မှော်ရေကန်ကြီး(စ/ဆုံး)
———————
ကျုပ်တို့ရွာရဲ့ သုံးရွာကျော်က
ကန်ကြီးရွာဆိုတဲ့ အိမ်ခြေတစ်ထောင်
ကျော်တဲ့ ရွာကြီးရှိတယ်ဗျ
ကန်ကြီးရွာဆိုတဲ့အတိုင်း အဲ့ဒီရွာရဲ့
အလယ်တည့်တည့်မှာ တစ်ဧကကျော်
တဲ့အများသူငါ သောက်သုံးကျတဲ့
ရေကန်ကြီးရှိတယ်
အဲ့ဒီကန်ကြီးက အရမ်းကိုထူးခြားတဲ့
ရေကန်ကြီးဗျ
ကျုပ်တို့ငယ်ငယ်က အိပ်ရာ၀င်ပုံပြင်
လို အဲ့ဒီရေကန်ကြီးရဲ့ ထူးခြားချက်
ကိုကြားဖူးနေကျလေ
ဒီလိုဗျ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်
ဆယ်လောက်တုန်းက ကျုပ်တို့
နယ်တစ်ဝိုက်က သောက်သုံးရေ
ရှားပါးကျတယ်တဲ့ မိုးနှောင်းတဲ့အခါ
မျိုးတွေဆိုလူတွေက ရေကြည်တောင် သောက်ဖို့မရှိကျဘူးတဲ့
အဲ့ဒီလောက်ကို ရေရှားပါးတော့
အခုကန်ကြီးရွာ တည်မဲ့နေရာကို
သူတော်စင်တစ်ပါး ကြွရောက်လာပြီး အဲ့ဒီတစ်ဧက ကျော်တဲ့
ရေကန်ကြီးကို လူအများရဲ့
အကျိုးစီးပွားကို မျှော်ကိုးပြီး
နက္ခတ်သဘင်အစီရင် ဂန္ဓာရီအတက်
ပညာကို အသုံးပြုကာ ၁၂လရာသီ
လုံးလုံး လုံး၀ကို ရေခမ်းခြင်းမရှိ
အောင် အစီရင်မန္တာန်များဖြင့်
ထိုရေကန်ကြီးကို ဖြစ်ပေါ်စေခဲ့တာ
ဒါကြောင့် ကန်ကြီးရွာရဲ့ ရေကန်ကြီး
ကို “မှော်ရေကန်ကြီးလို့”လူတွေက
တင်စားပြီးခေါ်ကျတယ်။
တပေါင်း တန်ခူးမှာ အကြောင်းထူးကာ ရေရှားပြီဆိုရင် အနီးနားက
ရွာတွေကပါ လှည်းတွေကိုယ်စီနဲ့
ကန်ကြီးရွာရဲ့ ရေကန်ကြီးမှာ
ရေသယ်ကျရတာ ယခုချိန်ထိပါပဲ။
ရေသယ်ဖို့ ရပ်ရွာအသီးသီးက လာကျတဲ့ လှည်းတန်းရှည်ကြီးက
ပွဲတော်ကြီးအလား စီးကားကျတယ်
လူတွေဆိုလဲ ရေခပ်သူတွေ ရေထမ်း
သူတွေကလဲ ကြက်ပျံမကျကို
စီကားလွန်းဝာာ တိုးလို့ကိုမပေါက်ဘူးဗျို့
ရှေးလူကြီးတွေကတော့ ထိုရေကန်ကြီးနဲ့ပက်သက်ပြီး စည်းကမ်းတွေ
သတ်မှတ်ထားကျတယ်
အဲ့ဒါတွေကတော့
နံပါတ်မှာတစ် မှော်ရေကန်ကြီးထဲသို့
အမျိုးသမီးတွေကို မဆင်းစေဘူး
လုံမေပျိုလေးများ ရေလာခပ်ရင်
အနားရှိတဲ့ကာလာသားတစ်ယောက်
ယောက်ကသာ ရေအိုးကိုယူပြီး
ဆင်းခပ်ပေးရတယ်ဗျ
အဲ့လိုမဟုတ်ပဲ မိန်းကလေးတစ်ယောက်ယောက်က မှော်ရေကန်
ကြီးထဲ ဆင်းလိုက်တာနဲ့
ကြည်စိမ်းနေတဲ့ ရေကြည်တွေက
ချက်ခြင်းဆိုသလို ရေနှောက်တွေ
ဖြစ်သွားတယ်တဲ့ ကန်တော့ပွဲပေးပြီး
အမွှေးနံ့သာတွေနဲ့ ပြန်တောင်းပန်
တာတောင် တစ်လလောက်မှ
ပြန်ကြည်တာတဲ့ ။
ဒါက ရေကန်ကြီးရဲ့အရေးကြီးတဲ့
တစ်အချက်”
နံပါတ်နှစ်ကျတော့ ရေကန်ထဲရေဆင်း ခပ်တဲ့ယောက်ျားက
အရက်သေစာ သောက်စားပြီးမဆင်း
ရဘူးတဲ့
အဲ့လိုဆင်းပြီဆိုရင် ရေကန်ကြီးရဲ့
ရေတွေဟာ ပုပ်အက်အက်အနံ့ကြီး
ဖြစ်ပြီး ကျိုချက်သောက်တာတောင်
ထိုအနံ့ကြီးက မပျောက်ဘူးတဲ့ဗျ
နံပါတ်သုံးကတော့ ရေကန်ကြီးရဲ့
အနီးနားမှာ ကြမ်းတမ်းခတ်ထန်စွာ
ဆဲဆိုတိုင်းထွာခြင်းမပြုရတဲ့
အဲ့လိုဆဲဆိုပြီဆိုရင် ချက်ချင်းကို
အာသီးပိတ်ခံရတယ်တဲ့
ကန်တော့ပွဲပေးပြီး မတောင်းပန်မချင်း ဆဲဆိုသူကလုံးလုံးစကားပြောလို့မရဘူးတဲ့
ဒါတွေကတော့ ကန်ကြီးရွာက
မှော်ရေကန်ကြီးရဲ့ ထူးဆန်းဖွယ်ရာ
ဖြစ်ရပ်ဆန်းတွေကြောင့် ရှေးလူကြီး
တွေ ချမှတ်ထားတဲ့ စည်းကမ်းတွေ
ရေသွားခပ်မဲ့သူတွေ လိုက်နာရတဲ့
အချက်တွေပေါ့ဗျာ။
အခုလဲ ဒီနှစ်က မိုးနှောင်းတော့
သောက်သုံးရေက ရှားလာပြီလေ
ကျုပ်လဲ အိမ်အတွက်နွားလှည်းနဲ့
ရေသွားတိုက်ဖို့ ပြင်နေတုန်း
မောင်သိန်းရေ ‘ မောင်သိန်း”
ဝိုင်း၀က ကျုပ်အမည်ကိုအော်ခေါ်နေ
တာ
ကျုပ်လဲ ဘယ်သူလဲကြည့်လိုက်တော့ ကန်ကြီးရွာက ကို၀င်းတင်ဗျ
ဒီလူက ကျုပ်နဲ့ လွတ်ခင်တာလေ
စိတ်ရင်းကလဲ လွတ်ကောင်းတဲ့လူကြီး
ကျုပ်လဲ ကို၀င်းတင် လာလေဗျာ”
“အိမ်ပေါ်ကို ခေါ်လိုက်တယ်”
ကို၀င်းတင်က ခပ်သွက်သွက်ပဲ
အိမ်ပေါ်တက်လာပြီး ဟိုကြည့်
ဒီကြည့်နဲ့
မောင်သိန်းရေ” ပြသနာတော့ကြီးပြီကွ။
ဘာဖြစ်လာလို့လဲဗျ” ကျုပ်လဲမေး
လိုက်တော့။
ဒီလိုမောင်သိန်းရဲ့ ” အခုဒို့ရွာမှာ
နွားမဓမ်းမလောက်ရှိတဲ့ ခွေးနက်ကြီး ညညဆို ရွာထဲလိုက်ပတ်နေတယ်ကွ။
အဲ့ဒီလိုရွာထဲကို ခွေးကြီးပတ်ပြီး
မနက်ဆို ရွာထဲမှာ တစ်အိမ်အိမ်က
တစ်ယောက်ယောက်သေတဲ့သတင်း
ကိုကြားရတာပါပဲကွာ
ကျုပ်လဲ ” အဲ့ခွေးနက်ကြီးကဘယ်က
ထွက်လာတာလဲဗျ
မှော်ရေကန်ကြီးက ထွက်လာတာကွ။
ခဗျာ” ကို၀င်းတင်ရဲ့စကားကိုကြားပြီး ကျုပ်လဲ အံ့အားသင့်သွားရတယ်
ဘယ်လိုဖြစ်လို့ မှော်ရေကန်ကြီးက
ထွက်လာရတာလဲဗျ
ကျုပ်ရဲ့စကားကိုကြားပြီးတော့
ကို၀င်းတင်က “ဒါတော့ငါလဲအသေ
ချာတော့မသိပါဘူး
ခွေးနက်ကြီးရဲ့ အနောက်ကိုလိုက်
ကျတဲ့လူတွေ ပြောကျတာတော့
ခွေးနက်ကြီးက မှော်ရေကန်ကြီးထဲ
ပြေးဆင်းသွားပြီး ပျောက်သွား
တယ်ကွ။
ကျုပ်လဲ ကို၀င်းတင်ရဲ့ ပြောစကား
အရ အဲ့ဒီနွားမဓမ်းမလောက်ရှိတဲ့
ခွေးနတ်ကြီးအကြောင်းကိုစိတ်၀င်
စားပြီး ကိုယ်တိုင်ကြုံဖူးချင်နေတယ်
ဒါကြောင့်လဲ ကျုပ်ဆရာကြီး
ဦးရန်သိန်းပြောတဲ့အတိုင်း
အင်းတော်အစောင့်တွေကို
တိုင်တည်ရတာပေါ့
ဒီညအဖို့ ရွာကိုနှောက်ယှက်မည့်
မြင်အပ်မမြင်အပ် မကောင်းဆိုးဝါးကို ကျုပ်အား ရှင်းရှင်းလင်းလင်း
ပြပေးတော်မူပါလို့
တိုင်တည်ထားပြီး ကို၀င်းတင်နဲ့အတူ
ကန်ကြီးရွာက ခွေးနတ်ကြီးကို
ဝိုင်းစောင့်ကြည့်မဲ့ ကင်းကျသည့်
ကာလသားများနဲ့အတူ
ကျုပ်နဲ့ကို၀င်းတင်လဲ အခြေနေကို
အတူတူစောင့်ကြည့်နေလေ၏
ထိုနေ့ကား လပြည့်ညဖြစ်တယ်ဗျ
ကျုပ်နဲ့အတူ ကန်ကြီးရွာက ကာလ
သားများလဲ ရေကန်ကြီး၏
မနီးမဝေးနေရာမှာ
ကင်းပုန်းများအသီးသီးယူ၍
စောင့်နေလိုက်တယ်
၁၂နာရီ အချက်ပေးသံချောင်း
ကြားရသည့်နက် တပြိုင်ထဲ
ရွာလယ်ကနေ ခွေးများက
ငယ်သံပါအောင် ဆူညံ့စွာ
အူနေလေတယ်ဗျ
ကျုပ်တို့လဲ လက်နှိပ်ဓာတ်မီးများ
အသာပိတ်၍ လရောင်ဖျော့ဖျော့
အောက်မှာ မည်းမည်းအကောင်ကြီး
နွားမဓမ်းလောက်ရှိတယ်
ကျုပ်လဲအသေချာအာရုံစိုက်၍
ဘာကောင်လဲဆိုတာအသေချာ
စူးစမ်း၍ကြည့်တော့
ဟုတ်ပါ့ဗျာ” ခွေးနက်ကြီး နွားမဓမ်း
မလောက်ရှိတယ် ခွေးကြီးရဲ့မျက်လုံးတွေက နီနီရဲရဲကြီး အစွယ်ကြီးက အရှေ့ကိုတစ်လက်မလောက်
ကောက်ထွက်နေတယ်
လျှာကြီးကလဲ တစ်လစ်ကြီး
အရှေ့ကိုတစ်တောင်လောက်ကို
ထွက်ကျနေတယ်
ကျုပ်တို့တစ်တွေလဲ ရွာထဲကိုပြေး၀င်မှာစိုး၍ စိုးရိမ်တကြီးနဲ့
တုတ် ဓား လှံကိုယ်စီဖြင့်
ရရာလက်နက်ဆွဲကိုင်၍ ဝိုင်းလိုက်
ကျတော့ ခွေးနက်ကြီးကျ
ရွာဦးကျောင်းက ဆွမ်းစားကျောင်းနဲ့
ဓမ္မာရုံကျောင်းဆောင် နှစ်ခုကြား
ပြေး၀င်သွားတယ်
ကျုပ်တို့လဲ လက်မလျော့ပဲဆက်လိုက်ကျရာ အမလေးဘုရား
ကျောင်းဆောင်နှစ်ခုကြားရောက်တော့ ခွေးနက်ကြီးက မူလအသွင်
ပပျောက်ပြီး
ထန်းပင်ပမာဏ အရွယ်ရှိတဲ့
သရဲကြီးဖြစ်သွားတယ်ဗျ သျှောင်ထုံးကြီးနဲ့ ကျုပ်တို့
လဲ သတိလက်လွတ်ဖြစ်ကာ
ရွာကိုအသည်းသန်ပြန်ပြေးလာရတယ်
နောက်နေ့ရောက်တော့ ရွာထိပ်က
ရွာတော်စောင့်နတ်က ကိုအောင်ကြီးကို ၀င်းပူးကာ
ရွာ၏အကျိုးစီးပွားကို မလိုလားသူက တစ္ဆေခေါ် မကောင်းတဲ့ အတက်
ပညာဖြင့်စီမံထားတဲ့ အင်းတချပ်ကို
ရေကန်ကြီးရဲ့အနီးနားမှာ
လာမြုပ်ထားသာကြောင့်
မှော်ရေကန်ကြီးက ရွာကိုထိခိုက်
စေတာလို့ ၀င်းရောက်ပူးကပ်၍
ပြောလေ၏
ကျုပ်နဲ့ကာလသားတွေလဲ မှော်ရေကန်ကြီး၏ အနီးနားမှာ
ထိုတစ္ဆေခေါ်အင်းကို လိုက်ရှာကျရာ
ရေကန်ကြီး၏အနီး ကုက္ကိုလ်ပင်ကြီးဂွခြား၌ ထိုအင်းအား
တွေ့လေတော့သည်
ဒီလိုနဲ့တက်သိနားလည်သောလူကြီး
များအားပြပြီး အကောင်းစုံပြောပြကာ မှော်ရေကန်ကြီးအား ကန်တော့ပွဲ
များပေးကာ အမွှေးနံ့သာများအား
ရေကန်ကြီး၏ ပတ်ပတ်လည်အနှံ
လိုက်လံလောင်းစေမှသာ
လပြည့်နေတိုင်း ရေကန်ကြီး၏
ကန်ဘောင်ရိုး၌ခါတိုင်းလို
ခွေးနက်ကြီးအား လုံးလုံးမတွေ့ပဲ
၀တ်ဖြူစင်ကြယ်ဖြင့် ပုတီးစိပ်နေ
သော သူတော်စင်တစ်ပါးအား
လူအများက ကန်ေဘာင်ရိုး၌မကြာခဏ
တွေ့ရသည်ဟု သတင်းကြီးသွားပါ၏။
စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။
(ကပ္ပိယလေးကြွက်ပုတ်)