လူခြောက်(သို့)ဝေမာနိကပြိတ္တာ

Posted on

လူခြောက်(သို့)ဝေမာနိကပြိတ္တာ(စ/ဆုံး)
—————————————

ညသည် တိတ်ဆိတ်ငြိမ်သက်လျှက် မီးရောင်
ခပ်မှိန်မှိန် ထွန်းညှိထားသော လယ်စောင့်တဲလေး
ထဲမှ အမျိုးသမီးတစ်ဦး၏ ညည်းသံသဲ့သဲ့သည်
တစ်ခါတစ်ရံ ထွက်ပေါ်လာ၏

…ဟဲ့…..မွေးပြီဟေ့….မွေးပြီ…..အမလေး….ဘာ…

..ဘာကြီးလဲ….ဟဲ့….လှဖေ…..လာပါဦးဟ

ဝမ်းဆွဲသည် ဒေါ်နန်းဖောင်း၏ ခေါ်သံကြောင့် ကို
ကိုလှဖေ တစ်ယောက် ပြာပြာသလဲဖြင့်ထူးလိုက်၏

….ဗျာ…..

ဒီမှာလာကြည့်ပါဦး….နင့်မိန်းမမွေးတဲ့….ကလေးကို

ကိုလှဖေ ဒေါ်နန်းဖောင်း၏ စကားကြောင့် ရင်ထဲ
စိုးထိတ်ခါ အိမ်ပေါ်သို့ ပြေးတတ်သွားလေတော့သည်

…ဟာ…..ဒေါ်နန်းဖောင်း….ဒါ….ဒါက…ဘာကြီးလဲဗျ…

ဒေါ်နန်းဖောင်းလက်ထဲမှ ၄လက်မ၅လက်မခန့် မဲမဲနှင့်
လူနှင့်ဆင်တူသော အရာလေး သွေးများပေကျံလျှက်

…ဟဲ့….လှဖေ…..

….ဗျာ….

….ငါဝမ်းဆွဲသည်လုပ်လာတဲ့…..သက်တမ်းမှာ.. ဒီလို..

ကလေးမျိုး… ငါမမွေးဘူးသေးဘူး…ငါကြားဖူးတာ….

တစ်ခုတော့ရှိတယ်….

….ဘာများလဲဗျ….ပြောပါဦး…တိုးတိုးတော့ပြောဗျာ..

ကျုပ်မိန်းမ…ထွေးလှက…. သွေးနုသားနုနဲ့ဗျ…

ဟုဆိုခါ ကိုလှဖေ လိုက်ကာလေး ချထားသော မီးနေ
သည်အခန်းထဲသို့ အခြေအနေကို အသာကြည့်လိုက်
သည် မထွေးလှ ပင်ပန်းသောကြောင့် မှိန်းနေလေ၏

…ကဲ…ဒေါ်နန်းဖောင်း….ပြောလေဗျာ….

…အေးပါဟဲ့….ဒီလိုဟ….ငါကြားဖူးတာက…ဒီလိုပုံစံ

မျိုး….မွေးတဲ့ကလေးက….”လူခြောက်လေး”တဲ့

…ဗျာ….လူခြောက်လေး…လူခြောက်လေး…..

ကိုလှဖေ ရီဝေစွာ စဥ်းစားလိုက်ပြီနောက်

…ကျုပ်မသိဘူးဗျ….လူခြောက်ဆိုတာ…ဘာကောင်

ကြီးလဲ….ဒေါ်နန်းဖောင်း…

ဒေါ်နန်းဖောင်း လက်ထဲမှ လူ​ပုံစံ ကလေးသေးသေး
အား အဝတ်စများဖြင့် သန့်ရှင်းပေးနေရင်းက သူ
ကြားခဲ့ဘူးသော လူခြောက်အကြောင်းကို ဤသို့​
ပြောပြလေတော့သည်

လူခြောက်-ဟူသည် ဘုံဘဝတမျိုးမှ သတ္တဝါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘဝ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း
* အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တစ်ပတ်)။
* အမြှုပ် တစ်သတ္တာဟ။
* သားတစ် တစ်သတ္တာဟ။
* အခဲ တစ်သတ္တာဟ။
* ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘဝ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘဝ ကောင်းမှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၎င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၎င်းလူသားလောင်းကလေးမှ ဘဝပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၎င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၎င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၎င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။)

(လူခြောက်အကြောင်းရှင်းပြပေးပါသော မူရင်းရေးသားသူအား လေးစားစွာ Crd ပေးပါသည်)

….ဟင်….ဒါဆိုရင်…ကျုပ်ကလေးက…ပြိတ္တာဘုံ

သားပေါ့…..

…သြော်….လှဖေရယ်..ငါလဲကြားဖူးမှတ်ဖူးတဲ့…အထဲ

ကအတိုင်းပြောပြတာပဲလေ….ကဲ…နင်တို့လင်မယား..

ဒီကနေ…အဝေးတစ်နေရာကို…ပြောင်းကြတော့…နင်

တို့လူခြောက်မွေးတာကို….အဂ္ဂိရပ် ပညာသည်တွေ..

သိသွားရင်…အန္တာရယ်ပေးကြလိမ့်မယ်….မနက်ဖြန်​

နင်တို့ပြောင်းကြတော့ ….

ကိုလှဖေ ကွမ်းယာနေရင်း ဒေါ်နန်းဖောင်းလက်ထဲမှ
၄လက်မအရွယ်ခန့် လူပုံစံလေးအား ကြည့်ရင်း
သက်ပြင်းချနေမိပါတော့သည်

အာရုံဏ်ဦး၏ အလင်းရောင်သည် တစ်စစနှင့်
ထွန်းလင်းလာခဲ့သည် လယ်စောင့်တဲလေးထဲမှ
ကိုလှဖေနှင့်မထွေးလှတို့ လင်မယားနှစ်ယောက်
ထန်းခေါက်ဖာလေး တစ်ခုကိုပိုက်လျှက် အထုပ်
အပိုးကိုယ်စီဖြင့် သာယာကုန်းရွာမှ ထွက်ခဲ့ကြ
တော့သည်

…..ကိုလှဖေ….

ရုတ်တရက် မိန်းမဖြစ်သူ မထွေးလှ၏ ခေါ်သံကြောင့်
ကိုလှဖေ အထုပ်လေးခဏချကာ ထူးလိုက်သည်

…..ဘာလဲ….မိန်းမ….

ညကမှ မီးဖွားခဲ့တာမို့ ပင်ပန်းနေပြီဖြစ်သော
မထွေးလှက လက်ထဲမှ ထန်းခေါက်ဖာလေးကို ဖွင့်
ကြည့်ရင်း

…..ဒေါ်နန်းဖောင်းပြောတာ …..ဟုတ်ရဲ့လားတော်…

….အဲ့ဒါတော့….ငါ့လဲမသိဘူး…မိန်းမရယ်ယ်…..

…..ဒါပေမယ့့်…..ငါတို့တွေ…..သူပြောသလို….

…..ခဏရှောင်နေလိုက်တာ….ပိုကောင်းမယ်ဟ….

မထွေးလှ မကျည်းပင်ကြီးအောက် ခဏထိုင်နား
ရင်း ပါလာသော ရေဗူးထဲမှ ရေအနည်းငယ်ကို
မော့သောက်နေ၏

….ကဲ….မိန်းမရေ….မြန်မြန်လုပ်ကွ….တော်ကြာ….

….တစ်ယောက်ယောက်တွေ့သွားရင်….ခက်ကုန်မယ်

မထွေးလှတစ်ယောက် ကိုလှဖေလက်ကိုဆွဲကာ
အားယူပြီး ထလိုက်ပြီးနောက် အမျိုးတွေရှိရာ
တမာကုန်းရွာသို့ ခရီးဆက်ခဲ့ကြလေသည်
တစ်ရွာနဲ့တစ်ရွာ နည်းနည်းလှမ်းလှပြီး တောလမ်း
လေးအတိုင်း လင်မယားနှစ်ယောက် ဖြေးဖြေးခြင်း
လျှောက်သွားခဲ့ကြသည် တောလမ်းမို့ လူသူပြတ်
သည့့် တစ်နေရာအရောာက်မှာတော့

…..အမေ…..မြန်မြန်ပုန်းတော့….ဓားပြတွေလာနေပြီ

….ရှေ့က…အပင်ကြီးနားမှာ….မြန်မြန်ဝင်ပုန်းပါ….

မထွေးလှနားထဲ ထိုသို့သော သတိပေး စကားသံကိုယပီသစွာ ကြားလိုက်ရသောအခါ

…..ကိုလှဖေ….ကျုပ်တို့ဆီကို….ဓားပြတွေလာနေ

တယ်လို့….ကျုပ်ကြားနေရတယ်တော့်…..

ကိုလှဖေ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီးနောက်

….ဟဲ့….မိန်းမ….ဘာမှမရှိပါဘူးဟ…နင်က…

….အခုမှမီးဖွားခါစဆိုတော့….သွေးလေခြောက်ခြား

တာဖြစ်မှာပါ…..

မထွေးလှလဲ ယောကျ်ားဖြစ်သူ၏ စကားက ဖြစ်နိုင်
တာမို့ ဘာမှမပြောသာပဲ ရှေ့ဆက်လျှောက်လာခဲ့ကြ
သည်

……အမေ…..မြန်မြန်ပုန်းတော့….ဓားပြတွေနဲ့….

……နီးနေပြီ….အမြန်ပုန်းတော့….အမေ…..

မထွေးလှ ခြေလှမ်းကိုရပ်တန့့်လိုက်ပြီး

….ကိုလှဖေ….ကျုပ်နောက်တစ်ခါ….ကြားရပြန်ပြီ..

…လာစမ်းပါတော်…ဘာပဲဖြစ်ဖြစ်….ခဏပုန်းရ

အောင်…..

ကိုလှဖေလဲ ဘာမှပြောမနေပဲ ဇနီးဖြစ်သူ စိတ်ကျေ
နပ်အောင် အပင်ကြီးတစ်ပင်အနား ဝင်ပုန်းနေလိုက်ကြသည်

….ခွပ်….ခွပ်….ခွပ်……

သိပ်မကြာလိုက်ပါ မြင်းခွာသံသဲ့သဲ့ကို လင်မယား
နှစ်ယောက်လုံး ကြားလိုက်ရသည့် အတွက် တစ်
ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် အပင်ကြီး
၏ အမြစ်တွေနား ဝပ်နေလိုက်ကြသည်

…..ဟိတ်ကောင်….မောင်စိုး…..

….ဗျာ….ဆရာကြီး….

..အခုထိလဲ ….လူတစ်ယောက်မှ… မတွေ့ပါလား ….

….ဒီအတိုင်းဆို….ပြန်လှည့်တာကောင်းမယ်…..

….ရှေ့နားဆို….ရွာတွေနားရောက်တော့မှာကွ….

ကိုလှဖေ အသာလေး ခေါင်းဖော်ကြည့်လိုက်တော့
ဓားပြများ မြင်းကိုယ်စီဖြင့် ၅ယောက်လောက်ရှိမည်
သူတို့အခြင်းခြင်း ပြောနေကြသော စကားများကို
အသာနားစွင့်ရင်း မိန်းမဖြစ်သူကိုလဲ ဖက်၍ ဖွက်
ထားရလေသည် ထိုလူများ ပတ်ဝန်းကျင်အခြေ
အနေအား ကြည့်လိုက်ကြပြီနောက်

…..ကဲ….ငါတို့တွေ…..ပြန်လှည့်ကြမယ်ကွာ….

…..ဒီနားမှာနေရတာ….တစ်ခုခုကို….ခံစားနေရတယ်

….ငါတို့အတွက်….မလုံခြုံနိုင်ဘူး….

….ဟုတ်…..ဆရာကြီး…..

အားလုံးထွက်သွားတော့မှ လင်မယားနှစ်ယောက်
အပင်ကြီးအနောက်မှ ထွက်လာခဲ့ကြသည်
ပထမဆုံး ကြုံခဲ့ရသည့် အဖြစ်အပျက်မို့ နှစ်ဦးသား
အံ့သြမဆုံး ဖြစ်ခဲ့ကြရပါတော့သည်။

တမာကုန်းရွာအစွန်ဘက် လူနေအိမ်ခြေ
နည်းပါသော နေရာလေးတစ်ခု၌ ပါလာသော
ရွှေတိုငွေစလေးများ ထုခွဲရောင်းချပြီး ကိုလှဖေတို့
လင်မယား သိုသိပ်စွာ နေထိုင်ခဲ့တာ ရက်အနည်းငယ်
မျှ ကြာခဲ့ပြီ ဖြစ်၏

….မိန်းမရေ….

ကိုလှဖေ၏ ခေါ်သံကြောင့် ဘုရားဝတ်ပြုပြီး
မထွေးလှ အောက်သို့ ဆင်းလာခဲ့သည်

….ဘာတုန်း….ကိုလှဖေ…..

အိမ်ရှေ့ ကွပ်ပစ်လေးအပေါ် နှီးထိုးနေသော
ကိုလှဖေက ထိုးလက်စ နှီးများကို စည်းလိုက်ပြီး

….ငါရွာတောင်ပိုင်းက…ချက်ကြီးတို့နဲ့….သစ်ဆွဲ

လိုက်သွားမလို့ဟ…နင်တစ်ယောက်ထဲ….နေရဲရဲ့

လား…..

မထွေးလှ ဘေးနားလာထိုင်ရင်း

….သြော်….ရပါတယ်…ယောကျ်ားရယ်….ကျုပ်

မကြောက်တတ်ပါဘူး…..

….ကဲ….ဒါဆိုရင်….ငါသွားတော့မယ်….

လွယ်အိတ်ထဲသို့ ယာကွမ်းထုပ်လေးထည့့်
ဓားတစ်လက်ကို ခါးကြာထိုးကာ လိုအပ်မည့့်
ပစ္စည်းများ ထည့့်ပြီး ချက်ကြီးနဲ့အတူ ထွက်
လာခဲ့ကြလေသည်

……ဟေ့ကောင်ချက်ကြီး…..

….ဘာလဲကွ….ဟိုးဘက်ကုန်းပေါ်မှာ….ကျွန်းသစ်နဲ့

….ပျဥ်းကတိုးသစ်တွေ….ရှိမယ်ထင်တယ်ကွ…လာ

…ငါတို့သွားရအောင်ကွာ….

ချက်ကြီးတစ်ယောက် ခုတ်ဖို့ကြည့်နေသော သစ်ပင်ကို ထားခဲ့ပြီး လှဖေညွှန်ပြရာသို့ ကြည့်လိုက်တော့နည်းနည်းလှမ်းနေသည်မို့ မတတ်နိုင်ပေ အဲ့ဒီလောက် အပင်ပန်းမခံနိုင်သူမို့။

….ထားလိုက်ပါကွာ….ဒီနားကသစ်တွေပဲ….နိုင်သ

လောက်….ခုတ်သွားရအောင်….

ချက်ကြီးက ပြောရင်းနဲ့ ခုဏသစ်ပင်အား ပြန်ခုတ်နေလေတော့သည် လှဖေကတော့ ထိုကုန်းပေါ်ကိုတတ်ချင်စိတ်က များနေသည့့်မို့ ချက်ကြီးအားထားခဲ့ကာ တစ်ယောက်ထဲတတ်ဖို့ ဆုံးဖြတ်လိုက်သည်။

တောင်ကုန်းလေးက လှမ်းကြည့်တော့သာ အနိမ့်လေးလို့ ထင်ရတာ တစ်ကယ်တတတ်ကြည့်တော့ အတော်နှင့် မရောက်နိုင်ပေ တစဖြေးဖြေးခြင်း အပေါ်သို့လှဖေ ရောက်လာသည်နှင့် ကျွန်းပင်နဲ့ပျဥ်းကတိုးပင်များ အတော်များများ ရှိနေကြတာကို မြင်ရတော့ လှဖေ ဝမ်းသာအားရနှင့် ခုတ်မည်အပြု။

…..အဖေ…..အဖေ့့….အနောက်က….ကျွန်းပင်

အောက်ကို….၄တောင်လောက်….တူးကြည့်ပါ….

…..မြန်မြန်တူးပါ….အဖေ…..

ကိုလှဖေ နားထဲ၌ ထိုသို့သော အသံကို ပီပီသသ
ကြားလိုက်ရပေမယ့့် အမှတ်တမဲ့မို့ သစ်ခုတ်ရန်သာကြိုးစားနေခဲ့သည် သိပ်မကြာပါ ထိုသို့သော အသံအား သူထပ်ကြားလိုက်ရပြန်၏ ဒီတစ်ခါတော့ သူလဲဖြစ်ချင်ရာဖြစ် တူးကြည့်လိုက်တော့သည်။

မြေကြီးက သိပ်ပြီး ကျစ်လျစ်မနေသောကြောင့်
သိပ်ကြာကြာ မတူးလိုက်ရပါ ၄တောင်ခန့် အနက်သို့ ရောက်သောအခါ။

…ဟင်….သေတ္တာလေးတစ်လုံးပါလား…..

သူတွေ့လိုက်ရသော သေတ္တာအား အပေါ်သို့ ဆွဲတင်ကာ ဓားဖြင့် ကလှော်ဖွင့်လိုက်တော့ အထဲမှာ ဂျပန်အလံဖြင့် ထုပ်ပိုးခားသော အထုပ်တစ်ထုပ်အားတွေ့လိုက်ရ၍ ဖြည်ကြည့်လိုက်သောအခါ။

….ဟင်…..ရွှေ….ရွှေတွေပါလား…..

ရွှေထည်ပစ္စည်းများကို သူတွေ့မြင်လိုက်ရခြင်း
ပင်ဖြစ်၍ ဘယ်သူမှမသိအောင် လွယ်အိတ်ထဲ
အသာထည့့်ပြီး သစ်တစ်ပင်ခုတ်ကာ ပြန်ဆင်း
လာရင်း အိမ်သို့ ချက်ကြီးနှင့်အတူ ပြန်ကြလေသည်။

ရွှေထည်ပစ္စည်းများဖြင့် သူတို့လင်မယား
နောက်တစ်နယ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရင်း
အရင်င်လို ပင်ပန်းဆင်းရဲတဲ့ ဘဝမျိုးက လွတ်ခဲ့ကြသည်။

…..အမေ….အမေ့….သား….ကစားစရာတွေနဲ့

…ဆော့ချင်လို့….ဝယ်ပေးပါဦးအမေ….

မထွေးလှ အိမ်မက်ကလန့်နိုးသွားပြီး ကိုလှဖေအားအကျိုးအကြောင်း​ပြောပြလိုက်တော့။

….အင်း….ငါ့တို့သားက…ကစားတတ်တဲ့…အရွယ်

ကို….ရောက်နေပြီလေ…မိန်းမရဲ့…ဝယ်ပေးရမှာပေါ့

…နောက်ပြီး …သူ့အတွက်… ငါနာမည်တစ်ခု မည့်ဖို့

….စဥ်းစားထားတာရှိတယ်ဟ….

….ဘာများလဲ…ကိုလှဖေရဲ့….

…ဒီလိုလေကွာ…သားလေးက…သောကြာနေ့မှာ….

မွေးတာဆိုတော…ဖိုးသောကြာလို့…ပေးလိုက်မယ်

ကွာ…..

မထွေးလှ အနည်းငယ်မျှ စဥ်းစားလိုက်ပြီး

…..ကဲ…တော်သဘောပဲ……ဖိုးသောကြာပေါ့…

သူတို့နှစ်ယောက် ထန်းခေါက်ဖာလေးကို ဖွင့်ပြီး
တစ်ညလုံး နာမည်ကို မကြာခဏခေါ်ခဲ့ကြလေသည်။

အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ
ဖိုးသောကြာဆိုတဲ့ လူခြောက်ကလေးလဲ အသက်တစ်ဆယ်ရှစ်နှစ်အရွယ်သို့ ရောက်လာခဲ့ပြီး မိဘတွေကို နည်းမျိုးစုံနဲ့ ကြီးပွားအောင် ဖန်တီးပေးခဲ့ကြ၏ အရွယ်နဲ့သင့်တော်အပ်စက်မယ့် ပစ္စည်းမျိုးစုံကိုလဲ မထွေးလှတို့ လင်မယားက စီမံပေးခဲ့ကြရသည်။

ဒီနေ့ မိုးများအုံဆိုင်းနေပြီ မထွေးလှ ခေါင်းထဲ သိပ်
မကြည်၍ အိပ်ယာထဲ၌ လှဲလျောင်းနေခဲ့သည်

…အမေ….အမေ့….

နားထဲ၌ ခေါ်သံကြား၍ ထကြည့်လိုက်တော့
သားလေး ဖိုးသောကြာ သူမအရှေ့၌ မတ်တပ်ရပ်နေ၏။

….ဘာများလဲ….သားရဲ့….ငါ့သား…ဘာလိုချင်လို့လဲ

ဖိုးသောကြာ မျက်နှာမကောင်းပါ။

….အမေ…..သားပြောတာ…သေခြာနားထောင်နော်…

….သား…အမေတို့နဲ့နေရတာ….ပျော်ပါတယ်…အမေ

….ဒါပေမယ့်….အခု….အခုလေ….

ပြောရင်းနဲ့ သားလေးရဲ့အသံ တိုးဝင်နွမ်းလျနေ၏။

….ပြောလေ….ဒါပေမယ့်….ဘာဖြစ်လဲသား….

…..အမေစိတ်ပူလို့….မြန်မြန်ပြောပါ….သားရယ်….

ဒီတော့မှ ဖိုးသောကြာ မျက်ရည်တို့ကြကာ

….ကျွန်တော်…..အမေတို့နဲ့…ခွဲရတော့မယ်အမေ….

….ကျွန်တော်ရဲ့….အကုသိုကံအဟုန်က…ကုန်ပြီမို့

….သင့့်တော်ရာ…ကောင်းမွန်တဲ့…ဘုံဌာနကို….

…သား….သားကူးပြောင်းရတော့မယ်….အမေ….

ဒေါ်ထွေးလှ ရင်ဘက်ကို လက်ဖြင့်ဖိကာ မျက်ရည်ကြရင်း။

…..မသွားလို့…မရဘူးလား…သားရယ်….အမေလေ

….ငါ့သားလေးကို….မခွဲနိုင်လို့ပါကွယ်….

မိခင်ဖြစ်သူ မျက်ရည်ကြတော့ ဖိုးသောကြာလဲ
ဝမ်းနည်းနေရပေမယ့့် ကံကံ၏ အကျိုးုးအကြောင်းတရားကို မည်သူမှ မလွန်ဆန်နိုင်ပါပေ။

….မရလို့ပါ…အမေ….ကျွန်တော်မရှိတော့ပေမယ့်…

….အမေတို့ကို…ပြည့်စုံစေခဲ့လို့…ကျွန်တော်…..

….ကျေနပ်ရပါတယ်….ဝမ်းသာရပါတယ်…အမေ

….အဖေ့ကိုလဲ….သေချာဂရုစိုက်ပေးလိုက်ပါနော်..

…..ကျွန်တော်…အမေ့ကို…ကန်တော့ခဲ့ပါတယ်….

ထိုသို့ပြောပြီး ဖိုးသောကြာတစ်ယောက် မိခင်ဖြစ်သူအား ရိုသေစွာ ကန်တော့ပါတော့သည် မိမိအားနှုတ်ဆက်ကန်တော့နေသော သားဖြစ်သူအားကြည့်ရင်း ဒေါ်ထွေးလှ ရင်တွေကွဲလုမတတ် ကြေကွဲခံစားရပါတော့သည်။

…..အမေ….သားအတွက်…ဝယ်ပေးထားတဲ့..ပစ္စည်း

တွေကို….မရှိတဲ့သူတွေကို….ပြန်လှူပေးလိုက်ပါနော်

…ကုသိုလ်ကောင်းမှု့…ပြုလုပ်တိုင်းလဲ….သားကို

အမျှကုသိုလ်….ပေးဝေပေးပါ…အမေ…..

…အတိတ်က…ပြုခဲ့တဲ့….ကုသိုလ်ကံကြောင့်…

…ဝေမာနိကပြိတ္တာဘဝ…..ရောက်ရပေမယ့်…

….အဖေနဲ့အမေကို….ကျေးဇူးဆပ်ခွင့်ရလို့….ကျေနပ်

ပါတယ်….အမေ……သားသွားတော့မယ်နော်….

ထိုသို့ပြောပြီး ဖိုးသောကြာ တစ်ဖြေးဖြေးနဲ့ ပျောက်ကွယ်သွားပါတော့သည် သားဖြစ်သူအား ခွဲရမည့်စိတ်ကြောင် ဒေါ်ထွေးလှ ရင်တွေကွဲမတတ်ဖြစ်ပြီးကျန်ခဲ့ရလေသည်။

….သား….သားလေး….မသွားပါနဲ့…အမေတို့နဲ့နေပါ

….သားလေး…..

….ဟဲ့….မိန်းမ….ဘာဖြစ်တာတုန်း….မိန်းမ….

ဒေါ်ထွေးလှ မျက်လုံးကိုဖွင့်ကြည့်တော့ ဘေးနားမှာယောကျ်ားဖြစ်သူ ဦးလှဖေက လှုပ်နိုးနေခြင်းပင်ဖြစ်၏ ဒေါ်ထွေးလှ ဖြစ်ကြောင်းကုန်စင် ပြောပြတဲ့အခါ လင်မယားနှစ်ယောက်လုံး မျက်ရည်ကြလျှက်သားဖြစ်သူအား မခွဲခွာချင်ပါပဲ ခွဲခွာခဲ့ရသည်မို့ယူကြုံးမရခဲ့ကြပါပေ။

ဤကိစ္စတွေဖြစ်ပြီးတဲ့ နောက်ပိုင်း ထန်းခေါက်ဖာထဲမှ လူခြောက်(သို့မဟုတ်)ဝေမာနိကပြိတ္တာ အနွယ်ဝင်ဖြစ်တဲ့ ဖိုးသောကြာလေးလဲ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့ပါတော့သည်။

ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.လေလွင့်လူ(တွံတေး)18.11.2022✍️✍️✍️