**ရေတွင်းထဲကသရဲမ**(စ/ဆုံး)
—————————–
ဇာတ်လမ်း/စာရေးသူ – ဝိုင်စီရဲ
(ကိုယ်တွေ့ဖြစ်ရပ်မှန်)
ညနေဆည်းဆာ အလှကို.. ကျုပ်တို့
ကျေးလက်ဒေသက အပြည့်အဝခံစားရတယ်ဗျာ..
မြို့တွေမှာ ညနေရောက်သော်လည်းပဲ… ကားတွေရဲ့…
ဟွန်းတီးသံတွေနဲ့ညနေရဲ့နေဝင်အလှကို အပြည့်အဝ
ခံစားနိုင်မယ်မထင်ဘူးဗျ….
ကျုပ်နဲ့ရဲရင့်က ရွာမှာ နွားကျောင်းသားတွေလို့ဆိုရမှာ
ပေါ့ဗျာ… မနက်ခင်းတစ်ခါကျောင်း.ညနေတစ်ခါကျောင်း
ပေါ့ဗျာ… ကျန်တဲ့အချိန်တွေကတော့…နေ့ခင်းဆိုရင်…
အိမ်မှာထင်းခွဲ၊ သောက်ရေအတွက် ရေတွင်းကို သွား
ရေငင်ပြီး ရေထမ်းပေးရတာပေါ့ဗျာ… ညဆိုရင်တော့…
ဟိုအကြောင်းဒီအကြောင်း..ရဲရင့်နဲ့ပြောနေကျပေါ့ဗျာ…
ညနေ နွားကျောင်းပြီး ကျုပ်နဲ့ရဲ့ရင့်ပြန်လာတဲ့အချိန်စကား
လေးတွေ…ဟိုပြောဒီပြောပေါ့ဗျာ..
ရဲရင့်။ ။ ဝိုင်စီ အိမ်မှာတင်ရေချိုးမှာလားကွ ငါနဲ့လိုက်အုံးမ
လား… ငါကရေတွင်းသွားချိုးမလို့ကွ
ဝိုင်စီရဲ။ ။ ကိုယ့်လူ..မင်းအချိန်ကိုကြည့်အုံးဟ.. ညနေ၆နာရီ
တောင်ထိုးပြီ… မှောင်နေပြီကွ
ကျုပ်တို့ရွာမှာ..လျှပ်စစ်မီးဆိုတာ… မရှိသေးဘူးဗျ…
ရွာတောင်ဘက်ကဘုန်းကြီးကျောင်းက.. စေတနာနဲ့…
တစ်လမ်းကို ၃တိုင်လောက်… မီးစက်မောင်းပြီးလျှပ်စစ်မီး
ပေးတယ်ဗျ… ဒီမီးသုံးတိုင်ကလည်း… မီးချောင်းတွေမဟုတ်
ဘူးဗျ…မီးလုံးလေးတွေဆိုတော့…မှိန်မှိန်လေးတွေပေါ့ဗျာ…
တစ်ယောက်နဲ့တစ်ယောက် သည်းသည်းကွဲကွဲမြင်ရတာ
်မဟုတ်ဘူးဗျ….. လင်းရုံလောက်သာရှိတာဗျ
ရဲရင့်။ ။ ဝိုင်စီ မင်းကလည်း… ဓာတ်မီးရှိနေတာကြီးကွ..
လိုက္ခဲ့ပါကြာ…
ဝိုင်စီရဲ။ ။ အေးကွာ လိုက်ခဲ့မယ် ဒါနဲ့ဘယ်တွင်းသွားချိုးမှာ
လဲကြ
ရဲရင့်။ ။ ရွာမြောက်ပိုင်းကဘုန်းကြီးကျောင်းမှာ…တွင်းသစ်
တူးထားတာမကြာသေးဘူးလေ…ငါ့ကောင်ရ…
အဲ့တွင်းက အေးတယ်လို့ပြောကြတယ်ကွ…
ဝိုင်စီရဲ။ ။ အေးအေး ဒါဆိုလည်း အိမ်ရောက်တာနဲ့ အဝတ်
တွေယူ၊ရေပုံးယူပြီး စောင့်နေမယ် မင်းလာခော်
ဟုတ်ပြီးလား ရဲရင့်
ရဲရင့်ကတော့… ”အေးအေး”လို့ပြောပြီး…သူအိမ်ကအရင်
ရောက်ပြီဆိုတော့ နွားတွေအိမ်ထဲသွင်းတာပေါ့ဗျာ…
ကျုပ်အိမ်ထက်…နှစ်အိမ်ကျော်လေးလောက်ပဲဗျ…နီးတယ်
ကျုပ်လည်း…ကျုပ်အိမ်ရောက်တော့… နွားတွေကိုကြိုးနဲ့
ချည်.. အဝတ်အစားတွေယူ..ရေငင်ဖို့ရေပုံးယူ..ဆပ်ပြာလေး
ူယူပြီး…စောင့်နေတာပေါ့ဗျာ…
ခဏအကြာတော့… ရဲရင့်ရောက်လာပြီး…ရေတွင်းကို..
နှစ်ယောက်သား ဓာတ်မီးလေးနဲ့..ခြေလျင်သွားတာပေါ့ဗျာ
ရေတွင်းရောက်တော့…
ရဲရင့်။ ။ အေးတာကွ ငါဖြင့် တစ်နေကုန်ပူအိုက်နေတာကြီး
လန်းဆန်းသွားတာပဲကွ
ဝိုင်စီရဲ ။ ။ အေးကွ ရေတွေကအေးပြီးချိုးလို့ကောင်းတယ်
ဒီတွင်းက ရေတွေကသိပ်အေးတာဗျ..ကျုပ်ဖြင့်..
အေးလွန်းလို့… ဆက်မချိုးနိုင်ပဲ… အပိုပါလာတဲ့ပုဆိုးလေး
နဲ့… ခြုံပြီး.. ပုဆိုးအစိုကိုချွတ်…ဘောင်းဘီလေးဝတ်ပြီး..
ရဲရင့်ရေချိုးအပြီးကိုစောင့်နေတာပေါ့ဗျာ…
အပြန်ကြတော့ ကျုပ်တို့နှစ်ယောက်စကားတွေဟိုပြော
ဒီပြော ပြောရင်းနဲ့…သရဲအကြောင်းတွေပါလာရောဗျ..
ကျုပ်ကလည်း… သရဲအကြောင်းတွေ…သိပ်ဝါသနာပါတာ
ဗျ..စပ်စုမယ်နေရာမှာဆိုရင်ထိပ်ဆုံးကပဲဗျို့…
ရဲရင့်။ ။ မင်းကိုပြောရအုံးမယ်ကွ လွန်ခဲ့တဲ့ ၅နှစ်လောက်က
တို့နေတဲ့အရပ်အရှေ့ပိုင်းက.အပျိုကြီး မ နှင်းပွင့်ကို
သိတယ်မလား
ဝိုင်စီရဲ။ ။ သိပ်သိတာပေါ့ကွ… အဲ့အစ်မကြီးဆုံးသွားတာ..
ငါဖြင့်..စိတ်မကောင်းလိုက်တာ..ရဲရင့်ရာ..
ရဲရင့်။ ။ အေး…အဲ့ဒီအပျိုကြီးဘာလို့ဆုံးလည်းသိလား
ဝိုင်စီရဲ။ ။ ရေတွင်းရေသွားချိုးတာ မြွေပေါက်လို့ဆိုကွ
ရဲရင့်။ ။ အဲ့ဒါတကယ်မဟုတ်ဘူးကွ…သူသေရတဲ့အကြောင်း
အရင်းကို…ငါတော့သေချာမသိပေမဲ့…အဲ့ရေတွင်း
ကို…လာချိုးကြတဲ့သူတိုင်းကို…ရေတွင်းထဲဆွဲဆွဲခေါ်
တယ်ပြောတယ်ကွ…မဟုတ်ရင်တွန်းချတယ်….
အဆိုးဆုံးက… အဲ့တွင်းကိုလာတဲ့သူတိုင်းပြန်လမ်းမရှိ
ကြဘူးတဲ့ကွ…
ဝိုင်စီရဲ။ ။ ဟင်… ဖြစ်နိုင်ပါမလား…ငါဖြင့်မကြားမိပါဘူး
မင်းဘယ်လိုသိတုန်း
ရဲရင့်။ ။ ငါလည်း…သူများတွေပြောတာကြားတာပါကွာ
သေချာတော့မသိဘူးကွ
စကားတပြောပြောနဲ့ အိမ်က်ိုရောက်လာခဲ့တာပေါ့ဗျာ..
ကျုပ်ကတော့ထမင်းလေးစားပြီး…အဲ့ဒီရေတွင်းအကြောင်း
ကိုစဉ်းစားနေတာပေါ့ဗျာ… တကယ်ခြောက်လား…
မခြောက်လားကလည်း…သိပ်သိချင်တာဗျ…. လွန်ခဲ့တဲ့
၅နှစ်ကသေသွားတာဆိုတော့…အခုချိန်ထိမကျွတ်မလွတ်
ဖြစ်နေတာများလား…ရဲရင့်ပြောသလို.. တကယ်များလား..
ကျုပ်ကတော့…တောင်တွေးမြှောက်တွေးနဲ့အိပ်ပျော်သွား
တာပေါ့ဗျာ….
မနက်ရောက်တော့…ကျုပ်တာဝန်အရ…နွားတွေလွှတ်
ရပြီပေါ့ဗျာ… ရဲရင့်ကိုဝင်ခေါ်ရင်းနဲ့…ရွာအပြင်ကို…
နွားကျောင်းထွက်လာခဲ့ကြတော့တာပေါ့ဗျာ….
ဝိုင်စီရဲ။ ။ အဲ့ရေတွင်းမှာသရဲခြောက်ခံရတဲ့သူတွေကအကုန်
သေတာပဲလားကွ
ရဲရင့်။ ။ ငာအထင်ကတော့…လူတွေ လျှောက်ပြောကြ
တာလည်းဖြစ်နိုင်တယ်ကွ…အဲ့ရေတွင်းက…
ရွာအပြင်ဘက်လေ… တော်တော်လေးဝေးတယ်..
ခြောက်လားမခြောက်လားကတော့ငါမရောက်ဖြစ်တာ
အတော်ကြာတော့..ဘယ်သိပါမလဲငါ့ကောင်ရ
ဝိုင်စီရဲ။ ။ အေးကွာ..လူတွေကလည်း…သေချာမသိပဲနဲ့များ
ပြောကြတယ်ကွ…ဒါပေမဲ့ငါတော့စိတ်ဝင်စား
တယ်ကွ….ငါတို့ညနေ..အဲ့တွင်းသွားချိုးရအောင်
ရဲရင့်။ ။ ဟာ… တကယ်ခြောက်ရင်ငါတို့သေကုန်မယ်ဟ
ငါမသွားရဲဘူး
ဝိုင်စီရဲ ။ ။ လိုက်ခဲ့ပါကွာ..ငါစိတ်ဝင်စားလို့ပါကွာ..
ကျုပ်ကတော့..အတင်းကိုခေါ်နေတော့တာဗျို့….
ုနောက်ဆုံးရဲရင့်လည်းလိုက်မယ်လို့ပြောတော့…ကျုပ်ဖြင့်
သိပ်ပျော်တာပဲဗျ….ကျုပ်က စပ်ကလဲစပ်စုချင်…
ကြောက်ကလဲကြောက်ပေါ့ဗျာ…
ကျုပ်တို့ညနေရောက်တော့… အိမ်ပြန်ကြတာပေါ့ဗျာ..
” ၈နာရီမှသွားမယ်ဟေ့….အဆင်သင့်လုပ်ထား…ဒီတစ်ခါ
ု ငါလာခေါ်မယ်ကွာ” ဆိုပြီး…ရဲရင့်အိမ်ကို…ကျုပ်က
လှမ်းပြောလိုက်တာဗျ…. စိတ်လှုပ်ရှားနေမိတာတော့..
အမှန်ပဲဗျ…
ဒီလိုနဲ့…ည၈နာရီကိုရောက်ရှိလာပြီပေါ့ဗျာ…အိမ်က
ဓာတ်မီးတစ်လက်၊ ရွာအပြင်ဘက်ဆိုတော့… ခွေးရူးတွေ၊
မြွေတွေတွေ့ရင်ရိုက်ဖို့ ဓားတစ်ချောင်းယူ၍..ရဲရင့်အိမ်ကို
ဝင်ခေါ်ကာ… ရွာအပြင်ဘက်ကရေတွင်းဆီသို့…
ခြေလှမ်းများဖြင့် ကျုပ်တို့နှစ်ယောက်….ထွက်လာကြပြီပေါ့
ဗျာ….
အမှောင်တွေကကြီးစိုးနေတော့…ကျုပ်တို့ဓာတ်မီး
အလင်းရောင်မှတပါး…ဘာမှမရှိဘူးဗျ…
ရဲရင့်။ ။ကိုယ့်လူရေ…ငါတော့လန့်တယ်ကွာ
ဝိုင်စီရဲ ။ ။ ငါရောပါပဲကွာ..ကြည့်ပါအုံး…ငါတို့ဓာတ်မီး
အလင်းရောင်ပဲရှိတယ်…
ရဲရင့်။ ။ အေးကွာ…အောက်ကိုလဲကြည့်သွားအုံး…မြွေတွေ
ဘာတွေရှိနေမယ်ကွ…
လေပြင်းလေညင်းလေးတွေက…တသုန်သုန်တိုက်ပြီး
ပတ်ဝန်းကျင်ကြီးကလည်း…မဲမှောင်ပြီး…အပ်ကျသံမကြား
ရလောက်အောင်တိတ်ဆိတ်နေတော့… ကျုပ်ဖြင့်….
ကျောတွေချမ်းလာတာများ…ကြက်သီးမွေးတွေကလည်းထ.
နေတာဗျ…
ရေတွင်းကြီးကိုမြင်နေရပြီဗျ…ရေတွင်းကတော့.
ပုံမှန်ပါပဲ…ရေတွင်းရှေ့ကိုရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက်
တည်း… တိတ်ဆိတ်နေတော့…ရွာအပြင်ကြီးက….
ချက်ချင်းကိုခွေးတွေအူလာတော့တာပဲဗျို့….
“အူးးး ဝူး ဝူး ဝူး “
ခွေးတွေတော်တော်ကိုအူလာကြတာဗျ….ကျုပ်ကတော့..
ကြောက်ကြောက်လန့်လန့်နဲ့ရေတွင်းကိုငုံကြည့်လိုက်တယ်
ဗျ…. ရေကတော့ထွက်တယ်ဗျ… ထိုအချိန်တွင်…
ရဲရင့်သည်….
“သရဲ သရဲ” ဆိုပြီးအော်နေတာဗျ…ကျုပ်ကဘယ်မှာလဲလို့
မေးတော့…. ရေတွင်းထဲမှာ…..ရင်လျားကြီးနဲ့ထိုင်နေတာဗျ
အမယ်လေးဗျာ…. ရေတွင်းထဲက…ကျုပ်တို့ကိုကြည့်နေတာဗျ…. မတ်တပ်ကြီးရပ်လာပြီဗျ…. ကျုပ်တို့နှစ်ယောက်ကို..
လက်လှမ်းပြနေတယ်…. ကျုပ်တို့နှစ်ယောက်ပြေးမယ်…
အလုပ်မှာ…
“မပြေးနဲ့….မပြေးနဲ့..” အသံကြီးက သြနေတာဗျာ…..
ကျုပ်ကို….ကြောက်စိတ်ကြီးစိုးမိုးနေပြီဗျ….
ကျုပ်တို့လည်း…အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာ
ထဘီမှာသွေးတွေစီးကျနေတာဗျ.ဆံပင်ကဖားလျား
ချထားတာဗျ. ..ကျုပ်တို့ပြေးမယ်ပြန်လှည့်ကြတဲ့အချိန်မှာ..
ကျုပ်တို့နှစ်ယောက်ကို….ဆွဲပြီး…ရေတွင်းနားကိုတွန်းလိုက်
တာဗျာ….အရှိန်တော်တော်ပြင်းတယ်ဗျာ…. ကံကောင်းလို့
ရေထဲမကျတာဗျ…. ကျုပ်တို့ဒူးတွေကတော့ပွန်းကုန်းတာ
ပေါ့ဗျာ…. ကျုပ်တို့ဖိနပ်ချွတ်ပြီး….အမြန်ပြေးတော့တာပဲ
ဗျို့…. သရဲမကတော့….အနောက်ကနေ…”မပြေးနဲ့”ဆိုပြီး
အတင်းကိုလိုက်လာတာဗျာ….ကျုပ်တို့ကိုမှီတော့မယ်ဗျ..
ကျုပ်တို့ပြေးလာတာ…. ရွာအဝင်တောင်ရောက်တော့
မယ်ဗျို့…. အနောက်ကိုလှည့်ကြည့်တော့မရှိတော့ဘူးဗျို့..
အဲ့ကြမှ…စိတ်လျှော့ပြီး…မြေကြီးပေါ်ကို ဘုန်းခနဲ…
လဲချလိုက်တော့တယ်…
မနက်ရောက်တော့…. ကျုပ်အဖေနဲ့အမေကို….ဒီ
ရေတွင်းအကြောင်းမေးကြည့်တော့….ဒီရေတွင်းကို…
အပျိုကြီး မနှင်းပွင့်ရေလာချိုးတဲ့အချိန်….အရက်သမားတွေ
နဲ့တွေ့ပြီး….မုဒိန်းကျင့်ဖို့ဆွဲလား ရမ်းလား လုပ်တော့တာပဲ..
အဲ့တော့အပျိုကြီး မနှင်းပွင့်က ရုန်းလိုက်တဲ့အချိန်…
အနောက်ကိုအရှိန်ပြင်းပြင်းနဲ့….ရုန်းလိုက်တော့…ရေတွင်း
ထဲကို…..ပြုတ်ကျပြီးသေသွားတာတဲ့ဗျ.. ဒီအမှုကို….
လျိုဝှက်ထားတာလို့ပြောတယ်ဗျ….
အဲ့ဒီအရက်သမားတွေထဲကလူတစ်ယောက်က…
လူချမ်းသာတဲ့ဗျ…. ရေတွင်းထဲကနေအလောင်းကို…
သူ့လူတွေနဲ့ဆယ်ပြီး… ရေတွင်းအနားမှာပဲပစ်ထားလိုက်
တယ်တဲ့ဗျ….. ပြီးမှ မြွေကိုက်လို့သေတာဆိုပြီး…သတင်း
ဖြန့်လိုက်တာတဲ့ဗျ….ဒီအကြောင်းကို…ကျုပ်အဖေနဲ့အမေ
ဘယ်လိုသိလဲဆိုတော့….. အဲအခင်းဖြစ်ပွားတုန်းက..
အဖေနဲ့အမေက…ထင်းတွေခုတ်ပြီး..ပြန်လာတဲ့အချိန်မှာ.
သူတို့နဲ့တိုးတော့တာပဲဗျ… .အဖေနဲ့အမေက..ကြောက်နေ
တော့… သစ်ပင်အနောက်ကနေပဲ..ကြည့်နေရတာတဲ့ဗျ..
အဖေနဲ့အမေက…ဒီအကြောင်းကို…ဘယ်သူကိုမှ..လျှောက်
မပြောနဲ့ဆိုပြီး…. မှာတယ်ဗျ…
ကျုပ်အထင်ကတော့….ကျုပ်တို့မိသားစုကို
အန္တရယ်ပြုမှာကြောက်လို့ဖြစ်မှာ ပေါ့ဗျာ…
လူကသာ…ချမ်းသာတာ….စိတ်ဓာတ်ကတော့…
အင်မတန်ရွံဖို့ကောင်းပါတယ်ဗျာ…..
မိန်းကလေးတွေဒီလိုအဖြစ်ဆိုးကနေကင်းဝေကြပါစေဗျာ…
ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်..