ရွာပျောက်ကျွန်း

Posted on

ရွာပျောက်ကျွန်း(စ/ဆုံး)

———————

အချိန်အားဖြင့် ညနေ နေဆွယ်ကျိုး
လုခမန်း သို့မဟုတ် တိမ်တောက်ချိန် နေမင်းတောတန်း ခို ချိန်ဖြစ်လေသည်။

”ကဲ ရှေ့က ကျွန်းကို တက်နဲ့ပဲ လှော်ကြကွာ ”

ညနေက မှောင်နေပြီးမို့ ကျွန်းတစ်ခုအား ဦးအေးမောင်
ကပ်ခိုင်းလိုက်လေသည်။

စက်လှေက စက် ခဏခဏ ကြောင်နေ၍ တက်နှင့် လှော်ရသည့် အခန်းများပါသောကြောင့် လူတစ်ချို့
လည်း ပင်ပန်းနေပြီး ဖြစ်လေသည်။

ဦးအေးမောင် ဦးဆောင်သော ဘုရားဖူး အဖွဲ့မှာ
ဒေါင်းဖြူ မြို့ထဲရှိ ကျိုက္ကလွန်ဗွန်း ဘုရား ပွဲ သို့
နေ့ချင်း ပြန် ဘုရားဖူသွားခြင်းဖြစ်လေသည်။

ညနေဘက် လှေပြိုင်ပွဲ ကြည့်နေသဖြင့် အချိန်လင့်သွာပြီး
ပြန်လာရမှ စက်လှေစက်က ဗြုန်းသားကြီး စက်သေကာ ချူချာ သွားလေသည်။

မိန်မသားများ ပါနေခြင်းကတစ်ကြောင်းမို့
လေမိုး ဒဏ် ရှောင်နိုင်ရန် ကျွန်းတစ်ခု အား တစ်ည နားရန် ရွေးလိုက်လေသည်။

”ကဲပါလာတာတွေ စားသောက်ပြီး နားကြတော့
စကားအပြော အဆို သတိထားကြပါ”

ဦးအေးမောင် က အဖွဲ့၏ လူကြီးပီပီ လိုအပ်တာများ မှာကြားလေသည်။

”ဖိုးတုတ်ဟိုမှာ လှေတွေပါ့ လားကွ ဘယ်ကရောက်
လာတာလည်း ”

”ဒီကျွန်း မှာ ငါးလာဖမ်းတဲ့ အဖွဲ့နေမှာပေါ့ ကွာ ငအောင်ရာ”

”ဒါပေမဲ့ တို့လာတုန်း က မတွေ့မိဘူးနော် လူသံလည်း
မကြားဖူး ဒီလောက်လှေများတာ”

”ဒါတော့ ငါလည်း မသိဘူး မှောင်နေပြီး နားတဲ့ နေရာ
ပြန်ကြမယ်”

နှစ်ယောက်သား ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း
နားသောနေရာသို့ပြန်လာခဲ့လေသည်။

တဖြည်းဖြည့်နှင့် အမှောင်က ကြီးစိုးလာလေသည်
လရောင်ယဲ့ယဲ့ လေးသာရှိပြီး ပတ်ဝန်ကို တော့ အနည်းငယ်
မြင်ရလေသည်။

”လေတွေလာပြီး အမြန်ပြောင်း ဖို့ပြင်ကျ”

‘ ဒုန်းးးဝုန်းး အားးးးး

ဆူညံ အသံများ ကြားရ၍ ဦးအေးမောင်တို့ အဖွဲ့
လူပ်လူပ် ရှားရှားဖြစ် သွားလေသည်။

”ဘယ် က လူတွေလည်း ဦးအေးမောင် ”

ဦးအေးမောင် တစ်ခုခု ကို ရုတ်တရတ် သတိယ ဟန်ဖြင့် မျက်နှာ ပျတ်သွား လေတော့သည်။

”ဟ ငါလည်း ဘယ်သိမတုန်း ဟ”

သူတို့တစ်ဖွဲ့လုးံ၏ မျက်စိအောက်တွင်
ကမ်းနား တစ်လျှောက်တွင် လူများ လူပ်ရှာသွား လာနေကြလေသည်။လရောင် ဆမ်းဆမ်း မို့ မသဲကွဲပေ မိန်မ ယောကျာ်၊ကလေး စုံလင်လှပေသည်။

”ဒါ တံငါ သည် တွေ နေမှာပေါ့ခုန လှေတွေ
တွေ့လိုက်တယ်”
ဖိုးတုတ် စကားကြောင့် ဇဝေဇဝါ ဖြစ်သွား ကြလေသည်
ငါးဖမ်းဖို့ ဆိုလည်း မိန်မနှင့်ကလေး တွေက မပါနိုင်
အခု ဟာကလည်း လူပေါင်း ၃၀ နီးပါ ရှိသည်။

ဦးအေးမောင်က ပင်စ၍
”အကုန်လုံ ဘုရာတရာ အာရုံပြုထားပြီး ကိုယ်ရတာ
ကိုယ်ရွှတ်ကြ ‘ ‘

အကုန် လုံးက ကြောက်လန့်တုန်လူပ်နေကြသည်။

မကှာမှီိအခှိနအွတှငမွှာ ပင် ငိုသံများ ရယ်သံများ
ထွက်ပေါ်လာလေသည်။

”ခင်းဗျား တို့က လူစားလည်းဖို့ လာကျတာလား ”

ထူခြားသော အသံတစ်ခု ကြောင့် ဦးအေးမောင်က ပင်
အတွေ့အကြုံ ကြာဖူးနားဝရှိသူပီပီ

”မဟုတ်ပါဘူး ခင်ဗျား ခရီးသည် တွေပါ ”

”ဦးအေးမောင် ဘယ်သူပြောနေတာလည်း ”

”ငါလည်း မသိဘူး အလွယ်တကူး ပြန်မပြော မိစေနဲ့”

”ခင်ဗျာ တို့က လူစားလဲ ဖို့လာတာပါ ဟုတ်တယ်မှတ်လာ ဟားးးးဟားးးဟားးး”

မေးသော အသံများက ကျယ်လောင်လာကာ ကျွန်းတစ်ခု
လုံး ဟိန်းနေလေသည် မူလ အသံမှ ကြောက်ရွံ့ဖွယ်
အသံ များ ကူးပြောင်းလာလေသည်။

”လာကြပါဦး ကယ်ကြပါဦး ရှင်”

အကူအညီး တောင်း သံများ လည်း ဆူညံနေသည်။

ဦးအေးမောင်တို့ အဖွဲ့က တော့ ဘုရာကို အာရုံပြုကာ
ကိုယ်ရတာ များရွတ်ဖတ်ပြီး အမျှ ဝေကြလေသည်။

ကျွန်တစ်ခုလုံး ကာ ရွာတစ်ရွာကဲ့ သို့ ဆူညံနေပြီး
စကားပြောသံများ အော်ဟစ် ငိုကြွေး သံများ ပြည့်နှက်နေလေသည်။ တစ်ခါ တစ်ခါ သူတို့ဘက်သို့
လူများ လျှောက်လာတက်ပြီး အနီးအနားတွင် ပျောက်ကွယ်
သွားလေသည်။

ညအတော် နက်သည့် အထိ အသံများက ပျောက်ရှ ခြင်း
မရှိပေ ။
အော်ဟစ် ညည်းညူ သံများ လည်း ကြားနေ ရလေ သည်။ အာရုဏ် တက်ချိန်လောက်မှ အသံများ
ပျောက်သွားတော့၏။

မနက်လင်းသောအခါ ကျွန်းတစ်ခု လုံက တိတ်ဆိတ်
နေလေသည်။ စက်လှေ စက်း အား နိုးကြည့်သော အခါ လည်း
အကောင်းအတိုင်း ပင် ဖြစ်လေသည်။

ဦးအေးမောင်တို့ စဉ်းစာ မနေတော့ ပဲ ရွာ သို့ အမြန်
ထွက်ခွာ လိုက်တော့သည်။
ထိုအကြောင်း ကိုတော့ ရွာ ရောက်
မှ ကြောက်စရာအဖြစ် ရွာက လူတွေကို အတိုးချပြောဆိုရင်
တစ်ရွာလုံ အထိတ်တလန့်ဖြစ်ရလေသည်။

”ဦးအေးမောင် ဒါ ဘယ်လိုသဘော လည်း ဟင်”
တစ်ဖွဲ့လုံး ဝိုင်းမေးကြလေ သည်။

”ဒါ ဆရာတော် တစ်ခါ ပြောဖူးတဲ့ ဖားကျွန်ရွာ ပျတ် ဖြစ်မယ် ထင်တယ်ကွ”

”ဟင် ဟုတ်လာ သိရင်နည်းနည်း လောက် ပြောပြပါ့လား”

”အေ ငါလည်း ညက အဖြစ်အပျတ် ဖြစ်မှ သတိ ပြန်ရလိုက်တာ ကွ ညက မပြောတာ ကလည်း
မင်းတို့ ကြောက်မှာစိုးလို့ အခုသိသလောက်တော့
ပြောပြမယ် ဒီလိုကွ ငါ့တူတို့ရ ”’

ဧရာဝတီတိုင် မြစ်ကမ်းဘေး တစ်လျှောက်တွင်
တဲမကအိမ်မကျသော ဓနိ၊သက်ကယ်မိုး ဝါးခြမ်းပြား
များ ခင်းသောတဲလေးများ အစီအရီ ရှိတက်ကျလေသည်။

များသောအားဖြင့် မြစ်ထဲတွင် ကွန်ပစ်။ပိုက်ချ ၊ကြိုးတန်း
ချကာ ငါးပုစွန် ရှာဖွေကာ ဝမ်းရေး ဖြေရှင်းကြလေသည်။
နွေရာသီ တွင် မြစ်အလယ်ရှိ် သဲများ သောင်ထွန်းကာ
ပေါ်လာသောကြောင့် လူများစုကာ နေထိုင်ကြလေသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ကောသော နေရာများ
တွင် ရေးကြောင်းလွဲးကာ မြစ်ကျိုးအင်ဖြစ်ပြီး အပြီးအပိုင်
ကျွန်းငယ်ကဲ့ သို့ဖြစ်သောနေရာများ လည်း ရှိတက်လေသည်။

ထိုကျွန်းငယ် ကဲ့သို့ ဖြစ်နေသော နေရာများ အနက် ဧရာဝတီ တိုင်း ဒေါင်ဖြူမြို့ ရှိ ဖားကျွန်း သည်လည်း
မြစ်ကျိုးအင် တစ်ခုဖြစ်လေသည်။

ကျွန်းငယ် ဖြစ်သည်နှင့် တဲလေးများမှ အိမ် ရွာအထိ ဖြစ်လာ
ခဲ့လေသည်။ အရင်က သောင်ပေါ်ချိန်တွင် ဖား အလွန်ရ
တက်သောကြောင့် ဖားသောင်ပြင် ဟုခေါ်ရာမှ
ယခု ကျွန်းဖြစ်လာသောကြောင့် ဖားကျွန်းရွာ ဖြစ်ခဲ့လေသည်။

”ကိုဖိုးစိန် ဒီနေ့ ညနေ မုန်တိုင်း ရှိတယ် ကြာတယ်ဗျ”
”အေဗျာ ရွာခြေ ပြန်ခိုင်း ကြမလား ဒီလောက်တော့
ဆိုးမယ် မထင်ပါဘူးဗျာ”

ကိုဖိုးစိန်ဆို သည်မှာ ကျွန်းလေး၏ လူကြီးတစ်ယောက်
အဖြစ် သတ်မှတ် ထားခြင်းဖြစ်လေသည်။ ကျွန်း ဆိုသော်လည်း လူသူ အဝေး ကြီးမဟုတ် တစ်ခါတစ်ရံ
ရွာဘက်မှာ ငါးထောင်သူများ လာလေ့ရှိလေသည်။

ည ၁၀နာရီခန့် တွင် ကောင်ကင်တစ်ခု လုံးနီမြန်
ကာ လေများစတင် တိုက်ခတ်သည်။
လေက တစ်ဖြည်းဖြည်းနင့်ပြင်းထန် စပြုလာသည်။ှ

”အကုန်လုံးလှေပြင်ထား ကြ ကမ်းပြန်ကပ် ဖို့လုပ်ထား”

ဦးဖိုးစိန် ၏ စကားကြောင့် ရွာသား များ အထုတ်အပိုးများ
ပြင်ကာ လှေများရှိရာ ထွက်လာလေသည် ရေပြင်၏
လိူုငွးလူပရွှာမှားက ကြမ်းတမ်းလေသည် ။
တစ်ချို့လည်း အထုပ်အပိုးများ လုယှက် ပြင်ဆင်နေကြသည် ။

ထိုစဉ်ပြင်းထန်သော လိူုငွးလုံးကှီးမှား မျက်လုံးတစ်ဆုံး
တစ်လှိမ့်လှိမ့်တက်လာကာ ကျွန်းပေါ်သို့ ရိုက်ခတ်၍
လှေများတိမ်းမှောက်သွားလေသည် မကြာလိုက်ပါ
ကျွန်းတစ်ခု လုံး ရေလွှမ်း သွားလေတော့သည်။

မနက်လင်းသောအခါ ဖားကျွန်းရွာ လေးမှာအသက်မဲ့သော
အလောင်းတစ်ချို့သာတွေ့ရလေသည်။ ကျန်အလောင်း
များ က ရေစီးဖြင့် မျှောသွာဟန်ရှိလေသည်။

ထိုမှ စ၍ ဖားကျွန်းသည် ရွာလုံးကျွတ်သေဆုံးကုန်သည်။
တစ်ချို့က တော့ မကျွတ်လွတ်ပဲ ကျွန်းစောင့် နေရသည်
ဟု ပြောကြလေသည်။

တစ်ခါတစ်ရံ ခရီးသွား လမ်းကြုံ် များ ညဘက် ဝင်အိပ်
မိပါက ထိုကဲ့ သို့ အဖြစ်အပျတ်အများကို ခဏခဏ
ကြုံရလေသည်။

”လူစားလဲ ဖို့လာသလား”
ဟု မေးသည့် အခါတိုင်းတွင်

”ဟုတ်ပါတယ်”ဟု
ကြောက်လန့်၍ ဖြေမိသည် အခါမျိုး ယောင်ရမ်း၍
ဖြေမိသူများသည် ဘေးအန္တရယ် တစ်ခုခုနှင့် ရုတ်တရတ်
သေဆုံသွားတက်လေသည်။

”ဒါဆို ကျွန်တော် တို့ ရောက်ခဲ့ တာ ဖားကျွန်းရွာ ပေါ့”

ဦးအေးမောင် ပြန်ရှင်းပြ မှ ကြောက်လန့် နေကြလေသည်။

”အင်ဟုတ်တယ် ဒါကြောင့် သူတို့လူစားလဲ ဖို့လာသလား
ဆိုပြီး အတင်းအကျပ်မေး နေတာပေါ့ ငါ့တူတို့ရ”

ဦးအေးမောင် စကားအဆုံးတွင်တော့ အကုန်လုံး
မျက်လုံးပြူးသွားကာ ဟင်!!!!ဟာ!!!!!ဖြစ်သွား ကြတော့သည်။

Yarga Min ရေးသားသည်။
#credit