အိမ်အိုကြီးထဲမှငိုရှိုက်သံ(စ/ဆုံး)
——————————
ဦးဆန်းမင်းတစ်ယောက် ရပ်ရွာမှအိမ်ကိုစွန့်ပြီး
မြို့သို့အခြေချရန် စဉ်းစားမိသည။်မြို့ပြတွင် နေချင်သော
အိပ်မက်သည် သူ့အတွက် အကြီးမားဆုံးသော ဆန္ဒဖြစ်သည။် ရွာတွင် နေရသည်မှာ မျက်စိပိတ်နားပိတ်
ဖြစ်ကာ အမြင်မကျယ်ဟုယူဆလျက် မြို့ပြမှလူနေမှု
ဘဝကို သူအလွန်မက်မောလှသည။်သို့ကြောင့် ပိုင်ဆိုင်
သမျှလယ်ယာတို့ကို ရောင်းချကာ မြို့သို့အခြေချရန်
အိမ်ပွဲစားများနဲ့ချိတ်လေသည်။
ကံအားလျော်စွာဖြင့် သူသည်အိမ်ခြံမြေပွဲစား တစ်ယောက်
နဲ့ချိတ်မိကာ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုတွင်ရှိသော ခြံဝန်း
ကျယ်ကြီးကို စျေးသက်သက်သာသာနဲ့ရလိုက်သည်။
ထို့ကြောင့် ဦးဆန်းမင်းသည် အပျော်ကြီးပျော်ကာ ဇနီး
သားသမီးများကို ခေါ်ကာမြို့သို့ပြောင်းလိုက်သည်။
ဇနီးသည် မှာတောရွာတွင်သာနေချင်သော်လည်း လင်
ဖြစ်သူအား ပြန်အာမခံရဲသောကြောင့်မြို့သို့ကုပ်ကုပ်
လိုက်ပါသွားရသည်။ သမီးဖြစ်သူမှာမူ ဖအေနဲ့တပုံစံတည်း
ဖြစ်ကာ တောရွာကိုကျေးဇူးကန်းပြီး မြို့တွင်သာ အခြေ
ချလိုသူဖြစ်သည်။ ယခုမူကားမြို့သို့ပြောင်းလာရသဖြင့်
အလွန်ပင် ပျော်ရွင်နေလေသည်။
ထိုအိမ်ကြီးသို့ပြောင်းလာစတွင် ပြသနာမရှိသော်လည်း
တစ်ပတ်လောက်အကြာတွင် ပြသနာစတော့သည်။
“ဘယ်သူလဲဟေ့….. မီးဖိုဆောင်ထဲမှာ…. သမီးလား”
ဒေါ်လှခင်သည် မီးဖိုဆောင်ထဲမှ သူ့အားကျောပေး
ရပ်နေသော လူတစ်ယောက်အားမြင်လိုက်သောကြောင့်
လှမ်းမေးလိုက်သည။်ပြန်ထူးသံမကြားရသဖြင့် သူမကိုယ်
တိုင် မီးဖိုဆောင်ထဲသို့ဝင်သွားကာ ကြည့်လိုက်သည်။
“ဟင်…. ဘယ်သူမှလဲမရှိပါလား… ငါအမြင်မှားတာနေမှာပါလေ… ”
မီးဖိုဆောင်ထဲတွင် မည်သူမျှရှိမနေသောကြောင့် စောနားက မြင်ရသော လူရိပ်သည် သူမအမြင်မှားသည်
ဟုပင်ထင်ကာ မေ့မေ့ပျောက်ပျောက်ပင်ထားလိုက်သည်။
လူရိပ်လူယောင်တို့သည် တစ်ခါတစ်ခါ မီးဖိုဆောင်ထဲ
တွင်မြင်ရလိုက် လှေကားထိပ်တွင် မြင်ရလိုက်ဖြင့်
သူမကိုစိတ်အာရုထွေပြားလာစေသည။်သာမာန်မဟုတ်ဖြင့်
သူမမြင်ရသည့်အကြောင်းကို လင်ဖြစ်သူအားပြောပြလိုက်
သည်။
“မဟုတ်တာ လှခင်ရာ… ဒီအိမ်ကြီးမှာငါတို့မိသားဖသား
သုံးယောက်ကလွဲပြီးဘယ်သူရှိမှာလဲ… အိမ်နီးနားချင်း
တွေနဲ့လဲတစ်ယောက်မှမသိကျွမ်းသေးဘူး”
“ကျွန်မတကယ်မြင်ပါတယ်ဆို တော်ကလည်း”
“တစ်ကယ်လို့လူရှိတယ်ဆို ငါတို့ပါမြင်ရမှာပေါ့
ဘယ်မှာလဲနင်မြင်ရတဲ့လူ… ”
ဒေါ်လှခင်မှာ သက်သေမပြနိုင်သဖြင့် ငြိမ်ကုပ်ကာ နေနေ
ရသည်။
တစ်နေ့တွင် သမီးဖြစ်သူ ငွေမှုံသည် အပြင်မှပြန်လာပြီး
ရေချိုးရန် ရေချိုးခန်းထဲသို့လာနေသည်။
“ဟင့်…. ဟင့်….. ဟင်… ”
ရေချိုးခန်းထဲမှရေကျသံနဲ့အတူ မိန်းခလေးတစ်ယောက်
ရှိုက်ငိုသံတို့ကိုပါကြားလိုက်ရသည။်ငွေမှုံသည် ကြောက်တတ်သည့်သူမဟုတ်သဖြင့် ရေချိုးခန်းတံခါး
ကိုအသာဖွင့်ကြည့်လိုက်သည်။
“ဟင်…. အသံကဒီကနေလာတာပါ…. ရေသံလည်း
ကြားနေလတာခုဘာရေမှမကျပါလား”
သူမ ရေချိုးခန်းထဲအကုန်လှန်လောကြည့်သော်လည်း
ရေချိုးခန်းသုံး ပစ္စည်း မှအပမည်သည့်အရာမှမတွေ့ချေ။
ထို့ကြောင့် သူမသည် ရေပန်းဖွင့်ကာ သီချင်းလေးညည်း
ရင်း ရေချိုးနေမိသည်။
“ကလပ်…. ကတ်…. ကတ်…. ”
ရေချိုးနေစဉ် အနောက်ဘက်တန်းမှ ရေချိုးဆပ်ပြာဘူးသည် တန်း ပေါ်မှအောက်ဘက်ကြမ်း
ခင်း ပေါ်သို့ကျသွားသည်။
သူမသည် သီချင်းညည်းနေသည်ကို ရပ်ပြီးရေပန်းကိုပိတ်လိုက်သည်ပြီးမှ အောက်သို့
ကျနေသော ဆပ်ပြာဘူးကိုကောက်လိုက်သည်။
“ဟင်….ဒါတွေငါမဝယ်မိပါဘူး…. သူများအစုတ်အဟောင်းတွေထင်တယ်… ”
သူမသည် ထိုဆပ်ပြာဘူးအား အမှိုက်ပုံးထဲသို့
ပစ်လိုက်သည။်ပြီးနောက်ရေပန်း ပြန်ဖွင့်ကာ ရေဆက်ချိုးနေလိုက်သည်သူမဝယ်လာသော
ဆပ်ပြာဘူးကိုထုတ်ကာ တန်း ပေါ် သို့တင်လိုက်သည်။
“ကလပ်…. ကတ်ကတ်…. ”
သေချာတင်လိုက်သော်လည်း ဆပ်ပြာဘူးသည်
တစ်စုံတစ်ယောက်က လွင့်ပစ်လိုက်သကဲ့သို့
ရေချိုးခန့်ထောင့်သို့ရောက်သွားသည်။
“ဟဲ့…. ဘယ်လိုဖြစ်တာလဲ…. ”
ငွေမှုံတစ်ယောက် စုတ်သပ်လိုက်သည်
ဆပ်ပြာဘူးအားပြန်ကောက်လိုက်ပြီး လိုသလောက်
ညစ်ယူကာ အဝတ်လျှောက်စက် ပေါ်သို့တင်ထား
လိုက်သည။်ကိုယ်ကိုတိုက်ပြီး ခေါင်းလျှော်ရန် ဆံပင်ကို
ဖြေချလိုက်သည်။ခေါင်းကိုအသေချာဖီးပြီး ရေပန်းအောက်
သို့ဝင်လိုက်သည်ခေါင်းလျှော်ဆေးယူကာ ထည့်လိုက်
သည်အမြုပ်တို့သည် များစွာထလျက် သူမမျက်လုံးထဲ
သို့ဝင်သွားသည်။စပ်နေသဖြင့်သူမသည် ရေပန်းကို
လက်ဖြင့်စမ်းကာ မျက်နှာသစ်ရန်ပြင်သည်။
“ဟင်…. ဘာကြီးလဲ”
သူမသည် အေးစက်စက် အရာအားရေပန်းအောက်မှစမ်းသဖြင့် ရင်ထဲထိတ်ခနဲ
ဖြစ်သွားရသည။်မျက်လုံးမှာ ခေါင်းလျှော်ဆေးဝင်နေသဖြင့်
ဖွင့်လို့မရခဲ့ပေ။သူမသည် နောက်တစ်ခါ ရေပန်းအားထပ်
စမ်းလိုက်သည် သူမသည် မျက်နှာအားရေဆေးပြီး
မျက်လုံးဖွင့်ကာ သူစမ်းမိသည့်အရာအား ဝေ့ဝဲ
ရှာကြည့်သော်လည်း မည်သည့်အရာမှမရှိပေ။
ရေပန်းပိတ်သွားသော်ကြောင့်သူမသည် ရေပန်းအား
မော့ကြည့်လိုက်လေသည်။
“အား…… ”
သူမသည် ရေပန်းအ ပေါ်ခွထိုင်နေသော ဖြူဖတ်ဖြူရော်
ဆံပင်ဖားလျား သရဲမအားတွေ့ရသောကြောင့်ဖြစ်သည်။
ထိုသရဲမသည် သူမအားပြုံးပြပြီး ရေပန်းအားလက်ကြီး
ဖြင့်ခံထားနေသည်။ငွေမှုံသည် ရေလဲတဘက်ကြီးကို
ပတ်ကာ အပြင်ဘက် မိခင်ရှိရာသို့ပြေးထွက်လာခဲ့သည်။
မီးဖိုဆောင်ဘက်မှ ချက်ပြုတ်နေသော ဒေါ်လှခင်သည်
အူယားဖားယား ပြေးလာသောသမီးအားမြင်လျှင်
“ဟဲ့…. အမှုံ.. ဘယ်လိုဖြစ်လို့တံဘက်ကြီးနဲ့ပြေးနေရတာလဲ”
“အမေ…. ရေ…. ရေချိုးခန်းထဲမှာ…. သ… သရဲရှိတယ်…. ”
“ဘယ်လိုသမီး…. သရဲကရေချိုးခန်းထဲဘယ်လိုရောက်
နေတာလဲ… ”
“တကယ်ပြောတာအမေ…. သမီးသေချာမြင်ခဲ့တာ…”
“အင်း… ဒီအိမ်ကြီးက တစ်ခုခု တော့တစ်ခုခုဘဲသမီး…
သမီးအဖေကိုပြောပြရင်လဲယုံမှာမဟုတ်ဘူး… ”
ထိုအချိန်မှာဦးဆန်းမင်း အလုပ်သွားနေချိန်ဖြစ်သည်။
ငွေမှုံသည် အရင်တုန်းက မိခင်ဖြစ်သူ လူရိပ်လူယောင်
မြင်ရသည်ပြောတုန်းက သူမ မယုံခဲ့ပေ။သို့သော် ယခုသည်
သူမကိုယ်တိုင်မြင်ရသောကြောင့် မိခင်အမှန်ပြောနေခြင်း
ဖြစ်သည်ကိုလက်ခံလိုက်တော့သည်။
ယခုည ဦးဆန်းမင်းတစ်ယောက် အိမ်ကိုနောက်ကျမှ
ပြန်လာသည။်ဇနီးနှင့်သမီးဖြစ်သူမှာ သူ့အားမစောင့်ဘဲ
ညစာအရင်စားနှင့်သည။်သူသည် ပြန်ရောက်ရောက်ခြင်း
ကိုယ်လက်သန့်စင်ကာ ထမင်းစားခန်းသို့ဝင်ထိုင်လိုက်
သည်။ထမင်းစားခန်းမှကြည့်လျှင် ဧည်းခန်းကိုရှင်းလင်း
စွာမြင်ရသည်သူသည် ထမင်းစားနေရင်း ဧည်းခန်းဘက်
သို့အမှတ်မထင်ကြည့်လိုက်သည်။
“ဟင်… ဘယ်သူလဲ TV ကြည့်နေတာ”
ဧည့်ခန်းဆိုဖာတွင် လူကြီးတစ်ယောက်နဲ့မိန်းမကြီးတစ်ယောက်တို့သည်
ကုလားသီချင်းအားဖွင့်ကာ ကြည့်နေသည်။
“ဧည့်သည် ရောက်နေတာများလား…. “ဦးဆန်းမင်းသည်
စားလက်စထမင်းများကို သည်အတိုင်းချန်ခဲ့ပြီး ဧည့်ခန်း
ထဲသို့ဝင်လာသည်။
“ဟင်…. ဘယ်ရောက်သွားတာလဲ”
စောစောက ဆိုဖာ ပေါ်တွင်ကျောပေးထိုင်နေသော
လူနှစ်ယောက်စလုံးမရှိတော့ပေသို့သော် TV မှဖွင့်လျက်
သားဖြစ်နေသည။်ဦးဆန်းမင်းသည် ရီမုတ်အားယူကာ TV
ကိုပိတ်လိုက်သည်ပြီးလျှင် အိပ်ယာခန်းသို့ဝင်ရန် ပြုလိုက်သည်။
“ဟီး….. ဟင့်…. ဟင့်…. ”
“ဟီး….အဟင့်….အဟင့်…. ”
ပိတ်ထားသောအခန်းမှ မိန်းကလေးငိုညည်းသံကြား
ရသဖြင့် သူသည် သမီးဖြစ်လေမလားဆိုသောအတွေး
ဖြင့် ထိုအခန်းသို့ကပ်သွားပြီး တံခါး ကိုအသာဖွင့်လိုက်သည်။အခန်းတစ်ခုလုံးမှောင်မဲနေသဖြင့်
သူသည် မီးခလုတ်ကိုလက်ဖြင့်စမ်းကို ဖွင့်လိုက်သည်။
“ကလပ်”
မီးပွင့်သွားပြီး တစ်ခန်းလုံးလင်းချင်းသွားသည်။
“စောနားကဒီကနေအသံထွက်လာတာပါ
ဘယ်သူမှမရှိပါလား”
“ဝုန်း…. ဂွမ်း…. ဂွမ်း…. ”
ထိုစဉ် မီးဖိုဆောင်ဘက်မှအိုးခွက်ပန်းကန်ကျသံများ
ကြားရသဖြင့် အခန်းအလွတ် ထဲမှပြေးထွက်လာကာ
မီးဖိုဆောင်ဘက်သို့ဦးတည်လိုက်သည်။
“ဘယ်သူလဲ….. ငါ့အိမ်ထဲဝင်လာတာ”
“သွား…. ထွက်သွား….. ငါတို့အိမ်ထဲက….. ထွက်…. သှား….. ”
ကွဲအက်အက်အသံသည် မီးဖိုဆောင်ဘက် ယောက်ျားကြီး
ဆီမှထွက်လာလေသည်။
သူသည် ခေါင်းနပန်းကြီးသွားပြီး “ဘာ! ဒါငါ့အိမ်ကွ
တလောကမှငါဝယ်ထားတာ….. ”
ထိုသို့ပြောလိုက်သည်နဲ့ ထိုသရဲကြီးသည် သူ့ရှေ့သို့ ပေါ်
လာပြီးသူ့အား ဒေါသထွက်သည် မျက်လုံးဖြင့်စိုက်ကြည့်
နေသည်။
“သွား…… ထွက်….. သှား…. ”
သူ့အား ထွက်သွားရန်ပင် ထပ်တလဲလဲပြောဆိုနေသည်။
ထိုသရဲကြီးပါးစပ်ဟလိုက်တိုင်း ပါးစပ်အတွင်းမှ လောက်
ကြီးများတဖွားဖွားကျလာကာ မြင်ရသူအဖို့ အော်ကလီ
ဆန်စရာကောင်းလှသည်။
ဦးဆန်းမင်းသည် ဘေးမှတင်ထားသောဖန်ပန်းအိုးလေး
ကိုကောက်ယူကာ သရဲအားထုချလိုက်သည်။
“ကွမ်း…. ကွမ်း….. ”
ဖန်ပန်းအိုးလေးမှာကွဲသွားပြီး ရေများပန်းများ ဖန်ကွဲစများ ပြန့်ကျဲနေသည်။
သရဲမှာပျောက်သွားပြီး မီးသီးများမှာ တဖျတ်ဖျတ် ဖြင့်
လင်းလိုက်မှိတ်လိုက်ဖြစ်နေသည်။
“ကိုဆန်းမင်း….. ဘာဖြစ်တာလဲ…..”
အနီးသို့ မိန်းမနဲ့သမီးဖြစ်သူရောက်လာပြီး သူအားမေး
လိုက်သည။်ဇနီးနဲ့သမီးဖြစ်သူကြောက်သွားမည် စိုးသဖြင့်
“ဘာ… ဘာမှမဟုတ်ပါဘူးကွာ… ကြောင်နက်ကြီးတစ်ကောင် မီးဖိုဆောင်ကငါးတွေလာ
ခိုးစားနေလို့…. ”
“ဟုတ်လို့လား ကိုဆန်းမင်း ရယ် …..ကိုဆန်းမင်း
စကားတွေပြောနေတာကြားရပါတယ်…. ”
“ဪ…. အဲဒါ က. ….ကြောင်တွေကိုဆဲနေတာပါ..
ဘာမှမဖြစ်ပါဘူး သွားအိပ်ရအောင်လာ… ”
ဖန်စများအားမသိမ်းဆည်းတော့ဘဲ မီးမှိတ်ကာ အိပ်ခန်း
ထဲသို့ဝင်သွားခဲ့သည်ငွေမှုံလည်း သူ့အခန်းထဲသို့ပြန်ဝင်
သွားလိုက်သည်။
သူမသည် အိပ်ရာ ပေါ်သို့တက်မသွားသေးဘဲ ခရင်မ်
တစ်ခုခုလိမ်းရန် မှန်တင်ခုံ ရှေ့သို့ထိုင်လိုက်သည်။
ခရင်မ်ဘူးယူပြီး သူမမျက်နှာ ပေါ်သို့လိမ်းလိုက်သည်။
“ဟင်…… ”
မှန်ထဲမှထူးဆန်းသောသူမအရိပ်အားကြည့်ကာ အံ့ဩ
နေသည။်အကြောင်းမှာ သူမသည် ခရင်မ်လိမ်းနေသော်
လည်း မှန်ထဲမှသူမအရိပ်သည် တောင့်တောင့်ကြီး ထိုင်
နေသောကြောင့်ဖြစ်သည်။သူမသည် ထရပ်ကာမှန်ရှေ့တွင်
ထရပ်ပြီး တစ်မျိုးပြီးတစ်မျို းလှူပ်ရှားနေသော်လည်း
မှန်ထဲမှ သူမအရိပ်သည် အတောင့်လိုက်ရပ်နေသည်။
တဖြေးဖြေးနဲ့ မှန်ထဲမှသူမအရိပ်သည် ဖြူဖတ်ဖြူရော်
မျက်နှာဖြင့် ကောင်မလေးတစ်ယောက်ဖြစ်သွားသည်။
“သှား…. ငါ့အခန်းထဲက…. ထွက်သွား….. ”
“အား……. ”
သူမလန့်သွားပြီး ဖင်ထိုင်လဲကျသွားသည်ပြီးမှ ဓာတ်မီး
ယူကာ မိဘနှစ်ပါးရှိရာအခန်းသို့ ပြေးလာကာ
တံခါးကိုတဖုန်းဖုန်းထုသည်။
“အမေ…. အဖေ….. တံခါးဖွင့်ပါဦး…. အီးဟီးဟီး..
သမီးအခန်းမှာသရဲရှိတယ်….. သမီးမအိပ်ရဲဘူး…. ”
တံခါးထုသံကြားရသဖြင့် ဒေါ်လှခင်သည် ထလာကာ
တံခါးကိုဖွင့်လိုက်သည်။
“သမီးလေး….. ဘာဖြစ်တာလဲလို့…. ”
ဆံပင်ဖရိုဗရဲနှင့် မျက်နှာတွင်လည်း ခရင်မ်များ
ဗလပွလိမ်းကျံထားသောသမီးလေးအား အခန်းထဲသို့
ခေါ် ကာတံခါးပိတ်လိုက်သည။်ဦးဆန်းမင်းကလည်း
ထလာကာ “ဘာဖြစ်တာလဲသမီး…. ”
ငွေမှုံမှာအကြောက်မပြေသေးဘဲ တခိုက်ခိုက်တုန်နေ
ကာ.”အီးဟီးဟီး…. ဖေဖေ… သမီးအခန်းထဲမှာ…
သရဲ…. သရဲရှိတယ် ဖေဖေ”
ဒေါ်လှခင်မှာ သမီးကိုဖက်ထားပြီး “ဒီအိမ်မှာ မကောင်း
တာတစ်ခုခုရှိပါတယ်လို့ …ကျွန်မပြောသားဘဲ..
ကိုဆန်းမင်း…. ”
“အေးပါကွာ… မနက်မှငါ.. ဟိုပွဲစားကိုပြန်ဆက်သွယ်ပြီး
ဒီအိမ်အကြောင်းမေးကြည့်မယ်…. ”
“ကျွန်မတို့တော့…. သွားစရာမရှိတော့ဘူးတင်တယ်.
.ဟီးဟီးဟီး…. ”
ဒေါ်လှခင်မှာ သည်အိမ်မှာလဲဆက်နေလို့မရ ရွာကိုပြန်လာ
လျှင်လည်း နေစရာမရှိတော့သည့် မိမိတို့အဖြစ်ကို
တွေးကာတသိမ့်သိမ့်ငိုနေရှာတော့သည။်ထိုညတွင်
သားအမိသားအဖသုံးယောက်စလုံး တစ်ခန်းထဲအိပ်လိုက်
သည်။
မနက်ရောက်သော် ဦးဆန်းမင်းသည် အိမ်မြေပွဲ
စားအား ခေါ်ကာအိမ်ကြီးမှဖြစ်ပျက်သမျှကိုပြောပြပြီး
ဤအိမ်ကြီးအကြောင်းကိုပါမေးလိုက်သည်။
“ငါလဲဒီအကြောင်းကိုတစ်ကယ်မသိဘူးကိုဆန်းမင်းရ
……စျေးတန်လို့ဒီအိမ်ကိုငါဝယ်လိုက်တာ…. ”
“ဒါဆို… ဒီအိမ်ကြီးကိုဘယ်သူ့ဆီက ဝယ်ခဲ့တာလဲ.
ကိုမောင်မောင်…. ”
“ငါဒီအိမ်ကြီးကို… ဂေါ်ရခါးအဘိုးကြီးတစ်ယောက်ဆီက
ဝယ်ခဲ့တာ…..”
“သူ့ကိုဆက်သွယ်လို့ရနိုင်သေးလား…. ”
“အင်း… သူ့အိမ်လိပ်စာတော့… ညွန်းခဲ့သေးတယ်… ”
ထိုသို့ဖြင့် ဦးဆန်းမင်းသည် အိယ်မြေပွဲစားဦးမောင်မောင်
နဲ့အတူ ဂေါ်ရခါးကြီးပေးလိုက်သောအိမ်လိပ်စာအတိုင်း
သွားလိုက်သည။်ထိုအိမ်ရှေ့သို့ရောက်လျှင် လူ ခေါ် ဘဲလ်
ကို နှိပ်လိုက်သည်။
“တီးတောင်…. တီးတောင်…. ”
အခန်းထဲမှ လူအိုကြီးတစ်ယောက်ထွက်လာသည်။
“ဘာ ကိစ္စ ရှိလို့လဲ…. ”
“ဟို…. ကျွန်တော်က အိမ်မြေပွဲစားကိုမောင်မောင်ပါ… ဦးလေး.. …ဟိုတလောကဦးလေးဆီ…. အိမ်ဝယ်သေးတယ်လေ…. ”
“သိတယ်…. အိမ်ကြီးကဘာဖြစ်လို့လဲ….”
အဘိုးကြီးသည် စကားကိုခပ်ပြတ်ပြတ်ပြောကာ တံခါး
အားမဖွင့်ပေးဘဲရပ်နေသည်။ဦးဆန်းမင်းက
“ကျွန်တော်က အဲဒီ အိမ်ကြီးကို ကိုမောင်မောင်ဆီကထပ်
ဝယ်ခဲ့တဲ့လူပါ…. အိမ်ကြီးအကြောင်းသိချင်လို့… အထဲကိုဝင်ခွင့်ပေးပါဦး”
ဂေါ် ရခါးအဘိုးကြီးသည် သူတို့အားခြေအစခေါင်းအဆုံး
ကြည့်ပြီး တံခါးကိုဖွင့်ပေးလိုက်သည်။
အဘိုးကြီးသည် သူတို့အား ဧည့်ခန်းထဲသို့ ခေါ်သွားလိုက်သည။်အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီး
အဘိုးကြီးမှလွဲကာ မည်သူမျှပင် မတွေ့ရချေ။
အခန်းထဲဝေ့ဝိုက်ကြည့်သော် နံရံ ပေါ်မှချိတ်ထား
သောမိသားစုဓာတ်ပုံဆီသို့အကြည့်ရောက်သွားသည်။
ယောက်ျားနှစ်ယောက်နှင့်မိန်းမကြီးတစ်ယောက်မိန်းမရွယ်
တစ်ယောက်ပုံဖြစ်သည။်အဘိုးကြီးမှာ ယခုသူတို့အား
ခေါ်လာသောအဘိုးကြီးပင်ဖြစ်သည်။
“အဘိုး… ဒီမှာအဘိုးတစ်ယောက်ထဲနေတာလား”
“ဟုတ်တယ် ငါ့အိမ်လေငါတစ်ယောက်ထဲဘဲနေမှာပေါ့”
“အဲလို့သဘောမဟုတ်ဘူးလေအဘိုး…. ဟိုပုံထဲက
လူတွေကရော…. ”
“အဲဒါ ငါ့သမီးနဲ့ငါ့သမက်… ကောင်မလေးကငါ့မြေးလေး”
“သူတို့ကရောအဘိုး… ဘယ်မှာနေသလဲ… ”
“ဟိုအိမ်ကြီးထဲမှာလေ…. ဟားဟားဟား ”
မူမမှန်သောအဘိုးကြီးအား ဦးဆန်းမင်းနှင့်ဦးမောင်မောင်
နှစ်ယောက်စလုံးလန့်မိသည်ကအမှန်ပင်။
“ဟိုလေ…… ဘယ်အိမ်ကြီးကိုပြောတာလဲဟင်အဘိုး”
“နင်တို့ဝယ်ခဲ့တဲ့အိမ်ကြီးလေ…. ဟားဟားဟား… ”
“ဟင်.. ”
“ဟာ… ”
သူတို့နှစ်ယောက်စလုံး ရွံ့အသွားသည်အဘိုးကြီးအားလည်းနားမလည်နိုင်တော့ပေ။
သမီးနဲ့သမက်လို့လဲပြောသေး…
“သူတို့က… ငါ့ကိုဂရုမစိုက်ကြလို့…ငါသတ်လိုက်တာလေ.. ”
“မြေးလေးကလည်း ငါ့ကိုဆိုမချစ်ဘူး… ဒီတေ့ာ
သို့ကိုငါရေချိုးခန်းထဲ… ရေနှစ်သတ်လိုက်တာ…
ဟဲဟဲဟဲ…. ”
“ဟိုနှစ်ယောက်ကိုတော့ အစာထဲအဆိပ်ခတ်ပြီးသတ်လိုက်တာလေ…. ဟားဟား..
ဟဲဟဲ… ”
အဘိုးကြီး လူသတ်ခဲ့သည့်အကြောင်းကို သူရူးတစ်ယောက်နှယ် ပြန်ပြောကာ အဟီးဟီး… တဟဲဟဲ
ရယ်နေလေသည်။
“သူတို့ အဲဒီအိမ်ကြီးမှာဘဲနေဖို့ ငါပြောထားထာလေ..
ဒီအကြောင်းကို ငါနင်တို့နှစ်ယောက်ကိုဘဲပြောပြဖူးတာ…”
“ဟင်…. “သူတို့နှစ်ယောက်သည် ချွေးများပျံလာပြီး
စိတ်ဝေဒနာ သည်အဘိုးကြီးအားပိုကြောက်လာသည်။
“နင်တို့လည်းမကြာခင်သေရတော့မှာမို့ ငါပြောပြတာ
ဟဲဟဲဟဲ… ”
“ဟင်…. ‘”
တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ အဘိုးအား
ပြိုင်တူကြည့်လိုက်သည်။
“ဘာလဲ အတော်ကြောက်သွားသလား… ဟား..ဟား
ဟဲဟဲ…. ”
အဘိုးကြီးသည် ပြောရင်းဆိုရင်းဖြင့် ဆိုဖာအောက်မှ
အသွားမြနေသော ပေါက်ဆိန်နှစ်ခုကို ဆွဲထုတ်လိုက်သည်။
“ချွင်…. ချွင်…. ချွင်… ”
မ ထုတ်လာသည်မဟုတ်ဘဲ တရွတ်တိုက်ဆွဲထုထ်လာ
ခြင်းဖြစ်သဖြင့် ပွတ်တိုက်သံများတချွင်ချွင် မြည်နေသည်။
“ဒီအဘိုးကြီးရူးနေတာ… ကိုဆန်းမင်း ရေသတိထား”
“ဟုတ်တယ် ကိုမောင်မောင်…. ”
နှစ်ယောက်သားဘေးချင်းယှဉ်ရပ်လိုက်သည်။
“အဘိုးကြီး… စိတ်ထိန်းစမ်းပါဗျာ…. ”
“စိတ်ထိန်းပါ…ဟုတ်လား …..ဟဲဟဲဟဲ… ဟားဟားဟား ”
“ငါရူးနေတယ်လို့ထင်နေလို့လား… ဟားဟားဟား ”
အဘိုးကြီးသည် ပေါက်ဆိန်တစ်ဖက်တစ်လက်ကိုင်ကာ
သူတို့ရှေ့သို့ထလာသည်။
“ဝှစ်…. ”
“ဖတ်…. ဖတ်”
သူတို့နှစ်ယောက် ထံသို့ပေါက်ဆိန်ကြီးကိုလွဲချလိုက်သည်။
နှစ်ယောက်စလုံး ရှောင်လိုက်သောကြောင့် ဆိုဖာကိုသာ
ခုတ်မိသည။်ဆိုဖာ ပေါ် မှဂွမ်း ခေါင်းအုံးလေးမှာ ဖွာလန်
ကျဲသွားပြီး တစ်ခန်းလုံးပြန့်သွားသည်။
နောက်တစ်ချက် ထပ်ခုတ်ပြန်သည်သူတို့အားမထိချေ။
ကိုမောင်မောင်သည် အဘိုးကြီးနောက်သို့ သွားကာ ထိန်း
ချုပ်ထားရန် ပြင်လိုက်သည။်ကိုဆန်းမင်းမှာ အဘိုးကြီးရှေ့
ရပ်ကာ ခုတ်ချက်များကို ရှောင်နေသည်။
ကိုမောင်မောင်သည် အဘိုးကြီးအား အနောက်ဘက်မှချုပ်
လိုက်ပြီး “ကိုဆန်းမင်း အဘိုးကြီးလက်ထဲက ပေါက်ဆိန်ကိုလုလိုက်…. ”
ဦးဆန်းမင်းလည်း အဘိုး ကြီးလက်ထဲမှလုယူလိုက်ပြီး
အဝေးသို့လွင့်ပစ်လိုက်သည်။
အဘိုးကြီးမျက်နှာအား နှစ်ချက်မျှ ဆင့်ထိုးလိုက်သည်။
“ခွပ်…. ခွပ်… ”
အဘိုးကြီး နုတ်ခမ်းထောင့်မှ သွေးစများကျလာသည်။
“ငါ့ကို လွတ်….. ငါနင်တို့ကိုသတ်မယ်… ငါ့ကိုဘယ်သူမှ
ဂရုမစိုက်ကျဘူး… ဟားဟား…..အဟင့်…. အဟင့်…”
အဘိုးကြီးသည် ငိုလိုက်ရီလိုက်ဖြင့် အတင်းရုန်းကန်နေ
သည။်သူတို့နှစ်ယောက်စလုံး အဘိုးကြီးသွက်သွက်ခါ
ရူးနေပြီဟုပင်မှတ်ကာ ရဲစခန်းသို့အကြောင်းကြားလိုက်
သည်။
ဦးမောင်မောင်လည်း သူသေချာမစုံစမ်းဘဲ အိမ်အား
ရောင်းဝယ်မိသောကြောင့်နောင်တရကာ ဦးဆန်းမင်း
တို့သားအမိသားအဖအား အိမ်တစ်လုံးပြန်လည်
ဝယ်ယူနိုင်သည်အထိ အိမ်တွင်သာ ခေါ်ထားလိုက်
သည။်ဦးဆန်းမင်းတို့ကား သရဲခြောက်သည့်အိမ်ကြီး
ကိုအရှံံးခံစွန့်လွတ်လိုက်သည်။ထိုအိမ်ကြီးကိုလည်း
နောက်ထပ်ဝယ်ယူမည့်လူမရှိတော့ဘဲ နှစ်ကြာလာသော
အခါ မြို့ပြင်တွင် ထီးထီးကြီးရှိနေလေတော့သည်။
တစ်ခါတစ်ရံ အိမ်အိုကြီးထဲမှငိုရှိုက်သံများကြားရကြောင်း
တစ်ခါတစ်ရံ အိမ်ဝန်းအတွင်းမှ လူကြီးကီုလည်းကောင်း
မိန်းမကြီးကိုလည်းကောင်း မြင်နေသည်ဟုဆိုသည်
ဦးဆန်းမင်းတို့ကား ထိုအိမ်ကြီးဆီသို့ ခြေဦးပင်မလှည့်
တော့ချေ။……
#ပြီး
#ခွန်း