ကိုးလောင်းစံအိမ်(စ/ဆုံး)
———————–
ကျွန်းသစ်တွေ အများအပြားပေါက်ရောက်
တဲ့တောင်နီတောကြီးဆိုတာပြင်ဦးလွင်မြို့ရဲ့
အနောက်မြောက်ယွန်းယွန်းမှာ ရှိတာလေ။
တောလမ်းခရီးကဆိုရင် ခုနှစ်မိုင် ရှစ်မိုင်
လောက်ပဲဝေးမယ်လို့ ခန့်မှန်းရတယ်။
ပြင်ဦးလွင်မြို့အစွန်က ကြည့်လိုက်ရင်
ညို့ညို့မှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်း တော
နက်ကြီးအလယ်မှာ တောင်နီကမ်းပါး
ရံကြီးကို ထီးထီးမားမား လှမ်းမြင်နိုင်
ပါတယ်။
ကျွန်းသစ်ခုတ်သွားကြပြီဆိုရင် တောင်နီ
ကြီး တောင်ခြေမှာရှိတဲ့ ကျွန်းပင်ဆိုတဲ့
ရွာကလေးထဲမှာ ဘိုးနော်ဖတို့ ရှမ်းမိသား
စုလေးအိမ်မှာ တည်းတာဗျ။ ရွာကလေး
ဆိုပေမယ့် ၆ အိမ် ၇အိမျလောကျပဲ အိမ်
ခြေရှိပြီး တောထဲမှာ စုနေကြတဲ့နေရာလေး
တစ်နေရာပါပဲ။ ဘိုးနော်ဖတို့အိမ်ကလည်း
သူတို့လင်မယားရယ်၊ ကျုပ်နဲ့ရွယ်တူ
စိုင်းနော်ဝေးဆိုတဲ့ သားတစ်ယောက်နဲ့
မိသားစု သုံးယောက်ပဲ ရှိတာကိုး။
သူတို့အလုပ်ကတော့ သစ်ခုတ်တယ်
အမဲလိုက်တယ်။ အမဲလိုက်တာကတော့
အဓိကအလုပ်ပေါ့။ ကျုပ်တို့ သစ်ခုတ်ရာ
မှာ စိုင်းနော်ဝေးက ကူညီတယ်လေ။လုပ်
အားခတော့ ပေးရတာပေါ့။ ကျုပ်တို့သစ်
တွေရလို့ ပြန်ပြီဆိုရင်လည်း ရိက္ခာတွေ
အကုန်ပေးထားခဲ့တယ်။
တောတက်တယ်ဆိုတာ ရိက္ခာက ပိုပိုသာသာ
ထည့်ရတာကိုး။ သည်တော့ အမြဲတမ်း ပိုပြီး
အမြဲတမ်း ပေးထားခဲ့တာပေါ့။ ဒါနဲ့ ကျုပ်တို့ကို
တအားခင်နေတာပေါ့ဗျာ။ သည်တစ်ခေါက်
တော့ စိုင်းနော်ဝေးက ရွာကို အလည်လိုက်
ချင်တယ်ဆိုလို့ ရွာကို အလည်ခေါ်ခဲ့တယ်လေ
XXXXX
ရွာရောက်တော့ ကျုပ်အိမ်ကိုပဲ ခေါ်သွားပြီး
ဟိုအိမ်လည် သည်အိမ်လည်၊ ရွာနီးချုပ်စပ်
တွေ လိုက်ပြပြီးတော့ တစ်ခါတည်း ကျုပ်ဆ
ရာ ဖိုးသူတော်ကြီးဦးရွှေသီးကျောင်းကို အ
လည်ခေါ်သွားလိုက်တယ်။ ကျောင်းရောက်
လို့ ကျောင်းပေါ်တက်လိုက်တော့ ဦးရွှေသီး
က ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး
ကျုပ်တို့ကို လှမ်းကြည့်တယ်။
“ဟငါ့တပည့်ကျော် သာဒင်ပါလား၊
ဧည့်သည်လည်း ပါလာတာကိုး၊ လာ
လာ ထိုင်ကြ”
ကျုပ်တို့လည်း ဦးသူတော်ကို ဝတ်ချပြီး
ထိုင်ကြတာပေါ့။
“ဧည့်သည်ကို အကြမ်းအိုးချပေးပါကွ
သာဒင်ရ၊ ရော့ မြည်းကြ”
ဆိုပြီးစားပွဲပေါ်က အကြော်၊ လက်ဖက်သုတ်
မြေပဲဆံကြော် စုပြုံထည့်ထားတဲ့ ပန်းကန်ပြား
တစ်ချပ်ကို ကမ်းပေးတယ်။
ကျုပ်က အနားမှာရှိတဲ့ အကြမ်းအိုးထဲကို
ဦးသူတော်သောက်တဲ့ဓါတ်ဘူးထဲက
နှပ်ပြီးသားရေနွေးကြမ်းတွေ ထပ်ဖြည့်
ထည့်လိုက်ပြီး
“စိုင်းနော်ဝေး သောက်၊ ဒါ ငါ့ဆရာဦးသူ
တော်တဲ့ကွ ဦးသူတော် သူက တောင်နီ
တောထဲမှာရှိတဲ့ ကျွန်းပင်ရွာက စိုင်းနော်
ဝေးတဲ့၊ ရွာကို အလည်လိုက်လာတာ”
ကျုပ်က မိတ်ဆက်ပေးလိုက်တယ်။
ပြီးတော့ ဒေသအကြောင်း၊ တောအကြောင်း
တောင်အကြောင်း အလ္လာပ သလ္လာပ စကား
ပြောရင်း ဆေးဖက်ဝင် ဝံအူမြစ်အကြောင်းကို
ရောက်သွားကြတော့တာပဲ။ ဦးသူတော်က
“ငါ အဲ့ဒီဝံအူမြစ်ကို လိုချင်တာကွ၊ အရိုး
အကြောအတွက် သိပ်ကောင်းသလို
ထိခိုက်တဲ့ဒဏ်ရာ၊ ရောဂါကြောင့်ပေါက်
တဲ့ အနာတွေ အတွက်လည်း သိပ်စွမ်းတာ”
“တပည့်တော်တို့ တောင်နီတောထဲက
အိမ်ဝိုင်းကြီးထဲမှာ သိပ်ပေါပါတယ်ဘုရား”
စိုင်းနော်ဝေးက လျှောက်လိုက်တော့
ဦးသူတော်မျက်နှာ ဝင်းလက်သွားပြီး
“အေး လုပ်စမ်းကွာ၊ ငါ လိုချင်တယ်။
ဒါပေမဲ့ သူက အပင်တိုင်းတော့ မစွမ်းဘူး၊
စွမ်းတဲ့အပင်က တစ်နေရာမှာတစ်ပင်တောင်
တွေ့ခဲတယ်။ တစ်ပင်မှာလည်း တစ်တောင်
လောက်ပဲ စွမ်းတဲ့အကန့်ပါတာ။ ဒါကြောင့်
ထိုက်မှရတာလို့လည်း ပြောလို့ရတယ်၊
တကယ်တမ်းကျတော့ ဝံအူမြစ်လို့သာ
ခေါ်တာ၊ နွယ်ပင် တစ်မျိုးပဲကွ”
ဦးသူတော်ပြောတဲ့ ဝံအူမြစ်ကို
ကျုပ်လည်း မြင်ဖူးတွေ့ဖူးတယ်ဗျ။
ဒါပေမဲ့ ဦးသူတော်လို အကျိုးအာနိသင်
ကိုတော့ ထဲထဲဝင်ဝင် မသိပါဘူး။
ဦးသူတော်စကားကြောင့် ကျုပ်လည်း
စိတ်ဝင်စားလာပြီး
“ဦးသူတော် တပည့်တော်လည်း ဝံအူမြစ်ကို
တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဦးသူတော်ပြောတာ
တွေ နားမလည်လို့ ရှင်းပြပါဦးဘုရား”
“အေးမင်းတို့ ဗဟုသုတအဖြစ် မှတ်ထားကြ၊
ဝံအူမြစ်ကိုတွေ့ရင် ဓါးနဲ့ဖြတ်ကြည့်လိုက်၊
အရောင်က ဖြူညိုရောင်ရှိတယ်၊ အစေးက
အကြည်ရောင်ထွက်တယ်၊ အထဲက အနှစ်က
ဝံခြေရာလိုလို ကျားခြေရာလိုလိုရှိတယ်၊
ဒါပေမဲ့ ခြေသည်းရာလေးတွေမပါဘူး”
“တင့်ပါဘုရား၊ တပည့်တော်တို့တော့
ဒါမျိုးပဲတွေ့ဖူးပါတယ်”
“အေး အဲဒါက ဆေးဖက်မဝင်ဘူး၊
သာမန်ပဲ။အဲသည်နွယ်ကို တစ်တောင့်ချင်း
လိုက်ဖြတ်ကြည့်လိုက်ရင် အစွမ်းထက်တဲ့
အကန့်ပါလို့ အနက်ရောင်ကို ပြောင်းသွားပြီး
အစေးကလည်း အနက်ရောင်ပဲ ထွက်တော့
တာ။ ပြီးတော့ အတွင်းအနှစ်ခြေရာလေး
တွေမှာလည်း ခြေသည်းရာလေးတွေပါ
တယ်။နောက်ပြီး ဘယ်လိုဖြတ်ဖြတ် တစ်
ပြေးညီတည်းမတွေ့ရဘူး၊ အတွင်းအနှစ်
က ခြေရာလေးတွေက အတွင်းကို နည်း
နည်းဟိုက်နေတာကိုပဲ တွေ့ရတယ်၊
အဲသည့်အကန့်ကမှ ဆေးဖက်ဝင်တာ”
ဦးသူတော်က ရှင်းပြလိုက်ပြီး ယာလက်စ
ကွမ်းကို ပါးစောင်ထဲကို ထိုးသွင်းလိုက်တယ်
စိုင်းနော်ဝေးက
“အဲဒါတော့ တပည့်တော် နားမလည်ဘူး
ဘုရား၊ အဲသည်တောင်နီတောထဲက
အိမ်ဝိုင်းကြီးထဲမှာတော့ ဝံအူမြစ်နွယ်ပင်
တွေကတော့ ပေါမှပေါပဲ”
“အေး သည်လိုဆို ဒီတစ်ခါ သာဒင်တို့
တောတက်ရင် ငါလိုက်ခဲ့မယ်”
စိုင်းနော်ဝေးက စကားဆက်ပြန်တယ်။
“ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက လူမနေတာ
တပည့်တော်တစ်သက် မကတော့ဘူးဘုရား၊
တပည့်တော်တို့ နယ်တစ်ဝိုက်က လူတွေဆို
အိမ်ဝိုင်းထဲဝင်ဖို့ နေနေသာသာ အနားကို
မသီကြဘူး”
“ဟ ဘာဖြစ်လို့လဲ”
ဦးသူတော်က အံ့သြတဲ့ အမူအယာနဲ့ စကားကို
ထောက်လိုက်တယ်။
“တပည့်တော် သိထားတာကတော့ အိမ်ကြီး
ထဲမှာ တစ္ဆေသရဲတွေ အများကြီးရှိတယ်လို့
ကြားဖူးတာပဲ၊ တပည့်တော်တောင် တော
ပစ်ရင်း မျက်စိလည်ပြီး အမှတ်မထင်
ရောက်သွားရာက ဝံအူမြစ်တွေကို
တွေ့ခဲ့တာဘုရား”
ဦးသူတော်နှင့် ထွေရာလေးပါး စကားတွေ
ပြောကြပြီးနောက် အချိန်လည်း အတော်
လင့်ပြီမို့ ဦးသူတော်ကို ဝတ်ချပြီး ကျုပ်နဲ့
စိုင်းနော်ဝေးတို့လည်း အိမ်ကို ပြန်ခဲ့ကြတယ်။
ဒီလိုနဲ့ပဲ တောတစ်ခေါက်တက်ချိန်ရောက်
လာပြန်တော့တယ်။ သည်တစ်ခေါက်မှာ
တော့ ဖိုးသူတော်ဦးရွှေသီးက ဆေးဖက်ဝင်
ဝံအူမြစ်ရှာချင်တယ်ဆိုပြီး ကျုပ်တို့အဖွဲ့နဲ့
လိုက်ခဲ့တယ်ဗျ။ လမ်းအောက် ကျောက်ပုံ
စခန်းမှာ တစ်ညအိပ်ခဲ့ကြပြီး နံနက်လင်း
လင်းချင်း ထမောင်းလာခဲ့ရကြတာဆို
တော့ ညနေ (၃)နာရီလောက်မှာ တောင်
နီတောကြီးထဲက ကျွန်းပင်ရွာကလေးကို
ရောက်ခဲ့ကြတယ်။ ရောက်တာနဲ့ ဦးနော်ဖ
တို့အိမ်ကို တန်းသွားခဲ့ကြတယ်။
“သြော် မောင်သာဒင်တို့ ရောက်လာကြပြီကိုး”
ဦးနော်ဖက ခရီးဦးကြိုပြုရင်း ဖိုးသူတော်
ဦးရွှေသီးကို အံ့သြသလို ကြည့်နေရာ
စိုင်းနော်ဝေးလည်း လှည်းပေါ်ကဆင်း
လာပြီး
“အဘ သူက ကိုသာဒင်ရဲ့ဆရာ ဖိုးသူတော်
ကြီး ဦးရွှေသီးတဲ့၊ ဦးသူတော် အိမ်ပေါ်ကြွပါ
ခင်ဗျာ”
စိုင်းနော်ဝေးက ဦးသူတော်ကို အိမ်ပေါ်
ပင့်သွားပြီး ဦးနော်ဖက နောက်က လိုက်
သွားတယ်။ ကျုပ်တို့ကတော့ လှည်းတွေ
ဖြုတ်၊ ပစ္စည်းတွေချနဲ့၊ ခဏချင်းပဲ အလုပ်
ရှုပ်သွားတာပေါ့။ ပြီးတာမှ ထမင်းဟင်း
ချက်ကြ၊ နွားတွေကျွေးကြ၊ ရေခပ်ကြပေါ့။
ဦးနော်ဖတို့ မိသားစုသုံးယောက်ကတော့
အိမ်ပေါ်က ဦးသူတော်ကို ဧည့်ခံစကား
ပြောနေကြတယ်ဗျို့။ သည်လိုနဲ့ မှောင်ရီ
လေးသမ်းလာတော့ ထမင်းဝိုင်းပြင်တယ်။
စံအေးတို့ကတော့ လှည်းပေါ်က အရက်
ပုံးချပြီး စားကြသောက်ကြလုပ်နေတယ်။
သောက်တာတော့ ဦးသူတော်ပါလာတာ
မို့ သိသာသိစေ မမြင်စေနဲ့ပေါ့။
စားသောက်ပြီးတော့ ကျုပ်နဲ့စံအေးက
အိမ်ပေါ်တက်ပြီး ဦးသူတော်ကို ညဂျင်း
သုပ်ကပ်ရင်း ဦးနော်ဖတို့မိသားစုနဲ့
စကားပြောကြတယ်။ကျုပ်က
“ဦးနော်ဖ ကျုပ်ဆရာ ဦးသူတော်က
ဆေးဖက်ဝင် ဝံအူမြစ် ရှာချင်လို့တဲ့ဗျ။
အဲဒါ ကူညီပါဦးလို့ ”
“ဦးသူတော် ပြောပြလို့ သိပြီးပါပြီမောင်သာဒင်၊
ဒါပေမဲ့ သွားရှာရမယ့် အိမ်ဝိုင်းကြီးက အန္တရာယ်
များတယ်ကွဲ့၊ ဘယ်လိုအန္တရာယ်လဲဆိုတော့
တို့အဖေ ပြောတာတော့ အင်္ဂလိပ်တွေ မြန်မာ
ပြည်ကို အုပ်ချုပ်စဉ်ကပေါ့။ သစ်တောအရာရှိ
တစ်ယောက်က အဲဒီ့ အိမ်ကြီးကို ဆောက်ခဲ့
တာ။ သံဆူးကြိုးတွေ ကာပြီး ဝိုင်းသတ်မှတ်
ခဲ့တာဆိုပဲ။
ဝိုင်းက အကျယ်ကြီးပဲ။သူက သစ်တောနဲ့
ပတ်သက်ပြီး အရေးကြီးအလုပ်တွေ
ရှိတဲ့အချိန် သူကိုယ်တိုင် သည်အိမ်ကြီး
မှာ လာနေပြီး ကြပ်မတ်ခိုင်းလေ့ရှိသတဲ့။
အဓိကကတော့ ကျွန်းသစ်တွေ တအား
ထုတ်တာတဲ့။ သည်တော့ ဆင်ဝိုင်းတွေ
ရှိသလို ကျွဲဝိုင်းတွေ ကျွဲခေါင်းတွေလည်း
ရှိတာပေါ့။ အိမ်ကြီးကိုလည်း အခိုင်အမာ
ဆောက်တယ်။ အိမ်ရှေ့က စမ်းပေါက်
လျှိုကြီးကို ကျောက်တုတ်ကြီးခံ ရေဒလက်
ကြီးလုပ်၊ ပြီးတော့ မီးဆင်ထားတာ လျှပ်
စစ်မီးတောင် ရဆိုပဲ။
အားလပ်တဲ့အချိန်တွေမှာတော့ သူ့မိသားစု
ပါခေါ်လာတတ်တယ်။ နောက်လိုက်အခိုင်း
အစေတွေ၊ ရိက္ခာအပြည့်အစုံတွေထည့်
တောပစ်လိုက်ကြ၊ စားလိုက်ကြသောက်
လိုက်ကြနဲ့ တစ်လတန်သည် နှစ်လတန်
သည် အပန်းဖြေနေတတ်သတဲ့။
တောလိုက်တဲ့ နေရာမှာတော့ နယ်ခဲ
မုဆိုးဖြစ်တဲ့ တို့အဖေ နော်ကလောင်းကို
အမြဲခေါ်လို့ လိုက်ခဲ့တယ်။ အဲသည်လို
နေလာရာက တစ်ညမှာ မိသားစုနှစ်စု
၉ ယောက်တိတိ အစိမ်းသေ သေခဲ့
ရတယ်။ ဒါကြောင့် တို့မုဆိုးလောကမှာ
တော့ အဲဒီ့အိမ်ကြီးကို ကိုးလောင်းစံအိမ်
လို့ ခေါ်ကြတယ်”
ဦးနော်ဖက စကားအရှည်ကြီး ပြောလိုက်
ရလို့ အာခြောက်သွားသည်ထင့်။ အကြမ်း
တစ်ပန်းကန် သောက်လိုက်ပြီး လက်ထဲမှ
ဆေးလိပ်တိုကို မီးညှိကာ တစ်ချက်ရှိုက်
လိုက်တယ်။ စံအေးက သိလိုဇောနဲ့
“အဲသည်ကိုးယောက်က ဘယ်လိုဖြစ်
ကြတာလဲ”
“အေး ပြောမယ်လေ”
“ငါ့တပည့်တို့ စိတ်ဝင်စားတယ်နဲ့ တူတယ်”
“တင်ပါ့ဘုရား”
“ကဲ ဆက်ပြောဟေ့ ဒကာနော်ဖ”
“ပြောရမယ်ဆိုရင်တော့ အဲသည်အစိမ်းသေ
တွေက မကျွတ်သေးဘူးဘုရာ့၊ သေရတဲ့
အကြောင်းက သည်လိုဘုရာ့”
XXXXXXX
တောင်နီတောကြီးထဲမှ တဲစုလေးတစ်စု။
တဲမက အိမ်မကျ ဆောက်လုပ်ထားသော
လူတစ်ရပ်လွတ်ရုံ သက်ကယ်မိုးဝါးထရံ
ကာ အိမ်မြင့်ကလေးရှေ့ဝါးရုံပင်ရိပ် ကွပ်
ပျစ်ကလေးပေါ်တွင် မုဆိုးကြီးနော်ကလောင်း
ရေနွေးကြမ်းသောက်နေလိုက်သည်။
အသားညိုညိုနှင့် ဂင်ကောင်းကောင်း
မြန်မာလို ဝတ်ဆင်ထားသော လူတစ်
ယောက် ဝါးရုံပင်များကြားရှိ လူသွား
လမ်းကလေး အတိုင်း လျှောက်လာ
ရာမှ နော်ကလောင်းအနားသို့ ရောက်
လာကာ
“ဗျို့ ဦးနော်ကလောင်း၊ သခင်ကြီးက
လွှတ်လိုက်တာ”
“အေးထိုင်ကွာ၊ ရေနွေးကြမ်းသောက်ဦး”
“မသောက်တော့ဘူး၊ လုပ်စရာတွေရှိသေးလို့၊
ညကို ဆင်သေချောင်းစပ်က လျှိုထဲမှာ လင့်စောင့်
မယ်တဲ့၊ လင့်စင့်လည်း အသင့်လုပ်ပြီးပြီတဲ့၊ တော
ပစ်ရအောင် ညနေကို စောစောလာခဲ့ပါတဲ့ ”
“အေး အေး”
ပြောပြီးသည်နှင့် ထိုင်တောင်မထိုင်တော့ဘဲ
လာလမ်းကို ပြန်လှည့်သွားလေသည်။ ထိုသူ
ကား အခြားမဟုတ်ပေ။ အင်္ဂလိပ်သစ်တော
အရာရှိကြီး၏ အခိုင်းအစေ လူယုံတော်
ဦးသာဒွေးပင်။ ဦးသာဒွေးတို့တွင် မိသားစု
လေးယောက်ရှိလေသည်။
မိသားစုလေးယောက်စလုံး တောင်နီတောကြီး
ထဲကရှိ အင်္ဂလိပ်သစ်တောအရာရှိကြီး ဆောက်
လုပ်ထားသည့် အိမ်ကြီးတွင် အိမ်စောင့်အဖြစ်
နေကြလေသည်။ ညနေစောင်းသည်နှင့် မုဆိုး
ကြီးနော်ကလောင်းလည်း လက်ဆွဲတော် ဒူး
လေးကြီးကို ယူဆောင်လိုက်သည်။
ကျည်တောက်ထဲ မြားအပြည့်ထည့်၊ ရေဘူး၊
အမဲလိုက်ဓါးမြှောက်စသည့် မုဆိုးအသုံး
အဆောင်များယူလျက် သစ်တောအရာရှိကြီး
အိမ်သို့ ထွက်ခဲ့တော့သည်။ အရာရှိကြီး အိမ်
ရောက်သည့်အခါ အရာရှိကြီးနှင့် ဦးသာဒွေး
က ပစ္စည်းတွေနှင့် အသင့်စောင့်နေကြသည်။
အရာရှိကြီးက နော်ကလောင်းကို ဆလံပေး
ကာ နှုတ်ဆက်သည်။ ထို့နောက် အမဲပစ်
သေနတ်ကို ကောက်လွယ်လိုက်ကာ သူ၏
သား၊ သမီးတို့အား နှုတ်ဆက်လိုက်သည်။
လူယုံတော်ကြီး ဦးသာဒွန်းကလည်း သူ့မိ
သားစုကို နှုတ်ဆက်ကာ တောထဲသို့ ထွက်
ခဲ့ကြလေသည်။
တောက တဖြည်းဖြည်းနက်လာသလို
အမှောင်ထုက လည်း တဖြည်းဖြည်း
သိပ်သည်းစပြုလာလေသည်။ခရီးအ
တော်ကလေး ပေါက်ခဲ့သော်လည်း
သူတို့အသင့်လုပ်ထားသည့် လင့်စင်ရှိ
ရာ နေရာသို့ မရောက်သေး။
ယခုလို အချိန် လင့်စင်ပေါ်သို့ မရောက်သေး
လျှင် အန္တရာယ်တွေ့နိုင်သည်ကို ဦးနော်က
လောင်းက မုဆိုးအတွေ့အကြုံအရ သိနေ
သည်။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် ဦးသာဒွေး
ကို လက်တို့ လိုက်ကာ
“လင့်စင်ကို မရောက်သေးဘူးလားဗျ”
ဟု မေးလိုက်ရာ ဦးသာဒွေးက လေသံ
တိုးတိုးဖြင့်
“ဒါလောက်တော့ မသွားရဘူးဗျ၊ ဆရာ
မျက်စိလည်နေပြီထင်တယ်”
“ခင်ဗျားတို့ သုံးတဲ့ လမ်းပြတဲ့ဟာလေး
မပါဘူးလား”
“အဲဒီသံလိုက်အိမ်မြှောင်က မနေ့က
လင့်စင်ဆောက်တဲ့ နေရာမှာ ကျနေရစ်
ခဲ့လို့ဗျ”
“သည်လိုဆို ခင်ဗျားဆရာကို ပြောဦးလေ၊
သည်တိုင်း ဆက်သွားရင် အန္တရာယ်တွေ့နိုင်တယ်”
ထိုအခါ ဦးသာဒွေးက သူ့ဆရာကို သူတို့
ဘာသာစကားနှင့်ပြော၏။ အရာရှိကြီးမှလည်း
တစ်စုံတစ်ရာ ပြန်ပြောလေသည်။ နော်
ကလောင်းက နားမလည်သဖြင့်
“ဘာတဲ့လဲ ဦးသာဒွေး”
“မျက်စိလည်နေတယ်တဲ့၊ ခဏနားမယ်တဲ့”
သူတို့သုံးယောက် ခဏထိုင်နားရင်း ရေဘူး
ထဲမှ ရေကို တစ်ကျိုက်စီ မော့လိုက်ကြသည်။
အားလုံးအတွေးကိုယ်စီနှင့် စကားမပြောဘဲ
ငြိမ်နေကြလေသည်။ ဦးနော်ကလောင်းမှာ
တော၏အခြေအနေ တစ်မူထူးခြားနေသည်ဟု
ထင်သည်။ သားကောင်လွန်စွာပေါသည့်တောမှာ သားကောင်တစ်ကောင်မှ မတွေ့ရ။အသံတောင်
မကြားရဘဲ ငြိမ်သက်လျက် ရှိနေသည်။ အင်းဆက်
ပိုးမွှားကလေးများ အသံမှလွဲ၍ ဘာမှမကြားရပေ။
သည်တော့ တစ်ခုခုတော့ မှားနေပြီး မကြာမီ
ကျရောက်လာမည့် အန္တရာယ်လည်း ဦးနော်
ကလောင်း ကြိုမြင်နေရသလို ရှိလေသည်။
အတန်ငယ် အမောပြေ၍ ဆက်လျှောက်ကြရာ
လျှိုကြီးတစ်ခုထဲသို့ ရောက်လာကြသည်။ လျှို
ကြီးထဲတွင် ခြေမျက်စိသာသာရှိ ရေများစီးဆင်း
နေသည်။ စမ်းချောင်းကြီး ဖြစ်နေသောကြောင့်
ခဏရပ်ကာ တစ်ဖက်ကမ်းသို့ မီးလှမ်းထောက်
လိုက်ကြသည်။ မီးရောင်အောက်တွင် အစိမ်း
ရောင် တောက်နေသော မျက်လုံးနှစ်စုံကို
တွေ့လိုက်ရာ ဦးသာဒွေးနှင့်သူ့ဆရာမှာ
မီးကိုခဏပိတ်လိုက်ပြီး တီးတိုးစကားပြောနေ
ကြသည်။ နော်ကလောင်းက
“သည်အချိန် သည်အခြေအနေမှာ
ဘာကောင်မှ မပစ်တာ အကောင်းဆုံးပဲ
ကိုသာဒွေး”
နော်ကလောင်းသည် သူတို့ တောမှောက်နေပြီ
ဆိုသည်ကို မုဆိုးအတွေ့အကြုံအရ ရိပ်မိနေပြီ
ဖြစ်သည်။ တောမှောက်သည်ဆိုသည်မှာ မျက်
စိအာရုံမှားနေခြင်းကို ဆိုလိုသည်။
ရွာထဲရောက်နေသော်လည်း တောကြီးထဲဟု
ထင်ချင်ထင်နေသလို ကျေက်တုံးကျောက်ဆောင်
တို့ကိုလည်း သားကောင်မှတ်ချင်မှတ်နေတတ်
သည်။ တောမှောက်ပြီး လူကို သားကောင်မှတ်
ကာ ပစ်မိသည့်အဖြစ်ကို ကိုယ်တိုင်ကြုံခဲ့ကြောင့်
ပြောရခြင်း ဖြစ်သည်။ အရာရှိကြီးနှင့် ဦးသာဒွေး
မှာ အရေးမစိုက်ဘဲ ရှိနေကြသည်။ ထိုစဉ်မှာပင်
‘ဖောင်း၊ ဖောင်း”
အရာရှိကြီးက နှစ်ချက်ဆက်တိုက် ပစ်လိုက်ရာ
သေနတ်သံမှာ တစ်တောတုံး ဟိန်းသွားလေသည်။
ပစ်ပြီးနောက် မီးမှိတ်ပြီး အခြေအနေကို အကဲ
ခတ်နေကြသည်။ ခဏအကြာမှာ အရာရှိကြီးက
အခြေအနေကောင်းတယ်ဆိုသည့် သဘောဖြင့်
ဦးသာဒွေးအား လက်တို့ကာ လျှိုကြီးတစ်ဖက်သို့
ရေထဲမှ ဖြတ်လျှောက်ခဲ့ကြသည်။သားကောင်
လဲသည့်နေရာသို့ ရောက်သည့်အခါ မီးဖြင့်
ထိုးကြည့်လိုက်ရာ
‘အိုးမိုင်ဂေါ့ ”
‘ ဟာ”
“ဟင်ဘုရား ဘုရား”
သုံးယောက်သား အမေဍိတ်သံများ စုံသွားသည်။
မျက်လုံးပြူးသွားကြသည်။ မီးရောင်အောက်မှာ
တွေ့လိုက်ရသည့်က သေနတ်ဒဏ်ရာဖြင့်
အသက်ပျောက်နေသည့် လူနှစ်ယောက်။
လူနှစ်ယောက်ကို သေချာကြည့်လိုက်တော့
အရာရှိကြီး၏ဇနီးနှင့် သားအကြီးဖြစ်နေလေသည်။ အရာရှိကြီးလည်း မျောက်ငရုတ်ဆုံထိုင်မိသလို
ပျာယာခတ်သွားပြီး ပါးစပ်မှလည်း ဘာတွေ
ပြောမှန်းမသိ ဆူညံသွား၏။ နော်ကလောင်းနှင့်
ဦးသာဒွေးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိ ဖြစ်သွားလေသည်။
နော်ကလောင်းက ပတ်ဝန်းကျင်ကို
လျှိုကြီးကမ်းနဖူးမှနေ၍ ဝေ့ကြည့်လိုက်ရာ
ခန့်ညားထည်ဝါသည့် အိမ်ကြီးတစ်လုံးကို
တွေ့လိုက်ရသည်။ သူက ဦးသာဒွန်းကို
ပြလိုက်ပြီး
“ကျုပ်တို့ မျက်စိလည်ပြီး သူ့အိမ်ဝိုင်းကြီး
ထဲကို ပြန်ရောက်နေတာဗျ။ ဒါဟာ တော
မှောက်တယ်လို့ ခေါ်တယ်။ ဒါကြောင့်
ကျုပ်က သည်အခြေအနေမှာ ဘာကောင်မှ
မပစ်တာ အကောင်းဆုံးပဲလို့ ပြောတာ၊
ကဲလေ တစ်ယောက်နဲ့တစ်ယောက်
အပြစ်ပြောမနေပါနဲ့တော့၊ လုပ်စရာ
ရှိတာသာ ဆက်လုပ်ကြစို့”
အရာရှိကြီးကတော့ တောင်ထွက်ပြေးတော့မလို
မြောက်ထွက်ပြေးတော့မလိုလုပ်နေရာမှ အလောင်း
နှစ်ခုကို ပြေးပွေ့လိုက်သည်။ နှုတ်မှလည်း ဘာတွေ
ပြောမှန်းမသိ ဆူညံစွာ အော်ဟစ်ကာ အရူးမီးဝိုင်း
ဖြစ်နေလေသည်။ ဦးသာဒွေးက သူ့ဆရာအဖြစ်ကို
ကြည့်ပြီး
“ကျုပ်လည်း ဘာလုပ်ရမှန်း မသိတော့ဘူးဗျာ”
“ဘာလုပ်ရမှာလဲ၊ ခင်ဗျားဆရာ သွေးပျက်ပြီး
သည်းခြေမမှန်တော့ဘူး၊ သူ့ကို လုံခြုံရာ
တစ်နေရာကိုပို့ပြီးမှ ဒီအလောင်းတွေကို
ကြည့်စီစဉ်ရမယ်”
အရှေ့ဆီမှ ရောင်နီသမ်းပြီး လင်းစပြုလာလေပြီ။
သူတို့ နှစ်ယောက်လည်း အရာရှိကြီးကို ချော့ကာ
တစ်မျိုး၊ ခြောက်ကာတစ်မျိုးဖြင့် နှစ်ယောက်
အတင်းချုပ်ကာ အိမ်ကြီးဆီသို့ ခေါ်ခဲ့ကြတော့သည်။
အိမ်ကြီးဆီရောက်တော့ အိမ်သားတွေ
တစ်ယောက်မှ မတွေ့ရဘဲ အိမ်ကြီးက
တိတ်ဆိတ်နေလေသည်။ အိမ်ကြီးအပေါ်
ထပ်ရှိ အရာရှိကြီးမိသားစု အိပ်ခန်းသို့
အရာရှိကြီးအား နှစ်ယောက်တွဲခေါ်
လာခဲ့ကြသည်။ အိပ်ခန်းသို့အရောက်တွင်
မြင်လိုက်ရသည် မြင်ကွင်းကြောင့် နော်
ကလောင်းရော ဦးသာဒွေးပါ သတိလက်
လွတ် ဖြစ်သွားစေခဲ့သည်။
မြင်လိုက်ရသည့် မြင်ကွင်းမှာ ဦးသာဒွေး၏
သား၊ သမီးနှင့် ဇနီးတို့က ကြောက်လန့်
တကြား မျက်လုံးပြူးကြီးများဖြင့် တစ်စုံ
တစ်ယောက်ကို ကြောင်ကြည့်နေကြသော
ကြောင့် ဖြစ်သည်။ သားအလတ်ဖြစ်သူက
လက်ထဲတွင် သွေးများပေကျံနေသည့်
ခြောက်လက်မဓါးမြှောင်တစ်ချောင်းကိုင်
ကာ ငူငူကြီး ထိုင်နေလေသည်။
သူ့နံဘေးရှိ သွေးအိုင်ကြီးထဲတွင် ဝမ်းဗိုက်ကြီး
ကွဲကာ မသေမရှင် တွန့်လိမ်နေသည့် ပေါင်လုံး
လောက်ရှိသော မြွေကြီးတစ်ကောင်။ မနီးမဝေး
မှာတော့ တစ်ကိုယ်လုံး သွေးများ၊ အကျိ အချွဲ
များ ပေကျံနေပြီး သေနေသည့် (၉)နှစ်အရွယ်
ကလေးမလေးတစ်ယောက်၏အလောင်း။
မြင်လိုက်ရသော မြင်ကွင်းကြောင့် နော်က
လောင်းနှင့် ဦးသာဒွေးမှာ သတိလက်လွတ်
ဖြစ်သွားကြပြီး ဌင်းတို့ သိုင်းဖက်ချုပ်ထား
သည့် အရာရှိကြီးကို လွှတ်လိုက်မိသည်။
နှစ်ဦးသား ဦးသာဒွေး၏ မိသားစုထံ ပြေး
ဝင်သွားကြသည်။
” ဒိုင်း ဒိုင်း”
“ကိန် ကိန်”
သေနတ်သံကြောင့် နောက်သို့ လှည့်ကြည့်
လိုက်ကြရာ အရာရှိကြီးက သခင်ကို
ခရီးဦးကြိုပြုရန် ပြေးထွက်လာသော အိမ်
စောင့် အင်းခွေးကြီးနှစ်ကောင်ကို ခါးတွင်
ချိတ်ထားသော ခြောက်လုံးပြူးသေနတ်
ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်လေသည်။
ထိုအခါမှ နော်ကလောင်းတို့လည်း အရာ
ရှိကြီးခါးမှ သေနတ်အား သတိရကြလေသည်။
“ဟား ဟားဟား”
အရာရှိကြီးက အသံနက်ကြီးနှင့် ရယ်နေသလို
မျက်နှာကြီးမှာလည်း ကြမ်းတမ်းခက်ထန်စွာ
ကြောက်စရာအသွင်ကို ဆောင်နေသည်။
အရာရှိကြီး သွက်သွက်ခါအောင် ရူးသွားပြီ
ဆိုသည်ကို နော်ကလောင်းတို့ သိလိုက်ကြ
သည်။ သို့သော် သူတို့အသိက နောက်ကျ
သွားခဲ့လေပြီ။
“ဟား ဟား ဟား ဟား ”
“ဒိုင်း ဒိုင်း ဒိုင်း”
အရာရှိကြီးက ဦးသာဒွေး၏ သား၊ သမီးနှင့်
ဇနီး ဖြစ်သူတို့ သုံးယောက်ကို ပစ်လိုက်ရာ
ဦးသာဒွေးလည်း လျှပ်တစ်ပြက်ဝင်၍ လုံး
သတ်လေတော့သည်။ အရာရှိကြီးသားက
ဦးသာဒွေးအား ကိုင်ထားသော ဓါးမြှောင်နှင့်
ပြေးထိုးလိုက်ရာ၊
“စွပ်”
“အား”
ဦးသာဒွန်း ဖမ်းဆုပ်ကိုင်ထားသော အရာရှိကြီး
လက်ထဲမှ သေနတ်က ‘ဒိုင်း’ကနဲ ကျည်တစ်
တောင့်ထွက်သွားကာ သားဖြစ်သူအား ထိမှန်
လေတော့၏။ အရာရှိကြီးသား ခွေကျသွား
သလို ဦးသာဒွေးလည်း ဓါးချက်ကြောင့်
လဲကျသွားလေတော့၏။ အဖြစ်အပျက်က
မြန်ဆန်လွန်းသဖြင့် နော်ကလောင်း ဘာလုပ်
ရမှန်း မသိဘဲ ကြောင်နေစဉ်
“ဟားဟား ဟား”
အရာရှိကြီးက နော်ကလောင်းဘက်သို့
သေနတ်ပြောင်းလှည့်လာသည်။ ထိုအခါမှ
နော်ကလောင်း သတိဝင်လာပြီး ဘေးရှိ
တစ်ဖက်ခန်းထဲသို့ ဒိုင်ဗင်ထိုးဝင်လိုက်ပြီး
တံခါးကို ဂျက်ချလိုက်သည်။ ခါးမှ ဓါးမြှောင်
ကို ဆွဲထုတ်ပြီး အသင့်အနေအထားဖြင့်
တံခါးဘေးသို့ ကပ်နေလိုက်သည်။
“ဟားဟားဟား”
အရာရှိကြီး၏ ကြောက်စရာရယ်သံကြီးကို
ကြားနေရသည်။ အတန်ကြာတော့’ဒိုင်း’ကနဲ
သေနတ်သံတစ်ချက်ထွက်လာပြီး ‘အား’ဆို
သည့် အရာရှိကြီး၏ အသံနက်ကြီးပါ တွဲလျက်
ပေါ်လာသည်။ နော်ကလောင်းက အခန်း
တွင်းမှ နေ၍ အခြေအနေကို အကဲခတ်
နေလိုက်သည်။ အိမ်ကြီးတစ်ခုလုံး တိတ်
ဆိတ်ငြိမ်သက်သွားလေပြီ။
နော်ကလောင်းလည်း အခန်းတွင်းမှ သတိ
အနေအထားနှင့် ထွက်လိုက်ပြီး ပတ်ဝန်း
ကျင်ကို လေ့လာကြည့်လိုက်သည်။ အခန်း
တွင်းမှာ အလောင်းများပုံနေလေသည်။
နောက်ဆုံး သေနတ်သံတစ်ချက်မှာ အရာရှိ
ကြီး သူကိုယ်သူစီရင်သွားခြင်း ဖြစ်လေသည်။
နောက်ကလောင်းလည်း တစ်ခဏချင်း ဖြစ်
လိုက်သည့် သွေးပျက်စရာ မြင်ကွင်းများ
ကြောင့် သူ့ကိုယ်သူ သွေးပျက်မသွားအောင်
သတိကို စွဲမြဲအောင် အားတင်းပြီး အိမ်ကြီး
ထဲမှာ ထွက်ခဲ့လေတော့သည်။
XXXXX
“ကိုးလောင်းစံအိမ်ကြီးရဲ့ ရာဇဝင်ကတော့
ဒါပဲ မောင်စံအေးရေ”
“နောက်တော့ သည်အိမ်ကြီးကို စစ်ဆေး
မှုတွေ ဘာတွေ မလုပ်ကြဘူးလား”
ကျုပ်က မေးလိုက်တော့ ဦးနော်ဖက
ချက်ခြင်းမဖြေနိုင်သေးဘဲ အကြမ်းပန်းကန်
ကို ကောက်ကာ တစ်ကျိုက်သောက်လိုက်ပြီး
“သည်လိုဖြစ်ပျက်နေချိန်မှာ မြန်မာပြည်ထဲကို
ဂျပန်တွေ ဝင်လာပြီလေ။ အင်္ဂလိပ်တွေ မြန်မာ
ပြည်ထဲက ထွက်နေရပြီမို့ အဆက်အသွယ်
တွေပြတ်ပြီး အမှုမဲ့ပဲဖြစ်သွားတာပေါ့”
“ဒါနဲ့ နေပါဦး၊ (၉)နှစ်အရွယ် ကလေးလေးက
ဘာဖြစ်တာလဲ”
ကျုပ်က ကျန်နေတဲ့ စကားကို သိလိုဇောနဲ့
ထောက်လိုက်တော့
“အဖေပြောတာကတော့ တောထဲက မြွေကြီး
တစ်ကောင်ရောက်လာပြီး ကလေးကိုမျိုတာ၊
မျိုပြီး မသွားနိုင်ဘဲ စင်းနေတဲ့အချိန်မှာ အိမ်
သားတွေနဲ့တွေ့ပြီး အရာရှိကြီးသား အလတ်
က ဓါးမြှောင့်နဲ့ မြွေကြီးဗိုက်ကို ခွဲထုတ်တယ်။
ဒါပေမဲ့ ကလေးအသက်ကို မမီတော့ဘူးဖြစ်
သွားတာ ဖြစ်နိုင်တယ်လို့ ပြောတယ်”
“အေးအရာရှိကြီးက အကုသိုလ် အတော်
ကြီးတယ် ထင်ပါ့ကွယ်၊ ကဲကဲ မနက်ကို
အလုပ်ဘယ်လိုစီစဉ်ကြမလဲ”
“အဲတပည့်တော်စီစဉ်ထားတာကတော့
တပည့်တော်သား စိုင်းနော်ဝေးက စံအေး
တို့နဲ့ သစ်ခုတ်လိုက်သွားပြီး တပည့်တော်
ရယ်၊ ဦးသူတော်ရယ်၊ မောင်သာဒင်ရယ်
ဝံအူမြစ် သွားရှာမယ်လို့ စီစဉ်ထားတယ်
ဘုရာ့”
” အေး ကောင်းတယ်ကွာ၊ ညလည်း
နက်လာပြီ၊ အိပ်ကြစို့ရဲ့”
XXXXX
တောင်နီတောကြီးနဲ့ နံနက်ခင်းက အတော်
လှတယ်။ တောပန်းတောင်ပန်းတွေက အ
ရောင်စုံပွင့်ပြီး နေကြတယ်။ စိမ့်စိမ်းရေတံ
ခွန်တွေဆီက ရေစီးသံ ရေကျသံတွေနဲ့
သာယာလှပလို့။ ဦးနော်ဖခေါင်းဆောင်တဲ့
ဦးသူတော်နဲ့ ကျုပ်တို့သုံးယောက်က
လျှိုကြီးတစ်ခုကို ဖြတ်ကူးထားတဲ့ တံတား
အိုကြီး တစ်ခုကို ရောက်လာခဲ့တယ်။
တံတားအိုကြီးရဲ့ အထက်နားမှာ ခိုင်ခံ့တဲ့
ကျောက်တုတ်ကြီးခံပြီး ပြုလုပ်ထားတဲ့
ရေဒလက်ကြီးတစ်ခု တဝုန်းဝုန်း လည်
တာ တွေ့ရတယ်။ တံတားအိုကြီး တစ်
ဖက်မှာတော့ ချုံနွယ်ပိတ်ပေါင်းတွေ
ထူထပ်ပြီး သစ်ပင်တွေ အုံ့ဆိုင်းနေတယ်။
သံဆူးကြိုးတွေ ကာရံထားတာကိုလည်း
တွေ့ရတယ်။ အိုမင်းယိုယွင်းနေတဲ့
အိမ်ဝိုင်းကြီးထဲက အိမ်အိုကြီးတစ်လုံး
ကို ချောက်ချားဖွယ်ရာ လှမ်းမြင်လိုက်
ရတယ်။
” ကဲ လာကြ၊ ဝံအူမြစ်က သည်အိမ်ဝိုင်း
ကြီးထဲမှာ ရှာရမှာ”
ဟု ဆိုကာ ဦးနော်ဖက တံတားအိုကြီး
ပေါ်သို့ ခြေလှမ်းစလိုက်ရာ
“ဖလပ် ဖလပ် ၊ ဝှီး ၊ ဝုန်း၊ ဖုန်း”
တံတားအိုကြီး အလယ်လောက်ဆီက
သစ်သားပြားကြီးတွေက အလိုလိုကျိုးကာ
သံချက်များ ပြုတ်ပြီး လျှိုကြီးထဲကို ကျသွား
တာကြောင့် အားလုံး တွန့်သွားရတယ်။
ဦးနော်ဖက
“သတိနဲ့လျှောက်ကြနော်၊ တံတားက
အိုနေပြီဆိုတော့ ကြည့်တော့ နင်းကြ”
တံတားအိုကြီးကို ဖြတ်ကျော်ပြီး ဝိုင်းတံခါး
ဝအရောက်တော့ တံခါးပေါ်ကို ဖုံးလွှမ်းနေတဲ့
နွယ်ပင်တွေကို ဦးနော်ဖက ဓါးနဲ့ ဖြတ်တောက်
လိုက်ပြီး
“လာဟေ့ မောင်သာဒင် တံခါးဖွင့်ရအောင်”
နှစ်ယောက်သား တံခါးကြီးကို
မပြီးတွန်းဖွင့်လိုက်ရာ
“ကျွီ ကျွတ် ကျွတ်”
ခြောက်ကပ်ကပ် အသံကြီးနဲ့ အတူ တဝုန်းဝုန်း
လည်နေတဲ့ ရေဒလက်ကြီးက ခလုတ်နှိပ်လိုက်
သလို ရပ်တန့်သွားတယ်။ ရုတ်တရက်မို့ ချောက်
ချားစရာပင်။ အိမ်ဝိုင်းထဲရောက်တော့ ကျုပ်
လည်း နောက်ကျောမလုံသလို ခံစားရလို့
လှည့်လိုက်တော့ ရေဒလက်ကြီးက တဝုန်း
ဝုန်း ပြန်လည်နေတာတွေ့ရတယ်။
အိမ်ကြီးနားရောက်တော့ အိမ်ကြီးအပေါ်
ထပ်ကို ကျုပ်မျက်စိရောက်သွားတယ်။
မှိန်ပျပျမှန်ပြတင်းမှာ မိန်းကလေးတစ်
ယောက် ရိပ်ကနဲ ဖြတ်သွားတာကို မြင်
လိုက်ရတယ်။ ကျုပ်လည်း ထိတ်ကနဲ
ဖြစ်သွားရတယ် ။ ဦးနော်ဖနဲ့ ဦးသူတော်
တို့တော့ မြင်လိုက်သလား မပြောတတ်ဘူး။
“လာကြ ဝံအူမြစ်တွေက အိမ်ကြီးနောက်ဖေး
တောထဲမှာ”
အိမ်ကြီးဘေးက ပတ်ပြီး နောက်ဖေးဘက်ကို
ရောက်လာခဲ့ကြတယ်။
“ဂျလောက် ဂျလောက်”
အသံကြားရာကို ကြည့်လိုက်တော့ အပေါ်
ထပ်ဝရံတာထောင့်က ပိုးမျှင်တွေ တန်းနေတဲ့
ကုလားထိုင်ကြီးတစ်လုံးက လူတစ်ယောက်
ထိုင်လှုပ်နေသလို ဂျလောက် ဂျလောက်နဲ့
မြည်ပြီး ရှေ့တိုးနောက်ငင် ဖြစ်နေတာတွေ့
တယ်။
“ဟဲ ဟဲ ဟဲ”
ဦးသူတော်က ထုံးစံအတိုင်း မရယ်ချင့်
ရယ်ချင်ရယ် လိုက်သလို ဦးနော်ဖကလည်း
“ဟွန်း ဟွန်း ဒါလောက်တော့ မကြောက်သေး”
လို့ တီးတိုးရေရွတ်တယ်။ တစ်ယောက်နဲ့
တစ်ယောက် ဘာမှမပြောဘဲ အိမ်ကြီး
နောက်ဖေးရောက်အောင်သာ ဆက်
လျှောက်ခဲ့ကြတယ်။ အိမ်နောက်ဖေး
တောထဲရောက်တော့
“သည်မှာ ဦးသူတော် ဝံအူမြစ်တွေ ပါမှပေါ”
”
အေးဟုတ်တယ်ဟေ့၊ ဖြတ်ပြီးရှာကြကွာ၊
ငါပြောထားတဲ့အတိုင်းတွေ့ရင် ဖြတ်ပြီး
ယူထားကြ”
သုံးယောက်သား ဝံအူမြစ်နွယ်ပင်တွေကို
တစ်ပင်ပြီးတစ်ပင် ဖြတ်တောက်ရှာကြ
တော့တာပဲ။ အတော်ကလေးရှာမိတော့
ဦးနော်ဖက
“ဦးသူတော် တစ်ဖြတ်တော့ ရပြီဘုရာ့”
“အေး ငါလည်း နှစ်ဖြတ်တော့ ရပြီ”
ထိုအချိန်ဝယ်
” ဖျန်၊ ဖလောက်၊ ဖလောက်၊ ဖလောက်”
ကျောက်ခဲကလေးတွေကို ဆုပ်ပက်လိုက်
သလို ကျောက်ခဲလေးတွေက ချုံပင်များ
သစ်ရွက်များပေါ်ကို ပြန့်ကြဲပြီး ကျလာ
တယ်ဗျို့။ တစ်ခါ နှစ်ခါ သုံးခါလောက်
ရှိတော့
“ခြောက်ခြောက်ဟေ့၊ ဒါလောက်တော့
မကြောက်သေး”
ဦးနော်ဖက အော်လိုက်ရာ
ဦးသူတော်ကလည်း ‘ဒါပါပဲကွ’လို့ပြောကြ
ပေမယ့် ကျုပ်ကတော့ နောက်မလုံဘူး။
တဖွဲဖွဲကျလာတဲ့ ကျောက်တုံးတွေထဲမှာ
တစ်ခါတလေ လက်သီးဆုပ် ထန်းလုံး
လောက် ကျောက်တုံးတွေပါလာတယ်။
ဦးသူတော်နဲ့ နော်ဖတို့က မမှုပေမယ့်
ကျုပ်ကတော့ နောက်မလုံလို့ ခဏ ခဏ
လှည့်ကြည့်နေမိတယ်။
“ဂျွတ် ဂျွတ်ဂျွတ်ဖြောင်း”
သည်တစ်ခါတော့ ကြမ်းတယ်ဗျို့။
တစ်ပေပတ်လည်လောက်လုံးပတ်ရှိတဲ့
သစ်ကိုင်းကြီး ကျိုးကျလာတာ။ သစ်ကိုင်း
ကြီးက နွယ်ကြိုးနဲ့ ပတ်ပြီး ဒန်းလွှဲသလို
အရှိန်ပြင်းပြင်းနဲ့ ဦးနော်ဖဆီ ပြေးဝင်တာ
ဗျို့။ ဦးနော်ဖကလည်း လျင်တယ်လေ။
ကိုယ်ကို ပစ်လှဲလိုက်ပြီး တစ်ဖက်ဆင်ခြေ
လျောထဲ လှိမ့်ချလိုက်တာ။ သီသီလေး
လွတ်သွားတယ်။
သစ်ကိုင်းကျိုးကြီးဘေးက ကျောက်တုံးကြီး
ကို ဝင်တိုက်တာ ‘ဝုန်း’ဆိုတဲ့ အသံကြီးထွက်
လာပြီး သစ်ကိုင်းကြီးလည်း ကျေမွသွားတာပဲ။
သုံးယောက်သား နီးရာသစ်ပင်ကိုကပ်ပြီး
ငြိမ်နေလိုက်ကြရတယ်။ သည်တစ်ခါတော့
မကြောက်ပါဘူးဆိုတဲ့ ဦးသူတော်ရော
ဦးနော်ဖပါ နှစ်ယောက်စလုံး မျက်လုံးပြူး
နှုတ်ခမ်းမွေးပါ ကားသွားတော့တာပဲ။
“ရွှီးဝေါ”
အဲဒီအချိန်မှာပဲ မနီးမဝေးက နွယ်ကြီးတစ်ချောင်း
က လုံးပတ်တစ်ပေ အရှည်တစ်လံလောက်ရှိတဲ့
သစ်တုံးကြီးတစ်တုံးကို သစ်ပင်ကြီးပေါ် အရှိန်
ပြင်းပြင်းနဲ့ ဆွဲတင်သွားတယ် သစ်ပင်ကြီးခွကြား
မှာ သစ်တုံးကြီးက ကန့်လန့်ကြီးဖြစ်နေတယ်။
ကျုပ်တို့ သုံးယောက်လည်း အသက်တောင်
ပြင်းပြင်းမရှုရဲသလို ဖြစ်နေကြတယ်။
“ဝေါ ဝုန်းဒုတ်ဒုတ်”
တစ်ဆက်တည်းမှာပဲ သစ်ပင်ကြီးတစ်ပင်ပေါ်က
ဝါးချွန်တွေနဲ့ အစီအရီလုပ်ထားတဲ့ ဝါးကွပ်ပျစ်
တစ်ခုက ဝါးချွန်တွေပြေထွက်သွားပြီး အရှိန်
ပြင်းစွာနဲ့ ကျုပ်တို့ဆီ ဝုန်းကနဲ ပြုတ်ကျလာ
တယ်။ ကျုပ်တို့လည်း မြေကြီးပေါ်လှိမ့်ပြီး
သေလုမျောပါးရှောင်ကြရတယ်။
ကံကောင်းလို့တစ်ယောက်မှ မထိတာဗျို့။
ထိလိုက်လို့ကတော့ အရှင်လတ်လတ်တံစို့
ထိုးပြီးသားပဲ။ ဝါးချွန်တွေက တဒုတ်ဒုတ်နဲ့
မြေကြီးစိုက်ဝင်သွားကြတယ်။ သုံးယောက်
လုံး အသက်တောင် မရှုပဲ အတန်ကြာ ငြိမ်
သက်နေမိကြတယ်ဗျို့။ ခဏနေမှ ဦးသူ
တော်က သစ်တုံးကြီးမှာ ပတ်နေတဲ့ နွယ်
ကြိုးကြီးကို သွားကိုင်ကြည့်ပြီး၊
“ဟေ့ သာဒင်နဲ့ နော်ဖတို့ ဘာမှမလုပ်နဲ့
တော့၊ မင်းတို့လာတဲ့လမ်းအတိုင်း ပြန်ဆုတ်
ကြတော့ ”
ကျုပ်တို့လည်း ဦးသူတော်ပြောတဲ့အတိုင်း
ငတင်ပြားခြေလှမ်းမျိုးနဲ့ ပြန်ဆုတ်ခဲ့ကြတယ်။
ဦးသူတော်နားရောက်တော့
“သည်မှာကြည့်၊ နွယ်ပင်မဟုတ်ဘူးကွ၊
စတီးနန်းကြိုးကြီး၊ ဒါဟာ နာနာဘာဝ
မဟုတ်သလို သဘာဝလည်း မဟုတ်ဘူး၊
မဟုတ်မှလွဲရော မင်းပြောတဲ့ အရာရှိကြီး
ထောင်ထားခဲ့တဲ့ မောင်းတွေဖြစ်ရမယ်”
“ဟုတ်တာပေါ့ ဦးသူတော်၊ ဒါ တပည့်တော်တို့
မုဆိုးတွေ ထောင်လေ့ထောင်ထရှိတဲ့ မောင်တွေပဲ”
ဦးသူတော်စကားကို ဦးနော်ဖက ထောက်ခံ
လိုက်တယ်။သည်တော့ ဦးသူတော်က
“ငါက နာနာဘာဝ ဝိနာဘာဝတွေသာ နိုင်တာ၊
ဒါတွေတော့ မနိုင်ဘူး၊ ပြီးတော့ ဒါမျိုးတွေ
ဘယ်လောက်ရှိမှန်း မသိဘူး၊ အန္တယ်ရှိတယ်၊
ဆေးဖက်ဝင် ဝံအူမြစ်လည်း သုံးလေးဖြတ်
တော့ ရပြီ ပြန်ကြစို့ ”
ကျုပ်တို့လည်း လာလမ်းအတိုင်း ပြန်လှည့်
ခဲ့ကြပြီ။ အိမ်ကြီးနားရောက်တော့ အလာ
တုန်းက ဝရံတာထောင့်က ကုလားထိုင်ကြီး
က အလာတုန်းလို’တဂျောက်ဂျောက်’ နဲ့
လှုပ်နေပြန်ရော။ သည်တော့ ဦးနော်ဖက
“အံမာ ခုထိလှုပ်တုန်းပါလား မညောင်း
သေးဘူးလား”
လို့ နောက်လိုက်တယ်။
“ဦးသူတော် တပည့်တော်တို့ သည်ထဲဝင်လေ့လာကြဦးစို့လား”
ဦးသူတော်ကလည်း
“စိန်လိုက်လေ၊ တို့ဆရာတပည့်က ဒါမျိုး
သိပ်ဝါသနာပါတာ၊ မဟုတ်လည်း တို့တစ်
ညအိပ်ချင်အိပ်မှာလို့ မှာထားခဲ့တာပဲ”
ကျုပ်ကတော့ ဆိတ်ဆိတ်ပဲ နေလိုက်တယ်။
အချိန်ကတော့ မှောင်ရီသန်းကာစ။အိမ်ကြီး
ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အေးစိမ့်စိမ့်အ
ရသာနဲ့ လင်းနို့ချ?