ဝဋ်ကြွေးရှိရင် ကျေပါစေ
###############
ဝတ္ထုတို(စ/ဆုံး)
#########
“ဟင် အစ်ကို နင်ဘာလုပ်တာလဲ”
ကျေးဥ အိပ်နေစဉ် သူမကို တို့ထိ ကိုင်တွယ်လာသော တစ်စုံတစ်ယောက်ကြောင့် လန့်နိုးလာခဲ့လေသည်။ ကျေးဥ ဆိုတာ ၁၃ နှစ်အရွယ် အပျိုဘော်ဝင်စ မိန်းကလေး ဖြစ်သည်။ အိမ်ထဲတွင် အမေတူ အဖေကွဲ မုဆိုးဖို အစ်ကို ဖြစ်သူနှင့် အတူ နေထိုင်သူလေး ဖြစ်သည်။
ကျေးဥ အစ်ကို ဖြစ်သူကို မိမိ၏ အိပ်ခန်းအတွင်းမှာ တွေ့လိုက်ရသဖြင့် ကျေးဥ ထိတ်လန့်စွာ အော်လိုက်မိလေသည်။ ကျော်မြင့် ညီမဖြစ်သူကို ရွှင်ရွှင်စားစားကြည့်ပြီး ကျေးဥ မျက်နှာလေးကို တို့ထိကိုင်တွယ်လိုက်ပြီး သူ့၏ ရှပ်အင်္ကျီကို ဆွဲချွတ်လိုက်လေလျှင် ကျေးဥ အလန့်တကြား ထပြေးရန် ထလိုက်လျှင် သန်မာသော ကျော်မြင့် လက်တွေက ကျေးဥ ကို လှမ်းဆွဲလိုက်လေရာ ကျေးဥ ခန္ဓာကိုယ်လေး ကြမ်းပြင်ပေါ် ပြိုလဲကျသွားလေတော့သည်။
“ငါတို့ အတူတူနေကြရအောင်လေ ကျေးဥ”
အလိုရမ္မက်ဆန်စွာ ပြုမူလာသော အစ်ကိုဖြစ်သူကြောင့် ကျေးဥ ရုန်းကန်အော်ဟစ်နေသော်လည်း အရာမရောက်တော့ပေ။ ဘဝဆိုတာ ခါးသီးမှုဆိုရင် အရွယ်မတိုင်ခင် ကျေးဥ ကြုံတွေ့လိုက်ရသော ထို အကြောင်းအရာက အတော်လေးမှ ခါးသီးလွန်းနေလေတော့သည်။
မုန်တိုင်းတွေဆဲသွားချိန်မှာတော့ ဖရိုဖရဲဖြစ်နေပြီး ညစ်နွမ်းနေသော ခန္ဓာကြောင့် ကျေးဥ နှမြောတသစွာ ငိုရှိုက်မိလေသည်။ ဘယ်သူက ထင်မည်နည်း။ မိမိဘဝက တစ်ပါးသူ ဖျက်စီးမခံရလေဘဲ သွေးသားအရင်းအချာ အစ်ကို ဖြစ်သူ၏ ဖျက်စီးခြင်းကို ခံရမည် ဟု။
မိမိဘဝကို နားကြည်းလွန်း၍ ကျေးဥ အသံတိတ် ရှိုက်ငိုနေမိလေသည်။ ကျေးဥ ငိုနေသည့်ကို ကျော်မြင့် ဆေးလိပ်ဖွာရင်း ထိုင်ကြည့်နေမိလေသည်။ ခဏအကြာတော့ ဆေးလိပ် မီးခိုးတွေကို အားရပါးရ မှုတ်ထုတ်လိုက်ပြီး
“နင့် ငါ့ကို နားငြီးအောင် သိပ်မလုပ်နဲ့၊ ငါ့ အရမ်းတွေ နားငြီးတယ်၊ အေး ပြီးတော့ နင့်ကို ပြောရဉီးမယ်၊ အခုကိစ္စကို ဘယ်သူကိုမှ နင်ဖွမယ် မစဉ်းစားနဲ့၊ အေး ဖွလိုက်ရင်တော့ နင်ကို ငါ့ အသေသတ်မှာနော်၊ အထူးသဖြင့် အမေကို နင်လုံးဝ ပြောဖို့ မစဉ်းစားနဲ့”
မောင်းပြန်ဓားကို ကိုင်ပြရင်းခြိမ်းခြောက်နေသူက ကျေးဥ ရဲ့ အစ်ကိုမှ ဟုတ်ပါလေစ။ ကျေးဥမှာ ဘာစကားမှ မဆိုသာလေဘဲ နာကျင်လွန်း၍ ဝမ်းနည်းစွာသာ ငိုရှိုက်နေမိလေသည်။
ရက်စက်တယ် ကံကြမ္မာရယ်။ ဘယ်ဘဝက ဝဋ်ကျွေးတွေများလဲနော်။
ထိုတစ်နေ့ညလုံး ကျေးဥ ဆိုသော လုံမငယ်လေး၏ ငိုရှိုက်သံ သဲ့သဲ့သည် ဝမ်းနည်း နာကျင်ခြင်းတွေနှင့် ရောထွေးနေရသည့်ကို ဘယ်သူသိနိုင်မည်နည်း။
#######################
“သားတို့ သမီးတို့ရေ အမေပြန်လာပြီလေ”
အမေ အသံကြားလိုက်ရသဖြင့် ကျေးဥ တွေးတွေးငေးငေးလေး ဖြစ်နေရာမှ အိမ်ရှေ့သို့ ထွက်လာခဲ့လေသည်။
“အမေ”
ကျေးဥ အိမ်ခြံဝန်းထဲ ဝင်လာသော မိခင်ကို တွေ့လိုက်ရသဖြင့် ဝမ်းနည်းပက်လက်ဖြင့် အိမ်အောက်သို့ ပြေးဆင်းလာခဲ့လေသည်။
အမေ့ကို တွေ့သည့် အချိန်တွင် မိမိကိုယ့် မိမိ ဖြည်မဆည်နိုင် ဝမ်းနည်းမှုနှင့် အတူ မိခင်ကို ပွေ့ဖက်ကာ ငိုလိုက်မိလေသည်။
ဒေါ်ရင်နု မိမိကို ဖက်တွယ်ကာ ငိုရှိုက်လာသော သမီးကို စိုးရိမ်သွားကာ
“ဘာ ဘာဖြစ်တာလဲ သမီးငယ်ရယ်”
“အမေ”
ကျေးဥ မိခင်ကို တွေ့လေ မိမိဘဝကို တွေးပြီး မဖြေနိုင် ဖြစ်ရတာကြောင့် မိခင်ရင်ခွင်ကို တင်းတင်းဖက်ရင်း ငိုမြဲတိုင်း ငိုနေမိလေသည်။
“ဘာ ဘာဖြစ်တာလဲ သမီးလေး၊ အမေကို ပြောစမ်း”
“အဟင့် အဟင့် ၊ ကျေးဥ ကျေးဥ မေမေ့ကို လွမ်းလို့ပါ”
သမီးငယ်၏ ကလေးကလား ဆိုစကားကြောင့် ဒေါ်ရင်နု သမီးငယ်ကို ပြန်လည်ပွေ့ဖက်ရင်း
“အမေ ပြန်လာပြီလေ သမီးရယ်၊ အရင်လဲ အမေ သွားနေကျပဲလေ၊ အမေအရင်ကဆို သမီး အဒေါ်လေးကို ခေါ်ထားခဲ့တာ၊ အခု သမီး အစ်ကို ပြန်ရောက်နေလို့ သမီး အစ်ကို ကို ထားခဲ့တာလေ၊ ဘာတွေ ဝမ်းနည်းနေတာလဲ သမီးရယ်”
“ဘာမှ မဟုတ်ပါဘူး မေမေရယ်”
ကျေးဥ အမှန်တရားကို ဖွင့်ပြောချင်သော်လည်း စကားလုံးတို့က လည်ချောင်းဝတွင် တစ်ဆို့နေလေသည်။ စကားလုံးတို့က ထွက်ကျမလာလေဘဲ ရင်ထဲတွင်သာ သိမ်းထားရသည့် အတွက် ကျေးဥ အတွက် အလွန်မှ ခက်ခဲလွန်းနေလေသည်။
ထိုကြောင့်ဘဲ ထိုစကာစုတို့ကို မပြောလေဘဲ ရေငုံ နှုတ်ပိတ်ရှာခဲ့လေသည်။ သူမတို့ အတွက် စီးပွားရှာနေသော အမေကိုလည်း စိတ်ဆင်းရဲ မှုတွေ မပေးချင်ခဲ့တော့ပေ။ ထိုကြောင့် တစ်ချို့ အရာတွေကို ရေငုံနှုတ်ပိတ်နေတော့မည်ဟု သူမ ဆုံးဖြတ်လိုက်မိလေသည်။
########################
ဒေါ်ရင်နု ကွမ်းရောင်းသွားလေတိုင်း
ကျော်မြင့် တစ်ယောက် ကျေးဥအား အကြိမ်ပေါင်းများစွာ သားမယားပြုကျင့်ခဲ့လေသည်။ အချိန်တွေ ကြာလာလေတော့ မဖုံးနိုင် မဖိနိုင်အနေအထားတစ်ခုသို့ ရောက်လာခဲ့ရလေသည်။
“ဒီကိုယ်ဝန် ဘယ်သူနဲ့ ရတာလဲ ငါ့ကို ပြောစမ်း ကျေးဥ”
ဒေါ်ရင်နု တစ်ယောက် ကလေးသာသာ အရွယ်သမီးကို ကြည့်ပြီး ရင်တွေနာနေရလေသည်။ ကျေးဥ တစ်ယောက် ဘာတစ်ခွန်းမှ မပြောတတ်တော့လေဘဲ မျက်ရည်တွေကျ၍သာ ငိုမိလေတော့သည်။
“မသိဘူး၊ သိလည်း ကျေးဥ မပြောဘူး”
“ဘာ!”
“ဖြန်း”
“ဖြန်း”
မေမေ့ရဲ့ ရိုက်ချက်က ပါးပြင်ပေါ် ကျရောက်လာသည့်ကို သိလိုက်သော်လည်း ကျေးဥ ရင်ထဲမှာတော့ နာကျင်ခြင်းတွေ နောက်ထပ် မရှိလောက်တော့ဘူး ထင်ပါရဲ့။ အသားနာသည့်ထက် ရင်ဘက်ထဲက နာသည့် နာကျင်မှုက ကျေးဥ အတွက် ပိုမိုပြင်းထန်နေလေသည်။ နာကျင်လွန်းလှသည့် ရင်အစုံကြောင့် ကျေးဥ ဘာစကားမှ ထွက်ကျမလာခဲ့တော့ပေ။
“အမေရာ မေးမနေနဲ့ ၊ အနေမတတ်အထိုင်မတတ်၊ ဘယ်လောက်တောင် ကဲနေလို့ မဖုံးနိုင် မဖိနိုင် ဖြစ်လဲမှ မသိတာ ၊ ဘယ်နှယ် မိန်းကလေးဖြစ်ပြီး ကလပ်တက်တက်နဲ့”
ထိုစဥ် ပြောလိုက်သော ကျော်မြင့် စကားကြောင့် ကျေးဥ နှုတ်ခမ်းတွေ ဖိကိုက်ထားလိုက်ပြီး မီးတောက်နေသော မျက်ဝန်းများဖြင့် ကျော်မြင့်ကို ကြည့်နေမိလေသည်။
မိမိကြောင့်ပါလား ဟူသော အတွေးကို မတွေးလေဘဲ ရက်ရက်စက်စက် သူမကို ချိုးဖဲ့ပြောလာသော အစ်ကို ဖြစ်သူ ကျော်မြင့်အား သတ်ပစ်ချင်သည့် စိတ်တွေကို ကျေးဥ မနည်းချုပ်တီးထားရလေသည်။
ကျေးဥ ဘဝကို အမဲစက်ဆိုးခဲ့သည့်က ထိုလူ။ ကျေးဥ အမုန်းဆုံးက ထိုလူ။ တစ်ချိန်ချိန်တော့ ကျေးဥ ထိုလူကို လက်တုန့်ပြန်ခွင့် ရပါရစေ။
########################
“ကျေးဥ ကလေးဖျက်ချလို့ သေပြီ”
ဒီသတင်းက ဇီးတောရွာလေးမှာ ဟိုးလေးတကျော် ပျံ့နှံ့လို့ သွားလေသည်။
“ဟယ် ကောင်မလေးကလဲ အစ်ကို နဲ့ အမေ့ကိုမှ မသနားအေ၊ ကုတ်ကုတ်ကလေးနဲ့ ကုတ်ကမြင်းပဲ”
“ဟုတ်ပအေ၊ ကျော်မကောင်း ကြားမကောင်းအေ”
ရပ်ထဲရွာထဲ ကိစ္စကြီးငယ် တစ်ခုပေါ်လာရင်း အတင်းအဖျင်းပြောတတ်သည့်က လူသဘာဝ မဟုတ်လား။
ဒေါ်ရင်နု မှာတော့ သမီးငယ်၏ အဖြစ်ဆိုးကြောင့် ရင်ကွဲပလက်ခံစားနေရရှာလေသည်။ ကျော်မြင့်ကတော့ အေးအေးလူလူ အသောက်အစား မပျက်ပျော်မြူးနေခဲ့လေသည်။ သူ့ စိတ်ထဲတွင်တော့ သူ့ ရှင်းရမည့် အရှုပ်တစ်ခု ရှင်းသွားပြီ ဟု သတ်မှတ်ခဲ့ပုံရလေသည်။
ကျေးဥ ကွယ်လွန်ပြီး ၁၀ ရက်မြောက်နေ့တွင် ဒေါ်ရင်နု ထူးဆန်းစွာ အိမ်မက်မက်ခဲ့လေသည်။ အိမ်မက်ထဲတွင်တော့ ကျေးဥ က သူမဆီ ရောက်လာပြီး
“အမေ ကျော်မြင့်ကို သတ်ပေးပါ၊ ကျော်မြင့်ကို သတ်ပေးပါ အမေ”
“ဟင်”
ဒေါ်ရင်နု အိပ်ယာက လန့်နိုးလာလေတော့ သူမ နှာခေါင်းထဲ အပုတ်နံ့ တစ်ချို့က ထောင်းခနဲ့ နှာခေါင်းဝမှာ လှိုင်လှိုင်ရလိုက်ရလေသည်။
“သမီးလား၊ သမီးရှိနေတာလားတာလားဟင်”
တိုးတိုးလျှလျှ ဒေါ်ရင်နု၏ အမေစကားအဆုံးတွင် ကျော်မြင့်တစ်ယောက် ဝမ်းခေါင်းသံကြီးခြစ်၍ အော်လေတော့သည်။
“အား ~~~~၊ အမေရေ ကယ် ကယ်ပါ၊ အား~~~~”
ကျော်မြင့်၏ အသံကြောင့် ဒေါ်ရင်နု လက်နှိပ်ဓာတ်မီးမှိန်ပျပျလေးကို ယူကာ ကျော်မြင့် အိပ်နေသည့် အခန်းရှိရာသို့ ကူးခဲ့လေသည်။
“ဘာဖြစ်တာလဲ ကျော်မြင့် တံခါးဖွင့်စမ်း”
ကျော်မြင့် မိခင်၏ အသံကို ကြားလေတော့ အားတက်သွားကာ အခန်းတံခါးဖွင့်ကာ မိခင်ဆီ ပြေးလာခဲ့လေသည်။
“အား”
အခန်းအပြင်ရောက်ခါးနီး တံခါး အပေါက်ဝမှာ တွေ့လိုက်ရသော ကျေးဥကြောင့် လန့်ကာ အော်မိလိုက်ပြန်သည်။
ထိုအချိန်တွင် အခန်းထဲသို့ တစ်လှမ်းချင်း ပြေးဝင်လာသော မိခင် ဒေါ်ရင်နုကို တွေ့လိုက်ရ၍ ကျော်မြင့်၏ ကြောက်စိတ်များ အနည်းငယ် ပြေလျော့ သွားရလေသည်။
“အမေ အမေ သားဆီလာတယ်”
ဝမ်းသာအားရဖြင့် မိခင် ဖြစ်သူကို စကားဆိုလိုက်သူက ကျော်မြင့် ဖြစ်နေလေသည်။
“နင်ကြောင့် ငါ့ သေရတာ နင့်ကို ငါ့ သတ်မယ်”
“အမေ အမေ သားလေ ဗျာ၊ အမေသားလေ”
“ဟား ဟား ဟား ဟား”
ကျယ်လောင်စွာ ရယ်မောသံတစ်ခုနှင့် အတူ ပြောလိုက်သည့် စကားက
“ငါ့ အမေ မဟုတ်ဘူး ကျေးဥ”
“ဘာ!”
ကျယ်လောင်စွာ ထွက်ပေါ်လာသော ကျော်မြင့်၏ အသံက အိမ်တစ်ခုလုံး ဟိန်းထွက်သွားရလေသည်။ လူက ကြောက်ဒူးတွေ တုန်ကာ ချွေးစေးတွေပါ ထွက်လာရလေသည်။
“ငါ ငါ ငါတောင်းပန်ပါတယ် ကျေးဥရယ်၊ ငါ့ ငါ့ကို ခွင့်လွှတ်ပါဟာ ၊ ငါ ငါ”
“နင့်ကို ငါ့ သတ်မယ်၊ နင့်ကို ငါ့ သတ်မယ်”
လက်ကြီးနှစ်ဖက် ဆန့်တန်းကာ သူ့အရှေ့ကို တိုးလာသော ကျေးဥ ကို ကြည့်ပြီး ကျော်မြင့် အသက်ပင် မှန်မှန်မရှုရဲလောက်အောင် ထိတ်လန့်နေရလေသည်။
“ဟား ဟား ဟား ဟား နင့်အခုတော့ ကြောက်နေပြီပေါ့၊ ဟား ဟား နင့်ကို ငါ့သတ်မယ်”
“အား~~~~”
ကျော်မြင့် တစ်ယောက် သွပ်မိုး ပျဥ်ထောင်ကာ ခြေတန်ရှည် အိမ်လေး၏ အပေါ်ထပ် အမြင့် ဝရံတာကနေ အောက်ကို ခုန်ချလိုက်မိလေသည်။ ခုန်ချလိုက်သည့် ဆိုလျှင်ပင် လူက အရက်သောက်ထားသည့် အရှိန်ကြောင့် မြေပြင်ပေါ် မရှုမလှ ပစ်ကျသွားရလေသည်။
“အား~~~”
အား ဟူသော သံရှည်ညည်းသံကြီးနှင့် အတူ ကျော်မြင့် ပါးစပ်မှ သွေးတွေ ထွက်ကျလာကာ တဖြည်းဖြည်း ကျော်မြင့် ငြိမ်ကျသွားရလေသည်။
“ဟား ဟား ဟား”
ဤသည့်ကိုပင် ကျေးဥ သဘောကျစွာကြည့်ပြီး အက်ကွဲနေသော အသံကြီးဖြင့် ဟားတိုက်ရယ်မောနေလေတော့သည်။
########################
“ဟဲ့ လုပ်ကြပါဦး သေပြီလား မသိဘူး၊ ဘယ်သူမှ မရှိကြဘူးလား မသိဘူး”
ထွက်ပေါ်လာသော ဒေါ်အေးစိန် စကားကြောင့် အိမ်နီးနားချင်း အတော်များများ ဒေါ်ရင်နု ခြံဝိုင်းလေးထဲ ရောက်လာရလေသည်။
“ဒေါ်ရင်နု ဘယ်မှာလဲ”
လူအုပ်ကြီးထဲမှ လူလတ်ပိုင်း အမျိုးသားတစ်ယောက် အမေးစကားကြောင့် ဒေါ်အေးစိန် တစ်ယောက် ဒေါ်ရင်နုကို သတိရသွားမိလေသည်။
“ဟဲ့ အိမ်ပေါ် တစ်ယောက်လောက် သွားတက်ကြည့်ပါဦး ရင်နု တစ်ခုခု ဖြစ်နေပြီလား”
ဒေါ်အေးစိန် စကားအဆုံးတွင် ဇော်ဦး အိမ်ပေါ် ပြေးတက်သွားလေသည်။
“ဒေါ်ရင်နု ဒေါ်ရင်နု၊ ဟာ အဒေါ်”
ကျော်မြင့် ပြုတ်ကျသွားသော အခန်းထဲတွင် ဒေါ်ရင်နု လဲကျနေသည့်ကို ဇော်ဦး အံ့သြစွာတွေ့လိုက်ရလေသည်။ တောင်တောင်မြောက်မြောက် ဘာတစ်ခုမှ မစဥ်းစားနိုင်လေဘဲ ဒေါ်ရင်နုကို ပြေးပွေ့လိုက်မိလေသည်။
“ဒေါ်ရင်နု ဒေါ်ရင်နု”
“ဟင်”
ဒေါ်ရင်နု သတိမေ့နေရာမှ သတိပြန်ရလာကာ
“ဘယ်လို ဖြစ်လို့ နင်က”
“အဒေါ်သား သေပြီဗျ”
“ဟင်”
သားသေပြီဟူသော စကားကြောင့် ဒေါ်ရင်နု နားတွေ အူသွားကာ ရင်တွေတုန်လာရလေသည်။ မျက်ဝန်းအိမ်မှာ မျက်ရည်များ ဝေ့သီလာကာ
“ဟုတ် ဟုတ်လို့လား ဇော်ဦး”
ကတုန်ကရင် ဖြစ်နေသော ဒေါ်ရင်နုကို ဇော်ဦး သနားဂရုဏာသက်စွာ ကြည့်ပြီး သက်ပြင်းကို ရှိုက်လိုက်လေသည်။ ပြီးမှ
“အဒေါ် မယုံရင် ဒီအခန်းတံခါးက ငုံ့ကြည့်လိုက်ပါ အဒေါ်”
“ဟင်”
ဒေါ်ရင်နုလည်း ဇော်ဦး ပြောသည့် စကားအတိုင်း အခန်း အပေါက်ကနေ ငုံကြည့်လိုက်လေရာ
“အို သားကြီး”
လောလောလက်လက် သမီးတစ်ယောက်ဆုံးရှုံးထားရသည့် သူမ အတွက် သားတစ်ယောက်ပါ ထပ်မံဆုံးရှုံးလိုက်ရသည့်အတွက် ပဋာစာရီလို သောကအပူမီးတွေ တောက်လောင်ခဲ့ရပြန်ပါသည်။
“သား သားကြီး”
လူ အများကြီးကြားမှ သား ဖြစ်သူ၏ ရုပ်အလောင်းကို ပြေးပွေ့လိုက်သူက ဒေါ်ရင်နု ဖြစ်သည်။
“သားကြီး သားကြီးက အမေကို ထားခဲ့ပြန်ပြီ ဟုတ်လား၊ ခေါ်သွားပါလား၊ အမေ့ကို တစ်ခါတည်း သားတို့”
လပင် မကူးလေဘဲ သားကိုရော သမီးကိုရော ဆုံးရှုံးသွားရသည့် ဒေါ်ရင်နု ရင်ထဲက သောက အပူမီးတွေက ပြောပြလေလျှင်လည်း စာဖွဲ့၍ မရနိုင်တော့ပေ။
လောကကြီး အလယ်မှာ သားနှင့် သမီး မရှိဘဲ သူမ တစ်ယောက်ထဲ ရပ်တည်ဖို့ ဆိုသည့်က တွေးမိလေလျှင် ကျောချမ်းစရာ ဖြစ်နေပါသည်။
“အမေ”
ခပ်ငယ်ငယ် ကလေးမလေးတစ်ယောက်က ဒေါ်ရင်နု အနားကို တိုးကပ်လာကာ ဒေါ်ရင်နု အရှေ့ထိုင်ရင်း ငိုရှိုက်လာလေသည်။
“ကျေးဥ ကျေးဥ ကို ခွင့်လွှတ်ပါ အမေ”
“ဟင်”
ကျေးဥ ဆိုသော အမည် နာမကြောင့် ဒေါ်ရင်နု အကြည့်တွေ ထိုကလေးမလေးဆီ ရောက်လာရလေသည်။
“သမီး သမီးလား”
ကျေးဥ ဝိညာဥ် ဝင်ရောက် ပူးကပ်နေသော ကောင်မလေးက ဦးခေါင်းကို အသာငြိမ့်ပြကာ
“သမီး အမေ့သမီးပါ အမေ၊ ဒါပေမယ့်လေ ကိုကျော်မြင့်က သေသင့်တဲ့ လူ အမေ”
“ဟင်”
ကျေးဥ ထံမှ အထူးအဆန်းစကားကြောင့် ဒေါ်ရင်နု အံ့သြနေရလေသည်။
“ထွီ”
ကျော်မြင့် မျက်နှာကို စထွေးဖြင့် လှမ်းထွေးလိုက်ပြီး
“ဒီလူယုတ်မာကြောင့် သမီး ဘဝ ပျက်ရတာ မေမေ့ရဲ့”
“ဟင်”
“ဟာ”
“အို”
မထင်မှတ်ထားသည့် အဖြစ်အပျက်မို့ ဝိုင်းနေသည့် လူအုပ်ကြီးလည်း အံ့သြမဆုံး ဖြစ်ရသလို မိခင် ဖြစ်သူလည်း ရင်ထုမနာဖြစ်ရလေသည်။
“အဲ့ လူယုတ်မာပေါ့၊ မေမေ့ မရှိတဲ့ အချိန် သမီးဘဝကို ဖျက်ဆီးတာ၊ မေမေ ယုံကြည်ပြီး ထားခဲ့တဲ့ မေမေသားက သမီးကို ခြိမ်းခြောက်ပြီး စော်ကားတာ”
စကားအဆုံးတွင် ကျေးဥ ဖြစ်ပျက်ခဲ့သမျှ အားလုံးပြောပြလိုက်လေသည်။
“အို ဘုရား၊ ဘုရား”
ဒေါ်ရင်နု ကိုယ့်ရင်ဘက်ကိုယ့်ဖိ၍သာ ဘုရားတလိုက်မိလေသည်။
ကျေးဥ ပြောပြသည့် စကားတွေကို နားထောင်ပြီး ဒေါ်ရင်နု မယုံနိုင်သလို ဖြစ်ခဲ့ရသလို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းလှသော သားဖြစ်သူ၏ လုပ်ရပ်များ အတွက်လည်း ရွံ့ရှာမိလေသည်။ လူကမွေးသည့် သားဖြစ်သူရဲ့ ခွေးစိတ်ပေါက်ကာ မိုက်ရိုင်းမှုကို စောစောစီးစီးသိခွင့်မရခဲ့သည့် အတွက်လည်း နောင်တရမိလေသည်။
စောစောစီးစီးသိခဲ့လေလျှင်လည်း သူမ ကိုယ်တိုင်ပဲ အသက်ဝိညာဥ် နုတ်ပစ်မိမှာ ဖြစ်သည်။ အခုတော့ ထို လူယုတ်မာကြောင့် အပစ်မဲ့သည့် သမီးလေး အသက်ဆုံးရှုံးခဲ့ရသည့် အဖြစ်က ဖြည်မဆည်နိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရလေပြီ ဖြစ်သည်။
########################
ဒေါ်ရင်နု တစ်ယောက် ကျော်မြင့်၏ နာရေးကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပြီး ရက်လည်ဆွမ်းသွပ်သည့် အထိ ကိစ္စ အဝဝ
ကို ပြီးစီးသည့်အထိ ဆောင်ရွက်ပေးခဲ့ပြီး သူမ သာသနာ့ဘောင်သို့ အပြီးဝင်ခဲ့လိုက်လေသည်။
သားသမီးတွေ မရှိတော့သည့် ဘဝမှာ သူမ အတွက် အေးချမ်းသည့် အရိပ်က ဘုရားအရိပ် တစ်ခုသာ ရှိလေတော့သည်။
သာသနာ့ဘောင်မှာ အေးချမ်းစွာ တရားအားထုတ်ရင်း တရားဘာဝနာနှင့်သာ သူမ မွေ့လျှော်နေတတ်ခဲ့ပြီ ဖြစ်သည်။ ကြုံရင် ကြုံသလိုတော့ ကလေးငယ်တို့၏ မိဘတွေအား သူမ၏ သားသမီးနှစ်ယောက် အကြောင်းအား ပညာပေး အနေဖြင့် ပြောပြတတ်ခဲ့လေသည်။
ထိုသို့ ပြောပြမိလေတိုင်း သမီးငယ်လေး ကျေးဥ အတွက် သူမ ဆုတောင်းပေးမိသည့်က
“ဝဋ်ကြွေးရှိရင် ကျေပါစေ”