ငါတို့တူတူ(စ/ဆုံး)
—————-
“”တူ•••တူ•••”””
ဖုန်းကဝင်ပါလျက်••
မကိုင်တာမို့အင်ကြင်းဒေါသတွေငယ်ထိပ်
ရောက်လာခဲ့သည်။^••
“”တောက်•••”””
ဆိုင်ကယ်သော့ယူကာ•••
အရှိန်ဖြင့်မောင်းထွက်လိုက်ရင်း••
မျက်နှာအားဖြတ်သန်းတိုက်ခတ်လာသော••
လေနုအေးနှင့်အပြိုင်••
ပါးပြင်ပေါ်သို့အေးစက်စက်မျက်ရည်များက
ခုန်ပေါက်လိမ့်ဆင်းလာခဲ့သည်။
“”နင်ရက်စက်တယ်ရာဇာ••••””
ရင်ဘတ်မှာသာမြည်ဟီးလာသော
စကားတို့သည်•••လည်ချောင်းက
ထွက်သွားခွင့်မရပါဘဲ•••
ဆို့နင့်ကျပ်ခဲနေသည်။••••
ခံစားချက်တို့သည်••
ဘာသာမဲ့စွာ••ခေါင်းစဉ်တို့လည်းရှာမရပေ။
အင်ကြင်းသိတာ•••
ရာဇာ့ကိုချစ်တာပဲဖြစ်သည်။•••
ရာဇာ့ကိုချစ်သည့်အချစ်သည်ပင်•••
အင်ကြင်းအတွက်ဝဋ်ကြွေးဖြစ်ခဲ့သည်။••••
အင်ကြင်းဆိုတာ•••
ရာဇာရောက်မလာခင်က••
မိမိခံယူချက်ဖြင့်••ဘာမထီဇာနည်ပုံစံဘုရင်မတစ်
ဦးသာဖြစ်သည်။••
အင်ကြင်းတို့မေဂျာမှာ••
အင်ကြင်းကကွင်းဖြစ်သလို••
ရုပ်ရည်၊ဓန၊အဆင့်အတန်းသည်•••
ထိပ်ဆုံးမှာရှိသည်။•••
ထို့ကြောင့်အင်ကြင်းလက်ညှိုးညွှန်ရာသည်
ရေဖြစ်သည်။•••
တစ်နေ့•••
အင်ကြင်းတို့မေဂျာသို့•••
ကျောင်းသားသစ်တစ်ယောက်ရောက်ရှိလာခဲ့သည်။••
“”ရာဇာအုပ်စိုး””
ရုပ်ရည်မှချောလှသည်မဟုတ်သော်လည်း•••
ခပ်မိုက်မိုက်အနေအထားက
နှစ်ခါလှည့်ကြည့်ယူရသည်။•••
နေရာသစ်သို့
တစ်ယောက်တည်းရောက်လာသော်လည်း^••
ခပ်ယို့ယို့အနေအထားမဟုတ်ပေ။•••
ထိုသို့ခပ်မိုက်မိုက်ထီမထင်ပုံစံနှင့်
အတူ•••
သူသယ်ဆောင်လာသောသတင်းကမသေးလှပေ။
ရည်းစားများသည်။•••
ရန်ဖြစ်သည်။•••
မိန်းကလေးများဆီမှခြူပိုင်းလုံးလုပ်သည်တဲ့။
သို့ပေမယ့်ရာဇာ့မျက်နှာက
နဂိုထောင့်မကျိုးသည့်ပုံစံအတိုင်းပင်။
ထိုယောကျာ်းနှင့်•••
အင်ကြင်းတို့ထိပ်တိုက်တွေ့သောနေရာသည်••••
~~~~~~~~~~~~~~
{၂}
“”အင်ကြင်းရယ်•••
နင့်ဟာကအဆန်းကြီး•••
ဆိုင်ကယ်ဖြင့်ဆိုင်ကယ်ကားဖြင့်ကားလာလည်းရတာကို
ခုတော့ဘာထွင်တာလဲ••
မိုးအုံ့နေပြီ••
လမ်းကလည်းဗွက်ထနဲ့””
“”နားမပူစမ်းနဲ့မိပန်ရယ်••
တစ်ခါတစ်လေ••ခြေလေးဘာလေးနဲ့
လျှောက်တော့••၊ကျန်းမာရေးနဲ့ညီညွတ်တာပေါ့””
“”ဆန်းတယ်ဆန်းတယ်•••
သူများတွေကျကားတွေဆိုင်ကယ်တွေမစီးနိုင်လို့
ခြေနဲ့သွားရတယ်•••
ခုကျကားတွေဆိုင်ကယ်တွေစီးရတာပျင်းလို့
ခြေနဲ့သွားတယ်•••
အဆန်း••အဆန်း”””
ပန်ပန်တို့သဇင်တို့ဘေးမှဘယ်လိုအော်အော်•••
အင်ကြင်းကကိုယ်လုပ်ချင်တာလုပ်ရ၍
ကျေနပ်လေသည်။•••
မိုးဖွဲလေးများကျလာတော့•••
မိပန်နှင့်သဇင်တို့အက်ဆစ်နှင့်အပစ်ခံရသလို
ဖျတ်ဖျတ်ခါနေသလောက်•••
အင်ကြင်းကပျော်သည်။•••
“”အင်ကြင်း••မိုးမမြင်လေမမြင်နဲ့•••
လမ်းဘေးကပ်လျှောက်ဦး”””
မိပန်စကားပင်မဆုံးသေးပေ။••
“”ဝူးးးးး””
“”ဖြန်းးးး”””
အင်ကြင်းမှာဗွက်အိုင်ဘေးမှဖြတ်အလျှောက်••
မိုင်ကုန်မောင်းလာသောဆိုင်ကယ်က••••
ဗွက်အိုင်ထဲမတရားဖြတ်ဆင်းလာခဲ့ရာ•••
“”ဖြန်းးးး”””
“”သွားပြီ•••တောက်•••ဘယ်ကမိမဆုံးမ ဖမဆုံးမလဲ”””
အင်ကြင်း•••အသံကုန်ဟစ်အော်လိုက်တော့••
ရှေ့သို့လွန်သွားသောဆိုင်ကယ်မှာ••
ဂငယ်ကွေ့ပြန်ကွေ့လာခဲ့သည်။
ဦးထုပ်အနက်ကြီးဆောင်းထားတာမို့
ရုပ်ရည်မမြင်ရပေ။
ပန်ပန်နှင့်သဇင်မှာတော့အင်ကြင်းအား
စနက်တံဖြုတ်တော့မည့်ဘက်ပစ်ဗုံးနှယ်
စိုးရိမ်တကြီးကြည့်နေလေသည်။
အင်ကြင်းသည်•••
ရန်တွေ့ရန်လက်နှစ်ဖက်အားခါးပေါ်
ဟန်ပါပါအထောက်•••
ဆိုင်ကယ်ဦးထုပ်အနက်ဆောင်းထား
သူမှာဦးထုပ်အားချွတ်လိုက်သည့်ခဏ•••
အင်ကြင်းရင်ထဲတွင်ပန်းတွေပွင့်သွားသလို•••
လေညင်းတိုက်သလို•••
ခံစားလိုက်ရသည်။•••
သေချာပါတယ်••
အင်ကြင်းဘဝမှာယောကျာ်းတစ်ယောက်ကြောင့်
ပထမဆုံးဆွံ့အဖူးတာ•••
“”ဆောရီးဗျာ••
အားနာလိုက်တာကျွန်တော်လောသွားလို့””
“”အဲ••အင်း••
အင်ကြင်းလည်းဗွက်အိုင်ကိုသတိမထားမိလိုက်လို့”””
“”ကျွန်တော်မှားတာပါဗျာ•••
အားနာလိုက်တာ•••
ကျောင်းသွားမှာထင်တယ်•••
ဒီပုံနဲ့ကျောင်းသွားဖို့မဖြစ်လောက်တော့ဘူး••
ဖြစ်နိုင်ရင်ကျွန်တော်နဲ့အနီးဆုံးစတိုးဆိုင်တစ်ခုခု
လိုက္ခဲ့ပါလား””
“”အင်းဒီလိုပဲလုပ်ရတော့မှာပေါ့””
“”အင်ကြင်း””
ပန်ပန်နှင့်သဇင်ကအထိတ်တလန့်ထအော်တော့••
အင်ကြင်းက•••
“”သွားနှင့်••အင်ကြင်းလိုက်ခဲ့မယ်•••
ထိုင်နေကျမုန့်ဆိုင်မှာစောင့်နေနော်”””
“”ကဲ••သွားရအောင်ဗျ••
ဒီကအစ်မတို့ကိုလည်းတောင်းပန်ပါတယ်ဗျာ””
အင်ကြင်းက•••
ပန်ပန်နှင့်•••သဇင်အားလက်ပြကာ•••
ဆိုင်ကယ်ပေါ်ပါလာခဲ့သည်။•••
ဆိုင်ကယ်ပေါ်ရောက်သည်နှင့်မိုးဖွဲလေးများပိုကျလာရာ
အင်ကြင်းခံစားချင်ကပို၍ကဗျာဆန်လာခဲ့သည်။•••
“””က်ြီး••••က်ြီ”””
အင်ကြင်းမှာအတွေးနှင့်နောက်မှလိုက်ပါလာရာ
ရှေ့ကဘရိတ်အုပ်လိုက်သည်နှင့်မျက်နှာက
ကျောသို့ဝင်ကပ်သွားတာမို့••
ပူနွေးရှိန်းမြသွားရသည်။
“”ကဲ••အမိရောက်ပြီ””
“”ကျွန်မအင်ကြင်းပါ””
“”ဟုတ်ကဲ့ကျွန်တော်က••ရာဇာအုပ်စိုး••
ရူပဗေဒတတိယနှစ်””
“”ဟယ်ဟုတ်လား••ကျွန်မနဲ့တူတူပါလား””
“”ဟုတ်ကဲ့ကျွန်တော်ကဒီနှစ်မှပြောင်း
လာတာအတန်းလာတက်တာတစ်ပတ်တောင်မပြည့်သေးဘူး”
“”ဟုတ်ကဲ့••ရာဇာကအထဲဝင်လိုက်မလား””
“”ရပါတယ်ကျွန်တော်ကောင်တာမှာ
စောင့်နေပါ့မယ်””
“”ဟုတ်ကဲ့””
အင်ကြင်းသည်••
စတိုးဆိုင်ထဲဝင်လျက်•••
ဖိစကဒ်လေးနှင့်မရိုးမဆန်းလွန်းသောရယ်ဒီမိတ်
ကိုယ်စေ့လေးတစ်ထည်ဝယ်ယူကာ
ဆိုင်ထဲမှာပင်လဲလှယ်ဝတ်ဆင်ခိုက်လေသည်။••
ရာဇာကအင်ကြင်းကိုတွေ့တော့••
“”မြန်သားပဲ•••”””
“”အင်းစောင့်နေရတာအားနာလို့•••
အစ်မဘယ်လောက်ကျလဲတွက်ကြည့်
ပေးပါလား”””
“”နေနေ••ကျွန်တော်ပေးမယ်””
“”မဟုတ်တာ••ဒီမှာအင်ကြင်းမှာယူပါအစ်မ””
“”ဟာ••ကျွန်တော်ပေးပါရစေ””
ရာဇာကအင်ကြင်းလက်အား••
ပိုင်စိုးပိုင်နင်းဆုပ်ကိုင်ကာ•••
ဟန့်တားလိုက်တာမို့
အင်ကြင်းအရှိန်တန့်သွားရသည်။
စတိုးဆိုင်မှထွက်လာတော့••
အကြင်းတစ်ခုတောင်းဆိုလိုက်သည်။
“”တစ်မျိုးတော့မထင်နဲ့နော်ရာဇာ••
အင်ကြင်းကိုအင်္ကျီဝယ်ပေးလို့
တစ်ခုခုပြန်ကျွေးပါရစေ””
“”အားနာလို့ဆိုရင်မလုပ်ပါနဲ့ဗျာ••
ကျွန်တော်ဘယ်လိုမှမတွက်ပါဘူး••”””
“”မိတ်ဖြစ်ဆွေဖြစ်ဆိုရင်ရော••
အင်ကြင်းကဘယ်ယောကျာ်းလေးကိုမှ
မခင်ဖူးဘူးရာဇာ့ကိုတော့ခင်မိတယ်””
“”တူတယ်ဗျာ••ကျွန်တော်လည်းအင်ကြင်း
ကိုခင်တယ်••တွေ့တွေ့ချင်းဆိုတော့••
တစ်မျိုးမြင်မှာစိုးလို့””
“”ဒါဆိုအင်ကြင်းကိုတစ်မျိုးမြင်တယ်ပေါ့””
“”မြင်တယ်••အင်ကြင်းကပွင့်လင်းပြီး
ချစ်စရာကောင်းတယ်လို့””
“”ခစ်••ခစ်••အဖြေကောင်းလို့နော်””
“”ဟားးဟားးဟားး””
ထိုနေ့ကအင်ကြင်းနှင့်ရာဇာတို့မှာ•••
အအေးဆိုင်တစ်ဆိုင်တွင်အတူထိုင်ဖြစ်ကြရင်း
ငယ်ပေါင်းတွေလိုရင်းနှီးခဲ့ကြလေသည်။
ကျောင်းရောက်တော့•••
အင်ကြင်းအားစိုးရိမ်တကြီးစောင့်နေသော
ပန်ပန်နှင့်သဇင်အားတွေ့ရလေသည်။•••
မကြုံဖူးလို့ထူးတယ်ပင်ဆိုဆို••
ရာဇာ့၏မကောင်းသတင်းအား
မည်မျှပင်ကြားစေကာမူ•••
ခံစားချက်ကအတားအဆီးမရှိစီး
ဆင်း၍သာနေလေတော့သည်။•••
ရာဇာကလူလည်ဖြစ်သည်။••
အင်ကြင်းကိုစတွေ့တည်းက•••
ဒီကျောင်း၏ကွင်းမှန်းသိသည်။^••
ထို့ကြောင့်အင်ကြင်းနောက်သို့လိုက်ကာ••
တမင်ချည်းကပ်ခြင်းဖြစ်သည်။•••
အင်ကြင်းကိုဒီလောက်လွယ်မယ်
မထင်ထားကာ••
အလွယ်တကူချည်းကပ်နိုင်ခဲ့၍••မိမိကိုယ်ကိုယ်
ဂုဏ်ယူမိသေးသည်။••
ရာဇာတို့ကသူတစ်ပါး
ပါးစပ်ဖျားတွင်ချဉ်ဖတ်ဖြစ်သော်လည်း•••
မိန်းကလေးတစ်ယောက်ကို
အလွယ်တကူဆွဲဆောင်နိုင်တာ••
သူ၏ကိုယ်ပိုင်စွမ်းအားပင်ဖြစ်လိမ့်မည်။^••
ခုလည်း••
အင်ကြင်းဘက်မှကြွေနေတာသိရက်နှင့်
တမင်အချိန်ဆွဲကာ•••
နောက်ကျမှချစ်ရေးဆိုခဲ့သည်။••
အင်ကြင်းသည်သူတွေ့ဖူးသမျှထဲတွင်
အရိုးစင်းဆုံးမိန်းကလေးဖြစ်သည်။••
သူဆက်ဆံဖူးသမျှမိန်းကလေးထဲတွင်••
သူမာယာအကင်းဆုံးဆက်
ဆံခဲ့သည့်မိန်းကလေးဖြစ်သည်။
ဒီလိုနဲ့အင်ကြင်းနှင့်ရာဇာသည်••
အင်ကြင်းသူငယ်ချင်းများတားနေသည့်
ကြားမှပင်ချစ်သူတွေဖြစ်ခဲ့လေသည်။••
နဂိုကတည်းကရာဇာ့သတင်းဆိုးများအား
သိပြီးသားမို့ရာဇာနှင့်အတူမရှိသော
အချိန်ဆိုအင်ကြင်းမှာအမြဲပူလောင်နေရတတ်သည်။^•
ဘယ်ချောင်မှာဘယ်မိန်းကလေးနှင့်
တွဲနေသလဲဟူသောအတွေး
များကအမြဲနှိပ်စက်သည်။••
ရာဇာဆိုသောယောကျာ်း၏
သဘာဝကဆန်းကြယ်၍ပဲလားအပြောတတ်
သူ့အကျင့်ကိုကမိန်းကလေးတွေကြားမှာ
ပျော်မွေ့တယ်ဆိုတာ••
ရာဇာနှင့်ချစ်သူသက်တမ်းကြာလေ
အင်ကြင်းသဘောပေါက်မိလေဖြစ်လေသည်။••
ယခုလည်း••
ပန်ပန်ဖုန်းဆက်ထားသည်•••
ရာဇာကောင်မလေးတစ်ယောက်နှင့်••
စိန်ခြယ်ကဖီးမှာရှိသည်တဲ့။
ဒီတစ်ခါအင်ကြင်းထိပ်တိုက်ပေါက်
ကွဲရန်ဆုံးဖြတ်ထားသည်။^••
ဆိုင်ကယ်မောင်းရင်း•••
လေတိုးနေတာကြောင့်ပါးပေါ်မှ
မျက်ရည်များလည်းခြောက်စပြုလေပြီ။
ရာဇာနှင့်ပတ်သက်လျှင်
အင်ကြင်းသည်အလွန်
သတ္တိကြောင်လေသည်။••
ယခုလည်း••
စိန်ခြယ်နားနီးလာလေ••
ဆိုင်ကယ်မောင်းနေသောလက်က
တုန်ယင်လာလေဖြစ်နေလေသည်။•••
စိန်ခြယ်ကဖီး••သို့
ရောက်သည်နှင့်•• အဝင်ဝကိုကျောခိုင်းလျက်••
အတွဲတစ်တွဲအားတွေ့ရလေသည်။•••
ရာဇာများလားဟူသောအတွေးနံ့တင်••
ရင်ဘတ်ကနုန်းချိချင်သည်။
ဒီလိုခံစားချင်မျိုးကို••
တစ်ဦးတစ်ယောက်အားနှစ်နှစ်ကာကာ
ချစ်ဖူးသူတိုင်းသိပါလိမ့်မည်။•••
သို့သော်•••
အင်ကြင်းဆုတောင်းမပြည့်ပါ••••
တစ်ဖက်လှည့်လာသောထိုယောကျာ်း
မျက်နှာသည်•••
အင်ကြင်းအရမ်းချစ်ရသောရာဇာ•••••
“”အင်ကြင်း•••”””
ရာဇာလှမ်းခေါ်လိုက်သည်နှင့်••
အင်ကြင်းလှည့်ထွက်လာခဲ့သည်။••
အင်ကြင်းက•••
ကိုယ်သိပ်ချစ်တဲ့ယောကျာ်းရင်ခွင်ထဲက
မိန်းမကိုဘယ်လိုနားလည်
မှုမျိုးနဲ့ကြည့်နေရမှာလဲ•••
မျက်ရည်များကမြင်ကွင်း
ကိုဝေဝါးစေသည်။•••
ဆိုင်ကယ်မောင်းနေသောလက်နှစ်
ဖက်သည်အဆမတန်တုန်ယင်နေကြသည်။•••
အင်ကြင်းသေချင်ပါတယ်•••••
အင်ကြင်းဆန္ဒပြည့်ဝပါသည်။•••
“”ဒုန်းးးးးဝုန်းးးးးးကျွီ”””
“”တီ••တီ••”””
လမ်းကွေ့အရောက်••
နံဘေးဘယ်ညာမကြည့်ဘဲ•••
ဖြတ်ကူးလာရာ••
အရှိန်ဖြင့်မောင်းလာသော•••
ကုန်တင်ကားတစ်စီးရှေ့တွင်
ဆိုင်ကယ်လေးနှင့်အတူအင်ကြင်းမှာ••
လွင့်စင်သွားလေတော့သည်။
~~~~~~~~~~~~~
{၃}
အင်ကြင်းတစ်ကိုယ်လုံးလေဟာနယ်ထဲ
လွင့်မျောနေလေသည်။
အကြင်းဆိုင်ကယ်မောင်းနေတာဘာလို့
လမ်းပေါ်ရောက်နေရတာလဲ•••
“”ဟင်••ဟိုမှာလူတွေဝိုင်းအုံနေပါလား•••
ငါ့ဆိုင်ကယ်••ငါ့ဆိုင်ကယ်ကဘာလို့
ကျေနေတာလဲ”””
အင်ကြင်းတွေးရင်း•••
ရာဇာ့ဆီကနေထွက်ပြေးလာတာ
သတိရမိသည်။•••
အင်ကြင်းလူအုပ်တွေကြားတို့
ဝှေ့ကြည့်လိုက်တော့•••
သွေးအိုင်ထဲတွင်•••
လဲလျောင်းနေသော••
မိန်းကလေးတစ်ယောက်•••
အင်ကြင်း••မှာသွေးအိုင်ထဲတွင်
လဲလျောင်းနေသော•••
မိမိခန္ဓာကိုယ်အားအံ့သြမှင်
သက်စွာကြည့်လျက်•••
“”ဘယ်လိုဖြစ်တာလဲ••
အင်ကြင်းက••ဘာလို့သွေးအိုင်ထဲ
ရောက်နေတာလဲ”””
အင်ကြင်းအရူးတစ်ယောက်လိုအော်ဟစ်ရင်း
ပတ်ဝန်းကျင်ကိုအကူအညီတောင်းရန်ကြည့်လိုက်
မိသည်။•••
“”ကောင်မလေးသနားပါတယ်•••
ငယ်ငယ်ချောချောလေး••••
လမ်းကူးတာသတိထားမကူးဘူး””
“”ခုခေတ်ကလေးတွေခက်ပါတယ်•••
ဆေးရုံကားအကြောင်းကြားပြီးပြီလား”””
“” အကြောင်းကြားထားပြီ”””
ထိုစဉ်လူအုပ်နံဘေးသို့••••
လူတစ်ယောက်အလောတကြီးရောက်လာလေသည်။
ထိုသူကားရာဇာ••••
“”ဖယ်ပေးကြပါဗျာ••
ကျွန်တော့ကောင်မလေးပါ””
အင်ကြင်းသည်သူမအရင်းနှီးဆုံးအသံကြောင့်
ကြည့်လိုက်ရာ•••
သူမခန္ဓာကိုယ်အားသွေးအိုင်ထဲမှပွေ့ယူ
နေသောရာဇာအားတွေ့ရလေသည်။•••
“”ရာဇာ•••
နင်ဘာလာလုပ်တာလဲ•••
နင့်ချစ်သူနဲ့နေလေ•••
သေသွားတဲ့ငါ့ခန္ဓာကိုယ်ကို•••
နင့်ရဲ့ရွံ့စရာကောင်းတဲ့
မျက်ရည်တွေနဲ့ထပ်မညာနဲ့တော့ဟာ”””
“”တစ်ဆိတ်ဒီမျက်ရည်တွေမကျပါနဲ့”””
“”ငါ••နင်နဲ့ဝေးရာထွက်မသွားနိုင်တော့မှာ
စိုးလို့ပါဟယ်
ငါ့ဝိညာဉ်ကိုတော့လွတ်မြောက်ခွင့်ပေးပါ”””
မကြာပါ•••
ရဲကားနှင့်ဆေးရုံကားများ
ရောက်လာကြသည်။
ရာဇာကအင်ကြင်းအလောင်းအားလွှတ်မပေးဘဲ
အတင်းဖက်ထားတာမို့••
မနည်းဆွဲယူရလေသည်။•••
“”နင့်မျက်ရည်ကတကယ်အစစ်အမှန်လားရာဇာ••
ငါလေ•••အသက်မဲ့နေတာတောင်••
နင့်မျက်ရည်ကို•••
ယုံကြည်ချင်တုန်းပဲ•••
ငါ့ကိုပြုစားထားနိုင်တုန်းပဲ”””
အင်ကြင်းအလောင်းအားတင်ဆောင်သော
ဆေးရုံကားကထွက်သွားလေပြီ။
အင်္ကျီဝိညာဉ်က^••
အင်ကြင်းသွေးများနှင့်ပေကြံနေသော••
ရာဇာ့ဘေးတွင်ကျန်ခဲ့သည်။••
သို့သော်••
ရာဇာ့ဘေးသို့ခုဏကဖေးထဲမှကောင်မလေး
ရောက်လာခဲ့သည်။•••
“”ငါထွက်သွားလို့ရပြီပေါ့ရာဇာ•••
နင့်ဘေးမှာငါမဟုတ်လည်းတခြားတစ်ယောက်
ရှိနေပြီပဲ”””
အင်ကြင်း••
ပြောရင်းရာဇာ့ရှေ့မှကျောအခိုင်း•••
“”နင်မထွက်သွားရဘူးအင်ကြင်း””
ရုတ်တရက်ကြီးထွက်လာသော
ရာဇာ့အသံကြောင့်အင်ကြင်း
ခြေလှမ်းတို့တုန့်သွားရသည်။•••
“”ငါ့ကို••မြင်လို့လားရာဇာ••
ငါ့ကိုခေါ်လိုက်တာလား”””
ရာဇာ့ဘေးမှကောင်မလေးက••
“”ကို••ပြန်ရအောင်ပါ”””
“”မင်းပြန်လိုက်တော့••နှင်းဆက်••
ငါ••လေငါ့ဘဝတစ်လျှောက်လုံးမကောင်းခဲ့သမျှ••
မိန်းမတွေကိုကစားခဲ့သမျှ•••
စိန်ခြယ်ကဖေးရှေ့မှာမြင်လိုက်ရတဲ့•••
အင်ကြင်းမျက်နှာလေးကိုမြင်မှ••
ငါအရင်ကသတိမထားမိတဲ့•
စစ်မှန်ခြင်းကိုခံစားလိုက်ရတာ•••
ငါနောက်ကျသွားတယ်အင်ကြင်း•••
နင်ခုငါ့ကိုကြည့်နေတာမှလား•••
ငါ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းကိုသက်သေပြပါရစေ
နင်ကြည့်နေတယ်မှလားဟင်””
အင်ကြင်းသည်လှည့်ထွက်ရန်ကြံရွယ်
ပြီးမှရာဇာ့စကားကြောင့်ပြန်လှည့်လာခဲ့သည်။••
နှင်းဆက်ဆိုသောကောင်မလေးကထွက်သွားပြီ
မို့လမ်းပေါ်တွင်•••
ရာဇာ့တစ်ယောက်သာကျန်ခဲ့လေပြီ။
“”ငါ့အတွက်စစ်မှန်တဲ့ချစ်ခြင်း
ကျန်နေသေးတယ်ဆိုတာ•••
ဘယ်လိုသက်သေပြမလဲဟင်•••ရာဇာ”””
ရာဇာမှာ•••
အင်ကြင်းပြောသောစကားကိုကြားသည့်
အလား•••ဟိုင်းလတ်ကားတစ်စီးရှေ့သို့
ပြေးဝင်လိုက်ရာ••
ခန္ဓာကိုယ်မှာလေထဲသို့
မြောက်သွားလေတော့သည်။•••
ထို့အတူ•••
အင်ကြင်း၏ရယ်သံသည်လည်း•••
လေထဲပျံ့လွှင့်လာခဲ့သည်။•••
“””ခစ်ခစ်••••”””
~~~~~~~~~~
မြို့မဆေးရုံသို့•••
အင်ကြင်းဆိုသောမိန်းကလေးအလောင်းနှင့်
မိနစ်ခြား၍•••နောက်ထပ်ကားတိုက်ခံရသော
ယောကျာ်းလေးအလောင်းတစ်ခု
ရောက်လာခဲ့သည်။
ထိုသူကား•••
“”ရာဇာအုပ်စိုး•••””
အင်ကြင်းအလောင်းအား•••
ရင်ခွဲရုံယူဆောင်ရန်အလာ•••
ရာဇာ့အလောင်းအား•••
ခွဲစိတ်ခန်းသွင်းရန်အသွား••
မည်သည့်အရာဝတ္ထုများနှင့်မျှမငြိပါဘဲ•••
ကုတင်များမှာတွန်းရွှေ့မရရှိနေလေသည်။•••
ဆရာဝန်များနှင့်ဆေးရုံ
ဝန်ထမ်းများမှာထူးဆန်းလှတာမို့•••
ဇောချွေးများပင်ပြန်လာလေသည်။•••
“”ဘယ်လိုဖြစ်ရတာလဲ”””
“”ဒီလူနာနှစ်ယောက်ကဘယ်လိုတော်တာပါလိမ့်””
“” မိဘတွေမရှိကြဘူးလားမေးကြည့်ပါဦး””
သူတို့က••အခန်းထဲမှာ••
ကောင်မလေးအမေကသမီးစိတ်နဲ့သိပ်မဟန်ဘူး”
ဝန်ထမ်းမှားအံ့သြတကြီးနှင့်
စကားတပြောပြောရှိနေစဉ်•••
မိန်းကလေးနှစ်ယောက်ငိုလျက်အပြေး
အလွှားရောက်လာကြသည်။•••
သူတို့မှာအင်ကြင်းသူငယ်ချင်း
ပန်ပန်နှင့်သဇာင်ဖြစ်လေသည်။
“”အင်ကြင်းသူငယ်ချင်းရယ်
ငါတို့အတန်တန်တားလျက်နဲ့
နင်ဒီလိုဖြစ်တာဒင်းကြောင့်””
“”ဆရာကျွန်မတို့သူငယ်ချင်းကြည့်ပါရစေ””
ပန်ပန်ကပြောပြောဆိုဆိုပိတ်ဖြူလွမ်းထားသော
အလောင်းအားဖွင့်လိုက်ရာ•••
“”ဟင်••ရာဇာ•••ဘယ်လိုဖြစ်•••
ကျွန်မတို့သူငယ်ချင်းရော”””
“”ဒီမှာကမိန်းကလေးအလောင်းပါ”””
“”သူတို့ဘယ်လိုလုပ်တူတူ•••
ရာဇာက•••””
“”သူတို့ကဘာတော်ကြလည်း•••
အလောင်းတွေဒီနေရာကလုံးဝရွှေ့မရဘူး
ဖြစ်နေတာ••ကောင်လေးအလောင်းကနောက်မှရောက်လာတာ”””
“”သူတို့ကချစ်သူတွေ””
“”သြော်သိပ်ချစ်ကြတာထင်တယ်•••
သေတာတောင်အလောင်းရွှေ့မရဘူး””
“”ရှင်•••”””
“”ကဲကဲ••ဒီနားမှာရှိနေရင်လည်း••
အလောင်းကိုတူတူသဂြိုလ်ပေးပါ့မယ်••
အလောင်းရွှေ့တာတော့ကူညီပေးပါ••”””
ဆရာဝန်မကြီးက
ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လျက်ပြောလိုက်ရာ
အလောင်းများမှာရွှေ့၍ရသွားလေသည်။
“”ခစ်••ခစ်•••””
“”ဟားးဟားးး””
ထို့နောက်•••
ပြိုင်တူရယ်လိုက်ကြသော•••
ယောကျာ်းနှင့်မိန်းမရယ်သံခြောက်
ကပ်ကပ်အားအားလုံးကြားလိုက်ရလေသည်။••
ချစ်သူနှစ်ဦးသာ်•••
တကယ်ပင်•••ပေါင်းကြလေသလော•••••
~~~~~~~~~~~~~~~~
The end.
7:29 pm
#MMKhorrorstories
#Mon Mon Khaing