေမိတာကိုတော့..
ခြွင်းချက်ထားပြီး..ကျနော် ဝန်ခံပါတယ်။
……………………………………
မင်္ဂလာဦးည လို့ ဆိုလိုက်တာနဲ့…
လူယောက်ျားနဲ့…
လူမိန်းမတို့ နှစ်ဦးဟာ..
အာဝါဟ ဝိဝါဟဆိုတဲ့..အတိုင်း..ထိမ်းမြားလက်ထပ်
မင်္ဂလာပြုကြပြီး..အကြင်လင်မယားမြောက်ပြီးနောက်..
ပထမဆုံးအကြိမ်..တစ်ခန်းထဲ..တစ်ကုတင်ထဲ…
တစ်အိပ်ရာထဲမှာ..အတူအိပ်စက်ပြီး…ကုန်လွန်စေ
ခဲ့တဲ့..ညကို..မင်္ဂလာဦးည လို့ ကျနော်က..သတ်မှတ်
ပါတယ်။ဒီထက်ပိုပြီးတော့လည်း…ကျနော့်..ပညာ
အရည်အချင်း..အတွေးအခေါ် တွေနဲ့..
မဖွှဲ့..မနွှဲ့တတ်တော့ပါဘူး….
မေစိုးနဲ့ကျနော်..ညားကြတော့…မင်္ဂလာဦးညကို
မေစိုးရဲ့မိဘများအိမ်မှာ..ဖြတ်သန်းဖို့ဖြစ်လာပါတယ်။
မေစိုးနဲ့ကျနော်က..တစ်မြို့တည်းက..မဟုတ်ကြပါဘူး..
မနက်ပိုင်း..ဧည့်သည်တွေကို..ဧည့်ခံပြီး..
ညဘက်ရောက်တော့..သူတို့ဆွေမျိုးတွေက..
လာလိုက်…မေစိုးသူငယ်ချင်းတွေက..လာလိုက်နဲ့..
ည၁၁နာရီလောက်ရောက်မှ..မင်္ဂလာဦးညကို
ဖြတ်သန်းဖို့..အသစ်စက်စက် ဇနီးလေးနဲ့အတူ..
မင်္ဂလာအိပ်ခန်းလေးထဲ ကျနော်ရောက်ရတော့သည်။
ခြင်ထောင်အသစ်..စောင်အသစ်နဲ့..ထွာဆိုင်မက
ထူတဲ့..မွေ့ယာကြီးကို..ကြည့်ပြီး..ကျနော်..
စိတ်တွေ..တအားလှုပ်ရှားနေမိသည်။
တစ်ခန်းလုံးလည်း..မွှေးပျံ့ နေသလို…မေစိုး
ပါးက..ရှင်မတောင်သနပ်ခါး နံ့လေးက..ကျနော့်စိတ်ကို
ကျလိ..ကျလိ..ဖြစ်နေတာပါပဲ…
ခေါင်းငုံ့ပြီး..ရှက်နေတဲ့…မေစိုးကို..ကျနော်က..
နောက်ကနေ..သိုင်းဖက်ပြီး..လည်တိုင်လေးကို..
ခပ်ဖွဖွလေး နမ်းလိုက်တော့…
“ယားတယ်..မောင်..
တိုးညှင်းနေတဲ့..အသံနဲ့ပြောတော့..မချင့်မရဲ ဖြစ်လာတဲ့
ကျနော်က..သူမရဲ့..ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို
ဘယ်ညာ..အားပါးတရ..နမ်းလိုက်မိသည်။
အို….မင်္ဂလာဦးညရယ်…
ရင်ခုန်စရာကောင်းလိုက်ပါဘိ။
နောက်တော့..ကျနော်ဟာ..မေစိုးရဲ့..ညဝတ်အင်္ကျီက
ကြယ်သီးလေးတွေကို..ဖြုတ်ဖို့လုပ်တော့..
“ဟင့်အင့်..ရှက်တယ်..မောင်ရယ်…
အားမပါတဲ့..ငြင်းဆန်ခြင်းနဲ့..သူမက..ကျနော့်
လက်တွေကို..တွန်းဖယ်လိုက်သည်။
ဒါပေမဲ့..ကျနော့်လက်က..ကြယ်သီး..နှစ်လုံးလောက်ကို
ဖြုတ်ပြီးနေပြီ။
မေစိုး မျက်နှာလေးကိုကြည့်မိတော့…သူမမျက်လုံး
လေးမှိတ်ပြီး..နုတ်ခမ်းလေးက..ပြုံးရောင်သန်းနေသည်။
“စိုး..
“ဟင်..
“မောင့်ကိုချစ်လား…
“အင်း..ချစ်တယ်…
“သမီး..သမီး..တံခါးဖွှင့်ပါအုံး…
ဒုန်း..ဒုန်း..
အခန်းတံခါးကို..တဒုန်းဒုန်း ထုပြီး..ကျနော့်ရဲ့
ပူပူနွေးနွေး ယောက္ခမကြီးက အပြင်ကခေါ်သည်။
“ကျွတ်..ဘာလဲဟ…
စိတ်ပိန်ပိန်နဲ့..အခန်းတံခါးကို ကျနော်က ဖွင့်ပေးလိုက်သည်။
“သမီး..နင့်အစ်ကိုကြီး..ဗိုက်တွေနာပြီး..လူးလှိမ့် နေလို့
ဆေးရုံ သွားရမယ်..လာလာ…
ဒီလိုနဲ့..သူတို့အိမ်ကကားနဲ့..ဆေးရုံကိုသွားရသည်။
ဆေးရုံမှာ..ထိုင်စောင့်ကြရင်း..မနက်..သုံးနာရီလောက်
ရောက်တော့..မေစိုးအဖေ..ကျနော့် ယောက္ခထီးကြီးက
“သမီးက..ခင်မေဦးနဲ့အတူ..သမီးအစ်ကိုကြီးကို..
စောင့်နေခဲ့..အဖေတို့ပြန်မယ်နော်..
ခင်မေဦးဆိုတာက..ကျနော့်ယောက်ဖရဲ့မိန်းမ..
ဒါနဲ့..ကျနော်တို့..ဆေးရုံကနေ..အိမ်ပြန်လာခဲ့သည်။
လူတချို့ဟာ..အိပ်ရာပြောင်းအိပ်ကြရင်..
အိပ်မပျော်တတ်ကြဘူး…
အဲဒီအထဲမှာ..ကျနော်လည်းပါတယ်။
ပိုဆိုးတာက..မင်္ဂလာဦးည ရဲ့..မင်္ဂလာအခန်းထဲမှာ
မင်္ဂလာ သတို့သမီးမရှိပဲ..သတို့သားကျနော်က..
ငေါင်းစင်းစင်းကြီးနဲ့..ကြောင်တောင်တောင်ကြီး
ဖြစ်နေတာ…
ဗိုက်နာတဲ့..မေစိုးအစ်ကို..ကျနော့်ယောက်ဖ…
ဝင်းနိူင်ဆိုတဲ့..ငတိကိုလည်း..တစ်ညလုံး..
ကျနော်..မေတ္တာတွေပို့နေမိတယ်။
အူတွေပွပြီး..တောတ်တခေါက်ခေါက်နဲ့…
တမှေးမှ..မှေးမရပဲ..မိုးလင်းသွားခဲ့သည်။
မနက်ရောက်တော့..မေစိုးရဲ့..ညီမ..
ကျနော့်နဲ့ဆို..ခယ်မပေါ့…
သူနဲ့ဆေးရုံကို..နှစ်ယောက်အတူဆိုင်ကယ်..စီးပြီး..
မေစိုးတို့အတွက်..ထမင်းချိုင့် သွားပို့ရတယ်။
ဝင်းနိူင်ဆိုတဲ့..ကျက်သတုန်းက..ဆေးရုံက..
ကုတင်ပေါ်မှာ..မှိန်းနေသည်။
“အူအတက်ပေါက်တာ..ဆိုရင်..ခွဲရမယ်တဲ့မောင်..
အဲဒါ..စိုး..ခင်မေဦးနဲ့အတူ အစ်ကိုကြီးကို..
စောင့်ရအုံးမှာ…
ဘာမှပြန်မပြောပဲ…နုတ်ခမ်းကြီးစူပြီး..ကျနော်
ဆေးရုံကပြန်လာခဲ့သည်။
ညဘက်ရောက်တော့..ပိုပြီး..စိတ်ဆိုးနေမိသည်။
“ဟို..မသာ.ဝင်းနိူင်ဆိုတဲ့ကောင်က…ငါ့..မင်္ဂလာဦးည
ကျမှများ..ဗိုက်ကထနာရတယ်လို့….
ညနက်တဲ့အထိ..လူကအိပ်လို့မရ..
အလိုမကျတာတွေရော..
ဒေါသဖြစ်တာတွေရော..စုပြုံပြီး..စိတ်တွေ
ရောထွေးနောက်ကျိနေသည်။
နောက်တော့..မေစိုးဆီ..ဖုန်းခေါ်လိုက်သည်၊
“မောင်..ညနက်မှ..ဘာလို့လဲ..အိပ်မရဘူးလား..
ကျနော်က..ဘာမှပြန်မပြောပဲ..ငြိမ်နေလိုက်သည်။
“မောင်..ဘာလို့လဲလို့…..
“မင်းအစ်ကိုကြီး..မသေသေးဘူးလား…
သေမှာဖြင့်လည်း..မြန်မြန်သေ..သက်ပျောက်ဆွမ်း
ကပ်ရအောင်..ငါဘုန်းကြီးပင့်ထားမလို့….😏
“ဟင်း..ဟင်း..မောင်ရယ်..ကလေးကြီးကြနေတာပဲ..☺
နောက်..လေးရက်မြောက်တဲ့အထိ..မေစိုးက..
ဆေးရုံမှာ..ကျနော်က…တစ်ယောက်တည်း..
မင်္ဂလာအခန်းထဲမှာ…ကြာတော့..ငိုချင်လာသည်။
သူများတွေ..ပြောတဲ့..ဆွတ်ပျံ့ကြည်နူးဖွယ်..
မင်္ဂလာဦးည.. .
ဝတ္ထု ဇာတ်လမ်းတွေထဲက..စိတ်လှုပ်ရှား စရာ..
မင်္ဂလာဦးည.. .
ဘာမှ..ကျနော့်အတွက်..အဓိပ္ပါယ်က မရှိတော့….
ဒါနဲ့..မေစိုးတို့ မြို့ကနေ..ကျနော်နေတဲ့..ရွာကို
ပြန်လာခဲ့လိုက်သည်။
“စောက်ကျင့်ယုတ်တဲ့..ယောက်ဖ..ဝင်းနိူင်..
ဒီတစ်သက်..အသေမုန်းပဲ…😡
အိမ်ပြန်လာတဲ့..ကျနော့်ကို..အမေက..
“သားကြီး..သမီးမပါဘူးလား…တဲ့
ဒါနဲ့.စိတ်ပေါက်ပေါက်နဲ့ အမေ့ကို ကျနော်က..
“သူ့အစ်ကိုကြီး..သေလို့အမေ…ရက်လည်ပြီးမှ..
သူလိုက်လာလိမ့်မယ်…
ဆိုပြီးပြောပစ်လိုက်သည်။
ဟုတ်တယ်လေဗျာ…
အဲ့မသာက…အဲဒီတုန်းကသာ..ဗိုက်နာပြီး..
သေမလိုဖြစ်တာ..ခုနောက်ပိုင်း..မေစိုးနဲ့ကျနော်
ညားလာတဲ့အိမ်ထောင်သက်တစ်လျှောက်…
ခေါင်းတောင်မခဲတော့ဘူး…
ကျနော်ဟာ..လူတစ်ယောက်ကို..အငြိုးအတေးထားပြီး
ဆိုးဆိုးဝါးဝါး မုန်းနေတတ်တဲ့ လူမဟုတ်ပါဘူး…
ဒါပေမဲ့..ဟို..ကျက်သတုန်း..ယောက်ဖကိုတော့..
အသေမုန်းပါတယ်ဗျာ…
မင်္ဂလာဦးမှာ..ဘာညာသာတကာ..
မလုပ်လိုက်ရတဲ့..ကျနော်ခံစားချက်ကို..
ခင်ဗျားတို့..ကိုယ်ချင်းစာကြည့်စမ်းပါ…😔😔
သူများတွေအတွက် လှပတဲ့..မင်္ဂလာဦးည က..
ကျနော့်အတွက်တော့..😨😖😖
၁၆.၁.၂၀၂၄..နေ့လည်..၂:၄၆
#ပီယ