ကဝေသရဲနှင့်ထူးဆန်းလူငယ်(စ/ဆုံး)
—————————————–
နှင်းတို့က ဖွေးဖွေးလူပ်အောင်ပင် ကြွေဆင်းကြနေလေသည်။
ဆောင်းရဲ့ နူတ်ဆက်ရက်စွဲတွေဖြစ်ပေမဲ့ ရှမ်းပြည်နယ်ရဲ့
နှင်းတို့က အနဲငယ်မျှပင် လျော့ပါးခြင်း မရှိသေးပါ။
အရိုးကွဲလုမတတ်အေးစိမ့်နေသည့် ခုလိုဆောင်းရာသီအချိန်
ကြီးမားသော ထင်ရှူးပင်ကြီးတပင်အောက်တွင် လူတယောက်
ငြိမ်သက်စွာ ထိုင်နေလျှက်ရှိလေသည်။
ထိုချိန် ထိုသူအား အဝေးမှနေ၍ကြည့်မည်ဆိုပါက သက်ရှိလော
သို့မဟုတ် ပန်းပုဆရာတဦး လက်ရာမြောက်စွာဖြင့်ပုံသွင်း
ထုစစ်ထားသော ပန်းပုရုပ်လောဟူ၍ ခွဲခြားနိူင်မည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော ထိုလူသည် အနဲငယ်မျှ လူပ်ရှားခြင်း
မရှိပါဘဲ ကျောက်စစ်ရုပ်ကဲ့သို့ ငြိမ်သက်လွန်းနေသောကြောင့်
ဖြစ်လေသည်။
“ကျလစ်…ကျစ် ..ကျလိ …ကျလိ …ကျိ…´´
တောရဲ့သဘာဝ မနက်လင်းပြီဆိုသည်နှင့် ငှက်ငယ်လေးများ
အော်ဟစ်သံသည် သဘာဝဂီတ တေးသီဟစ်ကြွေးသံတခုပမာ
တတောလုံး တတောင်လုံးကို အသက်ဝင်လာစေလေသည်။
ကျောက်စစ်ရုပ်လော လူလောဟူ၍ မကွဲပြားသည့်သူမှာကား
မည်သည့်အချိန်ကပင် ထို့သို့ရှိနေသည်မသိ သူ၏တကိုယ်လုံး
နှင်းများဖြင့်ဖုန်းလွမ်းကာ ဖွေးဖွေးလူပ်နေလေသည်။
“ကောင်လေးတော်ပြီ…ကောင်လေးတော်ပြီ…´´
အသံသေးသေးစူးစူးလေးတခု ထင်းရှူးတောအတွင်းသို့
ပြန့်လွင့်ထွက်ပေါ်လာလေတော့သည်။
ထိုအသံထွက်ပေါ်လာသော အခါတွင်ကျောက်စစ်ရုပ်ပမာ
ငြိမ်သက်နေသည့်လူသည် ဖျတ်ကနဲမျက်လုံးများ ဖွင့်လိုက်ပြီး
သူ့ရှေ့တည့်တည့်ရှိ ထင်းရှူးပင်ထက်ဆီသို့ ကြည့်လိုက်ကာ
ထရပ်လိုက်ရင်း စကားတခွန်းမေးလိုက်သည်။
“ ရွှေကဲလေး နိူးလာပြီလား…´´
“ ညထဲက နိူးနေတာ…ညထဲကနိူးနေတာ…´´
သစ်ပင်ထက်မှ အသံသေးသေးစူးစူးလေးက ပေါ်လာပြန်ပြီး
ရုတ်တရက် သစ်ကိုင်းငယ်လေးတချို့ လူပ်ရမ်းသွားကာ
ကြက်တူရွှေးလေးတကောင်က ထရပ်လိုက်သူ၏ ပခုံးပေါ်သို့
ပျံသန်းရောက်ရှိလာတော့သည်။
“ ရွှေကဲလေး အဘဆီသွားရအောင် …´´
“သွားပြီရှိတော့ဘူး သွားပြီ…´´
ရွှေကဲလေးဟုတွင်သည့် ကြက်တူရွှေးလေးထံမှ စကားသံကို
ကြားရသည်နှင့်ထရပ်လာသူမှာ ရုတ်တရက် သူနောက်ကျောမှ
တောင်တန်းပေါ်သို့ ပြေးတတ်သွားလေတော့သည်။
သူ့ထက်လျှင်မြန်သည်က ကြက်တူရွှေးလေးပင်ဖြစ်လေကာ
ရိပ်ကနဲ ပျံသန်းကာ ပြေးနေသူအားမှီသွားပြီး ဆက်မပျံတော့ဘဲ
ထိုလူ၏ ပခုံးတွင်နားလိုက်ပြီး တောင်တန်းပေါ်သို့လိုက်ပါ
သွားလေတော့သည်။
တဲငယ်လေးတလုံးက မြူခိုးများအုံ့ဆိုင်းနေသော တောင်ထိပ်
တနေရာတွင်တည်ရှိနေကာ ဟောင်းနွမ်းနေပြီပင်ဖြစ်လေသည်
အမိုးများပင်မလုံတော့သည့် ထိုတဲငယ်လေး၏ အတွင်းတွင်
ထင်းရှူးစားပွဲလေးတခု ရှိနေကာ ထိုစားပွဲလေးပေါ်တွင်
သံပန်းကန်ပြားလေးနှင့်ထည့်ထားသော ထမင်းဝိုင်းတဝိုင်း
တည်ရှိနေလေသည်။
သို့သော်လူတယောက်မျှမရှိပါခြေ ဤမျှအေးစက်နေသော
အချိန်တွင် ထမင်းပန်းကန်လေးမှ အငွေ့တလူလူထွက်နေပြီး
ရှိနေသေးသောကြောင့် ခူးထားသည်မှာ မကြာသေးကြောင်း
သိသာနိူင်စေလေသည်။
“အဘ . .အဘရေ. .အဘ အဘ……´´
ခေါ်သံနှင့်အတူ လူငယ်လေးတယောက်သည် တဲငယ်ရှေ့ရှိ
မြေကွက်လပ်သို့ရောက်ရှိလာပြီး အော်ဟစ်ခေါ်လိုက်ကာ
တဲအတွင်းပြေးဝင်လာလေတော့သည်။
တဲအတွင်းလူတယောက်မျှရှိမနေပါ အငွေ့များထနေဆဲ
ထမင်းပန်းကန်တချပ်နှင့် ဟင်းသီးဟင်းရွက်ကြော်ထားသည့်
ဟင်းတခွက်သာ ထင်းရှူးစားပွဲပေါ်တွင်ရှိနေလေသည်။
အပြေးအလွှားရောက်ရှိလာသည့် လူငယ်မှာ တဲအတွင်းသို့
စေ့စေ့စပ်စပ်ကြည့်ရှုလိုက်လေတော့သည်။
ထိုလူငယ်သည် တောင်အောက်မှ အပြေးတတ်လာခဲ့သော
လူပင်ဖြစ်ပြီး ယခုအခါသူ၏မျက်နှာမှာတည်ကြည်နေကာ
တဲငယ်အတွင်း အကဲခတ်လျက်ရှိသည်။
မကြာပါခြေ ထမင်းပန်းကန်ဖြင့် ဖိထားသော စာရွက်လေး
တရွှက်ကိုမြင်တွေ့လိုက်လေတော့သည်။
ထို့ကြောင့်ပင် ထင်ရှူးစားပွဲပုလေးဆီသို့ ခပ်သွက်သွက်
လှမ်းသွားလိုက်ကာ စာရွက်လေးကိုယူလိုက်ပြီးနောက်
ဖြန့်ဖတ်လိုက်လေတော့သည်။
~~~ လူလေး ခုဆိုလူလေးဟာ အသက်နှစ်ဆယ်
တင်းတင်းပြည့်ခဲ့ပြီဖြစ်ပြီးတော့ အဘရဲ့ပညာ
နိူ့ရည်ကိုလဲ သောက်သုံးနိူင်ခဲ့ အောင်မြင်ခဲ့ပြီ
ဖြစ်တယ် ဒါကြောင့် အဘ လောကီကိုထာဝရ
စွန့်ခွာဖို့ လူကလေးကို နူတ်မဆက်ပဲ ထွက်သွား
ခဲ့ပါပြီ လူကလေးဒီနေရာမှာပဲမနေပါနဲ့ ခရီးထွက်ပါ
ရွှေကဲလေးကိုလဲ ခေါ်သွားပါ လူကလေးကူညီနိူင်သူကို
ကူညီပေးပါ လူကလေးဟာ မြန်မာတယောက်ဖြစ်တယ်
ပါရမီရှင်တဦးလဲဖြစ်ပါတယ် အဘနဲ့ ကံကြုံလို့ဆုံတွေ့
ခဲ့ရပြီးပြီ အခုကံကုန်လို့ခွဲခွါရတာကို ဝမ်းမနည်းနေပါနဲ့
ဘဝ ဆိုတဲ့ခရီးရှည်ကြီးကိုရွက်လွင့်ရင်း ပညာ သုတ
ဒါန ကုသိုလ် ဆည်းပူးလေ့လာလိုက်ပါလူကလေး~~~
စာအောက်တွင်မည်သည့်လက်မှတ်မျှ ရေးထိုးမထားလည်း
အဘရဲ့စာဆိုသည်ကို သူကောင်းစွာသိနေလေတော့သည်။
“ကောင်လေး သွားမယ် ကောင်လေးစားတော့လည်မယ်…´´
တွေးနေမိသောစိတ်တို့က ရွှေကဲလေးအသံကြောင့်ချက်ချင်း
လက်ရှိအချိန်ကို သတိရလိုက်ပြီး ရှေ့မှထိုင်ခုံပေါ် ထိုင်ကာ
နွေးနေဆဲဖြစ်သည့် ထမင်းနှင့်အသီးအရွက်ဟင်းအား
အေးဆေးစွာစားသောက်လိုက်လေတော့သည်။
…………………………………………………………
__________________________________________
နေဝင်သွားခဲ့ပြီဖြစ်လေသည် သို့သော်လည်း ဆိုင်ကယ်များ
လူများကားများကတော့ တချက်တချက်သွားလာနေကြဆဲ
ဖြစ်လေသည်။
တောင်ကြီးမြို့ပတ်လမ်းမှနေ၍ ဆိုင်ကယ်တစီးက မြို့ပြင်သို့
ထွက်လာခဲ့လေတော့သည် ဆိုင်ကယ်ပေါ်မှာတော့ လူနှစ်ဦး
ရှိနေပြီး မိန်းကလေးတဦးယောက်ကျာ်းလေးတဦးဖြစ်ကာ
သူတို့သည်ဇနီးမောင်နှံများပင်ဖြစ်လေသည်။
“ မောင့်ကိုပြောသားပဲ မှောင်နေပါမယ်ဆိုတာ
ရသေးတယ် ရသေးတယ်နဲ့ ခုကမှောင်ပြီ…´´
“အော် မမကလဲ မောင်က သူငယ်ချင်းတွေ
ဆုံနေတာကို ချက်ချင်းပြန်လို့မသင့်တော့ဘူးလေ…´´
သူတို့မှာ မင်္ဂလာပွဲတခုမှပြန်လာခဲ့ကြသော ကျော်သက်နှင့်
ဝင်းဝင်းတို့ဖြစ်လေသည်။
ကျော်သက်မှာ မြို့ပေါ်ရှိသူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲသို့
လာရောက်ရင်း ကျောင်းနေဖက်များဖြင့်စုံကာ အနဲငယ်
မူးရစ်ရီဝေနေပြီးဖြစ်နေသည်။
သူတို့ရဲ့ရွာမှာ တောင်ကြီးမြို့နှင့် ၁၂ မိုင်ခန့်ဝေးလေသည်
လမ်းကလဲ တဝှက်လောက်အထိ ကောင်းပေမဲ့ နောက်ထပ်
တဝှက်ကတော့ လမ်းကြမ်းသလိုရွာစဉ်လဲကျဲကာလူပျက်သည်
ထို့ကြောင့် မိန်းမသားဖြစ်သည့် ဝင်းဝင်းတယောက် ဤမျှ
ပြောဆို နေခြင်းဖြစ်လေတော့သည်။ ထိုသို့ဖြင့် တဖြည်းဖြည်း
တခြားစကားများပြောကြရင်း လမ်းကြမ်းကိုစတင်လာသည်။
“ မောင် သတိထားမောင်းနော် လမ်းကြမ်းတယ်
ပြီးတော့ ညဘက်ကြီး…´´
“ ဘာမှ စိုးရိမ်စရာမရှိပါဘူးမရယ် ဒီလမ်းဒီခရီးက
မောင်တယောက်ထဲလဲ သွားနေကြပါ…´´
“ဟုတ်ပါတယ် ကိုသတ္တိခဲကြီးရယ်
ဒီကကြောက်တာပါရှင့်…´´
သူတို့အပြန်အလှန်ပြောနေကြရင်း ဆက်မောင်းလာကြသည်
အေးစိမ့်နေသော ပတ်ဝန်းကျင်မှာ လမိုက်ရက်များဖြစ်၍
သူတို့ဆိုင်ကယ်မီးရောင်မှတပါး မှောင်အတိပြီးနေလေသည်
ထိုစဉ်။
“ ဒုန်း…ခွမ်း ဝုန်း…အမေ့…´´
အဖြစ်အပျက်က ဘယ်လိုမှထင်မှတ်မထားသော အဖြစ်တခု
လမ်းဘေး ခွေးလေခွေးလွင့်တကောင်က ဆိုင်ကယ်ရှေ့မှ
အဖြတ်တွင် ကျော်သက်မှာ ဆိုင်ကယ်ကိုမထိန်းနိူင်ပါဘဲနှင့်
ဝင်တိုက်လိုက်တာဖြစ်ပြီး ဆိုင်ကယ် ကာဘာထောက်သံ
လဲပြိုသံနှင့်ဝင်းဝင်းရဲ့အမေ့တသံတို့က တချိန်တည်းလိုလို
ထွက်ပေါ်သွားတော့သည်။
“မ . . မဘာဖြစ်သွားလဲ ဘယ်နားနာသွားသလဲ…´´
“ ဒူးနဲနဲစုတ်သွားတယ်ထင်တယ်မောင်
နာနေတယ် မောင်ရော ဘာဖြစ်သွားသေးလဲ…´´
“မောင် ဘာမှမဖြစ်ဘူး လက်ကိုင်နဲ့ဗိုက်တိုက်မိလို့
နဲနဲအောင့်သွားတာပဲရှိတယ်…´´
“ အတန်တနိသတိပေးထားတယ် ဖြေးဖြေး
ဂရုစိုက်မောင်းပါဆိုတာကို…´´
“မောင်လဲ ဂရုစိုက်တာပဲ ခုကဒီခွေးက
ဘယ်လိုတိုက်မိသွားမှန်းကိုမသိတာ…´´
ကျော်သက်က ပြောရင်းဆိုင်ကယ်ကိုပြန်ထူလိုက်ကာ ချက်ခြင်း
စက်နိူးလိုက်လေတော့သည်။သို့သော်တဂျစ်ဂျစ်မြည်လာပြီး စက်ကမနိူးတော့ပါခြေ ထိုကြောင့် ကစ်တံကိုနင်းနိူးလိုက်သည်
လုံးဝမထူးခြား။
“ မ ဆိုင်ကယ်ဘာဖြစ်သွားလဲမသိဘူး
နိူးမရတော့ဘူး…´´
“ဟင် ဒါဆိုဘယ်လိုလုပ်ကြမလဲ…´´
“မတတ်နိူင်ဘူး ရွာကိုဖုန်းဆက်မှာရမယ်…´´
ပြောလိုက်ပြီး ကျော်သက်က ခါးမှဖုန်းကိုဆွဲယူလိုက်ကာ
ဖုန်းဆက်ဖို့ပြင်လိုက်မိတော့ တိုင်ကပျောက်နေတော့သည်။
“တောက် …´´
စိတ်တိုစွာ တချက်တောက်ခတ်လိုက်ပြီးနောက် ဇနီးဖြစ်သူကို
“ မ ခုလောလောဆယ်ဆယ်မောင်တွန်းလိုက်မယ်
တိုင်မိတဲ့နေရာမှဖုန်းဆက်ကြတာပေါ့…´´
ဝင်းဝင်းဘာမှပြန်မပြောပဲ အမှောင်ထုအတွင်းဆီသို့တစုံတခုကို
မြင်နေရသည့်အလား စူးစိုက်ကြည့်နေမိသည်။
“မ ဘာတွေကြည့်နေတာလဲ မောင်ပြောတာကြားရဲ့လား…´´
“ကြားတယ်မောင် ခုနက မောင်ဖုန်းလုပ်နေတုန်း
လူလိုလို ဖြူဖြူတခု မောင့်ဘေးကဖြတ်သွားတယ်…´´
“ဟာ…မဟုတ်တာ ဘယ်သူမှမဖြတ်သွားပါဘူး…´´
ဝင်းဝင်းကိုကြည့်ရင်း ကျော်သက် အလန့်တကြားပြောသည်
“မတကယ်ပြောနေတာမောင် မကြောက်လာပြီ…´´
ပြောရင်းကျော်သက်အနားသို့တိုးကပ်လာလေတော့သည်။
“ဒါဆို မောင်ဖုန်းမီးဖွင့်လိုက်မယ်ယူထား…´´
ပြောလိုက်ရင်း ပါလာသည့်ဖုန်းမှ ဓတ်မီးကိုဖွင့်လိုက်လေသည်
ပြီးနောက် ဝင်းဝင်းကိုပေးလိုက်စဉ် ဝင်းဝင်းနောက်မှနေ၍
ဆံပင်ရှည်ကြီးများဖြင့်အဖြူရောင်အဝတ်စားများဝတ်ထားသည့်
မိန်းမတဦးက ရိပ်ကနဲပေါ်လာပြီး ချက်ခြင်းပျောက်သွားသည်။
“ဟာ…´´
“မောင် …မောင်ဘာဖြစ်လို့လဲ…´´
ကျော်သက် ပြောမည်ပြင်ပြီးကာမှ ဝင်းဝင်းကိုသနားသွားပြီး
“မောင့် ခြေထောက်စူးသွားလို့…´´
ပြောလိုက်ရင်း ဖုန်းလေးကိုဝင်းဝင်းထံ ကမ်းပေးလိုက်သည်
ထိုအခါ ဝင်းဝင်းက ထင်မှတ်မထားသည်တခုကို ပြုတော့သည်
အကြောင်းမှာ ဖုန်းမီးကို ပိတ်လိုက်ပြီး ဖုန်းကိုတအားလွဲ၍
လွင့်ပြစ်လိုက်ခြင်းပင်ဖြစ်လေသည်။
“ဟာ မအဲဒါ ဘာလုပ်တာလဲ…´´
“ဘာမလဲ ငါမ မဟုတ်ဘူးကွ မင်းကိုငရဲခေါ်မယ့်လူ
ဟား ဟား ဟား ဟား…´´
ဝင်းဝင်းလေသံမှာ ယောက်ကျာ်းရင့်မာကြီး တဦးလေသံ
ထွက်ပေါ်လာပြီး ကျော်သက်ကိုစိုက်ကြည့်ရင်းပြောလာသည်။
“မ မဘာတွေပြောနေတာလဲ ဘာဖြစ်နေတာလဲ…´´
“မင်းနောက်တခါ မခေါ်ရင်ချက်ခြင်းသေရမယ်…´´
အက်တက်တက်အသံကြီး ဝင်းဝင်းထံမှထွက်ပေါ်လာပြီးနောက်
ရုတ်တရက် ကျော်သက်အနားသို့လျင်မြန်စွာတိုးကပ်လာကာ
ဘယ်လက်တဖက်တည်းဖြင့် ကျော်သက်ခန္တာကိုယ်အား
အရုပ်လေးပမာ မထားလိုက်လေတော့သည်။
“ခစ် ခစ် ခစ်…´´
မိန်းကလေးတယောက်ရဲ့ရယ်သံ သို့သော်လည်း ထိုအသံမှာ
ဝင်းဝင်းအသံမဟုတ်သည်ကို ကျော်သက်သက်သတိထားမိသည်။
“ရှင် ပြန်မယ်ဆို အောက်ကိုချက်ချင်းပြန်ချပေးမယ်
ဒါပေမဲ့ ဒီခန္တာကိုယ်ပိုင်ရှင်ကိုထားခဲ့ရမယ်…´´
ဝင်းဝင်းက ကျန်လက်တဘက်က သူမကိုယ်သူမ ညွန်ပြရင်း
ကျော်သက်ကို ပြောလာခြင်းဖြစ်လေသည်။
“ ခင်ဗျား ခင်ဗျားတို့ကဘာတွေလဲ…´´
အခြေအနေကို အကဲခတ်မိပြီဖြစ်သောကြောင့် ကျော်သက်က
ကြောက်ရွံ့တုန်လူပ်စွာ မေးမိလေသည်။
“ဒါကို မင်းသိစရာမလိုပါဘူး ငါ့ညီမစကား
နားထောင်မှာလား နားမထောင်ဘူးလားပဲပြော…´´
ယောက်ကျာ်းသံဖြစ်လိုက်မိန်းကလေးပြန်ဖြစ်လိုက်ဖြစ်နေသော
ဝင်းဝင်းကိုကျော်သက် သူမလက်ထဲကနေမယုံနိူင်စွာဖြင့်ပင်
ကြည့်နေမိလေသည်။
“ရှင်မြန်မြန်ဖြေလေ အကိုကြီးစိတ်တိုလာရင်
ရှင့်ကို ကျွန်မလဲမကယ်နိူင်ဘူးနော်…´´
“ ကျွန်တော် ကျွန်တော်…´´
ကျော်သက်စကားက ရှေ့ဆက်ထွက်မလာပါ အကြောင်းမှာ
သူကြောက်ရွံ့တုန်လူပ်နေပြီဖြစ်ပေမဲ့ ချစ်ရသော ဇနီးကိုလဲ
စွန့်ခွာထွက်ပြေးသည်အထိ မရက်စက်နိူင်သောကြောင့်ပင်။
“ ကြာပါတယ် ဒီကောင့်ကိုအရင်သတ်မယ်…´´
ယောက်ကျာ်းအသံကြီး ပေါ်ထွက်လာပြန်ပြီးသည့်နောက်တွင်
ဝင်းဝင်းက ကျော်သက်ခန္တာကိုယ်အား လမ်းနဘေးရှိ သစ်ပင်
ကြီးဆီသို့ ခဲတလုံးပမာ ပြစ်ပေါက်လိုက်လေတော့သည်။
“ အား…´´
ကျော်သက် အလန့်တကြားအော်ဟစ်လိုက်မိလေတော့သည်
သို့သော်လည်း သူ့ကိုယ်လုံးကြီးမှာ ဆက်၍မပြေးတော့ပဲ
တစုံတခုရဲ့ညင်သာစွာ ဖမ်းထားခြင်းကို ခံလိုက်ရလေသည်။
ထို့ကြောင့် ကြောက်လန့်စွာမှိတ်ထားသည့် မျက်လုံးကို
ဖွင့်ကြည့် လိုက်မိသောအခါတွင် သူထက်ပင်အတော်လေး
ငယ်မည့်လူငယ်လေးတဦးကို ဆိုင်ကယ်မီးရောင်အောက်မှာ
မြင်တွေ့လိုက်ရလေတော့သည်။
“ မကြောက်ပါနဲ့ အကိုကြီး ကျွန်တော်က
လူတေယာက္ပါ…´´
“ဟုတ်တယ် ဟုတ်တယ် ကောင်လေးကလူ
ကောင်လေးကလူ ငါကကြက်တူရွေး ငါက
ကြက်တူရွေး…´´
အသံသေးသေးစူးစူးလေးပေါ်လာသဖြင့် အလန့်တကြား
ကြည့်မိလိုက်တော့ လူငယ်ပခုံးထက်တွင် ကြက်တူရွေးလေး
တကောင်ရှိနေသည်ကို မြင်ရပြန်လေသည်။
ယနေ့ညသည် ကျော်သက်အဖို့ အလွန်ထူးဆန်းသောည
အဖြစ်အပျက်များ ဖြစ်ပေါ်နေသည်။
“ ရှင်က ဘယ်သူလဲ ချောလိုက်တာ ခစ် ခစ် ခစ်…´´
ဝင်းဝင်းအသံက ထွက်ပေါ်လာပြီး သူတို့ထံလှမ်းလာလေသည်
“အကိုကြီးမှာ မီးခြစ်ပါလာရင် ဟောဒီသစ်သားကို
ဓတ်ဆီလောင်းပြီး မီးတို့လိုက်…´´
လူငယ်က ပြောရင်း သူနဘေးမှ သစ်ကိုင်းကြီးကြီးတခုကို
ကောက်ယူလိုက်ကာ ကျော်သက်ကိုပေးလေသည်။
“ဓတ်ဆီက ဘယ်က…
“အကိုကြီး ဆိုင်ကယ်ထဲမှာရှိတယ်မဟုတ်လား…´´
ကျော်သက် သဘောပေါက်သွားပေမဲ့ သူတို့ရှေ့မှာ ရပ်နေသော
ဝင်းဝင်းကို မည်သို့ကျော်ဖြတ်ရမည်မသိပဲဖြစ်နေလေသည်။
ဒါကို လူငယ်က နားလည်သွားသည့်အလျား ချက်ခြင်းပင်
ကျော်သက်ရှေ့သို့ တိုးထွက်ကာ။
“ကဝေမနဲ့ သရဲနီကြီး ခင်ဗျားတို့ကို ကျူပ်မြင်ရပါတယ်
အပြစ်မရှိတဲ့လူတွေကို ဘာလို့ ဒုက္ခပေးတာလဲ…´´
သူတို့ထံ တခစ်ခစ်ရယ်ရင်း ဖြည်းညင်းစွာ လှမ်းလာနေသော
ဝင်းဝင်းရဲ့ခြေလှမ်းများရပ်တန့်သွားကာ။
“ ငါတို့ကို သိနေတယ်ဟုတ်လား
မင်းကသာမာန်လူ မဟုတ်ဘူး မင်းဘယ်သူလဲ…´´
ယောက်ကျာ်းသံကြီးဖြင့် မေးလာလေတော့သည် ထိုအခါ
လူငယ်လေးက ကျော်သက်အနားကပ်ခါ အသံတိုးတိုးဖြင့်။
“ ကိုကြီး သွားတော့ မီးမပိတ်နဲ့ကြံဖန်လုပ်
သူတို့ခုလောလောဆယ် ကျွန်တော့်ကိုအာရုံ
ထားနေကြပြီ…´´
ကျော်သက်လည်း မချင့်မရဲဖြင့် ဝင်းဝင်းကို ပတ်လိုက်ပြီး
ဆိုင်ကယ်ဆီတိုးကပ်သွားလိုက်လေတော့သည် လူငယ်လေး
ပြောသလိုပင် ဝင်းဝင်းမှာ သူ့ကို လုံးဝဂရုမစိုက်ဘဲရှိနေသည်
မီးကိုမမှိတ်နဲ့ဆိုသောကြောင့် သော့ကို မပိတ်တော့ဘဲ
ဆီပိုက်ကို ဆွဲဖြုတ်လိုက်ကာ ကြလာသည့် ဆီများကိုသာ
ထိုတုတ်ကို စိုစေလိုက်လေသည်။
“မေးနေတာ ဖြေလေ ရှင်ဘယ်သူလဲ…´´
အတော်ကြာသည်အထိ ဘာမှပြန်မဖြေသော လူငယ်ကို
စိတ်မရှည်တော့ဟန်ဖြင့် ဝင်းဝင်းက မေးလာပြန်သည်။
ထိုအချိန် ကျော်သက်မှာ လူငယ်အနားသို့ ပြန်၍ရောက်ရှိ
လာပြီဖြစ်လေသည်။
“ခင်ဗျားတို့ သူတို့ကို ဒုက္ခမပေးပဲ အေးအေးဆေးဆေး
ထွက်သွားကြရင်ကောင်းမယ်…´´
လူငယ်ရဲ့လေသံက အနိမ့်အမြင့်မရှိ တည်ကြည်စွာဖြင့်
ထွက်ပေါ်လာလေတော့သည်။
“ မင်းကို ငါခုသတ်မယ် ဟီး ဟီး ဟီး ဟီး…´´
ဝင်းဝင်းက ရုတ်တရက်ယောက်ကျာ်းသံကြီးဖြင့် ပြောလိုက်ရင်း
သူတို့ရှိရာ လျင်မြန်စွာ ပြေးလာလေတော့သည်။
“ကောင်လေးသတိထား သတိထား…´´
လူငယ်ပခုံးထက်မှကြက်တူရွေးလေးက အော်ဟစ်လိုက်ပြီး
အပေါ်သို့ပျံတက်သွားလေတော့သည်။
“တုတ်ကိုမီးတို့လိုက်တော့ …´´
လူငယ်ကကျော်သက်ကို အော်ပြောလိုက်ပြီးနောက်တွင်
ဝင်းဝင်းထံသို့ ပြေးသွားလေတော့သည်။ ငေးငိုင်နေမိသော
ကျော်သက် လူငယ်စကားသံကြားသော အခါမှ အိတ်အတွင်းမှ
မီးခြစ်ကိုထုပ်ကာ ဓတ်ဆီစွတ်ထားသည့် တုတ်ကိုမီးတို့လိုက်
လေတော့သည်။
ထိုအခါတွင် ဆီစွတ်ထားသည့် တုတ်ချောင်းမှာ ဟုပ်ကနဲ
ချက်ခြင်းတောက်လောင်ကာ ပတ်ဝန်းကျင်ကို အတော်ပင်
လင်းလက်လာစေလေသည်။
မီးတို့အပြီးတွင်ကျော်သက် အနားသို့ လူငယ်လေးက
ပြန်ပြေးလာသလို နောက်မှဝင်းဝင်းကလဲ ပြေးလိုက်လာသည်။
ထိုအချိန်တွင် လူငယ်လေးက တောက်လောင်နေသောမီးကို
ပြေးနေရင်းစူးစိုက်ကြည့်ရှုကာ လက်ညိုးထိုးလိုက်ပြီး။
“ မိစ္ဆာတွေကို ကူညီတိုက်ပေးပါ…´´
တည်ငြိမ်သောလေသံဖြင့် ပြောဆိုရင်း နူတ်မှဂါထာတပုဒ်ကို
ခပ်တိုးတိုးရွတ်ဆိုလိုက်သောအခါ။
“ဟူး…ဟူး…ဟူး…´´
မီးလုံးများတလုံးပြီးတလုံး အပေါ်ပျံတတ်လာကာ ဝင်းဝင်းအား
ဝိုင်းထားလေတော့သည်။
“မူလအသွင်ရောက်အောင် တိုက်ခိုက်ပေးပါ…´´
လူငယ်နူတ်မှစကား ပေါ်လာသည်နှင့် မီးလုံးများသည်
ဝင်းဝင်းအား တလုံးပြီးတလုံး ဝင်တိုက်ကြလေသည်။
“အား ပူတယ် ပူတယ် မောင်ကယ်ပါဦး
အဲမီးတုတ်ကြီးကို သတ်ပေးပါ ပူတယ်အား…´´
သနားစဖွယ် ဝင်းဝင်းအသံထွက်ပေါ်လာသဖြင့် ကျော်သက်
ငေးငိုင်သွားမိစဉ်မှာ လူငယ်က။
“ကိုကြီး သူတို့စကားကို မယုံနဲ့နော်
ကိုကြီး မိန်းမဘာမှမဖြစ်စေရဘူး ညီအာမခံတယ်
ညီကိုယုံပါ အကိုကြီးအပေါ်မှာ ညီအသက်
အကိုကြီးအသက်အပ်လိုက်ပြီ…´´
ပြောလိုက်ရင်း လူငယ်က မီးတုတ်အနီးကပ်ထိုင်ကာ မျက်လုံး
မှိတ်လိုက်ပြီး ဂါထာဆက်ရွတ်နေလေတော့သည်။
“မောင် ကယ်ပါ မအရမ်းပူနေပြီ မီးတုတ်ကို
သတ်ပေးပါ သတ်ပေးပါနော်…´´
ဝင်းဝင်းမှာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့်ပင်လျင်
မီးလုံးများတိုက်ခိုက်ခြင်းကို ခံနေရကာ အော်ဟစ်နေသည်။
“မောင် မကိုမချစ်တော့ဘူးနော် မလက်လျော့လိုက်ပါပြီ
မသေရင် သေပါစေတော့မောင်ရယ်…´´
ဝင်းဝင်းအသံမှ ဝင်းဝင်းအသံအစစ် တကယ့်ကိုသနားစဖွယ်
ထွက်ပေါ်နေလေသည်။
ကျော်သက် စိတ်ဒွိဟ ဖြစ်သွားကာ နောက်ဆုံးတွင်တော့မူ
ဇနီးအားချစ်သည့် စိတ်ဖြင့် မီးသတ်ပေးရန်တွေးလိုက်မိကာ
မီးတုတ်ရှိရာသို့လျောက်သွားလိုက်လေတော့သည်။
ထိုအချိန် အထိလူငယ်က မျက်လုံးမဖွင့်သေးသလို နူတ်မှ
ခပ်တိုးတိုးရေရွတ်နေဆဲ။
“မောင် လုပ်လေမြန်မြန် ဘာငေးနေတာလဲ…´´
ဝင်းဝင်းက ခပ်လောလောပြောလာသဖြင့် ငေးငိုင်နေမိသော
ကျော်သက် သတိဝင်သွားပြီး မီးကို သတ်မည်ပြုစဉ်မှာပင်။
“ငရဲပြည်မီး အင်အားကြီး…´´
လူငယ်နူတ်မှ အသံထွက်လာပြီး ရုတ်တရက် မီးတုတ်ကို
ကိုင်ကာထရပ်လိုက်ပြီးနောက် ဝင်းဝင်းထံသို့ ပြေးသွား
လေတော့သည်။
“အား ကြောက်ပြီ…အား သေပြီ…´´
ထူးဆန်းလှသောမြင်ကွင်းတခုပင် လူငယ်မှာ မီးတုတ်ကို
ကိုင်ထားပြီး ဝင်းဝင်းကိုမရိုက်ဘဲ ဘေးဘယ်ညာသို့သာ
ရိုက်နက်နေတာဖြစ်လေသည်။
နောက်ဆုံးတွင်တော့ လူငယ်က ရိုက်နက်ခြင်းကို ရပ်တန့်ကာ
နောက်သို့ဆုတ်လာလေတော့သည်။
“မိတ်ဆွေအမျိုးသမီး ပြန်ကောင်းသွားပါပြီ
သရဲနီနဲ့ ကဝေမလဲမရှိတော့ပါဘူး
ကျွန်တော့်ကိုခွင့်ပြုပါဦး ခင်ဗျာ…´´
ယဉ်ကျေးစွာပြောလာပေမဲ့ ခုနတုန်းကလို အကိုကြီး
ညီလေးလို့ မသုံးတော့တာကို ကျော်သက် သတိထားမိသည်
ထို့ကြောင့် မိမိလုပ်ရပ်အတွက် မိမိရှက်မိသွားသည်
ထိုစဉ်မှာပင်။
“ဟယ်မောင် မဘာဖြစ်သွားတာလဲ သူကဘယ်သူလဲ…´´
ဝင်းဝင်းက မေးရင်းကျော်သက်ထံပြေးလာကာ ရပ်နေသည်။
“ညီလေး အကို့ကို ခွင့်လွတ် ခွင့်…
“ရပါတယ်ဗျာ လူတိုင်းမှာ အားနည်းချက်ရှိတတတ်ပါတယ်
ကဲမိတ်ဆွေတို့ ကျွန်တော့်ကို ခွင့်ပြုပါဦး…´´
ပြောလိုက်ရင်း အမှောင်အတွင်းသို့ လူငယ်လေးက ပြေးလွား
တိုးဝင်သွားစဉ်မှာပင် အတောင်တဖျပ်ဖျပ် အသံလေးပါ
ကြားလိုက်ရလေတော့သည်။
ကျော်သက်မှာ ဆွံ့အနေသူအလျား ငေးငိုင်ကျန်ခဲ့ရသည်
သူက ချစ်ဇနီးအတွက် မီးကိုငြိမ်းသက်ဖို့ စိတ်ကူးမိသူ
ဖြစ်နေသည် မဟုတ်ပါလား။
{ ဒီဇတ်လမ်းလေး ဆက်ရေးရမလားဆိုတာစဉ်းစားရင်း }
လျို့ဝှက် လူ
23.2.2019
မူရင်းရေးသားသူ -လျှို့ဝှက်လူ