*အိမ်ကိုလိုက်လာသည့်သရဲကြီး*📖📖📖
*********************************
==============
အစိုးရမှစီစဉ်ဆောင်ရွက်သည့်
တိုးချဲ့နယ်မြေစီမံကိန်းတစ်ခုအတွက်
သင်္ချိုင်းဟောင်းတစ်ခုအား
ပြောင်းရွှေ့ပြီး မြို့ သစ်တည်ကြမည်ဖြစ်သဖြင့်
သင်္ချိုင်းအားမဖြစ်မနေပြောင်းရတော့သည်။
သင်္ချိုင်းပြောင်းသည့်နေ့က တော်တော်ချောက်ချား
စရာကောင်းလွန်းလှသည်
တစ်မြို ့လုံးမှာရှိသမျှခွေးတွေဟာ အူကြငင်ကြနဲ့
တော်တော်သွေးပျက်စရာကောင်းလွန်းလှပေသည်။
••••
မင်းမိန့်ဖြင့်ပြောင်းရွှေ့ရပေမယ့်
မလိုက်ပဲကျန်ခဲ့တဲ့နာနာဘာဝတွေလည်း
ကျန်ကောင်းကျန်နိုင်သေးသည်
ဒါကိုတော့လူတွေမမြင်ရတဲ့အတွက်
ဘယ်သိနိုင်မလဲပေါ့ဗျာ။
တဖြည်းဖြည်းနှင့်လူနေအိမ်လေး
တွေများလာကာ ရပ်ကွက်ကြီးတစ်ခု
ကဲ့သို့ တစ်ဖြည်းဖြည်းရောက်ရှိလာတော့သည်
ငွေအင်အားတတ်နိုင်သည့်သူများက
အိမ်ကိုခဏအတွင်းမှာပြီးသွားကြသည်
ငွေမတတ်နိုင်တဲ့သူများကတော့
အချိန်ကာလတစ်ခုအထိဆောက်လုပ်နေရသည်
ရပ်ကွက်ထဲစပြီးနေကြတဲ့မိသားစုထဲမှာ
ကိုငွေလှိုင် နဲ့ မစေးစေး တို့မိသားစုလည်းပါသည်
ကိုငွေလှိုင်နှင့်မစေးစေးတို့မိသားစုလေးကစီးပွား
ရေးကြပ်တည်းတဲ့အထဲပါသည်
ထို့ကြောင့်သူတို့နေမယ့်အိမ်လေးကို
အပြီးမဆောက်နိုင်သေးကြပေ။
“ကိုငွေလှိုင် ညထမင်းနဲ့စားရအောင်
လမ်းထိပ်က ကုလားပဲခွေ တစ်တွဲ
သွားဝယ်ပေးပါလား
ကျွန်မဒီမှာ ထမင်းအိုးတန်းလန်းကြီး
့ဖြစ်နေလို့တော့်”
“အေးအေး သွားဝယ်လိုက်မယ်
တစ်တွဲပဲမလား”
“အင်း ဟုတ်တယ် တစ်တွဲပဲဝယ်ခဲ့”
ကိုငွေလှိုင် ကုလားပဲခွေ (စာကလေးခွေ)
သွားဝယ်တဲ့အချိန်ကညနေ၆ခွဲရှိပြီ
ဆိုတော့မှောင်နေပြီပေါ့ဗျာ
လမ်းထိပ်မှာဆော့ကစားနေကြတဲ့
ကလေးတွေလည်းတွေ့ရတော့
ဒီရပ်ကွက်သစ်လေးကပျော်စရာတော့ကောင်းသား
ဟု ကိုငွေလှိုင်စဉ်းစားနေမိသည်။
“အမရေ ကျွန်တော့်ကို ကုလားပဲခွေ တစ်တွဲလောက်
“ဟုတ်ကဲ့ရှင့် ”
“ဟုတ်ကဲ့အမဒီမှာပိုက်ဆံတင်ထားခဲ့မယ်”
“အေး အေး ရတယ် ထားခဲ့ထားခဲ့”
ကိုငွေလှိုင်ကုလားပဲခွေထုပ်လေး ရမ်းကာ
အိမ်ပြန်လာတော့ လမ်းနားက
တမာပင်ခပ်ပုပုလေးနားရောက်တော့
သူ့နောက်မှခွေးနက်ကလေးတစ်ကောင်
အမြှီးလေးရမ်းကာရမ်းကာနဲ့
လိုက်ပါလာသည်။
“ဟေ့ ကောင်လေး မင်း ငါ့နဲ့လိုက်နေချင်လို့လား”
ခွေးလေးက လိုက်ချင်သည့်အမူအရာဖြင့်
ပွတ်သီးပွတ်သတ်လုပ်ပြနေသည်
နဂိုကတည်းကခွေးချစ်တတ်တဲ့
ကိုငွေလှိုင်က
“လာ အဲဒါဆို လိုက်ခဲ့ကွာ”
ကိုငွေလှိုင်ခွေးကို
အိမ်ခေါ်လာခဲ့တော့
တစ်လမ်းလုံး နောက်မှထပ်ကြပ်မခွာ
လိုက်လာတဲ့ခွေးလေးက
အိမ်ထဲဝင်မည်အပြုရုတ်တရက်
ပျောက်သွားသည်.
“ဟာ ဟိုခွေးလေးဘယ်ရောက်သွားတာလဲဝင်ခဲ့လေ
“ဟင် မရှိတော့ပါလား
အင်းငါနဲ့မနေချင်လို့ဖြစ်မှာပါ
“ကိုငွေလှိုင် အိမ်ထဲမဝင်သေးပဲ
ဘာလုပ်နေတာတုန်း
“ဘာမှမဟုတ်ပါဘူးမိန်းမရယ်
ရော့ဒီမှာ ကုလားပဲခွေထုပ်
“ကိုငွေလှိုင် ရေ ပိုက်ဆံက အဆင်မပြေတော့
ရှိသလိုပဲဖြစ်အောင်နေထိုင်စားသောက်ကြ
တာပေါ့ရှင်
“အေးပေါ့ကွာ ငါကလည်းအလုပ်ကအခုထိ
မဆင်းရသေးဘူး ပန်းရံလုပ်ရတာ
ပညာတော့ပါပါရဲ့
အပ်မည့်သူမရှိသေးတော့
ထိုင်စားနေရတာပါပဲကွာ
“ကဲ အဲဒါဆို ယောင်္ကျား
မိန်းမ ကုလားပဲခွေ လေးကို
ခရမ်းချဉ်သီးလေးနဲ့ ငရုတ်သီးစိမ်းလေးနဲ့
သုတ်ပြီးစားကြမယ်”
“ကောင်းတာပေါ့ကွာ ”
လင်မယားနှစ်ယောက်အိမ်ထောင်သက်
၅နစ်ကျော်လာပေမယ့် အခုထိသားသမီး
မထွန်းကားသေး
အိမ်ငှားဘဝနဲ့ ဟိုပြောင်းလိုက်ဒီပြောင်းလိုက်
ဖြင့်သာဘဝကိုရုန်းကန်နေရသည်။
=============
“ကိုငွေလှိုင် ဒါ ကိုငွေလှိုင်တို့အိမ်ပါလား
“ဟုတ်ပါတယ်ရှင့် ဘာကိစ္စများလဲမသိဘူး
ကိုငွေလှိုင်ကို သွားနှိုးလိုက်ပါ့မယ်
“ဟုတ်ကဲ့ ခင်ဗျ”
“ကိုငွေလှိုင်ထဦး အိမ်ရှေ့မှာ လူတစ်ယောက်
ရောက်နေတယ် တော့်
“ဘယ်သူလဲမိန်းမရဲ့”
“အဲဒါတော့ ကျွန်မလည်းမသိဘူး”
ကိုငွေလှိုင် အိပ်ယာထဲမှထလာကာ
“ဟာ ကိုဘစိန် ကြီးပါလား
ပြောပါဦးဘာကိစ္စ
“ဒီလိုကွ သူဌေးက အခု
တိုက်ဆောက်ဖို့အတွက်
အလုပ်လက်ခံထားတယ်
အဲဒါ မင်း အလုပ်ဆင်းရတော့မှာ
မလို့လာပြောတာကွ
“ဟာ ဟုတ်လား ဝမ်းသာစရာပဲ
ဘယ်နေ့လောက်ဆင်းရမလဲ ကိုဘစိန်
“သန်ဘက်ခါလောက်လာခဲ့ကွာ
ငါ့အိမ်ကို မင်းသိတယ်မလား”
“ဟုတ်သိပါတယ် လာခဲ့မယ်လေ”
“ဘယ်လိုလဲ ဒီမှာနေရတာအဆင်ပြေလား
“ဟုတ်ပြေပါတယ် ကိုဘစိန်
“ဒီနေရာက သင်္ချိုင်းဟောင်းကြီး
ဆိုတော့ ညဘက်သရဲတွေဘာတွေခြောက်တတ်လား”
“မခြောက်ပါဘူး
ကိုဘစိန်ရဲ့ သင်္ချိုင်းပြောင်းသွားတော့ သရဲတစ္ဆေတွေအကုန်ပါသွားမှာပေါ့”
“အင်းဒါလည်းဟုတ်တာပဲ”
အေးအဲ့ဒါဆိုမင်းသန်ဘက်ခါငါ့အိမ်လာဖို့မမေ့နဲ့
“ဟုတ်ကဲ့ပါ ကိုဘစိန်ရဲ့
ကျုပ်လာခဲ့ပါ့မယ်”
ကိုဘစိန်ပြန်သွားတော့မှမျက်နာသစ်ပြီး
ထမင်းကြမ်းကြော်လေးကို
မနေ့ညက ကုလားပဲခွေထုပ်
ကျန်တာလေးနဲ့ငံပြာရည်ဖျော်လေးနဲ့
လင်မယားနှစ်ယောက်မနက်စာစားကြ
တော့သည်။
“အလှူခံပါဗျို့ အလှူ ခံပါ ”
ရပ်ကွက်အတွင်း အန္တရာယ်ကင်းပရိတ်ရွက်ဖတ်
ရန်အလှူ ခံပါတယ်ခင်ဗျာ”
ရပ်ကွက်ထဲမှ လူခြောက်ယောက်ဝန်းကျင်ခန့်ရှိ
လူတစ်စုက ကိုငွေလှိုင်တို့အိမ်ရှေ့သို့ အလှူ လာခံ
နေသည်။
“မိန်းမရေ အလှူ ခံလာတယ်
“ကြားတယ်ယောင်္ကျားရေ
သွားပြီးလှူ မလို့”
“ဟုတ်ကဲ့ ကျွန်မ၃၀၀လှူပါရစေရှင်
“ရပါတယ်ခင်ဗျာ စေတနာတရား
ထက်သန်စွာလှူဒါန်းရသော
အကျိုးအားကြောင့်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
နဲ့လည်းပြည့်စုံနိုင်သလို ကြီးပွားတိုးတက်ကြပါစေဗျာ”
“မိန်းမရေဘယ်လောက်လှူ လိုက်လဲကွ
“ကျွန်မလက်ထဲရှိတဲ့ ၃၀၀လှူ လိုက်တယ်
“ကောင်းပါတယ်လေ တို့လင်မယား
တစ်နေ့ တော့လှူ ရတဲ့အကျိုး ခံစားကြရမှာပါ
နောက်နေ့တစ်ရက်တွင်ပရိတ်တရားတော်နားကြား
ကြပြီးဆရာတော်ကြီးထံမှ ပရိတ်သဲ ပရိတ်ချည်တို့အား
တရားလာနာသူအပေါင်းတို့အားပေးလေသည်
ကိုယ့်အိမ်ကိုယ့်ဝိုင်းအားလုံခြုံ အောင် ခြံစည်းရိုးကို
ချည်နှောင်ထားခိုင်းသည်
မစေးစေးလည်းပရိတ်သဲပရိတ်ချည်တို့အား
ယူဆောင်လာပြီး အိမ်ရှိဘုရားစင်တွင်တင်ထားလိုက်သည်
မစေးစေးကတော့သူများတွေလို
အိမ်ဝိုင်းအားမချည်တော့ပဲအတိုင်းသာ
ထားလိုက်မိလေသည်။
“မချည်တော့ပါဘူးလေ အိမ်မှာဘာမှမဖြစ်ပဲ
ပေါ့ပေါ့ဆဆတွေးမိပြီးဒီအတိုင်းသာနေမိသည်
++++++++++++
နောက်နေ့မနက်တွင်
ကိုငွေလှိုင် အလုပ်သွားပြီးလုပ်နေသည့်အချိန်
အိမ်မှာ မစေးစေး တစ်ယောက်သာရှိနေသည်
ဒီနေ့ယောင်္ကျားဖြစ်သူ
အလုပ်ကပြန်လာတဲ့အချိန်ပင်ပန်းမှာသိတဲ့
အတွက် ရှိတဲ့ငွေလေးနဲ့အသားတိုအသားစ
လေးဝယ်ပြီးချက်ထားနှင့်သည်
မနက်၁၂ထိုးတော့
ကိုငွေလှိုင်ထမင်းစားနားမှ
ပြန်လာပြီးထမင်းစားတော့
“ဟာ မိန်းမ အသားတွေချက်ထားတာပါလား
“ဟုတ်တယ်ယောင်္ကျားရေ ဒီနေ့ တော်ကအလုပ်မှာ
ပင်ပန်းမယ်ဆိုတာသိလို့
အစားကောင်းလေးစားချင်ရှာမှာပဲဆိုပြီး
ဝယ်ချက်ထားတာ
“ရပါတယ်ကွာ ငါ့အတွက်ဒါတွေမလိုပါဘူး
တစ်သက်လုံးဖြစ်သလိုစားလာတဲ့သူပါကွာ
“ဘယ်ဟုတ်မလဲရှင်
ယောင်္ကျားဖြစ်သူ ပင်ပန်းတော့
မိန်းမဖြစ်တဲ့သူက ဟင်းကောင်းထမင်းကောင်း
ချက်ပြီးသူတို့တွေအမောပြေဖို့
ဖြည့်ဆည်းပေးရမှာကျွန်မတို့တာဝန်ပဲလေ
“ရော့ မိန်းမ အသားတွေထည့်စားပါဟ
ငါ့ကိုညှာမနေနဲ့စားဝအောင်
“အင်းပါ စားပါတယ်
ပိုတာလေးကိုညကြ ရှင်စားဖို့
ချန်ထားလိုက်မယ်
“မချန်ပါနဲ့ကွာ ညကြ တို့လင်မယား အသုတ်
ကလေးဘာလေးနဲ့စားကြတာပေါ့”
ထမင်းဝိုင်းလေးကမကြီးကျယ်ပေမယ့်
မေတ္တာတရားတွေနဲ့နွေးထွေးနေသည်
ကိုငွေလှိုင်ထမင်းစားပြီး
တအောင့်နားကာအလုပ်ပြန်သွားတော့သည်
ညနေစောင်းတော့ မစေးစေးတစ်ယောက်
ယောင်္ကျားဖြစ်သူအတွက်ချန်ထားတဲ့
အသားအတိုစတွေကို ပြန်ပြီးနွေးနေတုန်း
ဗိုက်နာလာသည်နှင့်
အိမ်သာသွားကာတက်နေတုန်း
“ဝုန်း ခလွမ်း”
“ဒေါင် ”
“ဟင် ဘာသံလဲ
ဒုက္ခပါပဲ မီးဖိုချောင်ထဲကဘာတွေ
ပြုတ်ကြဘာလိမ့်”
မစေးစေးအိမ်သာထဲမှ
အပြေးအလွှားဆင်းလာပြီး
မီးဖိုချောင်ထဲကြည့်မိတော့
“အမလေး ကုန်ပါပြီ
ကုန်ပါပြီဟ
ဘယ်နဲ့ဘယ်က တိရစ္ဆာန်တွေ
သောင်းကြမ်းသွားတာလဲ
မစေးစေး ကြောင်တွေခွေးတွေမှတ်ပြီး
တုတ်အားကိုင်ကာ
လိုက်ရှာနေမိသည်
ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့ရပေ။
စိတ်ပေါက်ပေါက်နဲ့
မှောက်သွားတဲ့ဟင်းအိုးနားအရောက်
မျက်လုံးများက ဟင်းအိုးမှောက်ကြသွားသည့်နေရာ
ကိုကြည့်မိတော့
“ဟင် ဘုရားရေ ဒါ ဒါ ဘာခြေရာကြီးလဲ
နည်းတာကြီးမဟုတ်ဘူး
လူ့ရဲ့လက်၂ထွာလောက်တောင်ရှိလောက်တယ်
ဒါတိရစ္ဆာန်တော့မဖြစ်နိုင်ဘူး”
မစေးစေးတအံ့အသြဖြစ်ကာ
ရေရွတ်မိလိုက်သည်။
ဟင်းအိုးကလည်းမှောက်သွားပြီဖြစ်သည့်အတွက်
ညစာအတွက်စားရန်
လမ်းထိပ်သို့လက်ဖက်ဝယ်ရန်အိမ်မှထွက်လာခဲ့
တော့သည်။
“အမရေ ညီမကိုလက်ဖက်၃၀၀ဖိုးလောက်ပေးပါ
“ဟုတ်ပြီညီမလေး ဒါနဲ့ညီမလေးတို့က
အခုမှရောက်လာတဲ့လူတွေထင်တယ်
“ဟုတ်တယ်ရှင့် နည်းနည်းတော့ကြာပါပြီ
“အကူအညီလိုရင်ပြောနော်
တစ်ရပ်ကွက်တည်းသားခြင်းပဲ
ကူညီရတာပေါ့”
“ဟုတ်ကဲ့အမကျေးဇူးပါရှင့်
မစေးစေးလက်ဖက်ထုပ်ဝယ်ပြီးပြန်လာခဲ့သည်။
ညနေစောင်းမိုးချုပ်ခါနီးတော့
ကိုငွေလှိုင်လည်းပြန်ရောက်လာပြီဖြစ်သည်။
“ဟာ မိန်းမဘယ်ကပြန်လာတာလဲ
“လမ်းထိပ်သွားပြီး လက်ဖက်ထုပ်ဝယ်လာတာ
ယောင်္ကျားရဲ့ညနေကဟင်းအိုးမှောက်ကြလို့”
“ဟုတ်လား ဘာဖြစ်သွားသေးလဲမိန်းမ
“လူကဘာမှမဖြစ်ဘူး
ထူးဆန်းတာက ဟင်းအိုးမှောက်ကြသွားတော့
ကျွန်မကြည့်မိတာ ၂ထွာလောက်ရှိတဲ့ခြေရာကို
တွေ့တယ် ယောင်္ကျားရဲ့
ခွေးတို့ကြောင်တို့ခြေရာလည်းမဟုတ်ဘူး
ကျွန်မအထင် ဟို သရဲတွေဘာတွေများလား
“မဟုတ်လောက်ပါဘူးမိန်းမရယ်
ငါတို့ဒီမှာနေတာလချီရှိနေပြီပဲလေ
တစ်ခါမှသရဲခြောက်တာမခံရဘူးလေ
“အင်းပါ ရှင်ပြောတာလည်း
ဟုတ်နေတာပဲ
ယောင်္ကျားရေချိုးတော့
ပြီးရင်ထမင်းစားကြမယ်
“အေးအေး မိန်းမ ရေချိုးလိုက်ဦးမယ်
ကိုငွေလှိုင်ရေချိုးနေတုန်း
မစေးစေးကလက်ဖက်သုတ်နေလေသည်။
“ဗွမ်း ဗွမ်း”
ကိုငွေလှိုင်ရေချိုးတုန်းဆပ်ပြာတိုက်မည်
ဖြစ်၍ ဆပ်ပြာခွက်အား
အမှောင်ထဲတွင်စမ်းရှာတော့
“အမေရေ ဘာ ဘာကြီးလဲဟ
“ယောင်္ကျားဘာဖြစ်တာလဲ
မစေးစေးယောင်္ကျား ရဲ့အသံကြားကာ
ပြေးလာသည်
“ဘာဖြစ်လို့လဲ
“ငါ ငါ ဆပ်ပြာတိုက်မလို့
ဆပ်ပြာဘူးရှာနေတုန်း
အမွှေးအမျှင်တွေနဲ့
လက်ကြီးတစ်ချောင်းကို
ငါကိုင်မိတာ
ငါလန့်ပြီးအော်လိုက်တာပဲ
“ဟင် ဟုတ်လား ဒါဆို မြန်မြန်ချိုး
ကျွန်မစောင့်နေမယ်
ကိုငွေလှိုင် ရေချိုးပြီး
ထမင်းစားကြတော့
“ယောင်္ကျား ခုနက လက်ကြီးကို
မြင်လိုက်လား
“အင်း မြင်လိုက်တယ် ရုတ်တရက် ဆိုတော့
လန့်သွားတာပဲ
“ကျွန်မပြောသလို ဒီအိမ်မှာ နာနာဘာဝတွေများ
ခိုကပ်နေမလားမသိဘူး
“မပြောတတ်ဘူးလေ
ရှိချင်လည်းရှိမှာပေါ့ မိန်းမရဲ့
အခုတောင် ငါ့ကိုခြောက်လွှတ်လိုက်ပြီပဲ”
“ဟုတ်တယ်နော် ဒါဆိုနာနာဘာဝ
တစ်ကောင်တော့ရှိနေပြီထင်တယ်”
============
ထိုနေ့ ည၉နာရီထိုးတော့
လင်မယားနှစ်ယောက်အိပ်ရာ
ဝင်သွားကြသည်။
ည၁၁ထိုးတော့
ကိုငွေလှိုင် ညက လက်ဖက်သုတ်တွေစား
ကောင်းကောင်းနဲ့စားလိုက်၍
ဗိုက်ကနာလာသည်။
ထို့ကြောင့် အိမ်သာတက်ရန်အိမ်ပေါ်မှဆင်းလာခဲ့တော့သည်။
============
ကိုငွေလှိုင်အိမ်သာတက်နေတုန်း
တစ်ယောက်ယောက်ကအိမ်သာတံခါးအား
လာခေါက်လေသည်။
“ဒေါက် ဒေါက် ဒေါက် ”
“နေဦးမပြီးသေးဘူး မိန်းမရဲ့
“ဒေါက် ဒေါက် ဒေါက် ”
“မိန်းမကလည်းမပြီးသေးပါဘူးဆိုကွာ
“ရှပ် ရှပ် ရှပ် ”
အိမ်သာရှေ့လမ်းလျှောက်နေသံကြားတော့
ကိုငွေလှိုင်ကသူ့မိန်းမ မစေးစေးထင်နေသည်
“ပြီးပြီ မိန်း မ မိန်း
ဟင် ဘယ်ရောက်သွားတာလဲ
မစောင့်နိုင်လို့အိမ်ပေါ်ပြန်အိပ်နေတာထင်တယ်
ကိုငွေလှိုင် အိမ်ထဲသို့ပြန်ဝင်လာတော့
မိန်းမဖြစ်သူစေးစေးလည်းအိပ်နေသည်ကို
တွေ့လိုက်ရပေသည်။
“မိန်းမကလည်းအိပ်နေတယ် ဒါဆို
အိမ်သာတံခါးကိုလာခေါက်တာ
ဘယ်သူပါလိမ့် ငါမနက်မှမေးကြည့်တာ
ကောင်းမယ်”
ထို့ကြောင့် ကိုငွေလှိုင်လည်းအိပ်ရာထဲဝင်ကာ
ပြန်အိပ်နေလိုက်သည်။
………………………
မနက်လင်းတော့
“မိန်းမ မနေ့ညက အိမ်သာလာစောင့်ပြီး
ပြန်သွားတာလား
“ဘာလဲ ဘာအိမ်သာလဲ
“မနေ့ညကလေ ငါအိမ်သာတက်နေတုန်း
တံခါးလာခေါက်ပြီးစောင့်နေတာမလား
“ဟာ ဘယ်ကလာ မစောင့်ပါဘူး
အိပ်ကောင်းလို့နိုးတောင်မနိုးဘူး
“ဟင် အဲဒါဆို ဘယ်သူလဲ
ငါအိမ်သာတက်နေတုန်း
တံခါးကို၂ခါလာခေါက်တာ
ငါကမပြီးသေးဘူးပြောလို့
အိမ်သာရှေ့မှာ လမ်းလျှောက်ပြီးစောင့်နေတာ
ငါလည်းပြီးလို့အိမ်သာကဆင်းလာတော့
ပြောမယ်ရှိသေး
ဘယ်သူ့မှမတွေ့ဘူး
ငါလည်းမိန်းမထင်နေတာ”
“ဟင့်အင်း မလာပါဘူး
သရဲနေမှာပေါ့
“သရဲဆိုလည်းအိမ်သာတက်နေတာတော့
မခြောက်သင့်ဘူး
“သြော် သရဲပါဆိုမှ ရှင်အိမ်သာတက်ပြီးမှ
ခြောက်ရမှာလားယောင်္ကျားရဲ့
“ကဲ ငါအလုပ်သွားတော့မယ်”
“အင်းအင်း သေချာဂရုစိုက်ဦး
“အေးပါ
ကိုငွေလှိုင် အလုပ်သွားတော့
မစေးစေး ဈေးဝယ်ရန်
ထွက်လာခဲ့တော့သည်။
မစေးစေးလည်း အိမ်အတွက်ချက်စားရန်
ကြက်သားသည်ဆီမှကြက်သား ဝယ်လေသည်။
ကြက်သားသည်က မစေးစေးအားကြက်ခြေထောက်အပို၃ချောင်း
ထည့်ပေးလိုက်လေသည်။
မစေးစေးလည်းလိုတာမှန်သမျှဝယ်ယူပြီး
အိမ်သို့ပြန်လာခဲ့လေသည်။
အိမ်သို့ပြန်လာပြီးချက်ရပြုတ်ရမနားမနေလုပ်ရ
သည်။
ချက်ပြုတ်ပြီးလည်းအငြိမ်မနေရအဝတ်အစားများ
လျှော်ရဖွတ်ရသေးသည်။
အကုန်လုံးလုပ်ပြီးလို့ နာရီကိုကြည့်မိတော့
နံနက်၁၁နာရီထိုးနေပြီဖြစ်သည်။
“ဟူး အခုမှပဲနားရတော့တယ်”
မစေးစေးလည်းမောပန်းနေသဖြင့်ကုလားထိုင်ခုံ
လေးပေါ်ထိုင်ပြီးမျက်လုံးလေးမှေးကာခဏနား
နေမိသည်။
အချိန်မည်မျှကြာသွားသည်မသိ
“မိန်းမရေ မိန်းမ ”
“အမလေး လန့်လိုက်တာ ယောင်္ကျားရယ်
အသံလေးဘာလေးပေးပါဦး”
“အောင်မယ် နာမည်ဒီလောက်ခေါ်နေတာ
မိန်းမ မှမကြားပဲ”
“ဟုတ်လား မကြားမိဘူး
ခဏမှေးရင်းအိပ်ပျော်သွားတာ”
“ကဲ လာ ထမင်းစားကြမယ်
စားပြီးပြီလား
“မပြီးသေးဘူး ”
ယောင်္ကျားဖြစ်သူ လက်ဆေးနေတုန်း
ဟင်းခွက်များအားမီးဖိုထဲသွားအယူ
“ဟော် တော့ လာပါဦး
ယောင်္ကျားရေ လာပါဦး
“ဟင် ဘာလဲ ဘာဖြစ်တာလဲ
“ဒီ ဒီမှာ ဟင်းတွေမရှိတော့ဘူး
ကျွန်မကြက်သားချက်တွေချက်ပြီး
သေချာ သိမ်းထားတာအခုမရှိတော့ဘူး
ဘယ်ရောက်သွားတာလဲမသိဘူး”
“ဘယ်ရောက်ရမှာလဲ ဟိုသရဲပဲနေမှာပေါ့
တောက် တော်တော်ဆိုးနေပြီ
ဒီသရဲ ငါနဲ့တွေ့မယ် ”
ကိုငွေလှိုင် တော်တော်ဒေါသထွက်ကာ
အိမ်ပေါ်တက်ပြီး
ဘုရားစင်ရှိ ပရိတ်ရေ ပရိတ်သဲတို့ကိုယူကာ
အိမ်ထဲအနှ့ံ့ ဖြန်းလိုက်ပြီးအိမ်
ဝိုင်းထဲနေရာမကျန်လိုက်ဖြန်းတော့သည်
ပရိတ်ကြိုးတွေကိုလည်း
ခြံစည်းရိုးကိုပတ်ထားလိုက်သည်။
“ကဲရပြီ ဒီလောက်ဆို
ဒီသရဲ နှောက့်ယှတ်လို့မရတော့ဘူး”
“ဒီလောက်နဲရပ်သွားရင်တော်သေးတယ်
တော်ကြာပိုးဆိုးလာရင်ဖြင့်”
“ပိုဆိုးလာတော့လည်းငါနဲ့တွေ့ကြတာပေါ့ကွာ”
သရဲကကြက်သားဟင်းများအကုန်စားသွားသဖြင့်
ခါတိုင်းလိုပင်လင်မယားနှစ် လမ်းထိပ်က
ဈေးဆိုင်သို့သွားကာ အသုတ်သုတ်စားရတော့သည်။
………………………
ထိုနေ့ညကလင်မယားနှစ်ယောက်အိပ်နေတုန်း
အိမ်အောက်ဆီမှ
“ဝုန်း ဒိုင်း”
‘ခွမ်း”
“ဟင် ယောင်္ကျား အောက်မှာဘာဖြစ်နေတာလဲ
အသံတွေကြားတယ်
“အေး ငါလည်းကြားလို့နိုးလာတာ
လာသွားကြည့်ရအောင်
လင်မယားနှစ်ယောက်ဓာတ်မီးတစ်လက်ဖြင့်
အိမ်အောက်သို့ဆင်းလာကာ
ရှာကြည့်တော့။
“ဟင်…”
“ဘာ ဘာကြီးလဲ”
ဓာတ်မီးအလင်းရောင်အောက်တွင်
တစ်ကိုယ်လုံးမည်းနက်ကာအမွှေးအမျှင်များဖုံး
နေပြီး
လေးဘက်ကုန်းကြီးလုပ်နေသော
သရဲကြီးတစ်ကိုယ်လုံး အမွှေးအမျှင်တွေက
မည်းနက်အောင်ပေါက်နေသည်။
မျက်လုံးများက နီရဲတောက်နေကာ
ကိုငွေလှိုင်တို့လင်မယားအား
သတ်တော့မည့်အလားကြည့်နေသည်။
တဖြည်းဖြည်းနဲ့သရဲကြီးက
ရှေ့တိုးတိုးလာကာ
ကိုငွေလှိုင်ကို သတ်တော့မည်အပြု
“ယောင်္ကျား လာပြေး ပြေး
ကိုငွေလှိုင်သတိဝင်လာကာပြေးရတော့သည်
“ကယ်ကြပါဦးရှင် လုပ်ကြပါဦး
“လုပ်ကြပါဦးဗျို့”
ကိုငွေလှိုင်တို့လင်မယားအိမ်ထဲမှထွက်ပြေးကြ
တော့သည်။
“ဟဲ့ ဘာဖြစ်လို့လဲ ဒီလင်မယားနှစ်ယောက်
ကြောက်လန့်ပြီးပြေးလာကြတာ”
ကိုငွေလှိုင်တို့ထွက်ပြေးလာတာမြင်တော့
အိမ်နဲ့တစ်လမ်းကျော်မှာနေသောမကြင်စိန်ကမေးလိုက်သည်။
“ဟော ဟဲ”
“သ သရဲတစ်ကောင်အိမ်မှာသောင်းကျန်းနေလို့
ကျွန်တော်တို့ကိုလိုက်သတ်နေလို့
ထွက်ပြေးလာတာ”
“ဘယ်မှာလဲသရဲကြီးက”
“အိမ်မှာပဲကျန်နေခဲ့ထင်တယ်
ကျွန်တေ်တို့လည်းကြောက်ကြောက်နဲ့
ထွက်ပြေးလာရတာ”
“ဟုတ်ပါတယ်ရှင် ကျွန်မတို့ထွက်ပြေးလာတာပါ
မကြင်စိန်ရယ်
“ဟေ ဟုတ်လား နင်တို့တွေအဲဒီလောက်ကြောက်
နေရင် ငါ့အိမ်မှာပဲအိပ်ကြပေါ့
မနက်လင်းမှပြန်ကြပေါ့ ”
“ကျေး ကျေးဇူးပါပဲ မကြင်စိန်ရယ်
“ကဲ မိစေးအိမ်ထဲဝင် လာ
အိမ်ပေါ်မှာအိပ်လို့ရတယ်ကြားလား
“ဟုတ်ကဲ့ မကြင်စိန်”
အိမ်ထဲဝင်တော့ မကြင်စိန်က ရေမန်းတစ်ခွက်ဆီ
တိုက်လိုက်မှအမောပြေသွားကြတော့သည်။
မနက်လင်းတော့ မကြင်စိန်ကမေးလေသည်
“နင်တို့လင်မယားကိုဘယ်ကသရဲကလာပြီး
ခြောက်ရတာလဲဟယ်”
“ကျွန်မလည်းမသိပါဘူးမကြင်စိန်ရယ်
အိမ်မှာတော့ ဟင်းတွေခဏတိုင်းပျောက်တယ်
ပြီးတော့ ကိုငွေလှိုင်ကိုဆို ရေချိုးလည်းခြောက်
အိမ်သာတက်လည်းခြောက်တာမကြင်စိန်ရဲ့”
“ဒါသရဲမဖြစ်မယ် ကိုငွေလှိုင်ကိုတစ်ဖက်သတ်ကြိုက်ပြီး
လိုက်ခြောက်နေတာဖြစ်မယ်
ဟား ဟားဟား ”
“ဟာ မကြင်စိန်ကလည်း လာနောက်နေပြန်ပါပြီ ချစ်လို့ မဟုတ်ဘူး
သူ့ပုံကကျွန်တော့်ကိုသတ်ချင်နေတဲ့ပုံဗျ
မနေ့ကအဲဒီသရဲ ဟင်းတွေအကုန်စားပစ်လို့
ဒေါသထွက်တာနဲ့ တစ်အိမ်လုံးကို
ပရိတ်ရေတွေနဲ့ပတ်ပြီးပရိတ်ကြိုးတွေနဲ့တစ်အိမ်လုံး ပတ်ထားတာကို ဒီသရဲဝင်လာဖြစ်အောင်ဝင်လာသေးတယ်”
“ဟဲ့ သရဲက နင်အဲဒီလိုသောင်းကျန်းလိုက်လို့
နင့်ကိုသတ်ချင်နေတာဖြစ်မယ်”
“ဒါတော့ကျွန်တော်လည်းမသိဘူးဗျာ
သရဲတစ္ဆေနိုင်တဲ့ဆရာကိုပင့်ပြီး
မေးကြည့်မှသိမယ်”
“အဲဒါဆို ဆရာရှာပြီးသရဲကို
နှင်ထုတ်ကြလေ”
“နှင်ထုတ်တာကဟုတ်ပါပြီ ဘယ်မလဲဆရာက”
“ငါ့မှာ အသိဆရာတစ်ယောက်ရှိပါတယ်ဟဲ့
ငါသူ့ကို့သွားပင့်ပေးမယ်လေ”
“မကြင်စိန်ဆရာက နိုင်ပါ့မလားသရဲကို
တော်ကြာပြေးပေါက်မှားနေမှာဖြင့်”
“ဟဲ့ ဟိုက မေတ္တာနဲ့လုပ်ပေးနေတဲ့ဆရာပါ
မေတ္တာသမားဆိုတော့ မေတ္တာနဲ့အနိုင်ယူတာဟ
ငါသူလုပ်ကိုင်ပေးတာတွေမြင်ဖူးပါတယ်
အကုန်လုံးအဆင်ပြေပြေနဲ့ ပြီးသွားကြတာချည်းပါပဲ”
“အင်း အဲဒါဆို လုပ်ပါဦး
ဆရာကိုခေါ်ဖို့ မကြင်စိန်ကို
အားကိုးပါတယ်”
“အေးပါ မိစေးရယ် ငါ အခုပဲသွားခေါ်လိုက်မယ်
“ဟုတ်ကဲ့မကြင်စိန် အဲဒါဆို ကျွန်မတို့
အိမ်ကနေပဲစောင့်နေမယ်”
………………………
မကြင်စိန်လည်းကိုငွေလှိုင်တို့အခက်အခဲအားဖြေ
ရှင်းရန်အတွက်ဆရာသွားပင့်တော့သည်။
ကိုငွေလှိုင်တို့လင်မယားလည်းအိမ်သို့ပြန်လာကာ
အိမ်ထဲသို့ မဝင်ရဲဝင်ရဲဖြင့် ဝင်လာခဲ့ကြသည်။
“မိန်းမ တိတ်ဆိတ်နေတာပဲ
ဘာမှမရှိလောက်တော့ဘူး
“ပြောလို့ရမလား သရဲဆိုတာမြင်ရတာမှတ်လို့
‘မြင်ရလို့ပဲမနေ့ညကထွက်ပြေးလာတာပဲ
မဟုတ်လား
“အော် တော်ကလည်း အဲဒါညကြီးကိုး
အိမ်ထဲဝင်တော့ဘာမှမရှိ
ဘာမှလည်းမဖြစ်ပုံမှန်အတိုင်းသာရှိနေသည်
အိမ်မှာလင်မယားနှစ်ယောက်ထိုင်နေတုန်း
မကြင်စိန်နဲ့ဆရာဆိုသူရောက်လာကြတော့သည်။
“လာ လာ မကြင်စိန် ထိုင်ပါ
ဆရာထိုင်ပါရှင်”
“ဒီကငါ့တူမကြီးတို့အိမ်မှာ သရဲတစ်ကောင်သောင်းကျန်း
နေတယ်ဆိုလို့ မကြင်စိန်လာပြောပြတယ်
သရဲကဘယ်လိုပုံစံလဲ”
“ဟုတ်ကဲ့ဆရာ သရဲပုံစံ ကတစ်ကိုယ်လုံး
အမွှေးမည်းမည်းကြီးတွေနဲ့
ပြီးတော့လေးဘက်ထောက်ကြီး
နဲ့ဆရာ မျက်လုံးကြီးကနီရဲပြီး
အပြင်ကိုပြူးထွက်နေတာပဲဆရာ
ပြီးတော့ကျွန်မယောင်္ကျား ကိုလည်း
သတ်တော့မလိုလုပ်လို့
ထွက်ပြေးရတာပဲဆရာ”
“အင်း ဒီကငါ့တူမကြီးပြောပုံအရဆိုရင်
ဒီသရဲဟာ အတော့်ကိုသက်တမ်းရင့်နေတဲ့သရဲပဲဖြစ်ရမယ်
သင်္ချိုင်းရွှေ့ပြောင်းတုန်းက လိုက်ပါမသွားပဲ
ကျန်နေတဲ့သရဲပဲဖြစ်ရမယ်
ဒါနဲ့ငါ့တူကြီး ဒီရက်ပိုင်းဘာအမှားတွေ
လုပ်မိသေးလဲ”
“ဟုတ်ကဲ့ ကျွန်တော် မနေ့က အိမ်ဝိုင်းထဲကို
ပရိတ်သဲ/ရေ/ချည် တွေ တစ်အိမ်လုံး
ပတ်ထားမိပါတယ်ဆရာ”
“အေးပါ ခဏနေရင်အကြောင်းစုံသိရတာပေါ့
“ကဲလာ အိမ်ပေါ်လာကြ
ဘုရားစင်ရှေ့သွားရအောင်”
ဆရာကဘုရားစင်ရှေ့ သို့ခေါ်သွားတော့
ကိုငွေလှိုင်တို့လင်မယားလိုက်သွားသည်
မကြင်စိန်လည်းနောက်မှပါလာသည်။
“ကဲ ဘုရားရှိခိုးကြ
ပြီးတော့၃၁ဘုံသားတွေကိုမေတ္တာပို့ပါ
အထူးသဖြင့် ဒီအိမ်မှာနှောင့်ယှက်နေတဲ့
ပုဂ္ဂိုလ်ကိုမေတ္တာပို့သကြဟုတ်ပြီလား”
“ဟုတ်ကဲ့ဆရာ”
ကိုငွေလှိုင်တို့လင်မယားလည်း ဆရာကြီး
ခိုင်းသည့်အတိုင်းဘုရားရှိခိုးကာ မေတ္တာဓာတ်တို့ပို့လွှတ်နေလိုက်ကြသည်။
အချိန်ခဏကြာသောအခါမှာတော့
“တူမကြီးဒီကိုခဏလာခဲ့ ဘာမှမကြောက်နဲ့
မမြင်ရတဲ့ပုဂ္ဂိုလ်ကို ဒီကတူမကြီးကနေတစ်ဆင့်
ဝင်ရောက်ပူးကပ်ခိုင်းပြီး သိလိုသမျှမေးရမယ်ကွယ့်”
“ဟုတ်ကဲ့ဆရာကြီး”
“ကဲ စိတ်ကိုလျှော့ထား ဟုတ်ပြီလား”
“ဟုတ်ကဲ့”
ဆရာကြီးမှာထားသလိုစိတ်ကိုအတတ်နိုင်ဆုံး
လျှော့ကာနေလိုက်သည်။
“သည်နေရာသည်အိမ်အတွင်းမှာ
နှောင့်ယှက်နေသူမမြင်အပ်တဲ့ပုဂ္ဂိုလ်အား
ငါဆရာခေါ်ဆောင်လိုက်သည်
မဆိုင်းမတွ ဆရာ့ရှေ့မှောက်ရောက်”
ဆရာ၏အသံဆုံးသွားသည်နှင့်မစေးစေး၏
ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်လာပြီး
“ဟီး ဟီး မကျေနပ်ဘူးကွ
ငါမကျေနပ်ဘူး”
“ဟင်”
“ဟာ”
မကြင်စိန်နဲ့ကိုငွေလှိုင် အံ့သြသွားသည်
မစေးစေး၏ပါးစပ်မှ
အလွန်ကြောက်စရာကောင်းကာ
ယောင်္ကျားအသံကြီးဖြစ်နေသည်။
“ဘာကိုမကျေနပ်သလဲ
ဆရာ့ကိုပွင့်ပွင့်လင်းလင်းပြောပါ”
“ဒီကောင် ငွေလှိုင် ငါ့ကိုခေါ်တုန်းကခေါ်ပြီး
ငါ့ကိုအစားမကျွေးတဲ့အပြင်
ငါ့ကိုနေစရာမရှိအောင်နှင်ထုတ်တယ်
ခြံစည်းရိုးကိုလည်း
ပရိတ်ကြိုးတွေနဲ့ပက်ထားတယ်
ငါ့မှာအစာထွက်ရှာလို့မရဘူး
ဒီအိမ်ထဲကနေလည်းထွက်လို့မရဘူး”
“ဟင် ငါဘယ်တုန်းက သု့ကိုခေါ်ခဲ့မိလို့လဲ
“ဆရာ ကျွန်တော်သူ့ကိုမခေါ်မိပါဘူးဆရာ
“ကြားလား သရဲကောင်
ငွေလှိုင်က မခေါ်ခဲ့ဘူးတဲ့
မင်းအမှန်တိုင်းပြော”
“လွန်ခဲ့တဲ့ရက်အနည်းငယ်က
ခွေးကိုခေါ်ပြီးအိမ်ပြန်လာတာ
မသိဘူးလား ဟင်”
ကိုငွေလှိုင် လန့်သွားသည်
သူခေါ်မိတာခွေးပါ အခုတော့သရဲဖြစ်နေသည်။
“ဆရာ ကျွန်တော်ကခွေးမှတ်လို့ခေါ်လာမိတာပါ
ဗျာ သရဲမှန်းလည်းမသိပါဘူး”
“ကဲ သူကခွေးထင်မှတ်ပြီးခေါ်လာခဲ့တာ
မင်းကခွေးကိုအပမှီပြီးတော့
သူ့နောက်လိုက်လာခဲ့မဟုတ်လား
အဲ့တော့
သူ့မှာအပြစ်မရှိပါဘူး ဒါကြောင့်
ဒေါသကိုလျှော့ပါ ဆရာဘာလုပ်ပေးရမလဲပြော
ဆရာ့ကိုပြော ဆရာကူညီပေးမယ်”
“ငါနေတဲ့နေရာကိုပြန်ပို့ပေး”
“ဟုတ်ပြီပြန်ပို့ပေးပါ့မယ်ဆရာ အာမခံပါတယ်”
“ဒီနေ့ပဲပြန်ပို့ပါ့မယ် အခုတော့ဘယ်သူ့ကိုမှ
မနှောင့်ယှက်ပဲထွက်သွားပေးပါကွယ်
ဆရာမေတ္တာရပ်ခံပါတယ်”
“ဝှိုင်း”
မစေးစေးတစ်ချက်သန်းကာ
လဲကျသွားသည်
ဆရာကသောက်တော်ရေနည်းနည်းဖြင့်ပက်
လိုက်မှသတိရလာသည်,
“ကဲအခုတော့အားလုံးရှင်းသွားပါပြီ”
နောက် ကိုငွေလှိုင်ကလည်း
ညဘက်လမ်းမှာတွေ့သမျှ
လျှောက်မခေါ်ရဘူးကွဲ့
နာနာဘာဝဆိုတာ
ပုံစံမျိုးစုံနဲ့ကိုယ့်ပတ်ဝန်းကျင်မှာ
ကျင်လည်နေကြတာကွဲ့
ပြီးတော့ မောင်ငွေလှိုင်ခေါ်ခဲ့တဲ့နေရာ
မှတ်မိလား”
“မှတ်မိပါတယ်ဆရာ လမ်းထိပ်က
တမာပုပင်လေးနားမှာတွေ့ခဲ့တာပါ”
“အေးအဲဒါဆို မောင်ငွေလှိုင်သူ့ကိုလိုက်ပို့ဖို့
အတွက်ကိုင်းတစ်ကိုင်းချိုးပြီး
ခေါ်သွားပေတော့
ပြီးတော့မင်းနဲ့ငါနဲ့ဘုံဘဝခြင်းမတူဘူး
မင်းနေရာမင်းနေခဲ့လို့ပြောကြားလား”
“ဟုတ်ကဲ့ဆရာ ”
“ကဲ ဆရာပြန်ဦးမယ် ဘုရားတရားကိုသာ
အစဉ်အမြဲနေသတိတရရှိရှိနေကြလို့
ဆရာမှာချင်တယ်”
“ဟုတ်ကဲ့ဆရာ”
မကြင်စိန်လည်း သူပင့်လာသည့်ဆရာအား
သူကိုယ်တိုင်ပင်ပြန်လိုက်ပို့လိုက်သည်။
ကိုငွေလှိုင်လည်းဆရာခိုင်းသလို
သစ်ကိုင်းတစ်ကိုင်းအားချိုးလိုက်ပြီး
ပြောလိုက်လေသည်။
“ကျွန်တော်မသိလို့ ခေါ်လာမိတဲ့အတွက်
ခင်ဗျားနေတဲ့နေရာကို ကျွန်တော်ပြန်ပို့ပေးမယ်
ဒါကြောင့်ဒီသစ်ကိုင်းနဲ့အတူခိုကပ်ပြီး
လိုက်လာခဲ့ပါ”
ဟုပြောကာသရဲပါလာသည့်သစ်ကိုင်းအား
တမာပင်ပုလေးအနားသို့သွားကာထားလိုက်ပြီး
“ကဲ ခင်ဗျားနေတဲ့နေရာကို ကျွန်တော်ပြန်ပို့ပြီးပြီ
ကျုပ်တို့နဲ့ဘုံဘဝချင်းမတူတဲ့အတွက်
ကျွန်တော်တို့ကိုထပ်မနှောင့်ယှက်ပါနဲ့တော့”
ထိုသို့ပြောဆိုပြီးမှ ကိုငွေလှိုင်အိမ်သို့
ပြန်လာခဲ့တော့သည်။
အိမ်သို့ရောက်ရောက်ချင်း မစေးစေးက
“ရှင်က အိမ်ကိုသရဲခေါ်လာတယ်
ဟုတ်လားကိုငွေလှိုင်”
“မဟုတ်ပါဘူးကွာ
ငါခေါ်တုန်းကခွေးလေးပါ ပြီးမှသရဲဖြစ်သွားတာ
ငါဘယ်တတ်နိုင်မှာလဲ မိန်းမရ”
“နောက်တစ်ခါရှင်ဘာကောင်မှ
ခေါ်မလာနဲ့ကြားလား”
“ပြီးရောဘာကောင်ကိုမှမခေါ်တော့ဘူး
ကောင်မလေးတွေကိုသာ ခေါ်လာခဲ့မယ်”
“ဟင် ဒီအချိန်ကြီးမှာတောင် ထချင်နေဦး
ကဲဟယ် ကဲ”
“အား အ နာတယ်ဟ မိန်းမရဖြည်းဖြည်း
လုပ်တာမဟုတ်ဘူး”
မစေးစေးက ကိုငွေလှိုင်၏ ဗိုက်ခေါက်အားလိမ်ဆွဲလိုက်လေသည်။
ကိုငွေလှိုင်အခေါ်ကောင်းလို့ လိုက်လာသည့်
သရဲကြီးလည်းသူ့နေရာသူပြန်ရောက်သွားပြီ
ဖြစ်သည့်အတွက် ကိုငွေလှိုင်တို့အိမ်လေးဟာလည်း
အေးချမ်းသွားခဲ့ပြီဖြစ်သည်……
ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်ပါက
Like ကလေးနှိပ်ခဲ့ပေးပါနော်။
ပြီးပါပြီ