မဲတူး(စ/ဆုံး)
————————-
ဒီလုံးဆိုတဲ့ကောင်။ဒီိကောင်တော်တော်
လွန်နေပြီ။ ကြာရင်ဒီကောင့်ကိုကျုပ်
သ_တ်မိတော့မယ်။ဘယ်နှယ့်အိမ်ကြီးရှင်တွေကမျက်နှာသာပေးတယ်ဆိုတိုင်းကျုပ်ကိုမထေမဲ့မြင်လုပ်နေတာတွေများနေပြီ။ဒီကောင့်ကိုချစ်တိုးလေး
ကြောင့်ကျုပ်သည်းခံနေတာ။
မဟုတ်ရင်ဒီကောင် tayတာကြာလှပေါ့။
ချစ်တိုးလေးဆိုတာကအိမ်ကြီးရှင်တွေရဲ့သားလေး။အသက်ကိုးနှစ်
လောက်ရှိပြီ။သိပ်ကိုချစ်စရာကောင်း
တဲ့ကလေးပေါ့။ချစ်တိုးလေးကိုကျုပ်
ကသိပ်ချစ်တာ။ချစ်တိုးလေးကဒီကောင့်ကိုသိပ်
ချစ်တာ။အခြားသူတွေလည်းဒီကောင့်
ကိုဆိုချစ်ကြပါတယ်။ကျုပ်မှာသာဘယ်
လောက်မျက်နှာကောင်းရအောင်ကြိုးစား စားဘယ်သူဆီကမှအသိအမှတ်ပြု
မခံရပါဘူး။ဒီကောင်ဒီလုံးကိုချစ်တိုးကချစ်သလို ချစ်တိုးလေးကိုကျုပ်က
သိပ်ချစ်တော့အစစအရာရာကျုပ်
ပဲသည်းခံနေရတာပေါ့။ဘဝတူချင်း
အတူတူဒီကောင်ဒီလုံးကထမင်းစားခန်းမှာတင့်တင့်တယ်တယ်ထမင်းစားရပေမယ့်ကျုပ်ကျတော့အိမ်ရှေ့ကွပ်ပျစ်အရိပ်အောက်မှာတောင်နေရာရတာမဟုတ်ဘူး။ညရေးညတာအိပ်ချိန်ဆိုလည်းဒီကောင်ကချစ်တိုးလေးအခန်း
မှာဇိမ်ကျကျအိပ်ရာတာ။ကျုပ်မှာသာ
ခြံလုံခြုံရေးအတွက်ခြံဝနားအိပ်ရမလိုလိုအိမ်နောက်ဖေးပြေးလိုက်အိမ်ရှေ့ပြေး
လိုက်နဲ့ဗျာများနေရတဲ့ဘဝ။
ဒီလောက်ဒုက္ခလောက်လေး
နဲ့တော့ကျုပ်အရေးအရာလုပ်ပြီးပြော
မနေပါဘူး။ခုကဒီကောင်ဒီးလုံးက
တော်တော်လွန်လာလို့သာပြောနေရ
တာ။စဉ်းစားကြည့်လေကျုပ်စားတော့
သောက်တော့မယ့်အချိန်ဆိုဒီကောင်ကအနား
ကိုမယောင်မလည်ရောက်လာပြီး
ကောင်းပေ့ဆိုတဲ့အသားငါးဟင်းကို
အလစ်သုတ်တာလေ။ပြီးရင်ဒီကောင်
ကကျုပ်လိုက်လို့မရတဲ့အိမ်ဦးခန်းဘက်
ကိုပဲပြေးတာ။တစ်ခါတုန်းကကျုပ်စိတ်
တိုတိုနဲ့ဒီကောင့်ကိုလိုက်ဖမ်းတာ
မိခါနီးမှချစ်တိုးလေးရောက်လာလို့
အလျှော့ပေးလိုက်ရတယ်။အဲ့ဒီနေ့က
ဒီကောင်ကဘာမှမဖြစ်ဘဲကျုပ်ပဲအိမ်ကြီးရှင်တွေရဲ့ရိုတ်နှက်ဆုံးမတာကိုခံလိုက်
ရတယ်။ဒီကောင်ကသိပ်လည်တာ။
ကျုပ်နောက်ကလိုက်ဖမ်းမှန်းသိတော့
အသံကုန်အော်ပြီးချစ်တိုးလေးဆီပဲ
ပြေးတာလေ။မသိရင်ကျုပ်ကပဲသူ့အ
သက်ကိုတမင်ရန်လိုက်ရှာနေသလိုလို။
အမူအရာကောင်းပုံကအိမ်ကြီးရှင်တွေ
ရှေ့ရောက်တော့မှအသားတွေတောင်
တဆတ်ဆတ်တုန်နေအောင်ကြောက်
နေတဲ့အချိုးချိုးပြသွားတယ်။ကျုပ်က
ဘာတတ်နိုင်မှာလဲသူ့လိုမူယာမာယာ
မှမများတတ်တာကို။အဲဒီထက်ထူးတာက
ဒီကောင်ခုတလောအမူအယာတွေ
ပြောင်းနေတယ်။ကျုပ်တို့လိုကောင်
တွေကမကောင်းတဲ့အငွေ့အသက်ကို
သိရှိခံစားနိုင်တဲ့အသိတွေရှိကြတယ်လေ။ဒီကောင်ဘာဖြစ်နေလဲဆိုတာကျုပ်
နည်းနည်းတော့ရိပ်စားမိတယ်။ဒါကြောင့်ခုရက်ပိုင်းဒီကောင်ကိုအလွတ်
မပေးဘဲသတိထားစောင့်ကြည့်နေတာ။
အချိုးမပြေတဲ့ပုံဖမ်းလို့ကတော့ဒီကောင့်ကိုကျုပ်အကြောင်းသိအောင်ပြရမှာပဲ။အိမ်ကြီးရှင်တွေကဖူးဖူးမှုတ်ထား
တယ်ဆိုပြီးရောင့်တက်နေတဲ့ဒီကောင့်
အချိုးကိုကျုပ်ကြည့်မရတာတော့အမှန်
ပဲ။တစ်ခါတလေလက်လွန်ခြေလွန်မလုပ်
မိအောင်မနည်းထိန်းနေရတာ။
( ၂ )
” ယောကျာ်းရေ ဒီလုံးပျောက်နေတယ်
နော်…မနေ့ညကတည်းကမတွေ့တာ ”
“စိတ်မပူပါနဲ့ကွာ အလည်လွန်နေတာ
နေမှာပါ ”
“စိတ်မပူလို့မရဘူးယောကျာ်း …သားလေးချစ်တိုး
ကနေကောင်းတာမဟုတ်ဘူး…ခုလဲဒီလုံးကိုမတွေ့လို့ငိုနေပြီ … မဲတူးများဒီလုံးကိုရန်ရှာလိုက်
ပြီလားမသိဘူး… ခုတလော မဲတူးကဒီလုံး
ကိုအချိန်ပြည့်ရန်လုပ်နေတာမဟုတ်လား ”
အိမ်ကြီးပေါ်ကစကားသံတွေကိုကျုပ်
ကြားနေရတယ်။ဒီကောင်ဒီလုံးကခုချိန်
ထိကျုပ်ကိုဒုက္ခပေးနေတုန်းပဲ။ဘာပဲပြောပြောဒီကောင်မရှိတော့ဘူးဆိုတော့
ချစ်တိုးလေးကိုကျုပ်လွတ်လွတ်လပ်
လပ်ပြည့်ပြည့်ဝဝချစ်လို့ရပြီ။အပြည့်အဝစောင့်ရှောက်
လို့ရပြီ။ဒီလုံးဆိုတဲ့ဒီကောင်အိမ်ကို
ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်
တော့ဘူးဆိုတာကျုပ်သိတယ်။ဒီကောင်
မရှိတော့တဲ့အချိန်မှာချစ်တိုးလေးရဲ့
အချစ်ဂရုစိုက်မှုတွေကိုကျုပ်ပဲပိုင်ဆိုင်
နိုင်အောင်ကျုပ်ပိုကြိုးစားရတော့မှာ
ပေါ့။
“မဲတူး… မဲတူး…လာ..လာ ”
ကျုပ်အတွေးမှမဆုံးသေးဘူး။အိမ်ကြီး
အရှင်မကကျုပ်ကိုလှမ်းခေါ်နေပြီ။ကျုပ်
ပေါ့ပါးရွှင်မြူးစွာပြေးထွက်ခဲ့တယ်။
ကျုပ်ထင်တဲ့အတိုင်းပဲဒီလုံးဆိုတဲ့ကောင်မရှိတော့တာနဲ့အိမ်ကြီးရှင်တွေအတွက်ကျုပ်ကလိုအပ်လာပြီမဟုတ်လား။ဝမ်းသာအားရပြေးထွက်လာခဲ့တဲ့ကျုပ်။အိမ်ကြီးရှင်တွေရှေ့ကိုရောက်မှကျုပ်
အထင်တွေလွဲမှားသွားမှန်းသိလိုက်ရ
တယ်။အိမ်ကြီးရှင်မကတု_တ်တစ်ချောင်းနဲ့ကျုပ်ကိုစောင့်နေတယ်။ကျုပ်ခြေလှမ်းတွေ့တုံ့ဆိုင်းသွားရပေမယ့်လာမယ့်ဘေးပြေးတွေးဖို့ဆုံးဖြတ်လိုက်
တယ်။
” မဲတူးလာစမ်းဒီကို …လာစမ်း
ဒီလုံးကိုနင်သ_တ်လိုက်တာလား
..ရန်လုပ်ပြီးမောင်းထုတ်လိုက်တာလား..
လာစမ်း ကဲဟယ်.. ကဲဟာ… နင့်ကြောင့်
ငါ့သားလေးစိတ်မကောင်းဖြစ်နေရပြီ …
ဒီနေ့မှဒီလုံးကိုမတွေ့ရင်နင်သေမယ်
မှတ်ထား ”
” မိန်းမ ..မင်းလွန်မယ်တော်တော့…
ဒီလုံးပျောက်နေတာမဲတူးကြောင့်ဟုတ်လား.. မဟုတ်လားသေချာသိတာမဟုတ်ဘူး ”
“မတော်နိုင်ဘူး ဒီလုံးကိုဆိုဒီကောင်
အမြဲရန်ရှာနေတာလူတိုင်းသိတယ်
သားလေးကနဂိုကမှနေမကောင်းတဲ့ကြားခုဆို
ဒီလုံးကိုမတွေ့တော့စကားတောင်
ကောင်းကောင်းမပြောတော့ဘူး တစ်ရက်နှစ်ရက်အတွင်းမှဒီလုံးပြန်မလာရင်ဒီကောင်မဲတူးကိုပါမောင်းထုတ်တော့ ရှင်စခေါ်လာကတည်းက
ကြည့်ရတာမဟုတ်ဘူး အသားအရောင်ကမွဲခြောက်ခြောက်
ရုပ်ဆင်းအင်္ဂ ါကိုကအိမ်ရှင်တွေကိုဒုက္ခ
ပေးမယ့်ရုပ်မှန်းကြည့်လိုက်တာနဲ့သိတယ် ”
“မင်းကွာမဆိုင်တာတွေပြောပြန်ပြီ ”
” ဆိုင်တယ် ဆိုင်တယ် ဒီလုံးတို့များ
တကိုယ်လုံးဖြူဖြူဖွေးဖွေးနဲ့အဆင်းကဘယ်လောက်ကျက်သရေရှိလိုက်လဲ
…မဲတူးတို့များတော့မြင်တဲ့လူတိုင်းနှာခေါင်းရှုံ့တာ …ဒီလုံးကိုလူတိုင်းကချစ်နေတော့
ဒီကောင်မနာလိုဖြစ်ပြီးရန်လိုနေတာ
ရှင်လည်းသိနေတာပဲ ”
အိမ်ကြီးရှင်မကသူစိတ်ထင်ရာကိုပြော
ဆိုနေတယ် ။အိမ်ကြီးရှင်ကကျုပ်ကို
စိတ်မကောင်းဟန်နဲ့သနားကြင်နာစွာ
တစ်ချက်ကြည့်ပြီးသက်ပြင်းရှည်ကြီး
ကိုချကာအိမ်ထဲကိုဝင်သွားတယ်။အိမ်
ကြီးရှင်မကတော့ကျုပ်ကျောပေါ်ကို
ရိုတ်ချက်ပြင်းပြင်းတွေခြွေချနေဆဲ။
ကျုပ်အားကိုးတကြီးနဲ့အိမ်ပေါ်က
ကျောမှီကုလားထိုင်မှာလဲလျောင်းနေ
တဲ့ချစ်တိုးလေးကိုလှမ်းကြည့်လိုက်
တော့မုန်းတီးစက်ဆုပ်စွာကြည့်နေတဲ့
ချစ်တိုးလေးရဲ့အကြည့်တွေကိုတွေ့လိုက်ရတယ်။ဒီပုံအတိုင်းဆိုအိမ်ကြီးရှင်
တွေရဲ့အိမ်မှာကျုပ်ကြာကြာဆက်နေရ
တော့မယ်မထင်ဘူး။ကျုပ်ချစ်တိုးလေး
ကိုအသနားခံတောင်းပန်ကြည့်နေမိပေမယ့်ချစ်တိုးလေးကတော့ကျုပ်ကိုစိတ်ဆိုးမုန်းတီးတဲ့အကြည့်တွေနဲ့ပြန်
ကြည့်နေတယ်။ဒီလောက်ဆိုရင်ရှေ့ဆက်ကျုပ်ဘာလုပ်ရမယ်ဆိုတာကို
သိလိုက်ပါပြီ။ကျုပ်လုပ်ဆောင်ရမယ့်
ကိစ္စတစ်ခုပြီးတာနဲ့ဒီအိမ်ကြီးရဲ့ဝေးရာ
ကိုကျုပ်ဘာသာထွက်သွားဖို့ဆုံးဖြတ်ပြီးပါပြီ။
( ၃ )
နေ့လည်ကအရိုတ်ခံထားရတဲ့ဒဏ်ရာ
တွေကြောင့်ကျုပ်တကိုယ်လုံးကိုတ်ခဲ
နာကျင်နေတယ်။ခြေထောက်တစ်ဘက်
ကဆိုကောင်းကောင်းတောင်လမ်းမ
လျှောက်နိုင်ဘဲထော့နင်းထော့နင်းဖြစ်
နေတာ။ဒါပေမယ့်ကျုပ်လဲလျောင်းမနေ
နိုင်ဘူး။မှောင်မိုက်နေတဲ့ညနက်နက်မှာ
မသိစိတ်တစ်ခုရဲ့လှ ုံ့ဆော်မှုကြောင့်
ကျုပ်စိတ်တွေအိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ကျုပ်ထင်တဲ့အတိုင်းပဲညသန်းခေါင်အချိန်လောက်မှာ အိမ်ကြီးဆီက
တစ်စုံတစ်ယောက်ရဲ့လှ ုပ်ရှားမှုကိုခံ
စားသိရှိလိုက်တယ်။မကြာပါဘူးနောက်
ဖေးဘက်တံခါးဆီကတံခါးဖွင့်လိုက်သံ
ထွက်ပေါ်လာပြီးမည်းမည်းအရိပ်တစ်ခု
ရဲ့လှ ုပ်ရှားမှုကိုတွေ့လိုက်ရတယ်။
ကျုပ်မျက်လုံးလျင်လျင်ထားပြီးကြည့်
နေတုန်းမှာပဲအရိပ်မည်းကယိုင်တိယိုင်
တိုင်နဲ့ခြံထဲကိုဆင်းလာတယ်။ကျုပ်
တွက်ဆထားသလိုပဲချစ်တိုးလေးဟာ
နေမကောင်းတဲ့ကြားကအိပ်မက်ထဲ
ယောင်ပြီးထလာတာ။ဒီလိုဖြစ်မယ်ဆို
တာကိုသိနေလို့ကျုပ်စောင့်နေတာ။
ဒါကကျုပ်ရဲ့နောက်ဆုံးအခွင့်အရေးဆို
တာကျုပ်သိတယ်။မျက်လုံးမဖွင့်ဘဲ
ယောင်ကန်းကန်းနဲ့အသိစိတ်ကင်းမဲ့စွာလမ်းလျှောက်နေတဲ့
ချစ်တိုးလေးနောက်ကနေကျုပ်ထပ်ကြပ်မကွာလိုက်ခဲ့လိုက်တယ်။တစ်လှမ်း
နှစ်လှမ်းခြေလှမ်းဆယ်လှမ်းမပြည့်ခင်
မှာကျုပ်ထင်တဲ့အတိုင်းဖြစ်လာတယ်။
ချစ်တိုးလေးဟာညမှောင်ထုအောက်
မှာရှေ့ကိုဆက်မသွားဘဲတွေတွေကြီး
ရပ်နေတယ်။ကျုပ်ချစ်တိုးလေးအနား
ကိုကပ်ပြီးသူရဲ့ဘောင်းဘီစကိုအရင်
လှမ်းဆွဲလိုက်တယ်ဆိုရင်ပဲအရိမ်မည်း
တစ်ခုကကျုပ်နဲ့ချစ်တိုးလေးကြားခုန်
ပျံဝင်ရောက်လာတယ်။
်
ကျုပ်ချစ်တိုးလေးဘောင်းဘီစကိုလွှတ်
ချလိုက်ပြီးကျုပ်တို့ကြားရောက်လာ
တဲ့အရိပ်မည်းကိုပြန်တိုတ်ခိုတ်လိုက်
တယ်။ခါတိုင်းလိုအင်းအားနဲ့ဆိုဒီလောက်
ကအလွယ်တကူအနိုင်ရနိုင်ပေမယ့်ခု
တော့အရိုတ်ခံထားရတဲ့ဒဏ်ရာတွေ
ကြောင့်ကျုပ်တကယ်လုံးထင်သ
လောက်မလှုပ်ရှားနိုင်ဘဲခြေကုန်လက်
ပန်းကျချင်လာတယ်။ချစ်တိုးလေးက
တော့နေရာမှာပဲတွေတွေကြီးရပ်နေတယ်။ကျုပ်နဲ့တိုတ်ခိုတ်နေတဲ့ကောင်
ကအားကောင်းရုံတင်မကဘူးအတိုတ်
အခိုတ်လည်းအတော်ကောင်းတယ်။
ကျုပ်အားကုန်းသုံးခုခံတိုတ်ခိုတ်ရင်းနောက်ဆုံးပွဲသိမ်းအနေနဲ့ရှိသမျှခွန်အားကုန်သုံးပစ်လိုက်တယ်။ဒီကောင်
အတော်လေးအထိနာသွားပုံရတယ်
အသံတောင်မထွက်နိုင်ဘဲအမှောင်ထဲကို
ထွက်ပြေးသွားတယ်။ကျုပ်လည်းတွေ
ဝေမနေတော့ဘဲချစ်တိုးလေးရှိရာကို
တဟုန်ထိုးပြေးသွားပြီးဘောင်းဘီစ
ကိုပြေးဆွဲလိုက်တယ်။ချစ်တိုးလေး
ကျုပ်ဆွဲခေါ်ရာနောက်ကိုတရွေ့ရွေ့ပါလာတယ်။ကျုပ်နောက်ဖေးတံခါးကနေ
ချစ်တိုးလေးကိုအိမ်ထဲကိုဆွဲသွင်း
တွန်းထိုးထည့်လိုက်ပြီးတံခါးကိုကိုယ်လုံးနဲ့ထိန်းရှေ့လက်နဲ့ဖြည်းဖြည်း
ချင်းဆွဲပိတ်လိုက်တယ်။ပြီးတော့ကျုပ်
ဘယ်လိုမှမဟန်နိုင်တော့တာမို့တံခါး
ပေါက်နားမှာပဲလှဲချလိုက်ရတယ်။
( ၄ )
မနက်ခင်းရဲ့နေရောင်ခြည်နုနုကတစ်
လောကလုံးကိုဖျန်းပက်ထားပြီးလော
ကကြီးတစ်ခုလုံးသာယာလှပနေတယ်။
” ဟယ် ယောကျာ်းရေ ဒီလုံးပြန်ရောက်
လာပြီတော့ သားလေးရေချစ်တိုး … ဒီလုံး
ပြန်လာပြီ လာကြည့်ပါဦး ”
ဒဏ်ရာတွေကိုတ်ခဲနာကျင်နေတဲ့ကြား
ကအိမ်ကြီးရှင်မရဲ့အသံစူးစူးကြောင့်
ကျုပ်အားယူပြီးခေါင်းထောင်ကြည့်
လိုက်တယ်။ဟုတ်တယ် ဒီလုံးဆိုတဲ့
ကောင်ပြန်လာပြီ။ဒီအိမ်ရဲ့အမှောင်ရိပ်ဆိုးကြီးပျောက်ကွယ်သွားပြီဆိုတော့
ဒီကောင်ပြန်လာပြီပေါ့။ကျုပ်တို့လို
ကောင်တွေရဲ့အသိစွမ်းအင်ကြောင့်
ဒီအိမ်မှာတစ်စုံတစ်ယောက်ဟာတစ်စုံ
တစ်ရာဖြစ်တော့မယ်ဆိုတာကိုကျုပ်
သိနေသလိုဒီကောင်လည်းသိနေလို့
အိမ်ကထွက်သွားတယ်ဆိုတာကျုပ်က
သိပြီးသား။
တစ်ခါတလေအိမ်ကြီးရှင်တွေရဲ့တစ်စုံ
တရာကံဆိုးအမှောင်ကျမှုတွေကိုကျုပ်တို့တွေက
ခါးစည်းခံပေးရတတ်တယ်။
ခုတော့ဒီအမှောင်ဆိုးကြီး
ကိုကျုပ်ကကိုယ်စားခံယူလိုက်ပြီဆို
တော့ဒီကောင်ပြန်လာပြီပေါ့။ကျုပ်
ဒီလုံးကိုခပ်တင်းတင်းကြည့်နေလိုက်
တယ်။ဒီကောင်ကလည်းကျုပ်ကို
ပေစောင်းစောင်းနဲ့ပြန်ကြည့်တယ်။
ဒီကောင့်ရဲ့အကြည့်တွေကကျုပ်ကိုအ
နိုင်ရလို့သဘောကျနေတဲ့အကြည့်တွေ။
ဒီကောင်ဘယ်အချိန်ပြန်လာ လာအိမ်ကြီးရှင်တွေကအပြစ်မမြင်ဘဲ
ကြိုဆိုနေမြဲဆိုတဲ့သဘောတွေ။ကျုပ်ကိုအသာစီး
ရတယ်ဆိုတဲ့ပုံစံနဲ့
ကျုပ်လိုကောင်ကိုဂရုစိုက်စရာမလိုဘူး
ဆိုတဲ့မထီမဲ့မြင်ဟန်တွေကိုကျုပ်ဘာမှမ
တတ်နိုင်ဘဲမုန်းတီးတဲ့အကြည့်တွေနဲ့
ပဲစိုက်ကြည့်နေလိုက်တယ်။
” ဟဲ့ မဲတူးဘာကြည့်နေတာလဲနင်အမြဲရန်
လုပ်နေလို့…ဒီလုံးခမျာကြောက်ပြီးအိမ်ကထွက်သွားရတာကို…
ဘာလဲခုထပ်ပြီးရန်ရှာမလို့လား ..ယောကျာ်းရေ ရှင့်ကောင်ကိုလာကြည့်
ဦး.. ဒီလုံးကိုစားတော့ဝါးတော့မလို့ကြည့်
နေတာ.. မိန်းမတော့မဲတူးကိုအိမ်မှာမထား
ချင်တော့ဘူး…ဟင် — ယောကျာ်းရေအမြန်လာပါဦး… ရှင့်ကောင်မဲတူးကိုကြည့်ရတာတစ်မျိုးပဲ သွားရည်တွေလည်းကျနေတယ် ”
အိမ်ကြီးရှင်မကကြိမ်းမောင်းပြောဆိုနေရင်းကျုပ်ကိုလှမ်းကြည့်ပြီးထိတ်လန့်တ
ကြားနဲ့ယောကျာ်းဖြစ်သူကိုလှမ်းခေါ်လိုက်တယ်။ကျုပ်ကျေကျေနပ်နပ်ပဲပြုံး
နေမိပါတယ်။အိမ်ကြီးရှင်မရဲ့အော်သံ
ကြောင့်အိမ်ကြီးရှင်ကျုပ်အနားကို
အပြေးရောက်လာတယ်။
“ဟာ မဲတူးတကိုယ်လုံးအကိုက်ခံထား
ရတဲ့ဒဏ်ရာတွေအပြည့်ပါလား …သွား
ရည်တွေကျနေတာဆို
တော့ပုံမှန်မဟုတ်ဘူး…မဲတူးအခြေအနေက
မကောင်းတော့ဘူးမိန်းမ ”
” ဟာ မဲတူးရူးသွားပြီထင်တယ် မင်း ဒါဆိုဒီတိုင်း
ထားလို့ဘယ်ဖြစ်မလဲ … ဟဲ့ အောင်ဘုတို့…မင်းစိန်တို့ရေလာကြပါအုံး
ဟဲ့ …ဒီမှာမဲတူးရူးးနေပြီတဲ့ တစ်ခုခုလုပ်ကြ
ပါအုံး ”
အိမ်ကြီးရှင်မရဲ့အော်သံစူးစူးကိုကြားလိုက်ရပြီးကျုပ်အိမ်ကြီးရှင်ကိုအား
ကိုးတကြီးလှမ်းကြည့်လိုက်တော့စိတ်မ
ကောင်ဟန်နဲ့ငေးကြည့်နေတာကို
တွေ့လိုက်ရတယ်။ချစ်တိုးလေး။ဟုတ်
တယ်ချစ်တိုးလေးအိမ်ပေါ်ထပ်ကနေ
ထိတ်လန့်ကြောက်ရွံနေတဲ့ပုံနဲ့ကျုပ်ကို
လှမ်းကြည့်နေတယ်။ကျုပ်ချစ်တိုးလေး
ကိုကြည့်ပြီး နောက်ခြေကိုဒရွတ်ဆွဲပြီး
ချစ်တိုးလေးရှိရာကိုလှမ်းသွားမိတယ်။
“ဟဲ့ မြန်မြန်လုပ်ကြပါဟဲ့… ဟိုမှာမဲတူးထလာပြီ.. ငါ့သားလေးကနေ
သိပ်ကောင်းတာမဟုတ်ဘူး တော်ကြာ
ကလေးလန့်သွားမယ် ”
နားထဲမှာအိမ်ကြီးရှင်မရဲ့အသံကိုနောက်ဆုံးကြား
လိုက်ရပြီးကျုပ်ခေါင်းကိုမာကျောတဲ့
အရာတစ်ခုနဲ့အရိုတ်ခံလိုက်ရတယ်။နာကျင်မှုနဲ့အတူလောကကြီးတစ်ခုလုံးအမှောင်ကျသွားတာကိုကျုပ်သိလိုက်တယ်။
################
ဧကြည်ဖြူ