မြေခဲစားရသည့် ပြိတ္တာ

Posted on

မြေခဲစားရသည့် ပြိတ္တာ(စ/ဆုံး)
——————————-
အဖွားငယ်ပြောပြခဲ့ဖူးသော ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ကာယကံရှင်များအား
ထိခိုက်မည်စိုးသောကြောင့် အမည်နာမများအား လွှဲပြောင်းရေးထားသည်။
စံပျော်ရွာလေးသည် စံပျော်ဆိုသည့် နာမည်အတိုင်း အလွန်ပင်နေချင်စရာ
ကောင်းသည့်ရွာလေးဖြစ်သည်။ ထိုရွာ၏အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်
သဖြင့် ခြံမြေအများကြီး ပိုင်ဆိုင်ထားသူက
ရွာ၏သူဌေးစာရင်းဝင်ဖြစ်သည်။ ထိုရွာတွင်နေထိုင်သော ဒေါ်လွမ်းသည်ကား မြေယာအများဆုံးပိုင်ဆိုင်သည့် သူဌေးစာရင်းဝင်ဟုဆိုလျှင်မမှားချေ။ သူမသည် ထိုခြံမြေများအား
လု၍တဖုံ စျေးနှိမ်ဝယ်၍တမျိုးဖြင့် ရယူခဲ့ခြင်းဖြစ်သည်။
ဒေါ်လွမ်းသည် သားသမီးရှစ်ယောက်၏မိခင်ဖြစ်လေရာ သားသမီးများ၏နောင်ရေးအတွက် မကောင်းမှုကိုကြူးလွန်ခဲ့သည်။ သူမနဲ့ခြံကွက်ချင်းနီးစပ်သူတို့မှာ သူ့ထံတွင် စျေးပေါပေါဖြင့် ခြံကွက်ရောင်းကြရသည်။ မရောင်းလျှင်လည်း အရှုံးခံရမည့်သဘောဖြစ်သည်။ အကြောင်းမှာ ဒေါ်လွမ်းသည် သူ၏ခြံကွက်အနီးနားရှိ တပါးသူ၏ခြံမြေကွက်ကို တစ်လက်မ ရတစ်လက်မ ယူသည်။ တစ်တစ်စဖြင့် တိုးယူတိုးယူလေရာ မြေပမာဏများလာ၏။ ငွများငွေနိုင်ဆိုသည့်အတိုင်း ဥပဒေသည်လည်း သူဌေး၏လက်အောက်တွင်သာ။ နောက်ဆုံးတွင် ခြံပိုင်ရှင်များသည် ဒေါ်လွမ်းအား ခြံမြေအလကားပေးမည့်အစား နဲနဲရလည်းတန်သည်ဟု စိတ်ဝယ်မှတ်ကာ ဒေါ်လွမ်းထံမိမိတို့
ပိုင်ဆိုင်သည့်မြေယာများအား ရင်နာနာဖြင့်ပေးလိုက်ရသည်။
သို့သော်သော်ဝဋ်ဟူသည် လည်မြဲမဟုတ်ပါလား။ ဒေါ်လွမ်းအသက်၇၅ နှစ်အရွယ်တွင် သူငယ်ပြန်ရောဂါဖြစ်ကာ အိပ်ယာထဲ၌ချီးသေးတို့ပါချကုန်၏။ သားသမီးများမှာလည်း အိမ်ထောင်ကျကုန်သဖြင့် သူ့အားပြုစုမည့်လူမရှိချေ။ သူနှင့်အတူလာနေသည့် မြေးမလေးတစ်ယောက်ကသာ သူ့ဒဏ်ကို ခံရသည်။ မတရားမြေလုခံခဲ့ရသော သူတို့ကားဒေါ်လွမ်း၏ အဖြစ်ကိုကြည့်ပြီး ဝဋ်လည်တာဟု နောက်ကွယ်၌ပြောကြသည်။ သူငယ်ပြန်ရောဂါဖြင့် အသက် ၇၆ နှစ်အရွယ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားလေသည်။
သို့သော်ဝဋ်ကြီးသော ဒေါ်လွမ်းတစ်ယောက် မိမိ၏မတော်လောဘကြောင့်
သေလွန်သွားသော် မကျွတ်မလွတ်ဘဝဖြင့်သာ ကျင်လည်နေရ၏။ သူပိုင်ဆိုင်ခဲ့သော ရွှေငွေဥစ္စာများကား သားသမီးတို့ကအမွေခွဲဝေယူကြသည်။ သူကိုယ်တိုင်ကား ခြံကျယ်ကြီးထဲတွင်ဆင်းရဲပင်ပန်းကြီးစွာ နေနေရသည်။ တစ်နေ့တွင် သူ့၏မြေးမလေးသည် အမွေရသည့် ခြံထဲသို့အလုပ်သွားလုပ်လေရာ
ခြံထောင့်မှ ငိုသံကိုကြားနေရသည်။
ကြောက်တတ်သူမဟုတ်သဖြင့် ငိုသံကြားရာနေရာသို့. လိုက်ရှာကြည့်သောမလည်း
လူရိပ်လူယောင်ပင်မတွေ့ရချေ။ ငိုသံသည်
ရပ်မသွားဘဲ ထိုခြံပတ်ပတ်ပတ်လည်တွင်
ပတ်ငိုနေ၏။ တစ်ယောက်ယောက်ကသူ့အား စနောက်နေခြင်းဖြစ်မည်ဟု မှတ်ပြီး အလုပ်ဆက်လုပ်နေစဉ် ဘယ်ကလာမှန်းမသိသော မြေစာခဲလေး တစ်ခုသည် သူ့ကျောအားလာမှန်၏။

“အား….ငါ့ကိုဘ်ာသူပစ်လိုက်တာလဲ…

ထွက်ခဲ့နော်…ငိုသံတွေနဲ့စနောက်လိုက်…

မြေစာခဲနဲ့ပစ်လိုက်နဲ့ဘယ်သူလဲ….ခုထွက်ခဲ့..”
ဟုအော်ပြောသော်လည်း မည်သူမျှထွက်မလာချေ။ အလုပ်ပြန်လုပ်လျှင် သူ၏နေရာအနံအား မြေခဲနဲ့ပေါက်ပြန်သည်။ သူဘာမှမပြောတော့ဘဲ အလုပ်သာဆက်လုပ်နေ၏။

“ဘုတ်…”

“အာ့….”

အစကမြေခဲသေးသေးနဲ့သာပစ်သော်လည်း

သူဂရုမစိုက်သောအခါ မြေစာတုံးကြီးက

သူ့ကျောပြင်အားလာမှန်ပြန်သည်။

တစ်ခါ နှစ်ခါသာ မဟုတ်တော့သဖြင့် စိတ်

ကတိုလာကာ ပေါက်ပြားအားပစ်ချလိုက်ပြီး

ထမိန်တိုတိုပြင်ဝတ်လိုက်ကာ

“ဘယ်သူလဲဟဲ့…အတော်အားယားနေတယလား….သူများအလုပ်လုပ်နေတာ… မမြင်ဘူးလား….စောက်လုံးကန်းနေတာလား…ထွက်လာခဲ့စမ်းနားရင်းအုပ်ပစ်လိုက်မယ်…ဟုတ်တယ်လူကိုဘာမှတ်နေလဲမသိ…”

ဟုဘေးဘီအရပ်ကိုကြည့်ကာ ဆဲဆိုလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ထိုမြေးမလေးသည် အဖွားအားပြုစုခဲ့သောကြောင့် အဖွားပိုင်အိမ်ကြီးအား အမွေအဖြစ်ရရှိခဲ့သည်။ ထိုအိမ်တွင်သူတစ်ယောက်တည်းသာနေ၏။ ညဖက် အိပ်ယာဝင်သော အခါသူမသည် သေလွန်လေပြီးသော အဖွားဖြစ်သူဒေါ်လွမ်းအားအိပ်မက်မက်လေ၏။

“ဟင်… အဖွားပါလား….အဖွားဘာလို့မြေကြီးကိုရွက်ထားနေတာလဲ..”

ထိုအခါဒေါ်လွမ်းသည် ကြူကြူပါအောက်ကိုပြီး

“အဖွားရဲ့မတော်လောဘကြောင့် သူများပိုင်မြေကို လုယူခဲ့လို့ဒီဘဝမှာ မကျွတ်မလွတ်နဲ့ မြေခဲကိုဘဲစားရတယ်…ခေါင်းပေါ်မှာလည်းမြေကြီးကိုရွက်ထားရတယ်မြေးလေးရယ်…အဖွားရဲ့လောဘကြောင့်အဖွားအရမ်းပင်ပန်းဆင်းရဲနေရပြီ…အီးဟီးဟီး… မြေးလေးအဖွားကိုကယ်ပါဦး…”

“ဟင်…အဖွားမြေကြီးကိုစားရတယ်ဟုတ်လား…”

“ဟုတ်တယ်မြေးလေးရယ်…အဖွားမှာအကူအညီတောင်းရမဲ့လူဆိုလို့မြေးလေးဘဲရှိတယ်…အဖွားရဲ့သားသမီးတွေကအဖွားကိုသတိမရကြဘူး….နေ့လည်ကအဖွားလေမြေးလေးကို အကူအညီတောင်းချင်လို့ မြေးလေးကြားအောင်အော်ငိုတယ် မြေခဲနဲ့ပေါက်တယ် အဲဒါမြေးလေးကစိတ်ဆိုးပြီး အဖွားကိုဆဲတယ်…ဟီးဟီးဟီး…”

ထိုအခါသူမသည် နေ့လယ်ကသူ့အား မြေစာခဲဖြင့်ပေါက်သူကို သတိရသွားပြီး

“အဲဒါ အဖွားလုပ်တာလား ….မြေးလေးမသိဘူးလေအဖွားရယ်….တစ်ယောက်ယောက်ကလာစနောက်နေတယ်ထင်လို့ပါ…”

“မြေးလေး အဖွားကိုကူညီပေးပါနော်…
အဖွားဒီမြေကြီးကိုရွက်ထားရတာပင်ပန်းလှပြီ ဒီမြေကြီးကိုလည်းမစားချင်တော့ဘူး
အဖွားဗိုက်အရမ်းဆာတယ်…အဖွားကိုဒီဘဝကလွတ်အောင်ကူညီပေးပါနော်…”

“အဖွားကို မြေးလေးဘယ်လိုကူညီပေးရမလဲ…”

“အဖွားပိုင်တဲ့မြေကွက်တွေကို ဘုန်းကြီးကျောင်းကိုလှူပေးပြီးအမျှဝေပေးပါ…..အဖွားသူများမြေကိုလုယူခဲ့တဲ့အပြစ်ကြွေးတွေကို
ဆေးကြောပေးပါ…အဖွားဒီဘဝကလွတ်ချင်လှပြီ…”

“အင်းပါ..မြေးလေးအဖွားကိုဒီဘဝကလွတ်အောင်လုပ်ပေးမယ်နော်…အဖွားကိုမြေးလေးသနားတယ်…”
“ကျေးဇူးတင်လိုက်တာမြေးလေးရယ်…
အဖွားသာဓုခေါ်ဖို့စောင့်နေမယ်နော်…”
“ဟုတ်အဖွား….”
“ဟဲ့…မိသီတာ…မထသေးဘူးလားဟဲ့နေဖင်ထိုးနေပြီ…အိမ်မှာမနေချင်တာ ဒီမှာဘုရင်လိုအိပ်ရလို့ကိုး…”
သီတာ၏မိခင် ကြီးဒေါ်မိုးဆုမှ အသံကျယ်ကြီးဖြင့် တံခါးပုတ်နိုးလေမှ သူအိမ်မက်မက်နေမှန်း သိရ၏။
အိပ်မက်အကြောင်းအား အဖွား၏သားသမီးမြေးများကိုပြောပြလိုက်သော် သူတို့ပိုင်သည့်မြေများလှူပေးရမည်စိုးသောကြောင့် အင်းအဲမလုပ်ကြချေ။
“ဦးလေး ဒေါ်လေးတို့ အဖွားအတွက်မလှူချင်နေ သမီးတော့အဖွားဆီကရတဲ့
ခြံအမွေလေးကိုဘုန်းကြီးကိုလှူပြီး အဖွားကို မြေကြီးရွက်ထားရတဲ့ဘဝကနေကျွတ်အောင်လုပ်မယ်…”
ထိုအခါတခြားလူများက
“ရူးပါ့ဟယ်…သူ့အကုသိုလ်နဲ့သူပေါ့ ငါတို့တော့အရှုံးမခံနိုင်ဘူးဟေ့”
“အေး…ည ည်းကအမေ့ဆီက အမွေယူထားတာဆိုတော့ည ည်းလှူပေး လိုကိပေါ့အေ့…”
“ဟုတ်တယ်…အဖွားဆီကဘာတွေရထားသေးလဲမသိ…”
သီတာကားသူတို့ပြောသောစကားများကို နားမထောင်တော့ဘဲ ဆွမ်းချိုင့်ပြင်ကာ ဘုန်းကြီးကျောင်းသို့ထွက်သွားလေ၏။ ဆရာတော်အား လျှောက်သောအခါ
ဆရာတော်သည် သူများဥစ္စာကို မတော်လောဘဖြင့် ယူရခြင်းအကျိုးအပြစ်တို့ကို
ဟောပြောပြပြီး ရေစက်ချကာ ကွယ်လွန်သူ
ဒေါ်လွမ်းအား အမျှပေးဝေလေသည်။
ဒေါ်လွမ်း၏မြေအလှူကိုလက်ခံကြောင်းလဲပြောပြီး ကျွတ်လွတ်ရာဘုံဘဝသို့
ရလွယ်ရောက်လွယ်စေရန် အမျှအတမ်းပေးဝေခဲ့လေသည်။
ညရောက်သော် သီတာ၏အိပ်မက်ထဲသို့အဖွားဖြစ်သူ ရောက်လာ၏။
ခါတိုင်းကဲ့သို့မြေကြီးခေါင်းပေါ်ရွက်မထားရတော့ဘဲ အဝတ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထား၏။

“ဟာအဖွား…အဖွားသာဓုခေါ်နိုင်ပြီပေါ့….
မြေးလေးပျော်လိုက်တာ…”

“ဟုတ်တယ်မြေးလေး…အဖွားမြေကြီးခေါင်းပေါ်ရွက်ပြီး…မြေခဲတွေစားရတဲ့ဘဝကနေလွတ်သွားပြီ…ငါ့မြေးလေးလည်း အဖွားဆီက သံဝေဂတရားယူပြီး သူများပိုင်ဥစ္စာတွေကို တစ်လက်မ မှတောင်မယူမိနဲ့နော်….အဖွားသွားရတော့မယ်…မြေးလေးကိုနုတ်ဆက်ခဲ့တယ်နော်…”
“အဖြား…အဖြား….”
သူနိုးလာခဲ့ပြီး အိပ်မက်ထဲမှအဖွားမြေကြီးရွက်ထားရသည့် ပြိတ္တာ ဘဝမှကျွတ်လွတ်သွားသောကြောင့် သီတာတစ်ယောက်ပျော်မဆုံး ဖြစ်နေတော့သည်။…….။

#ပြီး
#ခွန်း