ရိပ်သာမှာခြောက်တဲ့သရဲ

Posted on

**ရိပ်သာမှာခြောက်တဲ့သရဲ***(စ/ဆုံး)
——–ဖြစ်ရပ်မှန်——–

စာရေးသူငယ်စဉ်ကကျောင်းပိတ်ရက်တစ်ရက်မှာတော့သူငယ်ချင်းနှင့်ရိပ်သာကြီးတစ်ခုတွင်တရားစခန်းဝင်ဖြစ်သည် ။

ရိပ်သာကရန်ကုန်မြို့ရဲ့နံမည်ကြီးရိပ်သာတစ်ခုဖြစ်၍စည်းကမ်အလွန်ကြီး၏

ရိပ်သာဝင်းကလည်းအတော်ကျယ်ပြီးအဆောင်များစွာရှိသည့်အနက်ကိုယ်နှင့်သူငယ်ချင်းကရိပ်သာနောက်ဘက်ရှိအစွန်ဆုံးအဆောင်တွင်နေရာရပေသည်။

အဆောင်သည်နှစ်ယောက်ခန်းများမျက်နှာချင်းဆိုင်ထားရှိကာလေးထောင့်ပုံစံအဆောက်အဦးဖြစ်၍အဆောင်၏
အလယ်တွင်မျက်ခင်းပြင်ပါရှိသောကြောင့်ကျယ်ကျယ်ဝန်းဝန်းရှိလှသည်။

မျက်နှာချင်းအခန်းများကမြက်ခင်းပြင်တစ်ဘက်တစ်ချက်တွင်ရှိ၍လေကောင်းလေသန့်ရအောင်ဆောက်ထားခြင်းဖြစ်သည် ။


ရိပ်သာသည်သက်တန်းကြာပြီဖြစ်၍အရိပ်ရအပင်ကြီးများလည်းရှိတာမို့အေးချမ်းဆိတ်ငြိမ်လှပေသည်။ရိပ်သာပတ်ဝန်းကျင်ကလည်းဆူဆူညံညံမရှိပါ

အဆောင်တိုင်းတွင်အဆောင်မှုးတစ်ဦးစီထားရှိကာအဆောင်မူှးကအဆောင်ရှိယောဂီများကိုအုပ်ချုပ်ရသည် ။

အဆောင်ထိပ်တွင်အဆောင်တံခါးရှိကာသော့ကိုအဆောင်းမှုးကကိုင်ထား၏ ။

အချိန်ဇယားအရမနက်၃နာရီထကာတရားထိုင်ရန်အဆောင်ကထွက်ကထဲကလူစစ်ကာအဆောင်တံခါးပိတ်ထားလိုက်၏။

မနက်အာရုံဆွမ်းစားပြီးသည်နှင့်အဆောင်ပြန်ခွင့်မရတော့ပေ

နေ့လည်ထမင်းစားချိန် ရေချိုးချိန် အပေါ့အပါးသွားချိန်မှလွဲ၍အဆောင်မပြန်ရညအိပ်ချိန်မှာသာပြန်ခွင့်ရလေသည် ။

တစ်နေကုန်တရားထိုင်လိုက်စင်္ကြန်ရှောက်လိုက်ဖြင့်မနားတမ်းတရားမှတ်ရ၏

တရားမှတ်နေရာတွင်လည်းဒီအတိုင်းလွှတ်မထားလိုက်၍ကြီးကြပ်သူများရှိနေသည်စည်းကမ်းတင်းကျပ်လွန်းသောကြောင့်ပြန်ပြေးသူများလည်းရှိပေသည်။

ဒီလိုနဲ့၆ရက်မြောက်တဲ့နေ့မှာတော့ လူကနေမကောင်းဖြစ်လာကာမနက်အိပ်ကထတော့ခေါင်းမူးပြီးမထနိုင်တော့ပါ

ရိပ်သာကလည်းစဝင်ကာစဆိုတော့အိပ်ရေးပျက်သည့်ဒဏ်ကိုမခံနိုင်ပေနဂိုကတည်းကလည်းကိုယ်ခံအားနည်းလှသည့်အတွက်စိတ်သွားတိုင်းကိုယ်မပါပေ။

ကျမ်းမာရေးမကောင်းသောအခြေအနေကြောင့်အတူပါလာသောသူငယ်ချင်းအားတိုင်ပင်မိ၏
””ငါတော့ဒီမနက်တရားထိုင်နိုင်မယ်မထင်ဘူးရင်ထဲမှာတလှပ်လှပ်နဲ့မူးပြီးအန်ချင်နေတယ်””

ဒါနဲ့သူငယ်ချင်းကအဆောင်မှုးသွားခေါ်လာပြီးပြတော့အဆောင်မှုးကဆေးများပေးပြီး

””မနက်ပိုင်းနေမကောင်းရင်နေခဲ့အားရှိအောင်အိပ်ရေးဝဝအိပ်လိုက်လုံခြုံရေးအရအဆောင်တံခါးတော့ပိတ်သွားရလိမ့်မယ်””

အဆောင်မှုးကမနက်ပိုင်းအနားယူရန်ပြောကာအဆောင်တံခါးပိတ်၍ထွက်သွားကြသည် ။

ထို့ကြောင့်အဆောင်တွင်တစ်ယောက်ထဲကျန်ခဲ့၏အားလုံးထွက်သွားကြတော့အဆောင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားကဘာသံမှမကြားရတော့ပေ

စာရေးသူလည်းအခန်းတံခါးပိတ်ကာအိပ်လိုက်၏မိုးကသိပ်မလင်းသေးရိပ်သာဆိုတော့အားလုံးတိတ်ဆိတ်ငြိမ်သက်ကာပတ်ဝန်းကျင်ရှိကျေးဌက်အော်သံမှလွဲ၍ကိုယ့်အသက်ရှုသံပင်ပြန်ကြားနေ၏

စာရေးသူနေသောအဆောင်သည်တရားထိုင်သည့်ဓမ္မာရုံနှင့်အနည်းငယ်ဝေးသောကြောင့်ပို၍တိတ်ဆိတ်ငြိမ်သက်နေသည်ထင်ရတယ်

်တစ်ခါတစ်ခါဘာပန်းရနံမှန်းမသိသောပန်းရနံများ၏ရနံ့တွေရနေပြီးမွှေးပျံ့သောအနံ့ပေါင်းစုံကိုရှုမိ၏

သတိကပ်ကာတတ်နိုင်သလောက်တရားမှတ်နေရင်းမှေးကနဲပြန်အိပ်ပျော်မယ်ရှိသေး —ရှပ် ရှပ် ရှပ် —

လူတစ်ယောက်လမ်းရှောက်လာသံကိုအတိုင်းသားကြားတော့စိတ်ထဲမှာဇဝေဇဝါဖြစ်သွားသည်။

်တစ်ဆောင်းလုံးမှာတစ်ယောက်ထဲကျန်ခဲ့တာကိုဘယ်ကခြေသံလည်းတွေးနေတုန်းခြေသံကအခန်းရှေ့တွင်ရပ်သွား၏။

ဘာပါလိမ့်လို့ငြိမ်ပြီးနားထောင်နေတုန်းအခန်းရှေ့ကဆက်ရှောက်သွားပြန်သည် ။


စာရေးသူနေသောအခန်းဘေးတွင်ရေချိုးခန်းရှိသည်မို့ရေချိုးခန်းမှရေချိုးနေသံကြားရတော့စိတ်ထဲမှာအဆောင်မှုးများပြန်လာပြီးရေချိုးနေသလားလို့တွေးမိသွားသည် ။

ဒါပေမဲ့အဆောင်မှုးကသူများတွေပြန်မှသူပါပြန်လေ့ရှိကာစည်းကမ်းရှိသူမို့မဖြစ်နိုင်ဟုအတွေးရခက်သွားပြန်သည် ။

ဒါဆိုဘယ်သူများပြန်လာ၍စောစောစီးစီးရေချိူ းနေပါလိမ့်လို့တွေးရင်းခေါင်းတွေနောက်လာသည်။

တောင်တွေးမြောက်တွေးဖြစ်နေတုန်း ရေချိုးခန်းကပြန်ထွက်လာပြီးအခန်းရှေ့တွင်ခြေသံကရပ်နေပြန်သည်စာရေးသူလည်းဇောချွေးများပြန်လာပြီ

ခဏနေတော့ဆက်ရှောက်သွားကာတစ်ဆောင်လုံးပတ်ရှောက်နေသံကြားရပြန်သည်။
အဆောင်မှုးများနေမကောင်းလို့လာပြန်ကြည့်တယ်ထင်ပြီဆက်မတွေးတော့ပဲပြန်အိပ်လိုက်သည် ။


ထိုအချိန်မှာပဲရုတ်တရက်တံခါးလာခေါက်သံကြားတော့စိတ်ထဲသေချာပြီအဆောင်မှုးအခြေအနေသတင်းလာမေးတယ်ထင်ပြီးအခန်းတံခါးကိုထဖွင့်လိုက်သည်။

သို့ပေမဲ့အခန်းပြင်မှာဘယ်သူမှရှိမနေကိုယ်လည်းတအံ့တသြဖြစ်သွားပြီအဆောင်ကိုဝေ့ကြည့်တော့
လူ့တစ်ယောက်မှမရှိတံခါးခေါက်ချိန်နှင့်တံခါးထဖွင့်ချိန်ကသိပ်မကြာသောကြောင့်လူတစ်ယောက်ဆိုပါကဒီလောက်မြန်မြန်ပျောက်သွားစရာအကြောင်းမရှိ

အခန်းတံခါးများကလည်းအကုန်ပိတ်ထားပြီးအဆောင်အဝင်ဝတံခါးကလည်းပိတ်လျှက်သားရှိနေသည်။လူရိပ်လူယောင်မတွေ့ရပေ။

အဆောင်တံခါးတောင်သော့ဂလောက်နှင့်အပြင်ကကျကျနနပိတ်သွားခြင်းဖြစ်သည်။

ဒါဆိုအသံတွေကဘယ်ကကြားနေရတာလဲလို့မစဉ်းစားတတ်အောင်ရှိနေသည်။ခေါင်းမူးတာတောင်ဘယ်ရောက်သွားမှန်းမသိ

အခန်းတံခါးများအားလုံးလဲသော့ခတ်သွားတာမို့သေချာတာကတစ်ဆောင်လုံးမှာတစ်ယောက်ထဲရှိနေတာသေချာနေတာမို့ဘာဘာညာညာတွေးရင်းကြောက်စိတ်များဝင်လာမိသည်။

သို့ရာတွင်အခန်းအပြင်တွင်ရပ်ရင်းပတ်ဝန်းကျင်တွင်တစ်ယောက်ယောက်ရှိနေသလိုမျိူ းစိတ်ကခံစားနေရသည်။


တစ်ကိုယ်လုံးကြက်သီးများတဖျန်းဖျန်းထပြီးကြောက်နေတုန်းရှိသေးဘေးနားကိုလေဟပ်သွားသလိုခံစားရကာတစ်ယောက်ယောက်ရောက်လာသလိုဖြစ်ပြီးမမြင်ရတဲ့လက်အေးတစ်စုံကစာရေးသူလည်ပင်းကိုလာကိုင်တဲ့အခါမှာတော့

လည်ပင်းတွင်အေးစက်စက်အထိအတွေ့ကြောင့်အကြောက်လွန်ကာ

”’ အား”’
ငယ်သံပါအောင်အော်ပြီးဘာမှမမြင်တော့ပဲမေ့လဲသွားပေသည် ။

သတိပြန်ရတော့အနားမှာသူငယ်ချင်းနှင့်အတူလူစုံတွေ့ရကာစိုးရိမ်တကြီးမေးကြတော့၏

””ဘာဖြစ်တာလဲ—ဘာဖြစ်သွားတာလဲ””

ရောဂီအားလုံးကြောက်မှာစိုးလို့မပြောပဲအဆောင်မှုးကိုသာဖြစ်ကြောင်းကုန်စင်ပြောပြတော့အဆောင်မှုးကသက်ပျင်းချရင်း

”” ဒီအဆောင်ကအရင်အဆောင်မှုးဆုံးသွားတာမကြာသေးဘူးစွဲ့လမ်းစိတ်ကြောင့်အဆောင်ကိုဆက်ပြီးစောင့်ရှောက်နေတယ်ထင်တယ်—””

””အရင်ကလည်းနည်းနည်းပါးပါးအခြောက်ခံရတယ်ပြောတာပဲ—
သေသွားသောအဆောင်မှုးကသူ့တာဝန်သူဆက်လုပ်နေပုံရတယ်စွဲလန်းစိတ်များသိပ်ကြောက်စရာကောင်းတာကိုသံဝေဂရမိပါတယ်””

အဆောင်မှုးပြောမှဖြစ်ရပ်မှန်ကိုသိရပေမဲ့

သူကတော့သူအလုပ်သူဆက်လုပ်နေတာပါပဲဒါကိုလူတွေကခြောက်တယ်ထင်နေခြင်းဖြစ်သည်အခုလည်းအဆောင်မှာကျန်နေခဲ့သောစာရေးသူအားသတိပေးခြင်းလားမဆိုနိုင်ပါဘူး

ဒီနေရာမှာပြောချင်တာကတော့လူတစ်ယောက်သေခါနီးအချိန်ဟာအရမ်းကိုအရေးကြီးပါသည်။
ဒါ့ကြောင့်တစ်ချို့တွေကသေခါနီးအချိန်မှာတရားခွေဖွင့်ပေးခြင်းဘုရားစာရွတ်ပေးခြင်းပြုလုပ်ခဲ့တဲ့ကောင်းမှု့ကုသိုလ်များပြန်လည်ပြောပြခြင်းတို့ကိုလုပ်ဆောင်ပေးလေ့ရှိပါသည်။

ဘယ်လောက်ပဲကောင်းမှု့ကုသိုလ်တွေလုပ်နေပေမဲ့သေခါနီးမှာတစ်ခုခုကိုစွဲလမ်းစိတ်ဝင်သွားပါကအခိုက်အတန့်ပဲဖြစ်ဖြစ်ကာလတစ်ခုထိပဲဖြစ်ဖြစ်မကျွတ်မလွတ်ပဲဖြစ်နေတတ်သည်ဟုတရားစာအုပ်ထဲတွင်ဖတ်ဖူးပေသည်။
အခုလက်တွေ့မှာရိပ်သာကအဆောင်မှုးဟာသေခါနီးအဆောင်ကိုစွဲလမ်းတဲ့စိတ်ဖြစ်သွားတာကြောင့်သူ့တာဝန်ကိုဆက်လက်ထမ်းဆောင်နေခြင်းဖြစ်ပါတယ် ။

ဒါပေမဲ့စာရေးသူကတော့ဆက်ပြီးနေဖို့ဘယ်လိုမှမခံစားနိုင်တော့၍သူငယ်ချင်းကိုပြောမိရာ

ညနေပိုင်းမှာတော့သူငယ်ချင်းနှစ်ယောက်ကားဌားပြီးအိမ်ပြန်ကြတော့အိမ်ကလည်းတအံတသြပေါ့
၁၀ရက်လည်းမပြည့်သေးဘူးလေအဲဒီအချိန်ကစပြီးအဲ့ရိပ်သာမှာနောက်ထပ်မဝင်ဖြစ်တော့ပါ

ကိုယ့်လိုတော့လူတိုင်းဖြစ်မည်မထင်ပါကိုယ်ကတော့ကံနိမ့်နေ၍တိုက်ဆိုင်စွာကြုံတွေ့ခဲ့ခြင်းဖြစ်မည်ထင်ပါသည်။




တိမ်လွှာမိုး

See