တစ္ပြဲစားမုဆိုး
ရေဆင်အသိုက်ရှာပုံတော်
ရေးသူ- ထမံ(တောင်ငူ)
*******
မနက်ခင်း နေခြည်ဖ်ဖ်အောက်…။
ဒိုးပေါက်ချောင်းဆီမွာ သစ်လုပ်ငန်းသုံးဆင်တို့ လုပ်ကွက်အသစ်ဆီ ရွှေ့ပြောင်းဖြတ်သန်း ဖို့ ဟန်ပြင်နေကြတယ်။
အရှေ့ဆုံးဆင်က ရေထဲဆင်းပြီး မကြာမီ၀ယ် ချောင်းရေပြင်ဆီက ရေပြေးတန်းအချို့ ပွက်ထလာကာ ဆင်များရှိရာဆီ ရွေ့လျားတိုး၀င်လာတယ်။
” ကျီး….”
ရုတ်တရက် အရှေ့ဆုံးဆင်ဆီက နာနာကျည်းကျည်း၊ ထိတ်လန့်တကြား အော်သံ။
ကျန်ဆင်တို့်ပါ ဖရိုဖရဲနဲ့ ၀ရုန်းသုန်းကားဖြစ်ကုန်ကြတယ်။
ဆင်ဦးစီးအချို့နဲ့ ပစ္စည်းတွေလည်း ရေထဲဆီ ပြုတ်ကျသူကျနဲ့။
” ဟာ…ဟို…ဟိုမွာ…”
တစ်ယောက်က ထအော်လိုက်တယ်။
သူလက်ညှိုးညွှန်ထားတာက ရေပြင်ဆီမှာဖြစ်ပြီး လှုပ်ခတ်နေတဲ့အရာတွေ။
အဲ့ဒီ့အရာတွေက လူသံကြောင့် အေ၀းဆီကို လှစ်ခနဲ ပြေးထွက်သွားကုန်ကြတာ။
ဒီအရာကို သုံးလေးယောက်လောက် ထင်ထင်ရှားရှားမြင်မိလိုက်ကြတယ်။
မမြင်ရသူတို့ကတော့ ငါးတွေလို့ ထင်နေကြမိပေမယ့် တကယ်မြင်လိုက်ရသူတွေမွာတော့ ပါးစပ်အဟောင်းသားနဲ့ အာမေဋိတ်တောင် မထွက်နိုင်ခဲ့ပါဘူး။
အဲ့ဒီ့ရေထဲက အကောင်လေးတွေကတော့ ပြင်ပက ဆင်ကောင်ကြီးတွေနဲ့ အလားသဏ္႑ာန်တူနေတဲ့ လက်သီးဆုပ်အရွယ်သာသာ ရေဆင်ကောင်လေးတွေပါပဲ…။
*******
” ငဒွေး…မနေ့က မင်းတို့ ဒိုးပေါက်ထဲမွာ ရေဆင်တွေ့ခဲ့တယ်ဆို…”
မေးသံနဲ့အတူ ငဒွေးတို့ ခြံ၀န်းထဲကို သေနတ်ထမ်းပြီး ၀င်လာတဲ့ တစ်ဖက် လဲသာရွာက မုဆိုးနက်ကျော်။
ငဒွေးကတော့ ခေါင်းကိုကုတ်မိရတယ်။
ဘယ့်နှယ့် မနေ့ကတည်းက ဖြေနေလိုက်ရတဲ့ ရေဆင်ကိစ္စ။ ဒီနေ့အထိ မပြတ်သေးဘူး။
အခုမနက်တင်ကိုပဲ လာမေးနေတာ လေးငါးယောက်မကတော့။
” ဟုတ်တယ်ဗ်။ ကြွက်ကလေးတွေလိုလိုနဲ့။ ပုံစံကတော့ တကယ့်ဆင်ကြီးတွေလိုပါပဲ…”
အမေးရှိတော့ အဖြေရှိဆိုသလိုပဲ။
စိတ်ရှုပ်ရပေမယ့် ရိုးသားသူ တောသူတောင်သားပေမို့ ငဒွေး အသေအချာဖြေမိရတယ်။
နက်ကျော်က ငဒွေးနဲ့ မျက်နှာချင်းဆိုင်က တန်းလ်ားဆီမွာ ၀င်ထိုင်လာတယ်။
” အရင်က…ဒိုးပေါက်ချောငး်မွာ ရေဆငိရှိ်တယ်ရယ်လို့ တစ်ခါမွ မကြားမိဖူးဘူးကွ…”
နက်ကျော်ရဲ့ လေသံက အထက်စီးက။ ပြီးတော့ ငဒွေးစကားကိုလည်း သင်္ကာမကင်းဟန်နဲ့ရယ်။
” အင်း…ကျုပ်တော့ သေချာတွေ့လိုက်တာပဲ။ ကျုပ်ပြလို့ ဟိုဘက်တောက ဖိုးချမ်းနဲ့ မြင့်နိုင်တို့တောင် တွေ့လိုက်ကြရသေးတယ်…”
” အင်း…ငါ အခုပဲ သူတို့ကို မေးမြန်းခဲ့ပြီးပြီ။ မင်းက အရင်တွေ့တာဆိုလို့ အခု လိုက်လာခဲ့တာ…”
” အင်း…ဟုတ်တယ်ဗ်။ အစကတော့ ကျုပ်တို့အားလုံး ငါးလို့ပဲ ထင်မိခဲ့ကြတာ။ နောက်…သေချာမြင်မွပဲ ဆင်နဲ့တူနေတော့ ဒါက ကြားဖူးနား၀ရှိတဲ့ ရေဆင်ပါလားဆိုပြီး အံ့သြကုန်ကြတာ…”
ငဒွေးက ထပ်ပြောပြပေမယ့် နက်ကျော်ကတော့ တွေးဆနေတယ်။
တကယ်တမ်းတော့ သူသိရသလောက် ရေဆင်ဆိုတာက သိပ်ကို ရှားပါးလွန်းတဲ့ ဂမ်ဘီရတန်ဆန်သတ္တဝါ။
ပြီးတော့ ကြားဖူးနား၀ ဒဏ္႑ာရီအရ…။
ဆင်သချိုင်းတွေနဲ့ မနီးမေ၀းနေရာဆီမှာ ရှိနေတတ်ပြီး ဆင်ကြီးတွေအတွက်တော့ မရဏမင်းရယ်လို့ သတ်မှတ်ကြတာရယ်။
ရေဆင်အဆိပ်ထိရင် ဆင်ကြီးတွေ နေ့မဆို်င်း တုန်းခနဲ သေတတ်တယ်။ ရေဆင်က ဆင်ကောင်ကြီးတွေကို အမဲလိုက်သတ်ဖြတ်တယ်။
ဒါက သိထားသလောက်ပါပဲ။
အခြားတစ်ဖက်မှာလည်း ရေဆင်နဲ့ ပက်သက်လို့ ထူးခြားမှုတွေ အများကြီး ရှိနေတတ်ပါသေးတယ်။
ပြောမကုန်နို်င်လောက်အောင်ရယ်ပေါ့။
” ငဒွေး…ငါ ရေဆင်လိုက်ဖမး်မလို့။ မင်းကော ပူးပေါင်းမလား…”
” ဗ်ာ…ကိုနက်ကျော်…”
ငဒွေး အံ့ျသသြားတာ။ နက်ကျော်က…
” ငါ အတည်ပြောနေတာ ငဒွေးရ။ ရေဆင်ဆိုတာ သိပ်ကို အဖိုးကြီးတယ်။ ရှာဖွေရာမှာလည်း ဆင်ကို လိုတယ်။ ဆင်မရှိဘဲ သူ့ကို ရှာဖို့ မလွယ်ဘူး။ ဒီတော့ မင်းမွာက ဆင်ရှိတယ်။ ငါ့မွာက ဖမ်းဖို့အတွက် ပညာရှိတယ်။ နှစ်ယောက်ပေါင်းပြီး ရှာကြရင် ဆိုပြီး ငါတွေးမိတယ်…”
ငဒွေး စဉ်းစားသွားရတယ်။
ရေဆင်တစ်ကောင်ရဲ့ အဖိုးထိုက်တန်မှုကို ဘယ်ရွေ့ဘယ်မွ် သူမသိ။ သေချာသိထားသည်ကတော့ ရေဆင်သည် တန်ဖိုးကြီးသည်ဟူ၍ပင်။
” ဒီမယ် ငဒွေးရ။ ငါ ရေဆင်အကြောင်းကို ငါ့ အဘဆရာ ပြောပြတာကို ွှမတ်သားမိသလောက် ပြန်ပြောပြမယ်…”
ငဒွေး စိတ်၀င်စားသွားရတယ်။
” ရေဆင်ဆိုတာကို ငါတို့နိုင်ငံ ကျွန်ဘ၀ရောက်ပြီးနောက်ပိုင်း ၁၈၉၂ ခုနှစ်မွာ ဗမာပြည်အထက်ပိုင်း ဂန့်ဂေါဘက်မွာ မုဆိုးကြီးတစ်ယောက်ရဖူးတယ်ဆိုတယ်။ အဲ့ဒီ့ရဖူးတဲ့ ရေဆင်ကောင်ကို နန်းရင်း၀န်က ငွေတစ်ထောင်နဲ့ ၀ယ်ပြီး မျက်နှာဖြူတွေဆီဆက်သတော့ မျက်နှာဖြူတွေက ရွှေစင်ချည်းပဲ ကုဋေတန်အောင် ပေးဖူးတယ်လို့ ဆိုတယ်…”
” ကုဋေတန်အောင် ဟုတ်လား ကိုနက်ကျော်…”
” အေးလို့…”
ငဒွေး အတန်ကြာ စဉ်းစားသွားတယ်။
သူ့အနေနဲ့ ရေဆင်တစ်ကောင်ကို ဒီလောက်တန်လိမ့်မယ်လို့ ထင်မထားမိ။
” ကျုပ် စိတ်၀င်စားတယ်ဗ်ာ၊ ကိုနက်ကျော်…”
” ဒါပေါ့ ငဒွေးရ။ မင်းပါမယ္ဆိုတော့ ငါ သိပ်အားရှိတယ်ကြာ…”
” ကျုပ်တို့ ဘယ်နေ့စကြမလဲ…”
” ဒါကတော့ ရက်ပိုင်းအတွင်းပဲ ငါပြန်ပြောမယ်လေ။ ဒီကြားထဲ လိုအပ်တာအချို့ကို ငါ စီစဉ်ဦးမယ်…”
နက်ကျော်နဲ့ ငဒွေးတို့ နှစ်ယောက်သား သဘောတူညီမှု ရခဲြ့ကပြီ။
နက်ကျော်က ရေဆင်ဖမ်းဖို့ အတတ်ပညာနဲ့ မုဆိုးဉာဉ်ကို စိုက်ထုတ်မယ်။
ငဒွေးကတော့ ရေဆင်ရှိ၊ မရှိကို သိနိုင်ဖို့နဲ့ သြားရေးလာရေးအတွက် သူပိုင်တဲ့ ဆင်ကြီးမိုးညိုကို စိုက်ထုတ်ပေါ့…။
*******
ဆယ့်ငါးပေလောက်သာ ကျယ်တဲ့ ဒိုးပေါက်ချောင်းရဲ့ ရေက အတော်ကလေးကိုပဲ ကြည်လင်နေတယ်။
ငဒွေးနဲ့ သူ့ဆင်ကြီးမိုးညိုတို့က ချောင်းကမ်းနဖူးမွာ။
နက်ကျော်ကတော့ တသွင်သွင်စီးနေတဲ့ ရေထဲကို ဆင်းပြီး ငါးဖမ်းပိုက်နဲ့ ဖြတ်သန်းတားကာနေတယ်။
” ရေကြည်ရေသန့် မြက်စပ်စပ်မွာ ရေဆင်မည်သော ထိုသတ္တဝါ ကျက်စားတတ်လေ၏…”
ရေဆင်သည် ရေမှော်ရေမှုန်တို့ကိုသာ စားသုံးရှင်သန်တတ်သော သတ္တဝါ။
ဒါကြောင့် ရေဆင်ကျက်စားတာကို မျက်မြင်တွေ့ရှိထားရတဲ့ ဒိုးပေါက်ချောင်းတစ်ခွင်ဆီမွာ နက်ကျော်တစ်ယောက် တံငါပိုက်တွေနဲ့ လိုက်ဆင်ထားနေတာ။
” ငဒွေးရေ…မင်းဆီက ပိုက်ကျန်တွေ ဒီဘက်ကို ပို့ချေဦး…”
ငဒွေးလည်း မိုးညိုအပေါ်မှာတင်ထားတဲ့ ငါးဖမ်းပိုက်စိပ်တိ့ုကို အဖုံလိုက်ယူပြီး ရေထဲဆီကို လိုက်ဆင်းလာလိုက်တယ်။
” ဟင်…”
ငဒွေးခြေထောက်ကို လာငြိနေတဲ့ တစ်စုံတစ်ရာ။
ငဒွေးလည်း ရေအောက်ကို ကုန်းပြီး စမ်းယူမလိုက်တယ်။
လက်ထဲကို ပါလာတာက ငါးဖမ်းပိုက်အဟောင်းတစ်ခု။
” ဟေ့ ငဒွေး…လာပေးလေကွာ…”
” အေး…ကိုနက်ကျော်ရ။ ဒီမွာ ကျုပ်လက်ထဲ ငါးဖမ်းပိုက်အဟောင်းတစ်ဖုံတွေ့မိလို့…”
” ဟေ…ဟုတ်လား…”
နက်ကျော် ဘာမှဆက်မပြောလာခင် ငဒွေးက ရေအောက်က သဲတွေအကြားနစ်နေတဲ့ ငါးဖမ်းပိုက်ကို ဆက်လက်ဆြဲဖော်ယူလိုက်တယ်။
အစက အတိုအထြာလောက်လို့ ထင်မိပေမယ့် ငါးဖမ်းပိုက်ဟောင်းက အတော်နဲ့ လင်ငင်မပြတ်ဘူး။
ငဒွေး ဆက်ဖော်နေလိုက်တယ်။
နက်ကျော်က ငဒွေးကို ကြည့်ပြီး ဘာမွမပြော။ သို့ပေမယ့် ငဒွေးထမ်းလာတဲ့ ငါးဖမ်းပိုက်အဖုံတွေကို ယူဖို့ ငဒွေးရှိရာဆီကို တိုးလှမ်းလာခဲ့တယ်။
အနားကိုရောက်တဲ့အထိ ငဒွေးက မြုပ်နေတဲ့ ပိုက်ဟောင်းကို ဆြဲယူနေတုန်း။
ငဒွေးလက်ထဲမှာလည်း ပိုက်က တလုံးတထွေးဖြစ်နေပြီ။
” ကိုနက်ကျော် ဆြဲကူပါဦးဗ်…”
” အေး…”
နက်ကျော်လည်း ပိုက်ဟောင်းက ကောင်းသေးရင် သုံးလို့ရတာပဲလို့ ယူဆမိတယ်။
ဒါကြောင့် ချက်ချင်းတုန့်ပြန်ပြီး ငဒွေးဆြဲယူနေတဲ့ ပိုက်ဟောင်းကို လှမ်းယူကူလို့ တစ်စတစ်စလှမ်းကိုင်ပြီး နှစ်ယောက်သား ရွေ့လျားပြီး တက်ညီလက်ညီ ဆွဲထုတ်ယူလိုက်ကြတော့တာပဲ။
တဖြေးဖြေး ပိုက်ဟောင်းက လက်ထဲကို သိပ်မခက်ခဲဘဲ ပါလာခဲ့တယ်ဆိုပေမယ့် တစ်နေရာကိုရောက်လေတော့ ဆြဲယူမရတော့ဘူး။
ရေအောက်မွာ ဘယ်အချိန်ထဲက နစ်နေတယ်မသိတဲ့ ပိုက်တွေက နုန်းလိုလို သဲသလိုလိုတွေ ငြိတွယ်စွန်းလို့။
” ဟာ…အရိုးတွေပါလား…”
ပိုက်နဲ့ လုံးထွေးပြီး ပါလာတဲ့ ညိုညစ်ဖျော့လျော့နေပြီဖြစ်တဲ့ အရိုးချောင်းအချို့။
” ဒါ…လူရိုးတွေပဲ…”
ဟုတ်ပါတယ်။
ပိုက်နဲ့ လုံးထွေးနေတဲ့အရာတွေက လူတစ်ယောက်ရဲ့ အရိုးတွေ။
သူတို့နှစ်ယောက် ဘာဆက်တွေ့မလဲဆိုတာကို စိတ်၀င်စားမိကြတာမို့ ပိုက်ကို ဆက်လက်ဆြဲဖော်မိကြတယ်ယ
မကြာဘူး။
အကုန်ဖော်မိလေတော့ ဦးခေါင်းခြံပါ အရိုးအတော်များများကို တွေရှိမိကြလေရဲ့။
” ဟ…ကျန်နေသေးတာလား…”
နက်ကျော်က ပြောလာတာ။
သူ့ရဲ့ ခြေထောက်တစ်ဖက်က အရိုးတစ်ချောင်းကို ထပ်ပြီး နင်းမိနေတယ်လေ။
ရေထဲကို နှိုက်ပြီး ဆွဲထုတ်တော့ အရိုးစုဆီက လက်ချောင်းတစ်ဖက် ပါလာတယ်။
အဲ့ဒီမွာ ထူးဆန်းတာက အရိုးရဲ ့ လက်တံထဲမွာ ဆုပ်ကိုင်ထားတဲ့ အရာ၀တၳုလေးတစ်ခု။
အသေအချာကြည့်တော့ အနက်ရောင် ကတ္တီပါ ရှုံ့အိတ်ကလေးတစ်လုံးပါ။
နက်ကျော်ကော ငဒွေးပါ ထိုအရာလေးကို စိတ်၀င်စားမိသွားကြတယ်။
နက်ကျော်က အထုပ်ကလေးကို ဖြေယူလိုက်တယ်။ အရိုးပို်င်ရှင်က မသေခင် ဘယ်လောက်တောင် ဆုပ်ကိုင်ထားတယ်မသိဘူး။ မနဲကြီးကို ဖြေယူရလေတာ။
” ဘာလေးလဲတော့ မသိဘူး။ ပြန်ရောက်မွပဲ အတူတူကြည့်ကြတာပေါ့…”
နက်ကျော်က ပြောပြောဆိုဆိုပဲ အိတ်ကလေးကို သိမ်းဆည်းလိုက်တယ်။
ပြီးတော့ အရိုးတွေကို ဆက်လက်ဖော်ယူစုဆောင်းလိုက်ကြပြီးနောက် စုပုံကာ ပို်က်တွေကို ဆက်တားကြတယ်။
နေမွန်းတည်လုချိန်မွာတော့ ပို်က်တားတာ ပြီးစီးခဲ့ပြီး အစောနက ရသလောက်စုမိထားတဲ့ အရိုးတို့ကို သယ်ယူလို့ ကမ်းနဲ့ အတော်လှမ်းလှမ်းဆီက နေရာတစ်ခုဆီမှာ မြေမြှုပ်သဂြိုဟ်ပေးလိုက်ကြတယ်။
နောက်ေတာ့ သူတို့နှစ်ယောက် အပြန်လမ်းဆီကို ဦးတည်ဖို့ ငဒွေးက မိုးညိုကြီးကို ခေါ်ဆောင်လာတယ်။
” ကျီး….”
နက်ကျော်အနားကို ရောက်လုရောက်ခင် မိုးညိုဆီက အလန့်တကြား အော်လိုက်တာ။
ပြီးတော့ မိုးညိုတစ်ကောင် ဂနာမငြိမ်တော့။ ငဒွေး ထိန်းနေတဲ့ ကြားက တုန်ရီခြောက်ခြားတဲ့ အသွင်ကို ပြလာလေရဲ့။
မိုးညိုရဲ့ အခြေအနေထူးကြောင့် နက်ကျော်မွာ ချောင်းထဲဆီကို ရေဆင်တွေများဆင်းလာသလောရယ်လို့ တွေးမိပြီး ရေပြင်ဆီက ထူးခြားမှုကို လိုက်လံကြည့်နေမိတယ်။
” မိုးညို…သားကြီး။ မင်း ဘာဖြစ်တာလဲ။ အဖေ့ကိုပြော အဖေ ရှင်းပေးမယ်…”
ငဒွေးက မိုးညိုရဲ့ အပေါ်ကနေ ချော့မော့ပြောနေတာ။
မိုးညိုကတော့ ရုန်းရင်းဆန်ခတ်နဲ့ ခြေလှမ်းတို့က အနောက်ကို ဆုတ်နေလေရဲ့။
” ငဒွေး…”
နက်ကျော်က အခြေအနေကို ရုတ်တကက်တွက်ဆမိလေသလားမသိ။ ငဒွေးကို လှမ်းခေါ်လာတာ။
” မင်း ဆင်က တစ်စုံတစ်ခုကို ကြောက်နေသလိုပဲ…”
” အင်း…ဘာဖြစ်နိုင်လဲ…”
” ပတ်၀န်းကျင်ကို ကြည့်ရတာတော့ ဘာမှမမြင်မိဘူး။ တစ်စုံတစ်ခုတော့ ထူးနေတာ အမှန်ပဲ…”
ငဒွေးလည်း ပတ်၀န်းကျင်ကို လိုက်ကြည့်မိတယ်။
ဘာထူးခြားမှုကိုမှတော့ မမြင်မိဘူး။
အဲ့ဒီ့အချိန် မိုးညိုက တည်ငြိမ်စပြုလာတယ်။ နောက်တော့ ဘာမှမဖြစ်ခဲ့သလိုပဲ။
အတော်ကြာကြာ သူတို့ စောင့်ကြည်ပေမယ့် မထူးခြားလာတော့ဘူး။
” ကဲ…ပြန်ကြမယ်ကြာ။ အချိန်လည်း လင့်ပြီ။ ပိုက်တွေလည်း တားထားတာဆိုတော့ ညနေမှ တစ်ခေါက်ဆင်းကြည့်ကြမယ်…”
နက်ကျော် မိုးညိုအပေါ်ကို တက်လာခဲ့တယ်။ တက်တက်ချင်း မိုးညိုတုန်ခနဲဖြစ်သွားတယ်။ ဒါပေမယ့်လည်း ငဒွေးရော နက်ကျော်ပါ ဒါကို သတိမထားမိခဲ့ကြဘူး။
ဒီလိုနဲ့ အပြန်ခရီးကို စတင်ခဲ့ကြပြီး ငဒွေးရဲ့ အိမ်ဆီကို ရောက်တော့ အိတ်ကလေးကို ဖွင့်ကြည့်ကြတယ်။ တန်ကြေးရှိ ပစ္စည်းများပါမလားလို့ နှစ်ယောက်သား မချင့်မရဲ မျှော်လင့်မိပါသေးရဲ့။
” ဟာ…ဘာလေးတွေလဲ…”
အထဲဆီမွာ သူတို့ မျှော်လင့်ထားသလို တန်ကြေးရှိတဲ့ ပစ္စည်းရယ်လို့တော့ ဘာမွမပါဘူး။
အထဲမွာ ပါလာတာက လုံးချောနေတဲ့ ကျောက်စရစ်ခဲလို အရာလေးတွေအပြင် အရိုးချောင်းသေးသေးကလေးတွေရယ်သာ။
” ဘာထင်လဲ ကိုနက်ကျော်…”
ငဒွေးက မေးတာ။
နက်ကျော် ခေါင်းကို ရမ်းခါလိုက်တယ်။
” ငါလည်း မသိဘူး။ မြင်မိတာတော့ တို့ရွာက ဘုန်းကြီးပျံမှာ က်ခဲ့တဲ့ ဓာတ်တော်တွေနဲ့တူသလိုပဲ…”
ငဒွေးက ခေါင်းကို ရမ်းခါလိုက်တယ်။
” ဒါကတော့ ဓာတ်တော်တွေ မဖြစ်နိုင်ဘူးဗ်…”
” အင်း မင်းဘာလို့ထင်မိလဲ…”
” အဲ့ဒါတော့ ကျုပ်လည်းမပြောတတ်ဘူး။ ကဲပါ…ဒါကို ခင်ဗ်ားပဲ သိမ်ထားလိုက်တော့…”
နက်ကျော်လည်း ဘာရယ်မှန်းမသိပေမယ့် ကောက်ယူသိမ်းထားလိုက်တယ်။
” ကဲ…ကိုနက်ကျော် ခင်ဗ်ား ထမင်းတစ်ခါထဲစာသြားချေဗျာ…”
ငဒွေးက ထမင်းစားခေါ်လာတယ်။
နက်ကျော် မငြင်းဘူး။
ငဒွေးက သူ့မိန်းမ မထွေးကို ထမင်းပြဲ ပြင်ခိုင်းတယ်။
ခဏကြာတော့ သူတို့နှစ်ယောက် ထမင်း၀်ိုင်းဆီကို ရောက်ကြပြီ။
ဟင်းကတော့ ရွာထဲကို လာရောင်းလို့ ၀ယ်ထားတဲ့ ရေစစ်စလီငှက်သားကို ဘူးသီးနဲ့ ရောချက်ထားတာ၊ ပြီးတော့ ငြုတ်သီးကရင်ထောင်းနဲ့ ကင်းပုံရွက်ကြော်ရယ်။
” ဟင်းကတော့ တကယ်ကောင်းပဲဟေ့။ ငါတော့ ဒီကနေ့ ထမင်းမြိန်ပြီ ငဒွေးရ…”
နက်ကျော်က ဟန်မဆောင်တမ်းပါပဲ။
ငဒွေးတို့ လင်မယားကတော့ ထမင်းပွဲကိုတစ်လှည့် နက်ကျော်ကို တစ်လှည့်ကြည့်ပြီး ပြုံးနေကြတယ်။
” ကဲ…စားကြစို့…”
အားလုံး လက်ရေတစ်ြပင်တီးပဲ ၀ိုင်းစားကြတယ်။
နက်ကျော်အတွက်တော့ တစ်ကိုယ်ထဲသမားပေမို့ အခုလိုထမင်း၀ိုင်းဆိုတာက ရှားရှားပါးပါးရယ်လေ။
အခု စားခွင့်ကြုံတော့ တကယ့်ကို အားရပါးရစားသောက်တာရယ်။
ထမင်း၀ိုင်းသိမ်းချိန်က် နက်ကျော်တစ်ယောက် လေးပန်းကန်နီးနီးကို စားမိတာ ဗိုက်ကို တင်းရော။
စားသောက်ပြီးတော့ ငဒွေးနဲ့ နက်ကျော်တို့ ဆေးပေါ့လိပ် ကိုယ်စီဖွာကြပြီး စကားစမြည်ပြောဖြစ်ကြတာ။
နောက်တော့ နက်ကျော်လည်း သူ့အိမ်ဘက်ကို ပြန်ခဲ့ပါတယ်။
အိမ်ကိုရောက်တော့ အညောင်းအညာဆန့်မိရင်း ဗိုက်လေးနေတာကြောင့် မျက်လုံးတို့က မှေးစင်းငိုက်မြည်းလာတော့တာ။
*******
” ဖပ်…ဖပ်…”
ခြေထောက်ကို နှစ်ချက်ဆင့် ပုတ်နှိုးခံရတဲ့ အသိကြောင့် နက်ကျော် အိပ်ချင်မူးတူးနဲ့ ထကြည့်မိတယ်။ သူ့ခြေရင်းမွာ ရေတွေရွှဲနစ်နေတဲ့ လူကြီးတစ်ယောက် ငုတ်တုတ်လာထိုင်နေတယ်။
ပုံစံက ခေါင်းမွာ ဖျင်တဘက်ကြီးကို ခေါင်းပေါင်းလို့ အကျႌက အညိုရောင်၊ အောက်က ပုဆိုးကတော့ ဘာရောင်ရယ်မသဲကြဲဘူး။
” ဟင်…ခင် ခင်ဗ်ားက ဘယ်သူလဲ…”
လူကြီးက နီကျင်နေတဲ့ မျက်လုံးအစုံနဲ့ နက်ကျော်ကို စူးစိုက်ကြည့်နေရာက…။
” ငါ့နာမည်က ရာဇ။ ဆေးဆရာတစ်ယောက်ပဲ…”
အသံက သြရှရှရယ်။
” မင်းဆီက ကတ္တီပါအိတ်ကေးလက ငါ့ဟာ…”
နက်ကျော် ဆတ်ခနဲ ဖြစ်သွားတယ်။
” ဒါဆို ခင်ဗ်ားက…”
” ဟုတ်တယ်…ငါက မင်းတို့ သဂြိုဟ်ပေးခဲ့တဲ့ ရေထဲက လူပဲ။ ရေအောက်မွာ ငါရောက်နေတာ တစ်နှစ်ကျော်ပြီ။ မင်းတို့ကြောင့် ငါ လွတ်မြောက်ခွင့် ရခဲ့တယ်။ ကျေးဇူးတင်တယ်…”
နက်ကျော် အဲ့ဒီ့လူကြီးကို ကြည့်ရတာ တစ်စုံတစ်ခုကို ပြောချင်နေသလိုပဲလို့ ယူဆမိတယ်။
” ဒါနဲ့ ခင်ဗ်ား အခု လာရင်းကိစ္စက…”
” ငါ မင်းတို့ကို ပြောချင်တာရှိလို့။ ပြီးတော့ ငါ့ရဲ့ ကလဲ့စားအတွက် အပေးအယူလည်းလုပ်ချင်တယ်…”
နက်ကျော် စိတ်၀င်စားသွားရတယ်။
” ခင်ဗ်ား ပြောကြည့်လေ။ ကျုပ် စိတ်၀င်စားတယ် တုန့်ပြန်မှုကောင်းမယ်ဆိုရင် သဘောတူမှာပေါ့…”
” ငါ ပြောပြမယ်။ ဒီအကြောင်းတွေကို ပြောပြရမယ်ဆိုရင် ငါရဲ့ ဇာတိဖြစ်တဲ့ စကုမြို့အကြောင်းကိုလည်း မင်းသိထားမှဖြစ်မယ်ရယ်…”
လူကြီးက စကားချည်းခံလိုက်ပြီးတယ်။
ဒီလိုနဲ့ နက်ကျော်က ပြောပြပါလို့ဆိုတော့ သူ့ရဲ့ လွန်ခဲ့တဲ့ အတိတ်အကြောင်းကို စီကာပတ်ကုံးလို့ ပြောပြလာတော့တာပဲ။
*******
” ငါတို့မြို့ရဲ့ စကုဆိုတဲ့ နာမည်ကို တကောင်းရာဇဝင်မှာပါတဲ့ မဟာသမ်ဘဝ ၊ စူဠသမ်ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့ရဲ့ အကြောင်းနဲ့ ဆက်စပ်ပြောဆိုခဲ့ကြတယ်။
ဒီမျက်မမြင်မင်းသားနှစ်ပါးတို့ကို ခမည်းတော်ဖြစ်သူက ဒုက္ခိတတွေမို့ အရှက်တော်ရစေတယ်လို့ ယူဆပြီး ဧရာဝတီမြစ်ရိုးအတိုင်း ဖောင်နဲ့ မျှောလိုက်ရာမှာ စစ်ကိုင်းက စန္ဒမုခီ ဘီလူးမက ဖောင်ပေါ်မှာ အတူစီးလိုက်ပါခဲ့လေတယ်။
လမ်းမှာ စားမြိန်စာများကို ခိုးစားတဲ့ ဘီလူးမကို မိတော့ မင်းသားနှစ်ပါးက သတ်မယ်အလုပ်၊ ဘီလူးမက သူတို့ကို မ်က္စိ အလင်းရအောင်ကုသပေးမယ်ဆိုတဲ့ ကတိကို ပေးလာတယ်။
ဒါကြောင့် မင်းသားတို့က ဘီလူးမကို အသက် ချမ်းသာခွင့် ပေးလိုက်ကြတယ်။ နောက်တော့ ဘီလူးမက မင်းသားနှစ်ပါးကို မျက်စိအလင်းရအောင် စတင် ကုသပေးတာမို့ အဲ့ဒီ့နေရာကို စကု လို့ ခေါ်တွင်ခဲ့ကြလေရဲ့။
နောက်…။
မင်းသားနှှစ်ပါး မျက်စိအလင်းရတဲ့ နေရာကိုကျ စလင်း ဟုခေါ်ဆိုပြန်တယ်။
တစ်ဖက်မွာက် စကု ဆိုတဲ့နာမည်ဟာ မန်းရွှေစက်တော်နဲ့ ကျောင်းတော်ရာဘုရား သမိုင်းတို့ကိုညွန်းဆိုစပ်ဆက်ပြီး ပုဏေ္ဏာဝါဒသုတ်တော်လာ သကုဏဟာ သကုဏကနေ သကု ၊ သကုကနေ စကု ဖြစ်လာတာတဲ့။.အဓိပ္ပါယ်ကတော့ ငှက်ပေါရာ အရပ်ရယ်ပေါ့။
ကြာသီးနု၊ စကုတည် ဆိုတဲ့ မြို့တည်ဆိုရိုးစကားလည်းရှိတယ်။ စကားအရ မြန်မာသက္ကရာဇ်၂၆၇ ခုနှစ်၊ အချို့ကတော့ နု ကို သုညလို့ ယူဆပြီး ၂၆၀ ခုနှစ်) မွာ စကုမြို့ကို တည်တယ်လို့ မှတ်ယူကြတာလည်းရှိတယ်။
တစ်ဖက်မှာလည်း မြန်မာနှစ် ၂၇၆ ခုနှစ်တွင် စောရဟန်းမင်းက စကုမြို့အပါအဝင် အခြားမြို့ (၈)မြို့ကို ပြုစုတော်မူတယ်လို သိရပြန်သေးတယ်။
အဲ့ဒီ့လိုပဲ ပုဂံခေတ်ရဲ့ ကျောက်စာတွေမှာလည်း စကု လို့ဖေါ်ပြထားတယ်။
ဒါကို မြန်မာသက္ကရာဇ် (၄၂၀) ခုနှစ်မှာ ရေးထိုးထားတဲ့ ဂဝံကျောင်းကျောက်စာမှာလည်း တွင် တွေ့ရှိနိုင်တယ်။
ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်တဲ့ မဏိရတနာပုံကျမ်းမှာ ကျန်စစ်သားမင်းက သားတော်(ရာဇကုမာ)ကို သီရိခေတ္တရာဆိုတဲ့ နာမည်နဲ့တကွ စကုမြို့နဲ့ တောင်စဉ်(၇)ခရိုင်ကို ပေးပြီး စကုတွင် နေရလေသည်ရယ်လို့ ဖော်ြပထားတယ်။
ဒါက ငါတိ့ုမြို့ရဲ့ သမိုင်းကြောင်းအချို့နဲ့ အထောက်အထားတွေ ဆိုပါတော့…”
လူကြီးရဲ့ စကားက လိုရင်းကိုမရောက်သေး။ မြို့ရဲ့ သမိုင်းကိုသာ စီကာ ပတ်ကုံးပြောပြနေတယ်။ ဒါပေမယ့်လည်း နက်ကျော်ကတော့ စိတ်၀င်တစား နားထောင်မိနေဆဲပါပဲ။
” ဒါကို ငါ ဘာလို့ ပြောပြနေရသလဲဆိုတော့ ဒီသမိုင်းတွေရဲ့ အစမွာ စန္ဒမုခီဘီလူးမက မင်းသားတို့ရဲ့ မျက်စိကို ကုသပေးတယ်လို့ ဆိုခဲ့တယ်မလား။ ဒါဟာ ဘာနဲ့ ကုသပေးတာလဲဆိုတာကိုတော့ တော်ရုံလူတို့ မသိနို်င်ဘူး။ မင်းကော ဘာနဲ့လို့ ထင်မိသလဲ…”
နက်ကျော် ခေါင်းကို ရမ်းခါလို်က်တယ်။
” ကျုပ် မသိဘူး…”
” ရေဆင်ရဲ့ အသွေးအသား ဆေးဘက်၀င်မှုတွေနဲ့ပဲ။ ငါ ဆက်ပြီး ပြောပြမယ်။ ငါ့ဆီမွာ အဘဆရာဦးဘိုးတူဆိုတာ ရှိတယ်။ တစ်ရက်သားက် သူရယ် ငါရယ် မြို့ရဲ့ တောင်ဘက်မွာ ရှိတဲ့ ကန်ပေါက်ကြီးဘက်ကို ဆေးမြစ်ရှာရင်း ရောက်သွားခဲ့တယ်။ အမှန်တော့ ဆရာဘိုးတူက ဆေးမြစ်ရှာတာထက် ဆေးကျမ်းဆီမွာ ညွှန်းထားတဲ့ တစ်စုံတစ်ခုအတွက် ရည်ရွယ်ပြီးလာတာ။
သူ့ဆီမှာ ရှေးဆရာတို့ အဆင့်ဆင့်ကမ်းလာတဲ့ စန္ဒမုခီတဆေးကျမ်းက ညွှန်းဆိုထားတာမှာ ရေဆင်သိုက်ဆိုတာ ရှိတဲ့အကြောင်းနဲ့ ရေဆင်ရဲ့ ဆေးဘက်၀င်ပုံ၊ နောက်ပြီး ရေဆင်ရဲ့ သိဒ္ဒိတွေ။ နောက်ပြီး ဒါကို ရှာဖို့ သိုက်မြေပုံတစ်ခုရှိတယ်ဆိုတာလည်း ပါတယ်။ ‘စကုမြေသာ စတင်ရာ၊ ထိုမှတစ်ဖန် ကန်ဆီကိုမြန်း၊ တွေ့ရှိပါက အညွှန်းစေရာ ခြေမှန်မှန်မြန်း ခမ်းရာလမး်က ရေဆင်တစ်သိုက် ပျော်စံရာ၏တဲ့…။
ဒီသဲလွန်စကို ဆရာဘိုးတူဖော်ထုတ်နေတာ ကြာပြီ။ အဲ့ဒီ့မတိုင်ခင်က ရခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် ဆရာဘိုးတူက ငါ့ကို ခေါ်ပြီး ချက်ချင်းပဲ ကန်ပေါက်ကြီးမှာ လာရှာတာ။ ရှာဖို့အတွက် ခုနှစ်ရက်၊ ခုနှစ်ည ငါတို့ အဓိဋ္ဌာန်၀င်ကြရတယ်။ ပြီးတော့ တိုင်းကျိုးပြည်ကျိုးအတွက် လောကကောင်းကျိုးအတွက် ဖြစ်စေရမယ်လိ့ု နှစ်ယောက်စလုံးသစ္စာဆိုပြီး တူညီတဲ့ တိုင်တည်ဆုတောင်းမှုကို ပြုကြရတယ်။ အဲ့ဒီ့တုန်းက ငါတို့ စိတ်က အဖြူထည်တွေ။ ခုနှစ်ရက်၊ ခုနှစ်လီပြည့်တဲ့ညက် ကန်ပေါက်ကြီးရဲ့ အရှေ့ဘက် ထန်းသုံးပင် ဖိုခနောက်ဆိုင်နေတဲ့ နေရာဆီက ဘာနဲ့မှမတူတဲ့ အလင်းစကို ငါတို့ မြင်ကြရတယ်။ အဲ့ဒီ့ကို သွားကြည့်တော့ မင်းဆီမွာ အခုရှိနေတဲ့ အိတ်ကလေးကို ငါတို့ ရကြတယ်…”
နက်ကျော် သူ့ဆီက အိတ်ကလေးအကြောင်းပါလာတဲ့အတွက် အလွန်ပဲ စိတ်၀င်စားမိလာရပြီ။
” ငါတို့ အဲ့ဒီ့အိတ်ကေလးကို ယူပြီး ပြန်ခဲ့ကြတယ်။ အိတ်ကလေးရဲ့ အထဲမွာ အလုံးလေးတွေနဲ့ အရိုးကလေးတွေပါတယ်။ အလုံးလေးတွေက ဘာလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် အရိုးတွေကတော့ ရေဆင်တစ်ကောင်ရဲ့ အရိုးတဲ့။ ဒါတွေကို ဆက်စပ်ပြီး ရေဆင်သိုက်ကို ရှာရမယ်လို့ ဆရာဘိုးတူပြောပြတယ်…”
” ကျုပ်တော့ အတော်လေး စိတ်၀င်စားလာရပြီ…”
” အေး…မင်းပိုစိတ်၀င်စားလာရမယ့်အကြောင်းတွေ ကျန်သေးတယ်…”
” အင်း…ဆက်ပြောပါ။ ကျုပ်နားထောင်မယ်…”
” ရလာပြီးတော့ ဆရာဘိုးတူက အဲ့ဒါတွေကို ဆက်စပ်ပြီး ရေဆင်သိုက် လမ်းကြောင်းကို ရှာတယ်။ ငါကလည်း စိတ်၀င်စားမိတော့ အနီးကပ်နေရင်း ၀င်ပြီးကူပေး မေးမြန်းကြည့်နဲ့ပေါ့။ ဒါကို ဆရာဘိုးတူက ငါ့ကို သံသယရှိလာတယ်။ ငါကတော့ သတိမထားမိဘူးပေါ့။ ဒီအတွက်နဲ့ပဲ တစ်ရက်သားက် ငါ့ကို ထမင်းအရင်စားဖို့ပြောပြီး ငါစားမယ့် ထမင်းထဲကို အဆိပ်ခတ်တယ်။ ကံကောင်းလို်က်တာက ထမင်းခူးထားပြီး စားမယ်လုပ်တုန်း ရေထမ်းပို့တဲ့ ကောင်လေး ရောက်လာတာ။ အဲ့ဒါနဲ့ ငါလည်း လိုအပ်တဲ့ သောက်ရေပမာဏကို မှာပြီးတော့ အဲ့ဒီ့အချိန်မွာ ဖြစ်ချင်တော့ အနောက်က ငါ့ပန်းကန်ကို ခွေးက ၀င်စားတယ်။ ခွေးခမျာ ထမင်းကို နှစ်လုတ်တောင် မစားနိုင်ဘူး။ ချက်ချင်းသေသွားတယ်။ ငါ သိပ်အံ့ျသနေတုန်း ဆူညံသံတွေကြောင့် အနောက်ကို ရောက်လာတယ်။ ငါ့အစားခွေးကိုမြင်တော့ သူဒေါသထွက်သွားတယ်။ ငါ့ကို မြင်တော့မှ မျက်နှာအနေအထားက ပြောင်းသွားပြီး အချိုသတ်လို့ တော်သေးတာပေါ့ရယ်လို့ ပြောတယ်။ ငါသိလိုက်ပြီလေ။ ဒါက ဆရာငါ့ကို အဆိပ်ခတ်တယ်ဆိုတာ…”
” ဟာ…”
” ငါ အတော့်ကိုပဲ ထိတ်လန့်ရသလို ဆရာ့ကို မုန်းတီးစိတ်လည်း၀င်သွားရတယ်ပေါ့ကွာ။ ဒါကြောင့်ပဲ ဆရာ့အလစ်မွာ ငါ အဲ့ဒီ့အိတ်ကလေးနဲ့ ပစ္စည်းတွေကို ခိုးယူထွက်ပြေးခဲ့တယ်။ နာက်တော့ ဆရာနဲ့ေ၀းရာကို သွားပြီး သဲလွန်စနဲ့ မြေပုံကို ဖော်ကြည့်တယ်။ နှစ်ပေါင်း နှစ်ဆယ်နီနီးကြာခဲ့တာတောင်မွ မြေပုံညွှန်းကို တ၀က်ကျော်ပဲ ဖော်လို့ရခဲ့တယ်။ ဒါနဲ့ပဲ ငါလည်း အချိန်တွေကို ကြည့်ပြီး ဆက်ရှာရင်မဖြစ်တော့ဘူး။ ဒါကြောင့်ရသလောက်မွာပဲ ရပ်တန့်လိုက်ပြီး မြေပုံစတင်ရာဖြစ်တဲ့ ဒီဒိုးပေါက်ချောင်းကို ရောက်လာခဲ့ရပြီး ရှာဖွေရင်း ရေမကူးတတ်တဲ့ငါ ဒိုးပေါက်ချောင်းမွာ ဇီ၀ိန်ချုပ်ခဲ့ရတယ်…”
နက်ကျော် စိတ်မကောင်းဖြစ်သွားရတယ်။
လူကြီးက စကားကို အဆုံးသတ်လိုက်တော့ နက်ကျော် သက်ပြင်းကို ချမိလိုက်တယ်။
” ဒါဖြင့် ခင်ဗ်ား အခုရောက်လာတဲ့ အကြောင်းအရင်းကကော…”
” အင်း… အခုရောက်လာရတာက မင်းတို့ကြောင့် ငါလွတ်မြောက်လာရတယ်။ ပြီးတော့ ရေဆင်သိုက်ဆိုတာကို အခုအထိ ငါစွဲလန်းမိနေတုန်းပဲ။ ရေဆင်တွေမှာ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါက လပြည့်နေ့တိုင်းမွာ ရေပျော်ရေမြူးတတ်တာပဲ…”
” အင်း…”
နက်ကျော် အလိုက်အထိုက် ပြောလိုက်တယ်။
ဒီအခိုက် သူရဲ့ အိမ်အရှေ့ဆီက ခြေသံအချို့ကို ကြားလိုက်ရတာမို့ လှည့်အကြည့်မွာ လူကြီးက ပျောက်ခြင်းမလွ ပျောက်သွားခဲ့ပြီ။
” ကိုနက်ကေျာ်ရေ…ကိုနက်ကျော်…”
အိမ်ရှေ့က ငဒွေးရဲ့ အသံ။
နက်ကေျာ် လူးလဲထဖို့ ကြိုးစားကြည့်ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးက လေးဖင့်နေတယ်။
” ဟာ…ကိုနက်ကေျာ်…ခင်ဗ်ားက အိမ်ပြန်ပြီး ကောင်းကောင်းလာနှပ်နေတာပဲ…”
သွေးလေးလံမှုကြောင့် နက်ကေျာ် ချက်ချင်းဘယ်လိုမွ တုန့်ပြန်စကားမဆိုနိုင်။
” ဟေ့လူ…ခင်ဗ်ား ဘာဖြစ်နေတာလဲ…”
ငဒွေးက အိမ်ပေါ်တက်လာတယ်။
” အင်း…”
နက်ကျော်ဆီက သက်ပြင်းခ်သံ။ နောက်တော့ လူးလွန့်ပြီး ထထိုင်လာတယ်။
” ခင်ဗ်ား နေမကောင်းဘူးလား…”
ငဒွေး စိုးရိမ်တကြီးမေးတာ။
” မဟုတ်ဘူး…ငါ နေကောင်းတယ် ငဒွေးရ။ မင်းဆီက ထမင်းစားကောင်းကောင်းနဲ့ စားလာတာ အပြန်က်တော့ ဟန်မဆောင်နိုင်ဘဲ ငါ အိပ်ပျော်သြားတာ…”
” ဪ…ဒါမ်ားဗ်ာ။ ကျုပ်ဖြင့် ခင်ဗျားကို စိတ်ပူသြားရတာပဲ…”
” မဟုတ်ဘူး ငဒွေးရ။ ဒါပေမယ့် သာမန်တော့မဟုတ်ဘူး…”
ငဒွေး စိတ်၀င်စားသွားရတယ်။
” ခင်ဗ်ား စကားက…”
” ငါ အိပ်မက်မက်တယ် ငဒွေးရ…”
” အိပ်မက်…ဟုတ်လား။ ဘာအိပ်မက်လဲ…”
နက်ကျော်က ငဒွေးတစ်ယောက်ပဲ ကြားသာတဲ့ လေသံမျိုးနဲ့…။
” ငါတို့ သဂြိုဟ်ပေးခဲ့သူ သိလား…”
” အင်း ဟိုချောင်းထဲက လူမလား။ မနက်ကမွ သဂြိုဟ်ပေးခဲ့တာ ကျုပ် မမေ့ပါဘူး…”
” အေး…အဲ့ဒီ့လူကို ငါ အိပ်မက်မက်တာ…”
” ဟာ…ဘာတွေများ မက်မိရတာလဲ။ လုပ်စမး်ပါဦး…”
” သူ့အကြောင်းအချို့ရယ် ပြီးတော့ ရေဆင်သိုက်နဲ့ ပက်သက်တာတွေရယ်ပေါ့…”
” ရေဆင်သိုက် ဟုတ်လား…”
” အေး…ငါပြောပြမယ်။ မေးခွန်းတွေညထုတ်မနေနဲ့တော့…”
ငဒွေး ငြိမ်သွားတယ်။
နက်ကျော်က သူ့ရဲ့ အိပ်မက်အကြောင်းကို ပြောပြလိုက်လေတယ်။
အိပ်မက်အကြောင်းကို နားထောင်ပြီးတော့ ငဒွေးခမျာ ပါးစပ်အဟောင်းသားနဲ့။
” ဒီအဖြစ်အပျက်က အဲ့ဒီ့လို ဒဏ္႑ာရီဆန်ဆန် သမိုင်းတွေနဲ့လည်း ပက်သက်နေတယ်ပေါ့။ ဟုတ်ကော ဟုတ်နိုင်ပါ့မလား…”
ငဒွေးဆီက မယုံသင်္ကာစကား။
အဲ့ဒီ့အခိုက် သူ့ကျောပြင်ဆီကို တစ်စုံတစ်ယောက်က ဘုန်းခနဲ ထုရိုက်သလို ခံစားလိုက်ရတယ်။
နက်ကျော်က သူ့အရှေ့မှာ။ အနောက်မွာက ဘယ်သူမှမရှိဘူး။ ငဒွေး အလွန်အံ့သြရပြီ။
” ငဒွေး…မင်းဘာဖြစ်တာလဲ…”
အမူအယာပျက်သြားတဲ့ ငဒွေးကို နက်ကျော်က မေးတာ။
” ကျုပ်ကို တစ်ယောက်ယောက် ရိုက်လိုက်သလိုပဲ…”
ဒါဟာ ဘယ်သူ့လက်ချက်ဆိုတာ နက်ကျော် သိလို်က်ပါတယ်။
” မယုံသင်္ကာစကားပြောလို့ မင်းကို သူရိုက်တာ…”
” ဘယ်သူလဲ…”
ငဒွေးက မကျေမချမ်းနဲ့ မေးလာတာ။
” သူ…”
နက်ကေျာ်က အိပ်ရာနံဘေးက ကတ္တီပါအိတ်ကလေးဆီကို မေးငေါ့ပြတယ်။
ငဒွေးနားလည်လိုက်ပါပြီ။
နက်ကျော် အိပ်မက်မက်တဲ့သူက အဲ့ဒီ့ထဲမွာ ရှိနေတာ။
အမှန်တော့ အဲ့ဒီ့ိလိုရယ် မဟုတ်ပါဘူး။
အိတ်ထဲမွာ ရှိနေတဲ့အရာက ရေဆင်တစ်ကောင်ရဲ့ အမြုတေရယ်လို့ သမုတ်နိုင်တဲ့အရာတွေ။
ဒီလိုအရာဆီမွာ ပရလောကသားတွေ မမီတွယ်နိုင်ပါဘူး။
စကားသံတို့က တိတ်ဆိတ်နေတယ်။
ခဏကြာတော့ တိတ်ဆိတ်မှုကို ဖောက်ခွင်းလာသူက နက်ကျော်ရယ်။
” ကဲ…ငဒွေး။ သူ့ဘက်ကတော့ ငါတို့ကို အလိုရှိနေတယ်။ ငါတို့ကကော သူ့ကို အလိုရှိလိုက်ကြမလား…”
” ပထမ ကျုပ်တို့က ရေဆင်ကို လိုက်တယ်။ တစ်ကောင်ဆိုတာ ဘာမှန်းမသိခင် အခု ရေဆင်သိုက်တဲ့…”
” မငး် ဘာကို ပြောချင်တာလဲ ငဒွေးရ…”
ငဒွေးက အသေအချာ စဉ်းစားဟန်နဲ့…။
” တစ်ကောင်ထဲတောင် ဘယ်ဆီမှန်းမသိ၊ ဒီလောက်ခက်ခဲနေတာ။ အခုက် အသိုက်လိုက်ဆိုတော့…”
ငဒွေးက စကားကို တန့်တယ်။
နက်ကျော်က သဘောပေါက်သွားတယ်။
” ငါ သဘောပေါက်ပြီ။ ဘာပဲဖြစ်ဖြစ် ငဒွေးရာ။ မင်း သေချာစဉ်းစားကြည့်။ အစက တစ်ကောင်ထဲကို စမ်းတဝါးဝါးနဲ့ မျှော်လင့်တာ။ အခုက အသိုက်တစ်ခုလုံးကို အထောက်အထား အညွှန်းအဆိုနဲ့ ရှာဖွေမှာ။ ဘယ်လောက်ခက်ခဲပါစေကွာ။ ငါတို့ အစကထက်တော့ ခရီးရောက်နေပါပြီ…”
နက်ကျော်ရဲ့ စကားကြောင့် ငဒွေးမထူးဇာတ်ခင်းဖို့ ဆုံးဖြတ်လိုက်တယ်။
” အင်းဗ်ာ…ကျုပ် လုပ်မယ်ဗ်ာ။ သူအလိုရှိသလို ကျုပ်တို့လည်း သူ့ကို အလိုရှိကြတာပေါ့…”
” ဒါဖြင့် ပူးပေါင်းကြတာပေါ့ကွာ…”
ငဒွေးနဲ့ နက်ကျော်တို့ တစ်ယောက်လက်ကို တစ်ယောက် အားပါပါနဲ့ ရိုက်ပုတ်လို့ ဆုပ်ကိုင်မိလိုက်ကြပါတယ်။
ဒီကနေစလို့ တစ်ပါတ်အတွင် နက်ကျော်နဲ့ ငဒွေးတို့ စီစဉ်စရာရှိတာတွေကို စီစဉ်ဖို့ တိုင်ပင်ဖြစ်ကြတယ်။
အဲ့ဒီ့အချိန်အတွင်းမွာတော့ ဒိုးပေါက်ချောင်းဆီက ရေဆင်တို့ သတင်းကြောင့် အျခားသော သူတို့ကလည်း ဖမ်းဆီးဖို့ရာရယ် ရောက်ရှိလာခဲ့ကြပြီဖြစ်ပါတယ်။
*******
မုဆိုးကြီးမုံခေါင်တစ်ယောက် ဒီရက်ပိုင်း တောလည်မသွားဖြစ်ဘူး။
သူကသာ တောလည်မသြားပေမယ့် သူ့ဆီကိုတော့ ရပ်ရွာထဲက မုဆိုးငယ်အချို့ စားကျက်မြေ၊ သားကောင်ကျမယ့်နေရာတို့ကို လာရောက်မေးတတ်တယ်။
ဒီအတွက် သူပြောပြတဲ့နေရာတွေဆီကို သွားလည်မိလို့ သားကာင်ရတဲ့ မုဆိုးငယ်တွေက သူ့အတွက် အသားတွေ လာပို့ပေးထားတာမျိုးတွေ ရှိခဲ့တယ်။
ဒါကြောင့် တောလည်မသြားပေမယ့် သူ့ဆီမှာ အသားတော့မပြတ်ခဲ့ဘူး။
ဒီတော့ အိမ်မွာနေပြီး သူမွေးထားတဲ့ မျောက်ကလေးကို အစာကျွေးလိုက်၊ ပြီးတော့ ဒူးလေးအတွက် မ်ွားတံတွေသ’လိုက်၊ အဆိပ်ရည်ကျိုကာ သုတ်လိမ်းလိုက်နဲ့ပဲ အချိန်အချို့ကို ဖြတ်သန်းနေမိတယ်။
အခုလည်း မုဆိုးကြီးတစ်ယောက် တင်လဲရည်၊ ထမင်းနဲ့ အျခားသော ဘာဟီရပစ္စည်းတွေ ပေါင်းစပ်ကျိုချက်နေတဲ့ အဆိပ်ရည်အိုးကို မီးမျှင်းမျှင်းနဲ့ မွှေနေတယ်။
အိုးထဲဆီက ချဉ်စူးစူးရနံ့တို့က ၀န်းကျင်တစ်ခွင်ကို လွင့်ပျံလို့။
ဒီတစ်အိုးက အသစ်မံထားရမယ့်အိုးရယ်။
ကြိုနေတဲ့နည်းက သူတို့ ဘိုးစဉ်ဘောက်ဆက် အသုံးပြုလာတဲ့ နည်းတစ်ခု။
အရင်အိုးအဟောင်းဆီက အဆိပ်ရည်တွေကိုတော့ အသစ်ရွေထားတဲ့ မြှားတံတွေဆီမှာ အသုံးပြုတာ ကုန်ခဲ့ပြီ။ ထပ်ပြီး အသုံးပြုရမှာက မြှားတံ အချောင်း ၂၀၀ လောက်ကျန်အူးမယ်။
အဆိပ်ရဲ့ ပြင်းအားကတော့ မေးခွန်းထုတ်စရာကို မလိုဘူး။ သားကောင်ကို ထိတာနဲ့ တစ်ချက်ပဲ ခုန်နိုင်တဲ့အထိ စွမ်းတယ်။ သို့ပေမယ့် အဆိပ်ရဲ့ ပြင်းအားကြောင့် သားကောင်ရဲ့ နှလုံးကတော့ ချက်ချင်းကို မည်းနက်ပျက်စီးသွားတတ်တာ။
” ဗျို့…မုဆိုးကြီး…”
ရုတ်တရက် ထွက်ပေါ်လာတဲ့ ခြံ၀ဆီက ခေါ်သံ။
မုဆိုးကြီး ကြည့်မိတော့ ငှက်ခတ်သမား ငဦးတို့ ညီအကိုရယ်။
” အေး…လာဟေ့။ နင်တို့ ဘာကိစ္စလဲ…”
ငဦးတို့ ညီအကို ခြံ၀ိုင်းထဲကို ၀င်လာကြတယ်။ ပြီးတော့ သူတို့လက်ထဲက ငါးခြောက်ထုတ်ကို ခ်ထားတဲ့ စားပွဲငယ်ဆီမွာ တင်လိုက်ကြပြီး…။
” ဒါက မုဆိုးကြီးအတွက် ကျုပ်တို့အမေ ထည့်ပေးလိုက်တာ။ ဟိုဘက်ရွာက လာရောင်းတဲ့ ငါးရံ့ခြောက်တဲ့…”
ငဦးက ပြောတော့ မုဆိုးကြီး အဆိပ်အိုးကို မပြီး မြေနှပ်ဖို့ အသင့်ပြင်ထားတဲ့ ကျင်းဆီကို ချလိုက်ပြီး…။
” အိုလေ…နင်တို့အမေကတော့ လုပ်ရော့မယ်။ သက်သက်မဲ့ အကုန်အကျခံလို့…”
အားတုန့်အားနာ ငြင်းဆန်စကား။
“ဟာ… အဲ့ဒီလိုတော့ မဟုတ်ဘူးရယ်ဗ်။ အမေဘပြောတာက ဒါကို ဟိုးတစ်ခါ ထမင်းစားဖိတ်ကတည်းက ပေးဖို့တဲ့။ မုဆိုးကြီးက မလာတော့ မပေးဖြစ်လိုက်တာလေ။ ဒီကြားထဲမှာ ကျုပ်တို့ကလည်း အောက်ဘက်ကို အလုပ်ပါသြားတော့ လာလည်းမပေးဖြစ်လိုက်ဘူး။ ခုမွ ပြန်ရောက်လို့ တစ်ခါထဲ ယူလာခဲ့တာ…”
မုဆိုးကြီး အဆိပ်အိုးကို သေချာအထိုင်ချလိုက်တယ်။ ပြီးတော့ လက်ကို သူ၀တ်ထားတဲ့ ကချင်ပုဆိုးကြီးနဲ့ သုတ်လိုက်ပြီး ငဦးတို့ဆီကို လှမ်းလာရင်းက…။
” ကဲ…ဒါဖြင့်လည်း ငါက အဆိပ်တွေကိုင်ထားလို့၊ နင်တို့ပဲ ငါ့တဲထဲက ဆန်အိုးထဲ ထည့်ခဲ့ပေးတော့။ အဲ့ဒီ့တုန်းကတော့ ငါလည်း အရေးတကြီး ကိစ္စရှိလာလို့ရယ်…”
” ခင်ဗျား ေရးခဲ့တဲ့စာကို မြင်မိပါတယ်ဗ်ာ။ ဒါနဲ့ အဲ့ဒါ ဘာအရေးများလဲ…”
” ထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုပါတော့…”
” အင်း…ကျုပ်တို့ သိခွင့်ရှိမလား…”
” ငါကတော့ အလုပ်ပြီးပြီ။ နင်တို့အချိန်ရရင်တော့ ငါ ပြောပြနိုင်ပါတယ်…”
” ကဲ…ဒါဖြင့်လည်း ပြောပြဗ်ာ။ ဪ…ခဏ ကျုပ် ငါးခြောက်သွားသိမ်းပေးဦးမယ်…”
ငထူးက ပြောပြောဆိုဆို ငါးခြောက်ထုတ်ကိုယူလို့ တဲဆီ အပြေး၀င်သွားတယ်။
” ငထူးရေ…တစ်လက်စထဲ အဲ့ဆီက ရေနွေးဗန်းပါ ယူခဲ့ချေဦး…”
မုဆိုးကြီးနဲ့ ငဦးတို့ ငထူးပြန်အလာကို စောင့်ကြတယ်။
တစ်အောင့်ကြာတော့ ရေနွေးဗန်းနဲ့အတူ ငထူး ပြန်လာခဲ့ပြီ။
ငထူး ရေနွေးဗန်းကို ချပြီးတော့ မုဆိုးကြီးက…။
” နင်တို့လာရင်းက ဒါပို့ရုံတင်တော့ မကလောက်ဘူး။ ငှက်ကွင်းလည်း မေးရင်းရောက်လာတာမှတ်ထား…”
ငဦးတို့ ညီအကို ရယ်မောလိုက်ကြတယ်။
” မုဆိုးကြီးကတော့ တစ်ပွဲစားမုံခေါင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေ့။ ကျုပ်တို့ စိတ်အကြံကိုတောင် သိနေတော့တာပဲ…”
ငထူးက လောကွတ်ဆိုတာ။ မုဆိုးကြီးက…
” အံမယ်…ငါက နင်တို့စိတ်ကို မြင်တာမဟုတ်ဘူး။ ငါက အတွေ့အကြုံအရ ပြောလိုက်တာပဲ။ ဒီနယ်တကြောက လူတွေ ငါ့ဆီကို ရောက်လာတယ်ဆိုတာက မ်ားသေားအားဖြင့် သားကောင်သတင်း စားကျက်သတင်းသိချင်လို့ လာကြတာ။ ဒီတော့ နင်တို့လည်း တူတူပဲလို့ ထင်တာ ဘာများဆန်းသလဲ…”
ငဦးတို့ ဘာမွ မတုန့်ပြန်ကြတော့ဘူး။
မုဆိုးကြီးက ကောင်းကင်ကိုတစ်လှည့် မြေဆီကိုတစ်လှည့် ထိကြည့်ကိုင်ကြည့်နေတယ်။
” မနက်ဖြန်တော့ ဇရပ်ကွင်းဘက်ကို သွားကြချေ…”
“ဇရပ်ကွင်းဆိုတာက…”
” ဪ…ငထူးကလည်း တို့တစ်ခါသြားဖူးတဲ့ ဘုန်းကြီးပျက်အင်းအလွန်က ကွင်းကို ပြောတာ…”
” ဪ…သိပြီ…”
” အေး…အဲ့ဒီ့ကို သွားကြချေ…”
ငဦးရော ငထူးပါ ခဏငြိမ်ပြီး တွက်ဆသွားကြတယ်။
တအောင့်ကြာတော့ ငဦးက…။
” ကျေးဇူးတင်ပါတယ် မုဆိုးကြီးရေ။ အဲ…ဒါနဲ့ အခုနက ကိစ္စလေး ပြောပြပါဦး…”
ငထူးကလည်း င့ံလင့်နေတယ်။ မုဆိုးကြီးက…
” အေး…အဲ့ဒီ့တုန်းက အင်္ဂါမစုံတဲ့ လူငေါင်းတစ်ကောင်ကို သွားပြီး ကယ်ခဲ့ရတာရယ်…”
” လူငေါင်း ဟုတ်လား…”
” အေး…မွေးကင်းစအရွယ်မွာ ခွေးအတစ်အုပ်ရဲ့ အမဲလိုက်တာကို ခံရတာမို့ ကလေးက ဒုက္ခိတဖြစ်သြားတာ။ နောက်တော့…”
မုဆိုးကြီး ထိုစဉ်တုန်းက အလွန်ပဲ ရင်နင့်ဖွယ်ကောင်းလွန်းတဲ့ အဖြစ်အပျက်ကို စီကာပတ်ကုံးပြောပြလေတယ်။
မုဆိုးကြီး အကြောင်းအရာကို အဆုံးသတ်ချိန်က် အချိန်က ညနေစောင်းအချိန်တောင်ဖြစ်နေပြီ။
ငဦးကော ငထူးပါ ကံကြမ္မာရဲ့ အပြင်းအထန် လှည့်ဖျားမှုကို ခံစားခဲ့ရတဲ့ မိသားစုအတွက် တကယ့်ကို စိတ်မကောင်းဖြစ်နေကြတယ်။
ဒီလိုနဲ့ပဲ ငဦးတို့ ပြန်ချိန်က်တော့ နေ၀င်ရီတရောအချိန်။
တစ်ယောက်ထဲကျန်ခဲ့ရတဲ့ မုဆိုးကြီးရဲ့ ရင်ထဲ တိုက်ဆိုင်မှုတစ်ခုကြောင့် တစ်စုံတစ်ယောက်ကို အပြင်းအထန်သတိရမိလာတယ်။
” မြညို…”
မှတ်မှတ်ထင်ထင် ပုံရိပ်လေးတစ်ခု။
တစ်ခါတုန်းက ငဦး၊ ငထူးတို့ ညီအကိုဆီက အပြန် မြညိုနဲ့သူ ဆုံခဲ့ရတာ။
မြညိုက သူ့ကို စိတ်၀င်စားနေတာတဲ့။
တွေးမိလိုက်ရုံနဲ့ တစ်ကိုယ်ထဲ လူပျိုကြီးအဖို့ ရင်ကို ပူနွေးလှိုက်လ်ွသြားစေတယ်။
မြညိုကို သူ တွေ့ချင်စိတ်တွေ ထိန်းမရတော့သလိုပဲ။
မြညိုက သူမနေထိုင်တဲ့ သဖန်းတောရွာကို လာခဲ့ဖို့ ဖိတ်ခေါ်ထားတယ်။
မုဆိုးကြီးရဲ့ စိတ်ထဲ သွားသင့်မသွားသင့် ချင့်ချိန်စဉ်းစားနေတယ်။
သို့ပေမယ့် သွားချင်စိတ်ကတော့ တားရနိုင်လောက်အောင်ပဲ။
ဒါနဲ့ပဲ မနက်ဖြန်ကိုတေ့ာ မြညိုဆီကို သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။
*******
မနက်စောစော နေခြည်ဖ်ဖ်အောက်ဆီမွာ မုဆိုးကြီးမုံခေါင်တစ်ယောက်ရဲ့ ခြေလှမ်းတွေက သွက်လက်လွန်းနေတယ်။
တောတန်းတွေဖြတ်သန်းနေရင်း လမ်းတစ်လျှောက်ဆီမွာ တွေ့တွေ့လေသမျှ၊ စိတ်ထဲ လှတယ်ထင်သမ်ွ ပန်းတို့ကိုလည်း ခူးဆွတ်လာချေသေးတာ အခုဆို လက်ထဲမွာ ပန်းတွေ တပွေ့တပိုက်နဲ့။
နောက်ကေ်ာဆီမွာတော့ မြညိုတို့မိသားစုအတွက် ပေးဖို့ရာ လှမ်းပြီးသား အသားခြောက်အထုပ်ကြီးကို လွယ်ပိုးလို့ရယ်။
မုဆိုးတစ်ယောက် ကိုဆောင်ရမွာက သေနတ်သို့မဟုတ် ဒူးလေး၊ မြှား။ ဒါမှမဟုတ် ဓားရယ်ပေါ့။ အခုနေများတော့ မုဆိုးရဲ့ လက်ထဲမွာ ပန်းတွေနဲ့ရယ်။
အမြင်က မတင့်တယ်ဘူးလို့ ထင်ချင်စရာပါ။
သို့ပေမယ့်လည်း အချစ်စိတ်လွှမ်းနေတဲ့ မုဆိုးကြီးရဲ့ မျက်နှာက လူငယ်လေးတစ်ယောက်လိုပဲ နုနယ်လန်းဆန်းလို့။
တစ်ခါတစ်ခါ စိတ်လိုလက်ရ တစ်ခါမွ မသီဆိုစဖူး သီချင်းတွေကိုတောင် သီဆိုလိုက်သေးတယ်။
နေထန်းတစ်ဖ်ားကို ရောက်ချိန်မွာတော့ အေ၀းဆီက သဖန်းတောရွာကို ပြပြလှမ်းမြင်ရပြီရယ်။
မုဆိုးကြီးရဲ့ ခြေလှမ်းတွေက တဖြေးဖြေး ပိုမိုပြီး သွက်လက်လာတယ်။
ရွာအ၀င်ဆီကိုရောက်တော့ မြညိုအကြောင်းကို တန်းပြီး မေးစမ်းမိတော့တာ။
” မြညို…ရွာမှာ မရှိဘူး။ ဒါပေမယ့် ပြီးခ့ဲတဲ့ဲ ရက်က အလုပ်တစ်ခုဆီကို ထွက်သွားတယ်…”
” အယ်…”
မုဆိုးကြီး ရင်ဆို့သွားရတယ်။
အားခဲပြီးလာခဲ့ပေမယ့် အခြေအနေက သူ့ဘက်မပါခဲ့ဘူး။
ဒီတော့ သူ အပြန်လမ်းဆီကိုသာ လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်မိတော့တာ။
” မိတ်ဆွေ…နင် ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား…”
သူ မေးစမ်းမိသူကို မုဆိုးကြီးက တောင်းဆိုတာ။
” အင်း…ပြောလေ…”
” ဒီအထုပ်ကို မြညိုတို့ အိမ်ဆီကို ပို့ပေးပါလား။ ဒီပန်းတွေရော။ ဪ…ပြီးတော့ ဒီတစ်ထုပ်က နင့် အတွက် ပေးလိုက်မယ်…”
မုဆိုးကြီးက ပန်းတွေနဲ့အတူ လွယ်ထားတဲ့ အိတ်ကို တစ်ဖက်သူဆီ ကမ်းပေးတယ်။
ဒီလိုနဲ့ တစ်ဖက်ကသူက သဖန်းတောရွာထဲကို ၀င်သြားတယ်။
မုဆိုးကြီးကတော့ အဲ့ဒီ့သူရဲ့ ကျောပြင်ကို မျက်စိတစ်ဆုံးငေးကြည့်နေပြီးမှ လာရာလမ်းဆီကို ပြန်လှည့်ခဲ့ပါတော့တယ်။
*******
ဒိုးပေါက်ချောင်းဆီမွာ ရေဆင်ဖမ်းဖို့အတွက် လူတွေ ဟိုတစ်စု ဒီတစ်စုနဲ့။
အဖွဲ့တွေက ဆယ့်လေးငါးဖွဲ့မက ချောင်းတစ်လျှောက်နေရာယူကြလို့။ ပြီးတော့ အဖွဲ့တိုင်းဆီမွာ ဆင်တစ်ကောင်စီ ပါနေကြသေးတာ။
ဒါပေမယ့်လည်း သူတို့အားလုံး ရောက်သာရောက်လာကြတာ။ ရေဆင်ကို ဖမ်းဆီးဖို့အတွက် ဘယ်လိုနည်းနာတွေနဲ့ ဖမ်းဆီးကြမယ်ရယ်လို့ သေချာမသိရပေမယ့် အချို့အဖွဲ့တွေကတော့ ပစ္စည်းပစ္စယတွေက အတော့်ကို အမ်ားသား။
” မြညိုရေ…”
အဖွဲ့ရဲ့ ခေါင်းဆောင်၊ သူမနဲ့ ဆွေရိပ်မျိုးရိပ် မကင်းတဲ့ ကိုကြီးအောင်ထွန်းက ခေါ်လာတာ။
” ရှင်…”
တဲငယ်လေးထဲမှာ ထမင်းအိုးကို မွှေလိုက်ရင်းက မြညို ပြန်ထူးလိုက်တာ။
” နင် ဒီနေ့ ချောင်းဘက် လိုက်ခဲ့မလားလို့…”
ကိုကြီးအောင်ထွန်းက ဒိုးပေါက်ချောင်းဆီကို ခေါ်နေတာ။
သူတို့လည်း အများနည်းတူ ရေဆင်ရှာဖို့ ရောက်လာကြတာ။
ဒိုးပေါက်ချောင်းက ရေဆင်သတင်းက နယ်တကြောမှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားတယ်။
သတင်းရပြီး မကြာဘုူး။ ၀ယ်လို ၀ယ်လက်တွေလည်း ရှိလာသလို ပေးဆိုတဲ့ ပမာဏကလည်း ကြောက်ခမန်းလိလိ။
ဒီတော့ လူအမ်ားအျပားက နေ့ချင်းညချင်းချမး်သာချင်လာကြတယ်။ ဒီတော့ ရေဆင်ရှာကြဖို့အတွက် အားစိုက်လာကြတယ်။
ငွေကြေးစိုက်ထုတ်သူများလည်း ရှိလာသလို တပည့်တပန်း၊ ဆွေမျိုးသားချင်းများနဲ့ အစစအရာရာ စုေ၀းပြီး လာရောက်ရှာဖွေကြတာမျိုးလည်း ရှိလာတယ်။
မြညိုတို့က ဆွေမျိုးသားချင်းတွေချည်း စုေ၀းလာကြတာ။
တကယ်တမ်းတော့လည်း လာသာလာရပါတယ်။ ရေဆင်ဆိုတာ ဘယ်လိုပုံစံမှန်းတောင် သူတို့မသိ၊ မမြင်ဖူးကြ။ ဆွေမျိုးတွေ အားကောင်းလို့သာ မြညိုလည်း လိုက်လာမိတာ။
စမ်းတဝါးဝါးနဲ့ ရှာသာရှာရတယ်။
သုံးရက်အတွင်း ဒိုးပေါက်ချောင်းဆီက ဘာထူးခြားမှုမှ မမြင်ကြရ။ ရေဆင်သတင်းကလည်း ပျောက်နေသလို ကောလဟာလသတင်းတွေကတော့ ဟိုက ဒီက ထွက်ပေါ်လာနေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြညိုကတော့ ရှာဖွေကြတဲ့သူတွေထဲ မပါပါဘူး။ တဲဆီမွာပဲ ကျန်ရစ်ခဲ့ရပြီး ထမင်းချက်၊ ဟင်းချက်နဲ့ရယ်ပါပဲ။
” ဟဲ့…မြညို…နင် ဘာတွေငိုင်သြားတာလဲ…”
မေးခွန်းကို မဖြေဘဲ ငိုင်တွေနေတဲ့ မြညိုကြောင့် ကိုကြီးအောင်ထွန်းက မေးလာတာ။
” အဲတော်…မ မငိုင်ပါဘူး…”
” အေး…မငိုင်ဘူးဆိုရင်လည်း အဲ့ဒီထမင်းအိုးပြီးတာနဲ့ လိုက်ခဲ့ဖို့ ပြင်။ ကျန်တာကို အရီးလးဆက်လုပ်ထားလိမ့်မယ်…”
” ဟုတ်…ဟုတ်…”
ကိုကြီးအောင်ထွန်း ထွက်သွားတယ်။
မြညိုလည်း ထမင်းအိုးကို ငဲ့ှလိုက်ပြီး အမြန်ဆုံး နှပ်လိုက်တယ်။ ပြီးတော့ အရီးလေးကို ပြောလို့ ချောင်းဘက်ဆီကို ထွက်လာခဲ့တော့တာပဲ။
လူတွေအားလုံး သူ့နေရာနဲ့သူ အပိုင်းလိုက်အကန့်လိုက် ချောင်းကို ဖြတ်လို့ ငါဖးမ်းပိုက်တွေ အထပ်ထပ်တားနေကြတယ်။
ဒါကို မြင်မိတော့ မြညိုမှာ အရင်ရက်တွေက ရေဆင်လာဖမ်းတဲ့ ကိုကြီးအောင်ထွန်းတို့ ပြန်လာလေတိုင်း ရေဆင်နဲ့တူတာ စိုးစဉ်းတောင်မပါဘဲ ငါးအမျိုးစုံသာ ပါလာခဲ့တာကို တွေးမိသွားရတယ်။
အတွေးကြောင့် မြညို မျက်နှာက ပြုံးဖြီးဖြီးဖြစ်သြားရကော။
” ဟေး…မြညို။ အမြန်လာ…ပိုက်တွေ ရုတ်တော့မလို့…”
” ဪ…လာပြီ လာပြီ အကိုကြီး…”
မြညိုလည်း ချောင်းထဲကို ဆင်းရတော့တာ။
ရေက ဒူးကျော်ကျော်။
အချို့နေရာတွေကတော့ ပေါင်ကျော် ခါးလောက်ရယ်ပေါ့။
မြညိုလည်း ကိုကြီးအောင်ထွန်းတို့နဲ့အတူ ပိုက်တွေကို ရုတ်သိမ်းလိုက် ပြန်ဖော်လိုက်၊ အချို့ကို နေရာရွှေ့ပြီးချလိုက်နဲ့။
လုပ်ရင်းကိုင်ရင်းနဲ့ကိုပဲ တကယ်တော့ သူမတို့အဖြစ်က လေဖမ်းပြီး ဒန်းစီးကြသူတွေရယ်လို့ မြညို အတွေးသက်မိနေတယ်။
” ကိုကြီးအောင်ထွန်း…”
” ဟေ…”
ကိုကြီးအောင်ထွန်းက ပိုက်တစ်ချက်ကို မဖော်ရင်း မြညိုကို ကြည့်လာတယ်။
” ကျုပ်တို့ အခု ဘာလာလုပ်ကြတာလဲ…”
” အယ်…မြညို။ နင် ဘာဖြစ်သြားတာလဲ။ အတိတ်မ်ား မေ့သွားတာလား…”
” အယ်…ဘာဖြစ်လို့လဲ တော့်…”
” ဟဲ့…ငါတို့က ရေဆင်လာဖမ်းတာလေ။ အဲ့ဒါကို နင်က ဘာတွေအထူးအဆန်းလုပ်ပြီး မေးနေရတာလဲ…”
မြညို ချက်ချင်းပဲ စပ်ဖြီးဖြီးပုံစံဖြစ်သွားတယ်။
” သိတယ်လေ အဲ့ဒါကို။ ဒါပေမယ့် အဟိ…ရောက်ပြီးတည်းက ရေဆင်နဲ့တူတာဆိုလို့ ကြွက်တစ်ကောင်တောင် မမြင်ရသေးသလို၊ နေ့တိုင်းလည်း ငါးတွေချည်းပဲ ရနေတာမို့လား…”
” ဟာ…”
ကိုကြီးအောင်ထွန်း ပထမတော့ ကြောင်သွားတယ်။ နောက်တော့မှ မြညို သူတို့ကို ဟာသတစ်ခုလို မြင်နေကြောင်း သိလိုက်ပြီး…။
” ဟဲ့…မြညို။ တယ်…ဒီကောင်မလေးတော့…”
အားလုံး၀ိုင်းပြီး ရယ်မောကြတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ် သူတို့အဖွဲ့ထဲမှာ မြညိုပါလာတာက အတော့်ကို ရွှင်ပြလာစေတာတော့အမှန်ပဲ။
တဖြေးဖြေး ရေထဲဆင်းလိုက် ပိုက်ဆယ်လိုက် ဟာသတွေပြော ရယ်မောလိုက်ကြနဲ့ အချိန်က နေမွန်းတည့်လုလုဖြစ်လာတယ်။
” ကဲ…ဒီတကြော ဆွဲပြီးရင်တော့ ထမင်းစားပြန်ကြမယ်…”
ကိုကြီးအောင်ထွန်းက ဆော်သြတယ်။
ထမင်းစားနားကြမယ်ဆိုတဲ့ အသိကြောင့် အားလုံးရဲ့ လှုပ်ရှားမှုတွေက သွက်လက်မြန်ဆန်နေတယ်။
အဲ့ဒီ့အချိန် ချောင်းအထက်ဖ်ားကနေ ဆင်တစ်စီးနဲ့ လူသုံးယောက် စုန်ဆင်းချလာတာကို မြညိုမြင်လိုက်မိတယ်။
အဲ့ဒီ့သူတွေနဲ့ ကိုကြီးအောင်ထွန်းတို့က ရင်းနီးနေတဲ့ဟန်ပါပဲ။
” ဟေး…ကိုနက်ကျော်ကြီးတို့၊ ဘယ့်နှယ်လဲ ခင်ဗျားတို့နှစ်ယောက် အခြေအနေကော ကောင်းရဲ့လား…”
ကိုကြီးအောင်ထွန်းက လှမ်းမေးတော့ မြညိုကြောင်အမ်းသွားရတယ်။
ဆင်ပေါ်ပါလာတာ လူသုံးယောက်ကို နှစ်ယောက်ဆိုတဲ့ အမေး။
မြညို လူသုံးယောက်အနက် အနောက်ဆုံးက ပိတ်စအမည်းတစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့သူကို သေချာမြင်မိလိုက်တော့…။
” အို…သူက လူမှမဟုတ်တာပဲ။ နာနာဘာ၀တစ်ကောင်ပါပဲလား။ သူက ရေဆင်ရှာတဲ့သူတွေနဲ့ ဘာလိုက်လုပ်နေတာလဲ…”
ထူဆန်းတဲ့ မြင်ကွင်းအတွက် မြညို အလွန်ပဲ စိတ်၀င်စားသွားရတယ်။
အဲ့ဒီ့လူတွေက အနားက ဖြတ်သန်းသြားတော့ ဆင်ပေါ်က နာနာဘာ၀ကောင်ကြီးက မြညိုကို လည်ပြန်ပြီး လှည့်ကြည့်လာတယ်။
အဲ့ဒီ့အချိန် ဘာကြောင့်ရယ်တော့ မသိဘူး။
မြညိုရဲ့ ၀မ်းထဲဆီက ပညာဗူးက အတော့်ကိုပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သြားခဲ့တာ။
” အင်း…”
အံကို ကြိတ်လို့ မြညို ညည်းမိတော့ ကိုကြီးအောင်ထွန်းတို့က…။
” ဟဲ့…မြညို နင်ဘာဖြစ်လို့လဲ…”
” အင်း…ကျုပ် ဗိုက်ထဲ နဲနဲ အောင့်သွားလို့ တော့်…”
” ဪ…ရေထဲဆင်းတာ အချိန်ကြာသွားလို့ ဗိုက်အောင့်တာ ဖြစ်မယ်…”
မြညိုက ပညာသည်ဆိုတာ ကိုကြီးအောင်ထွန်းတို့ မသိကြဘူး။
ဒါကြောင့် သဘောရိုးနဲ့ဲပဲ ပြောလိုက်တာ။
” အင်း…ဟုတ်မယ်။ ဪ…ဒါနဲ့ ကိုကြီးအောင်ထွန်း…”
” ဟေ…သွားနားလိုက်လေ…”
” မဟုတ်ဘူး။ ကျုပ် တစ်ခုလောက် မေးမလို့…”
” အေး…”
မြညို ကျောခိုင်းပြီး ဆင်းနေတဲ့ နာနာဘာ၀ကောင်ကြီးစီးနင်းသြားတဲ့ ဆင်ကြီးဆီကို လှမ်းကဲ ကြည့်လိုက်ပြီး…။
” သူတို့က ဘယ်သူတွေလဲ…”
အောင်ထွန်းကလည်း မြညို ကြည့်ရာအတိုင်း လိုက်ကြည့်လိုက်ပြီး…။
” သူတို့လား…တစ်ယောက်က နက်ကျော်တဲ့ မုဆိုးတစ်ယောက်ပဲ။ တစ်ယောက်ကတော့ ဆင်ပိုင်ငဒွေး။ ဒီဒိုးပေါက်ချောင်းဆီမွာ ရေဆင်ရှိတယ်ဆိုတာကို ဦးဆုံးမြင်တဲ့တစ်ယောက်ပေါ့။ အခု သူတို့ နှစ်ယောက်ပေါင်းပြီး ရေဆင်ကို ရှာနေတာ။ အားလုံးထဲမှာတော့ သူတို့က အစောဆုံးပဲ ရှာကြတာရယ်…”
” ဪ…”
မြညို ခပ်သဲ့သဲ့ ပြောပါတယ်။
မုဆိုးဆိုတဲ့ ေဝါဟာရကြောင့် မြညိုစိတ်ထဲ မုဆိုးကြီးမုံခေါင်ကိုတောင် သတိရမိလေရဲ့။
သူမ ဗူးအောင်ပြီး စိတ်နယ်လွှင့်ခြင်းအတတ်ကို ပထမဆုံး တတ်မြောက်ချိန်မှာပင် သိပ်ကို နာမည်ကြီးနေတဲ့ မုဆိုးကြီးမုံခေါင်ကို မြင်ဖူးချင်လွန်းလို့ အရောက်သြားခဲ့မိတာ။ ပြောရရင် သူ့စိတ်သဏ္႑ာန်ကို မုဆိုးကြီးမုံခေါင်က လွှမ်းမိုးခဲ့တာ ကြာပြီ။
ဘယ်တုန်းကတည်းကလဲဆိုတော့…။
သူတို့ရွာမှာ ညဘက်ညဘက် လူငယ်တွေစုေ၀းပြီး သက်ကြီးစကားသက်ငယ်နာကြားခံစဉ်က ညစဉ်တိုင်းမွာ မုံခေါင်ရဲ့ အကြောင်းက မပါမဖြစ်ရယ်။
အားလုံးထဲမှာ သူမကို သဘောအခွေ့စေရဆုံးက မုံခေါင်တစ်ယောက် ကျွဲဆိုးကြီးကို နှိမ်နင်းတုန်းက အကြောင်းရယ်။
ကျွဲဆိုးကြီးက ရွှေလောင်းရွာဘက်မွာ လောလောလတ်လတ်ကိုပဲ လူသုံးလောင်းပြိုင် သတ်ထားခဲ့ပြီးသား။
ဖြစ်ချင်တော့ လူသတ်ပြီး လူအုပ်ကြီးက ၀ိုင်းခြောက်လှန့်လို့ သွေးရူးသွေးတန်းနဲ့ ပြေးလာတဲ့ ကျွဲဆိုးကြီးက တစ်ဖက်က ဒွေးချိုရွာကို ၀င်လာတယ်။
အချိန်က ညနေမွန်းလွဲပိုင်း…။
ရွာထဲမှာက ကိုရင်လေးတွေ မနက်အာရုံဆွမ်းအတွက် ဆွမ်း၀တ်လိုက်ပို့နေကြရင်းက ရွာအပြက် လယ်တဲတွေဘက်ကို ခြေဆန့်ကြချိန်…။
အဲ့ဒီ့မွာ ကျွဲဆိုးကြီးနဲ့ ကိုရင်လေးတွေ တည့်တည့်ကို တိုးတော့တာ။
ပထမတော့ နီကျင်ကျင်အဆင်းနဲ့ ကိုရင်လေးတွေကို ကျွဲဆိုးကြီးက ငေါင်စင်းစင်းနဲ့ ကြည့်နေတယ်။
နောက်တော့ နှာတဖူးဖူးမှုတ်၊ ခြာတွေရှပ်ပြီး ကိုရင်လေးတွေဆီကို ပြေး၀င်ခတ်တော့တာရယ်တဲ့။
အဲ့ဒီ့မွာ ကိုရင်အကြီးတွေကတော့ ပြေးနိုင်လွှားနိုင်မို့ ရှောင်သွားနိုင်ကြပေမယ့် အသက်ရှစ်နှစ်အရွယ် အငယ်ဆုံးကိုရက်လေးကတော့ ကြောင်အအနဲ့ ရပ်ကြည့်နေတယ်။
ကျွဲဆိုးကြီးက ကိုရင်လေးဆီ နီးလာတဲနီးလာတဲ့အချိန် ရုတ်တရက်ကြီး နံဘေးဆီက တစ်စုံတစ်ရာက ရိပ်ခနဲရောက်လာပြီး တွန်းတိုက်လို်က်တယ်။
ဘုန်းခနဲ အသံနဲ့အတူ ကျွဲဆိုးကြီးခမျာ နံဘေးီကို ဟန်ချက်ပျက်ပြီး လဲက်သြားတာ။
အဲ့ဒိ့တုန်းက ၀င်ရောက်တိုက်လိုက်တဲ့သူက မုဆိုးကြီး မုံခေါင်ရယ်တဲ့လေ။
ကျွဲဆိုးကြီးက လူးလဲထပြီဒ မုံခေါင်ကို ဦးတည်လို့ ရန်မူတော့မုံခေါင်က ကြောက်ရွံဟန်တစ်စက်မွ မျပဘဲ ထိပ်တိုက်ရင်ဆိုင်ပြီး ပြန်တိုက်ခိုက်တာ။
ရွာနဲ့လည်း သိပ်မေ၀းတဲ့အခြေအနေဆိုတော့ အသံတွေကြောင့် ရွာသူရွာသားတွေလည်း ၀ိုင်း၀န်းရောက်လာကြတယ်။
မုဆိုးကြီးကတော့ ဘာကိုမွ အရေးမထားဘူး။ ပြေး၀င်လာတဲ့ ကျွဲဆိုးကြီးကိုသာ မမှိတ်မသုန်ကြည့်ရင်း အနားရောက်ကာနီးမွာ မြေပြင်ကိို ဖနောင်သုံးချက်ပေါက်လိုက်တယ်တဲ့။
ချက်ချင်းပဲ ပြေး၀င်လာတဲ့ ကျွဲဆိုးကြီး ဖင်ထိုင်ကျသွားတယ်။ ပြီးတော့ လူးလဲထပြီး အနေုက်ကြောင်း ပြန်လှည့်ပြေးတော့တာပဲတဲ့။
ဒါပေမယ့် လေးငါးလှမ်းပဲ ပြေးနိုင်ပြီးတော့ ဘိုင်းခနဲ လဲက်၊ အကြောတွေ့ဆန့် သွေးတွေအန်ပြီး သေဆုံးသွားခဲ့တယ်။
အဲ့ဒီ့နောက်တော့ မုဆိုးကြီးက ကြောင်နေတဲ့ ကိုရင်ငယ်လေးဆီကို သွားပြီး မကြောက်ဖို့ အာေးပးစကားပြောတာမှာ သင်္ကန်းကို မကြည့်နိုင်တာမို့ မျက်နှာလွှဲပြီး ပြောသွားတယ်တဲ့။
တကတည်းတော်…။
သူ့အနေနဲ့ မအပ်စပ်တဲ့အရာကို မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ၀င်ပါတယ်။
ပြီးတော့ သူ မမြင်နိုင်တဲ့အရာ ထိတ်နလ့်ရမယ့်အရာအတွက် သူ့မှာ ကြောက်စိတ်ရှိမနေဘူး။
ရိုးရိုးသားသားကိုပဲ မျက်နှာလွှဲလို့ရရဲ့သားနဲ့ ရင်ဆိုင်အားပေးသွားခဲ့သေးတာ။
ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလွန်ေးနပါလိမ့်…။
” မြညို…”
” အဲ…”
ကိုကြီးအောင်ထွန်းက အနားကပ်ခေါ်လာတာ။ မြညို လန့်သွားရတယ်။
” ညည်း ဘာဖြစ်နေတာလဲ။ အခုနကက်တော့ ဗိုက်နာလို့ အောင့်လို့နဲ့ အခုက်တော့လည်း သူမ်ားတွေ ရေထဲက တက်တာတောင် နင် မတက်ဘဲ ပြုံးဖြီးဖြီးလုပ်နေတယ်။ နင် ဘယ်ကောင်လေးအကြောင်းတွေးနေတာလဲ…”
မြညို အတွေးလွန်သြားတာပါ။
ပြီးတော့ အတွေးလွန်ပြီး အမူအယာပိုနေမိတုန်း လူမိသြားတော့ ရှက်ရပြီရယ်လေ။
အဖြေကို ပြန်မပြုနိုင်ဘူး။
မျက်နှာလည်း မနေတတ် မထားတတ်ဖြစ်ရပြီမို့ မြညို ချောင်းထဲက အပြေးတက်မိတယ်။
ကမ်းဆီအတက်မွာ ခြေက ယိုင်ပြီး လဲမလျုဖြစ်သွားလို့ အားလုံးကထရယ်ကြလေသေးရဲ့။
ဘာပဲဖြစ်ဖြစ် မြညိုကတော့ ရှက်ပြီးရင်း ရှက်ပါပဲ။ ဘယ်သူ့ကိုမှကို လှည့်မကြည့်တမ်း ပြေးထွက်ခဲ့မိတော့တာ။
*******
ညဉ့်နက်နက်…။
အမှောင်ထုက သိပ်သိပ်သည်းသည်းကို ကြီးစိုးနေပြီ။
မြညို သစ်ပင် အကွယ်ဆီကနေ မီးရောင်ပြပြရှိနေတဲ့ အိမ်အတွင်းဆီကို လှမ်းကြည့်ပြီးာစူးစမ်းနေမိတယ်။
အထဲက မီးရောင်အောက်ဆီမွာတော့ နေ့လည်က သုံးယောက်က ၀ိုင်းထိုင်နေတယ်။
သူတို့ရဲ့ အလယ်ဆီမွာတော့ အိတ်အမည်းလေးတစ်လုံးကို ချထားပြီး အပေါ်ဆီမှာ အရာ၀တၳုငယ်လေးတွေကို အဲ့ဒီ့လူတွေက ဟိုဒီရွှေ့နေတယ်။
မြညို သဲသဲကြဲကြဲ မမြင်ရတော့ အရှေ့ဆီကို တိုးကြည့်လိုက်တယ်။ တဖြေးဖြေး တဲအိမ်အနးကို ကပ်မိပြီး ချောင်းမြောင်းကြည့်မိလေတော့…။
” လမ်းစကတော့ ဒီနည်းအတိုင်းကလွဲပြီး အခြာမးရှိနိုင်တော့ဘူး…”
” ဒါဆို ကျုပ်တို့ ယူဆထားသလို ရေဆင်သိုက်က ဒီဒိုးပေါက်ချောင်းရဲ့ အဖျားဘက်မွာ ရှိနေတာ မဟုတ်ဘူးပေါ့…”
” အင်း…ဒီပုံအရဆိုရင်တော့ ချောင်းအဖျားဘက် ငတက်တောင်ကြားက ချောင်းလက်တက်လေးထဲမှာ ရှိမယ်လို့ ယူဆရတယ် …”
” ဟူး…ကျုပ်တော့ဖြင့် ဘာတွေမှန်းကို မသိတော့ဘူး။ အခုဆို အျခားဘာမွကို မတွေးနိုင်တော့ဘူးရယ်။ စိတ်ထဲတော့ ဟို စန္ဒမုခီဆိုတဲ့ ဘီလူးမကြီးကို အတော့်ကို ချီးကျူးမိသား။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ခဲရာခဲဆစ်ဖြစ်နေတဲ့ကြားက ရေဆင်အသိုက်ကို ဘယ်လိုမ်ား ရှာလိုက်တယ်မသိပါဘူးဗ်ာ…”
” ငဒွေးရယ် ပြောမှ ပြောတတ်…”
သုံးယောက်သား ရယ်ပွဲဖွဲ့ကုန်ကြတယ်။
မြညိုကတော့ သူတို့ စကားတွေကို နားထောင်ရင်း စိတ်က ပိုမိုသိချင်လာရတာရယ်။
အဲ့အတွက် အရှေ့ကို ဆက်တ်ိုးမိလိုက်လေတော့…။
” ဘယ်သူလဲ…”
အတွင်းဆီက နာနာဘာ၀ကြီးက အော်မေးလာတာ။
မြညို ဘာလုပ်ရမယ်မသိခင် နာနာဘာ၀ကြီးက သူမအနားကို ရိပ်ခနဲ ရောက်လာတယ်။
” ဪ…ဘယ်သူများလဲလို့၊ နေ့လည်က တွေ့ခဲ့တဲ့ စုန်းမပေါက်စလေးပါလား…”
အတွေ့အကြုံနုနယ်နေသေးတဲ့ မြညို သူခိုးလူမိသလို ဖြစ်သွားရတယ်။
” ဟို…ဟို…ကျုပ်…ကျုပ်…”
” ကျုပ်တွေဘာတွေ လုပ်မနေနဲ့။ နင် အခု ငါတို့ရဲ့ အစီအမံကို သိသွားပြီ။ ဒါဟာ ခိုးနားထောင်တာမို့ စည်းဖောက်ဖျက်တာပဲ။ နင်တစ်ခုခုတော့ ပြန်ပေးဆပ်သင့်တယ်…”
စကားအရာနဲ့ ချုပ်နှောင်လာတာ။
မြညိုတော့ ဘာလုပ်ရမယ် မသိတော့ဘူး။
” ကျုပ်…ကျုပ်က ဘာပြန်လုပ်ပေးရမှာလဲ…”
” ဘာမှလုပ်ရမွာတော့ မဟုတ်ဘူး။ အခု ငါတို့ပြောနေတဲ့ အကြောင်းတွေ အပြင်ကို မပေါက်ကြားစေချင်ဘူး။ ဒါကို နင်တာ၀န်ယူရမယ်…”
” အိုတော်…ကျုပ်ကဖြင့် တော်တို့ ပြောနေတာကို ဘာမွတောင် နားမလည်မိသေးဘူး။ အဲ့ဒီတော့ ဘာကို တာ၀န်ယူရမွာလဲ…”
” သိတာမသိတာထက် မင်း ကြားမိသွားပြီမလား။ ဒါကြောင့် နင်တာ၀န်ယူပါ…”
မြညို ခံပြင်းသွားရပြီ။
ဒါကြောင့် ချက်ချင်းပဲ မျက်နှာကို တည်လိုက်ပြီး…။
” ကောင်းပြီလေ…ကျုပ် တာ၀န်ယူမယ်။ ဘယ်လိုတာ၀နိယူရမလဲသာပြော…”
” အများကြီးတော့ မဟုတ်ဘူး ကလေးမ။ အခုကေန စလို့ နင် ငါတို့ဆီက မပြန်ရတော့ဘူး။ ငါတို့ သွားမယ့် ခရီးကို နင် လိုက်လာခဲ့ရမယ်။ ခရီးပြီးှဆုံးမှ နင် ပြန်ရမယ်…”
” အိုတော်…ဒါတော့ ဘယ်ဖြစ်ပါ့မလဲ။ ကျုပ်က အခု နာမ်စိတ်ခွာပြီးလာတာ။ အခုနေ ကျုပ် မပြန်ရင် အားလုံးက သေပြီယူဆကုန်မွာပေါ့…”
” အဲ့လို မဖြစ်အောင် ငါ့ဘက်က တာ၀န်ယူပေးမယ်ဆိုရင်ကော…”
” ဘယ်လိုမျိုးလဲ…”
” ငါက ဆေးဆရာတစ်ယောက်ပဲ။ ဒီတော့ မငး်ရဲ့ နာမ်နဲ့ ခန္ဓာမကွဲထွက်သြားအောင် ဆေးဝါးနဲ့ ငါက ထိန်းချုပ်ပေးမယ်…”
” တော်…ဘယ်လို အာမခံမလဲ…”
” သစ္စာပြုပြီး အာမခံတယ်…”
မြညို စဉ်းစားသွားရတယ်။
တကယ်တော့ သူကိုယ်၌ကတည်း ရေဆင်အသိုက်ဆိုတာကို သိလိုစိတ်တအာပြင်းပြနေတာ။
ဒီလို သိချင်လွန်းလို့လည်း ကိုကြီးအောင်ထွန်းတို့ ရေဆင်ရှာပုံတော်ဖွင့်ရာမွာ သူပါ၀င်ခဲ့တာရယ်။
အခုတော့ ရေဆင်ထက်မက ရေဆင်အသိုက်ဆိုတာက သူ့အတွက် ပိုပြီး စိတ်၀င်စားရပြီ။ ပြီးတော့ ငယ်စဉ်က ကြားဖူးခဲ့တဲ့ စန္ဒမုခီဘီလူးမကြီးနဲ့လည်း ဆက်နွယ်နေတာရယ်လေ။
” ကောင်းပြီလေ…ကျုပ် လိုက်မယ်။ ဒါပေမယ့် ကျုပ်ကို တော်တို့နဲ့အတူ အဖွဲ့၀င်အဖြစ် သတ်မှတ်ပေးရမယ်…”
” ရတယ် ငါလက်ခံတယ်…”
မြညိုတော့ နာမ်စိတ်နဲ့ပဲ လိုက်ပါဖို့ စွန့်စွန့်စားစားကိုပဲ သဘောတူညီလိုက်ပါပြီ။
ဒီလိုနဲ့ နောက်တစ်ရက်အတွင်းမွာ သူတို့တတွေ ခရီးကို စတင်ခဲ့ကြတော့တာ။
*******
သုံးရက်အကြာ…။
စမ်းပေါက်ထဲကို ၀င်လာတာနဲ့ သစ်ကြီးဝါးကြီးအပင်ကြီးတွေ စိုးမိုးရာနေရာတိုင်းဆီမွာ အကောင်ကြီးတွေ ရှိနေတာကို မြညိုသတိထားမိတယ်။
သူတို့အားလုံး ငဒွေးရဲ့ ဆင်ကြီးအပေါ်မှာ။
ငဒွေးနဲ့ နက်ကျော်ကတော့ သာမန္လူတွေမို့ ဒီအရာတွေကို မမြင်နိုင်ဘူး။
ဆင်ကြီးကတော့ မြင်တယ်ထင်ရဲ့။
စမ်းပေါက်ဆီကို ၀င်ပြီး မကြာခင်မွာပဲ သြားလာနေတာ ရွံတွန့်လာတယ်။
” ငါတို့တော့ အတော်လေး သတိထားမှရမယ် ထင်တယ်…”
နာနာဘာ၀ကြီး ဦးသီဟက တီးတိုးဆိုလာတာ။
မြင်မြင်သမ်ွ အကောင်ကြီးတိုင်းက သူတို့ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်နေကြတယ်လေ။
မကြာဘူး။
သူတို့ စမ်းပေါက်အတိုင်း တက်လာကြရင်း မည်းနက်နေတဲ့ ကျောက်ဆောင်တွေအကြားဆီကို ရောက်လာခဲ့တယ်။
တဖြေးဖြေးနဲ့ ဆကိ၀င်လာတော့ ပြင်ပက အလင်းရောင်က မှေးမှိန်လာခဲ့ပြီ။
” ကျီ…..”
ရုတ်တရက် သူတို့စီးနင်းလာတဲ့ ဆင်ကြီးက
နာနာကျည်းကျည်း ထအော်တာ။ ပြီးတော့ ရုန်းရင်းဆန်ခတ်အနေအထားနဲ့ သူတို့အားလုံးကို ခါခ်လေတော့တာရယ်။
” မိုးညို…သားကြီး ထိန်း…ထိန်း…”
ငဒွေးသတိပေးပေမယ့်လည်း ဆင်ကြီးမိုးညိုက ထိန်းရတော့ဘူး။
လူးလွန့်ရုန်းကန်ရင်းက သူတို့ကို ထားရစ်လို့ လာရာလမ်းဆီကို လှည့်ပြေးတော့တာ။
ဆင်ပေါ်က ကျတဲ့အရှိန်ကြောင့် ငဒွေးက ဘာမှမဖြစ်ပေမယ့် နက်ကေျာ်ကတော့ ခြေထောက်မျက်သွားတယ်။
နာနာဘာ၀ ဆေးဆရာကြီးနဲ့ မြညိုကတော့ နာမ်ရုပ်တွေမို့ ဘာမွ ထိခိုက်မှု မရှိဘူး။
” ကြစ်…က်စ်…က်စ်…”
ရေစီးကျရာ စမ်းပေါက်ဆီက အသံစူးစူးလေးတွေ။
နောက်တော့ အုပ်လိုက် ပြေးဆင်းလာကြတဲ့ မည်းလုံးလုံးအကောင်လေးတွေ။
အဲ့ဒီအကောင်လေးတွေ ပြေးဆင်းလာတာနဲ့ အနောက်ပါးဆီကလည်း နာနာဘာ၀ကောင်ကြီးကတွေကလည်း လိုက်ပါလာခဲ့တော့တာ။
အားလုံးက သူတို့ကို ၀ိုင်းလာကြတယ်။
ဦးဆောင်ပြီး ခေါ်ဆောင်လာတဲ့ ဦးသီဟလည်း ဘာမှမတတ်နိုင်သလို မြညိုလည်း ဘာမှမတတ်နိုင်ဘူး။
ငဒွေးတို့ နက်ကျော်တို့ကလည်း အရာအားလုံးကို မြင်နေတယ်ထင်ပါ့။
အလွန့်အလွန်ကိုပဲ ကြောက်လန့်နေကြတယ်။
မည်းမည်းအကောင်လေးတွေက သူတို့ သိပ်ကို တွေ့ချင်လွန်းလို့ ရှာဖွေနေတဲ့ ရေဆင်ကလေးတွေ။
သူတို့ ဘာလုပ်ကြရမယ်မသိဘူး။
တွေေ၀နေမိကြတယ်။
အဲ့ဒီ့အချိန်မွာပဲ ၀ို်င်း၀န်းထားတဲ့ဆီက အကောင်ကြီးတစ်ကောင်က သူတို့အရှေ့ကို ခုန်ထွက်လာပြီး အားလုံးကို ရိုက်ပုတ်လိုက်လေတော့တာ။
******
မြညို မျက်၀န်းကို ဖွင့်ကြည့်မိတယ်။
သူရောက်နေတဲ့ နေရာက မှောင်ပိန်းလို့။
ပတ်၀န်းကျင်ကိုလည်း မမြင်ရသလို လှုပ်ရှားလိ့ုလည်း မရဘူးရယ်။
အနီးအနားက ရေကျသံ တစ်စက်စက်ကိုတော့ ကြားမိနေရတယ်။
” ဘယ်သူရှိလဲ…”
မြညို အသံပြုလိုက်တယ်။
လှိုက်သံသာ ထသွားတယ်။ ဘာတုန့်ပြန်မှုမှရှိမနေဘူး။
မြညို အားငယ်စိတ် ကြောက်စိတ်တွေ ရောပြွန်းလာရပြီ။
သူမှားခဲ့ပြီဆိုပြီးတော့လည်း နောင်တတွေ ရလာရလေရဲ့။
” အမေရယ်…ကျုပ်တော့ မှားပါပြီ…”
ငယ်ကတည်းက မမြင်ဖူးခဲ့တဲ့ မိခင်ကို မြညို တမ်းတမိလိုက်တယ်။
တရှုံ့ရှုံ့နဲ့ ရှိုက်ငိုရင်း ငယ်ဘ၀အကြောင်းတု့ိက ခေါင်းထဲ စီရီပြီးရောက်လာတယ်။
မကြာသေးခင်က အကြောင်းတွေရောပဲပေါ့။